sorrowJuly 28, 20161min93125
ကျွန်တော်တို့ ခရီးမထွက်တတ်ကြဘူး .. . Travel Planner တစ်ယောက်ရဲ့ အမြင်ကိုပြောရရင် … ကျွန်တော်တို့ အခြေခံအချက်သုံးချက်နဲ့ စဉ်းစားပါတယ် ။ နေရာ ။ သက်တောင့်သက်တာရှိမှု နဲ့ ပျော်ရွှင်မှုပါ ။ ငွေကြေးကိုနောက်ဆုံးမှစဉ်းစားပါတယ် ။ မြင်သမျှ လွဲမှားနေတဲ့ အချက်တွေထောက်ပြရရင် .. .လေယဉ်လက်မှတ်ရွေးချယ်တာကစချင်ပါတယ် မနက်ခြောက်နာရီထွက်တဲ့လေယဉ်မျိုးကိုရွေးချယ်မိရင် အိပ်မက်ဆိုးပါ.. ခြောက်နာရီလေယဉ်အတွက် လေးနာရီချက်ကင် ဝင်ရမယ် .. ဆိုတော့ကာ သုံးနာရီ အနည်းဆုံးထရမယ် ….အိပ်ရေးပျက်ပြီးပင်ပန်းနေတဲ့လူအတွက် ..အဲ့နေ့က မလန်းဆန်းနိုင်တော့တာ ငြင်းမရတဲ့အမှန်တရားပါ ..ဈေးသက်သာတဲ့လေယဉ်အများစုက အချိန်မကောင်းပါဘူး ..မနက်အစောကြီးဖြစ်ရင်ဖြစ် ..ညသန်ခေါင်ဖြစ်ရင်ဖြစ်ပါမယ် ။ နောက်တခုက. ကျွန်တော်တို့ နေရာစုံကိုအချိန်တိုအတွင်းငွေအနည်းဆုံးနဲ့သွားချင်ကြပါတယ် ။ ဓါတ်ပုံရိုက်ချင်ပါတယ် ။ ရောက်ဖူးကြောင်း ဖေ့ဘွတ်တင်ချင်ပါတယ် ။ အမှားတော့မဟုတ်ပါဘူး ။ […]


ဇီဇီJuly 25, 20161min49322
ရေးမယ် ရေးမယ်နဲ့ ကြံစည်ပြီး ကတိပေးပေးထားတဲ့ ခေးတွေလည်း များလှပါပြီ။ မမဂျီးကို ခွင့်လွှတ်ကြပါ။ အဟိ။   အဲတော့ မရေးခင်လေး ကိုယ့်အကြောင်းကို ပွါးဗျဇီအူးးး၊ ဒါမှ ရေးဖြစ်တဲ့ တွန်းအားကို သိမှာမို့လို့ပါ။ အမှန်ပြောရရင် ကိုယ်က မလှတော့ ကိုယ့်ဆီမှာရှိတဲ့ ချို့ယွင်းချက် တွေ ဖုံးစရာက သိပ်များတယ်။ ကိုယ့် ဆီမှာရှိတဲ့ အားသာချက်လေးတွေကလည်း သိထားရသေးတယ်။ သထေးသမီးလည်းမဟုတ်ခဲ့သလို ခုချိန်လည်း သထေးမ မဟုတ်တဲ့ အတွက် ဘတ်ဂျက်ကိုလည်း တွက်ရတယ်။ ဒီ ကြားထဲကမှ ကိုယ့်ကိုယ်ကို လှအောင် ဆင်ရ ပြင်ရတယ်။ တအားနင်းကြီး လှချင်တဲ့ထဲမပါပေမဲ့ စမတ်ကျတဲ့အထဲ ကြည့်ကောင်းတဲ့ စတိုင်ထဲတော့ ပါချင်တာ တစ်ပိုင်းကိုသေလို့။ :mrgreenn: သိတတ်စကတည်းက အဝတ်အစားအသုံးအဆောင်ကို လှတာထက် ကိုယ်နဲ့ […]


