ဦးအောင်တို့ငယ်ငယ်တုန်းက – ၄ ကို ဂုံညင်းဒိုးကစားနည်းကို ပုံနှင့်တကွ ကိုယ်တိုင်ပြချင်တာပါ။ ပိတ်ရက်မှ မှတ်တမ်းတင်ရမှာမို့  အဲ့ဒါမတင်ခင် ဒီပို့စ်လေးကို တင်ဖြစ်တာပါ။ အကြော်စုံ ၊ ဒုတ်ထိုးနဲ့ အကင်အမျိုးမျိုးတို့မှာ အချဉ်ရည်ဟာ မပါမဖြစ် အရာပါ။ Sauce လို့လည်း ခေါ်ကြမှာပေါ့။ အရင်တုန်းကတော့ ကျတော်ဟာ အချဉ်ရည်ဆိုရင် ချဉ်ငံစပ်မှ သဘောကျတာပါ။ နောက်ပိုင်း အနည်းငယ်သိလာ ရတာက အချဉ်ရည်ဟာ သူ့နေရာနဲ့ သူအမျိုးမျိုးတော့ရှိကြပါတယ်။ အခုတော့ ကျတော် တတ်သလောက် မှတ်သလောက် သိသလောက် အချဉ်ရည်တွေကို ပြောပြပေးသွားပါ့မယ်။   ဝက်သေားဒုတ်တိုး (သို့) ဒုတ်ထိုးအချဉ်ရည် ဒုတ်ထိုးအချဉ်ရည်ဆိုရင်တော့ ပျစ်ပျစ်ဖျော်တာ အကောင်းဆုံးပါပဲ။  ဒုတ်ထိုးစားသူများဟာ ဒုတ်ထိုးစားရင်း အချဉ်ရည်ရဲ့အရသာကိုပါ အရသာခံ တာကြောင့်ပါ။ ဝက်သားဒုတ်ထိုး ၊ အသားတု […]


ဇီဇီApril 27, 20155min95977
အားတော့ နာတယ်။ အမျိုးသားတွေ အတွက်ရေးတာမဟုတ်လို့ မဖတ်သင့်ဘူးလို့။ ဟေ့ဟေ့။ 😈 ရှက်ကိုးရှက်ကန်းနဲ့ ပြန်ထွက်မသွားနဲ့လေ။ အဟီးဟီးးး မနောက်တော့ပါဘူးးး အတည်ပြောမို့။ အတွင်းပစ္စည်း တွေထဲကတစ်ခုဖြစ်တဲ့ ဘရာ အကြောင်း သိကောင်းစရာများပေါ့ဗျာ။ အမှန်က အမျိုးသမီးတွေ အတွက် ရည်ရွယ်တာပါ။ ဒါပေမဲ့ အမျိုးသားများလည်း ဝင်ဖတ်နိုင်တဲ့ အတွက် ကွက်ကွက်ကွင်းကွင်း ပုံတွေ ဘာတွေနဲ့ မပြတော့ပါဘူးးး 😳 ၁၀ဝမှာ အမျိုးသမီး ၈ဝ လောက်က ကိုယ်နဲ့ ကိုက်တဲ့ ဘရာကို မှန်ကန်အောင် မရွေးချယ်နိုင်ဘူး ပြောကြတယ်။ (Evil Marketer) အီးဘဲ မာကက်တာတွေ ပဲ နေမှာပေါ့ဗျာ။ :boss: ကျနော်တို့ ဘယ်လောက် မှားထားလဲ မှန်နိုင်မလဲ ကြည့်ကြတာပေါ့။ ~~~~~~~~~ အရင်ဆုံး ဘရာ […]


