တိမ္မည္းMay 28, 20141min32018
ရွာသူား များ ခင်ဗျာ… ကျွန်တော် လောလောဆယ် survey software(online survey software::questionpro) တခု စမ်းချင်လို ့ပါ…. အဲ့အတွက် ကျွန်တော့်တို ့ဆိုက်အကြောင်း survey လေး လုပ်ကြည့်ချင်ပါတယ်… ရွာလူကြီး သဘောထားလေးများ သိချင်ပါတယ်… သဘောတူတယ်ဆိုရင် မေးခွန်းလေးများ ပေးသနားကြပါလို ့….


Ma MaMay 27, 20141min52737
မြစ်ဝကျွန်းပေါ်မြို့အချို့ကို ဖြတ်သန်းသွားသော ရထားလမ်းသစ်ဖောက်လုပ်ပြီးစီး၍ စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း ကိုယ်တိုင်လိုက်ပါစီးနင်းလာသော ခရီးသည်တချို့၏ပြောကြားချက်များကြောင့် ကြားသိရပါသည်။ မြစ်ဝကျွန်းပေါ်သူားတွေကို မမ (မြန်မာ့မီးရထား) နဲ့ မိတ်ဆက်ပေးတဲ့အနေနဲ့ စတင်ပြေးဆွဲတဲ့ မေလ ၂၅၊ ၂၆၊ ၂ရ (၃)ရက်ကို အခမဲ့စီးနင်းခွင့်ပြုခဲ့ပါသည်။ ရထားလမ်းမှာ ဟင်္သာတ- လှိုင်သာယာ ဖြစ်ပါသည်။ ရထားစီးနင်းခနှင့် ရထားအချိန်အတိအကျ မသိပါ။ သို့သော် ရထားလမ်းတစ်ကြောမြို့ရွာများမှ ယခင်က အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာခဲ့ရသော ကုန်စည်များနှင့် လူအများမှာ ယခုအခါ …………… ရ ကောက် ရထားကြီး ပျော်ပျော်စီး လို့ ခရီးနှင်နိုင်ကြ၍ အားရဝမ်းသာပြောကြားလာသော သတင်းစကားကို မျှဝေပေးလိုက်ပါသည်။


ရွာအပြန် မှာ ရွာသူ/သား တွေနဲ့ မိတ်ဆက်ပေးဖို့”မယ်မုတ်ဆိတ်” လေး ကို လက်ဆွဲခေါ်တော့လာတာဘဲ။ သို့ပေသည့် ရွာမဝင်ဖြစ်တာကြာပြီ မို့ ခဏလေး ဝင်ချောင်းလိုက်ရင်း အလွမ်းသယ်နေ လိုက်တာ နဲ့ မိတ်ဆက်ပေးဖို့ အချိန်ကို မရလိုက်ခဲ့ဘူး။ ပျောက်သွားလို့ အခုမှ မနဲ ဒရွတ်ဆွဲပြန်ခေါ်လာရတာ။   “မယ်မုတ်ဆိတ်” ကို မိတ်ဆက်ပေးရရင်ဖြင့် သူ့နာမည်ရင်းက “Tom” (Thomas)။ ပြိုင်ပွဲမှာ “Conchita” လို့ မိန်းကလေးနာမည်ယူထားပါတယ်။ သူ က ဒီနှစ် ဥရောပသီချင်းပြိုင်ပွဲ (Eurovision) မှာ “Rise Like a Phoenix” ဆိုတဲ့သီချင်း နဲ့ သရဖူဆောင်း ပထမဆုရသူပါ။   Eurovision အတွက် မတ်လ၊ ဧပြီလတွေကစလို့ စပြီး ပြင်ဆင်ကြပါတယ်။ […]


alinsettMay 14, 20147min26919
သူရ ညွှန်းသောပိုစ့်များထဲက သင်….  မဖတ်ရသေးတာ / ဖတ်ချင်မိတာ / ဖတ်ပြီးပေမယ့် ပြန် ဖတ်ချင်တာတွေ ့ရင်  ဖတ်ပေးပါ… လို ့… ။ တကယ်လို ့…. သူရ ညွှန်းပြတာက သင့် အတွက် ဖတ်ပြီးသားဖြစ်နေမယ် …. ဖတ်ချင်စိတ်မရှိ ဖြစ်နေမယ်ဆိုလည်း ပြဿနာမရှိပါဘူး။ ဝင်ကြည့်ပေးတာ ကျေးဇူးတင်ပါတယ်။ မဖတ်ရသေးသူတွေအတွက် . . . ဖတ်စေချင်လို့ . . . (သူရဆိုတဲ့ ချာတိတ်တစ်ယောက်) ညွှန်းပြတဲ့ ပိုစ့်တွေ ပါပဲ ။ ————————————————————————————————————————————–   ကဗျာဆိုတာ   Posted by ခင် ခ on May 6, 2014 —————————————- […]


