တပ်မဒေါ်လေ နှစ်ပတ်လည် အခမ်းအနား လုပ်ကြောင်း အလဲဗင်းဂျာနယ်မှာ ဖတ်ရသဗျ။ တီဗွီက လွှင့်ပြဆိုဗဲ.. အင်းပေါ့ဗျာ မီးတောင်ပုံမှန် မလာဒဲ့တိုင်းဗျီ၊ နွားနဲ့ဖက် လယ်ထွန်နေရသေးဒဲ့ တိုင်းဗျီမှာစိုဒေါ့ ဂျပန်ခေတ်က ဇီးရိုးတိုက်လိင်ဗျံဒွေ ပျံပြတော့ ပါးဇပ်အဟောင်းသားနဲ့ ကြည့်သူများ ရှိဦးမှာ။ ဂုံယူပါဒယ် လေယဉ်ဗျံဂျီးဒွေရှိဒါ။ နိုင်ငံတနိုင်ငံမှာ ခေတ်မှီတပ်မဒေါ် ရှိခြင်းဟာ ဂုံယူရမည့် အချက်ပါပဲ.. သို့ဗေမဲ့ ခေတ်မှီအင်္ဂါတွေနဲ့ လျော်ညီဗို့ဒေါ့ လိုပေမဗျ။ နို့မို့စို နိုင်ငံခြားမှာလဲ လစ်ဗင်းတူဂဲသားနေ ငါတို့လဲ အတူနေလို့ ခေတ်မှီနေဗီ ဖြစ်နေဦးမဲ။ သိဂျဒဲ့အတိုင်း စစ်တပ်ဆိုဒါ ကြည်း၊ရေ၊လေ တပ်တွေနဲ့ လိုက်ဖက်ညီညီ ဖွဲ့စည်းထားမှ ခေတ်မှီတပ်မဒေါ်ဂျီးခေါ်ဒယ်။ စူပါပါဝါ ုနိင်ငံဂျီးဒွေမှာဒေါ့ ဒါထက်ပိုဒဲ့ တပ်ဖွဲ့ ဥမပါ မဟာဗျ ူ ဟာမြောက် ဒုံးပျံတပ်၊ ညူ […]


black chawDecember 15, 20144min27025
ခေါင်းစဉ်နဲ့ ပတ်သက်၍ မန္တလေး ဂဇက်က ကျွန်တော့် ရဲ့ အိမ်ကွင်းပါ။ အဲဒါကြောင့် ဒီနာမည်ပေးလိုက်တာပါ။ ခင်ဗျားတို့ရဲ့ ဘီစီ (ဘလက်ချော) ကို အယ်ဒီတာလူကြီးမင်းက ညွှန်ကြားချက်ပေးလာပါတယ်။ ဒီလစာမူကို ရှယ်လိုချင်ပါတယ် တဲ့။ အထူးပေါ့လေ။ အဲဒါ နဲ့ ဘီစီလည်း စာမူကို အထူးကြိုးစားပြီးသကာလ လက်ကုန်ဖွင့် ရေးချလိုက်ပါတယ်ဗျာ။ ထူးရင်ထူး မထူးရင်ရူးပေါ့ ကျောင်းဒကာတို့ရယ်။ မြန်မာ့ဘောလုံးသတင်းကတော့ ခင်ဗျားတို့ သိပြီး ဖြစ်ကြမှာပါ။ အရှေ့တောင်အာရှ ရဲ့ အဆင့်အမြင့်ဆုံးပြိုင်ပွဲ ဖြစ်တဲ့ Suzuki ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်က ညှိုးငယ်သော မျက်နှာနဲ့ ထွက်လာခဲ့ပြီးသကာလ ရုတ်တရက် အသံတွေ တိတ်သွားပါရောလားဗျာ။ လက်ရွေးစင်အဆင့် အသင်းကြီးတွေသာ ပြိုင်ရတဲ့ ပြိုင်ပွဲမို့ ဒါဟာ မြန်မာ့ဘောလုံးရဲ့ အဆင့်အတန်းအမှန်ပဲလို့ ဆိုလာခဲ့ရင် ဘီစီ […]


