phone_kyawOctober 13, 20121min27617
အစိုးရကို ကြောက်စရာမလိုသလို အထင်ကြီးစရာလည်း မလိုဘူး။ အစိုးရဆိုတာလူတစ်စုပါ။ အဲဒိလူတစ်စုကို ပြည်သူတွေက ပိုက်ဆံပေးပြီး လခစားအဖြစ်နဲ ့ငှားထားတာဖြစ်တယ်။ သူတို ့အလုပ်က ပြည်သူလူထုတွေ အေးချမ်းစွာ ချမ်းသာစွာနေထိုင်နိုင်ဖို ့အတွက် စီမံခန် ့ခွဲပေးရတယ်။ ဒါက သူတို ့အလုပ်ပဲ။ အဲဒါကို သဘောမပေါက်ပဲ ဝန်ကြီးတို ့ဝန်လေးတို ့တို့ဖင်တုန်အောင်ကြောက်ပြီး ဖားနေတာကို မြင်ရတာ ရွံစရာကောင်းတယ်။ အဲဒိလိုလုပ်လေ အစိုးရဆိုတဲ့ လူတစ်စုက ထင်တိုင်းကြဲလေပဲ။ ဆိုတော့ ကိုယ့်အထာနဲ ့ကိုယ်နေပြီး အစိုးရမှားနေတာကို ထောက်ပြဝေဖန်ဖို ့လိုတယ်။ ဦးသိန်းစိန်ကစလို ့အောက်ခြေဝန်ထမ်းအထိ အားလုံးသော အစိုးရဝန်ထမ်းတိုင်းကို ပြည်သူရဲ  ့အခွန်ငွေနဲ ့လစာပေးပြီး ခိုင်းထားတယ်ဆိုတဲ့ အယူအဆကို မသေမချင်း မှတ်ထားဖို ့လိုတယ်။ နိုင်ငံခြားမှာ ဘယ်တော့မှ အစိုးရအဖွဲ  ့ဝင်ဝန်ကြီးတွေကို […]


Nu ThanOctober 12, 20121min1181
ရခိုင်ပြည်နယ်တွင်ညမထွက်ရအမိန်များအားယခုအပတ်မှစတင်ပြီးအချိန်လျှော့ချသတ် မှတ်လိုက်ပါသည်။စစ်တွေ၊မောင်းတော၊ရသေ့တောင်စသောမြို့နယ်(၅)ခုတွင်ညမထွက်ရ အချိန်ကိုည (၁၀)နာရီမှ နံနက်(၄)နာရီအထိလျှော့ချလိုက်ပါသည်။ရခိုင်ပြည်နယ်၏အခြေ အနေမှာအနည်းငယ်တည်ငြိမ်အေးချမ်းလာသည်ဖြစ်သဖြင့်ယခုကဲ့သို့အချိန်လျှောချလိုက် ခြင်းဖြစ်ပါသည်။သို့သော်စစ်တွေ၊မောင်းတော၊ဘူးသီးတောင်။ရမ်းဗြဲတို့တွင်အချိန်လျှောချ လိုက်သော်လည်းလူအများညဖက်အပြင်မထွက်ကြကြောင်းသတင်းရရှိပါသည်။။ကျောက်ဖြူ နှင့်သံတွဲတို့တွင်လုံးဝဖြေလျှော့လိုက်ပြီဖြစ်သဖြင့်ပြည်သူများဝမ်းမြောက်နေကြပါသည်။ ခရီးသွားနိုင်ငံခြားဧည့်သည်များလာရောက်လည်ပတ်သောအချိန်တွင် ၁၄၄ ကို့ရုပ်သိမ်းလိုက် သဖြင့် ဧည့်သည်များ၊လက်လုပ်လက်စားများ၏စီးပွါးရေးအခြေအနေပို့မိုကောင်းမွန်လာမည် ဖြစ်သောကြောင့်လူအများကဝမ်းသာနေကြောင်းသတင်းရရှိပါသည်။အဆိုပါမြို့နှစ်မြို့တွင်ညမထွက်ရအမိန့် ဖယ်ရှားလိုက်သော်လည်း လုံခြုံရေးကိုမှုချထားမည်ဖြစ်ကြောင်းသတင်းရရှိပါ သည်။