black chawMay 9, 20141min59943
ဒီနှစ်နွေက သိတ်ပူပါတယ်…။ ဒီလောက်ပူတဲ့ နွေရာသီမျိုး ကျွန်တော် တစ်ခါမှ မကြုံဖူး ခဲ့တာ သေချာပါတယ်…။ မရှိတော့ပြီဖြစ်သော သစ်ပင်တွေကြောင့်များလား…။ သစ်ခုတ်သမားကိုကိုတွေကတော့ အအေးခန်းထဲမှာ ငြိမ့်နေကြရောပေါ့…။ ကျုပ်တို့မှာသာ BlaBlaBla… သတိလေးနဲ့ နေ…ထိုင်…စား…သောက် ကြပါ ကျောင်းဒကာတို့…။ နေခြင်း ထိုင်ခြင်း စားခြင်း ဆိုတာတွေထက် သောက်ခြင်းအမှု မှာ သတိလေး ပိုရှိကြဖို့ တိုက်တွန်းချင်ပါတယ်ဗျာ…။ နေပူပူထဲက ပြန်ရောက်ရောက်ခြင်း ရေခဲရေအေးအေး မသောက်မိဖို့ တို့ ဘာတို့…။ ဟေး…ဟေး… အဲဒီ အလုံး အခုတလော သိတ် ခေတ်စားနေပါတယ်။ အရက်သောက်ပြီး လူ့လောကကြီးကို နှုတ်ဆက်ခဲ့ကြရတဲ့လူတွေ သတင်းကလည်း အခုတလော မွှေးနေတာပါပဲ…။ လိုရင်း ပြောရရင် ကြည့်သောက်ကြပါ ကျောင်းဒကာတို့ရေ…။ ကဲ…စကားတွေက ဝေ့ကုန်ပါပြီဗျာ…။ အဲဒီလောက်ပူတဲ့ နေပူပူကြီးထဲမှာ […]


မန္တလေး မီး နဲ့ မီး သတ် ကား   မန်း လေး ဆို တာ မီး  နဲ့  အတော် တာ စား တဲ့ မြို့ ပါ။ ဟိုး ရှေး ရှေး တုန်း က အကြောင်း မပြော တော့ ဘူး။ ကျွန် တော် သိ တတ်  တဲ့ အရွယ်က အကြောင်း ဘဲ ပြော မယ်ဗျာ။ 1981မေလ ဆိုင်း တန်း ရုပ် ရှင် ရုံ 26ဘီ လမ်းက နေစ လောင် လိုက်တာ 14လမ်းမှာဆုံး တယ်။ ( လူ နေ အိမ် […]


alinsettApril 29, 20141min26214
    အခုတလော . . . သူရ ဖတ်ဖြစ်နေတဲ့စာအုပ် သုံးအုပ်ရှိပါတယ် ။ ပထမဆုံး ဖတ်တဲ့စာအုပ်က  ဖတ်ပြီးသားကို ပြန်ဖတ်ခြင်းပါ။ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ”လီရနာ ဂင်္ဂ ါ ဧရာဝတီ ကဗျာ၏ သင်္ခါရ နှင့် နိယာမ ” ဆိုတဲ့စာအုပ်ပါ။ ချစ်သော ကထူးဆန်းကြီး လက်ဆောင်ပေးထားတဲ့စာအုပ်။ အဲဒီ စာအုပ်ကို ဖတ်ပြီး တွေးမိတာတွေ . . . .ချရေးမိတာတွေ ရှိပါတယ် ။ ဒါက ကျယ်ကျယ်ပြန့်ပြန့်ပြောရမယ့် စာပေအနုပညာ သဘောတရားတွေမို ့ နောက်များမှ ပြောပါတော့မယ် ။ နောက်တစ်အုပ်ကလည်း ဖတ်ပြီးသား ပြန်ဖတ်တာပါပဲ။ ဆရာဖေမြင့်ရဲ ့ ”ဘာကြောင့် ဒီမိုကရေစီ လိုချင်ရသလဲ” ဆိုတဲ့ […]


