smytu1996September 28, 20101min1030
ဒီမိုကရေစီ၏ အဓိပ္ပာယ် နှင့် ရရှိလာမည့် ကောင်းကျိုးများကို ပြည်သူလူထုတိုင်း နားလည်သဘောပေါက်လာကြလျှင် အာဏာရှင်စနစ်ကို ဆန့်ကျင်လိုသည့် စိတ်ဓါတ်များ အလိုလိုပေါက်ဖွားရှင်သန်လာမည် ဖြစ်သည် ။


smytu1996September 26, 20101min771
လတိုင်းလတိုင်း(၁၄)ရက်နေ့ရဲ့ထူးခြားချက်များ လတိုင်းလတိုင်းရဲ့ (၁၄)ရက်နေ့မှာ ရှိတဲ့ထူးခြားချက်လေးတွေပါ။မသိသေးသော သူငယ်ချင်းများအတွက် ရည်ရွယ်ပါတယ်။လတိုင်းရဲ့ (၁၄)ရက်နေ့လေးတွေမှာ ကိုယ့်ချစ်သူကို ဘယ်လိုလက်ဆောင်ပေးရမလဲဆိုတာ သိရအောင်လို့ပါ။ ချစ်သူကိုလက်ဆောင်လေးတွေပေးရင်း ပျော်ရွင်နိုင်ကြစေဖို့ ရည်ရွယ်လိုက်ပါတယ် ။ 1. January 14th “Diary Day” နှစ်သစ်တစ်ခုရဲ့ အစပိုင်းလဖြစ်တဲ့ အတွက်အထိမ်းအမှတ်အနေနဲ့ အပြန်အလှန်ချစ်စာလေးတွေရေးဖို့ ဒိုင်ယာရီလက်ဆောင် ပေးသင့်ပါတယ်။ 2. February 14th “Valentine Day”ချေ ကိုယ်ချစ်တဲ့သူကို ချောကလက်လေးတွေနဲ့ နှင်းဆီပန်းလှလှလေးတွေ ပေးပို့လေ့ရှိပါတယ်။ချစ်သူများအတွက် ချစ်ဖို့ကောင်းတဲ့နေ့ရက်ကလေးပါ။”ချစ်သူများနေ့”လို့တင်စားခေါ်ဝေါ်တဲ့နေ့လေးတစ်နေ့ပေါ့။ 3. March 14th “White Day” ယောကျာ်းတွေက သူတို့ချစ်ရတဲ့ချစ်သူကို သကြားလုံး(သို့) နှစ်သက်ရာ လက်ဆောင်လေးတွေပေးကြတာပါ။ 4. April 14th ” Black Day” အနက်ရောင်နေ့လို့ခေါ်ပြီး ချစ်သူမရှိတဲ့တစ်ကိုယ်တည်းသမားတွေအတွက် နေ့လေးတစ်နေ့ပါ။စုံတွဲမရှိသူအချင်းချင်းအတူတူသွားပြီး တစ်ကိုယ်တည်းအထိမ်းအမှတ်ပြုလုပ်ကြပါတယ်။ထိုနေ့မှာအနက်ရောင်များကိုဝတ်ဆင်လေ့ရှိကြပါတယ်။ […]

who-cares.jpg

ဒီပို့စ်ကို ဘုရားဆိုတာ နှလုံးသားထဲမှာ ရှိရင်ပြီးတယ်လို့ ပြောလေ့ရှိတဲ့ သူတွေအတွက် တင်လိုက်တာပါ။ အဆောင်အယောင် ကိုးကွယ်မှု ဓလေ့ ထုံးတမ်းတွေ မလိုဘူး။ ဘုရားကို ဘုရားမှန်း သိရင် လုံလောက်ပြီ။ ပါးစပ်က ဘုရားဘုရား လက်က ကားယားကားယား လုပ်နေတဲ့ သူတွေထက် စာရင် ငါတို့ အပုံကြီးသာတယ်။ ကိုယ်လုပ်မှကိုယ်စား၊ ကိုယ်ဖြစ်ကိုယ်ခံ မတောင်းပန်နဲ့၊ လုပ်စရာတွေ အပုံကြီးဆိုပြီး ပြောလေ့ရှိကြပါတယ်။ တခြား ဘာသာတွေရဲ့ ထုံးတမ်းဓလေ့ တွေက ကိုယ့်ဆီမှာလို မရှုပ်ထွေး၊ မတင်းကျပ်၊ သက်ဆိုင်ရာ ဘုရားတွေအပေါ် အကြွင်းမဲ့ သစ္စာရှိ အားကိုးနေရင် လုံလောက် နေပြီ။ မိရိုးဖလာ ဗုဒ္ဓဘာသာကြတော့ စည်းကမ်းဓလေ့ တွေကလည်းများ၊ နားမလည်နိုင်တာ တွေက လည်း တပုံကြီး၊ လုပ်ဆိုလို့သာ လုပ်လိုက်ရတယ်။ […]

