jaryittAugust 26, 20111min20813
အွန်လိုင်းပေါ်မှာ အဟဲ နဲနဲပါးပါး ရေတတ်လာ ပြောတတ်လာတော့ မြင်ရကြားရတာ မတော်မတဲ့တာလေးတွေ တွေ့ရတော့ ဝင်ဝင်ပြီးပြောချင်လာတယ်…။ ဒီတစ်ခါ ပြောမှာကတော့ အများအကျိုးကို ရှေးရှု့ပြီး ပြောမှာဖြစ်တဲ့ အတွက် အနာရှိတဲ့ လက်တွေတော့ စပ်ပါလိမ့်မယ်..။ ဒါပေမဲ့ မျက်စေ့ ရှေ့ ဖြစ်နေတာ ကြားနေရတာဆိုတော့…။ ဖြစ်ပုံက ဒီလို ….။ တစ်မနက် ဂျာရစ် အိပ်ယာက နိုးတော့ ဂျာရစ်ရဲ့ တူမ ကျောင်းဆရာမ သူ့သူငယ်ချင်း လုပ်ဖော်ကိုင်ဘက် ဆရာမတစ်ယောက်နဲ့ အိမ်ကိုရောက်လာပါတယ်..။ သူမရဲ့ ဦးရီးတော်ထံ အကြံဉာဏ်လာတောင်းတာပါ..။ အကြံဉာဏ်တောင်းတယ်ဆိုတာထက် ခံစားနေရတာကို မျှဝေခံစားလို့ ပေါ့သွားအောင် ရင်လာဖွင့်တာပါ…။ ဂျာရစ်တို့ တွေက ဒီလိုပဲ …။တစ်ယောက်ယောက်က ရင်ထဲမှာ ကျပ်တည်း ခံစားလာရပြီဆိုရင် အကြံဉာဏ်လေးပေးပါဦးဆိုပြီး ရင်ဖွင့်တတ်ကြတယ်…။ အလုပ်မရှိတဲ့ […]


kaiAugust 25, 20111min59868
စာရှာဖတ်နည်း ၁) ပို့စ်အောက်ဆုံးနားမှာ Related posts: ဆိုတာရှိပြီး..အဲဒီကနေ တင်ထားတဲ့ပို့စ်နဲ့ သက်ဆိုင်တာတွေရှာဖတ်နိုင်ပါတယ်..။ ၂) အပေါ်ခေါင်းစဉ်( Title)အောက်ကပ်ရက်မှာ.. Posted by xxxxx on Aug 23, 2011 in Aung San/Aung San Suu Kyi, History | xx comments ရှိပြီ.. အဲဒီက.. Category > Aung San/Aung San Suu Kyi ကို ကလစ်လုပ်.. ဆိုင်တဲ့ Category အောက်ကစာတွေရွေးဖတ်နိုင်ပါတယ်..။ ၃) စာရေးသူအကြောင်း (About xxxxxx) အောက်နားလေးမှာ View all posts by xxxxxxx →ဆိုတာကို ကလစ်လုပ်ပြီး အဲဒီစာရေးသူတဦးထဲက […]


ရွှေအိမ်စည်August 24, 20111min1043
ကာယ ့ကျင့်ခန်းတွေ အရမ်းလုပ်ခိုင်းတဲ ့ ကာယဆရာ ပြောင်းသွားတော့ အားလုံးထက် ကျွန်တော်က ပိုပြီး ဝမ်းသာခဲ ့ပါတယ်..။ ကျနော်က သူများလို ပြေးပြေးလွှားလွှား လည်းသိပ်မလုပ်နိုင်လို ့ပါ..။ ဆရာရဲ ့နေရာမှာ ပုံပြောကောင်းတဲ ့ဆရာမ အစားသစ် ရောက်လာခဲ ့တယ်။ ဆရာမအသစ်ဟာ..ကာယချိန်မှာ ကျွန်တော်တို ့ကို လေ ့ကျင့်ခန်း တခါတရံ မှာပဲ လုပ်ရပြီး ပုံပြင်တွေ ဘဲ ပြောပြနေပါတယ်။ ကစားချင်တဲ ့သူတွေ ရှိပေမဲ ့..ဆရာမရဲ ့စုန်း ၊ တစေ၊ သရဲပုံပြင ်တွေကြောင့် တစ်တန်းလုံး တိတ်ဆိတ်ပြီး နားထောင် နေကြပါတယ်။ ကျွန်နော့် အနေနဲ ့ကတော့..ကျွန်တော်တခါမှမကြားဘူးတဲ ့ပုံပြင်တွေ မို ့လို ့ပိုလို ့စိတ်ဝင်စားပါတယ်..။ […]