alinsettApril 28, 201410min6574173
   ရွာ့အရေးတစ်ခု တိုင်ပင်ဆွေးနွေးပါရစေ… သို ့… အဓိကကတော့   မန်ဘာတစ်ယောက် သိချင်တာတစ်ခုကို တခြား သိတဲ့ မန်ဘာတစ်ယောက်က အဖြေရှာပေးသွားမယ့် လူမှုကူညီရေးအတိုင်ပင်ခံကဏ္ဍ အဖြစ် အကျိုးပြုနိုင်ဖို့ပါ။ ((မေးခွန်းတစ်ခု သိချင်လို့မေးထားတာကို မကြာခင်မှာပဲ တစ်ယောက်ယောက်ကတွေ ့ပြီး ဆွေးနွေးတိုင်ပင် အဖြေရှင်းချက်လေးး ပေးသွားမယ် ဆိုတော့ ဒီ နေရာဟာ ရှင်သန် သက်ဝင်လှုပ်ရှားနေတယ်ဆိုတာကိုလည်း သက်သေပြရာရောက်ပါတယ်။))  အဲဒီ အမေးနဲ့ အဖြေကို တခြားသူတွေ ဖတ်လိုက်ရရင်လည်း . . . အသိတွေ ဗဟုသုတတွေ တိုးပွါးနိုင်တာမို့ မန်ဘာဝင်မဟုတ်သူတွေ  အပြင်ကဖတ်သူတွေ အတွက်လည်း အကျိုးရှိပါလိမ့်မယ် ။ —————————————————————————————————–   ကျန်းမာရေးကိစ္စ   Q .  ဝင့်ပြုံးမြင့် ဗိုက် ၂ကြိမ်ခွဲထားတော့ အခု […]


alinsettApril 17, 20141min50450
  ဂဇက် . . . အကြိုက်ဆုံးစာပေဆု ဆန်ခါတင်စာရင်းကြေညာချက်ကို . . . ကြေညာပေးမယ့်သူ ရှာမရခင် ကတည်းက ကျနော်တိုးတိုးတိတ်တိတ် ပြောပြထားလို့. . .သိပြီးလောက်ရောပေါ့နော့်။   အဲဒီ သတင်းဖောက်ခွဲမှုကြောင့် သတင်းပေါက်ပြဲ ထွက်ကျမှုကြီး ဖြစ်ပွါးပြီးနောက်မှာ . . . ကျနော်လည်း မထူးဇာတ်ခင်းပြီး နောက်ထပ် ”ဆုရသူ သတင်း ”ကို . . . ထပ် စပ်စုလိုက်တာ. . .   အဲဒီ . . . ဆန်ခါတင်စာရင်းထဲက. . . ဘယ်သူက . . . ဘယ်စာမူနဲ့ . . . […]


kaiApril 10, 20141min64720
နာဂရီအက္ခရာ (သက္ကတဘာသာ)၊ ကဒံဗအက္ခရာ (ပါဠိဘာသာ)၊ ပျူအက္ခရာ (ပျူဘာသာ)၊ မွန်အက္ခရာ (မွန်ဘာသာ)စတဲ့ ဘာသာလေးမျိုးနဲ့ ရေးသားထားတဲ့ ပေတောကျောင်းတိုက်အတွင်းမှာ တွေ့ရှိရတဲ့ ကျောက်စာနဲ့ ပတ်သက်တဲ့ ဖိုရမ်ကို (၂၀၁၄)ခုနှစ် ဧပြီ(၇)ရက်က ရန်ကုန်မြို့ အမျိုးသားပြတိုက်မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖိုရမ်မှာ ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိန်းဆွေက တက်ရောက် အမှာစကား ပြောကြားခဲ့ပြီး ဖိုရမ်ကို တက်ရောက်လာတဲ့ ပညာရှင်များက ကျောက်စာပါ အက္ခရာတွေကို ဖလှယ်ကာ ဘာသာပြန်ဆိုမှုတွေကို အခြားကျောက်စာတွေနဲ့ နှိုင်းယှဉ်ရှင်းလင်းခြင်း၊ ပျူကျောက်စာမျက်နှာကို ဖတ်ရှုလေ့လာ ဘာသာပြန်ဆိုခြင်း၊ ပေတောကျောင်း ကျောက်စာရဲ့ တောင်ဘက်မျက်နှာ အက္ခရာပုံ လေ့လာချက်တွေကို ရှင်းလင်းခြင်း စတာတွေကို ပညာရှင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းနဲ့ ဖိုရမ်ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ […]


