(၆၃) ကြိမ်မြောက် အာဆီယံ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ကော်မတီ အစည်းအဝေး (The 63 rd Meeting of the ASEAN Committee on Science and Technology) ကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနမှာ မေလ ၁၄ ရက်မှ ၁၈ ရက်နေ့ အထိ ကျင်းပနေပါတယ်။ အဆိုပါအစည်းအဝေးတွင် အာင်္ဆီယံဒေသတွင်း နိုင်ငံများအချင်းချင်း သိပ္ပံနှင့်နည်းပညာဆိုင်ရာကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေး သုတေသနပူးပေါင်းဆောင်ရွက်ရေး၊ နည်းပညာပူးပေါင်းဖလှယ်ရေး ၊သိပ္ပံနှင့်နည်းပညာဆိုင်ရာ ရန်ပုံငွေကိစ္စများ ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေး ကျင်းပသည့် နောက်ဆုံးရက်(၁၈.၅.၁၂)တွင်  ဆွေးနွေးဘက်နိုင်ငံများအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဥရောပသမဂ္ဂ၊ ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့လည်း တက်ရောက်မှာဖြစ်ပါတယ်။ ယနေ့ အစည်းအဝေးတွင် အဆိုပါဆွေးနွေးဘက်နိုင်ငံများအနေဖြင့် အာဆီယံနိုင်ငံများအား သိပ္ပံနှင့်နည်းပညာ […]


ဘဲရႈပ္May 17, 20121min20410
သံတွဲမြို့ ဈေးကြီး မီးလောင်ပြာကျ ၊ဈေးသူဈေးသား များမွဲတေ မှု ဖြစ်ခဲ့သည်မှာ ပူပူနွေးနွေး  သိပ်မကြာသေးပါ ၊ ဖြစ်ပြီးရက်အနည်းငယ် ခန့်သာလျှင် မြို့အတွင်း လောင်စာဆီ မရောင်းရ အမိန့်ထုတ်ခဲ့သည်။ ယ္ခုသော ် ဗိုလ်နေမြဲ ကျားနေမြဲ မှောင်ခို လောင်စာဆီများ ပုံမှန်အတိုင်း ဖြစ်နေပါ၍ အလွန်ပူပြင်းလှသော အခြေအနေ နှင့် မီးဘေး ကြောက်လန့် မှုများ ဖြင့် မြို့သူမြို့သားများမှာ တွေးကြောက်လျှက်ရှိနေကြပါသည်။ မြို့နယ် ခရိုင် ရဲတပ်ဖွဲ့ များသည်လည်း လောင်စာဆီ ရောင်းချခွင့် ( လိုင်းကြေးကောက်ခံ၍) ပေးနေခြင်း များကို မြို့တာဝန်ခံ ချီးထုပ်များ မသိ၍လော ၊ လိုင်းကြေး အခွန်အခ ကောက်ခံ ပြီး ဇိမ်ကျနေ၍လော ၊ ပြည်နယ်မှ အစိုးရအဖွဲ့ […]


ဘဲရႈပ္May 17, 20121min1144
၁ .၅ . ၂၀၁၂ နေ့ သံတွဲမြို့ ဒွါရာဝတီမြို့သစ်ရပ်ကွက်တွင် ဒုတိယ အကြိမ် တလွဲတချော် အုပ်ချုပ်ရေးမှုူးရွေးပြန်ပြီလို့ သိရပါသည်။ တက်ရောက်လာတဲ့ ဆယ်အိမ်မှုူးများတွင်  ဝန်ထမ်းများပါရှိနေခြင်း၊ ရပ်ကွက်အတွင်း နှစ်အနည်းငယ်သာနေထိုင်လျှက်ရှိသူများ ပါဝင်နေခြင်းတို့ ကြောင့် ပြဿနာသဘောမျိုး လိပ်ခဲတင်းတင်း ဖြစ်လျှက်ရှိနေကြောင်း ကြားသိရပါသည်။ ယ္ခု ရွေးချယ်ထားသော အုပ်ချုပ်ရေးမှုူးအသစ် ဦးမြင့်ရွှေ ဆိုသူမှာ ရပ်ကွက်အတွင်းတဆက်တည်း (၁ဝ ) နှစ် ပြည့်အောင် နေထိုင်သူ မဟုတ်ခြင်း  အစရှိသည့် မပြည့်စုံ စည်းကမ်း မညီညွတ်သည့် ရွေးချယ်မှုူကြီးဖြစ်ကြောင်း ရပ်ကွက်သူ ရပ်ကွက်သားများ သိရှိနားလည် နေကြပါသော်လည်း မည်သို့မှ မတတ်နိုင်ခဲ့ကြောင်းလည်း သိရှိရပါသည်။ ရပ်မိရပ်ဖ ကြီးကြပ်ရေး အဖွဲ့ (၅) ဦးတွင် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ကိုယ်တိုင်ပါဝင်ကြောင်းလည်းသိရှိရပါတယ် […]