ရဲမာန်ဝင်းOctober 11, 20121min27721
အစ္စလာမ်သာသနာ ပြန့်ပွားမှာကို ကြောက်ရွံ့စိုးရိမ်တဲ့ အာဏာရှင် ဦးနေဝင်းကြီးဟာ အစ္စလာမ်သာသနာဝင် တို့ကို နိုင်ငံသား တိုင်းရင်းသား အခွင့်အရေး မရနိုင်ဘို့ ရည်ရွယ်ချက်နဲ့ ၁၉၈၂ ခုနှစ် လူဝင်မှု ဥပေဒကို တစ် ကိုယ်တော် အမိန့်အာဏာနဲ့ ပြဌာန်း ခဲ့ပါတယ်။ ဥပဒေ တစ်ရပ်ကို ပြဌာန်းလို့ အဲ့ဒီ ဥပဒေဟာ နိုင်ငံတော်တစ်ခုလုံးမှာ ရှိတဲ့ လူသားအားလုံးအပေါ်မှာ တန်းတူ ညီမျှ သက်ရောက်မှု ရှိရင်- မြန်မာမွတ်ဆလင်များ အနေနဲ့ သဘောမတူညီစရာ အကြောင်းမရှိပါ။မြန်မာနိုင်ငံထဲကို အင်္ဂလိပ် ကိုလိုနီခေတ်ကမှ ဝင်လာခဲ့တဲ့ အိန္ဒိယမျိုးနွယ် သို့မဟုတ် အိန္ဒိယ ကပြား မွတ်ဆလင် များ အနေနဲ့လည်း နိုင်ငံတော်ရဲ့ ဥပဒေတစ်ရပ် ဖြစ်လို့ အပြစ်ဆိုနေစရာ အကြောင်းမရှိပါ။ ဒါပေမယ့်- အဲ့ဒီ ဥပဒေဟာ […]


cobraOctober 9, 20121min25311
ယနေ ့ညရး၁၅အချိန်လောက်တွင်ကောင်းကင်မှထူးဆန်းသောအလင်းတန်းများထွက်ပေါ်နေပါသည်။ ထိုအလင်းတန်းများသည်ရး၃ဝလောက်တွင်ပိုနီးလာသည်ဟုထင်ရလောက်အောင်ပင်ဖြစ်လာပါသည်။ ဘာအလင်းတွေမှန်းမသိရတော့ ကြည့်နေသောလူတော်တော်များများ ပြောကြသည်မှာစလိုက်မီးထိုးနေတာသည်ကောက်ချက်ချနေကြသည်။ စလိုက်မီးသည် ကောင်းကင်မှာထင်ရလောက်အောင်ပင် အဝေးသို့ရောက်နိုင်သလား ရွှေတိဂုံစေတီနှင့်လှည်းတန်းကုန်းကျော်တံတားတည်ဆောက်နေရာတွင်သုံးသော စလိုက်မီးကြီးများသည်တောင် ကောင်းကင်တွင်အထင်းသားမပေါ်ပါ။သိသောပညာရှင်များ ပြောပြပေးစေလိုပါတယ်။ အလင်းများက၁ခုတည်းမဟုတ်ပါ ၃၊၄ခုလောက်ရှိသည်။အလင်းများသည်ငြိမ်နေခြင်းလည်းမဟုတ်ပါ စက်ဝိုင်းပုံရွေ ့လျားနေခြင်းဖြစ်သည်။


မြစပဲရိုးOctober 8, 20128min714120
အပြင်မှာ မာခေါက်ခေါက် အတွင်းမှာချို ပုံရမယ်ထင်ရတဲ့ ရွာ့ ကဏန်း နှင့် ကခုန်ခြင်း မဟုတ်။  😉 ဂဏန်း (သချာင်္) နှင့် ကခုန်ခြင်းပါ။ သချာင်္ ဆိုလို့ မျက်လုံးအရောင်တောက် သွားမည့်သူများ ရှိက မှားပါမည်။ လူ သချာင်္ မဟုတ်ပါ။ ကိန်းဂဏန်း များကို ဆိုလိုခြင်းဖြစ်၏။။   “လစဉ် အကြိုက်ဆုံး စာမူ ကြေညာပွဲ နဲ့ ကိန်းဂဏန်းများ ဘာဆိုင်လို့လဲ” လို့ ထင်နိုင်ပါ တယ်။ မှန်ပါတယ်။ ဘာမှ မဆိုင်ပါ။ ရှေ့က စာရေးကောင်းသူ တွေရဲ့ အဖွဲ့အနွဲ့ အသော အရွှန်း ကောင်း လေးတွေ လို ရေး ချင်ပေမဲ့ ဘယ်လို စရေးရမှန်း ကို မသိတာ […]