ဇီဇီApril 22, 20153min91948
ကင်းကောင်လေးနဲ့ စကားစပ်မိရင်းက အူသန့်စင်နည်း အကြောင်းရောက်သွားတာနဲ့…… ခုတလော အူဆေးတယ်၊ အစာအိမ်ဆေးတယ် ဆိုတာ ခေတ်စားနေလို့ နည်းနည်းပွါးချင်ပါတယ်။ စလုံးမှာ လွန်ခဲ့တဲ့ ၅ နှစ်လောက်က Detoxing စ ခေတ်စားတော့ ကလင်းနစ်အမျိုးမျိုးကနေ ပြီး သူတို့ ရဲ့ ကိုယ်ပိုင်နည်းတွေ ကိုယ်ပိုင်ဆေးတွေ ကိုယ်ပိုင် လမ်းညွှန်မှုတွေနဲ့ အပြိုင်သဘောမျိုးကို လုပ်ကြတာပါ။ အဲဒီကနေ ဘယ်လိုဖြစ်ပြီး ဝိတ်ချနည်းတွေ ဖြစ်သွားတုန်းတော့ မသိဘူးးး :kwi: ဆိုတော့၊ ၂ ပိုင်းခွဲပြောချင်ပါတယ်။ ၁) Detoxing (ဒီ ပို့(စ) မှာ ပြောပါ့မယ်) ၂) ဝိတ်ချခြင်းး (နောက် ကြုံမှပဲ) :kwi: Detoxing ရဲ့ ရည်ရွယ်ချက်က ကျနော်တို့က အစားစုံစား သတ္တဝါ/လူတွေမို့ စားလိုက်တဲ့ အစားအစာထဲက […]


ဇီဇီApril 20, 20152min35729
ဟေးဟေးးး ပူတင်း မျိုးစုံကို မွမွအိ ဆီကနေ တူးထားလို့ ဒီ ခေါင်းစဉ်ဖြစ်သွားတယ်။ :chit: သတင်းစာ အတွက် စု ရင်း … မွအိ ဆီက ၄ မျိုး၊ မွဝေ ဆီ က တစ်မျိုး၊ ရွှေပုံ့ ရေးထားတာလေး ရှာလို့ ရတာ တစ်မျိုးမို့  စုလိုက်တယ်။ :sar: ~~~~~~~~~~~~~~~~~~~~~~~~~ 1) အက်တက် ကြက်ဥပူတင်းမုန့်…( Egg Tarts )- Ma Ei   (https://myanmargazette.net/186774) ချစ်စရာလဲကောင်း၊အရသာလဲရှိတဲ့ မုန့်ကလေးကို စားခဲ့ရလို့ စိတ်ဝင်စားပြီး မီနူးကိုကြည့်လိုက်တော့ အက်တက် ကြက်ဥမုန့်ပါတဲ့… ဝါသနာအရ မုန့်လုပ်ကြည့်ချင်တာမို့ ပြုလုပ်နည်းကို ရှာဖွေတဲ့အခါမှာ ပုံစံတူ အမျိုးမျိုးကိုတွေ့ရပါတယ်… အချိုးအစားတွေလဲ တစ်မျိုးနဲ့တစ်မျိုး […]


