smytu1996October 25, 20103min903
Remark: It was copied from for forward mail, just share u all only. pleases not report it if any problem or contact me . ဒီသမိုင်းဝင်ဖြစ်ရပ်ကိုရှင်းပြနိုင်ပါသလား Aဗရာဟင်လင်ကွန်း ( Abraham Lincoln) ကို ၁၈၄၆ တွင်ကွန်ကရက်မှရွေးကောက်ခဲ့သည်။ ဂျွန်အက်ဖ်ကနေဒီ (John F. Kennedy) ကို ၁၉၄၆ တွင်ကွန်ကရက်မှရွေးကောက်ခဲ့သည်။ အေဗရာဟင်လင်ကွန်း ကို အမေရိကန်သမ္မတအဖြစ် ၁၈၆ဝ ရွေးကောက်တင်မြှောက်ခြင်းခံရသည်။ ဂျွန်အက်ဖ် ကနေဒီ ကို အမေရိကန်သမ္မတအဖြစ် ၁၉၆ဝ ရွေးကောက်တင်မြှောက်ခြင်းခံရသည်။ သူတို့နှစ်ဦးလုံးသည် ပြည်သူ အခွင့်ရေးကို ဦးစားပေးသည်။ သူတို့နှစ်ဦးလုံးသည် […]


smytu1996October 25, 20101min972
မြန်မာနိုင်ငံမှာ ၂၀၁ဝ ရွေးကောက်ပွဲကြီး ကျင်းပဖို့ ရက်ပိုင်းလောက်ပဲ လိုပါတော့တယ်။ ဒီရွေးကောက်ပွဲကြီးကို နအဖစစ်အစိုးရက ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲလို့ သတ်မှတ်ထားပေမယ့် တကယ်တော့ ဒီရွေးကောက်ပွဲကြီးဟာ ဗိုလ်သန်းရွှေ ရွေးကောက်ပွဲလို့ ခေါ်ရင် ပိုမှန်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီရွေးကောက်ပွဲဟာ ဗိုလ်သန်းရွှေ လက်သပ်ကျောသပ် မွေးထားတဲ့ ဗိုလ်သန်းရွှေရဲ့ အမိန့်ဩဇာခံ ပါတီလည်းဖြစ်၊ ဗိုလ်သန်းရွှေကိုယ်တိုင် နာယကကြီးအဖြစ် ပါဝင်ထားတဲ့ ပါတီလည်းဖြစ်တဲ့ ကြံ့ဖွံ့ပါတီ အနိုင်ရရှိဖို့ ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်လို့ပါပဲ။ ကြံ့ဖွံ့ပါတီနိုင်မှလည်း နအဖရဲ့ ၂၀၀၈ ခုနှစ် အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို အတည်ပြုနိုင်မှာကိုး။ ဒီအခြေခံဥပဒေ အတည်ပြုနိုင်မှလည်း စစ်အာဏာရှင်အစိုးရ ရာသက်ပန် အုပ်ချုပ်သွားနိုင်မယ်။ စစ်အာဏာရှင်များအနေနဲ့ သူတို့ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုများ၊ လူမျိုးတုံးသတ်ဖြတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဘေးအန္တရာယ်များမှ ကင်းလွတ်သွားမယ်။ ဒါကြောင့် ဗိုလ်သန်းရွှေဟာ ဒီရွေးကောက်ပွဲကို ကြံ့ဖွတ်ပါတီအနိုင်ရဖို့ […]