yit-boycott2010orgotohell1.jpg

ဘာကြောင့်မဲမပေးသင့်သလဲဆိုတာကို ကိုလင်းဝေကျော်ရဲ့ စက်တင်ဘာ ၂ဝနေ့မဲမပေးဘဲငုံ့ခံကြတော့မှာလားဆိုတဲ့ ပို့စ်အမှီ NCGUB ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်းရဲ့ ဗွီအိုအေနဲ့ အင်တာဗျူးကို မိုးမခအင်တာနက် စာမျက်နှာမှာတွေ့လို့ ကော်ပီလုပ်တင် လိုက်ပါတယ်။ ကျွန်နော့်အမြင်ကတော့ သပိတ်မှောက်သင့်ပါတယ်၊ ဘာလို့လဲဆိုတော့ ၂၀၀၈ အခြေခံဥပဒေဆိုတာ တရားမဝင်လို့ပါ၊ ထပ်ဆက်တူးရရင် ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်ကို ဖျက်လို့မရပါ၊ အဆုံးစွန်ထိ ဆက်ပြောရရင် ရွေးကောက်ပွဲလုပ်ခိုင်းတဲ့ နအဖရဲ့ တရားဝင်မှုကို ပြန်စဉ်းစားရပါမယ်။ ကျွန်နော်က ဒေါက်တာစိန်ဝင်း ပရိတ်သတ်တယောက် မဟုတ်ပါဘူး ဒါပေမဲ့သူ့အင်တာဗျူးက ကောင်းလို့ ပြီးတော့ မြန်မာလိုလည်း တင်ထားတာရှိလို့ မျှလိုက်ပါတယ်။ ၂၀၁ဝ ရွေးကောက်ပွဲကို နိုဝင်ဘာလ (၇) ရက်နေ့မှာ စစ်အစိုးရက ကျင်းပ ပြုလုပ်တော့ပါမယ်။ ဒီရွေးကောက်ပွဲကို လက်မခံဘဲ ဆန့်ကျင် သပိတ်မှောက်ကြတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ ရှိကြပေမယ့် […]


