ကျောင်းသားသပိတ် တိုက်ပွဲဝင် ရဲရဲတောက် ခြစ်ညီငယ်၊ ညီမငယ်တို့… ခုဆိုရင် ဖွတ်အစိုးရနဲ့ ပထမအကြိမ် ပဏာပ တွေ့ဆုံပွဲ ပြီးသွားလို့ တန်ုပြန်ခလှမ်းကို မြင်သင့်သလောက် မြင်ရပြီ။ ပုဂ္ဂိုလ်ရေး ခံစားချက် ဖယ်ပြီး ပရော်ဖက်ရှင်နယ်ဆန်ဆန် တွေးကြေးဆို သူ့အလုပ် သူလုပ်တာမို့ နာကျည်း ခံပြင်း ဇဝေဇဝါ ဖြစ်စရာမရှိ။ နှစ်ပေါင်းငါးဆယ်ကျော် လိမ်စား လုစားလာတဲ့ စစ်ဗိုလ်တွေဆီက ရလေမလား မျှော်လင့် မစကောင်း…။ သို့ပေမဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရေးသည် ဒီမိုကရက်တစ်တို့ရဲ့ ကျင့်စဉ်မို့ သိလျက်နဲ့ စာပွဲဝိုင်းဆီ တွန်းပို့နေရခြင်းဖြစ်သည်။ လူထုထောက်ခံမှု၊ ပါဝင်ပက်သက်မှုသည် အခရာပဲ။ လူထုအားကို မယုန်သူ နိုင်ငံရေးသမားတွေ ဒီပွဲ နောက်ကျ ကျန်ရစ်တာ မျက်မြင်ထင်ရှားပဲ မဟုတ်လား။ သိရမှာ ကိုယ်ဘာကောင်လဲ ဆိုတာ..။ ကျောင်းသားဆိုတာ […]