koyin sithuApril 18, 20151min41622
မိုက်ကရိုဆော့ဖ်ဆိုရင် ခေတ်မီသူတိုင်း သိကြတယ်။ ကမ႓ာကျော် ဆော့ဝဲကုမ္ပဏီကြီးကို ပူးတွဲ တည်ထောင်သူ ဘီလ် ဂိတ်စ်ဟာ ကမ႓ာ့အချမ်းသာဆုံး ဘီလျံနာသူဌေးကြီး ဖြစ်သလို မိုက်ကရိုဆော့ဖ် ကုမ္ပဏီဝန်ထမ်းတွေဟာလည်း ၅ ယောက်မှာ တစ်ယောက်က မီလျံနာ ဖြစ်ပါတယ်။ ကြည့်ရတာ အပေါက်စောင့် ဒလဝမ်တွေ၊ သန့်ရှင်းရေးအလုပ်သမားတွေကလွဲရင် မိုက်ကရိုဆော့ဖ်မှာ အလုပ်လုပ်သူတိုင်း ဝင်ငွေကောင်းတဲ့ သူဌေးတွေချည်းပဲပေါ့။ ဒီလိုဆိုတော့၊ မိုက်ကရိုဆော့ဖ်မှာ အလုပ်ရချင်သူတွေ ကြိတ်ကြိတ်တိုးနေတာ ဘာမှမဆန်းဘူး။ အလုပ်တစ်နေရာကို ရာထောင်ချီပြီး လျှောက်လွှာတင်ကြတယ်။ ဒီအထဲက အတော်ဆုံးလူတွေကို လက်ရွေးစင် ခေါင်းခေါက်ရွေးတဲ့ စာမေးပွဲမှာ မိုက်ကရိုဆော့ဖ်က ပေါက်တတ်ကရ မေးခွန်းတွေ မေးလေ့ရှိတာ နာမည်ကျော်သတဲ့။ (၁) မြေအောက်ရေမြောင်း၏ လူဝင်ပေါက် manhole သံပြားအဖုံးများကို မည်သည့်အကြောင်းကြောင့် အဝိုင်းပုံစံများသာ သုံးသနည်း။ (၂) နယူးယောက်မှ […]


နယ်ပြန်ပြီး ကြာကြာနေဖြစ်တော့ ပြောစရာတွေ တစ်ပုံကြီး ရလာပြန်ရော။ အိမ်ကအကြောင်းတွေရော၊ မြို့နဲ့ပတ်သက်တဲ့ အကြောင်းတွေရောပေါ့။ အခုက မြို့နဲ့ပတ်သက်တာလေး ပြောချင်တာ။ ကိုယ့်စိတ်ကူးလေးကို တိုင်ပင်ချင်တာကြောင့်လည်း ပါတာပေါ့။ အိမ်ပြန်တော့ မီးဖိုချောင်ဝင်ဖြစ်တယ်ပေါ့။ မီးဖိုချောင်ဝင်တိုင်း အဓိက ပြဿနာက မီးဖိုပဲ။ အိမ်မှာက မီးအားသိပ်မကောင်းတော့ လျှပ်စစ်ပစ္စည်းတွေက သိပ်မသုံးမဝင်ဘူး။ မနက်စောစောနဲ့ ညပိုင်းလောက်ပဲ သုံးလို့ရတယ်။ ဒီတော့ အိမ်နားဝန်းကျင်အတော်များများက ထင်းပဲ သုံးကြတယ်။ ကိုယ်က ထင်းနဲ့ မီးမမွှေးတတ်ဘူး။ ထင်းလည်း မဆိုင်တတ်ဘူး။ သမီးယောက်မဆိုင် ဆိုင်ရတယ်တဲ့။ ကန့်လန့်ဆိုင်ရတယ်ပေါ့နော်။ (ကိုယ်ကတော့ ယောက်မနဲ့ တည့်အောင်နေမှာပါ… အဟိ…) ဘယ်လိုပဲ သင်ပေးသင်ပေး မီးခိုးမွှန်ပြီး ထွက်ပြေးရတာချည်းပဲ။ အဲဒီတော့ ကိုယ်ဟင်းချက်ရင် တစ်ယောက်က မီးထိုးပေးရတယ်။ (အလဲ့.. အဆင့်မြင့်တယ်နော်)။ သစ်ပင်ကို နှမြောတတ်တဲ့သူဆိုတော့ […]


