မြန်တျန့်တတွေရဲ့ ဆီးဂိမ်းဘောပွဲ မျှော်လင့်ချက် ဆုံးခန်းတိုင်ခဲ့ပါပြီ၊ အင်ဒိုနီးရှားကို အနိမ့်ဆုံး သရေထားကန် အကြိုဗိုလ်ပုလွဲတက် ဆိတ်ကူးလေးယဉ်ထားတာ အခုတော့ အုပ်စုမှာဒင် အောင်ဖျာလိပ်ရတော့ ပိတ်သက်ကျီး ဒေါဖောင်းကုန်ပါဒယ်။ သမင်လည်ပြန် ကြည့်လိုက်ရင် ရှေ့နှစ်ပွဲ ခြေစွာထားပြီး အရေးကြုံတော့မှ ထုံးစံအတိုင်း ဖောက်တယ်၊ ခုတော့ သူ့ကြောင့် ကိုယ့်ကြောင့် ခေါင်းရှောင်ကုန်ပြီ၊ တုတ်ဝေချိန် ရောက်ပြီကိုး။ ကဂျီးနည်းပြ ပတ်ဆောင်ဝှာ သောက်သုံးမကျလို့၊ head to head စည်းမျဉ်း မသိဂေါင်းလား အပြစ်တင်တယ်။ မှန်မှန်ကန်ကန် သုံးသပ်ကြေးဆို မြန်တျန့်ဘောအသင်း မကောင်းလို့ ရှုံးတာပါ။ ပယ်နယ်တီ ပေးရတယ်ဆိုဆို၊  ကစားသမား အထုတ်ခံရလို့ပြောပြော၊ အရန်လူတွေ ထုတ်သုံးတယ် ဆင်ခြေပြပြ လက်ရွေးစင် အသင်းခြေမျိုး မရှိခဲ့ဘူး။ ဘီလျံပေါင်းများစွာ မြန်တျန့်လိဂ်ဆိုပြီး အကုန်ခံကစား၊ အသင်းတွေဖွဲ့၊ […]


ဒီမိုကရေစီ အပြောင်းအလဲ လုပ်ဖို့ ဦးသိန်းစိန် စစ်တပိုင်း အစိုးမရမှာ စိတ်စေတနာ မရှိဘူးလို့ အန်အယ်လ်ဒီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ ကြေငြာချက် မနေ့က ထွက်လာတယ်။ အခုလုပ်ရပ် မှန်မမှန်ဆိုတာထက် နောက်ကျ မကျ၊ နောက်ကျရင် ဘယ်လောက်နောက်ကျ၊ ဘာတွေပေးဆပ် လိုက်ရသလဲ သုံးသပ်ချင်တယ်။ ဘွားဒေါ်ဂျီး လွှတ်တော်ထဲ ရောက်တာ တနှစ်ကျော်ပြီ… ဦးသိန်းစိန် အစိုးမရနဲ့ မဲခိုး လွှတ်တော်သက်တမ်း တဝက်ကျိုးပြီ… အစည်းဝေးတွေ အခါခါလုပ်၊ ခရီးတွေ အကြိမ်ကြိမ်ထွက်၊ မိန့်ခွန်းတွေ အမျိုးမျိုးပြော.. လေဖမ်းဒန်းစီး နေတာပဲ တွေ့တယ်။ ရောဂါကုသလိုပဲ အချိန်တခု ပေးကုပြီးမှ ဆေးမတိုးတဲ့အခါ အချိန်ကုန် လူပမ်းတယ်၊ အဆိုးဆုံး အနေနဲ့ ကုမမှီလောက်အောင် နောက်ကျသွားတတ်တယ်။ အဲဒီလိုအချိန်မှာ အကောင်းဆုံးက သက်တောင့် သက်သာ အသေဖြောင့်ဖို့ […]


