padonmarMay 27, 20134min32330
မနှစ်က ဧပြီ ၁ရက်နေ့မှာ ကျမရဲ့ ဇာတိမြို့လေးက ကလေးတွေနဲ့ အကျီင်္လေးတွေ ပေးရင်း စိတ်ဓာတ်မြှင့်တင်ရေး စာမေးစာဖြေလေးတွေ လုပ်ခဲ့ကြတဲ့အကြောင်း ပဒုမ္မာရဲ့ ချစ်စရာ့အရွယ် Cover Story post လေးကို မှတ်မိကြပါသေးလား။ ပဒုမ္မာရဲ့ချစ်စရာ့အရွယ် Cover Story နောင်နှစ်ထပ်သွားရင်တော့ ကလေးတွေ အခြေအနေ ဘယ်လိုနေပါ့မလဲလို့ ကျမ ရေးခဲ့ပါတယ်။ ဒီနှစ်တော့ မတ်လ 26 ရက်နေ့က မြို့လေးကို ပြန်ရင်း ကလေးတွေနဲ့ ထပ်တွေ့ခဲ့ရပါတယ်။ တပေါင်းပွဲတွေရှိတော့ တစ်ချို့ကလေးတွေလည်း ဘုရားပွဲတွေကို အလည်သွားနေတာဖြစ်လို့ ဒီတစ်ခါ လူနည်းပါတယ်။မနှစ်က ပါတဲ့ကလေးတွေရော၊မနှစ်က မပါတဲ့ကလေးတွေရော ရောက်လာကြပါတယ်။ မနှစ်က ထုံးစံအတိုင်း ကျမတို့လာပြီကြားတာနဲ့ ရောက်လာကြတဲ့ ကလေးတွေကို အတန်းစဉ်လိုက် တန်းစီခိုင်းလိုက်ပါတယ်။ အတန်းကြီးဆုံးက ၆တန်း၊ရတန်းနဲ့ ၈တန်းကျောင်းသားတွေပါ။ သူတို့ကတော့ […]


            မြန်မာစကားပုံလေးတွေဟာ အတော်သဘာဝ ကျတာပါဗျာ..။ အခုလဲ ဒီလဆန်းပိုင်းမှာ ကျောင်းသားမိဘတွေ ယောက်ယက်ခတ်နေတာကိုကြည့်ပြီး စကားပုံလေးတစ်ခု ခေါင်းထဲရောက်လာမိတယ်။ “ပညာရွှေအိုး  လူမခိုး”…တဲ့…. ကြည့်….  ခိုင်းနှိုင်းပုံကလေး သင်း.. လိုက်တာများ… ပညာကို  ရွှေအိုးနဲ့ ကို နှိုင်းပစ်လိုက်တာ…။ ဟုတ်ပါ့… မြန်မာပြည်မှာတော့ ပညာဆိုတာတကယ့်ကို ရွှေ နဲ့တူတာပါ…။ အရမ်းဈေးကြီးပြီး အမြဲတမ်း ဈေးတက်နေတာကိုး။ အဲ… အဲ… ကျုပ်ပြောတဲ့ပညာ ဆိုတာက  ဒီကနေ့ ကျောင်းသားမိဘတွေ အမြဲခေါင်းခဲနေရတဲ့ ကျောင်းပညာရေးကိုပြောတာပါ။ အခုလို သင်္ကြန်အပြီး မေလကလေး ဆန်းပြီဆိုတာနဲ့ ကျောင်းသားမိဘတွေခမျာ ကျောင်းအပ်ဖို့၊ ကျူရှင်အပ်ဖို့၊ ဂိုက်ရှာဖို့ ၊ ကျောင်းကားစုံစမ်းဖို့ …  ဆိုပြီး ရှုတ်ရှက်ကိုခတ်နေတာ။ ပါလေရာတို့ခေတ်နဲ့များ […]