ဇီဇီJuly 20, 20162min38120
ဖျားနေတာမို့ လူမမာဟင်းလေးတွေ ခေါင်းထဲပေါ်တုန်း ချရေးထားရမလား စိတ်ကူးတယ်။ မြန်မာ အယူအဆ ကတော့ ထမင်းက အဖျားအားပေးတာတို့ ဘာတို့ ဖျားနေရင် အစားပျက်တာတို့ ဘာတို့ပေါ့။ အဟိ။ :mrgreenn: တညားကတော့ အစာအိမ်ပတနာ တက်နေတုန်းကလွဲရင် အစားအသောက်သိပ်မပျက်လှဘူးး… ဒီ က ဆရာဝန်တွေက ဖျားလို့လည်း အစားမရှောင်ခိုင်းဘူးး စား ဆိုတာချည်းပဲ။ အစာအိမ်တို့ အူယောင်တာတို့ မနွယ်တဲ့ အဖျားအတွက် အစားရှောင်စရာမလိုပါဘူးး အန်တီဘိုင်အိုတစ်တွေ သောက်ရရင်တော့ ခံတွင်းက ပျက်တတ်တာပေါ့။ ကွကို စားကောင်းအောင် လုပ်စားရင်းနဲ့ အစားမပျက်တာတော့ ဘယ်တတ်နိုင်မတုန်းး၊ အဟွတ်။ အာဟာရပြတ်မှာ စိုးလို့ ဘားးးး ကြိုးစား စားနေရဒေ။ :mrgreenn:   ၁) ကြက်စွပ်ပြုတ်၊ ငါးပုတ်ခြောက် ဖုတ် သံပုရာရည်ဆမ်းး ဖျားပြီဆိုတာနဲ့ […]


KyaemonJuly 18, 201619min7469
  ဧရာဝတီတိမ်ကောသွားမယ်၊ခန်းခြောက် ပျက်စီးသွားမယ် ဆိုပြီး စိုးရိမ်ကြသူတွေကFaceBook ပို့စ် မှာ မှတ်ချက်ရေးကြတယ်၊ ——— ဒီကိစ္စ နဲ့ပတ်သက်ပြီးတင်ပြပြီးပါပြီ၊” မြစ်ဆုံရေကာတာရဲ့ ရေသိုလှောင်မှု ကြောင့် ဧရာဝတီ မြစ်ရေခမ်းခြောက်သွားနိင်မလား၊” ” သောင်တွေတင်လို့ရေသွားလမ်းကြောင်းပိတ်ဆို့နိုင်မလား” ဆိုတဲ့ စတုတ္ထ မေးခွန်း ကိုထုတ် ခဲ့တယ်၊အဲဒီမေးခွန်းကို ” မြစ်ဆုံ အမှား နဲ့ အမှန် ဆောင်း ပါး # ၆” ရဲ့ အောက်ပိုင်း မှာ ရုပ်ပုံ နဲ့တကွဖြေထားပါတယ်၊ (ယင်းဆောင်းပါး အမှတ်စဉ် # ၆ ကိုဘတ်ပေးပါရန်) https://myanmargazette.net/224008   ————- အဲဒီလို ဖြေခဲ့တာကို မဘတ်မိတာလဲ ဖြစ်နိင်တယ်၊ နားမလည် မရှင်းသေးလို့လဲဖြစ်နိုင်တယ်၊ဘယ်လိုဘဲဖြစ်ဖြစ် စိုးရိမ် ပူပန်မှု သောကတွေကို ဖယ်ရှား […]