bwcat.jpg

အောက်တိုဘာ ၂၄ရက်နေ့စွဲနဲ့ မနောဖြူလေးတင်တဲ့ နဲနဲလေး စဉ်းစားတတ်ရင်ပေါ့လေဆိုတဲ့ ပို့စ်ကို ဖတ်ပြီး ပေါင်းသင်းဆက်ဆံရေး ဗျူဟာတွေကို စဉ်းစားမိပါတယ်။ သူပြောသလို ဘယ်အရာမဆို အစွန်းမရောက် ချင့်ချိန်တတ်ကြရင် လောကကြီး သာယာနေမှာပါ။ အားလုံး မဟုတ်တောင် အများက ချင့်ချင့်ချိန်ချိန်နဲ့ ပြုမူတွေးခေါ် တတ်ကြဖို့တော့ လိုပါတယ်။ အများမိုးခါးရေသောက် လိုက်သောက်၊ အူမတောင့်မှ သီလစောင့်၊ သင်ကောင်းလျှင် ကျွန်ုပ်မဆိုး စတဲ့ ဆိုရိုးတွေဟာ လက်တွေ့ဘဝတွေ ကနေ ပေါ်ထွက်လာလို့ မျက်ကွယ်ပြုလို့တော့မရ။ မလိုက်နာတော့ ဘာဖြစ်မလဲဆိုရင် ကိုယ်ကျန်ခဲ့ဖို့ များတယ်ပေါ့။ တစောက်ကန်း ရမှာလားဆိုတော့လည်း လောကနဲ့ ဘောင်မဝင်လို့ အလယ်အလတ် တွေးခေါ်ပုံမျိုးထက်တေင် ရှင်သန်နိုင်ဖို့ အခွင့်အလမ်း နဲပါတယ်။ ကျနော်ကတော့ အလယ်အလတ်လမ်းကို တမင်လိုက်ရှာဖို့ မစဉ်းစား၊ ဘာလို့လဲဆိုတော့ ကောင်းလွန်းနေလို့ပါ။ အင်္ဂလိပ်လိုတော့ […]

mad-dog.jpg

လွတ်လပ်မှုကို လိုလားသူ မန်းလေးဂေဇက် စာဖတ်သူများနဲ့ ရေးဖော်ရေးဖက်များကို အလေးအနက် တခုလောက်ပန်ကြားလိုပါတယ်။ အခုတလောမှာ သူ့ကိုယ်သူ XXမာစတာများလို့ ကင်ပွန်းတပ်ပြီး အေးရှားပလာဇာမှာ ဖွင့်တဲ့ ဟိုတယ်သင်တန်းတခုကို မန်းလေးဂေဇက်အပေါ်မှာ ကြော်ငြာစာတွေရေးခဲ့သူ တဦးဟာ အဖမ်းခံနေရတဲ့ ကျုပ်တို့ အမျိုးသား ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ပုဂ္ဂိုလ်ရေးဆန်ဆန် တိုက်ခိုက်မှုတွေကို ရွေးကောက်ပွဲ အကြောင်းပြပြီး ပြုလုပ်နေပါတယ်။ ဥပမာ ဒေါ်စုရဲ့ အမျိုးသားဖြစ်သူ မိုက်ကယ်အဲရစ် သေဆုံးတာကြာပြီဖြစ်ပေမဲ့ ဒေါ်စုကို Mrs. Michael ဆိုပြီးရည်ရွယ်ချက်ရှိရှိနဲ့ နအဖ လက်ပါးစေ ဆောင်းပါးရှင်တချို့လို အောက်လမ်းနည်းဆန်ဆန် ရေးသားနေတာကို သတိပြုမိပါတယ်။ တိုင်းပြည်ဘဏ္ဍာကို ခိုးဆိုးလုယက်၊ ကိုယ်ကျင့်သိက္ခာမဲ့ စစ်ဗိုလ်များဖင်ကို ဆားဖြူးလျှာနဲ့မယက်ဘဲ၊ ဆယ်စုနှစ် နှစ်ခုကျော်လုံးလုံး လင်သေ၊ သားကွဲ၊ ပြည့်စုံကုံလုံတဲ့ ဘဝကို စွန့်ပယ်ပြီး […]


