KyaemonAugust 25, 20138min25614
ဆရာတော်ရဲ့ဘာသာပြန်ကဗျာလက်ရွေးစင်အချို့ကို ဆက်လက်ပြီးတင်ပြတာပါ၊     အားရပါးရ “လွေး” ရအောင်   မြန်မာရှူခင်းတွေကိုပါ ရှာဖွေပြီးတင်ဆက်ထားတာပါ၊      ပုံတွေနဲ့ကဗျာတွေကို ကလစ် တချက်နှစ်ချက်လောက်နှိပ်ရင် ပုံတွေရော စာတွေပါ ကြီးလာပါမယ်၊ —————           ===========================     အမည်မသိတဲ့စာဆိုရဲ့ “ကောက်စိုက်သီချင်း”        


mgwaloneAugust 18, 20132min1707
                                ဟုတ်ကဲ့ ။ ဆည်မြောင်းက ဆောင်ရွက်နေတာတွေ တွေ့ရပါတယ်။ အဓိက ကတော့ ရေကြောင်းလမ်းတွေ ရှင်းတာ၊ အနယ်အနှစ်တွေကို စက်ကြီးများနဲ့ ဆည်ထုတ်နေတာတွေကို တွေ့ရတာပါ။ ဒါပေမဲ့ ဆည်မြောင်းက ဘယ်လောက်ပဲ လုပ်လုပ် အင်းလေးကန်ထဲ့ကို အဓိက စီးဝင်တွေ့ ချောင်းတွေ၊ မြောင်းတွေကို ကြည့်ရတာက ရင်လေးစရာပါပဲ။                         ဒါက ဘီလူးချောင်းပါ။ မိုးရာသီ […]


Mr. MarGaAugust 6, 20131min29522
. . . . . . . . . . . ကွန်ပျူတာရှေ့မှာ မလှုပ်မယှက် နဲ့ ထိုင်နေတာ နာရီအတော်တောင် ကြာပေါ့ ဘေးကို ဝေ့ကြည့်လိုက်ပြန်တော့ စာရွက်တွေက ပြန့်ကျဲလို့။ လူကတော့ ဒီအတိုင်း ငြိမ်တုန်း၊ တွေးတုန်းပဲ။ ကိုယ်တိုင်လဲ ဘာဖြစ်နေတယ်ဆိုတာကို သိတယ်။ ဘာကြောင့် ဖြစ်တယ် ဆိုတာလဲ သိတယ်။ ဘယ်လိုလုပ်ရင် အဆင်ပြေသွားမယ် ဆိုတာကိုလဲ သိတယ်။ အနာလဲသိ ဆေးလဲရှိပါရဲ့နဲ့ အခုအချိန်အထိ ဒီလောက် ဖြစ်နေတာ မဟုတ်သေးဘူး။ စိတ်က အရာတော်တော်များများကို အလိုမကျ ဖြစ်နေမိတယ်။ အပြင်ပန်းမှာ ပြုံးပြုံးရွှင်ရွှင် နေတတ်တဲ့ အကျင့်ကိုလဲ အတော် အမြင်ကတ်နေပြီ။ ဘာကြောင့်များ သူများတွေလို ဖွင့်ဟ […]


ဇီဇီAugust 5, 20137min39733
  ဟီးဟီးးးး ရှက်ရှက်နဲ့ ဝန်ခံရရင် ရိုက်လာတာ အများကြီးးးးး အလင်းအမှောင်ရယ် ဆက်တင်ချိန်တာရယ် ခုထိ အသုံးမကျသေးလို့ အတော်ဆိုးရွားတဲ့ ပုံတွေ ဖယ်ခဲ့ရပါတယ်။ ဒါတွေက မတို့မထိ ပန်းတွေရဲ့ မူလပကတိ အလှပါ။ တခြား ပန်းတွေလည်း ပါပါတယ်။    