black chawApril 1, 20142min56362
ရေးချင်တာလေးတွေ လျှောက်ရေးထားတာပါ…။ ဖတ်ချင်တာလေးတွေ ရွေးဖတ်ကြပေါ့…။ ဝင်ဖတ်သွားတာနဲ့ကို ကျေးဇူးက အထူးအထူး တင်ပြီးသားပါ ခင်ဗျာ…။ ကွန်းမန့်လေး ရေးပေးသွားမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့…။ ထုံးစံအတိုင်း ဒီပို့စ် ရဲ့ မာတိကာကိုအရင်ဖတ်ကြပါ…။ စိတ်ဝင်စားမယ်ထင်ရတာလေးတွေ ရွေးဖတ်ကြပေါ့ဗျာ…။ – ကိုစောဝေကို အားနာတယ် – စောဘွဲ့မှူးလို သူရဲကောင်းတွေ – ကိုင်ဇာ+ခိုင်ထူး Two Men Show – နော်လီဇာ ပြန်လာပြီ – Sexy ဖြစ်သော ဘလက်ချောတင်ပါးကြီးများ – နာမည်သုံးလုံးနဲ့ သောက်သောက်စားစား မင်းသားလေး – မိုးမိုး ခြံထဲမှာ နှင်းဆီပန်းတွေ မပွင့်တော့ဘူး…ကိုကို…။ ကိုစောဝေကို အားနာတယ် ပြောရင် ယုံကြမယ်မဟုတ်ဘူး…။ ပြီးခဲ့တဲ့ မန်းဂဇက် ချစ်သူများစာပေဆုပေးပွဲမှာ ဆုယူရမယ့် ဆရာမတစ်ယောက်က ဆရာမ […]


alinsettMarch 20, 20147min38037
  စံတော်ချိန်/အတွဲ(၁)/အမှတ်(၃၃၄)/ {၁၃/၃/၂၀၁၄/ကြာသပတေး}   စံတော်ချိန်သတင်းစာထဲမှာပဲ ထပ်ဖတ်ရတဲ့သတင်းဆောင်းပါးလေး တစ်ပုဒ်ရှိပါသေးတယ် ။   ဖတ်ပြီး ရယ်ရမှာလား ငိုရမှာလား ဝမ်းသာရမလား ဝမ်းနည်းရမလားမသိတော့ပါဘူး ။   ဒီလိုပါ . . .       ÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷   တပေါင်းလဆန်း ၁ ရက်မှ ၃ ရက် အတွင်းကို . . . ကိုကြီးကျော် ချိုးရေတော်သုံးတဲ့နေ့ လို့ သတ်မှတ်ထားပြီး. . . နတ်ပွဲတွေ ကျင်းပကြ ပူဇော်ပသကြတယ် တဲ့ ။   (( အဲဒီမှာ ဒီထော်လော်ကန့်လန့်ကောင်  တွေးမိတာက. . . ကိုကြီးကျော်ကြီးဟာ. . . […]


မောင်ဆန်းMarch 20, 20142min38028
အထက်တန်းတုန်းက သချင်္ာ-၂ သင်တဲ့ အချိန် မနီမနီထထ ထထနီမနီမ လို့ အော်ကြရင်း Sin Cos တန်ဘိုးတွေ တွက်ဘို့ လော်ဂရစ်သမ် စာအုပ် ကိုင်ရချိ်န် ဆရာပြောခဲ့တဲ့ ဟာသလေး မှတ်မိနေသေးတယ်.. မြို့ပေါ်မှာ ကျောင်းလာတက်တဲ့ သားတော်မောင်က အိမ်က အမေဆီ ပိုက်ဆံပြန်တောင်းချင်တော့ နည်းမျိုးစုံနဲ့ တောင်းထားပြီးသားမို့ နည်းသစ်ဖြစ်တဲ့ အမေ သားကျောင်းမှာ စာသင်နေရင်း လက်တွေ့လေ့ကျင့်ခန်းလုပ်နေတာ သားကြောင့် လော်ဂရစ်သမ် ကျကွဲသွားလို့ ပြန်လျှော်ရမယ် ပိုက်ဆံများများ မြန်မြန်ပို့ပါ လို့ အမှာတော်ပါးလာတာမို့ မိဘ တွေ သားအတွက် စိတ်ပူပြီး အိမ်ကနွားလေး ရောင်း ၊ သားဆီ ပိုက်ဆံ ပို့လိုက်ရတယ် ဆိုတာလေး ဟာသလေး အဖြစ်နဲ့ အခုထိမှတ်မိနေခဲ့တယ်။ အခုရက်ထဲ မလေးရှားက […]