မျိုးစောင့် အုပဒေကြမ်းကို အောက်လွှတ်တော်မှာ လွှတ်အမတ် အများစုမဲနဲ့ အတီပြုလိုက်ကြောင်း မနေ့ဂ ဖတ်ရတယ်။ အန်အယ်လ်ဒီက လွှတ်အမတ် အာလုံး ထောက်ခံမဲပေးသတဲ့။ ကြားနေလို့ ရလျက်နဲ့ ဘာကြောင် ရက်ဆား လုပ်ရသလဲ.. နားမီလည်။ ကျောင်းသားသပိတ် အကြမ်းဖက် နှိမ်နင်းခံရတယ်.. လွှတ်တော်ထဲ ဘာသံမှ မထွက်၊ လက်ပံတောင်း အရေးအခင်းမှာ လယ်သူမကြီးဒေါ်ခင်ဝင်းသေတယ်.. တုပ်တုပ်မျှ မှီလှုပ်.. အလုပ်သမားတွေ အဆော်ခံရတော့လည်း စောင်းငဲ့မကြည့်..။ အဲ… ထောက်ခံမဲ ပေးတာတော့ရှိတယ်၊ ဖွတ်အမတ် ဦးအောင်တောင်းကို ယူအက်စ်က မလိုလားအပ်သူစာရင်း ကြေငြာတော့ ကန့်ကွက်ကြောင်းအစို ထောက်ခံပေးသဗျ။ ခုလည်း မှောက်ခံ (မှားလို့) ထောက်ခံပြန်ပီ။ အမတ်၃၅ယောက်စလုံး ထောက်ခံစိုဒေါ့ အားလုံးသဘောလား တယောက်ထဲသဘောအတိုင်း လိုက်လုပ်ပေးခဲ့သလား၊ စဉ်းစားမိအိ။ အုပဒေကြမ်းကို ဖွတ်၊ ၉၆၉နဲ့မဘသတွေ […]


အမေ နားပါဒေါ့… ဘာရယ်ဟုတ်ဝူး.. ဖဘမှာ မေမေစု နေမီကောင်းလို့ca လွှတ်တော် သုံးရက်မတိုင်နိုင်ဒဲ့အကြောင်း ဖတ်ရတော့ ရင်ဒဲ မခံဇားနိုင်လို့ ပေါဒါ။ ရွာဆိတ်များ ဘာလုပ်နေဂျသလဲ.. မေတ္တာ ပို့ဂျပါဒေါ့လား….။     ဆိတ်သားပဲဟင်း ချပ်ဆားမြည့် ငါကွ ဦးကြောင်ကြီး


အမျိုးသားပညာရေး အုပဒေ ပြင်ဆင်ဖို့ ကြိုးပမ်းနေတဲ့ ကျောင်းသားတွေကို အသုံးချခံတွေလို့ သနားသလို အထင်သေးသလိုလို ပြောနေတဲ့ ဆိတ်စွမ်းအားရှင်တွေ ရှိသဗျ … သူတို့ မိတ်ဆွေတွေကတော့ ခြံစည်းရိုးခွထိုင် သပ်ပါတီ အချောင်သမားတွေပေါ့။ ကျောင်းသားသပိတ်ကို မထောက်ခံတာ တကဏ္ဍ၊ ပုံဖျက် ဆန့်ကျင် တကဏ္ဍ မတူဘူး။ ပိုဆိုးလာတာ ရိုက်နှက်ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေကို ဆက်အပုပ်ချနေတာ။ သပိတ်တပ် အဖြိုခွဲ အဖမ်ခံရးယုံနဲ့ မကျေနပ်.. လှုပ်ရှားမှုတခုလုံး ပျက်ဆီးသွားမှ ကျေနပ်မှာလား။  ဘာလို့လဲ နားမလည်နိုင်..။ ကျောင်းသားက မင်းတို့ အကျိုးဆီးပွား ဘာဖျက်ဆီးထားသလဲ .. ရန်သူတွေလား။ ကျောင်းသားသမဂ္ဂ ဥက္ကဌ ကျော်ကိုကို တပ်ဦးရှေ့ ပြေးထွက်နေပုံကို ဖိုတိုရှော့လုပ်ပီး ဝါဒဖြန့်ချီဗရးတင်တော့ ဝမ်းသာအားရ လိုက်ဖွသူနဲ့၊ ထောက်ခံသူနဲ့.. အမေ အမေ […]


