CourageApril 23, 20131min1205
ကမ်းလှမ်းမယ့်လက်များ           ဇွန်လဆန်း ကျောင်းများပြန်ဖွင့်ချိန်ဖြစ်၍ ရွက်ကွက်လေးတစ်ခုရှိ မူလတန်းကျောင်းလေးပြန်လည်အသက်ဝင်လာသည်။ အပေါ်အဖြူအောက် အစိမ်း နှင့် ကလေးငယ်များ၊ ပြုံးပျော် ရယ်ရွှင်နေသောကလေးငယ်တို့ကြောင့် သုံးလတာ ခြောက်ကပ်ကပ်ဖြစ်နေသည့် ကျောင်းကြီးမှာ စို်ပြေနေ၏။ မျက်နှာဟောင်းကျောင်းသားများမှာ အတန်းသစ်ကိုတက်လို့၊မျက်နှာသစ်ကျောင်းသားများကလည်း အတန်းသစ်ကိုတက်လို့။မျှော်လင့်ချက်အသစ် စိန် ခေါ်မှုအသစ် အတွေ့အကြုံအသစ် ပညာအသစ်များကို သူတို့လေးတွေ အမိအရဖမ်းယူကျတော့မည်။           မောင်မောင်လည်း ထိုအရာများကို ဖမ်းယူချင်သည်။ ဆန္ဒရှိသည်။ ကျောင်းတက်ရတာကိုသူပျော်သည်။ အဖြူနှင့်အစိမ်းကို တွဲဖက်ဝတ်ဆင်ရ ခြင်းအား သူဂုဏ်ယူသည်။ သူ့မျက်စိရှေ့တွင်တွေ့နေရသော အပြုံးပန်းများနှင့်ရွယ်တူကျောင်းသားလေးများကို ကြည့်ရင်း သူ ကြည်နူးစွာပြုံးလိုက်သည်။ပျော်စရာကောင်းလိုက်တာ။ ဒီလို တူညီဝတ်စုံဝတ်ရင်း၊ ဘဝ တိုက်ပွဲကို ဘယ်လိုနွဲရာမယ်လို့ သင်ကြားပေးနေတဲ့နေရာ၊ တိုက်ခိုက်နေချိန် အသုံးပြုရမယ့် အသိပညာလက်နက်တွေ ဝေမျှပေးနေတဲ့ ဒီနေရာက သူတို့သူတို့တွေရဲ့ ရွှင်လန်းမျှက သူ့ကို လန်းဆန်းသွားစေသည်။ […]


Myanmar Web DesignerApril 19, 20131min17713
ဒီ post လေးက ၂၀၁ဝ ခုနှစ်၊ ကျွန်တော် ဘာမှ အဖြစ်ရှိရှိ မတတ်သေးခင်တုန်းက Myanmar IT Pro မှာ ရေးခဲ့တဲ့ post လေးပါ။ အခုအချိန်ထိလဲ ဒီ post ထဲကလိုမျိုးလူတွေ ရှိဦးမယ်လို့ ထင်ပါတယ်။ Myanmar IT Pro မှာ တင်ခဲ့တုန်းကလည်း comment ဝေဝေဆာဆာနဲ့ လူကြိုက်များခဲ့ပါတယ်။ ဒါကြောင့် အားလုံးဖတ်ရအောင် ကျွန်တော့် blog မှာ ပြန်တင်ပေးလိုက်ပါတယ်။ အရင်တုန်းက အရေးအသား အပြောအဆိုနဲ့ အခု အရေးအသား အပြောအဆိုကတော့ နည်းနည်းကွာပါတယ်။ ဒါပေမယ့် အရင်ကအတိုင်း ဖတ်စေချင်လို့ ဘာမှမပြင်ပဲ ပြန်တင်ပေးလိုက်ပါတယ်။ အတွေ့အကြုံနုသေးတဲ့ အချိန်က ရေးထားတဲ့စာဖြစ်နေတော့ နည်းနည်း ပြောင်ချော်ချော်ဖြစ်နေရင် သည်းခံပြီး ဖတ်ကြပါ။ **********************************************************************