မောင် ပေAugust 23, 20111min23713
ဒီနေ ့ကျွန်တော် သိခဲ့ရတဲ့ ခုမ့် အကြောင်း ကို ပြောပြချင်ပါတယ် ။ အပေါ်က ပုံလေး က ကျောက်စိမ်းတုံး ပုံပေါ့ ၊ သူ ့ကို ဖြတ်ထားတဲ့ သဘော ပါ ။  ပုံ မှာ ပါသလို ပါပဲ ..။ အပေါ် ဆုံး က အခွံ ရှိပါတယ် အခွံရဲ  ့အောက်မှာ ခုမ့် ရှိပါတယ် ။ ခုမ့် ရဲ  ့အောက်မှာ အသား ရှိပါတယ် ။ အရည် ဆိုတာ အသားထဲ မှာ ရှိတဲ့ ဟာပါ ။ အရောင်ပေါ့ ။ ခုမ့် ဆိုတာ အခွံ နဲ  ့အနှစ် […]


ရွှေအိမ်စည်August 22, 20111min28119
လမ်းဆိုတာ တစ်လမ်းတည်း ဘယ်တော့မှ မရှိပါဘူး။ လူဆိုတာ ကိုယ်သွားနေကြလမ်းကို ပဲ ပုံမှန်အတိုင်းသွားတတ်ကြတာ ထုံးစံပါပဲ။ တစ်ခါတစ်လေတော့လည်း လမ်းသစ်တွေကို ရှာဖွေတတ်ကြပါတယ်။ လမ်းသစ်တွေကို မတွေ့ခင်အထိတော့ ကိုယ်သွားနေကြ လမ်းက ကိုယ့်အတွက် အကောင်းဆုံးလို့ ထင်ကြမှာပါပဲ။ လမ်းသစ်ကို ရှာတယ်ဆိုတာကလည်း စွန့်စားရတဲ့ အလုပ်တစ်ခုဆိုတော့ တော်ရုံလူက မလုပ်ချင်ကြပါဘူး။ ဒီလိုပဲ ကျွန်တော်တို့ လူ့ဘဝမှာ ကိုယ်သွားနေကြလမ်းဟောင်းကြီးကိုပဲ အမြစ်တွယ်ပြီး သွားနေကြတဲ့ လူတွေ အများကြီးရှိကြမှာပါ။ ကိုယ်သွားနေကြလမ်းမှာ အခြား သွားလို့ ရနိုင်တဲ့ ပန်းတိုင်ကို ပိုပြီး ချောမွေ့စွာ ရောက်နိုင်တဲ့ လမ်းတွေ အများကြီး ရှိနိုင်မှာပါပဲ။ ဒါပေမယ့် အချိန်မပေးနိုင်တာ၊ အခက်အခဲဖြစ်မှာကို ကြောက်တာကြောင့် လမ်းသစ်ကို မရှာဖွေ ဖြစ်ကြတဲ့ လူတွေ အများကြီး ရှိကြမယ်လို့ ထင်ပါတယ်။ […]