သစ်ထူးလွင် အင်တာနက်သတင်းမှာ ဒီနေ့ဖတ်ရတယ်၊ အထက်မဲခိုးလွှတ်တော်အုပ်ကထ စစ်ဗိုလ်ဟောင်း ဦးခင်အောင်မြင့်ဦးက အမျိုးသားပညာရေးဥပဒေ အရေးကို လွှတ်တော်တွင်း ပြင်ကြဖို့ ပြောတယ်၊ တချိန်ထဲမှာ လက်ပံတန်းကျောင်းသားသပိတ် ရိုက်နှက်ဖြိုခွဲမှုမှ လွတ်မြောက်လာတဲ့ ကျောင်းသားတွေကို ဆက်လက်ဖမ်းဆီးနေပြန်တယ်။ သာမန်ကြည့်လျင်တော့ ဘပြောင်အစိုးမရ မကောင်းဘူး၊ လွှတ်တော်က ညှင်သာတယ် ပျော့ပြောင်းတယ်ပေါ့။ ဘာသွား သတိရလဲဆိုလျင် စစ်ကြောရေးမှာ သုံးတဲ့ နည်းဗျူ ဟာ တခုရှိတယ်။ မျက်စေ့မှိတ်ဖမ်းချုပ်ထားပီး ဒဂေါင်က ရိုက်နှက်ထိုးကြိတ်စစ်တယ်၊ အားရတော့ ခဏအနားပေး.. အဲဒီအချိန်မှာ နောက်ဒဂေါင် ဝင်လာပီး အိညှက်အိညှက်နဲ့ ညီလေးရယ်၊ ဘာညာဆိုပီး အပျော့ဆွဲနှိုက်တယ်။ တခါတလေလည်း လဖက်ရည်၊ ဆေးလိပ်ပါ တိုက်သေးတယ်။ မရလျင် အစောကကောင် ထပ်ဝင်လာပီး ဗျင်းတော့တာပဲ။ အဲလို ခြောက်လိုက် ချော့လိုက် ကြိမ်ဖန်များစွာလုပ်ပီး လိုချင်တဲ့ပုံစံသွင်းတာ […]


ကျောင်းသားသပိတ် ပင်မစစ်ကြောင်း မနေ့ပဲ လက်ပံတောင်းမှာ လုံထိန်းရဲတွေရဲ့ အကြမ်းဖက် ရိုက်နှက်ဖြိုခွဲ ခံလိုက်ရပါပြီ။ ကျနော်တို့ ဘာဆက်လုပ်ကြ မှာလဲ။ အရေးကြီးဆုံးနဲ့ လူတိုင်း အသက်ဆိုင်ဆုံး အချက်ကတော့ တွေဝေမိန်းမောမှုများ ရပ်ကြပါ။ ဒေါ်စုကို ထောက်ခံခံ၊ မင်းလောင်းပဲမျှော်မျှော် ခင်ဗျားတို့ အလှည့်ကြလျင်လည်း ညှာလိမ့်မည်မဟုတ် ဒီလို ရက်ရက်စက်စက် အဖိနှိပ်ခံရမည်ဆိုတာ သိဖို့ကောင်းပြီ။ ကျောင်းသားတွေ သွေး၊ချွေးနဲ့ရင်းပြီး ဖွတ်အစိုးမရ မျက်နှာဖုံးကို ဆွဲခွာပြသွားတယ်။ ရဲတင်းတဲ့ ကျောင်းသားမို့ ဒင်းတို့ လုပ်သလား.. မထင်ပါနဲ့၊ အလုပ်သမားလည်း ဒီလိုပဲလုပ်တယ်၊ လယ်သမားလည်း ဒီလိုပဲ၊ ဘုန်းကြီးလည်း ဒီလိုပဲ လုပ်ခဲ့တယ်။ ရွေးဂေါက်ပွဲနဲ့ စုမျှော်သူလည်း ဒီလိုပဲ ခံရလိမ့်မည်။ သတ်ပါတီဆိုတဲ့ကောင်လဲ ကိုယ့်အခွင့်အရေး တောင်းဆိုတဲ့အခါ ပုံစံတူ အတီးခံရမည်။ (ဒကောင်တွေတော့ သာကူးမည့်သူများတယ်) […]