Myanmar Web DesignerApril 18, 20131min1368
မင်္ဂလာပါ၊ အားလုံးပဲ နှစ်သစ်မှာ ပျော်ရွှင်ပါစေ။ ဒီနေ့ကတော့ အထွေထွေ ဗဟုသုတ တစ်ခုလောက် ဝေမျှချင်ပါတယ်။ အားလုံးသိတဲ့အတိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံက တဖြည်းဖြည်းနဲ့ တိုးတက်နေပါပြီ။ အဲဒီလို အဖက်ဖက်ကနေ တိုးတက်နေတဲ့အချိန်မှာ မီအောင်မလိုက်နိုင်လို့ နောက်ကျ ကျန်ခဲ့ရင် နောင်တစ်ချိန်မှ မီအောင်ပြန်လိုက်နိုင်ဖို့ဆို တော်တော်ကြီးကို ခက်ခဲသွားမှာပါ။ ကျွန်တော်ကတော့ နည်းပညာသမားဆိုတော့ နည်းပညာနဲ့ ပတ်သတ်တာကိုပဲ ပြောမှာပါ။ တိုင်းပြည်ကြီးက တိုးတက်လာတဲ့ အတွက်ကြောင့်မို့လို့ နည်းပညာတွေလည်း အဖက်ဖက်က တိုးတက်နေပါတယ်။ ဒီအကြောင်းကို ကျွန်တော် ဥပမာ တစ်ခုနဲ့ ပြောပြချင်ပါတယ်။ ဒီဥပမာကို အရင်တုန်းက ကျွန်တော် သင်တန်းဆရာ လုပ်တုန်းကလည်း သင်တန်းသားတွေကို ပြောပြဖူးပါတယ်။ ကျွန်တော်နဲ့ နီးစပ်တဲ့ သူငယ်ချင်းတွေနဲ့ ကျွန်တော် သင်ပေးနေတဲ့ တစ်ချို့တစ်ယောက်ကိုလည်း ဒီဥပမာကို ပြောပြခဲ့ဖူးပါတယ်။


အခု ကျမရေးတဲ့ခေါင်းစဉ်က ပညာရေးဆိုပေမယ့် အင်္ဂလိပ်စာတတ်မြောက်ရေးကို ဇောင်းပေးပြီးရေးထားတာဟာ နောင်အဆင့်မြင့်ပညာရပ်တွေ အကုန်လုံးကို အင်္ဂလိပ်စာကနေ သွားရမှာမို့ သင်ယူခြင်းဘားတန်းကျော်လွန်နိုင်ရေး အတွက် ရည်ရွယ်ပါတယ်။ ဒီခေတ်ကလေးတွေအများစု အင်္ဂလိပ်စာကို ပုံမှန်တတ်ရိုးတတ်စဉ်မတတ်ကြပါဘူး။ ဒါဟာ သင်ယူမှု လွဲမှားခြင်းကြောင့်ပါပဲ။ ပညာရေးအကြောင်း ဖတ်ရတဲ့စာဟူသမျှ ဆရာတွေ နာသုံးနာမရှိကြောင်း၊ ငွေကြေးကိစ္စ၊ ဘဝရဲ့အကြပ်အတည်းတွေ အဲဒါတွေများပါတယ်။ တကယ့်အဓိကအကြောင်းအရာကြီးကို တမင် လွှဲဖယ်ပြီးရေးနေကြသလားတောင် အောက်မေ့ရတယ်။ ——- မြန်မာပြည်မှာမွေးတဲ့ကလေးတစ်ယောက်ကို အဂ်လန်ပို့လိုက်ရင် အဲဒီကလေး လေးငါးနှစ်သားဆိုရင်ပဲ နားရည်ဝပြီး အင်္ဂလိပ်လို ပြောနိုင်ပါပြီ။ ဒီတော့ ဘာသာစကားသင်ယူဖို့ ဉာဏ်ရည်ဉာဏ်သွေး အများကြီး မလိုအပ်တာရှင်းလင်းပါတယ်။ မြန်မာပြည်မှာပဲနေမယ့် ကလေးကိုတော့  အင်္ဂလိပ်စကားပြောပတ်ဝန်းကျင် ဖန်တီးမပေးနိုင်ဘူး။ သာမန် လူတန်းစားတွေ ဘိုကျောင်းထားမပေးနိုင်ဘူး။ ဒီတော့ အပြင်းအထန်သင်ကြားကြရတယ်။ အဲဒီမှာ အစမကောင်းရင် အကုန်ခက်ခဲကုန်ပါတယ်။  letter […]