ဇီဇီAugust 5, 20136min42930
ဒီ တစ်ပတ်တော့ သစ်ခွ ဥယျာဉ် ရောက်တာနဲ့ ရိုက်ထားတာလေးတွေ လာပြတာ။ သူများတော့မသိ။ ကိုယ် ကတော့ ပန်းလေးတွေ အပင်မှာ လန်းလန်းဆန်းဆန်းမြင်နေရတဲ့ အချိန်ကို အင်မတန်စိတ်ချမ်းသာပါတယ်။။ မန်းလေးမှာနေတုန်းကဆို ဘွဲ့ယူတို့ ရီဟာဆယ်တို့ဆို သဇင်ပန်းရာသီမဟုတ်ရင် သစ်ခွပန်းပဲ ပန်ကြတာ။ တန်ဖိုးတထားပဲ။ ကျောင်းဆရာမတွေဆို ဒီနေ့ပန်ပြီး ရေစိမ် အထားခံပြီး နောက်ရက် ဆက်ပန်သေးဗျာ။ သူ့မှာ ပန်းရယ်လို့ တခြားပန်းတွေလို အနံ့မရှိဘူး ဆိုပေမဲ့ သစ်ခွ အများကြီးရှိတဲ့နေရာက အနံ့သင်းသင်းလေးကတော့ အတော်စိတ်ကြည်ပါရဲ့။ စလုံးမှာတော့ သစ်ခွပန်းက ဈေးကြီးပန်းထဲမပါ ပါဘူးးးး  


ဇီဇီJuly 29, 201310min35025
      ပြီးတော့ လာကြည့်တဲ့ သူတွေကိုလည်း ပို့(စ) ကာတ် လေးတစ်ခုစီပေးပြီး ဗုဒ်ခိုင်းတာပါ။ ဘယ် လက်ရာ/အတွေးကို ကြိုက်တယ်။ ဘာကြောင့်ကြိုက်တယ်။ စိတ်အားတက်စေမဲ့ ကောမန့်လေး စသည်ဖြင့် ရေးခိုင်းတာပါ။ ကော်မန့်ပေးရတဲ့ လူတွေ ကလည်း အနုပညာ ဆန်ဆန်များပေးချင်ရင် ပေးလို့ရအောင် ရောင်စုံခဲတံ၊ စတစ်ကာ စသည်ဖြင့် ထိုင်ခုံလေးတွေမှာ တင်ပေးထားပါတယ်။ တော်တော်စည်ကားနေတယ်ပဲ ပြောရမှာပေါ့လေ။ ကလေးတွေရဲ့ ပကတိ အတွေး ပကတိ လက်ရာ အသုံးမဝင်တဲ့ ပစ္စည်းတွေကို ဘယ်လို အသုံးဝင် အောင် သုံးရမလည်းဆိုတဲ့ အတွေ့ အကြုံ စတာတွေ တိုးတက်လာနိုင်တဲ့ ပွဲမျိုးမို့ သူများတော့မသိ။ ကျနော်တော့ ကိုယ်တိုင် လည်း ထစ်ကနဲရှိ လွှတ်ပစ်မယ်ဆိုတဲ့ အကျင့်ကြီးဖျောက်ပြီး တတ်နိုင်ရာလေး […]


ဇီဇီJuly 29, 20138min39626
  ပြီးခဲ့တဲ့ တစ်ပတ်က ဆိုက်ထဲသွားရင်း တွေ့လာတဲ့ ပွဲလေးတစ်ခုပေါ့။ ကျနော့ ဆိုက်က များသောအားဖြင့် ရှော့ပင်းစင်တာတွေမှာ ရှိတာ။ အပြန်ကျရင် သွားချင်ရာသွားးး ဝယ်ချင်ရာဝယ်ရုံပဲ။ ထားပါတော့။ အဲဒါ သွားရင်းလာရင်း အဲ့ဒီ နေရာ စုစုလေးကို မြင်လိုက်တာ အလုပ်ထဲကို အာရုံက မရတော့ဘူးးး။ ပြီးပြီ ဆိုတာနဲ့ တန်းပြေးတာ။ ပြေးသာ ပြေးရ ဖုန်းတစ်ခုပဲ ပါတာ။ အဲတော့ ဖုန်းကင်မလာလေးနဲ့ပဲ ကြိုးစားရိုက်ခဲ့တာပါ။ ကြည့်လိုက်ပါဦးနော်။   ဟို အရင် အာတီဒုံ ပို့(စ) မှာပြောဖူးတယ်ထင်ပါတယ်။ ဒီက ကျောင်းတွေမှာ ပရောဂျက်လေးတွေရှိရင် နေရာ အနှံ့က အိမ်တွေကို အိတ် (ဒါမှမဟုတ်) ပုံးလေးတွေ ကို ကျောင်းသားလေးတွေက လာထားလေ့ရှိပါတယ်။ အိမ်မှာ လည်း […]