KyaemonMay 13, 20138min25224
    Chrystalline လေးကို ကြောင်ကြီးစားမည် ( ခေါင်းစီးကြီးနဲ့ )     ခရစ်စတယ်လှိုင်းလေးအား စားစေ…     ဦးကြောင်ကြီး says: ငှီးလျောင်း ငှီးလျောင်း.. ရှလွတ် ရှလွတ် ပလပ် ပလင် ဂျွတ် ဂျပ် ဂွတ် ဂတ်… ခွီးဂရား မီ.. ညောင်း… ခွီး.. ကျွတ်..ပလပ် ပလပ်.. ရှလွတ် ဂျွတ်… အားပါးပါး ကောင်းမှကောင်း     ===============     ကြံကြီးစည်ရာ၊   မကြားဝံ့မနာသာပါ၊   ကြောင်ကနေလူသားစားမယ်ဆိုတာ   ပြောလဲမကောင်း၊ နောက်စရာလဲမဟုတ်၊   ဟားစရာလဲ မ ကောင်းပါ၊       […]


Wai Aung Chan MyoMay 11, 20131min2527
  ဒိုချက်ကင်သည် ဂျပန်စကားဖြစ်ပြီး မှိုနှင့် ဒေသခံအဏုဇီဝပိုးများမွေးမြူပြီး သဘာဝမြေဆွေးပြုလုပ်ခြင်းဖြစ်သည်။ ပြုလုပ်နည်း ပထမအဆင့်မှာ- ၁။ သစ်ရွက်၊ ဝါးရွက်အောက်မှ ဆွေးမြေ့နေသောမြေဆွေးများကို အပေါ်ယံ ၄၊ ၅လက်မခန့် ဂေါ်ဖြင့် ပြည်တောင်း ၁ဝတောင်းခန့်ယူပါ။ (အထူးသဖြင့် ဝါးရွက်အောက်ကမြေဆွေး ဆိုလျှင် ပိုကောင်းသည်။ ဝါးရွက်သည် အင်မတန်မာသဖြင့် ဝါးရွက်ကိုတောင် ဆွေးအောင် ပြုလုပ်နိုင်သော အဏုဇီဝသည် အခြားအရာများကိုလည်း လွယ်လင့်တကူ ဆွေးမြေ့စေသည်။) မိုးရေမတိုက်စားစေရန် ကုန်းမြင့်မြင့်တွင် ပြုလုပ်ရန်လိုသည်။ ၂။ တချိန်တည်းမှာပင် ကြံသကာအညို၊ သို့မဟုတ် ထန်းလျက်အညိုကြမ်း ၆ဝကျပ်သားခန့်ကို အရည်ပျစ်ပျစ်ကြိုကာ အအေးခံထားပြီး ရေ ၄ဂါလံဖြင့်ရောမွှေထားပါ။ ၃။ ထို့နောက်ဖွဲနု (ဝါးရွက်မြေးဆွေး၏ ၅ပုံ ၁ပုံ) (၂တောင်း)ခန့်ကို ဝါးရွက်ဆွေးအောက်ကမြေဆွေးနှင့် ရောပြီး ကြံသကာရည်အရောကို မနည်းလွန်းမများလွန်း လက်ဖြင့်ဆုပ်လုံး၍ရရုံ […]


Wai Aung Chan MyoMay 11, 20131min3192
  ဘိုကာရှီ သဘာဝမြေဩဇာဆိုသည်မှာ သဘာဝကုန်ကြမ်းများကို ၎င်းတို့ပါဝင်သည့် NPK ပါဝင်မှုများအလိုက် အချိုးညီ ပြုလုပ်ထားသော သဘာဝမြေဩဇာဖြစ်သည်။ အပင်များသို့ ဘိုကာရှီကျွေးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများမှာ ၁။ ပင်စည်၊ အကိုင်းအခတ်၊ အရွက် စသည် ဖွံ့ဖြိုးတိုးပွားမှုမြန်စေခြင်း။ ၂။ အဖူး၊ အပွင့်၊ အသီး များ ကြွေကျမှုနည်းစေခြင်း (အသီးဖြစ်ထွန်းမှု အားကောင်းစေခြင်း) ၃။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ ကောင်းမွန်သောအရသာ၊ အရည်အသွေးမြင့်မားစေခြင်း။ ၄။ အပင်များ ကျန်းမာသန်စွမ်းစေနိုင်ခြင်း။ ၅။ အဖျက်ပိုး၊ ရောဂါပိုးတို့၏ တိုက်ခိုက်မှုဒဏ်ကိုလည်း ခုခံကာကွယ်နိုင်စွမ်းရည်မြင့်စေခြင်း။ ၆။ မြေကြီးအတွင်း Organic Matter တိုးပွားလာစေသဖြင့် ၎င်းကို မှီတင်းနေထိုင်ကြသော အပင်အကျိုးပြု အဏုဇီဝပိုးများ တိုးပွားလာကာ အပင်အတွက်လိုအပ်သော အစာအဟာရဓာတ်ကို ပေါများကြွယ်ဝစေခြင်း။ ၇။ […]