တိုင်းပြည်မှာ မျိုးဆက်သစ်တွေရဲ့ ပညာရေးကို ကရော်ကမယ်လုပ်မလား၊ လာမယ့်မျိုးဆက်သစ်တွေ လွတ်လွတ်လပ် လပ် ကိုင်စွဲနိုင်မယ့် လူသတ်လက်နက်ကို ထုတ်လုပ်မလား ဆိုရင် လူသတ်လက်နက် ထုတ်လုပ်တာက ပိုပြီးအကုသိုလ် နည်းပါလိမ့်မယ်။ ကျမရဲ့သမီးလေး မျက်လုံးကို ခြောက်လတစ်ကြိမ်စစ်ဆေးစရာရှိတဲ့အတွက် ကိုယ်တိုင်ကလည်း ခရီးမထွက်နိုင်သေး တော့ သမီးကို လူကြုံနဲ့ ရန်ကုန်လွှတ်လိုက်ပါတယ်။ ရန်ကုန်မှာ သမီးဖတ်ဖို့အင်္ဂလိပ်စာအုပ်လေးတွေ ငါးအုပ်ခြောက်အုပ်လောက်ထည့်ပေးလိုက်တော့ သမီးက သူ့ဖာသာသူစာဖတ်နေတုန်း နိုင်ငံခြားသားက တွေ့သွားပါတယ်။ ရန်ကုန်အိမ်မှာက နိုင်ငံခြားသားအဝင်အထွက် အမြဲရှိပါတယ်။ သူတို့တွေ အံ့ဩတကြီးနဲ့ ရက်ချိန်းတောင်း၊ ဗီဒီယိုရိုက် အသံဖမ်းယူသွားကြပါတယ်။  ဒီအရွယ်မှာ ဒီလောက်အဆင့်မြင့်တဲ့စာကိုဖတ်နိုင်တယ် ဆိုတာကို သက်သေပြဖို့အတွက်ပါတဲ့။ ဟုတ်ကဲ့၊ သမီးက ခြောက်နှစ်ပါ။ အတိအကျဆိုရင် ခြောက်နှစ်နဲ့တစ်လ။ သမီးဟာ ပါလာတဲ့စာအုပ်ကိုလည်း ဖတ်ပြနိုင်ခဲ့တယ်။ သူတို့ထုတ်ပေးတဲ့စာအုပ်တွေကိုလည်း ဖတ်နိုင်ခဲ့တယ်။ ဘေးနားမှာ စာထောက်ပေးမယ့် […]


အေတြးေလးMarch 28, 20132min17310
မနေ့ကရွှေစာရံကိုသွားကြတယ်ကျတော် တို့ ခြောက်တက်ကွေ့ကိုရောက်တော့ ပြင်ဦးလွင်ရာသီ ဥတုဘာလို့အဲလောက်ပူနေရလဲဆိုတာကို သိလိုက်ရတယ်။ဒီပုံတွေကိုကြည့်လိုက်ကြပါနော်။အပင်တွေအားလုံး ကမီးလောင် ပြင်ကိုဖြစ်လို့ ကျွန်းပင် တွေဆိုတာလေ အရွက်တောင်မမြင်ရတော့ဘူး ။ ဟိုတုန်းက အဲဒီနေရာကနေရိုက်လိုက်ရင်မြင်ရတာကဒီလိုတွေလေ။နေရာတွေကမတူပေမယ့် ဒီနေရာတွေမှာလဲ ခြောက်ကပ်လို့နေပါတယ် ။ဒါကတော့ အဝေးကိုရိုက်ထားတာလေ။အပေါ်ကပုံတွေကတော့ ကားနဲ့မို့ လွတ်လွတ်လပ်လပ် မရိုက်ခဲ့ရတော့သေချာမရိုက်လိုက်ရတာကိုတော့နားလည်ပေးစေချင်ပါတယ်ခင်ဗျာ။