သားငယ္May 16, 20121min20914
မေလ ၁၆ ရက်၊ ၂၀၁၂ ခုနှစ်-ကျော်စိုးလင်း (YPI) ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ်အနီးတွင် တပ်စွဲထားသော အမှတ် (၈) ရဲတပ်ရင်းမှ ရဲတပ်သားများသည် ယနေ့ ည ရ နာရီခွဲခန့်တွင် ပတ္တမြားမြို့သစ်၊ အောင်စည်တော် လက်ဘက်ရည်ဆိုင်သို့ ဝင်ရောက်ပြီး ရပ်ကွက်နေလူငယ်များအား ရိုက်နှက်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။ ထိုသို့ရိုက်နှက်မှုကြောင့် ယင်းလက်ဘက်ရည်ဆိုင်တွင်ထိုင်နေသော လူငယ် ၁ဝ ဦးခန့်ဖူးယောင်ဒဏ်ရာရခဲ့ပြီး တစ်ဦးမှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာရခဲ့ကြောင်း ရိုက်နှက်ခံရသူလူငယ်တစ်ဦးဖြစ်သည့် ရဲထူးဇော်ကပြောသည်။ ” သားတို့က လက်ဘက်ရည်ဆိုင်မှာ ထိုင်နေတုန်း အနောက်ကနေဝင်ရိုက်တာ။ လူတွေကိုတော့ မမှတ်မိလိုက်ဘူး။ သူတို့နဲ့သားတို့နဲ့ ဘာပြသနာမှဖြစ်တာလည်းမဟုတ်ဘူး ” ဟု ၎င်းကပြောသည်။ ယနေ့နေ့လည်က အရက်ဆိုင်တွင် အရပ်သားနှင့်ရဲတပ်ရင်း တပ်သားတို့ စကားများရန်ဖြစ်ခဲ့သည့် အငြိုးဖြင့် လာရောက်ရိုက်နှက်ခြင်း […]


မိုးတိမ္May 15, 20121min1695
ကျွန်တော်က ဒီရွာသားအသစ်ကလေးပါ။အခုမှစစာရေးဖူးတာပါခင်ဗျာ။ အခုကျွန်တော် တော်တော်လေးခံစားနေရလို့ပါဗျာ။လူမျိုး၊ဘာသာ၊သာသနာ ပျောက်ဖို့ အကြောင်းတွေ online မှာတွေ့သထက်တွေ့၊စိတ်ပျက်သထက်ပျက်လာရလို့ပါ။ ရွာမှာဝင်ဖတ်နေတာတော့ တော်တော်ကြာပါပြီ။သဘောကျလာလို့ဝင်ရေးကြည့်တာ ပါ။ ရွာသားအပေါင်းတို့ခင်ဗျား” -ီးဗမာ” ဆိုတဲ့ ဆိုဒ်ကိုရေးတဲ့ ကုလားဒိန် ဘယ်လောက်ယုတ်မာလဲဆိုတာ အောက်ကလင့်ကိုသွားပြီး ဝင်ဖတ်ရင်း ရွာမေတ္တာလေး ပေးဝေကြပါခင်ဗျား။လူမဟုတ်သော လူကို လူစကားနဲ့တောင်ပြောဖို့ မတန်ဘူးထင်ရင်လဲ ရွာသားတို့၏ ဆန္ဒပါဘဲခင်ဗျာ။ http://leebamar.blogspot.com/   မှတ်ချက်။ အမျိုး၊ဘာသာ၊သာသနာအတွက် ပိုမိုဂရုစိုက် သင့်ပြီဟု ထင်မိကြောင်း နှင့်အတူ ရွာသားများဝိုင်းပြီးသွန်သင်ပေးပါဟုမေတ္တာရပ်ခံရင်း……………