areno arenoOctober 8, 20121min149
ရခိုင်ပြည်နယ်စစ်တွေမြို့ရှိအစ္စလာမ်ဘာသာဝင်များအားဘာသာရေးဖိနှိပ်မှု၊၊ စစ်တွေဗလီကြီးအားမီးရှိမှု များပြုလုပ်နေကြပါသည်။ စစ်တွေမောလိတ်ရှိ စစ်တွေဗလီကြီး (ယဉ်ကျေးမှုပြတိုက်ဘေး)ကို ယနေ့နေ့လယ် ၃ နာရီဝန်းကျင်အချိန်မှ စတင်၍ မောလိတ် အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေ၊ RNDP ရခိုင်အကြမ်းဖက်သမားများနှင့် ဗုဒ္ဓဘာသာ ဘုန်းကြီးအယောင်ဆောင် များက ဦးဆောင်၍ မီးရှို့နေကြောင်း ဒေသခံများက သတင်းပေးပို့သည်။ စစ်တွေမြို့တွင်အစ္စလာမ်ဘာသာဝင်များသည်မြို့ထဲသို့သွားလာခွင့် မရရှိဘဲစားနပ်ရိက္ခာများ၊ကျန်းမာရေးကုသမှုများ၊အလုပ်အကိုင်အကိုင်များလုပ်ခွင့်ပိတ်ပင် ခံထားကြရသဖြင့်လွန်စွာဒုက္ခရောက်လျှက်ရှိကြပါသည်။မြို့ထဲတွင်ရှိသောအိမ်ယာများဆိုင်များသည်မီးရှိဖျက်ဆီးခံကြရပြီး မြို့ပြင်ရှိတဲများတွင်သာနေထိုင်နေကြရပါသည်။မြို့ထဲတွင်ရှိသော တခုထဲသောဖျက်ဆီးခံရပြီး သော်လည်း နေထိုင်နေကြသောအစ္စလာမ်ဘာသာဝင်ရပ် ကွက်ဖြစ်သောအောင်မင်္ဂလာရပ်ကွက်အတွင်နေထိုင်ကြသောအစ္စလာမ်ဘာသာဝင်များမှာ လည်းအပြင်ထွက်ခွင့်၊ဈေးဝယ်ခွင့်၊အလုပ်လုပ်ရန်အပြင်ထွက်ခွင့်များပိတ်ပင်ခံထားကြရပါသဖြင့် လွန်စွာဒုက္ခရောက်နေကြရပါသည်။ရခိုင်ပြည်နယ်အစိုးရအဖွဲ့ှုမှလည်းဘာမှထိထိရောက် ရောက် ကူညီပေးခြင်းမရှိခဲ့ကြပါ၊ နိုင်ငံတော်သမ္မတကြီးကလည်း အစီရင်ခံစာ ဖတ်ပြီး ဘာမှမလုပ်ပေးကြပါ။ဒီအပတ်အတွင်းစစ်တွေအောင်မင်္ဂလာရပ်ကွက်အားမီးရှို့ရန် RNDPနှင့် ရဟန်းပျိုးများသမဂ္ဂအဖွဲ့တို့အကြံအဖန်ဖြင့်ဆောင်ရွက်ပြီးမနေ့ကထပ်မံ့ပြီး သမိုင်းဝင်ဗလီကြီးအားမီးရှိုရန်လုပ်ဆောင်မှုများပြုလုပ်ခဲ့ပါသည်။ “ဒီနေ့နေ့လယ် ၂ နာရီလောက်မှာ မော်လိတ်က အုပ်ချုပ်ရေးမှူးဦးထွန်းရွှေက စစ်တွေဗလီကြီးက ဆရာဦးဇေယျာ အဘူလဟော့ဗ်ဆီက သော့လာတောင်းတယ်။ သူ သော့တောင်းပြီး ၄၅ မိနစ်လောက် ကြာတော့ […]