True AnswerAugust 20, 20111min1144
သန်လျင်သဘာဝရိပ်သာဆရာတော် ဦးဥတ္တမသာရ (ဆူနာမီဆရာတော်) လမ်းညွှန်သင်ပြပေးသော လောကီ၊ လောကုတ္တရာ ကောင်းကျိုးအတွက် တိုက်ရိုက်ကျေးဇူးပြုမည့် မှန်ကန်တဲ့နားလည်မှု ကို ဖြစ်စေသော အနတ္တအဆုံးအမများ (၁-၂၀၁၁) ကို ebook အဖြစ် ဖန်တီးလျှက် ဓမ္မဒါန တင်ပြအပ်ပါသည်။ အနတ္တအဆုံးအမများ သည် လောကီ ဘဝအမော၊ အခက်အခဲ ပြဿနာများ ဖြေရှင်းနိုင်ရေး အတွက်ရော…..မဂ်ဉာဏ်-ဖိုလ်ဉာဏ်ကို ကျေးဇူးပြုမည့် တရားနှလုံးသွင်းမှုအတွက်ပါ အသုံးချရုံ အသုံးချရမည့် (မှန်ကန်တဲ့နားလည်မှု ဖြစ်ပေါ်ရေး) လမ်းညွှန်အဆုံးအမများဖြစ်သဖြင့် တကယ်လက်တွေ့ နားလည်-နှလုံးသွင်းတတ်စေရန် အဖန်ဖန် နှလုံးသွင်း လေ့ကျင့်ဖို့ လိုအပ်ကြောင်း လေးစားစွာ အကြုံပြုအပ်ပါသည်။ ebook ကို ဒေါင်းလုပ်ပြုရန်လင့် http://www.mediafire.com/?7m0okherbjlbtqa


ကျနော်လေ့လာမိသလောက် ( ကျနော်အမြင်ပါ) လူတစ်ယောက်ရဲံ.ဘဝမှာ ပညာဆိုတာ  သစ်ပင်တစ်ပင်နဲ. နိုင်းယှဉ်မယ်ဆိုရင် ရေသောက်မြစ်ပါပဲ။  ရေသောက်မြစ်ကောင်းမှ ပင်စည်ကောင်းမယ်၊ ပင်စည်ကောင်းမှ အခက်အလက်ဝေဖြာမယ်၊ အခက်အလက်ဝေဖြာမှ အရိပ်ခိုသူတွေအတွက် အေးမြသလို  သူကိုယ်တိုင်လဲ တည်ငြိမ်စွာရပ်တည်နိုင်ပါလိမ်.မယ်။  ပညာဆိုတဲ.နေရာမှာ ဘွဲ.ရမှ ဆယ်တန်းအောင်မှ ဆိုတဲ. ပညတ်ချက်တွေမဟုတ်ပဲ အသိပညာ ၊အတတ်ပညာ ၊ တွေးခေါ်မှုကအစ ထီးပြင် ၊ဖိနပ်ချူပ်၊ ဈေးရောင်း အထိ အားလုံက ပညာဆိုတဲ. အထဲမှာအကြုံးဝင်တယ်လို. ကျနော်ခံစားမိပါတယ်။ လောလောဆယ် ကျနော်တို့တိုင်းပြည်နဲ. အနီးစပ်ဆုံး ပညာရေးဆိုတာ လေ.လာကြည်.ရင် ၁။ အခြေခံပညာရေး (မူလတန်း မှ အထက်တန်းအထိ) ၂။အဆင်.မြင့် ပညာရေး (ဘွဲ.ကြို၊ ဘွဲ.ရ ) ၃။ သက်တမ်းလွန်ပညာရေး (ပညာ တစ်ပိုင်းတစ်စနဲ. ကျောင်းထွက်ရသည်.လူငယ်များ ) […]


