မြစပဲရိုးSeptember 15, 20121min26327
ဒီနေ့ သတင်း ပြောရရင် တော့ အင်္ဂလန် အနာဂါတ် မိဖုရား ( Kate Middleton) အကြောင်းပါ။ ဒီတစ်ခါလဲ မီဒီယာ များရဲ့ ထိုးနှက်ချက်ပါဘဲ။ အင်တာနက် မှာ သူမရဲ့ topless ပုံတွေ ပြန့်နေတာ။ အရင် Prince Harry ရဲ့  ပုံက ပါတီမှာ ပေါ်တင် ရိုက်ခံရလို့ ဖြစ်ခဲ့တာ။ အခုကတော့ အတော်လေး မိုက်ရိုင်းတယ် ထင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပါတ် က ပြင်သစ်နိုင်ငံ မှာရှိတဲ့ သူတို့ ဦးလေးပိုင် ပရိုက်ဗိတ် အိမ်က ခြံထဲမှာ  အပေါ်ပိုင်းချွတ် နေစာလှုံ  နေတာ ကို အဝေးမှန်ပြောင်း နဲ့ ဆွဲပြီး ခိုးရိုက်ထားတာပါ။ ပါပါရာဇီ လက်ချက် နေမှာပေါ့။ […]


kaiSeptember 14, 20121min52532
လွန်ခဲ့တဲ့..၂-နှစ်လောက်က.. ပုံနှိပ်သတင်းစာထဲ.. ထူးခြားတဲ့သတင်းတွေကို.. ကောက်နှုတ်ပြီး အရောင်ရင့်မှတ်တမ်း အနေနဲ့ဖေါ်ပြခဲ့ဖူးတယ်. အဲဒီခေါင်းစဉ်ပြန်ယူရေးတာပါ..။ သတင်းတွေဖတ်မိရင်း.. ထူးခြားတာ.. Bold လုပ်သင့်တာလေးတွေ.. နှုတ်ပြသွားမယ်ဆိုပါစို့.. ရွာသူားတွေထဲကလည်း.. စာဖတ်သူစိတ်ဝင်စားမယ်ထင်ရတာလေးတွေ.. သမိုင်းမှတ်တမ်းထားသင့်တာလေးတွေ.. ကော်မန့်မှာရေးပြီး.. ကောက်နှုတ်ပြကြစေချင်ပါတယ်..။ မူရင်းလင့်ခ်နဲ့..ရေးသူကို ခရက်ဒစ်ပေးစေလိုပါတယ်..။ media fair use ဖြစ်တာမို့ ခွင့်တောင်းဖို့တော့.. မလိုလောက်ပါဘူး..။ သတင်းရေးကြရာ.. CJ လုပ်ကြရာ.. ပရိုသတင်းသမားဖြစ်တည်မှုမှာ.. အထောက်အကူရပါလိမ့်မယ်..။ လစဉ်လုပ်သွားမလားလို့ပါပဲ..။ ဒီလကတော့.. ကုန်သလောက်ဖြစ်နေပြီဖြစ်ပေမဲ့.. စမ်းလုပ်ကြည့်တာပေါ့နော.. = အဲလို အပေါ်ကအတိုင်း ပြီးခဲ့တဲ့လကရေးထားပြီး.. အလုပ်ရှုပ်နေတာနဲ့.. ဆက်မလုပ်ဖြစ်တာ.. .. အခု.. စက်တင်ဘာအတွက်ပြန်ဖွင့်တာဖြစ်ပါကြောင်း..