: *** ပွင့် တဲ ့ပန်းတိုင်း လန်းစေချင်*** အခု ချမ်းချမ်းပြောမဲ ့အကြောင်းအရာလေးက အတင်းအဖျင်း အနေနဲ ့တစ်ဖက်မိန်းမသားကို…နှိမ်ချင်လို ့ အထင်သေးလို ့မဟုတ်ဘူးနော်.. ယောကျာ်းလေးတွေကို.အထင်သေးလို ့လဲမဟုတ်ဘူး..ဖြစ်တတ်တဲ ့သဘောတွေကို..မိန်းကလေးတိုင်း..သိသင့်တယ်ထင်လို ့..ဆင်ခြင်နိုင်အောင်လို ့.. မျှဝေတာပါ..ပတ်ဝန်းကျင်က ပေးတဲ ့သင်ခန်းစာပေါ့… ဘဝပျက်တဲ ့မိန်းကလေးဆိုတာလမ်းဘေးရောက်သွားမှ ဘဝပျက်တာမဟုတ်ပါဘူး။လူမသိဘဲသိမ်ငယ်သွားတာ၊အမြဲ အားငယ်သွားတာ၊စိုးတထိတ်ထိတ်ဖြစ်နေရတာတွေ …ကိုယ့်ကိုယ် ကို်ယုံကြည်မှုတွေ..နည်းပြီး..နောင်တတရားနဲ ့ရင်မှာပူလောင်နေတာဘဝပျက်မတက်ပါဘဲ၊ ဒါက ဘဝကိုတန်ဖိုးထားခဲ့ရင်ပေါ့.. တန်ဖိုးမထားတဲ ့မိန်းကလေးအတွက်တော့..ဒီကိစ္စတွေက..ထူးဆန်းလိမ့်မယ်မထင်ဘူး… အခုခေတ်မှာတော်တော်များများကြားနေရတာပါ ..ကိုယ်ဝန်ရှိလို လက်ထပ်လိုက်ရတာ.. အပျိုတွေကိုယ်ဝန်ဖျက်ချတာ.ချစ်သူက ပစ်သွားလို ့အဆိပ်သောက်သေတာ..စုံနေတာပဲ…ချစ်ကြပြီဆိုရင်….ယောကျင်္ားလေးတော်တော်များများ ဘာလို့များ လိုအပ်တာထက် အခွင့်အရေးယူကြတာလဲ…မိန်းကလေးတော်တော်များများကရော..ဘာလို ့များ..မငြင်းဆန်ရတာလဲ.. နစ်နာစရာရှိရင်ဘယ်သူကပိုနစ်နာမလဲ.. အခွင့်အရေးပိုယူတဲ ့ချစ်သူအပေါ်..ကိုဘယ်လိုမြင်ကြလဲ..သူကငါ့ကိုသိပ်ချစ်လို ့.. အခွင့်အရေးတောင်းတာများးထင်နေလားတော့မသိဘူး… အချစ်နဲ ့ရမ္မက် ကတခြားဆီပါ.. အချစ်နဲ ့ဘဝ…ချစ်တဲ ့သူနဲ […]


Good IdeaSeptember 16, 20101min1022
မနေ့ညနေက ကလေးတွေကို ကွန်ပျူတာသင်တော့ မြန်မာစာ လက်ကွက်ရိုက်နည်း သင်ခန်းစာကို သင်ပါတယ်။ ဘယ်စာလုံးက ဘယ်နားမှာရှိတယ်ဆိုတာကို ကီးဘုတ်ပုံ အကွက်လေးတွေ ရေးဆွဲပြီး တလုံးချင်း ပြောပြနေရင်းနဲ့ “ဌ” ကို ပြောတော့ ကျွန်မက “ဌ” နဲ့ “ဋ္ဌ” မတူကြောင်း ရှင်းပြ ဖြစ်တယ်။ ရှင်းနေတုန်း ကလေးတယောက်က ခုလို ထမေးပါတယ်။ “ဌဝင်ဘဲ လို့ ဘာလို့ခေါ်ရတာလဲ” တဲ့။ ဒီတော့ ကျွန်မက … ဌဝင်ဘဲ မဟုတ်ကြောင်း၊ ဌဝမ်းဘဲ ဖြစ်ကြောင်း၊ ဝမ်းဘဲ နဲ့ တူတဲ့ ဌ လို့ ဆိုလိုတာ ဖြစ်ကြောင်း စသဖြင့် ပြောပြတော့ သူတို့တွေ တယောက်ပြီး တယောက် ဆက်မေးကြပါလေရော။ ထဆင်ထူး ကရော .. […]