KyaemonJune 30, 20133min1697
    ဆရာတော်ရဲ့ဘာသာပြန်ကဗျာလက်ရွေးစင်အချို့ကို ဆက်လက်ပြီးတင်ပြတာပါ၊ ——————           ———————-         ခရုခွန်အတုကိုဖန် (မှန်)နဲ့လုပ်ပေးပြီး၊”ပုံးလျှိုး”နေတဲ့ဝင်ကစွပ် ကိုလေ့လာကြတာ ၊     ပုံတွေကို ကလစ်လုပ်ပြီး ပုံကြီးနဲ့ကြည့်နိုင်၊ စာသားကဗျာ အချပ်ကိုလဲထပ်တူလုပ်နိုင်၊    


ဇီဇီJune 24, 20136min24747
ပီအက်(စ)အိုင် ၄၀ဝ တဲ့!! တမီး၊ တမီးလေ ……. နောက်ခါဆို……… – ခြင်ဆေးလည်း မထွန်းတော့ပါဘူး::: – ရေမွှေးနံ့ ပြင်းပြင်းမခံနိုင်တဲ့သူတွေကို ရွဲ့ပြီး ရေမွှေးတွေလည်း နင်းကန်မဆွတ်တော့ပါဘူး::::: – အမှိုက်တွေ မီးရှို့တာကိုလည်း အားမပေးတော့ပါဘူး::::: – ဆေးလိပ်မီးခိုးလောက်ကိုလည်း နှာခေါင်းမရှုံ့တော့ပါဘူး:::::::: – ဆိုက် ထဲက ဖုန်နံ့လောက်ကိုလည်း ဆွေ့ဆွေ့မခုန်တော့ပါဘူး::::::::: – ပွဲဈေးက မီးခိုးမှိုင်းကိုလည်း ဆန်းဆန်းတင့် မဖြစ်တော့ပါဘူး::::: တမီး နောင်တရပါပြီ။ ဤမှန်သော စကားကြောင့် စနေနေ့ ဓာတ်ပုံရိုက်ပြီးတာနဲ့ မီးခိုးတွေ ပျောက်သွားပါစေ။   (ဟီးဟီး။ သောကြာနေ့က စိတ်ပေါက်ပေါက်နဲ့ တင်တဲ့ စတေးတပ်ပေါ့။) . . စလုံးမှာ လေထုညစ်ညမ်းမှုတွေ မြင့်တက်နေတာ ဒီ တစ်ပတ်လုံးပဲ။ အင်ဒိုက တောမီးက […]