မမေ့အပ်သော ဗုဒ္ဓ ၏ ဩဝါဒ အားကိုစရာ အစစ်က ဗုဒ္ဓံ ၊ ဓမ္မံ ၊ သံဃံ မိတ်ဆွေ အစစ်က ကံ ၊ ဉာဏ်၊ ဝိရိယ နေ့စဉ် အလုပ်က ဒါန ၊ သီလ ၊ ဘာဝနာ ရန်သူ အစစ်က လောဘ ၊ ဒေါသ ၊ မောဟ အမြဲ နှလုံးသွင်းရန် အစစ်က အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ အမြဲလက်ကိုင်ထားရန် အစစ်က ခနီ္တ ၊ သစ္စာ ၊ မေတ္တာ =========================== အမြဲရွတ်ဖတ်ရန် ဗုဒ္ဓ၏ စက်ကြီး ၁၃ စက် ၁ ။ ဩောင်း […]


etoneMay 8, 20133min32517
အချိန်တွေ ကုန်မြန်လွန်းလှပါတယ် … ဒါဇင်ပလက်စ်ရဲ့ လစဉ် အလှူအတွက် ဘယ်မှာသွားလှူရမလဲ ကျောင်းရွေးခါနီးတိုင်း ခေါင်းလည်း စားကြရတယ် … လတ်လောတော့ ရန်ကုန်မြို့တွင်းက ဘကကျောင်းတွေကိုပဲ ဦးတည်လှူဒါန်းဖို့ စိတ်ကူးထားတာကြောင့် နီးစပ်ရာ ဘက ကျောင်းစာရင်းတွေလုပ်ရပါတယ် ။ ဘယ်ကျောင်းကို အရင်သွားရမလဲ ဆိုတာ မဲစနစ်နဲ့ ရွေးချယ်ရပါတယ် ။ ယခုလအတွက် မဲပေါက်သော်လည်း ၊ ကြိုတင်ဆက်သွယ်လို့ မရတဲ့အတွက် သွားမလှူဖြစ်ပဲ တခြား ကျောင်းတွေကိုသာ လှူဖြစ်ခဲ့တဲ့ အဖြစ်တွေလည်း ရှိပါတယ် … ။ ဒါဇင်ပလက်စ်အဖွဲ့ဝင်တိုင်း အလုပ်ကိုယ်စီသွားကြရတာကြောင့် အလှူနေ့ကွန်ဖမ်းဖြစ်ဖို့ စာတွေပို့ ၊ ဖုန်းတွေဆက်နဲ့ လှုပ်ရှားရင်း ၊ တလပြီး တလ ဖြတ်သန်းကြရပါတယ် ။ %%%%%%%%%%%%%%%%%% ဒါဇင်ပလက်စ်ရဲ့ (၉)ကြိမ်မြောက်အလှူအဖြစ် 6-4-13ရက်နေ့တွင် […]