တိုင်းပြည်တခုဟာ သူနဲ့ထိုက်တဲ့ အစိုးရ ပဲရတယ် ဆိုရိုး အမှန်၊အမှားပြောရန် အတော်ခက်သဗျ၊ ခွဲခြမ်းစိတ်ဖြာ ပညာရှင် စကားဖြစ်ပြီး နိုင်ငံရေးသမား အတွက်တော့ မသုံးအပ်ဖူးပေါ့လေ။ ပြည်တွင်းမှာ ရှိစဉ်ထဲက စစ်ဗိုလ်ဆို ဘုရားထူး၊ ပညာနဲနည်းပေးရင် ဒူးတန်းထောက်၊ ကိုယ်ကြောက်တာ ဖုံးချင်တော့ သူများပါ လိုက်ကြောက်ခိုင်း၊ အာဏာလက်ရှိ ဂွင်မိသူတွေကို ဝေဖန်တာကလဲ ကိုယ်မရလို့ ပြောနေတာများ၊ ဒီလိုနဲ့ သွက်ချာပါဒလိုက်ရင်း ဘွားဒေါ်ဂျီး ကောင်းမှု အကြောင်းပြု မောင်းထုမည်လဲ လုပ်ရော ဇာတိသရုပ် တစတစ ပေါ်လာ ပါရော။ ပြည်ပ မှာဆို ပိုဆိုးသေး၊ ဝေသာလီပြည် ဘီလူးစီးသလို နွှဲလိုက်ကြတဲ့ နိုင်ငံရေးဒုက္ခသည် ခံယူပွဲ.. နယ်စပ်ကလာသူ အတော်များများကလွဲလို့ ယူအက်စ်ရောက်မှ လျောက်လွှာတင်သူများ ၉၀% ဖိန့်ဖိန့်တွေ။ သူတို့ဝင်လာတဲ့ ဗီဇာစစ်ကြည့် […]


၁၉၈၈ နောက်ပိုင်းကစလို့ မြန်တျန့်ပြည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးအတွက် နည်းမျိုးစုံကြံဆ ကြိုးပမ်း အားထုတ်ခဲ့ဂျသဗျ။ အမှတ်ရလွယ်အောင် ခြစ်စနိုး အမည်ပေးရလျင်.. (က) ၈၈၈၈ အရေးတော်ပုံကာလ လူထုအားနဲ့ ရေးဆွဲမယ် ကြွေးကြော်တာမို့ ခြေတပေါင်ကျိုးကစားနည်း။ (ခ) ၁၉၉ဝ ရွေးကောက်ပွဲ အန်အယ်လ်ဒီ အနိုင်ရပြီး အာဏာသိမ်း နဝတနဲ့ ထိပ်တိုက်တွေ့ ကြိုးစားတဲ့အခါ တုတ်နှစ်ချောင်း ကုလားမခြေထောက်လျောက်နည်း။ (ဂ) အဲဒီနောက်ပိုင်း သူပုန်လက်နက်ကိုင်တွေပါ ပါလာလို့ သုံးဘီးဖွတ်ချက်ကားစီးနည်း။ ဃ) အခုနောက်ဆုံး ဘွားဒေါ်ဂျီး၊ အစိုးမရ၊ လွှတ်တော်၊ စစ်တပ် လေးဖွဲ့ပေါင်းလုပ်မယ် ဆိုတဲ့အခါမှာတော့ လေးဖက်ထောက်သွားနည်း…။   တဆက်ထဲ ယနေ့ရရှိဒဲ့ ထူးခြားသဒင်းများဂဒေါ့… ကင်ဗွန်းတပ် မင်ဂလာ မြန်တျန့်နိုင်ငံဒေါ် အတွင်းရှိ သေရည်အရက် ထုတ်လုပ်သူများမှ ယမကာထုတ်လုပ်သူ […]