တလောက TheWeek.com မှာ ပူပန်နေဖို့ မထိုက်တဲ့ ထင်ယောင်ထင်မှား ဂရမ်မာ အများများ ဆောင်းပါး အဆက်ဖြစ်ပါ။ တန်ဖိုးရှိပြီး လေးစားလိုက်နာရမည့် သဒ္ဒါစည်းကမ်းများစွာ ရှိပါတယ်။ သူတို့နောက် မလိုက်လို့ လူဆိုး၊ စာရေးမသာ ဖြစ်သွားစရာတော့ မရှိဘူး။ တချိန်မှာ အဲဒီသဒ္ဒါစည်းကမ်းတွေကို Henry James, Henery Adams နဲ့ အခြားထင်ရှားသော ဟင်နရီအမည်တပ် စာရေးဆရာများစွာ ချိုးဖောက်ခဲ့ဖူးတာ သေချာပါတယ်။ ဒါ့အပြင် သဒ္ဒါစည်းကမ်းသည် ဖြစ်သလို ရေးနေကြတဲ့ ယနေ့ခေတ် စာအရေးအသားမှာ အားအနည်းဆုံး ထောက်ပြဝေဖန်ခံရတဲ့ ပြသနာတခု ဖြစ်နေပါပြီ။ ကျနော့်စာအုပ်အသစ် How to Not Write Bad: The Most Common Writing Problems and the […]


z-ZMarch 19, 20133min21813
လျှပ်စစ်မီးတွေ မရှိပဲ ရေခဲသေတ္တာအဖြစ် အသုံးပြုတဲ့ နည်းပညာကို နိုက်ဂျီးရီးယားနိုင်ငံသား အင်ဂျင်နီယာ တဦးဖြစ်သူ မစ္စတာ မိုဟာမက် ဘာ အက်ဘာက တီထွင်ဆန်းသစ်ခဲ့ပါတယ်။ အင်္ဂလိပ်လို The pot-in-pot refrigerator သို့မဟုတ် အာရေဗစ် ဘာသာစကားအသံထွက်နဲ့ ပြောရရင် zeer လို့ ခေါ်တဲ့ မြေအိုး ၂ ခုကို သစ်သီးဝလံတွေ ကြာကြာခံအောင် ရေခဲသေတ္တာလို သုံးတဲ့ အသုံး အဆောင် တခုကို အိုးထိန်းသည် မိသား စုက ဆင်းသက်ခဲ့သူ မိုဟာမက် ဘက်အက်ဘာက က တီထွင်းဆန်းသစ်လိုက်လို့ ဆုတွေ တလှေကြီး ရခဲ့ပါတယ်။ ၂၀၀ဝ ခုနှစ်က $75,000 Rolex Award for Enterprise ခေါ်တဲ့ အမေရိကန် ဒေါ်လာ ၇၅၀၀ဝ […]


Wai Aung Chan MyoMarch 18, 20131min1529
လူတိုင်းလူတိုင်းမှာ အမြင်ကိုယ်စီ ရှိကြမှာဘဲ။ စပြောရင် ကလေးတယောက်မှာလဲ သူ့အမြင်နဲ့ သူရှိတယ်။ စီးပွားရေးသမားရဲ့ အမြင်နဲ့ နိုင်ငံရေးသမားရဲ့အမြင် တူမှာမဟုတ်ဘူး။ ထို့နည်းတူ ခေတ်ပညာတွေ မသင်ယူထားတဲ့သူရဲ့ အမြင်နဲ့ သင်ယူထားတဲ့သူ အမြင်ချင်းမတူနိုင်ဘူး။ သင်ယူထားသူ အချင်းချင်းတောင် ကွဲပြားကြသေးတာပဲ။ ဒီတော့ ကလေးတယောက်ကို သွားပြီး ဘွဲ့တွေ အထပ်ထပ်သင်ယူထားတဲ့သူက သူ့လောက်မသိဘူးဆိုပြီး အထင်သေးစရာမလိုသလို သူ့ရဲ့အမြင်ကို လျစ်လှူရှုလို့မရပါဘူး။ ဒီကလေးဟာ မှားသည်ဖြစ်စေ၊ မှန်သည် ဖြစ်စေ သူ့အတိုင်းအတာ သူ့ပတ်ဝန်းကျင်အနေနဲ့ သူမှာ ထင်မြင်ယူဆပိုင်ခွင့်ရှိတယ်။ ဒါဟာ သူ့ရဲ့ အခွင့်အရေးပဲ။ ဒီတော့ ဒီကလေးဟာ သူ့ရဲ့ထင်မြင်ချက်အပေါ် Action ပါလာပြီဆိုရင်တော့ မေးစရာရှိလာတယ်။ အဲ့ဒီ Action မှာ မနောကံ၊ ဝစီကံ၊ ကာယကံဆိုပြီးရှိတဲ့အထဲမှ ကျနော်တို့ သိနိုင်တာ ဝစီကံနဲ့ […]


