Swal Taw YwetJuly 27, 20151min1573
B Ed ဒုတိယနှစ်တက်နေရင်း ကျောင်းဆက်တက်ဘို့ အခက်အခဲတွေ့နေရတယ့် မြန်မာတနိုင်ငံလုံး ဝိဇာတွဲ ဒုတိယ ဆု ရ ကျောင်းသူလေးတယောက် အကြောင်းနဲ့ ပါတ်သက်ပြီး ဆရာမ ဒေါ်မေအေးဦးနဲ့ စကားနဲနဲ ပြောဖြစ်လိုက်တယ်။ ဆရာမဆီမှာ အကူအညီတောင်းထားပြီး တနှစ်စာ အလှူရှင် မရရှာသေးသူ အယောက် ၇ဝ တောင် ကျန်နေသေးသတဲ့။ အဲသာနဲ့ ထုံးစံအတိုင်း ရွာထဲလာ ရင်ဖွင့်လိုက်သာပါခင်ဗျာ။ ကျနော်တောင် တယောက်စာ လှူထားပြီးသားကို နောက်ထပ်တယောက်စာ ထပ်လှူဖြစ်ပါမယ်။ ကိုယ့် မြန်မာနိုင်ငံသား ကလေးငယ်တွေ ပညာသင်ယူနေရင်း ခရီးမထောက်ရလေအောင် တတ်နိုင်သမျှလေး ထောက်ပံ့လှူဒါန်းနိုင်ဘို့ နှိုးဆော်လိုက်ရပါတယ်ခင်ဗျားးး။ လှူရန်စိတ်ဝင်စားသူများ .. ဒေါ်မေအေးဦး – ဖုန်း  09-7303 9878, 09-4200 94929 Email :  2000.donation.group@gmail.com သို့ […]


kaiJuly 18, 20152min1193
အရောင်လေးတွေနဲ့ ပတ်သက်တဲ့ idiom လေးတွေအကြောင်း အတော်အသင့် ဖော်ပြခဲ့ပြီးပါပြီ။ စာဖတ်ပရိသတ်ရဲ့ တောင်းဆိုချက်အရ ယခုလတွင် ကျန်ရှိနေသေးတဲ့ အရောင်နဲ့ ပတ်သက်တဲ့ idom လေးတွေကို ဖော်ပြလိုပါတယ်။ ဦးစွာပထမ အနီရောင် red နဲ့ ပတ်သက်တဲ့ idiom လေးတွေ လေ့လာကြည့်ရအောင်။ red carpet treatment ဆိုတဲ့ idom လေးကို ကြားဖူးကောင်း ကြားဖူးကြပါလိမ့်မယ်။ ဆိုပါစို့  – မြန်မာပြည်က မိဘတွေက US ကို အလည်လာကြမယ်ဆိုရင် ရိုးရိုး ကြိုဆိုလို့ ဘယ်ဖြစ်မလဲ။ red carpet treatment ပေးသင့်တာပေါ့။ တနည်းအားဖြင့် အထူးအရေးပါသူများ ဖြစ်တဲ့အတွက် သာမန်မဟုတ်ဘဲ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ကြိုဆိုတာကို red carpet treatmentလို့ […]