Foreign ResidentMay 8, 20136min27633
အဘ တို့ ရပ်ကွက်ထဲက ချစ်စရာ ကောင်ဆိုးလေးတွေ ။   ဟိုတစ်နေ့က ၊ မ ခိုင်ဇာရဲ့ ငှက်ဥယျာဉ် ဆိုတဲ့ Post လေးမှာ ကြက်တူရွေးငှက်ကြီး ပုံတွေ တွေ့ရတော့ ၊ အဘ ရဲ့ ဩဇီက အိမ်နားမှာလဲ ကြက်တူရွေးငှက်ကြီးတွေ အရမ်းပေါတာကို သတိရမိလို့ ၊ အဘ လဲ ဩဇီအိမ်ကို အရမ်း လွမ်းမိနေပါတယ် ။   အဲဒီ ကြားထဲ သူကြီးက သူရိုက်လာတဲ့ သက်တန့် ရောင်စုံ ကြက်တူရွေးငှက်ပုံကို တင်လာလို့ ၊ အဘ ရဲ့ အိမ်နားမှာ အဲလို သက်တန့် ရောင်စုံ ကြက်တူရွေးငှက်တွေ ရှိတယ်လို့ ကြွားလိုက်မိတာ ၊   ” […]


kotun winlattMay 8, 20132min63645
စာမရေးဖြစ်တာကြာတော့ ဘယ်ကစပြီးရေရမလဲ မသိဖြစ်နေတော့တာ…. အရင်ကလို ဂေဇက်ရွာကြီးထဲကိုလည်း သိပ်မရောက်ဖြစ်… ဘာကြောင့် ဘာအတွက်ဆိုတဲ့ အကြောင်းပြချက်မှာ ရေရေရာရာ မရှိလှပေ…. အဓိက အကြောင်းပြချက်ကတော့ လူပျို လူလွှတ်ဘဝနဲ့ အိမ်ထောင်ကျပြီးသွားသော ဘဝနှစ်ခုကြားက ကွာခြားချက်ဟု ပြောရမည် ထင်ပါသည်။ အရင်က ကျနော့်ကို ဘာတွေလုပ်နေနေ ပြောမည့်သူမရှိ…. အမေ အဖေတို့ကလည်း ဒီအသက် ဒီအရွယ် ကလေးမဟုတ်တော့ သူ့ဟာသူ ဆင်ခြင်လိမ့်မယ် ဆိုပြီး တော်ရုံတန်ရုံ သိပ်မပြောကြ… ဒီတော့ ကျနော် စိတ်ထဲရှိရာ စိတ်ထဲထင်ရာတွေ လျှောက်လုပ် လျှောက်သွားနေခဲ့သည်သာ… စိတ်လွှတ်ကိုယ်လွှတ်ဟု ဆိုရမည်ထင်ပါ့…. ကွာဟချက်နှစ်ခုကြားမှာ အံဝင်ခွင်ကျဖြစ်အောင် ကျနော် ကြိုးစားနေသောကြောင့် ဟုပြောလျှင်လည်း ရသလို ထိန်းချုပ်မှုတွေ ကြားမှာ ရောက်နေသော ဘဝဟုလည်း ဆိုနိုင်လောက်ပါသည်။ အရင်ကတော့ အဖေ […]