kaiOctober 4, 20121min38136
တောင်တရုတ်ပင်လယ် နှင့် မဟာဗျူဟာရေးရာ (အပိုင်း- ၄) မဟာဗျူဟာအကျိုးဆက်များ (strategic implications) တောင်တရုတ်ပင်လယ် ရေပိုင်နက်အငြင်းပွားမှုမှာ ငြိမ်းချမ်းစွာ ဖြေရှင်းလို့ မရနိုင်ပဲ၊ နိုင်ငံတနိုင်ငံ (သို့မဟုတ်) နိုင်ငံအများစုက စစ်ရေးဖြေရှင်းမှု နည်းလမ်းကိုသာ အသုံးပြုလာခဲ့မယ်ဆိုရင် ဒေသတွင်းသာမကပဲ ကမ္ဘာလုံးဆိုင်ရာ စစ်ရေး၊ နိုင်ငံရေး၊ လုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာ မဟာဗျူဟာအကျိုးဆက်များ ရှိနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားကြပါတယ်။ မဟာဗျူဟာအကျိုးဆက်များ ဖြစ်ပွားလာနိုင်ချေရှိတဲ့ conflict scenarios တွေကို ဖော်ထုတ်ကြရာမှာ တရုတ်- အာဆီယံ ထိပ်တိုက်ရင်ဆိုင်မှု၊ အာဆီယံ-အာဆီယံ ထိပ်တိုက်ရင်ဆိုင်မှုနဲ့ ထိုင်ဝမ်-အာဆီယံ ထိပ်တိုက်ရင်ဆိုင်မှုတွေရှိလာနိုင်ကြောင်း ယူဆထားကြပါတယ်။ (၁) တရုတ်-အာဆီယံ ထိပ်တိုက်ရင်ဆိုင်မှု (PRC-ASEAN Confrontation) တရုတ်-အာဆီယံ ထိပ်တိုက်ရင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ဖြစ်ပွားမှုဟာ အာဆီယံနိုင်ငံတွေက အစပျိုးတာ မဟုတ်ပဲ […]


သစ်ထူးလွင်ဆိုက်မှာ ဒီနေ့ဘာဖတ်ရလဲဆိုတော့ ပုသိမ်မှာ တိုင်းအစိုးရ ရံပုံငွေအတွက်ဆိုပြီး ယာဉ်ထိန်းရဲတွေ အားကြိုးမာန်တက် ပိုက်ပိုက်ရှာနေကြတဲ့ သတင်းပါ။ အပြည့်အစုံကိုတော့ ဒီနေရာကနေ ဖတ်ရှုနိုင်ပါတယ်။ မြူနီစပယ်လို ဒေသအုပ်ချုပ်ရေးအဖွဲ့များ ဘတ်ဂျက်မရှိဘူးဆိုရင် အလွယ်ထွက်ပေါက်ရှာ နည်းက ဥပဒေချိုးဖောက်သူများကို ငွေဒဏ်တပ်၊ အချို့သော လိုင်စင်ကြေးများတိုးမြှင့်၊ အစိုးရပိုင် ရွှေ့ပြောင်း၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းဥစ္စာများ ရောင်းချ၊ ငှားရမ်း စသဖြင့် ညှစ်လို့ရတဲ့ နေရာပေါင်းစုံ ရှာကြံရပါတယ်။ ဘဏ်လုပ်ငန်းနဲ့ ဘဏ္ဍာရေးဈေးကွက် ဖွံ့ဖြိုးပြီးနိုင်ငံများမှာတော့ မြူနီစပယ် ငွေချေးစာချုပ်များ ရောင်းပြီး ငွေရှာတယ်။ လုံးဝ ပိုက်ဆံပြတ်သွားလို့ ပြိုလဲရင်တော့ ဖက်ဒရယ်အစိုးရ ဝင်ကယ်ပေါ့နော်။ ဒါမျိုး မရှိမဟုတ် သို့ပေမဲ့ ဖြစ်ခဲတယ်။ ဆက်နွယ်လို့ စကားလုံးကြီးသွားပေမဲ့ ရေးချင်တာ နေ့စဉ်ဓူဝ ကြုံနေတဲ့ ယဉ်စည်းကမ်း ငွေဒဏ် ပြသနာပါ။ […]