gyinkalaySeptember 14, 20121min21810
MPT ရယ် ပြောတော့ဖြင့် 11 နာရီ နောက်ပိုင်းဆို တစ်မိနစ်ခေါ်ဆိုခ 25 ကျပ်လျှော့ထားပေးတယ်တဲ့…အဲ့ဒီတော့ကိုယ်တွေကလဲ ပြောစရာရှိတဲ့ သိပ်အရေးမကြီးတဲ့စကားတွေဆို 11 နာရီနောက်ပိုင်းလောက်မှ ပြောတာပေါ့….ဖုန်းပြောခါနီးအမြဲတမ်းလဲ လက်ကျန်ငွေကိုစစ်တယ်..ပြောပြီးရင်လဲ ပြန်စစ်တယ်….ဒိနေ ့လဲ 11 နာရီ 15မိနစ်ကျော်ကျော်လောက် ဖုန်းတစ်ကော ဆက်တာပေါ့..3မိနစ်ပဲ ကြာပါတယ်…75 ကျပ်ဖြတ်ရမှာကို 150 ဖြတ်သွားတယ်…အဲ့ဒါက အခုမှ မဟုတ်ဘူး..အရင်နေ ့တွေကလဲ အဲ့လို ခဏခဏဖြစ်ဖူးတယ်..ဂျာနယ်တစ်စောင်မှ ဖတ်ရတာတော့ စက်နဲ ့ အလုပ်လုပ်တာဆိုတော့ အချိန်က သိပ်မတူဘူးပေ့ါတဲ့…စက်နဲ ့လုပ်မှတော့ ပို တိကျရမှာမဟုတ်ဘူးလား..လူလုပ်တယ်ဆိုရင်ထားပါတော့ မှားတတ်တယ်လေ….အခု ဟာ က တစ်ခါလည်းမဟုတ်နှစ်ခါလဲမဟုတ်နဲ ့ သေချာချင်ရင်တော့ 12 နာရီ 1 နာရီလောက်မှ ဆက်တာပို သေချာတယ်…နို ့မို ဆိုသူတို ့ကိုယုံပြီးဆက်လိုက်လို […]


ကို သာSeptember 12, 20121min1320
ပဋိပက္ခများဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် အတွင်းရှိ လူ့အဖွဲ့အစည်းနှစ်ခုစလုံး ကြီးကြီးမားမား ထိခိုက်မှု ရှိနေပြီး လူသားခြင်း စာနာ ထောက်ထားမှု ထောက်ပံ့ရေး အခြေအနေများလည်း စိုးရိမ်စရာ ကောင်းလွန်းနေဆဲဟု အဆိုပါ ဒေသသို့ နှစ်ရက် ကြာ သွားရောက်လေ့လာခဲ့သော အမေရိကန် ကိုယ်စားလှယ် အဖွဲ့၏ စက်တင်ဘာ လ ၁ဝ ရက်နေ့ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့အပြင် ရှေ့ဆက်ဆောင်ရွက်ရာတွင် အရေးပေါ်လိုအပ်ချက်များကို လုပ်ဆောင်ရန် အရေးကြီး မည်ဖြစ်ပြီး ရေရှည်တည်တံ့ပြီး တရားမျှတမှု ရှိရှိ ဖြေရှင်းဆောင် ရွက်ရန်လိုအပ်ကြောင်း ၊ ရခိုင်ဒေသ ရေရှည် နာလန်ထူစေရေးအတွက် အမေရိကန် နှင် ့နိုင်ငံတကာ အသိုင်းအဝန်းက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းများကို ၎င်းအဖွဲ့က ရှာဖွေခဲ့ကြကြောင်းဆက်လက်ဖော်ပြထားသည်။ အဆိုပါ ကိုယ်စားလှယ် အဖွဲ့သည် […]


kakashiSeptember 11, 20124min12836
FX File Explorer ဆော့ဝဲပါ . ဗားရှင်းအသစ်ထွက်မှာ root လုပ်ထားတဲ ့ဖုန်းများအတွက် root access.apk ဖိုင်လေးပါ တွဲထည့်ပေးထားပါတယ် . ဆော့ဝဲအပြင်အဆင်ကတော့ လှပသေသပ်ပါတယ် . DOWNLOAD – http://www.mediafire.com/?xm6y394e87i85sy     Temp Monitor App For Android 🙂 System temperature reading in your status bar updating at your choice interval . DOWNLOAD – http://www.mediafire.com/?op38av43jfc3t2v   Maps With Me Pro App For Android 🙂 Try the […]