kyaw moe moeMay 13, 20121min2077
အိမ်မဲမြို့နယ် အမျိုးသား ဒီမိုကရေစီ  အဖွဲ့ ရုံး ခန်း ဖွင့် လှစ်ပွဲကို မြို့နယ်တွင်း က လူများ အားတက်သရော ပါဝင် ကြသည်။တို့ပြင် ပုသိမ်ကန်ကြီးဒေါင့်၊ ကျောင်းကုန်မြို့ ၊မြောင်းမြ မြို့နယ်၊ ဝါးခယ်မ မြို့နယ် တွင်းရှိ အန်အယ်ဒီ ပါတီ ဝင်များ လည်း တက်ရောက်ကြသည်။ အဆိုပါ ပွဲသို့ အန်အယ်ဒီ ဋ္ဌာနချုပ် မှ နာယကကြီး ဦးတင်ဦး၊ ဦးလှဖေတို့ တက်ရောက် ဖွင့်လှစ်ပေးပါသည်။ အိမ်မဲမြို့နယ်  အန်အယ်ဒီ အဖွဲ့ တွင်  ဦးမောင်မောင်ကြီး မှ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူပြီး အတွင်းရေးမှူးမှာ ဒေါ်ခင်ဆွေဦး ဖြစ်ပါသည်။ လူငယ်ရေးရာတာဝန်ခံမှာ ဦးခင်ဇော်လင်းဖြစ်ပါသည်။မြို့နေလူထုက သောင်းသောင်း ဖျဖျကြိုဆိုထောက်ခံ  အားပေးကြသည်ကို မြင်တွေ့ရပါသည်။


ယခုပဲ ရန်ကုန်တိုမ်းကနေဖတ်လိုက်ရလို့ ပြန်လည်ဖောက်သည်ချခြင်းပါပဲ…မူရင်းလင့်ကတော့…. …http://yangonmedia.com/news/2012/05/myanmar-persdent-speech-meeting-and-instruation… “ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ အတွေ့အကြုံအရ ယနေ့ပြည်သူတွေရဲ့ ဆန္ဒက အပြောင်းအလဲကိုလိုချင်ပြီး ကျနော်တို့ အစိုးရရဲ့ အောက်ခြေအဆင့် ရပ်ကွက် ကျေးရွာအဆင့်မှ မြို့နယ်၊တိုင်းဒေသကြီး ၊ပြည်နယ်မှ ပြည်ထောင်စု အဆင့်အထိ ရှေးယခင် လုပ်နည်း လုပ်ဟန်အတိုင်း လုပ်ကိုင်ဆောင်ရွက်နေကြတာကို မကြိုက်တော့ဘူး ဆိုတဲ့ အနေအထားကို ပြသခြင်းဖြစ်ပါတယ်။ဒါကြောင့် Reform ကိုထိထိရောက်ရောက် ပြောင်းလဲ လုပ်ရမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။” ဟုတ်ကဲ့…သမ္မတကြီးခင်ဗျား…ပြုပြင်ပြောင်းလဲရေးများကို အောက်ခြေ အဆင့်မှ စ၍ ထိထိရောက်ရောက် ပြောင်းလဲကြမယ်ဆိုရင် ကျတော်တို့ ပြည်သူလူထုကလည်း ဝမ်းသာအားရ ဂုဏ်ယူစွာနဲ့ အားပေးထောက်ခံပါတယ် ခင်ဗျား… “ရှေးကကဲ့သို့ ပြည်ထောင်စုအစိုးရက Top Down ချမှတ်ပေးမှ ဆောင်ရွက် အကောင်အထည်ဖေါ်တဲ့ ပုံစံအစား ကိုယ့်ဒေသဖွင့်ဖြိုးဖို့ ကိုယ်တိုင်လေလာကြံဆ ကြိုးပမ်းပြီး  […]