ဒီနေ့တော့ ဝက်သားနဲ့ ဒညင်းသီး နှပ်စားဖို့ စဉ်းစားထားတာနဲ့။ ဒညင်းသီးဝယ် ပြုတ်ထားလိုက်တယ်။ ပြုတ်တဲ့နေရာမှာလည်း အပြင်မှာရောင်းတဲ့ဆိုင်တွေလို ပြုတ်တဲ့ရေတွေ မမည်းအောင် ဂရုစိုက်ရတယ်။ ရေတွေမည်းသွားတယ်ဆိုတာကလည်း ဒညင်းသီးရဲ့ အခွံက အမှုန်တွေကြောင့်လေ။ အဲ့ဒါကြောင့် ဒညင်းသီးကို အခွံကွာရုံခဏပြုတ်ရပါတယ်။ ပြီးရင် ရေအေးနဲ့စိမ် အခွာတွေကိုနွှာပြီး ရေအသစ်နဲ့ ပြန်ပြုတ်ရင် ရေတွေလည်း မည်းမနေတော့ပါဘူး။ နောက်တစ်ချက်က ပိုအရသာရှိအောင် ဆားအနည်းငယ် သကြားအနည်းငယ် ပဲငံပြာရည်နဲ့ ဟင်းခတ်မှုန့် အနည်းငယ်ထည့်ပြီးပြုတ် ပိုအရသာရှိပါတယ်။ ဝက်သားနဲ့ဒညင်းသီးနှပ်တဲ့ နေရာမှာတော့ ကျတော်က လုံးချက်ပါတယ်။ ပထမဆုံး ဝက်သားကိုဆေး ကြက်သွန်နီကို ပါးပါးမလှီးပဲ လေးစိပ် ကြီးရင် ခြောက်စိပ်ခွဲထည့်ပါတယ်။ ဂျင်းနဲ့ကြက်သွန်ဖြူ နှစ်မွှာလောက်ကို ညက်အောင်ထားပြီးထည့်မယ်။ ဆားအနေတော် ဟင်းခတ်မှုန့်နေရာမှာ ကျတော်ကတော့ အချို့မှုန့်မသုံးပါဘူး။ City mart တွေမှာ […]


ဇီဇီJuly 17, 20151min93143
ဟိုနေ့က Giant Market ကို ဝင်လိုက်တာ ဖားကြီးကြီး ၂ ကောင်ပါတဲ့ တစ်ထုတ် တွေ့တာနဲ့ စွန့်စွန့်စားစားဝယ်လာတာ ၈ ဒေါ်လှတဲ့။ . အာ့နဲ့ ဘယ်လို စားရမှန်းမသိလို့ သိမ်းထားတုန်း မနေ့က မိုးသူ ပို့(စ) ဖတ်ပြီးတော့ ဖားသားစားချင်တာနဲ့ ဒီနေ့ ကြော်လိုက်တယ်။ . ၁) သူတို့က အရေခွံဆုတ် ဆေးပြီးမှရောင်းတာမို့ ခုတ်ထစ်ပြီး ဆားဆနွင်းနိုင်နိုင်နဲ့ နယ်ထားလိုက်တယ်။ ၂) ကြက်သွန်ဖြူနဲ့ ဂျင်းကို ထောင်း အရေကို ဖားအသားနယ်တဲ့ထဲ ညှစ်ထည့်ပြီး အဖတ်ကို သတ်သတ်ဖယ်ထားလိုက်တယ်။ ၃) ဆီအိုးတယ်ပြီး ခုနက ညှစ်ပြီး ဂျင်း နဲ့ သွန်ဖြူ အဖတ်ကို အရင်ထည့်ကြော်လိုက်တယ်။ ၄) မွှေးလာပြီး မတူးခင်မှာ ဖားအသားနှပ်ထားတာကို […]


alinsettJuly 9, 20152min2903
    အခုတစ်ပါတစ်ပတ် အလင်းခြုံတဲ့ သတင်း Zone ကနေ …တင်ပြပေးမယ့် သတင်းတွေကတော့ … အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့် ရက် အတိအကျ သတ်မှတ်လိုက်တဲ့သတင်းနဲ့ ရွေးကောက်ပွဲဆိုင်ရာ နောက်ဆုံးရ သတင်းများ ၊ လွှတ်တော်အတွင်းအတွင်းမှာ အကြိတ်အနယ် ဆွေးနွေးနေကြတဲ့ အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ သတင်းများ ၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အိန္ဒိယစစ်တပ်အကြီးအကဲတို့ရဲ့ သတင်း၊ အငြင်းပွါးဖွယ်ရာ ဖြစ်နေတဲ့ ရွှေတိဂုံစေတီ အနီးက ဒဂုံ စီးတီး အိမ်ရာစီမံကိန်းကို ရပ်ဆိုင်းလိုက်ပြီဆိုတဲ့ ကြေညာချက်သတင်း၊ 7 July အထိမ်းအမှတ် အခမ်းအနားကြီးကို ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်း ကျင်းပကြတဲ့သတင်းနဲ့..ကျောင်းသားများရဲ့ နိုင်ငံအရေး ပညာအရေး တက်ကြွလှုပ်ရှားမှုသတင်းများ၊ အရှေ့တောင်အာရှ ဒေသတွင်းမှာ အကြီးဆုံး ရေကာတာ စီမံကိန်းတစ်ခု ဖြစ်လာမယ့်  […]