စာတွေလည်း ဖတ်ချင်တယ် . . . စာဖတ်ဖို့လည်း အချိန်မပေးနိုင်ဘူး . .  ဖတ်ဖို့လည်း ပျင်းနေတယ် . .   ဆိုတော့ . . . အလုပ်လုပ်နေချိန်မှာပဲ ဖြစ်ဖြစ် . . ညအိပ်ခါနီးမှာပဲ ဖြစ်ဖြစ် . . . ကားစောင့်နေချိန် ကားစီးနေချိန်မှာပဲ ဖြစ်ဖြစ် နားထောင်လို့ရအောင် စာအုပ်တွေကို အသံသွင်းထားတဲ့အခွေလေးတွေ ဝယ်လို့ရရင် ကောင်းမယ် . . .ရေဒီယိုမှာ အဲဒီလိုဖတ်ပြတဲ့ အစီအစဉ်လေးတွေရှိတယ် . . . အလုပ်လုပ်ရင်း နားထောင်ရတာ သိပ်သဘောကျတာပဲ . . .   နောက် ကလေးတွေအတွက် ပုံပြင်ခွေလေးတွေ ရှိမယ်ဆိုရင် အိပ်ယာဝင်ပုံပြင်လေးတွေကို […]


ဇီဇီJuly 11, 20162min19013
              Saturday မနက် က ဈေး ထဲ က … ဝက်ခေါင်းရယ် အူစုံအသည်းစုံနှလုံးအစုံရယ် အစိတ်ဖိုးးရလာလို့ ဝက်သားးဒုတ်ထိုးး အလွယ်လေးး လုပ်ကျွေးးပါမယ်လေ လို့ စေတနာ ပေါက်လို့ ကတိပေးလပ်ထှာ အိမ်က အဆာကျယ်များးက ဝက်သားဒုတ်ထိုးး အစစ် လိုမျိုးးစားချင်တယ်ဆိုလို့ ချက်နည်းး လိုက်ရှာရ ဆေးရ ကြော်ရ အနှစ်ယူရ ပြုတ် ရ ထိုးမယ့် ဒုတ်ရှာရ စဉ်းနီတုန်းရှာ အချဉ်ဖျော်ရ ကြက်သွန်ဖြူနွာရ ခွီးးး တကိုယ်လုံးး ဝက်စော်နံပြီးး ဒုတ်ထိုးသည်ဖြစ်နေပြီ… ချက်မှတော့ မထူးးဘူးးဆိုပြီးး ဓာတ်သေရိုက်ဖို့ ကြံရသေးးကိုးးး တဂျီးး အဆာကျယ် က လည်းး ကလီစာပြုတ်ရင် အမြှုတ် […]


ဇီဇီJuly 8, 20161min73342
ဖိနပ် လေးတွေ အကြောင်း စ ရအောင်။ လက်တန်း ရေးလို့ရတဲ့ အတွေ့အကြုံတွေပဲ အရင် ရေးမယ်။ လက်ကိုင်အိတ်တို့ တခြားလှပပစ္စည်းတွေ မကြိုက်ခင်ကတည်းက ဖိနပ်လှလှတွေ မိုက်မိုက်ဒီဇိုင်းတွေကို မြင်တဲ့နေတာမှာတင် ငမ်းတတ်ခဲ့တာ။ ကိုယ်တက်ခဲ့ရတာ နယ်ကျောင်းး၊ ဘာ အလှပြင်လို့မှ မရ၊ လက်ဝတ်ရတနာမဝတ်ရ တဲ့ အချိန် ၅ တန်း လောက်ကတဲ့ မွေးမေလေ့က ရှူးလေးတွေ စီးခိုင်းတာ။ တောမှာတော့ စတားပေါ့လေ။ :mrgreenn: လုံချည်နဲ့ ရှူး လိုက်လိုက်မလိုက်လိုက်ပျော်ပျော်ဂျီးကို ပဲတွေပေးတာ ဆိုတာ။ ပြန်တွေးမိမှ ရှက်လည်း ရှက်ပါတယ်။ ရှက်လည်းမရှက်ပါဘူးး :mrgreenn: မွေးမေလေ့က ဖိနပ်ခရေဇီ၊ သူ့ဆီမှာ မိန်းမဆန်သော ဖိနပ်အမြင့်တွေ အားကြီးပဲ။ အကြိုက်မတူတာက အဲဒီမှာ စ တယ်။ ကိုယ်က […]