NAJAAugust 5, 20111min51527
“သားရယ် ကျောင်းမြန်မြန်ပြီးအောင်လုပ်ပါကွယ် ဆရာဝန်ဖြစ်ရင် ထမင်းမငတ်တော့ဘူး ဂုဏ်သိက္ခာဆိုတာလဲတိုင်းတာလို ့မရဘူး ” ဟု  စာမေးပွဲတဖုန်းဖုန်းကျနေသော ဆေးကျောင်းသားကြီး ကျွန်တော်အား အမေပြောလေ့ရှိသော စကားများဖြစ်သည်။ ကျွန်တော်သည် ငယ်စဉ်က ကြီးလျှင် ဆရာဝန်လုပ်မည်ဟူသောရည်မှန်းချက် မထားခဲ့ဖူးပါ။ သို ့ရာတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အမှတ်ကောင်းကောင်းရခဲ့သောအခါ မိဘများအလိုကျ ဆေးကျောင်းသားတစ်ဦး ဖြစ်လာခဲ့ရသည်။ အစပထမတွင် ကျွန်တော်သည် ဆေးတက္ကသိုလ်ကျောင်းတော်သား ဖြစ်ခွင့်ရသည်ကို အများနည်းတူ အလွန်အင်မတန် ဂုဏ်ယူခဲ့သည်။  အသိုင်းအဝိုင်းကြားတွင် မျက်နှာသာပေးခံရမှု၊ မိဘများ၏ ပီတိဖြင့်ဂုဏ်ယူနေမှု တို ့ကြောင့် ကျေနပ်စရာနေ ့ရက်များဖြစ်ခဲ့သည်။ သို ့သော်စာမေးပွဲ အကြိမ်ကြိမ်ကျလေသောအခါ မိသားစုအတွင်း ဆည်းလည်းသံ တဖြည်းဖြည်းပျောက်ကွယ်ကာ အထက်ပါစကားစုသည်လည်း အမေ၏ လက်သုံးဆုံးမစကား ဖြစ်လာခဲ့သည်။ ယခုအခါ အနည်းငယ်မျှသိသောအသိကလေးဖြင့် မိမိကိုယ်ကိုမိမိ သုံးသပ်ကြည့်သောအခါ ကျွန်တော်သည် […]


ကျမသိပါရစေ မြန်မာနိုင်ငံ၊ ရန်ကုန်မြိ ု ့တော်ရှိ တစ်ခုသောစာသင်ကျောင်း တစ်ကျောင်းတွင် ယနေ ့စာမေးပွဲတစ်ရပ် ပြု လုပ်မည်ဖြစ်သည်။ ကျောင်း တစ်ကျောင်းတွင် စာမေးပွဲ ကျင်းပသည်မှာ အထူးအဆန်းမဟုတ်သော်လည်း ယနေ ့ပြုလုပ်မည့် စာမေးပွဲနှင့် ပက်သက်၍ မူ ကျောင်းသည်သိသာထူးခြား၍ နေသည်။ ထိုကျောင်းမှကလေးများတဖွဲဖွဲ ဝင်လာနေစဉ် ဆရာများမှာ ဟိုနားစုစ၊ု သည်နားစုစုဖြင့် တိုးတိုးကြိတ်ကြိတ်ပြောဆိုလျက်ရှိကြသည်။ ရံဖန်ရံခါ ကျောင်းအဝင်လမ်းဆီသို ့လည်းလှမ်းကြည့်ကြ၏ ။ “ကျောင်းအုပ်ကြီးက ဒီကိစ္စကို လက်ခံဖို ့မကောင်းဘူးဗျာ” ဟု ဆရာတစ်ယောက်ကဆိုသည်။ “ဒါကတော့ ဝန်ကြီးကိုယ်တိုင်ရဲ ့ခွင့်ပြုချက်လေဗျာ။ ဘယ်တတ်နိုုင်မလဲ ” ဟု နောက်ဆရာတစ်ယောက်က သက်ပြင်းချသည် ။ ထိုစဉ် အလုပ်ဝင်သည်မှာ မကြာသေးသော ဆရာငယ်လေးတစ်ယောက် ရောက်လာကာ ဟိုဟိုသည်သည် ြကြည့်ပြီးမေးလိုက်၏ […]