ဇီဇီMarch 23, 20155min99051
      မြီးရှည် ဆိုတာ မန်းလေးမှာ မုန့်တီ နဲ့ ရှမ်းခေါက်ဆွဲပြီးရင် တတိယနေရာလိုက်တဲ့ထိ နာမည်ကြီးပါတယ်။ မန်းလေး မြီးရှည်… မိုးကုတ်မြီးရှည်… ကျိုင်းတုံမြီးရှည်… မိုင်းသာမြီးရှည်.. စသည်ဖြင့် ဒေသအလိုက်မြီးရှည်တွေကလည်းရှိသေးရဲ့။ ဆိုတော့ ကြိုက်တတ်ရင် မြီးရှည်သည်လည်း စိတ်ရှည်လက်ရှည် လုပ်စားပျော်ပါကြောင်းးး… :sar: ~~~~~~~~~~~~~ ပထမဆုံး တင်ပြ (အဲလေ) ပြောပြချင်တဲ့ မြီးရှည်ကတော့ ကေဇီ အမြီးရှည် ဖြစ်ပါဒီ၊. ဒီ နည်းကို မနှစ်က လာတဲ့ အမေနဲ့ အဒေါ်ထံမှ လက်ပူးလက်ကြပ် သင်ယူထားတာမို့ စိတ်ချလက်ချ စားနိုင်ပါကြောင်း သဒင်းဂေါင်းပေးလိုက်ပါဒီ။ ဟိဟိ.. :k: မိုးကုတ်- မန်းလေးဖက်စပ် မြီးရှည် . မုန့်ဖတ် – (တစ်မျိုးမဟုတ် တစ်မျိုး) ၁) […]


ဇီဇီMarch 16, 20152min54047
  အကို့ မိန်းမ – မရီး အိပ်ချင် – သန်း မရီးသန်း ဆိုတော့ မရမ်းသီးပေါ့။ ဟိ။ ငယ်တုန်းကတော့ စကားထာဖွက်ရင် အဲလို ဖွက်တာပဲ။   :mrgreenn: ~~~~~~~~~~~~~~~~~~~ ဆေးဖက်ဝင် မရမ်းသီး (http://yinfamily24.blogspot.sg/2013/03/blog-post.html) မရမ်းသီးသည် သွေးဝမ်းသွားခြင်း၊ ဝမ်းကိုက်ခြင်း၊ သွေးကြောင့်ဖြစ်သောရောဂါ၊ အဖျားဟောင်းနှင့် ကိုယ်တွင်းပူ လောင်ခြင်း၊ အသားကြား အရိုးကြားတို့၌ နာက…ျင်ကိုက်ခဲခြင်းတို့ကို သက်သာပျောက်ကင်းစေသည်။ မရမ်းသီးကို သုပ်စားခြင်း၊ ချက်စားခြင်း၊ စသည်ဖြင့် ပြုလုပ်စားသုံးပါက ခံတွင်းပျက်ခြင်းနှင့် ခံတွင်းအရသာ မပေါ်ခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်သည်။ ဝမ်းကိုက်ခြင်း၊ မီးယပ်ဝမ်သွားခြင်းများအတွက် မရမ်းသီးဆားရည်စိမ် အရည်သောက်ပေးခြင်း၊ ဆားရည်စိမ် မရမ်းသီးကို သုပ်စားပေးခြင်းဖြင့် ဝမ်းကိုက်ပိုးများကို သေစေနိုင်သည်။ အသည်း အဆီဖုံးသော ရောဂါများကို ပျောက်ကင်းစေရန်နှင့် […]


ဇီဇီMarch 9, 20153min62342
ဒီ တစ်ခေါက် သယ်လာတာ…… – ငါးရံ့ခြောက် – ပင်လယ် ငါးပြေမခြောက် – ငါးပိကောင်ခြောက် – ငါးကျည်းခြောက် – ငါးနီတူခြောက် – ပုဇွန်ခြောက်  (မွသဲ နဲ့ မမ ပေးလိုက်တာ) – အာပြဲချောက် – ချဉ်စော်ကားသီးခြောက် – ပုဂံ က ဝယ်လာတဲ့ ပုံးရည်ကြီး – အာတီဒုံ ပေးတဲ့ ဝါးခယ်မ ပုဇွန်ချဉ် – အာလူးကြော် – မွနှင်းပေးလိုက်တဲ့ သန့်စင် ရယ်ဒီမိတ် ထမင်းသုပ် ပါဝင်ပစ္စည်းများ – လူကြုံနဲ့ ထပ်ပါလာတာ က အမတ်မင်း ရဲ့ ခိုးရာပါ လက်ပံခေါင်းခြောက် – ဇော်သန့်ပါလာတဲ့ လက်ဖက်, ဝက်သားအမွကြော် နဲ့ မရမ်းသီး […]