အဇဋာSeptember 11, 20121min1603
ဒေါ်စု၏ ကော်မတီ ဥပဒေပြုရေးနှင့် ပယ်ဖျက်ရေးလုပ်ပါရန် ဦးရွှေမန်း တိုက်တွန်း အင်္ဂါနေ့၊ စက်တင်ဘာလ ၁၁ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၂၃ မိနစ် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှာ ဥပဒေပြုခွင့်အာဏာရှိနေပြီး ဥပဒေပြုရေး လုပ်ဆောင်ခြင်းနှင့် အသုံးမဝင်သော ဥပဒေများ ပယ်ဖျက်ကြပါရန် အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက တိုက်တွန်းပြောဆိုလိုက်သည်။ ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီက ကြီးမှူးကျင်းပ၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် စက်တင်ဘာ ၈ ရက်နေ့က ပြုလုပ်သော အကြံဉာဏ်တောင်းခံပွဲတွင် အောက်လွှတ်တော် ဥက္ကဋ္ဌက ပြောသွားခြင်း ဖြစ်သည်။ “ကော်မတီ၊ ကော်မရှင်များအဖွဲ့များဟာ လွှတ်တော်ကြီးထဲက လွှတ်တော်ငယ်တွေပဲ ဖြစ်ပါတယ်၊ ဒါကြောင့် ဥပဒေ ပြုရေးနဲ့ အချင်းချင်း ထိန်းကျောင်းရေးမှာ […]


ကို သာSeptember 11, 20121min1341
ကျွန်မတို့ အဖွဲ့ချုပ်ဝင်ဟာ ဒါကတော့ လူသားပီပီ မို့လားတော့ မသိဘူး။ အခွင့်အရေးလေးတွေ ရလို့ရှိရင် ယူချင်တဲ့ စိတ်ကလေးတွေရှိတယ်။ အဲဒီစိတ်ကလေးတွေကို ထိန်းကြပါ။ ကိုယ့်အခြေအနေလေးက နည်းနည်းကောင်းလာပြီ ဆိုလို့ရှိရင် ဖိနင်းပြီးတော့ ဒီအခြေအနေအပေါ် ဖိနင်းပြီးတော့ ကျော်ချင်တဲ့ ပုံစံလေးတွေ ကျွန်မတို့ တွေ့ရတယ်။ အဲဒါမျိုးတွေ မလုပ်ပါနဲ့လို့ ကျွန်မ သတိပေးပါတယ်။ အခုလို ခက်ခက်ခဲခဲ ရုန်းကန်နေတဲ့ အချိန်မှာတောင်မှ ရိုင်းရိုင်းပြောရရင် လူပါးဝချင်တယ် ပေါ့နော်။ ကျွန်မတို ဒီမိုကရေစီ ရတဲ့အခါ ကျလို့ရှိရင် ဘယ်လိုနေမလဲ။ ဒီလို စိတ်ဓာတ်တွေ မထားကြပါနဲ့။ အဖွဲ့ချုပ်ဝင်တွေကို ပြည်သူလူထုကနေပြီးတော့ ကြည့်မရဘဲ အမြင်ကပ်ရတဲ့ အခြေအနေမျိုး ဖြစ်သွားလောက်အောင်တော့ ဘယ်တော့မှ မလုပ်ကြပါနဲ့။ အကယ်၍ အခြေအနေတွေ ကောင်းသွားပြီဆိုလို့ရှိရင် ကျွန်မတို့လူတွေက နောက်ဆုတ်ပေးဖို့ လိုပါတယ်။ […]