ဒီဂနေ့ အင်တာနက်မှာ သမဒရုန်း အင်တာနက် စာမျက်နှာအကြောင်းနဲ့ အထူးအစည်းအဝေး ဒါ့ပုံသတင်း ဖတ်ရဒယ်။ သမဒဂျီးဂ ဝံကျီးအဖွဲ့နဲ့ ပြည်နယ်နဲ့တိုင်း ဝံကျီးဂျုပ်များဂို အာဝါဒရိုက်နေဒဲ့ပုံနဲ့ဘာ။ သူ့ဖာသာသူ အားယားနေလို့ မိန့်ခွန်းချွေဒါ ကိစ္စမရှိပါဘူး သို့သော် မျက်စိထဲ အမြင်မတော်ဒါဂလေးဂိုဒေါ့ ပြောဂျင်ဒယ်။ အယင်ဇုံး သမဒဂျီးဂနေစရရင် သူထိုင်နေဒဲ့ပုံကြည့်အုံး.. ဖင်လျှောကျဒေါ့မယ်..တော်သေးဒါပေါ့ ခြေထောက် ကယ်နေလို့။ ထိုင်ခုံအရွယ် ကြီးလွန်းဒယ်၊ တဂယ် အလုပ်ဖြစ်တဲ့ အစည်းအဝေးခန်းမ ထိုင်ခုံများနဲ့မတူဘူး။ ကွန်းဖရင့်ဒွေမှာ နိုင်ငံတဂါကိုယ်စားလှယ်ဆိုသူများ အပေါ်ယံသဘော လျောက်လေပွားနေဒါနဲ့ ပိုတူဒယ်။ သမဒနဲ့ ဝံကျီး၊ ဝံလေးများ ဆွေးနွေးပွဲဆိုဒါ အလုပ်သဘော အပြန်အလှန် ညှိနှိုင်းတာ ဖြစ်ရမယ်။ သမဒဂျီး အလိုဒေါ်အတိုင်း လိုက်ပေးနေရဒဲ့ ပုံစံမျိုး မဖြစ်ရဘူး။ နို့မိုရင် ဘာပြုလို့ တိုင်းနဲ့ပြည်နယ် ဝံကျီးချုပ်ရာထူးဒွေ […]


natureMay 12, 20121min70641
  ခုတလောရွာထဲမှာ ဆူနေကြတဲ့ကားပါမစ်အကြောင်းရေးချင်ပေမဲ့ ဇာတ်ထဲက လူရွှင်တော်တွေ ပြောသလို အားရပါးရကချင်ပါသော်လည်း ကျန်းမာရေးက မကောင်းဆိုသလို တခါတလေပို့စ်တင်ချင်စိတ်ကလေးများဖြစ်လာသော်လည်း ကွန်နက်ရှင်ကမကောင်း သောကြောင့် မတင်ဖြစ်ခဲ့ပါ။ အခုတလော 2007 အထက်ကားတွေ ပါမစ်မလိုတော့ဘူးဆိုလို့ကားဈေးတွေ ပြုတ်ကျပြီး ကားပွဲစားတွေ ဝယ်ရောင်းတွေ အကြီးအကျယ်ရှုံးကြပါတယ်။ ဘာဖြစ်လို့ဒီလိုဖြစ်ရတာလဲဆိုတဲ့မေးခွန်း ရွာသားများ ဖြေဆိုကြစေလိုပါတယ်။   ကားဟောင်းတွေဖျက်ရမယ်ဆိုတဲ့သတင်းထွက်လာချိန်မှာ ငိုမဲ့မဲ့ဖြစ်နေတဲ့ ကားအိုကားဟောင်းပိုင်ရှင်တွေဟာ နိုင်ငံတော်ကစေတနာနဲ့ ကားပါမစ်စံနစ်ပြောင်းလိုက်တဲ့အတွက် ငိုရာမှ ရီနိုင်လာကြပြီးစင်ပေါ်ရောက်သွားကြပါတယ်။ ဖျက်ကားတွေရဲ့ဈေးကပိုလို့တောင်ကောင်းနေတော့ တချို့ဆိုကားကိုဖျက်ရမဲ့အချိန် ဈေးကောင်းရောင်းရမဲ့အချိန်ကိုတောင်မျှော်လင့်စောင့်စားနေရပါတယ်။ အဲ ဒီကြားထဲမှာသတင်းဦးသွားတဲ့ကုန်သည်တွေကတော့ မြက်မြက်ကလေးစားလိုက်ကြရပါတယ်။   ခုဒီတခေါက်မှလည်း ပစောက်နံပါတ်တွေပြီးရင်ခဏနားမယ်ဆိုတဲ့သတင်းတွေထွက်လာတော့ ကုန်သည်တွေ အကြိုက်ပေါ့။ ဈေးကတော့ ကျိမ်းသေတက်ပြီဆိုပြီး ကုန်သည်တိုင်းတွက်ထားကြပါတယ်။ ဒီတွက်ကိန်းနဲ့အတူ ကားပါမစ်ဈေးတွေဟာလည်း ကုန်သည်တွေရဲ့ တွက်ကိန်းအတိုင်း တရိပ်ရိပ်တက်လာပါတယ်။ ၁၃၅-၁၄ဝ သိန်းလောက် ရှိတဲ့ပါမစ်တွေ ၁၅ဝသိန်း […]