ဇီဇီJuly 6, 20163min29413
ဒီရက် ကို ကိုယ့် ဖွဘုတ်ထဲ ဥပိန် ကိစ္စ ကို ပြောနေကြလို့ တစ်ချို့ က မပြင်စေချင်.. တစ်ချို့က ပြင်စေချင်.. ငြင်းနေကြလို့ လိုက်ရှာဖတ်ရသေးးး ကိုယ် တစ်ကိုယ်စာ အတွေးး ကတော့ ဦးပိန် ဘာဖြစ်လဲ လည်း စိတ်ကိုမဝင်စားဘူးး ဘာလို့ဆို ဖိနပ်အမြင့် အမြဲစီးပြီး လမ်းလျှောက်ပျင်းတဲ့ ကိုယ် ကတော့ ဦးပိန်တံတားစပ်နား ဓာတ်ပုံရိုက်ဖို့ကလွဲရင် တံတားပေါ်ကို မရောက်ဖူးတာ။ လျှောက်လည်းး မလျှောက်ချင်ဘူးး.. Safety and risk နဲ့ ကြည့် လည်းး မလျှောက်သင့်.. လေ က အသေတိုက်တာမို့ ဝတ်ထားတာတွေ ဆံပင်တွေ ဟိုလန်ဒီဖုံးး မို့ မလျှောက်ချင်.. ဘယ်တံတားးလျှောက်လျှောက် အောက်ဖက် ရေကြည့် ရင် မူးးတတ်တာမို့ အမြင့်ကြောက် ရေကြောက် သမားး […]


uncle gyiJune 23, 20161min2141
  တီဗွီဝယ်ပြီးအင်တင်နာမတတ်ရင်ရုပ်ထွက်မကြည်ပါဖူး အချို့အင်တင်နာတွေပိုက်ဆံပေးဝယ်ပြီးတတ်တော့လဲအဆင်မပြေပါဖူး ငွေကုန်တာပဲအဖတ်တင်ပါတယ်ကိုယ်တွေ့ပါ ပိုက်ဆံလည်းမကုန်ကိုယ်တိုင်လဲလုပ်လို့ရတဲ့အင်တင်နာလုပ်နည်းကလေးရှိပါတယ် ရုပ်ထွက်ကလဲကြည်ပါတယ်ကိုယ်တိုင်စမ်းသပ်ပြီးသားပါ လုပ်မယ်ဆို သတ်တုအချိုရည်ဗူး၂ဗူး တမတ်နတ်တိုင်အရှည်၁လက်မ။ ၁လက်မခွဲ တိုင် ၂တိုင် အရှည်၁ပေခွဲခန့်လုံးပတ်၁လက်မ ပီဗွီစီ ပိုက်တချောင်း မီးတိတ်တခွေ အားလုံး၄မျိုးပဲလိုတာပါ ပထမအဆင့် အချိုရည်ဗူး၂ဗူးကိုဗူးဖင်းဘက်မှတမတ်ပေါက်တပေါက်စီဖောက်ပါ ဒုတိယအဆင့် တမတ်နတ်တိုင်တတိုင်စီကိုပုံပါအတိုင်တပ်ဆင်ပါ တတိယအဆင့် ပီဗွီစီပိုက်မှာအချိုရည်ဗူး၂ဗူးကိုပုံပါအတိုင်တလက်မခန့်ခွါပြိီးမီးတိတ်ဖြင့်ပတ်ပါ နေက်ဆုံးအဆင့် တီဗွီအင်တင်နာအဖိုနှင့်အမကြိုးကိုဗူး၂ဗူးတွင်တချောင်းစီတပ်ဆင်ပါ အိမ်ရှေ့အိ်မ်နောက်ဖြစ်စေလွှင့်စက်ရှိသည့်ဘက်ပီဗွီစီပိုက်ကိုဒုတ်တချောင်းဖြင့်အလ ျားလိုက်လှဲ့ချိန် ပေးခြင်းဖြင့်ကြည်လင်ပြတ်သားသည့်အင်တင်နာတချောင်းတပ်ဆင်ရရှိပါပြီ စမ်းသပ်ကြည့်ကြပါကုန်