အဖေကြီးက ရိုးတယ်.. သိပ်ကောင်းတာ… အမှန်ဂ အောက်ကကောင်တွေ လုပ်တာ၊ ဒင်းဒို့ဖျက်နေတာ..။ အဖေကြီးတော့ မပြောကြပါနဲ့ကွယ်.. သူက ဟိုးအပေါ်မှာနေတာ အောက်မှာ ခိုးလုပ်နေတာတွေ သိနိုင်ဗမလား။ အဖေကြီး ဒီလောက် အလုပ်များတာ၊ ဟေ့ ငါတို့ အဖေကြီးကို မထိနဲ့.. မင်းတို့ကောင်တွေ ဆူပူအကြမ်းဖက် လူရမ်းကားဒွေ၊ ကလာဒိန်တွေ၊ ပုဆိ်န်ရိုးတွေ…. ကျနော်တို့ ငယ်စဉ်က မဆလပါတီနဲ့ နီးစပ်သူတွေ ပြောတဲ့ လာဘ်သုံးစဂါး ကြားဖူးနားဝပါ။ ရာစုနှစ် တဆိတ်အကြာ သမိုင်းဓဗက် ပျံလည်ဒေါ့… ပါတီ အောက်ခြေက သောက်သုံးမကျလို့ ၊ နာမည်ခံ ဖျက်ဆီးနေတာ၊ သူတို့ကပဲ တလောကလုံး တင်ကျွေးးထားသလို.. ဒါတွေ အမေနဲ့မဆိုင်၊ အောက်ကဖြစ်တိုင်း သိမနေနနို်င်။ သူတို့ကြောင့် အမေစု နာမည်ပျက်တာ….။ ပြောသူတွေ ကြည့်လိုက်တော့ […]


ခုတင် ဖဘမှာ ပို့စ်တခု ဖတ်ရတယ်။ ကျောင်းသားဆန္ဒပြပွဲကို လက်ပတ်နီလူူမိုက်သုံးပီး ဖြိုခွဲတဲ့ကိစ္စ ဘွားဒေါ်ကို မီဒီယာကမေးတော့.. လက်ပတ်နီများ၏ဇစ်မြစ်ကိုဖော်ထုတ်ရန် မီဒီယာများကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း ။ ============================================== မတ်လ ၅ ရက်နေ့ ဆူးလေဘုရားအနီး ကေျာင်းသားသပိတ်အား ဖြိုခွင်းရာတွင်ပါဝင် ခဲ့သည့် လက်ပတ်နီဝတ်လူစုနှင့်ပတ်သက်၍ သဘာထားမှတ်ချက်ကို မေမြန်းရာ ”တကယ်တော့ မီဒီယာတွေရဲ့တာဝန်ဆိုတော့ ဒီလိုဟာတွေကို ဇစ်မြစ်က ဘာလဲဆိုတာ ရှာဖွေဖော်ထုတ်ဖို့ပဲ၊ အမေတို့ကိုမေးနေလို့ အမေတို့က သိတာမဟုတ်ဘူး။ မသိတဲ့ သူကို မမေးပါနဲ့။ ဒီဟာကို လိုက်ရမယ်။ မီဒီယာတွေရဲ့ တာဝန်ပဲ။ အဲဒီတော့ သက်ဆိုင် သူတွေကို လိုက်မေး။ ဒီလူတွေ ဘယ်ကလဲ၊ ဘယ်သူကခိုင်းလို့ လုပ်နေတာလဲ။ ဒါက သားတို့ မီဒီယာသမားတွေရဲ့ တာဝန်။ မီဒီယာဆိုတာ သတင်းဇစ်မြစ်ကိုလိုက်ရမယ်”ဟု […]