အဇဋာSeptember 10, 20121min2018
သမ္မတဦးသိန်းစိန်၏ ကက်ဘိနက်အဖွဲ့ အပြောင်းအလဲတွင် ဒေါ်မြတ်မြတ်အုန်းခင်သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဖြစ်လာရာ နှစ်ပေါင်းခြောက်ဆယ်ကျော်တွင် ပထမဆုံး ပြည်ထောင်စုအဆင့် အမျိုးသမီး ဝန်ကြီး ခန့်အပ်ခံရခြင်း ဖြစ်သည်။ ဩဂုတ်လ ၄ ရက်နေ့က ပြည်ထောင်စုလွှတ်တော်က  အတည်ပြုပေးခဲ့သော ဝန်ကြီးနှင့် ဒုတိယစာရင်းအရ ယခင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သော ဒေါ်မြတ်မြတ်အုန်းခင်မှာ ရာထူးတိုးကာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဖြစ်သွားသည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်ကစ၍ ယနေ့အထိ ရေတွက်လျှင် အာဏာသိမ်း စစ်အစိုးရများ အပါအဝင် အစိုးရ ခုနှစ်ခုမြောက်ဖြစ်နေချိန်တွင် ဗဟိုအစိုးရတွင် အမျိုးသမီးဝန်ကြီး ရရှိသည်မှာ ယခုတစ်ကြိမ်သာ ဖြစ်သည်။ “မြန်မာနိုင်ငံရဲ့ သမိုင်းမှာ၊ ကျွန်တော်ကြုံခဲ့သလောက် အမြင့်ဆုံးအနေနဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ် အဖြစ် ဒေါ်ခင်ကြည် ဖြစ်ဖူးတာပဲရှိတယ်၊ ဒိအပြင်တော့ […]


ကို သာSeptember 7, 20121min1172
စက်တင်ဘာလ ၈ ရက်နေ့ နေ့လည် ၁ နာရီ တွင် ရန်ကုုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမတွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နှင့် ပြည်တွင်း မှ စီးပွားရေးလုပ်ငန်းရှင် များ တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။ ပထမအကြိမ် အမျိုသား လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးများကို စက်တင်ဘာလ ၆ ရက်နေ့တွင် ရပ်နားခဲ့ပြီး သာမန်အားဖြင့် အောက်တိုဘာ ၁၅ ရက်နေ့ မတိုင်မီအထိ ခေါ်ယူကျင်းပရန် အစီအစဉ် မရှိသေးပါကြောင်း အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က စက်တင်ဘာလ ၆ ရက်နေ့တွင် ပြုလုပ်ခဲ့သော ၄ဝ ရက်မြောက်နေ့ အမျိုးသား လွှတ်တော် အစည်းအဝေးအပြီးတွင် […]


pioneer youthSeptember 5, 20121min1064
မနက်က တခြားလူတယောက်ရဲ့ gmailကို ဖွင့်မိလျျက်သားဖြစ်သွားတယ်  အဲဒီမေးထဲ မှာပါတာက http://www.thithtoolwin.net/2012/08/myanmar-news-now-8-20-12.html သစ်ထူးလွင် ဆိုက်မှာတင်ထားတယ် ကျုပ်က ဗုဒ္ဓဘာသာ ကိုးကွယ်တယ် သို့သော် အတု အယောင် ဆောင် နှာဘူးများ ကို လူထုသ   ိုစေရန်…ှနှင့် တွေကြုံရပါက ရှောင်ရှားစေရန် ကျုပ်ယုံကြည်သော ဘာသာအား အခြောင် ခို လုပ်စားနေသူများ မြန်မာ သံဃာ အဖွဲ့မှ အမြန်ဆုံး အရေးယူဆောင်ရွက် ထောင်ချ အပြစ်ပေး သင်ခန်းစာပေးပါရန် ရေးသားပြီး လူထုမှ ထိုသိုသော လူလိမ် လူရှပ်များအား ရှင်းလင်း သုတ်သင်မှ သာလျှင် ဗုဒ္ဓကို မှီလိမ်စားနေသူများ ပပျောက်စေသောဥပဒေ တရပ်ပေါ်လာစေရန်.. မှတ်ချက် ကျုပ်သည် ဗုဒ္ဓဘာသာဝင်ဖြစ်သည် လူမျိုးခြားမဟုတ်ပါ လူမျိုးရေးခွဲခြားခြင်းနှင့် တရား မမျှတခြင်းတွေကို အစဉ်တိုက်ခိုက်နေမည်..။