black chawMay 11, 20122min47556
ဗီလိန် ဘလက် ကိုသစ်မင်းကတော့ သူ့ရဲ့ ဗီလိန်ပို့စ် (https://myanmargazette.net/77136/creative-writing) မှာ ဒီလိုရေးသွားခဲ့ဘူးပါတယ်။ မဖြစ်သင့်ဘူးဗျာ။ ကျနော်တို့ကို လောကဓံတွေ၊ကပ်ဆိုးတွေဖန်တီးပေးနေသူတွေရော၊ ကျနော်တို့ကိုယ်တိုင် လောကဓံဖန်တီးသူ၊ကပ်ဆိုးဖန်တီးသူအနေနဲ့ရော၊မဖြစ်သင့်ဘူးဗျာ။ သူများရဲ့ အားနဲချက်၊အမှားကို ကိုယ်မှာမရှိအောင်လုပ်ရမှာမဟုတ်လား။ ကဲ လောကဇာတ်ခုံလူတို့ဘုံမှာ မင်းသား၊မင်းသမီး မဟုတ်ရင်တောင် “ဗီလိန်” အခန်းကတော့ မ “က” ဖြစ်အောင်ကြိုးစားရမှာပါလား။ အဲ သူများကျတော့ ပြောလို့ရချင်မှရမှာဆိုတော့၊ လုပ်လို့ရတာက ကိုယ်ဟာကိုယ်ပြင်ဘို့လို့တွေးမိသွားတယ်။ ကျနော်တော့…………… “ဗီလိန်” မဖြစ်ချင်ဘူးဗျို့။ ကိုသစ်ပို့စ်တွေ ပြန်လှန်ရင်း ဗီလိန်ပို့စ် အရောက်မှာ ရေးချင်စိတ်ပေါက်လာတာနဲ့ ဒီစာကိုရေးမိတယ် ဆိုတာလေး ဝန်ခံထားချင်ပါတယ်ဗျာ။ ပွဲကြည့်သူသက်သက် တစ်ယောက်မှ မရှိ မင်းနဲ့ငါ အကုန်လုံး ဇာတ်ဆောင်တွေချည်းပဲဟေ့ ဘဝဟာ အမြဲတမ်းပြောင်းလဲသွား ကိုယ်လုပ်ချင်တာ ဖြစ်မယ်ထင်သလား မင်းသားပဲဟေ့ ဖြစ်ချင်တယ် ငါ ဗီလိန်တစ်ယောက်လား […]


အာဂMay 11, 20121min53625
မေလ ၈ ရက်နေ့က ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ( UMFCCI ) တွင် ကျင်းပပြုလုပ်သော ရွှေမင်းသားဖောင်ဒေးရှင်း၏ စတုတ္ထအကြိမ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် သတင်းရယူနေသော Express Times ဂျာနယ်မှ သတင်းထောက် သုံးဦးအနက် ကိုဟိန်းကိုစိုးမှာ သတင်းဓါတ်ပုံရယူရန် ကြိုးစားရာမှ NLD ပါတီ ပါတီဝင်တစ်ဦး၏ ကိုယ်ထိလက်ရောက် ကျူးလွန်မှုကို ခံခဲ့ရကြောင်း သိရသည်။ ၎င်းကိစ္စနှင့် ပတ်သက်၍ The Express Time ဂျာနယ်မှ သတင်းထောက် သုံးဦးကို The Messenger ဂျာနယ်က တွေ့ဆုံ မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။ ကိုဟိန်းကိုစိုး (သတင်းထောက်) The Express Times ဂျာနယ် စတုတ္ထ အကြိမ်မြောက် […]


kaiMay 11, 20121min87436
“NLD လုံခြုံရေးတာဝန်ရှိသူက Weekly Express Times မှသတင်းထောက်အားကိုယ်ထိလက်ရောက်ကျုးလွန်ခြင်းနှင့်မီဒီယာသမားများကိုစော်ကားပြောဆိုခြင်းကိုညှိနှိုင်းဆောင်ရွက်ပေးရန်NLDသို့ပေးပို့ထားသောစာ” ခေါင်းစဉ်နဲ့ ဖေ့စ်ဘုတ် မှာတင်ထားတာကို ပြန်တင်ပေးလိုက်တာဖြစ်ပါတယ်..။ http://www.facebook.com/pages/Messenger-News-Journal/127099574018030 မှ ကူးယူတာဖြစ်ပါကြောင်း..။