လက်ပံတန်းကနေ သပိတ်စစ်ကြောင်း ပြန်ထွက်ဖို့ ကြိုးစားတဲ့ ကျောင်းသားတွေနဲ့ လုံထိန်းတွေ ထိပ်တိုက်တွေ့နေပါပြီ။ ရန်သူလုံထိန်းဖက်က အသေအချာ ပြင်ဆင်ထားတယ်၊ အင်အား ထောင်ချီရှိကြောင်း ဖဘမှာတက်လာတဲ့ သတင်းတွေအရ သိရတယ်။ ညဖက် သပိတ်စခန်းကို ဝင်စီးမည်လို့လည်း ပြောနေကြတယ်။ လုံထိန်းတွေ အင်နဲ့အားနဲ့ ပိတ်ဆို့ထားလျင် ကျောင်းသားတွေ ရှေ့ဆက်ဖို့ မလွယ်ဘူး.. လက်ရှိအနေအထား တည်ငြိမ်အောင် မနည်းကြိုးစားရမည်နဲ့တူ၏။ မြို့လူထု ဝန်းရံပေး၊ ဝိုင်းဝန်းဖောက်ထွက်ပေးမှ ရှေ့ခရီးဆက်နိုင်လိမ့်မည်။ စစ်အာဏာရှင်ဖက်က သွေးတိုးစမ်း ရှေ့တိုးနေတယ်လို့ မြင်တယ်။ အခြေအနေကောင်းလျင် သပိတ်တပ်ကို ဖြိုခွင်းဖို့အထိ ကြိုးစားလိမ့်မည်။ ကျောင်းသားဖက်က ပျော့သွားတာနဲ့ အပြတ်လုပ်မှာမို့ ကိုယ့်ဖက်က တင်းခံနိုင်ဖို့ အရေးကြီးသည်။ ပိုအရေးကြီးတာ ပိတ်ဆို့မခံနေဘဲ ဖောက်ထွက်နိုင်မှ ဖြစ်မည်။ သေချာတာတောင် ဆုတ်ပေးလိုက်တာနဲ့ အတင်းလိုက်တိုက်တော့မည်။ လူထုနှင့်ဘုန်းကြီးများ လက်ပိုက်ကြည့်မနေ […]


ဘွားဒေါ်ဂျီးနဲ့ သမဒဂျီးတို့ မိတ်ခွန်းကောက်နှုတ်ချက်တွေ အင်တာနက်မှာ ဖတ်လိုက်ရသဗျ။ ဘွားဒေါ်က ဟင်္သတ၊ ပြည်ဖက် ဗိုလ်ချုပ်အောင်ဆန်း နှစ်တရာပြည့် အထိမ်းအမှတ် ခရီးထွက်၊ ဘပြောင်ဂျီးက လပတ် မိတ်ခွန်း ရေဒီယိုမှာ လေပွားဒါ။ ဖတ်ရင်းနဲ့ သူတို့ နှစ်ယောက် တူတာ မတူဒါလေးဒွေ အူးနှောက်လေမုန်ဒိုင်း တိုက်ချဉ်ရို့၊ ရွာထဲမှာ သူတို့ဘာလုပ်လုတ် မှန်ပါ့ဖျားဒွေ တဘုံဂျီးမှတ်လား….။ မြင်လို့လွဲအောင်  ဘပြောင်သမဒ ဖြစ်လာချိ်န်ကစ ယဉ်ကြည့်ရအောင်စ်။  နျှောက်စလုံး လေပွားဒါခြင်း တူအိ၊ ဘယ်သူမှ တိတိကျကျ မရှိ.. ဝေဝေဝါးဝါး.. ယေဘူယျ စကားလုံးတွေချည်း..။ တိုးတက်အောင်လုပ်၊ လာဘ်မစားနဲ့၊ တရာအုပဒေ ဆိုးမိုးယေး၊ ဒိုတာဝံ အယေးသုံးဘား၊ ပြည်သုဘွခေါင်းစားရေ.. ကွိကွိ ကွကွ။ လှလိုက်တဲ့ စာလုံးဒွေ.. လက်တွေ့ ပြေးကြည့် နတ္ထိ.. […]