alinsettDecember 11, 20142min36135
  အဟိ။ ဂွိဂွိ ။     မောင်သူရတို့ရပ်ကွက်ထဲက ဒေါ်ဖွားမေတို့ ပြောပြောနေတာ ကြားဖူးတယ်ဗျ။ စကားပုံတစ်ခုပါ။ .ပြောတော့ဖြင့် မိုးလားလေလား ရလဒ် ထွက်လာတော့လည်း ဘာမှ မဟုတ်ပါဘူးဆိုတဲ့ အဓိပ္ပာယ်မျိုးကို ပြောတာ. . . စကားက နည်းနည်းတော့ ကြမ်းတယ်ဗျ။ ဘာတဲ့ !!!!   ”အော်တော့ဖြင့် (၇) အိမ် ကြား (၈) အိမ် ကြား. . . မွေးလာတော့ (၁)ပေါင်တောင် မပြည့်ဘူး” တဲ့။   အဲ့စကားပုံနဲ့တော့ မတင်စားလောက်ပါဘူးနော့။ စကားကြို ခံထားတာ။ :k: ။ ။ ။ ။ ။ ။   ဒီလိုပါ။ လာမယ့် […]


alinsettDecember 6, 20141min510
မင်္ဂလာပါ ဂဇက်ချစ်သူများခင်ဗျား… ။   လာမယ့် ၂၀၁၅ ဇန်နဝါရီ ၊ ဒုတိယပတ်လောက်မှာ ပြုလုပ်မယ့် တွေ ့ဆုံဆုပေးပွဲနဲ့ အလှူနေ့မှာ တူညီအကျင်္ ီလေးတွေ ဝတ်နိုင်ဖို့ ဂဇက်အမှတ်တံဆိပ် စာတန်းလေး ပါတဲ့ တီရှပ်လေးတွေ ချုပ်ဖို့ စီစဉ်မလို့ပါ။ သဂျီးဆီက ဂဇက်အမှတ်တံဆိပ်ကို သုံးခွင့်ရပြီးပါပြီ။ ဝမ်းမြောက်ဝမ်းသာကြောင်းနဲ့ သုံးဖို့ လိုဂိုတံဆ်ိပ်လေးပါ ပို့ပေးးထားပါပြီ။ (သူကြီးပို့ထားတဲ့ လိုဂိုပုံ ပြထားပါကြောင်း)                       အကျီ င်္အထည် ငါးဆယ်လောက်အတွက် ကုန်ကျငွေ (ခန့်မှန်း) ၇၅၀၀၀ ( တစ်ထည် ၁၅၀ဝနှုန်း) ကို လောလောဆယ် စိုက်ထားပေးမယ့်သူကတော့  […]


အာဂNovember 21, 20141min23411
တစ်ရက် ကဗျာဆရာ ကိုစောဝေနဲ့တွေ့တော့ ကျွန်တော့်ကို အအောက်ပါ ဖိတ်စာလေး မန်းလေးဂဇက်မှာ ရေးပေးပါလို့ပြော တဲ့ အတွက်အခုလို ပြန်တင်ပေးလိုက်ပါတယ်။ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ CRC Day သုခရိပ်မြုံဂေဟာရှိ မိဘမဲ့ (HIV ကူးစက်ခံကလေး ၁၁၄ယောက်)နှင့် အုပ်ချုပ်သူများ၊ဝန်ထမ်းများ၊စုစုပေါင်း (၁၅၀)ခန့် နှင့် CRC Day ပျော်ပွဲရွင်ပွဲ နှင့် ကလေးများ စိတ်အင်အားမြှင့်တင်ရေးအတွက် (အလှူရှင်များ၊အနုပညာရှင်များ) မိမိတို့၏ အနုပညာ ၊ စေတနာတတ်အားသဖြင့် အချိန်အနည်းငယ်လေးပေး လှူဒါန်းပါဝင်ကြဖို့ မေတ္တာထား ဖိတ်ကြားအပ်ပါသည်။ နေရက်- နိုဝင်ဘာလ ၂၆(ဗုဒ္ဓဟူးနေ့) ၂၀၁၄ အချိန်- နံနက်(၉းဝ၀)မှ ညနေ(၄းဝ၀)ထိ နေရာ- ဗိုလ်ချုပ်ကြေးရုပ်ကျွန်း(ပြည်သူ့ခန်းမ) ကန်တော်ကြီး(နတ်မောက်လမ်း၊ ရွိုင်ရယ်ဂါးဒင်းအပေါက်မှဝင်ပါ) အဖြူရောင်သက်တံ၊သုခရိပ်မြုံ စောဝေ 0931642308၊ စုထား-092017961