manawphyulayMarch 17, 20131min883
ပညာဆိုတာ လူတိုင်းနဲ့ နေ့စဓူဝ တွေ့ကြုံနေရတဲ့အရာတစ်ခုပဲ ဖြစ်ပါတယ်။ လူလောကကို ရောက်ရှိ လာကတည်းက မွေးဖွားပြီး ၃ နှစ်၊ ၄ နှစ်မှ စတင်ပြီး မူကြိုလို့ခေါ်တဲ့ ကျောင်းပညာရေးနဲ့ ထိတွေ့လာရပါတော့တယ်။ ဒါကနေတစ်ဆင့် သူငယ်တန်းမှ မသေခင်စပ်ကြားထိ ပညာဆိုတာတွေ လေ့လာ သင်ယူမှုတွေနဲ့ လူတိုင်း အစပျိုးလာရမှာပဲ ဖြစ်ပါတယ်။ ငယ်ရွယ်စဉ်စတက်ကတည်းက ကျောင်းပညာရေးဟာ လူ့ဘဝတစ်သက်တာမှာ အရေးကြီးဆုံးပါပဲ။ ကလေးတစ်ယောက်ရဲ့ ဘဝလမ်းကြောင်း အစကောင်းမှသာ အနှောင်းသေချာမှာ ဖြစ်ပါတယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့ လက်ဦးဆရာဟာ မိဘတွေဖြစ်သလို ဒုတိယကတော့ ကျောင်းနေတဲ့အရွယ်ကစပြီး ပညာသင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေပဲ ဖြစ်ပါတယ်။ ဆရာတွေ ဆရာမတွေ မကောင်းခဲ့ရင်တော့ ဒီကလေးရဲ့ဘဝလမ်းကြောင်းဟာ အရာအားလုံး ကျွမ်းထိုး မှောက်ခုံဖြစ်သွားမှာ အမှန်ပဲဖြစ်ပါတယ်။ ပြောကြတာ သင်လည်း […]


padonmarMarch 17, 20132min23116
အမှိုက်ကိစ္စ ခရေဇီဖြစ်တဲ့ ကျမကို M-လုလင် က အမှိုက်နဲ့လူနေမှုဘဝ ဓာတ်ပုံပြပွဲအကြောင်း ဒီလိုသတင်းပေးလာပါတယ်။ Mလုလင် says: (Edit) “အမှိုက်များနှင့် လူနေမှုဘဝ ဓါတ်ပုံပြပွဲအတွက် ပုံများပေးပို့နိုင်ပါသည်” Myanmar Youths In Action မှ ကျင်းပပြုလုပ်မည့် “ အမှိုက်များနှင့် လူနေမှုဘဝ “ အမည်ရှိ ဓာတ်ပုံ ပြပွဲကို မတ်လ (၁၇) ရက်နေ့ ၊ နေ့လည် (၂းဝ၀) မှ (၅းဝ၀) အထိ ပြည်သူ့ရင်ပြင်(Natural World) ရှိ မြက်ခင်းပြင်တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ လူသားများ၏ နေ့စဉ်ဘဝတွင် အမှိုက်ဆိုသော အရာများသည် တဖြည်းဖြည်းဖြင့် အန္တရာယ်ရှိသော အရာများ အဖြစ် ဖြစ်ထွန်း လာနေပါသည်။ လူသားများသည် နေ့စဉ်နဲ့ […]


KyaemonMarch 17, 201345min1083
       ယူကေဝန်ကြီးချုပ် Cameronရဲ့နှုတ်ခွန်းဆက် သဝဏ်လွှာ   Chinese New Year 2013 – YouTube http://www.youtube.com/watch?v=y1TaWo_-ZUU     Published on Feb 6, 2013 Message from Prime Minister David Cameron to mark the Chinese New Year.   တရုပ်နှစ်သစ်ကူးမှာမိမိက နှုတ်ခွန်းဆက် ဆုတောင်းပေးပါကြောင်း၊ ယူကေနဲ့တရုပ်နိုင်ငံ နှစ်နိုင်ငံအကြား ဆက်ဆံရေးနဲ့ကုန်သွယ်ရေးတွေဟာ တနေ့တခြားတိုးတက်ခိုင်မာ နက်ရှိုင်းလာကြောင်း၊ “I want to send my very best wishes to everyone celebrating the Chinese […]