panpanJune 19, 20131min27527
နေ့လည်ထမင်းစားပြီးရုံးပေါ်ပြန်အတက် လမ်းမှာဓားမရောင်းတဲ့လူရယ်၊ ဘေးမှာလူတစ်ယောက်ရယ် ထိုင်နေတဲ့နားကဖြတ်အသွား၊ သူတို့ပြောနေတာနားစွန်နားစကြားလိုက်ရတယ်။ “အရင်တုန်းကတစ်နေ့လုံးမှ၇၀၀၊ ၈၀၀၊ ၁၀၀ဝပဲရတာ၊ လျှောက်ရတာနေပူစပ်ခါးကြီး၊ ဘယ်လိုလုပ်စားရမလဲ” ကြားသမျှ နားဝမှာမချမ်းသာ။ ခုတလော လမ်းချဲ့၊ ပလက်ဖောင်းပြင်တော့ လမ်းလျှောက်ရတာ ကပ်သီးကပ်သပ်ရယ်။ ရုံးဆင်းလမ်းလျှောက်နေတုန်း နံဘေးမှာမြေတူးနေတဲ့အလုပ်သ္မားတွေကိုတွေ့လိုက်ရတယ်။ ဖိနပ်မပါခြေဗလာနဲ့မြေတူးနေတာ၊ သေချာထပ်ကြည့်မိတော့ အလို၊ အောက်မှခဲလုံးတွေ ခဲလုံးတွေ။ ချွန်တာတွေရော လုံးတာတွေရော။ သူတို့ခြေဖဝါး မနာရှိရိုးလား။ လက်ကလည်း ပေါက်တူးကိုင်ပြီးပေါက်နေရတယ်။ မြင်သမျှ မျက်စေ့မချမ်းသာ။ ရုံးရှေ့လမ်းဘေးရောင်းတဲ့မုန့်တီအထမ်းသည်။ အိမ်မှာဟင်းရည်အိုးချက်မလာ။ ရောင်းတဲ့နေရာရောက်မှ ကပ်သီးကပ်သပ်ချက်တယ်။ ဆေးကြောဖို့ရေလုံလောက်ပါ့မလား။ လှီးတဲ့ဓားနဲ့ စဉ်းနှီတုံးကဆေးလည်းမဆေး၊ ထည့်မည့်အမယ်တွေကိုရော။ ဘုရား ဘုရား ရွှံ့အထပ်ထပ်ပေနေတဲ့ ထိုင်ခုံတွေကိုအပေါ်ဆုံးမှာတင်လာတယ်။ အောက်မှာစားမယ့်ပန်းကန်တွေ၊ ပိုဆိုးတာက အောက်မှနံနံပင်တွေ၊ ငရုပ်သီးတွေ၊ ဘာတွေ ညာတွေ။ တနေ့ကဝယ်စားလိုက်မိပြီ။ စားသမျှ ခံတွင်းမှာမသက်သာ။ ရုံးဆင်းချိန်ဆိုတော့ ဒီလိုပဲကားကျပ်တာပါပဲ။ […]


Wai Aung Chan MyoJune 11, 20131min2356
“Plant never eat, but they drink” ဆိုတဲ့ စကားအတိုင်း အပင်တွေဟာ အစိုင်အခဲတွေကို မစားနိုင်ပါဘူး။ ရေသောက်မြစ်၊ အစာသောက်မြစ်တွေကတဆင့်သော်၎င်း၊ အရွက်တွေမှာ အဓိကရှိတဲ့ stoma လို့ခေါ်တဲ့ အပေါက်တွေက တဆင့်သော်၎င်း အပင်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို စုပ်ယူပါတယ်။ (မှတ်ချက်၊ အရွက်မျက်နှာပြင် အပေါ်နဲ့အောက်မတူတဲ့ အရွက်များအတွက် အောက်မျက်နှာပြင်မှာ stoma အပေါက်တွေ ၉၅%ရှိပြီး အပေါ်မျက်နှာပြင်မှာ ၃%နဲ့ အပင်ရဲ့ကျန်နေရာများမှာ ၂%ရှိပါတယ်။ သစ်မွှေးဟာ အပေါ်နဲ့အောက် မျက်နှာပြင် မတူညီတဲ့အတွက် ရွက်ဖြန်ဆေးဖြန်းရာမှာ အောက်မျက်နှာပြင်ကို ဖြန်းမှသာ ပိုထိရောက်ပါတယ်။) ဒီတော့ အရည်ပဲ သောက်သုံးနိုင်တဲ့ အပင်တွေကို နောက်ချေးကဲ့သို့သော အစိုင်အခဲ မြေဩဇာများကို ကျွေးရာမှာ အဓိက သတိပြုသင့်တာကတော့ ရေများများလောင်းပေးဖို့ပါပဲ။ ဒါမှ […]