  ရခိုင်အလှူကနေ ဖြာခွဲထွက်လာတဲ့ အလှူတစ်ခုကတော့ ကျနော်တို့ရွာသား ကိုထွန်းဝင်းလတ် တို့ရဲ့ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ နမီးအုပ်စု မှာရှိတဲ့ ခေါင်တုန့်စည်ရွာ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းလေးအတွက် ထပ်မံလှူဒါန်းဖြစ်ခြင်းပါဘဲ။ ပထမဆုံးရခိုင်အတွက်အလှူငွေကောက်တယ်။ အဲဒီအထဲကမှ ဒီကျောင်းလေးအတွက်ခွဲလှူဖို့ ဆုံးဖြတ်။ ကိုထူးဆန်းက လှူဒါန်းမယ့်ငွေနဲ့ ဝယ်ရမယ့်ပစ္စည်းစာရင်း မန်းလေးကို ပို့ပေး။ ကိုပေနဲ့ကျနော်က လိုအပ်တဲ့ပစ္စည်းတွေဝယ်ပြီး ကိုထွန်းဝင်းလတ်နေတဲ့မော်လူးကို မီးရထားနဲ့ပြန်ပို့။ ပထမအခေါက်က သွပ်နဲ့သံ အဓိကထားဝယ်။ ဟိုမှာဝယ်လို့ရတာကို ဟိုမှာဝယ်ဘို့အတွက် ပိုနေတဲ့ငွေကို ကိုထွန်းဝင်းလတ်ဆီပြန်လွှဲ။ ဒါပေမယ့် မပြည့်စုံသေးဘဲထပ်လို။ လိုငွေကို ကိုထူးဆန်းက ကျနော်ဆီထပ်လွှဲ။ ကျနော်က တစ်ခါ ကိုထွန်းဝင်းလတ်ဆီကို အပြင်ငွေလွဲကနေထပ်ပို့။ အဲဒီအခါမှ ကိုထွန်းဝင်းလတ်ဆီကိုရောက်။ ကိုထွန်းဝင်းလတ်က တစ်ခါ လူရောငွေရောစိုက်ထုတ်လိုက်တဲ့အခါ ကျောင်းလေးတစ်ကျောင်းဖြစ်တည်ခွင့်ရသွားပါတယ်။ (3-10-2012)နေ့မှာတော့ ကျောင်းထိုင်ဘုန်းကြီးက ပို့ပေးလိုက်တဲ့ အလှုရှင်ဂုဏ်ပြုမှတ်တမ်းလွှာလေး […]


black chawOctober 3, 20121min42153
ပျင်းပျင်း ရှိတာနဲ့ ထရေးလိုက်မိတာပါ…။ အလကားနေရင်း ပျင်းတယ်ဆိုတဲ့လူတွေ ဖတ်ကြည့်ကြဖို့ပါ…။ ဘလက်တို့ မြန်မာပြည်မှာ မြို့ငယ်လေးတွေ မြောက်များစွာရှိနေကြပေမယ့် တွံတေးဆိုတဲ့ မြို့ကလေးကတော့ တခြားမြို့တွေနဲ့ မတူပါဘူး… အနုပညာရှင် အဆိုတော်တွေထွက်ရှိရာ မြို့လေးတစ်မြို့အဖြစ်နာမည်ကြီးပါတယ် … ဘယ်လိုနာမည်မျိုးကိုမဆို ရှေ့မှာ တွံတေး တတ်ထားလိုက်ရင်ကို တော်ရုံလူ မစော်ကားဝံ့တော့လောက်အောင်ကို တွံတေး ရဲ့ အရှိန်အဝါက ကြီးမားလှပါတယ်… ဥပမာ … ဘလက်ချော ဆိုတဲ့ နာမည်ရှေ့မှာ တွံတေး ထည့်ကြည့်လိုက်… တွံတေး ဘလက်ချော … ကဲ… ကြည့် … ဘယ်လောက် ခန့်လိုက် ထည်လိုက်သလဲ … နော့… တခြားမကြည့်ပါနဲ့… တွံတေးသိန်းတန် ဆိုတဲ့ ပုဂ္ဂိုလ် တစ်ယောက်နဲ့တင် တွံတေးမြို့ ဆိုတာ ဒါပဲကွ လို့ […]