ムラカミJuly 6, 20157min19413
ဘာရယ် မဟုတ် ပုံတွေ တင်ရင်း ပုံတွေ ပြင်တဲ့ အကြောင်းလေး ပြောပြချင်လို့ပါ။ Photo Post Production (Photo Editing) ဆိုပါတော့ဗျာ။ အကောင်းဆုံးသော နည်းလမ်း၊ အလွယ်ဆုံးသော နည်းလမ်း ဒါမှမဟုတ်လည်း အမြန်ဆုံးသော နည်းလမ်းတို့ ကျနော်မသိဘူး။ ကျနော် သိတာ ကျနော် သုံးလေ့ရှိတဲ့ (အများဆုံး သုံးဖြစ်နေတဲ့) နည်းလမ်း ကိုပဲ ပြောပြချင်တာပါ။ ထုံးစံအတိုင်းပေါ့ဗျာ။ Floral Macro Photo တပုံနဲ့ စပြောတာပေါ့။ အစအဆုံး ဆို ၂ပိုင်း ပြောရမယ်ဗျ။ Photoshop ထဲ မဝင်ခင် အပိုင်း နဲ့ Photoshop ထဲမှာ ပြင်ဆင်တဲ့အပိုင်း ဆိုပြီးတော့ပါ။ သည် ၂ပိုင်း မစခင်မှာ ထိပ်ဆုံး Step-0 အနေနဲ့ ပုံကို RAW file format […]


ဇီဇီJuly 3, 201557min546278
    ဟိ။ ဘာတုန်းးး တဂျီးကို ဆဲစာမှတ်ပြီး ဝမ်းသာအားရ ဝင်လာကြတာလားးး?? . သူ့ကို ခေါင်းစဉ်တတ်ရင် လူပိုဝင်တယ် ဆိုလို နာမည်တတ်ထားတာ။ ခိခိ။  :mrgreenn: . ပြီးတော့ ဒီ ပို့(စ) ရေးဖို့ ရှာရင်းဖွေရင်း အရင် မျက်စိမှောက်မှားခဲ့တဲ့ သဲလွန်စတွေ ကွင်းဆက်တွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့။ ရွာအကြောင်း ကောင်းကောင်း ဘယ်သူသိသိမသိသိ ဇီ သိသွားပြီ။ ငါကွ!! စနိုဒန်ဇီ (ခွက်ဒစ်တူ ကိုကိုကြောင်) :boss: . ဂလိုဘာ။ ဒီ ဆိုက်မှာ ပို့(စ) ရှာချင်ရင်… ၁) ကက်တဂိုရီနဲ့ ရှာလို့ရတယ်။ ၂) စကားလုံးလေး တစ်လုံးလောက် Search Box  မှာ ရိုက်လိုက်ရင်   အဲဒီ စကားလုံး ပါတဲ့ Random  […]


alinsettJuly 2, 20152min1838
အခုတစ်ပါတ် တင်ပြပေးမယ့် သတင်းတွေကတော့ … လွှတ်တော်တွင်းရှိ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ထွက်ခွာပေးရေး ဆန္ဒထုတ်ဖော်အုံကြွမှုကြီး ဖြစ်ပွါးခဲ့တဲ့သတင်း ၊ နှစ်ပေါင်း ၄ဝ ကြာ ပိတ်ပင်ထားတဲ့ US အိမ်ဖြူတော်ဝင်းအတွင်း ဓါတ်ပုံရိုက်ခွင့်ကို ခွင့်ပြုလိုက်ပြီဆိုတဲ့သတင်း၊ ပြည်ပရောက် မဲဆန္ဒရှင်များ မဲပေးနိုင်ဖို့အတွက် စာရင်း ပေးသွင်း နိုင်ကြောင်း ပြောဆိုလိုက်တဲ့ US ဝါရှင်တန် ဒီစီမြို့တော်ရှိ မြန်မာသံရုံးရဲ့ ကြေငြာချက်၊ မြန်မာပြည်တွင်းက ပေါ်ဆန်းမွှေးဆန်တွေကို US နဲ့ စင်ကာပူနိုင်ငံတွေဆီ တင်ပို့တော့မယ့်သတင်း၊ US တစ်ပြည်လုံးမှာ လိင်တူချင်း လက်ထပ်ခြင်း ခွင့်ပြုကြောင်း US ၊ ဗဟိုတရားရုံးချုပ်ကနေ မဲခွဲစီရင်ချက် ချမှတ်လိုက်တဲ့သတင်း၊ ပြင်သစ်နိုင်ငံရဲ့ အမြင့်ဆုံး ဆုတံဆိပ်တစ်ခုကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် […]