အန်အယ်လ်ဒီက ဦးထင်လင်းဦးကို သာသနာစော်ကားမှုနဲ့ တြားစွဲမယ်ဆိုပါလား ကိုဒိဌိရ.. အစိုးရကဆိုလား မဘသကဆိုလား ဒင်းတို့နှစ်ဖွဲ့ တကြိတ်ထဲတညံထဲနဲ့ ထင်ပါရဲ့။ ဒါမျိုးကြ ညီလိုက်တာနော်.. အာဏှာရဖွတ်ပါတီ ဒါမှမဟုတ် စစ်ယူနီဖောင်းဝတ်ဒဂေါင် ဖြစ်ကြည့်ပါလား ဒါမျိုးလုပ်ရဲ မလားလို့..။ မျက်နှာမွဲ အတိုက်အခံကြတော့ ဆဲလားဆဲရဲ့ စွဲလားစွဲရဲ့..။ ဒါလားကွ မျိုးခြစ်သရဲဂေါင်း၊ အင်ဂျီး…။ ပြောသူက ပြောလို့ စွဲသူကစွဲတယ်ဆိုလဲ ပွင့်ပွင့်လင်းလင်း လုပ်စေချဉ်တယ်။ ဒါ သာမန်အမှု မဟုတ်ဘူး၊ သာသနာနဲ့ဆိုင်တဲ့အမှု၊ နိုင်ငံရေး စပ်နွယ်နေတဲ့အမှု။ ဟ ငါတို့က အမျိုးသားရေးပဲလုပ်တာ၊ သာသနာ စောင့်ရှောက်နေတာလို့ သောက်ရူးစဂါး လာမပြောနဲ့။ သူများကို လုပ်တာတောင် ပုန်းရှိုးကွယ်ရှိုးဆို ကိုယ်တိုင် ခံရတဲ့အလှည့် မျက်ရည်မျက်ခွက် သေချာပေါက်ဖြစ်မယ်။ တရားစွဲပါပြီတဲ့.. ဘယ်သောက်ရုံးက ကိုင်မှာလဲ၊ မတရားသူကြီး ဘယ်သူလုပ်မှာလဲ။ […]


တီလုပ်နဲ့မြန်တျန့်ကို ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးလို့ အမှတ်သညာ ပြုသဗျ။ ဒီတော့ လက်သည်းဆိပ် လက်ထိပ်နာ၊ အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ မမြင်ရတဲ့ကြိုးတွေ ချည်နှောင်မိနေသလား မသိပါဘူးဗျာ။ ၁၉၈၈ခုနှစ်ကစလို့ အဖြစ်အပျက်တွေ တအိမ်နဲ့တအိမ် ဆက်နွယ်နေတယ်။ ရှစ်လေးလုံး အရေးတော်ပုံဖြစ်ပြီး တနှစ်အကြာ ၁၉၈၉ ဂျွန်လမှာ လူထောင်ချီ ပစ်သတ်ခံရတဲ့ တိန်အင်မင် အရေးအခင်း ပီကင်းမှာ ဖြစ်တယ်။ စီကျွင်းငလျင်နဲ့ နာဂစ်မုန်တိုင်းလဲ သိပ်ကွာမှတ်တယ်။ ရွှေဝါရောင် သံဃာအရေးအခင်းနဲ့ တိဘက်အရေး ဆန္ဒပြမှုတွေရော မရှေးမနှောင်းပဲ မဟုတ်လား။ ခုလဲကြည့်.. ဟောင်ကောင်မှာ ကျောင်းသားတွေရဲ့ တရုတ် ကူမြူနစ်ပါတီ အုပ်ချုပ်မှုအပေါ် စိန်ခေါ်မှု ဖြစ်နေခိုက် မြန်တျန့်ပြည် စစ်အာဏာရှင်စနစ်ကို အပြီးသတ် ဖြိုလှဲတော့မည့် တတိယအကြိမ်မြောက် လူထုအရေးတော်ပုံကြီးအစ ကျောင်းသားလှုပ်ရှားမှုများ ဖြစ်ပေါ်နေပြီ။ မြန်တျန့်နိုင်ငံရေးသမိုင်းဆိုတာ ကျောင်းသားနဲ့စခဲ့တာ […]