kaiJune 22, 20162min2565
Nouns လေးတွေအကြောင်းကို(၂)လတိတိပြောခဲ့ပြီးပါပြီ။ အတော်အသင့်တော့ ပြည့်စုံသွားပါပြီ။ ယခုလမှာ nouns တွေကိုယ်စားအသုံးပြုရတဲ့ pronouns လေးတွေအကြောင်းဆက်လက်ဖော်ပြ လိုပါတယ်။ ပထမဦးဆုံး နားလည်ထားဖို့က အင်္ဂလိပ်စကားဟာ တတ်နိုင်သလောက် စကားလုံးထပ်ခြင်းကို ရှောင်ပါတယ်။ တို့မြန်မာစကားကတော့ “ ကိုကို၊ ညိုညို၊ အောင်အောင်၊ ကျော်ကျော် ” စသဖြင့် စကားလုံးလေးတွေကို ထပ်ပြီးသုံးကြတယ်။ English မှာတော့ noun တစ်ခုခုကို ထပ်တလဲလဲသုံးနေမဲ့အစား pronoun လေးတွေနဲ့ပြောင်းပြီးသုံးလေ့ရှိပါတယ်။ Pronoun (၃)မျိုးကို အရင်ခွဲခြားပြပါမယ်။ English လို First Person မြန်မာလိုတော့ “ ပြော သူ(သို့)ရေးသူ ”ဆို တဲ့ “ I, Me, My ” English လို Second Person […]


ဒီခ ျုပ်အစိုးရ လုပ်ေနတဲ့ ကွမ်းမစာေရး လှုပ်ရှားမှုနဲ့ ပတ်သက်လို့ ေပြာခြင်တယ်။ ကွမ်းစားတာ ညစ်ပတ်တယ်၊ က ျန်းမာေရး ထိခိုက်တယ် လူတိုင်းလာဘ်ခံေပမဲ့ ကွမ်းမေရာင်းရ တားမြစ်မှုကို အေတာ ်များများ ကန့်ကွက်တာ ေတွ့ရတယ်။ အစိုးရကိုယ်တိုင်လည်း မစားနဲ့သာ ေပြာတယ် ကွမ်းနဲ့ အသက်ေမွးသူကို ဘယ်လို အစားထိုး ေဖြရှင်းပေးမည်ဆိုတာ မည်မည်ရရ ရှိဟန်မတူ။ ဒီနေရာမှာ ကွမ်းနဲ့ အသက်မွေးသူနဲ့ စီးပွားဖြစ်သူ ၂ခုခွဲမြင်သင့်တယ်။ အသက်မွေးသူဆိုတာ ကွမ်းစိုက်တောင်သူ၊ ကွမ်းနဲ့ကွမ်းအဆာပလာ ရောင်းဝယ်ဖောက်ကားသူ ဖြစ်တယ်။ တနည်းအားဖြင့် လာဘ်လုပ်လာဘ်စား အသက်မွေးဝမ်းကေ ျာင်းသူတွေပေါ့။ စီးပွားဖြစ်သူကတော့ လာဘ်တဆုပ်စာ အခ ျီကြီး လုပ်နေသူ၊ ကုန်သွယ်စီးပွားဖြစ်သူကို ဆိုလိုတယ်။ အစိုးရ အနေနဲ့ သာမန်လာဘ်လုပ်လာဘ်စားကိုသာ ဖြည့်ဆည်းပေးရမည်၊ စီးပွားဖြစ်နေသူကတော့ […]