Good IdeaSeptember 13, 20101min771
ရေးသူ – နောင်နောင် မိမိကိုယ်သာ အကောင်းဆုံး ဖြစ်ပါစေ ကဗျာ ဆရာကြီး ဒေါက်ကလပ်စ်မာလော့ ရဲ့ ကဗျာလေးပါ။ သင်သည် တောင်ထိပ်ပေါ်က ထင်းရှုးပင်လေး မဖြစ်နိုင်ခဲ့ရင် တောင်ကြားထဲက ချုံပင်လေး ဖြစ်ပါစေ၊ သို့သော်လည်း တောင်ကြားနဘေး နေရာမှာ အကောင်းဆုံး ချုံပုတ်လေး ဖြစ်စေရပါမယ်။ သစ်ပင်ကြီး မဖြစ်နိုင်လျှင်လည်း ချုံပုတ်လေးတော့ ဖြစ်ပါစေ။ ချုံပုတ်လေး မဖြစ်နိုင်ရင် မြက်ပင်လေးဖြစ်ပါစေ၊ ဒါပေမဲ့ အဲဒီ မြက်ပင်လေးဟာ လမ်းမကြီးကို လှပအောင် တန်ဆာဆင်ပေးနေတဲ့ မြက်ပင်လေးတွေ ဖြစ်ပါစေ။ အကယ်၍ သင်ဟာ ငါးသလောက် မဖြစ်လျှင် ငါးစင်ရိုင်းလေး ဖြစ်ပါစေ၊ အဲသည် ငါးစင်ရိုင်းလေးဟာ အလှဆုံး ငါးလေးတကောင် ဖြစ်နေပါစေ။ ကျွန်တော်တို့ အားလုံးဟာ ခေါင်းဆောင်ချည်း မဖြစ်နိုင်ပါဘူး နောက်လိုက်တပည့် […]


cobraSeptember 13, 20101min17912
လက်ရှိ ဝင်ငွေထက် ငွေကြေးသုံးစွဲမှု များနေသည့် တက်သစ်စ မော်ဒယ်လ်ရွှေစင်ကို ပြည်တွင်းဂျာနယ် များနှင့် အနုပညာ အသိုင်းအဝန်းတွင် ဝေဖန် ပြောဆိုနေကြပြီး မည်သည့်ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်နှင့် ငြိစွန်းနေသည်ကိုလည်း သိချင် နေကြသည်။ [image: shwe-sinn01]“ဟန်းဖုန်းက LV တံဆိပ် (Limited Edition) သိန်း ၃၆၀ ပေးရပါတယ်။ လက်ရှိမှာတော့ Branded တွေကို အကြိုက်များနေ တယ်။ Branded တွေကိုပဲ setလိုက် ဝယ်သုံး ဖြစ်တယ်။ ဈေးဝယ်ထွက်တဲ့အခါမှာလည်း ပြည်ပမှာ ဈေးဝယ်ဖြစ်တယ်။ ဈေးတခါဝယ်ရင် ဒေါ်လာ ၉ သောင်း နဲ့ ၁ သိန်းကြား သုံးဖြစ်ပါတယ်” ဟု မော်ဒယ်လ် ရွှေစင်က  ဩဂုတ်လ ၁၉ ရက်နေ့ထုတ် 7 day […]


badbabylay09@gmail.comSeptember 11, 20101min1256
မိန်းမယူလျှင် မည်သို့ သော မိန်းမမျိုးကို ယူသင့်သနည်းဟု ယူသင့်တဲ့မိန်းမတော့ ဘယ်လို ဆိုတာမသိဘူး။ ယခု ဖော်ပြမယ့် မိန်းမတော့ ၃ မျိုး ၃ စားရှိတယ်။ ထို ၃ မျိုးကို အသေအချာ လေးလေးနက်နက် စဉ်းစားပြီးမှ ယူပါလေ ထို စဉ်းစား သင့်သော မိန်းမများမှာ ၁) ဆရာဝန်မ ၂) ကျောင်းဆရာမ ၃) စာရင်းကိုင် တို့ဖြစ်ပေသည်။ အကြောင်းမှာ အမှတ်စဉ် ၁ ဆရာဝန်မကို ယူလျှင် သင်သည် အပြုစုခံရန် စိတ်မကူးချေနှင့်။ ဝါ့ဒ်ဂျူတီ။ အွန်ကောလ် ၊ နိုက်တ်ဂျူတီ စသည်တို့ဖြင့် တစ်မျိုးပြီး တစ်မျိုး မရိုးရအောင် အလုပ်တာဝန်များ များပေလျက် သင်ကပင် သူ့ မျက်နှာရိပ် မျက်နှာကဲ […]