ဇီဇီFebruary 23, 20154min45961
  Nasi Brayani – (ဒံပေါက်ထမင်း) ဟိ။ ဒန်ပေါက် (ဒံပေါက်) ဆိုလို့ ဒန်အိုးပေါက်လို့တော့မထင်လိုက်ပါနဲ့။ ခင်ဇော် တစ်နေ့တာ အစားချင်ဆုံး အစားအသောက် စာရင်းထဲမှာ ပါဝင်တဲ့ (ဒံပေါက်) ဒန်ပေါက်ရယ်ပါ။ စာရင်းထဲ ဘာတွေပါတုန်းဆိုတာတော့ ပြောပြဘူးးး၊ ဒီ ဧည့်သည်ကို ကြောက်သွားမှာ ဆိုးလို့။ ခိ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~“ ပထမဆုံး ဒန်အိုး ဖောက်မဲ့ သူကတော့ စွယ်စုံ ကိုကို ကျောက်(စ) ဖြစ်ပါတယ်။ ဟိဟိ။ ကျောက်စ်တို့အရပ်က စိနတိုင်းဆိုတော့ အိန္ဒိယစာ အနှီဒံပေါက်က စိတ်ရှိတိုင်းဝယ်စားဖို့ မလွယ်လှပါဘူး ။ ဆိုင်မရှိဘူးလားဆိုတော့ ရှိတော့ရှိပါရဲ့ အရောင်အဆင်းကလည်း စွဲမက်လောက်ဖွယ်မရှိ ၊ အနံ့အရသာကလည်း ချိုချိုရဲရဲ ပါးစပ်ထဲမှာ အာမထိလျှာမထိမို့ စားချင်ရင် ကိုယ့်အားကိုယ်ကိုး ၊ […]


ကိုရီးယားထမင်းလိပ်လို့လည်းခေါ်ကြတဲ့ အဆာပြေစားတဲ့ ထမင်းလိပ်ဟာ ခုတလော နေရာတိုင်းလိုလိုမှာ တွေ့နေရတတ်ပါတယ်။ သိပ်မကြိုက်လှပေမယ့် တစ်ခါတစ်ရံ ကျွန်တော့်ခံတွင်း တွေ့တာမို့ ကြားဖူးနားဝ မြင်နေတဲ့ဆီကနေ လေ့လာသင်ယူခဲ့ပါတယ်။ အဓိက ထမင်းလိပ်မှာ ပါဝင်တဲ့အရာတွေက ကြက်ဥကြော် ကြက်အူချောင်း ဝက်အူချောင်း ဂဏန်းချောင်း မုန်လာဥ ဖြူ မုန်လာဥ အနီ ဆလပ်ရွက် မုန်လာပင်ပါပေါက် (ဒါကတော့ ကျွန်တော်သက်သက်ထည့်ထားတာပါ) စသည်သဖြင့်ပေါ့။   လိုအပ်တဲ့ ပစည်းတွေကတော့ ရေညှိဖတ် ရှမ်းဆန် ဝါးယင်းလိပ် (ကျွန်တော်ကတော့ သိပ်မသုံးဖြစ်ပါဘူး မဝယ်ဖြစ်တာလည်းပါပါတယ်။) ယောင်းမအပြားတစ်ချောင်း ဓားထက်ထက်တစ်ချောင်း ဆိုရင် လုံလောက်ပါတယ်။     ထမင်းလိပ်ထဲထည့်တဲ့ အစာတွေက ပုံမှန် သုံးမျိုး လေးမျိုးပဲထည့်ကြပါတယ် အစာများများ စားချင်ရင်တော့ ငါးမျိုးပေါ့။ ဆလပ်ရွက်အစား ကျွန်တော်ကတော့ မုန်လာပင်ပေါက် […]