မုံရွာ လက်ပံတောင်းမှာ ဖက်ဆစ်စစ်တပ် လက်ကိုင်တုတ် လုံထိန်းရဲတွေပစ်လို့ လယ်သမားတွေ ထိခိုက်ဒဏ်ရာ ရကုန်ပြီ။ ရဲထိတာတော့ လာမပြောနဲ့ကွာ သပိတ်တားထားတာကို ဝမ်ပေါင်ပထွေး ကူမြူ နစ်တရုတ်ကျီး အားကိုနဲ့ သောက်ရမ်းဝင်ဖမ်းမှတော့ ဖြစ်တာ အဆန်းဗူး။။  မြန်တျန့်ဂေဇက် ရွာသားတွေလဲ ရှင်ကျန်းပြည်နယ်က ပန်းသေးတလုပ် အရာရှည်မလာ မာမွတ်ခိုမ် ပေးကမ်းဒဲ့ မသထှာရေစာ မြိုစို့ပီး အပေါက်ပိတ် မနေဂျနဲ့..။ တတ်နိုင်သလောက် လေသေနတ် ကူပစ်ပေးဂျ.. ငါနဲ့ကိုင်တုပ်ကြ.. မအေနှမ တိုင်းထွာဆဲဂျ.. မြေရိုင်းလို့ ပန်းရိုင်းတာ ဘူဝိုင်းလို့ ဂူရွိုင်းတာ တယားဒယ်။ မြို့ဗော်နေလို့ ကိုယ်နဲ့မဆိုင်ထင်ရင် တနေ့ကျ တီလုပ်ကျီး ဆူပါမားကက်ဖွင့်ဖို့ အိမ်လာသိမ်းတဲ့အဖြစ် တွေ့ရလိမ့်မယ်…။ ကျေုးမုံဂျီးတွေ ကျေးမုံဂျက်တွေ သဂျီးသာမီးဒွေ သာဂျီးသမက်တွေ လာမလုပ်နဲ့ … တော်လှန်ရေးမှာ ရန်၊ငါ […]


သူများတွေ ယူဂျ၊ ယူဂျမှာမြင်ဒေါ့ အနော်ကြောင်ကြီးလည်း မိန်းမယူဖို့ ဆုံးဖြတ်လိုက်ပီ…။ ဟောင်ကောင်မြေကြွက်စ် ဦးကျောက်နဲ့ ယာကူဇာ နှူးဘာဂီ တို့ထက်ဦးအောင် မင်ဂါဆောင်မည်။ ကြောင်သဒို့သာမီး ဘူဖြစ်မဲ စာဖတ်သူများ ဆုံးဖြတ်ပေးပါ။ ရွာသူားများ စီမံရာ နာခံပါ့မယ်…။ ကြောင်ကြီးဂဒေါ့ ရလျင် လှယာဂျီးနဲ့ လှယာဂျီးနဲ့…. ခြစ်……………………..မှာ……… ဒဂယ်…. အဟုတ်………….။ အရွေးချယ်ဂံ သဒို့သာမီး နှစ်ဦးဃဒေါ့… ကြေးမုံဂျီး (ခ) အီတွန့်ဗွမ် (တရုတ်သဗုံဟောင်းနှင့် လက်ရှိ ဝပြည်လွတ်မြောက်ရေးတပ်မဒေါ် နိုင်ငံရေးမှူး) ခရစ်စတယ်လှိုင်းဂလေး (စကပ်တိုဝတ် တင်းနစ်မယ်နှင့် တိုက်ဂွမ်ဒို သိုင်းပညာရှင်) မှတ်ချက်။ သဒို့သာမီးအရံအဖြစ် ကေအိုင်အိုသဗုံ ဦးမျိုး သာမီးဂလေး နှစ်ဦးမှ မေတ္တာဖြင့် ဆောင်ရွက်ပေးလိမ့်မည်။ သဒို့သားအရံ မထားပါ (သနလို့)  


First eleven အင်တာနက်စာမျက်နှာမှာ အမျိုးသားလွှတ်တော်ဥက္ကဌ ဗိုလ်ချုပ်ဟောင်း ဦးခင်အောင်မြင့်ရဲ့ ရှစ်လေးလုံး ငွေရတု သဝဏ်လွှာ ဖတ်ရသဗျ.. ၁၉၈၈ ဒီမိုကရေစီ လှုပ်ရှားမှုကို၁၉၃ဝ ရေနံမြေ သပိတ်ကြီးနဲ့ နှိုင်းယှဉ်ဂုဏ်ပြု အစချီထားပြီး အလယ်လောက်မှာ ဟောသည်လို ဆိုသဗျ “၁၉၆၂ နောက်ပိုင်းတွင် ၁၃၀ဝ ပြည့် အရေးတော်ပုံ၏ ရည်မှန်းချက် တစ်ရပ်ဖြစ်သော ဆိုရှယ်လစ် အရေးအတွက် ဦးလှည့်ကြိုးပမ်း ခဲ့ပါသော်လည်း တစ်မျိုးသားလုံး မျှော်လင့်တောင့်တခဲ့ကြသည့် ငြိမ်းချမ်းသာယာ ဝပြောသော ခေတ်မီနိုင်ငံတော်သစ်ကိုကား မတည်ဆောက်နိုင်ခဲ့ပါ။ ဤကာလရှည်ကြီးအတွင်း ကမ္ဘာ့နိုင်ငံရေး တူရူချက်မှာလည်း တစ်ရာ့ရှစ်ဆယ်ဒီဂရီ လှည့်ပြောင်းသွားသည်ကို သတိပြုမိပါသည်။ အထူးသဖြင့် နှစ်ဆယ်ရာစုနှောင်းပိုင်း ဆယ်စုများလောက်မှစ၍ ကမ္ဘာ့လူထု၏ တိမ်းညွတ်မှုမှာ ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ် ဖြစ်လာသည်။ မြန်မာနိုင်ငံ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ […]