Good IdeaSeptember 11, 20101min1267
စက်တင်ဘာ ၄ ရက်ည သန်းခေါင် ပဲခူးနယ်မြေခံ တပ်ရင်းက အရာရှိနှစ်ယောက်နဲ့ စကားများရာကနေ စစ်သားတွေက သေနတ်နဲ့ လိုက်ပစ်လို့ ပဲခူးမြို့ ဇိုင်းဂနိုင်း တောင်ပိုင်းရပ်ကွက်အရပ်သား လူငယ် ၂ ယောက် သေဆုံးသွားရတဲ့ သတင်းဟာ စစ်တပ်ရဲ့ သရဲဘောကြောင်မှု၊ ရက်စက်ယုတ်မာမှုကို ပေါ်လွင်စေပါတယ်။ ဒါကို ဒီကနေ့ စက်တင်ဘာ ၁ဝ ရက်ထုတ် အစိုးရပိုင် မြန်မာ့အလင်းသတင်းစာကနေ တပ်မတော်မှာ တာဝန်ထမ်းဆောင်တဲ့ လူငယ်တချို့နဲ့ အရပ်သားလူငယ်အချင်းချင်း ရန်ဖြစ်တဲ့ ဖြစ်ရိုးဖြစ်စဉ်လို့ရေးထားပါတယ်။ ဒါဆိုရင် တပ်မတော်သားတွေက အမြဲတမ်းအပြင်မှာထွက်ပြီး မူးယစ်ရမ်းကား အရပ်သားတွေနဲ့ရန်ဖြစ်နေတာ မထူးဆန်းဘူးပေါ့။ စည်းကမ်းပြည့်ဝတဲ့ တပ်မတော်ဆိုပြီး အသံကောင်းဟစ် မြို့ကြီးပြကြီးတွေပေါ်မှာတောင် ရှေ့တန်းစစ်မြေပြင်လို လက်ရဲဇက်ရဲ ကြာခို၊ ဓားမြတိုက်၊ မူးယစ်ရမ်းကားနေတာဟာ ပြည်သူကို အကာကွယ်ပေးမဲ့ တပ်မတော်လား။ ဒီသတင်းစာကို […]


True FaithSeptember 10, 20101min690
ပဲခူးမြို့ ဇိုင်းဂနိုင်းရပ်မှာ စက်တင်ဘာလ (၄) ရက်နေ့က ဖြစ်ပွားသွားခဲ့တဲ့ အရပ်သား လူငယ်နှစ်ယောက်ကို စစ်သားတွေက သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားတဲ့ လူသတ်မှုအကြောင်းကို အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။ လူမိုက်သားတွေကတော့ ရမ်းကားသွားခဲ့ပြန်ပါပြီ။ အများပြည်သူလူထုရှေ့မှာ ပြည်သူလူထုက မွေးဖွားထား တဲ့ အရွယ်ကောင်းသား ယောက်ျားလေးနှစ်ယောက်ကို အော်တော်မစ်တစ် သေနတ်တွေနဲ့ ပစ်သတ်သွားခဲ့ပါ ပြီ။ ပစ်သတ်သွားရုံသာမကသေးဘဲ “ဘယ်သူစမ်းချင်သေးလဲ၊ လာခဲ့ကြ သေခြင်းဆိုးနဲ့ အကုန်သေကုန်မယ်” လို့တောင် ပြည်သူလူထုကို ကြိမ်းမောင်း စိန်ခေါ်သွားလိုက်ပါသေးတယ်။ အဲဒီသူတွေဟာ ဘယ်သူတွေပါလဲ။ စစ်အစိုးရက “တပ်မတော်သာလျှင် အမိ တပ်မတော်သာလျှင် အဖ” လို့ ဆိုထားတဲ့ တပ်မတော်သားတွေပါ။ အဲဒီလူသတ်မှုကို ကျူးလွန်သူတွေဟာ ပြည်သူလူထုရဲ့သားတွေပါပဲ။ သူတို့ ဘာဖြစ်လို့ ဒီလောက်ရက်စက် ရိုင်းစိုင်းသွားကြတာပါလဲ။ ဘာဖြစ်လို့ ဒီလောက်ထိ လူစိတ်ကင်းမဲ့သွားကြတာပါလဲ။ အဖြေကတော့ […]