ရွှေပြည်သာ စက်မှုဇုန် အလုပ်သမားသပိတ် အင်အားသုံး အဖြိုခွဲခံရသဗျ။ သပိတ်စုဝေးမှုခြင်း တူပါလျက် ကျောင်းသားကြ လက်ခံထားပြီး အလုပ်သမားမှ ဘာကြောင့် နှိပ်ကွပ်သလဲ..။ (၁) ချီတက်နေတဲ့ ကျောင်းသားတွေကို ခြိမ်းခြောက်ပြတာ ဖြစ်မယ် (၂) ကျောင်းသားနဲ့ အလုပ်သမား ပေါင်းမိသွားမှာ ကြောက်ပုံရတယ် (၃) ဒါကတော့ အဓိကထင်တယ်… ပြည်သူလူထုနဲ့ မပေါင်းမိလို့။ ဘပြောင်စစ်တပိုင်းအစိုးမရ အပေါ်ယံကြော ဟန်ပြ လိမ်စား လှည့်စားနေတယ်။ ယုံသူကလည်းယုံဆဲ ဆိုတော့ ခံပေါ့။ အသိညဏ်နဲ့ ခွန်အား ပြိုင်တဲ့အခါ တွေ့ရတဲ့ အခက်အခဲပါပဲ။ အလုပ်သမားအရေးကိုကြည့်လိုက်.. ဒီလောက် နည်းတဲ့လုပ်ခကို ကာကွယ်သူ၊ မသိကျိုးကျွန်ပြုသူ မနည်းတာ တွေ့ရမည်။ စီးပွားရေးသမားတွေ လုပ်ငန်းရှင်တွေက လုပ်ခပိုပေးရတာမကြိုက်၊ အလုပ်သမား အခွင့်အရေး အသံဆို မကြားချင်။ အလုပ်သမား၊ […]


ရဲဘော်တို့… မင်းတို့ မကြာခင် ရက်ပိုင်းအတွင်း ရန်ကုန်မြို့ကို သိမ်းပိုက်ကြတော့မည်။ မိုင်ရာရှည် ချီတက်လာခဲ့တဲ့ ခရီးရဲ့ အသီးအပွင့် ခံစားရတော့မည်။ ရန်ကုန်ကို မသိမ်းခင် အခက်အခဲတွေ ဖြတ်ကျော်ရဦးမည်။ ဖွတ်မိုက်တွေ၊ လုံထိန်းတွေနဲ့ တိုက်ပွဲဆင်နွှဲကောင်း ဆင်နွှဲရဦးမည်။ ရှေးခေတ်ကတော့ မြို့ကိုသိမ်းလျင် တံတို်င်း၊ ဝင်ပေါက်တံခါးတွေကို ရိုက်ချိုးပစ်ရသည်။ ခုလည်း ဒင်းတို့အခိုင်အမာပြုထားတဲ့ တံခါးတွေကို ရိုက်ချိုးပစ်ကြ။ အချို့ကလည်း ပြောမည်… တံခါး နှမြောစရာ မလုပ်ပါနဲ့ နောက်ပြန်လှည့် ဘာညာကွိကွ…။ အဲဒီတံခါးတွေသည် ရန်ကုန်မြို့ကို အကျဉ်းချထားတဲ့ ထောင်တံတိုင်း သံတိုင်တွေ။ ယဉ်ကျေးတဲ့ လူမှုအသိုင်းအဝန်းကို တံတိုင်းခတ် ထားစရာ မလို။ ရန်ကုန်လူထုက မင်းတို့ကို စောင့်မျှော်နေကြပြီ။ ၂၀၀ရ ခုနှစ် သံဃာအရေးအခင်းအပြီး စစ်တပ်နဲ့ စစ်တပ်ကျောထောက်နောက်ခံပြု  အစိုးမရကို ကိုင်လှုပ်နိုင်တာ […]


