ကျွန်တော်တို့နေ့စဉ်နဲ့အမျှ ပြုံးနေကြရပါတယ် ။ နေ့စဉ်ပြုံးရာမှာ အပြုံးတုတစ်ကြိမ်တော့ပါစမြဲပါ ။ လူမှုရေး ၊ စီးပွါးရေး ၊ နိုင်ငံရေးကြောင့်အပြုံးတုတွေပြုံးနေကြရတယ် ။ အပြုံးတုတစ်ခုဖန်တီးရတာ အလွန်ပင်ပန်းပါတယ် ။ ရင်ထဲကလာတဲ့အပြုံးကတော့အသက်ဝင်နေပေမယ့် အပြုံးတုတစ်ခုကို အသက်ဝင်အောင်ကြိုးစားရတာ တစ်ကယ်မလွယ်တဲ့ကိစ္စပါ ။ တစ်ဖက်လူကများ ငါ့အပြုံးအစစ်မဟုတ်တာကိုရိပ်မိသွားမလား ။ ငါပြုံးတာနည်းနေသေးလားမသိဘူး ။ ငါပြုံးတာ အိုဗာကြီးဖြစ်သွားပြီလားမသိပါဘူး ။ အဲဒီလိုခံစားချက်တွေနဲ့ဆိုတော့မသက်သာဘူးပေါ့ ။ တစ်ချို့ကျတော့လမ်းတွေ့နုတ်ဆက်ရင် နုတ်ခမ်းတွန့်ရုံးပြုံးပြနုတ်ဆက်ကြတယ် ။ တစ်ချို့ကျတော့လဲ သွားတိုက်ဆေးကြော်ငြာသလို အစွမ်းကုန်ပြုံးပြကြတယ် ။ တစ်ချို့ကြတော့ နုတ်ဆက်တာကို ပြုံးဖြီးဖြီးနဲ့ ဟဲဟဲ … တဲ့ ။ အဲလိုပါပဲ အမျိုးမျိုးအဖုံဖုံလူတွေ သတိမထားမိတာတစ်ခုတော့ရှိတယ် ။ လူတွေရဲ့ ၈၀% လောက်က ကိုယ့်ရဲ့အပြုံးးစစ်ကိုကိုယ် ပြန်မမြင်ဖူးကြဘူး ။ မြင်ဖူးသူတွေကလဲ […]


မြစ်တစ်စင်းကိုအဖေါ်ပြု လူထုနဲ့ရည်တည် သံယောဇဉ်တွေနယ်ကျွံတော့ ခံစားချက်တွေပေါက်ကွဲ မီးပြင်းပြင်းမြစ်ထဲကူးရင်း အမှောင်တွေဝေးလွင့်ချိန် အလင်းကပျောက်ဆဲ တမ်းတရင်းနဲ့ သာသနာကို ရွှေဝါရောင်သင်္ကန်းလွှမ်းခဲ့တယ် … ။ နှလုံးသွေးတွေစီးဆင်းနေတဲ့မြစ် ခံစားချက်တို့ကိန်းအောင်းတဲ့မြစ် ကိုငှက်ကြီးတင်စားခဲ့တဲ့ ရာဇဝင်ညရဲ့သတို့သမီး ငိုညာည်းသံသဲ့သဲ့ မကြားရက်တဲ့အဆုံးမှာ ဒေါသမှောင်ဖုံးလို့ လူလုံးမပြနိုင်တော့တဲ့အခြေ နှလုံးသားဒဏ်ရာတွေနဲ့ ဧရာဝတီရေ နင့်နှလုံးသား ပြန်ရှင်သန်နိုင်ပါတော့မလား ….. ။ ရင်ခုန်သံပြင်းပြင်း မြစ်တစ်စင်းကိုအဖေါ်ပြုရင်း အနာဂတ်နိုင်ငံတော်မှာ ဧရာဝတီနိုင်ငံသားတွေ မွေးဖွားရတော့မယ် ….. ။ ။


သံတွဲမြို့နယ် သဗြုချိုင်(မေရိုးဘေး)ကျေးရွာတွင် မျိုးကြီးလက်ဘက်ရည်ဆိုင်၌ ကြေးကြီးလောင်းကစားဝိုင်းများညစဉ်ပြုလုပ်လျှက်ရှိပါသည် ။ လောင်းကစားဝိုင်းများမှ အကောက်ငွေအဖြစ် တစ်လလျှင် ကျပ်သိန်း ၂ဝ ပေးနေရပါသည် ။ ထိုအကောက်ငွေများကို ရဲတပ်ဖွဲ့ ၊ အုပ်ချုပ်ရေးမှူးနှင့် ရပင တပ်မှူးတို့မှ ခွဲဝေယူကြကြောင်းသိရပါသည် ။ လောင်းကစားဝိုင်းများကစားနေချိန်တွင် လုံခြုံရေးအဖြစ် ရပင မှ ဆရာကြီး နိုင်ဝင်းဦး ၊ အုပ်ချုပ်ရေးမှူးနှင့် စခန်းမှူး(သဗြုချိုင်)တို့မှ ဆောင်ရွက်ပါသည် ။ လုံခြုံရေးခအဖြစ် တစ်ရက်လျှင် ၁၃၀၀ဝ ပေးရပါသည် ။ သဗြုချိုင်ကျေးရာတွင် စားသောက်ဆိုင်များတွင် မိန်းကလေးစားပွဲထိုးများထားရှိပါသည် ။ မိန်းကလေးစားပွဲထိုးများကို ဧည့်စာရင်းတိုင်ခ တစ်လလျှင် ကျပ် ၅၀ဝ ပေးရသည်ဟုသိရပါသည် ။ ကောက်ခံသူမှာ ကျေးရွာခွဲအုပ်ချုပ်ရေးမှူး ဦးဝင်းထွန်းဖြစ်သည် ။ စားသောက်ဆိုင်များမှာ အောက်ထပ်တွင်စားသောက်ခန်းမအဖြစ်အသုံးပြုထားပြီး အပေါ်ထပ်ကို တည်းခိုခန်းအဖြစ်အသုံးပြုနေသည်ကိုတွေ့ရပါသည် […]