၈၈၈၈ အရေးတော်ပုံနဲ့ ပတ်သက်ပြီး အဲဒီအချိန်က အာဏာရ မဆလပါတီ ယခု တစညပါတီ ပြောခွင့်ရသူ ဦးဟန်ရွှေကို ဧရာဝတီမဂ္ဂဇင်းကမေးတော့ ဒီလိုဖြေတယ်“ ရွေးကောက်ပွဲလုပ်ဖို့ ကတိပေးပြီးသား ဖြစ်တယ်၊ ……. ……… လုပ်တဲ့အခါမှာ အခက်ခဲ ၂ ခု ကျော်လွှားရမှာက တခုကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁ ကိုပြင်ရမှာ။… ………. အဲဒီတုန်းက ဥပဒေဆိုတာ လူက လုပ်တာပဲ၊ လူကပြင်ရင်ရတယ် ပြောတာပဲ။ မလိုဘူး၊ ကြားဖြတ်အစိုးရပဲ လိုတယ်လို့ ပုတ်ခတ် ပြောခဲ့ကြတယ်။ ……….. …. အဲဒီလို ဖြစ်ခဲ့ကြတော့ အခု နမူနာပဲလေ။ အများကြီး ပေရှည်သွားတယ်။ …… အဲဒီလိုနဲ့ စက်တင်ဘာ ၁၈ ရက်နေ့မှာ တပ်ကို အာဏာ လွှဲလိုက်ရတယ်။ […]


တယ်လီဖုံး ပြောဆိုခကို ငါးဆယ်ကနေ သိသိသာသာ လျှော့ချမယ်လို့ ဆက်သွယ်ရေး ဒုဝံဂျီး ဦးသောင်းတင် ပေါသွားဒေါ့ စီအန်အန်သတင်းမှာ ဖတ်ရတာလေး သဟုတုဗ အဖြစ် ပိတ်သက်ကျီးကို ဝေငှပါရစေ။ အစိုးရများ ငွေလိုတဲ့အခါ ဆူလွယ်နပ်လွယ် ရှာလို့တဲ့ ဂွင်တခု ဖြစ်ပြီး မြန်မာပြည်မှာလည်း တနေ့တခြား ပီပြင်လာနေတဲ့ ဈေးကွက်ကြီး ဖြစ်လို့နေပါပြီ။ ဝင်ငွေခွန်၊ စည်ပင်ခွန်၊ ပါမစ်ခွန် ဘာညာခွန်တွေ တိုးကောက်ရင် ကုန်ဈေးနှုန်းကို တိုက်ရိုက်သက်ရောက်လို့ တိုင်းပြည်အတွင်း ပူညံပူညံ ဖြစ်လေ့ရှိပေမဲ့ ဒီဆဲလ်ဖုံးခွန်ကတော့ အတော်လေး ညှင်သာ ထိရောက်ပုံပဲ။ ဟုတ်တယ်လေ.. မပေးချင် မကိုင်နဲ့၊ ဖုံးမပေါ်ခင် စာတိုက်ကနေပဲ စခန်းသွားခဲ့ဂျဒါ၊ နောက်တော့ကော လိုင်းဖုံးအသေတွေနဲ့ နှစ်အကြာကြီး နေလာပြီး မိုဘိုင်းလ်ခေတ်ရောက်မှ ဆဲလ်ဖုံးမရှိရင် ဘဝဆုံးပြီနဲ့.. အလဂါး အပိုတွေ။။ […]