Team XSeptember 8, 20101min1438
ဒီပုံကတော့ “အထူး”ဆိုပြီး တံဆိပ်တက်ထားတဲ့ အထူးကားတစ်စီးပေါ်မှ ရိုက်ကူးထားသောပုံ ဖြစ်ပါတယ်။ ဒီတော့ အထူး ဆိုတာ ဘာလဲလို့ ပြန်ပြီး မေးခွန်းထုတ်စရာ ဖြစ်လာခဲ့တယ်။ ကျွန်တော်တို့ ခရီသယ်တင် မော်တော်ယဉ်လိုင်းထဲကို ပထမဆုံး စတင်ဝင်ရောက်လာတဲ့ အထူးကားကတော့ ပုဂ္ဂလိကလို့ ပြောကြတဲ့ “ရွှေဧည့်သည်” အထူး ယဉ်လိူင်းပဲ ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက အထူးဆိုတာ ဘာမှန်းမသိခဲ့ကြသေးတဲ့ ခရီးသွားပြည်သူတွေမှာ အထူး ဆိုတာ ဒါကြိးလာဆိုတဲ့ အချိန်ဖြစ်ပါတယ်။ အဲ့ဒီအချိန် ပေါ်ကာစတုန်းက အထူးကားဆိုတာ အဆင့်အတန်းခွဲခြားလိုက်သလို့မျိုး ခံစားခဲ့ရတဲ့ ပြည်သူတွေထဲမှာ ကျွန်တော်လည်း တစ်ဦး အပါအဝင်ဖြစ်ခဲ့ပါတယ်။ ရိုးရိုး ဘက်စ်ကားခ ၅ဝ ကျပ် ၊ ၁၀ဝ ကျပ်လောက်သာ ပေးရချိန်မှာ အထူးကားဆိုသော် ရွှေဧည့်သည် ကားကြီးများမှာ ၂၀ဝ ကျပ်မှာ […]


badbabylay09@gmail.comSeptember 3, 20101min1264
မြန်မာဗုဒ္ဓဘာသာ အများစုမှာ ဗုဒ္ဓဘာသာနဲ့ မသက်ဆိုင်တဲ့ ဘုရားဟော မဟုတ်တဲ့ အလွန်အရိုးစွဲနေတဲ့ ယုံကြည်ချက်တစ်ချို့ ရှိပါတယ်။ ဥပမာပြောရရင် သေသူကို သရဏဂုံတင်ပေးရမယ် ဆိုတဲ့အချက်၊ ဘုရားတောင်မှ မိဘကျေးဇူးကို နို့တစ်လုံးဘိုးပဲ ကျေအောင်ဆပ်နိုင်တယ်ဆိုတဲ့ အချက်၊ သာသနာ့ဘောင်ဝင်မယ့် မောင်ရှင်လောင်းကို နတ်ပြပေးရတယ်ဆိုတဲ့အချက်၊ အလှူပွဲတွေမှာ မိုးတားဖို့အတွက် ရှင်ဥပဂုတ်ပွဲထိုးပြီး မဏ္ဍပ်ရှေ့မှာ ချထားပေးလေ့ရှိတဲ့အချက် စတာတွေပါ။ ဒါတွေက အလွန်လွဲမှားပြီး ယနေ့အထိ အများလက်ခံ ယုံကြည်နေကြတဲ့ အရာတွေထဲက ထင်ရှားတဲ့ အချက်လေးတွေပါ။ ဒီအလွဲတွေထဲက နောက်တစ်ခုက ဝါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့အချက်ကလည်း တစ်ခုအပါအဝင် ဖြစ်နေပြန်ပါပြီ။ ဝါမဝင်ခင် အိမ်ထောင်ပြုမှ ဖြစ်မယ်၊ ဝါကျွတ်မှ အိမ်ထောင်ပြုကြမယ်ဆိုတဲ့ အရိုးစွဲနေတဲ့ ဒီအချက်အပေါ်မှာ မျက်မှောက်ခေတ်လူငယ် အတော်များများ ဘဝင်မကျ ဖြစ်လာကြတာကို တွေ့ရပါတယ်။ ဝါတွင်းကာလ […]