KyaemonJune 15, 201680min66713
  တပါတီစံနှစ်ကိုကျင့်သုံးကြတဲ့ကွန်မြူနစ်နိုင်ငံတွေကနဲပါးလာပြီး၊၎င်း နိုင်ငံအသိုင်းအဝိုင်းအနဲအကျဉ်းမှာ လာအိုလဲပါဝင်တယ်၊ ၁၉၈၆ ကစပြီး ဗဟိုဦးစီးစံနစ်ကိုစွန့်လွှတ်ကာ ပုဂ္ဂလိကလုပ်ငန်းတွေကို အားပေးလာတယ်၊ ၁၉၉ရ အာရှ စီးပွါးရေးပြသနာဖြစ်ချိန် ကလွဲလို့ နှစ်စဉ် ၆% ထက်မနဲ တိုးတက်ခဲ့တယ်၊ လွန်ခဲ့တဲ့ ဆယ်နှစ်ကာလ မှာဆိုရင် ဖျမ်းမျှအားဖြင့် ၈ % နှစ်စဉ်တိုးတက်လို့ အာရှမှာ တိုးတက်မှုအမြန်ဆုံး ထဲကတနိုင်ငံ ဖြစ်ခဲ့တယ်၊ သို့သော်အခြေခံ အဆောက်အအုံတွေမပြည့်စုံမဖူလုံသေးပါ၊ အထူးသဖြင့်နယ်မှာပါ၊ ပင်မ လမ်းပန်းဆက်သွယ်ရေး နဲ့ မြေတယ်လီဖုန်း လိုင်းတွေက မဖွံ့ဖြိုးသေး ပါ၊ လူဦးရေ ၈၃ % တို့က လျှပ်စစ် ကိုလက်လှမ်းမှီနိုင်သုံးစွဲနိုင်တယ်၊ လူဦးရေ ၇၃ % ကလယ်သမားဖြစ်ကြပြီး ၎င်းတို့က တနိုင်ငံလုံးဝင်ငွေ ရဲ့ ၂၅ % ကိုရှာဖွေပေးကြတယ်၊   […]


padonmarJune 13, 20161min51613
……………………………………………………………………………….. တချိန်တုံးက အစိုးရရုံများမှာ ကပ်ထားတဲ့ (ကပ်ရုံကပ်ပြီး မလိုက်နာတဲ့) ဆောင်ပုဒ်တွေ အများကြီး ရှိပါတယ်။ ဥပမာ- လာဘ်ပေးရန်မလို၊ ကူညီပါရစေ။…စသည်စသည်ပေါ့။ အဲဒီထဲ TV မှာပါ လွှင့်တဲ့ ဆောင်ပုဒ်တခု ရှိသေးတယ်။ “ရေကို မူလချွေတာကြ၊ လျှပ်စစ်ကိုလည်း ချွေတာပြီး လောင်စာကိုပါ ချွေတာပါ။.”…..တဲ့။ ထုံးစံအတိုင်း ကပ်ထားပြီးရင် လိုက်နာဖို့ မလိုဘူးလေ။ -ရေဆို ခွက်အပြည့်ထည့်သောက် ၊ပိုတာကို ဘေးပက်ထည့်လိုက်ရုံ။ ပလပ်စတစ် တခါသုံးခွက်နဲ့ သောက်ရင်လည်း ပလပ်စတစ်ခွက်ဟောင်းတွေ တောင်ပုံရာပုံ အမှိုက်ထဲသာရောက်။ -လျှပ်စစ်ကလည်း လူမရှိတဲ့ လမ်းမကြီးတွေမှာ ထိန်ထိန်ညီး။ ရုံးခန်းမီးတွေ ရုံးဆင်းသွားရင် နေ့အလားဖွင့်ခဲ့။ အလုပ်မလုပ်လည်း ပပဝတီတွေက ခုနစ်ဆောင်တိုက်ခန်း မလင်းမှာစိုးလို့ အပြည့်ထွန်း၊ (မီတာခလာတော့မှ ကိုယ့်အိမ်ဆို အမေက များတယ်အော်၊ အများဆိုင်နေရာဆို […]