စားစရာတွေကို ကိုယ်တိုင်ချက်ပြုတ်လာတော့ အပြင်မှာ စားဖြစ်ရင် ဂျီးများလာတတ်ကြပါတယ်။ ကျွန်တော်လည်း ဒီလိုပါပဲ။ တစ်ခါတစ်ရံ အားလပ်ရင်တော့ ကိုယ်တိုင်လုပ်စားချင်တာလေး လုပ်စားဖြစ်တယ်ပေါ့။  အလုပ်ကတစ်ဖက် နားရက်ကလေးလည်း အေးဆေးနားချင်ကြ သေးတယ်မဟုတ်လား။ ဒီလိုနဲ့ ပိတ်ရက်မှာ လွယ်လင့်တကူး အရမ်းလည်းမပင်ပန်းတဲ့အရာလုပ်စားဖို့ ကြံရွယ်လိုက်တယ်။ အချဉ်ရည်ကောင်းကောင်းနဲ့ အကြော်စုံလုပ်စားမယ်ပေါ့။ ဒီလိုနဲ့ မေမေ့ကို မုန့်နှစ်အတွက် ဆန်စိမ်ပေးထားပါလို့ မှာခဲ့ရတယ်။   လူဆယ်ယောက် ၊ ဆယ်ကျော် ဝန်းကျင်စာ ဆန်လေးလုံးဆို ရပါပြီ။ ဆန်စိမ်ရမယ်အထဲမှာ မတ်ပဲ ငါးကျပ်သား ကုလားပဲ ၂ကျပ်ခွဲသား ကောက်ညင်းလက်တစ်ဆုပ် ထည့်ပြီး ညဘက်ကတည်းက စိမ်ထားလိုက်ပါ။ စိမ်ထားလည်းလွယ်ပါတယ်။ နေ့လည်ဘက်စားမှာဖြစ်တဲ့အတွက် နံနက်ကတည်းက စိမ်ထားတဲ့ဆန်ကို သွားကြိတ်ထားရပါမယ်။ မကြိတ်ခင်မှာ ထမင်းလက်ဆစ်ဆုပ်ထည့်သွားလိုက်ပါ။ ထမင်းဟာ မုန့်ကိုရွစေပါတယ်။ (ထိုအကြောင်းအား ကီးမား ခေါက်မုန့်လုပ်နည်းတုန်းက […]


alinsettDecember 6, 20141min448
မင်္ဂလာပါ ဂဇက်ချစ်သူများခင်ဗျား… ။   လာမယ့် ၂၀၁၅ ဇန်နဝါရီ ၊ ဒုတိယပတ်လောက်မှာ ပြုလုပ်မယ့် တွေ ့ဆုံဆုပေးပွဲနဲ့ အလှူနေ့မှာ တူညီအကျင်္ ီလေးတွေ ဝတ်နိုင်ဖို့ ဂဇက်အမှတ်တံဆိပ် စာတန်းလေး ပါတဲ့ တီရှပ်လေးတွေ ချုပ်ဖို့ စီစဉ်မလို့ပါ။ သဂျီးဆီက ဂဇက်အမှတ်တံဆိပ်ကို သုံးခွင့်ရပြီးပါပြီ။ ဝမ်းမြောက်ဝမ်းသာကြောင်းနဲ့ သုံးဖို့ လိုဂိုတံဆ်ိပ်လေးပါ ပို့ပေးးထားပါပြီ။ (သူကြီးပို့ထားတဲ့ လိုဂိုပုံ ပြထားပါကြောင်း)                       အကျီ င်္အထည် ငါးဆယ်လောက်အတွက် ကုန်ကျငွေ (ခန့်မှန်း) ၇၅၀၀၀ ( တစ်ထည် ၁၅၀ဝနှုန်း) ကို လောလောဆယ် စိုက်ထားပေးမယ့်သူကတော့  […]