smytu1996October 22, 20101min31119
ရဲ​အ​ရာ​ရှိ​ ​မ​စ္စ​ Augustine Chihuri က​ ​ဇင်​ဘာ​ဘွေ​၏​ ဥ​ပ​ဒေ​ တ​ချို့​အား​ရှင်း​​ပြ​စဉ်​ ဇင်​ဘာ​ဘွေ​နိုင်ငံ​တွင်​ ​အ​မျိုး​သ​မီး​များ​က​ ​အ​မျိုး​သား​များ​ကို​ အုပ်​စု​ဖွဲ့​ ​မု​ဒိမ်း​ကျင့်​သည့်​ ​ကိ​စ္စ​များ​ကြောင့်​ ​ရဲ​တပ်​ဖွဲ့​မှာ​ ​ခေါင်း​ခြောက်​နေ​ကြောင်း​ ​သိ​ရ​သည်​။​ ​လွန်​ခဲ့​သော​ ​၁၁​ ​လ​အ​တွင်း​ ​အ​မျိုး​သား​ ​၆​ ဦး​မှာ​ ​အ​မျိုး​သ​မီး​များ​က​ ​အုပ်​စု​လိုက်​ ​မု​ဒိမ်း​ကျင့်​မှု​ ​ခံ​ခဲ့​ရ​သည်​။ ရဲ​ဌာ​န​က​ ​ထို​ကိ​စ္စ​အ​တွက်​ ​ရှက်​ပြီး​ ​ရဲ​မ​တိုင်​သော​ ​အ​မျိုး​သား​များ​လည်း​ ​ရှိ​နိုင်​ကြောင်း​ ​သုံး​သပ်​ပြော​ကြား​ခဲ့​သည်​။​ ​အ​သက်​ ​၂၆​ ​နှစ်​ရှိ​ ​ရဲ​သား​တစ်ဦး​သည်​ ​ဘူ​လာ​ဝါ​ယို​တွင်​ ​တာ​ဝန်​ထမ်း​ဆောင်​နေ​စဉ်​ ​အ​သေး​စား​ ​မီ​နီ​ဘတ်စ်​တစ်​စင်း​က​ ​အ​ကူ​အ​ညီ​တောင်း​သ​ဖြင့်​ ​သွား​ရောက်​ခဲ့​ရာ​ ​ကား​ထဲ​ရှိ​ ​အ​မျိုး​သ​မီး​ ​၃​ ဦး​က​ ၎င်း​အား​ ​ဝိုင်း​ချုပ်​ခဲ့​ကြ​သည်​။​ ​ယင်း​သည်​ ​ရုန်း​ကန်​ရန်​ ​ကြိုး​စား​သော်​လည်း​ ​မျက်​နှာ​ကို​ ​မေ့​ဆေး​ဖြင့်​ […]


kohtooOctober 22, 20101min1296
Gong Zhu ရဲ့  23/09/2010 ရက် စွဲ နှင့် ရေး ထား တဲ့ “ ဉာဏ် စမ်း လေး ပါ။“ ဖတ် ရင်း အ တွေး တစ် ခု ဝင် လာ လို့ ပါ။ အဲ ဒါ လည်း ဉာဏ် စမ်း လေး ပါ ပဲ။ ကြိုး စား ပြီး ဖြေ ပေး ကြ ပါ။ (P.S အ ဖြေ မှန် တဲ့  သူ အ တွက် – လက် ဆောင်  မ ရှိ ပါ။ ) […]