padonmarJuly 4, 20131min38226
သူကြီးက ကျမတို့ ရွာသူားတွေကို မြှောက်မြှောက်ပေးနေတယ်။ Citizen Journalist CJ တွေတဲ့။ ကိုယ့်ကိုကိုယ်လည်း စိတ်ကြီးဝင် စီဂျေကြီးထင်မိ၊ တစ်ခုခု မျက်စိထဲ အမြင်မတော်၊အကြားမတော်ရင်လည်း မှတ်တမ်းတင်ချင် ရွာထဲကတစ်ဆင့် ပြည်သူကို တိုင်တည်ချင်မိ၊ တစ်ခုခု သဘောကျ နှစ်ခြိုက်မိရင်လည်း (အစားကောင်းစားရရင် ချစ်သူတွေကို သတိရဆိုသလို) ရွာသူားတွေက တစ်ဆင့် ပြည်သူကို ပြောပြချင်မိ၊ အဲသလို သတင်းသမားလုပ်ချင်မိတော့ သတင်းသမားရဲ့ ကျင့်ဝတ်လေးတွေတော့ နည်းနည်းပါးပါး တီးကြည့်ခေါက်ကြည့်လေ့လာကြည့်မိပါတယ်။ အနီးစပ်ဆုံးက ရွာထဲက ဆရာထက်ဝေးရဲ့ မျက်နှာစာအုပ်ပေါ်က စတေးတပ်စ်တွေပါပဲ။ အဲဒီထဲကြိုက်မိတာလေးတွေ တို့ထားတဲ့ထဲမှာ သတင်းသမား သည် ကြားရတိုင်း သတင်း မဟုတ်၊ ဘယ်မှာပင်ကြားရစေ မှန်၊မမှန် ဆင်ခြင်စဉ်းစား အတည်ပြုတတ်ရန် အရေးကြီးဆုံး ပင်ဖြစ်သည်။သတင်းကြောင့် တိုးတက်မူများ ဖြစ်နိုင်သလို သတင်းကြောင့် […]


asiamastersJuly 2, 20131min27115
ကျွန်ုပ်တို့လို့ဆိုလိုက်တာက Demographic segmentation အရဆိုရင်တော့ ၁၉၄ဝ ခုှနှစ်က နေ ၁၉၇ဝ ခုနှစ်လောက်အတွင်း မြန်မာနိုင်ငံမှာမွေးဖွားခဲ့တဲ့ မြ န် မာ လူမျိုးတွေကို ဆိုလိုပါတယ်။ ဘာဖြစ်လို့ဒီလိုပိုင်းခြားလေ့လာကြည့်လဲဆိုရင် လူသားတွေမှာက သက်တမ်းရှိတယ်။ ဒီသက်တမ်းအထဲရှင်သန်နေချိန် ခွန်အားတွေ၊ မှတ်ဉာဏ်တွေ၊ ထိုးထွင်းသိမြင်မှုတွေ မဆုတ်ယုတ်သွားတဲ့ အချိန်မှာပဲ အကောင်းဆုံးအလုပ်တွေကို လုပ်ကိုင်နိုင်ပါတယ်။ ၁၉၄ဝ ခုှနှစ်မှာမွေးဖွားခဲ့သူတစ်ဦးဟာ ဒီနေ့မှာ အသက် (၇၃) နှစ်ရှိပါပြီ။ ဒါဟာလူသားတစ်ဦး ရဲ့အကောင်းဆုံးလုပ်ကိုင်နိုင်တဲ့ အသက်ရဲ့ နောက်ဆုံးအချိန်ပါပဲ။ ဒါကြောင့် အစိုးရပိုင်း အလုပ်တွေက ပင်ရှင်ပေးတဲ့ အသက်ကို (၆၀) မှာထားတယ်။ တစ်ချို့နိုင်ငံတွေကလည်း (၆၅) နှစ်ကိုထားတယ်။ ဒါပေမဲ့ တစ်ချို့ခေါင်းဆောင်တွေကတော့ ကိုယ့်အသက်ဘယ်လောက်ရောက်ရောက် ဂရုမစိုက်ဘူး။ သေတဲ့အထိ ခေါင်းဆောင်အနေနဲ့ပဲနေချင်သူတွေကများပါတယ်။ ထားပါတော့။ တစ်ချို့ခေါင်းဆောင်တွေက ကျားမီးဆွဲထားရသလိုဖြစ်နေတာကိုး။ […]