alinsettNovember 13, 20142min21513
မင်္ဂလာပါ။ အပတ်စဉ် တင်ပြပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone ရဲ့ သတင်းအစီအစဉ်ကနေ… ယခုတစ်ပါတ် တင်ပြပေးသွားမယ့် သတင်းတွေကတော့… နိုဝင်ဘာ ၁၂ ရက်က နေပြည်တော်မှာ စတင်ကျင်းပနေတဲ့ ၂၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးဆိုင်ရာ သတင်းအချက်အလက်များ ဦးအောင်သောင်းကို အမေရိကရဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုလုပ်လိုက်တာဟာ NLD နဲ့ သက်ဆိုင်ခြင်း မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်ပြောဆိုလိုက်တဲ့သတင်း ၊ ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းရဲ့ ၁ရ ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲမှာ ကိုပါကြီးရဲ့မိသားစု အပါအဝင် နိုင်ငံရေး လှုပ်ရှားသူတွေကို ထောက်ပံ့ငွေ ပေးအပ်တဲ့သတင်း မြန်မာတွေဟာ ပြဿနာများသူတွေဖြစ်ကြတယ်လို့ မလေးရှား ပြည်ထဲရေးဝန်ကြီးက ပြောဆိုလိုက်တဲ့ သတင်း၊ လက်ရှိ အကျဉ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသားရယ်လို့ မရှိဘူးဆိုတဲ့ အစိုးရဘက်က ပြောဆိုမှုတွေကို […]


alinsettNovember 5, 20146min1558
မင်္ဂလာပါခင်ဗျား…. အပါတ်စဉ် မပြတ်မကွက် တင်ပြပေးလာတဲ့ … အလင်းခြုံတဲ့ သတင်းZone -လို့ပဲ ခေါ်ခေါ်… ဂဇက် သတင်းမှတ်တမ်းလို့ပဲ ပြောပြော… ဆက်လက်တင်ပြပေးဖို့ အချိန်ရောက်ပြန်ပါပြီ။ ဒီတစ်ပါတ် တင်ပြပေးသွားမယ့် သတင်းတွေကတော့…. ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ @ US သမ္မတအိုဘားမား မြန်မာနိုင်ငံကို ရောက်ရှိလာမယ့်နေ့မှာ တွေ့မြင်သွားဖို့ နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို စီတန်းလှည့်လည်ခွင့် မပြုလည်း ဆန္ဒဖော်ထုတ်ကြမယ့် သတင်း ၊ @ နိုဝင်ဘာလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ ကျင်းပဖို့ ပြင်ဆင်ထားတဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးကို ကျင်းပခွင့်မပြုဘူးဆိုတဲ့ သတင်း၊ @ရခိုင်ပြည်နယ်တွင်းမှာ တင်းမာမှုတွေ အခုထိ မလျော့ပါးသေးတဲ့အတွက် စိုးရိမ်စရာ အခြေအနေတွေအပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းရဲ့ ဝေဖန်ချက်နဲ့…  @အလုပ်ရှင် အလုပ်သမား […]


ဘာရယ်ဟုတ်ပါဘူး ၊   ၂၀၁၅ ခုနှစ်အတွက် ကမ႓ာ့အကောင်းဆုံး ဝီစကီရွေးရာမှာ ဂျပန်ထုတ် ဝီစကီ ( ရာမာဇာကီ ဝီစကီ ) က နံပါတ်တစ် ရသွားတယ်ဆိုတော့   စိတ်ထဲ ထူးခြားသလို ဖြစ်သွားလို့ပါ ၊   ကျနော်တို့က စကော့ဝီစကီကသာ အကောင်းဆုံးနေရာမှာ အမြဲရှိတယ် လို့ စွဲသိခဲ့ဘူးတာကိုး ၊ တစ်ကမာ္ဘလုံးက ဝီစကီတွေရဲ့     အရသာ ၊ အရည်အသွေးစတာတွေကို အကောင်းဆုံးဖော်ပြသတ်မှတ်ပေးတဲ့   ဝီစကီ အညွှန်းအဖွဲ့  ( ဂျင်မူရေး – ဝီစကီဘိုင်ဘယ်လ် ) က ရွေးပေးခဲ့တာလို့ ဆိုပါတယ် ၊   daily mail  မှာ ဖတ်ရတာပါ ၊   ၁ […]