မြန်မာပြည်တဲ.။ နှစ်ပေါင်းထောင်နဲ.ချီပြီးရပ်တည်ခဲ့တဲ့ ကျနော်တို့ နိုင်ငံ..။အရာရာဟာ အောက်ကျနောက်ကျဖြစ်နေပါလားလို.တွေးမိတိုင်း ကျနော် ဘယ်သူ.ကိုအြပြစ်ပြောရမယ်မသိ..။ သေချာတာက ကျနော်တို. ညံ့တာလဲ ပါပါလိမ်.မယ်။ ဒီလောက် ရေနံ၊ တွင်းထွက် ၊ ရေထွက်ပစ္စည်း၊ မြေလွတ်မြေရိုင်း ။သစ်တောထွက်၊  ပေါင်းစုံတဲ. သဘာဝ သယံဇာတတွေ ပေါကြွယ်ဝတဲ့ ကျနော်တို. နေတဲ. နိုင်ငံ… ပြည်သူတွေ ဘာကြေင်.များ ဆင်းရဲတွင်း နက်နေရတာလဲဗျာ..။ ဘာကြေင်. နိုင်ငံတကာ (ဆောရီး.. အာရှမှာတောင် မျက်နှာ ငယ်ရပါတယ်)  မယှည်နိုင်ရတာလဲ။ ဘာမှ သယံဇာတ မရှိတဲ. တိုင်းပြည်တွေတောင် ချမ်းသာ နေကြတာ မျက်မြင်ပဲလေ… ကျနော်တို. ဘာတွေမှားနေကြတာလဲ.. ဘာတွေများလို.နေကြတာလဲ ကျနော်မတွေးတတ်တော.ဘူး…..။ ပညာရေးတဲ.  မူလတန်း အလယ်တန်း မှကတည်းက ကျူရှင်ထားမှ အောင်တဲ.စနစ်… ငွေပုံအောမှ ထူးချွန်မယ် […]


wailynnooJuly 30, 20111min1431
ကျွန်တော်တို့ရဲ့ wordpress blog အတွက် user တွေ ရှာရလွယ်အောင်နဲ့ search engin traffic တွေ ranking တွေမြင့်တက်လာဖို့အတွက် site map ကောင်းကောင်းလေး တစ်ခုလောက် ဖန်တီးကြည့်ကြ ရအောင်။ ရနိုင်သောအကျိုးကျေးဇူး ၁. user တွေသူတို့လိုချင်တဲ့ post တွေကိုလွယ်ကူလျှင်မြန်စွာ ရှာဖွေနိုင်ပါတယ်။ ၂. ဒီ blog ဟာဘာအကြောင်း အရာကိုအဓိကထားတင်ပြတယ် ဆိုတာကို လွယ်လွယ်ကူကူသိရှိနိုင်ပါတယ်။ ၃. search engine တွေအတွက် ရှာဖွေရလွယ်ကူစေပါတယ်။


P zerJuly 23, 20111min820
ရွာထဲမှာ ကျန်းမာရေးနဲ. ပတ်သက်တဲ. ဗဟုသုတ ရစရာလေးတွေ ဖတ်ရတော. အလွန်ပဲ ကျေနပ်မိပါတယ်။  ဒါကြောင်.  ကျမလဲ ကိုယ်တတ်စွမ်းသလောက်နဲ.  အားလုံးကို ဗဟုသုတ အဖြစ် ဖြန်.ဝေပေးချင်တာကြာင်. ဒီ  Post  လေးရေး ဖြစ်ပါတယ်.. ကျမဆေးခန်းထိုင်တိုင်း တွေ.ရတာလေးတခုက လူနာတော်တော်များများက သွားတော.တိုက်ကြပါတယ်. ဒါပေမဲ. စနစ်မှန် သွားတိုက်နည်းကိုတော. သိကြသူ နည်းပါတယ်.. သွားတိုက်ဖို. ပထမဦးဆုံး သင်.တော်တဲ. သွားပွတ်တံ တစ်ချောင်းလို ပါမယ်.. သွားပွတ်တံရဲ. ထိပ်ဟာ ဘဲဥပုံ (  oval shape )  ဖြစ်သင်.ပါတယ် (ဒါမှ အံသွားတွေရဲ. အဆုံးနေရာထိ သန်.ရှင်းရေးလုပ်နိုင်ပါမယ်) ။ သွားပွတ်တံရဲ. အမွေးအမျှင်တွေဟာ နူးညံ.ရပါမယ်.. သွားတိုက်ဆေးမှာ ဖလူအိုရိုက်  ( Fluoride )  […]