Normal 0 false false false EN-US X-NONE X-NONE မျိုးစောင့်ဥပဒေကို လွှတ်တော်တင်သွင်းမယ်၊ ကန့်ကွက်သူ လွှတ်တော်အမတ်၊ နိုင်ငံရေးသမားဆို မဲမပေးဖို့ လှုံ့ဆော်သွားမယ်လို့ မြစေတီဆရာတော် ပြောတာ ကမာရွတ်မီဒီယာမှာ ဒီနေ့ ကြည့်ရတယ်။ ပွဲကတော့ ကြည့်ကောင်းလာပြီဗျို့..။ တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးဆောင်းပါးနဲ့အတူ ပြည်တွင်းလှုပ်ရှားမှု အရှိန်အဟုန်လည်း ကြီးထွားနေပုံပဲ။ နိုင်ငံရေး ရှုဒေါင့်ကနေ ကြည့်ရင်တော့ ဒီမိုကရေစီ အရေးအတွက် မကောင်းဘူး။ အထူးသဖြင့် အန်အယ်လ်ဒီ ကြားညှပ်မည့် သဘောရှိတယ်။ လူထုလှုပ်ရှားမှုမှာ ရည်မှန်းချက် မပြည့်ခင် နိုင်ငံရေးရေချိန် ကျမသွားဖို့လိုတယ်။ ဘုံရန်သူ ရှိရင် ထိန်းရတာ လွယ်တယ်၊ အရှေ့အလယ်ပိုင်းမှာ ဂျူးဆန့်ကျင်ရေးနဲ့ အစ္စလာမ်မစ်ကမာ္ဘ ညီညွတ်ရေး တည်ဆောက်တာ ထင်ရှားတဲ့ ဥပမာပဲ။ ဘုံရန်သူမဲ့(သို့) ခေါင်းဆောင်မှု […]


  ရခိုင်ပြည်နယ် ဗူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ ဘင်္ဂါလီများ ခလေးနှစ်ဦးထက် ပိုမမွေးရ ထုတ်ပြန်တဲ့ အမိန့်ကြောင့် ပူညံပူညံ လတ်တလော ဖြစ်နေတာ ကြားမိဂျမှာပေါ့။ ပြောရတော့ ခက်သားဗျ.. လူ့အခွင့်အရေး ရှုဒေါင့်ကကြည့်ရင် ဘယ်လိုမှ အဆင်မပြေဘူး၊ ဒါကြောင့်ပဲ ဒေသန္တရအမိန့်ဆိုပြီး အတက်အဆုတ်လွယ်အောင် လုပ်ထားတာ။ နိုင်ငံတကာဖိအား သိပ်များလာတော့ အစိုးရက ပြန်စဉ်းစားပါ့မယ် ဖြစ်လာရပြီ။ အန်အယ်လ်ဒီ ဘွားဒေါ်ဂျီးဖက်က ကြည့်ပြန်တော့လည်း ဒီလိုမျိုးကိစ္စမှ ငြိမ်နေလို့ မဖြစ်နိုင်ဘူး။ ကိုယ်တိုင်က မိန်းမသား၊ ခလေးအမေတဦး၊ ဒီမိုကရေစီခေါင်းဆောင် တယောက်အနေနဲ့ ကျင့်ဝတ်ပိုင်း၊ သိက္ခာပိုင်း၊ အချက်အလက်ပိုင်း ဘယ်ဖက်ကမှ ပြေးမလွတ်ဘူး.. ဒီတော့ ဆန့်ကျင်ကြောင်း ပြောရပြီပေ့ါဗျာ..။ နားလည်နိုင်ပါတယ်…။ မွေးဖွားနှုန်း ကန့်သတ်မှုကို လက်မခံဆိုရင် ဘင်္ဂါလီဦးရေ တိုးပွားနှုန်းကို ဘယ်လိုထိန်းချုပ်ကြ မလဲ.. […]