ဇီဇီJune 25, 20153min49017
Credit & Reference – Myanmar Election Review . . . (၁) ပြည်ပမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားများ အနက်ဘယ်သူတွေ ကြိုတင်မဲပေးခွင့်ရှိသလဲ။ •• ပြည်ပရောက် သံအဖွဲ့ဝင်များ နှင့် ၎င်းတို့၏ အိမ်ထောင်စုဝင်များ။ •• ပြည်ပရောက် သံရုံးအဖွဲ့ဝင်များ နှင့် ၎င်းတို့၏ အိမ်ထောင်စုဝင်များ။ •• ပြည်ပရောက် ပညာတော်သင်များ နှင့် ၎င်းတို၏ အိမ်ထောင်စုဝင်များ။ •• ပြည်ပရောက် ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် ၎င်းတို၏ အိမ်ထောင်စုဝင်များ။ •• အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများနှင့် အိမ်ထောင်စုဝင်များ . နောက်ဆုံးအချက်က နိုင်ငံခြားမှာ တရားဝင်နေထိုင် အလုပ်လုပ်နေကြတဲ့ ကျနော်/ကျမတို့လို မဲပေးခွင့်ရှိသူ မြန်မာနိုင်ငံသား များကိုဆိုလိုပါတယ်။ . . . […]


kotun winlattJune 24, 20152min20712
ကျနော် ထွန်းဝင်းလတ်မှ မေးပြီး ညီငယ် သီဟအောင်မှ ဖြေဆိုပါသည်။   ~~~~~~~~~~~~~~~~~~~~ မေး ။ ။ ညီလေးရဲ့ နာမည်က ဘယ်လိုခေါ်သလဲ ? ဖြေ။ ။ ကျွန်တော့်နာမည်က မောင်သီဟအောင်ပါ။ မေး။ ။ ညီလေးရဲ့ မိဘတွေအမည်နဲ့ အလုပ်အကိုင်လေးကို ပြောပြပါလား။ ဖြေ။ ။ အဖေအမည်ကတော့ ဦးရဲအောင်၊ အမေအမည်ကတော့ ဒေါ်အေးအေးမြင့်ပါ။ အလုပ်အကိုင်ကတော့ လက်လုပ်လက်စားတွေပါ။ မေး။ ။ ညီလေး သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြားခဲ့တဲ့ကျောင်းက…? ဖြေ။ ။ ဟုတ်ကဲ့ပါ အစ်ကို သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်းအထိ မော်လူးအခြေခံပညာ အထက်တန်းကျောင်းမှာပဲ ပညာသင်ကြားခဲ့တာပါ။ မေး။ ။ ညီလေး တက္ကသိုလ်ဝင်တန်း ဖြေဆိုခဲ့တဲ့ ခုံအမှတ်က…? ဖြေ။ […]


ဇီဇီJune 22, 20151min71241
“ဟဲ့။ ဖြည့်လေ ဖြူ ရယ်။ ဘာတွေ စဉ်းစားနေတာတုန်း??” . မေ့ အမကြီး ကြီးကြီးဆီ က ဆော်ဩသံ အကြား ဖြူ ဘာ ဆက်လုပ်ရမည် အကြံအိုက်နေသည်။ . “ကဲ! ရေး ရေးးး ၁ က ဆေးတက္ကသိုလ် လို့ ရေးးး ၂ က စက်မှု တက္ကသိုလ်လို့ ရေးး…” . “ဟွာလေ၊ ကြီးမေ .. ဖြူ မှ ဆရာဝန်မဖြစ်ချင်တာ၊ အင်ဂျင်နီယာလည်း မဖြစ်ချင်ဘူးးး” . “ဖြူ… ငါ ခေါက်မိတော့မယ်နော်။ ဂျစ်ကန်ကန်မလုပ်နဲ့၊ သမီး ကိုကြိုးစားခိုင်းခဲ့တာ ဒီ ပန်းတိုင်ရောက်ဖို့…” . “သမီးက ဘာဖြစ်ချင်တာတုန်းးး” . အဖိုးရဲ့ လှမ်းမေးတော့ […]