၂ဝ၁၃ခု၊ မေလ၊ ၂ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်စ် သတင်းစာထဲမှာ ဖတ်လိုက်ရတဲ့သတင်းတစ်ပုဒ်ကတော့ မူလတန်းပညာရေးမှာ အင်္ဂလိပ်စာကို သုံးတန်းမှသာ စတင်သင်ကြားတော့မည်ဖြစ်ကြောင်း၊ ပြဌာန်းစာအုပ်ပြုပြင်မယ့်အကြောင်း နဲ့ ဘယ်စာသင်နှစ်မှာ စတင်အကောင်အထည်ဖော်မလဲ ဆိုတာကိုတော့ မသိရသေးကြောင်း ပါရှိပါတယ်။ သုံးတန်းမှာပြဌာန်းစာအုပ်အသစ်နဲ့ စတင်သင်ပြီး ကလေးတွေရဲ့ အခြေအနေအရ ဆက်လက်လုပ်ဆောင်သွားမယ့် အကြောင်း၊ တာဝန်ရှိသူတစ်ဦးရဲ့အပြောကတော့ “အင်္ဂလိပ်စာကို အထင်ကြီးလို့တော့ မဟုတ်ဘူး။ လူရာဝင်အောင်သင်တာပါ“ တဲ့။ သတင်းအကျဉ်းကတော့ ဤမျှသာ။ အခုလေသံနားထောင်ရတာနဲ့တင် ပညာရေးပြောင်းလဲမှုကို လက်တည့်စမ်းလုပ်ကြဦးမယ်လို့ ယူဆလို့ရနေပါပြီ။ သုံးတန်းအတွက် အင်္ဂလိပ်စာပြဌာန်းစာအုပ်ကို စတင်သင်မယ်။ ဘာဆာဗေးမှ လုပ်ထားမယ့်ပုံမရဘူး။ အခြေ အနေကြည့်ပြီး လေးတန်းအတွက် စာအုပ်ထပ်လုပ်မယ်။ အဲဒါမျိုးဖြစ်နေပါပြီ။ တကယ်ဆို ပြဌာန်းစာအုပ်ကို အတန်းစဉ်အားလုံးအတွက် စံနစ်တကျ လုပ်ထားရမှာပါ။ ကျမတို့ခေတ်တုန်းက ၁ဝတန်းအင်္ဂလိပ်စာကို  Wuthering Heights […]


KyaemonMay 6, 20137min24510
  သူငယ်ချင်းက၂၀၀၉ ပြက်ခဒိန်ကိုInternet  ကနေပို့လာတာကကြာပါပြီ၊ ဟိုချိန်တုန်းကကွန်ပြူတာ အဟောင်းနဲ့ဆိုတော့ပုံတွေကိုမကူးနိုင်ခဲ့တာ ခုသတိရလို့ ရွာသားများအတွက်ခုမှဘဲ တင်ဖြစ်တာပါ၊   ———    


alinsettMay 4, 20131min2099
ကျွန်တော် ပြန်လည်တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း (၉) ဆေးရုံ “သဘာဝတရားက ဖျားနာနေပြီ း လူသားက တုတ်ကွေးမိနေတာနဲ့ တူတယ် တဲ ့၊ ကမာ္ဘကျော် ပုဂ္ဂိုလ် ကြီးတွေ က ပြောကြတယ်” “ဟင်..လူတွေနဲ့ သဘာဝတရားက ကုသခန်း တစ်ခု ထဲ မှာ အတူရောက်နေတာပေါ့၊ ဆက်ပြောစမ်း ပါအုံ း၊ တို ့ရဲ့ ဆေးရုံက ဘာလဲ” ( တာရာမင်းဝေ ) ============================================= သဘာဝတရားက ရိုးရိုးဖျားနာနေတာ မဟုတ်ပါဘူး ။ ခုခံအားကျဆင်းနေလို ့.. အဖျားအနာတွေ..ဝင်လာတာပါ ။ လူသားတွေရဲ ့…. မဆင်မခြင်….လုပ်ရပ် ( လုပ်ခဲ့တဲ ့ လုပ်ရပ်တွေ ) ကြောင့်….. ခုခံအားတွေ…ပြိုပြိုလဲလဲ… ကျဆင်းသွားရတာ…။ […]


KyaemonApril 29, 201315min1244
      (မန်းဂဂေဇက်ပရိသတ်နဲ့နိုင်ငံခြားရောက်မြန်မာမိသားစုကစိတ်ဝင်စားမှာပါ၊ ၎င်းအတွက်ဗီဒီယိုများရှာဖွေတင်ဆက်တာပါ)     ———————————-    လောအင်ဂျလစ်မိသားစုနဲ့တွေ့ဆုံမေးမြန်းခြင်း   Myanmar Ambassador LA visit – YouTube   http://www.youtube.com/watch?v=tn_l5EPqEeM   ————————-     San Francisco Bay Area စန်ဖရန်စစ်ကို မိသားစုနဲ့တွေ့ဆုံမေးမြန်းခြင်း         SF Bay Area Burmese Community Meeting with Myanmar Ambassador   SF Bay Area Burmese Community Meeting with Myanmar Ambassador – YouTube   […]