whiteOctober 20, 20101min2318
ကျွန်တော်ဒီနေ့ အလုပ်သွားဖို့ အိမ်ကထွက်လာတယ်။ ကားဂိတ်မှာ ကားစောင့်ရင်း တွေ့လိုက်ရတဲ့ သူတစ်ဦးကြောင့် မှင်တက်မိသွားရတယ်ဗျာ။ စကတ်ကို ပေါင်လယ်လောက်အထိ ခပ်တိုတိုဝတ်ထားတဲ့ မိန်းခလေးတစ်ယောက်၊ ဝတ်တဲ့သူတော့ ဘယ်လိုနေမယ်မသိ၊ မြင်ရတဲ့သူကတော့ စိတ်ထဲမှာ ခိုးလိုးခုလု ဖြစ်လောက်တယ်။  ခက်တယ်ဗျာ။ ခေတ်ကြီးက ဒီရေလို တခဏခြင်း ပြောင်းသွားပြီလား။ မသိတော့ပါဘူးဗျာ။ တွေးစရာတော့ ဖြစ်နေပြီ။ ဟိုးအရင်လို မိန်းခလေးဆိုရင် ရိုးရိုးယဉ်ယဉ်တွေ့ရဖို့ ဆိုတာ လိုက်ရှာရမလို ဖြစ်လာပြီ။ ခေတ်စနစ်ရဲ့ ရေစီးကြောင်း ပြောင်းလဲမှုကို လက်ခံနိုင်ပေမယ့် လိုအပ်တာထက် ပိုလွန်းတဲ့ ဝတ်စားဆင်ယင်မှုက ကြည့်မြင်ရသူတွေအတွက် ယိုသူမရှက် မြင်သူရှက် ဖြစ်ရတာတော့ ခက်ပါတယ်။ ဒါတွေဟာ အတုမြင် အတတ်သင်ဆိုတဲ့ လူ့သဘော၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့  မိမိရဲ့ ကိုယ်ပိုင် နေထိုင်မှုစရိုက်ပေါ်မှာ မူတည်မယ်လို့ ကျွန်တော်ကတော့ ရှုမြင်မိပါတယ်။ […]


smytu1996October 19, 20101min610
I am not easily excited or excitable “ကျွန်တော် အလွယ်တကူ တုန်လှုပ်လေ့ မရှိဘူး၊ စိတ်မလှုပ်ရှားတက်ဘူး” ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်၏ ခေါင်းဆောင်မှုကို လေ့လာသည့်အခါ ပထမဦးဆုံး ထင်ထင်ရှားရှား တွေ့မြင်ရသည်မှာ သူ၏ EQ Emotional Intelligence Quotient “ခံစားမှုဆိုင်ရာ ဉာဏ်ရည်မြင့်မားခြင်း”ပင်ဖြစ်သည်။ လူတစ်ဦး တစ်ယောက် အောင်မြင်ရခြင်းတွင် ဉာဏ်ရည် Intelligence Quotient (IQ) က အဓိကကျသည် ဟု ရှေးနှစ်ပေါင်းများစွာကပင် ထင်မြင်ယူဆခဲ့သော်လည်း ပညာရှင် Dr. Daniel Goleman က Emotional Intelligence အမည်ဖြင့် စာအုပ်ကို ၁၉၉၅ တွင် ရေးသားထုတ်ဝေအပြီးတွင် ခံစားမှုဆိုင်ရာ ဉာဏ်ရည်မြင့်မားမှု က ပိုမိုအရေးကြီးကြောင်း […]


kohtooOctober 13, 20101min1919
သတိ….သတိ……၂၀၁၂ ဆ ရာ ကြီး ဦး ထွန်း လွင် web site မှ ကူး ယူ တင် ပြ ပါ သည်။ Link မ ကောင်း သူ များ အတွက် ရည် ရွယ် ၍ Copy and Paste လုပ် ပါ သည်။ xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx Galactic Crossing ဖြစ်မယ့် ၂၀၁၂ ၂၀၁၂ မှာကြုံတွေ့နိုင်တဲ့ ပြဿနာ ၂၀၁၂ မှာ ကမ္ဘာကြီးပျက်တော့မယ်လို့ Dooms Day ရုပ်ရှင်ကားကြီးမှာ ရိုက်ပြထားလို့ လူတွေအများကတော့ ထိတ်လန့် နေကြပါတယ်။ မာယာလူမျိုးတို့ရဲ့ ၂၀၁၂ မှာ ကုန်ဆုံးတော့မယ့် ပက္ခဒိန်ရဲ့အလိုအရ ပြောဆိုနေကြတာဖြစ်ပါတယ်။ […]