ကို သာSeptember 4, 20121min1292
ကျွန်တော်သည် နယ်မြို့လေးတစ်မြို့တွင် မွေးဖွားကြီးပြင်းခဲ့ပါသည်။ ဖခင်မှာ ဝန်ထမ်းငယ်တစ်ဦးဖြစ်ပြီး မိခင်မှာရိုးရာကိုင်းကျွန်းတစ်ဖက်၊ အိမ်မှုကိစ္စတစ်ဖက်ဖြင့် ကျွန်တော်တို့မိသားစုလေးကို ဖူလုံအောင်ကြိုးပမ်းခဲ့ကြပါသည်။ကျွန်တော့်တွင် ညီငယ်နှစ်ဦးရှိပါသည်။ နယ်ဓလေ့အရ မိသားစု ချို့ချို့တဲ့တဲ့မဟုတ်သော်လည်း ပိုပိုလျှံလျှံတော့မရှိကြပါ။ ကျွန်တော်တို့ညီအစ်ကိုများမှာလည်း ငယ်သေးသည်မို့ ဝင်ငွေရရေးမဆိုထားဘိ ကျောင်းအားချိန်များတွင်လည်း မိဘများအား ထိထိရောက်ရောက် မကူညီနိုင်ကြပါ။ အခြားအခြားသော ဝင်ငွေများပြားသည့် မိသားစုများလောက် တောက်တောက်ပပသစ်သစ်လွင်လွင် မဝတ်စားနိုင်သော်လည်း သန့်ရှင်းသပ်ရပ်စွာဝတ်နိုင်ရန် မိဘနှစ်ပါး၏ ဆိုဆုံးမစကားများကိုမူ လိုက်နာနိုင်ကြပါသည်။ ပညာရေးကိုသာ အစွမ်းကုန်ကြိုးစားကြသည်။ သူတစ်ပါးကဲ့သို့ သစ်လွင်တောက်ပသော ခေတ်မီ အဝတ်အစားများကို မိဘများအား မပူဆာဝံ့ကြပါ။ မိဘများစိတ်ဆင်းရဲမည်ကို စိုးထိတ်ကြပါသည်။ မှတ်မှတ်ရရဆိုရလျှင် ကျွန်တော်ငါးတန်းရောက်သည့်နှစ်၊ အလတ်ကောင်ကတစ်တန်း၊ အငယ်ဆုံးက ပေါက်စနလေးရှိသေးချိန်တွင် သူငယ်ချင်းတစ်ဦးက အကြံပေးပါသည်။ “ကြက်မတစ်ကောင် နှစ်ကောင်လောက်မွေးထားပါလား၊ စားကြွင်းစားကျန်ကျွေးယုံနှင့် ပိုက်ဆံရနိုင်တာပေါ့ကွ”ဟူ၍ ဖြစ်သည်။ သူပေးသောအကြံကို ကျွန်တော်သဘောကျသည်။ အဖေထံခွင့်တောင်းတော့ […]