တိုင်းယေးပျီယေး မငြိမ်မသပ် ဖျစ်နေသဗျ။ ဇာတ်တိုက်စိုသလို ဝှိုက်ကတ်၊ ကျောင်းသားသပိတ်၊ ကိုးကန့်အရေး ဆူလောက်ပွက်နေဒယ်။ ခုပြောမှာ ကိုးကန့်အရေး..။ ကိုးကန့်ဂေါင်းဇောင် ဖုန်ကြားရှင်ကို ဘယ်သူမွေးသလဲ အထင်အရှားရှိတယ်။ လိုချဉ်တာလေး ကွက်ပြောတော့ တရုတ်အားကိုး မအလ ပေါ့ဗျာ။ ဒါပေမဲ့ မလိင်ဂျေး ပြန်စစ်ကြည့် နဝတ၊ နအဖခေတ် စစ်ထောက်လှမ်းရေး ဗိုလ်ခင်ညွန့် နေရာပေးလာတာ.. အမယ် သူ့တတျောက်ထဲ လုရဲမလား.. နံပါတ်တစ်ဂိုဏ်းချုပ် ဗိုလ်သန်းရွှေ မီးစိမ်းမပြဘဲ ဘာမှမဖြစ်။ ပြေလည်စဉ် ဦးဖုန်ကြားရှင်ပေါ့ဗျာ.. နာဂစ်အခြေခံဥပဒေ ဆွဲတဲ့ အမျိုးသားညှီလာခံ တဂျိမ်းဂျိမ်း လုပ်တုံးဂများ ဒင်းရို့မြက်ဏှာ မတွေ့ဂျင်အစုန်း။ လက်ရှိသမဒ ဗပြောင် ကောင်းကောင်း သိပါတယ်။ မတည့်လဲ မတည့်ရော ဆော်တာပဲ။ ဘိန်းဘုရင်ခွန်ဆာကြတော့ တည့်လိုက်တာ..။ ဂုဒေါ့ စော်ဂျပီ။ ချကြ… […]


ပထမ တဆင့်တော့ အောင်မြင်သွားပြီ ကျောင်းသားရဲဘော်တို့… ဒါပေမည့် စစ်တပိုင်းအစိုးမရ နည်းဗျူ ဟာပိုင်း အလျှော့ပေးတာလို့ မြင်တယ်။ ဥပဒေ မပြင်ဘဲ တင်းခံထားရင် တောင်းဆိုမှုတွေ ဖြစ်မည်ဆိုတာ တွက်ထားပြီး မျှော်လင့်တာထက် အင်အားပိုကြီးနေလို့ တကွက်လျှော့ပေးတာ ဖြစ်မည်။ သမိုင်းကို သင်ခန်းစာယူကြ.. စစ်အစိုးရ အစဉ်ဆက် ဘောင်းဘီဝတ် ဘောင်းဘီချွတ် တဂေါင်မှ မယုံရ…။ စေတနာ ရှိသူ တဦးစ နှစ်ဦးစ ရှိလည်း မူဝါဒပိုင်း အဆုံးအဖြတ် မပေးနိုင်။ အဲဒါကို မမေ့နဲ့.. နိို့မို့လျင် ပုဂ္ဂိုလ်ခင်လို့ တရားမင်.. တဖက်က လူရိုသေ ရှင်ရိုသေမို့ ကျလောက်အောင်ပြောနိုင်လို နားယောင်ပြီး ရေတိမ်နစ် ဆုံးပါးတတ်တယ်။ ဘယ်သူ့ကိုမှ မယုံနဲ့.. ဒီအခြေအနေအထိ မင်းတို့ဖာသာ ရုန်းကန် လှုပ်ရှားလာခဲ့တာ။ ရင့်ကြက်တန်သလောက် […]