Wai Aung Chan MyoMay 11, 20131min2357
  ဒိုချက်ကင်သည် ဂျပန်စကားဖြစ်ပြီး မှိုနှင့် ဒေသခံအဏုဇီဝပိုးများမွေးမြူပြီး သဘာဝမြေဆွေးပြုလုပ်ခြင်းဖြစ်သည်။ ပြုလုပ်နည်း ပထမအဆင့်မှာ- ၁။ သစ်ရွက်၊ ဝါးရွက်အောက်မှ ဆွေးမြေ့နေသောမြေဆွေးများကို အပေါ်ယံ ၄၊ ၅လက်မခန့် ဂေါ်ဖြင့် ပြည်တောင်း ၁ဝတောင်းခန့်ယူပါ။ (အထူးသဖြင့် ဝါးရွက်အောက်ကမြေဆွေး ဆိုလျှင် ပိုကောင်းသည်။ ဝါးရွက်သည် အင်မတန်မာသဖြင့် ဝါးရွက်ကိုတောင် ဆွေးအောင် ပြုလုပ်နိုင်သော အဏုဇီဝသည် အခြားအရာများကိုလည်း လွယ်လင့်တကူ ဆွေးမြေ့စေသည်။) မိုးရေမတိုက်စားစေရန် ကုန်းမြင့်မြင့်တွင် ပြုလုပ်ရန်လိုသည်။ ၂။ တချိန်တည်းမှာပင် ကြံသကာအညို၊ သို့မဟုတ် ထန်းလျက်အညိုကြမ်း ၆ဝကျပ်သားခန့်ကို အရည်ပျစ်ပျစ်ကြိုကာ အအေးခံထားပြီး ရေ ၄ဂါလံဖြင့်ရောမွှေထားပါ။ ၃။ ထို့နောက်ဖွဲနု (ဝါးရွက်မြေးဆွေး၏ ၅ပုံ ၁ပုံ) (၂တောင်း)ခန့်ကို ဝါးရွက်ဆွေးအောက်ကမြေဆွေးနှင့် ရောပြီး ကြံသကာရည်အရောကို မနည်းလွန်းမများလွန်း လက်ဖြင့်ဆုပ်လုံး၍ရရုံ […]


Wai Aung Chan MyoMay 11, 20131min3092
  ဘိုကာရှီ သဘာဝမြေဩဇာဆိုသည်မှာ သဘာဝကုန်ကြမ်းများကို ၎င်းတို့ပါဝင်သည့် NPK ပါဝင်မှုများအလိုက် အချိုးညီ ပြုလုပ်ထားသော သဘာဝမြေဩဇာဖြစ်သည်။ အပင်များသို့ ဘိုကာရှီကျွေးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများမှာ ၁။ ပင်စည်၊ အကိုင်းအခတ်၊ အရွက် စသည် ဖွံ့ဖြိုးတိုးပွားမှုမြန်စေခြင်း။ ၂။ အဖူး၊ အပွင့်၊ အသီး များ ကြွေကျမှုနည်းစေခြင်း (အသီးဖြစ်ထွန်းမှု အားကောင်းစေခြင်း) ၃။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ ကောင်းမွန်သောအရသာ၊ အရည်အသွေးမြင့်မားစေခြင်း။ ၄။ အပင်များ ကျန်းမာသန်စွမ်းစေနိုင်ခြင်း။ ၅။ အဖျက်ပိုး၊ ရောဂါပိုးတို့၏ တိုက်ခိုက်မှုဒဏ်ကိုလည်း ခုခံကာကွယ်နိုင်စွမ်းရည်မြင့်စေခြင်း။ ၆။ မြေကြီးအတွင်း Organic Matter တိုးပွားလာစေသဖြင့် ၎င်းကို မှီတင်းနေထိုင်ကြသော အပင်အကျိုးပြု အဏုဇီဝပိုးများ တိုးပွားလာကာ အပင်အတွက်လိုအပ်သော အစာအဟာရဓာတ်ကို ပေါများကြွယ်ဝစေခြင်း။ ၇။ […]