ကို သာOctober 3, 20121min1313
ရန်ကုန်မြို့ရှိ လမ်း/တံတားများအား ဆောက်လုပ်ရာတွင် စံချိန်မီအောင် ပြုလုပ်ခြင်း ရှိ/မရှိ စစ်ဆေးပုံနှင့် စံချိန်မီအောင် မဆောင်ရွက်သည့် ဝန်ထမ်းကို မည်သို့အရေးယူပုံကို တိုင်းလွှတ်တော်၌ အမတ်တဦး က မေးမြန်းရာ မြို့တော်ဝန်က ပြန်လည် ဖြေကြားသော်လည်း စံချိန်မီ/မမီ စစ်ဆေးပုံကိုသာ ဖြေကြားပြီး အရေးယူပုံ ကိုမူ ဖြေကြားမသွားခဲ့ပေ။ ထိုမေးခွန်း ထုတ်သည့် ပြည်ခိုင်ဖြိုးပါတီမှ ဆိပ်ကမ်းမြို့နယ်အမတ် ဦးနေမျိုးအောင် က ရန်ကုန်မြို့မှ လမ်း/တံတား များသည် “ခဏခဏပျက်၊ ခဏခဏ ပြင်နေရတဲ့အတွက် မလိုအပ်ဘဲ ပြည်သူ့ဘဏ္ဍာငွေများဟာ အလဟဿဖြုန်းတီးရာရောက်နေပါတယ်” ဟု စက်တင်ဘာလ ၂ရ ရက်နေ့ တိုင်းလွှတ်တော်တွင် ရှင်းပြခဲ့သည်။ ဦးနေမျိုးအောင်၏ မေးခွန်းကို ဦးလှမြင့်က လမ်းခင်းရန် ကတ္တရာ၊ ကွန်ကရိတို့ ဝယ်ယူသည့်အချိန်မှ စ၍ လမ်းခင်း သည်အထိ […]


kalinkOctober 2, 20127min1164
ရုပ်ရှင်ကြိုက်တဲ့ ရွာသားတွေ ပျော်ရအောင် အလကားကြည့်လို့ရတဲ့ ရုပ်ရှင်ပွဲတော်သတင်းလေးကို မြန်မာနက်ဝက်က ဖတ်ရလို့ ဝေမျှပေးလိုက်ပါတယ်။ အားလပ်ရက်တွင်ပျော်စရာနေ့ရက်လေးတွေ ဖြစ်ပါစေသတည်း…….     ၁ ကြိမ်မြောက်ဥရောပရုပ်ရှင်ပွဲတော်ကို အောက်တိုဘာလ ၄ ရက်မှ ၁၄ ရက်အထိ ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းရှိ နေပြည်တော်ရုပ်ရှင်ရုံတွင် ကျင်းပသွားပါမည်။ ယခုနှစ်ရုပ်ရှင်ပွဲတော်ကို ဂျာမနီသံရုံးမှ ဦးဆောင်ကျင်းပမည်ဖြစ်ပြီး ရန်ကုန်ရှိ ဥရောပသမဂ္ဂမအဖွဲ့ဝင် နှင့် ဥရောပ ကောင်စီဝင်နိုင်ငံဖြစ်သော ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ နှင့် ဆွစ်ဇာလန် နိုင်ငံများမှ ရုပ်ရှင်ကား နှစ်ကားစီ၊ ဖင်လန် နှင့် နော်ဝေး တို့မှ ရုပ်ရှင်ကား တစ်ကားစီ စုစုပေါင်း ၁ဝ ကားကို ၃ နာရီခွဲ နှင့် ၆ နာရီခွဲ တို့တွင် ပြသပါမည် […]