kaiJune 18, 20151min1156
အင်္ဂလိပ်စကားကို လွယ်ကူသော ၊ လူသိများသော စကားလုံးလေးတွေကို ထိထိမိမိ အသုံးပြုပြီး လှလှပပ ပြောနိုင်ကြောင်း ရေးသားနိုင်ကြောင်း အတော်အသင့်ဖော်ပြခဲ့ပြီးပါပြီ။ Euphemisms  လေးတွေကိုအသုံးပြုပြီးတော့လည်း ယဉ်ယဉ်ကျေးကျေး သိမ်သိမ် မွေ့မွေ့ပြောနိုင် ၊ ရေးနိုင်ကြောင်းလည်း ဖော်ပြခဲ့ပြီးပါပြီ ။ ယခုလတွင်တော့ ထည်ထည်ဝါဝါ ဝေါဟာရလေးတွေကို အသုံးပြုပြီး အင်္ဂလိပ်စကားကို ခန့်ခန့်ငြားငြား ရေးတတ်ပြောတတ်နိုင်ကြောင်းတင်ပြလိုပါသည် ။ ဦးစွာပထမ  phobia  ဟူသော ဝေါဟာရလေးနှင့် ပတ်သက်သည့် စကားလုံးလေးများ အကြောင်း ဖော်ပြလိုပါသည် ။   phobia ကို မြန်မာလို အလွယ်တကူ “ကြောက်ရွှံခြင်း ” ဟုပြန်ဆိုနိုင်ပါသည် ။ သို့ဖြစ်၍  “သူဟာအမြင့် ကို ကြောက်တယ်  ” ဟူသော ဝါကျကို သာမန်  “He’ s […]


alinsettJune 18, 20152min1204
    အခုတစ်ပါတ် တင်ပြပေးမယ့် သတင်းတွေကတော့ …   ရွှေတိဂုံစေတီတော်အနီးမှာ ဆောက်လုပ်ဖို့ ပြင်ဆင်နေတဲ့ ဒဂုံစီးတီးအိမ်ရာစီမံကိန်း သတင်းနဲ့ မဘသ ရဲ့ ကြေညာချက်သတင်း၊   မြန်မာနယ်ခြားစောင့် စစ်တပ်နဲ့ ဘင်္ဂလားဒေ့ရ်ှ နယ်ခြားစောင့် တပ်ဖွဲ့တို့ရဲ့ စစ်ရေးတင်းမာလာတဲ့အခြေအနေသတင်း၊   မြန်မာပြည်ရဲ့ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချခြင်းကနေ ရရှိတဲ့ဝင်ငွေနဲ့ ပွင့်လင်းမြင်သာမှုဆိုင်ရာ သတင်းအခြေအနေများ၊   လော့စ်အိန်ဂျယ်လိစ်မှာ အနိမ့်ဆုံးလုပ်အားခကို တိုးမြှင့်ဖို့ အတည်ပြုလိုက်ပြီဆိုတဲ့ သတင်း၊   မြန်မာပြည်တွင်းက ရိုဟင်ဂျာတွေ လူ့အခွင့်အရေးချိုးဖေါက်ခံရမှုတွေနဲ့ ပတ်သက်ပြီး  ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ တိုက်တွန်း ပြောကြားချက်သတင်း၊   မြန်မာပြည်တွင်းက ပဋိပက္ခတွေ ဖြစ်ပွါးနေရာ ဒေသများရှိ လွှတ်တော်အမတ်များနဲ့ တရုတ်နိုင်ငံ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ကြမယ်ဆိုတဲ့ သတင်း၊ […]