manawphyulayNovember 1, 20141min1477
မနက်အိပ်ရာထတော့ ကော်ဖီသောက်ဖို့ ရေနွေးမရှိတော့ တည်မလို့ လုပ်တော့ မီးမလာဘူးလေလို့ အဒေါ်ကပြောတော့ ရုံးရောက်မှသောက်တော့မယ်လို့ ကတိုက်ကရိုက် အိမ်ကထွက်တော့ မီးဘာကြောင့်မလာလဲလို့ စဉ်းစားရင်း တရားခံကို သွားတွေ့မိတယ်။ လမ်းလျှောက်ရင်း လမ်းထိပ်ကို လှမ်းကြည့်မိတော့ ဪ ကားလမ်းတွေကလည်း မိုးမလင်းသေးဘူး ပိတ်နေပြန်ပြီလို့ ညီးညူမိရင်း လျှောက်အလာ ဘယ်ဟုတ်မလဲ လမ်းထိပ်က ကွမ်းယာဆိုင်လေးပျောက်နေတာကို တွေ့ရတယ်။ ကွန်တိန်နာကားရဲ့အောက်မှာ လမ်းထိပ်က ကွမ်းယာဆိုင်လေး ပြားဝပ်နေပါလား မြင်မိတော့ အိမ်အပြန်တိုင်း ပြန်လာပြီလား မေးမေးနေတဲ့ ကွမ်းယာရောင်းတဲ့အစ်ကိုကြီးအတွက် စိတ်ပူသွားမိတယ်။ ဒါနဲ့ အလုပ်မသွားသေးပဲ နည်းနည်းစပ်စုမိတော့ လမ်းထိပ်နားက ကားဝပ်ရှော့မှာ လာပြင်နေတဲ့ကားတဲ့။ စပယ်ယာက မူးပြီးတက်မောင်းတာလို့ သိရပြန်ပါတယ်။ လမ်းဓာတ်တိုင်လည်း လဲနေပြီး ဓာတ်ကြိုးတွေအကုန်ပျက်ကြနေပါရောလား။ ကွမ်းယာဆိုင်က အကိုကြီးက ဆိုင်ပိတ်ပြီး ပြန်ရုံပဲ ရှိသေးတယ် ဒီကိစ္စဖြစ်ပွားသွားခဲ့တာပါ။ […]


ခင္ခOctober 30, 20141min29223
” ဦးဆုံးဖွင့်သည့်တံခါး “   မနက်ဖြန် သုံးဆယ့်တစ် ဒို့တိုင်းပြည်တံခါး ဖွင့်ကာလှစ် ထိုးလို့တိုးဝင် ရောင်ခြည်သစ် နွေးထွေးပြည့်စုံ လင်းလက်စုံဖို့ ဒို့တွေမျှော်လင့် နားကိုစွင့်လို့ ရလာဒ်ကောင်းတွေ ဖြစ်ပါစေလို့ ရင်ခုန်စွာနဲ့ စောင့်မယ်ဗျို့။   ခင်ခ။ (30.10.2014)     BREAKING NEWS: ” လေးပွင့်ဆိုင်သာမက ကျန်သူများပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမည်၊ လာမည့် အောက်တိုဘာ ၃၁ ရက်တွင် သမ္မတဦးသိန်းစိန်၊ သူရဦးရွှေမန်း၊ ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လေးပွင့်ဆိုင်သာမက ကျန်သူများပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ ”


alinsettOctober 30, 20146min17110
မင်္ဂလာပါ။ အလင်းခြုံတဲ့ သတင်း Zone အပါတ်စဉ် သတင်းအစီအစဉ်ကနေ ယခုတပတ် တင်ပြပေးသွားမယ့် သတင်းတွေကတော့…. အလွတ်တန်းသတင်းထောက် ကိုပါကြီးကို စစ်တပ်က သတ်ဖြတ်လိုက်တဲ့အတွက် အမှုမှန် ဖော်ထုတ်ပေးရေးကို ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေထဲက  လူ ၂ဝ ခန့်ကို စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၈ နဲ့ အမှုဖွင့်အရေးယူလိုက်တဲ့သတင်း၊ စာရေးဆရာကြီး ဦးအောင်သင်း ကွယ်လွန်သွားတဲ့ သတင်း ၊ ကချင်ပြည်နယ် ၊ ဒေသခံ ပြည်သူလူထုတွေက  ကျောက်စိမ်းပြန်လည် တူးဖော်လာခြင်းကို မလိုလားတဲ့ အတွက် နိုင်ငံတော် သမ္မတထံကို ကန့်ကွက်စာ တင်လိုက်တဲ့သတင်း ၊ မြန်မာအစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်တွေမှာ နှောင့်နှေးနေကြောင်း ဝေဖန်ပြောဆိုလိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Yanghee Lee အစီရင်ခံပြောဆိုချက်နဲ့…ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးရဲ့ […]