ခင္ခSeptember 1, 20121min1478
မိုဘိုင်းဖုန်းနှင့် အင်တာနက်များ ပြတ်တောက်ကြန့်ကြာမှုမရှိရေး အထပ်မြင့်အမိုးများအပေါ်ရှိ Mobile Antenna တိုင်များစိုက်ထူခွင့်ကို အာစီယံ နိုင်ငံများနည်းတူ ဥပဒေတစ်ရပ်ထုတ်ပြန်ပေးနိုင်ရန် ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်ထားကြောင်း ဩဂုတ် ၂၄ ရက်နေ့တွင် လှိုင်မြို့နယ် မြန်မာအင်ဖိုတက်ခ်၌ ကျင်းပသော ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဖွံဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲမှ သိရပါသည်လို့ ယနေ့ထုတ် ကြေးမုံသတင်း စာမှာ ဖတ်လိုက်ရပါတယ်။ Reform Plan အရ မိုဘိုင်းတယ်လီဖုန်းနှင့် ဆက်စပ်လုပ်ငန်းများကို ပုဂ္ဂလိကနှင့် ပူးပေါင်း၍ ပြည်သူများအား ဗဟိုပြုကာ ဆက်သွယ်ရေး လုပ်ငန်း များကို အာဆီယံနိုင်ငံများသာမက နိုင်ငံတကာနှင့် ချိတ်ဆက်နိုင်ရန်အတွက် ပြည်တွင်း၊ပြည်ပရှိ ပုဂ္ဂလိကနှင့် နိုင်ငံတကာတင်ဒါ စနစ်ကို ကျင့်သုံးဆောင်ရွက်ခဲ့ရာ ယခုအခါ နိုင်ငံတကာမိုဘိုင်းတယ်လီဖုန်းနှင့် ဆက်စပ်ကုမ္ပဏီ ၉ဝ ကျော် […]


အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်ဖွဲ့ တပ်ချုပ်ဟောင်းများဖြစ်တဲ့ ကိုမိုးသီးဇွန်၊ ကိုထွန်းအောင်ကျော် တို့အပါအဝင် ပြည်ပရောက် အေဘီအက်စ်ဒီအက်ဖ် ခေါင်းဆောင်ဟောင်းများ ဒီနေ့ရန်ကုန်လေဆိပ်ရောက်မယ်လို့ သတင်းများမှာဖတ်ရတယ်။ ဒေါက်တာနိုင်အောင်၊ ဒေါက်တာသောင်းထွန်း၊ ကိုညိုအုန်းမြင့်တို့လည်း ရောက်နေပါပြီ။ ကိုတပ်ခေါ်တာ လူခြင်းသိလို့မဟုတ်ပါဘူး၊ အသက်သိပ်မကြီးသေးလို့ပါ၊ သမဒဂျီးက ကျန်နေသေးတဲ့ ပြည်တွင်းပြည်ပ အတိုက်အခံများအားလုံးကို ရှစ်လေးလုံးလှုပ်ရှားမှုမျိုးဆက် တခုလုံးအနေနဲ့ တွေ့မယ်နဲ့ တူပါတယ်။ တော်လှန်ရေးမှာ မှတ်ကျောက်အတင် ခံပြီးသူများ အရည်အချင်းရှိသူများဖြစ်လို့ ဝမ်းမြောက်ဂုဏ်ယူပါ၏။ တဆက်ထဲမှာပဲ သူတို့နဲ့ ပုဂ္ဂိုလ်ရေး မရင်းနှီးလိုက်တာ ဝမ်းနည်းလို့ မဆုံးပါ၊ အခုမှတော့ နောက်ကျသွားပြီ၊ အစောတုံးကလည်း သိဘူးလေဗျာ၊ အဘစိန်ဂျီး ဒီလောက်မြန်မယ်လို့..  😛 ကိုမိုးသီးနဲ့ ဒေါက်တာသောင်းထွန်းတို့ကု ဒီမိုကရေစီရေး လှုပ်ရှားမှုပွဲတွေမှာ အနီးကပ် တွေ့ဖူးပြီး ကျန်လူများကိုတော့ အခွင့်ကြုံမှ မြင်ဖူးပါတယ်။ ကိုမူးသာ ပျောက်ကျားစစ် […]