ချစ်သူ ….. အနေဝေးတာလေးတစ်ခုနဲ့ မင်းနှလုံးသားမှာစီးဆင်းနေတဲ့ ကိုယ့်အတွက် နှလုံးသွေးတွေ အေးသွားခဲ့ပြီလား ….. ။ တစ်ချိန်ကကိုယ့်အတွက်ဖြစ်ခဲ့တဲ့ မင်းပါးပြင်လေးတွေက သနပ်ခါးလိမ်းရုံသက်သက်ဖြစ်သွားခဲ့ပြီလား ….. ။ ကိုယ့်ကိုအရမ်းချစ်တယ်လို့ပြောခဲ့ဖူးတဲ့ မင်းနုတ်ခမ်းလေးတွေက သရော်ပြုံးတွေပြုံးတတ်နေပြီလား …. ။ ကိုယ့်ရဲ့ဘယ်ဘက်ရင်ခွင်မှာ မင်းပြန်လည်နားခိုမယ့်နေ့ကို မျှော်လင့်ရင်း အသည်းကွဲမှန်းမသိ ကွဲခဲ့ရပြီ …… ။ ။


blazeSeptember 26, 20111min37316
သူတို့နှစ်ယေက်တွဲ ရိုက်တဲ့ ဓာတ်ပုံတွေကတော့ လူငယ်တွေခြားမှာ တော်တော်ကို ရေးပန်းစားပြီး ကြိုက်ကြပါတယ်…….. ဖန်တီးမှု ဆန်းသစ်တယ်လို့ ဆိုကြပြန်ပါတယ်…………..


blazeSeptember 25, 20112min53550
ဒီ အကယ်ဒမီ နှစ်ဆု ရ မင်းသမီးက အခုနောက်ပိုင်းမှာ ရုပ်ရှင် ပြန်ရိုက်ဖို့ လုပ်နေပါပြီ….. ၂၀၀၁ခုနှစ်မှာ (အချစ်ကိုမွေးဖွားခြင်း) ၊ ၂၀၀၄ခုနှစ်မှာ (ချစ်ချင်းငယ်ပြိုင်) ဇာတ်ကားတွေဖြင့် အမျိူးသမီးဇာတ်ပို့ဆု တွေရထားတာဖြစ်ပါတယ်။ သူနဲ့ပတ်သက်ပြီးတော့ ဝေဖန်မှုတွေ လုပ်ကြပါအုံး  


ဒါကတော့ အပျိုကြီး မမ ကော်နီပါ … ဒါကတော့ ချမ်းချမ်းပေါ့ …. မော်ဒယ်မလေး နွယ်နွယ်ထွန်းပါ ……… မော်ဒယ်မင်းသမီးချော ရွေစင် … အဆိုတော်မလေး ဂျင်းနီ ….. အေးမြတ်သူ …. စန္ဒီမြင့်လွင် ………. မော်ဖူးမောင်


ကျွန်တော်တို့သံတွဲမြို့အကြောင်းလေး နည်းနည်းပြောပြချင်ပါတယ် ။ သဂျီးနဲ့တကွ သံတွဲကိုမရောက်ဖူးသေးတဲ့ရွာသူရွာသားတွေ သိရအောင်ပါ ။ သံတွဲမြို့ဆိုတာ တစ်ချိန်တုန်းက ရခိုင်ရာဇဝင်မှာပါရှိတဲ့ ။ “အာကာတိမ်ယံမိုးသို့ပျံ ၊ သံနှင့်ချိတ်ကာတွဲ´´လို့အအဆိုရှိတဲ့ ဒါွရာဝတီမြို့ပါပဲ ။ ဝါသုဒေဝ ၊ ဗလဒေဝ ညီနောင်တစ်ကျိပ်ကစလို့ အဓွန့်ရှည်တည်တံ့ခဲ့တဲ့မြို့ ။ သာသနာတော်မှာ သံဃာတော်ကို ရွှေကျောင်းကြီးဆောင်လုပ်ပြီးလှူဓါန်းခဲ့တဲ့မြို့ ။ အရိမေတ္တယျ မြတ်စွာဘုရားကိုရည်မှန်းပြီး ရွှေစင်ရွှေသား ရုပ်ပွါးတော်ကြီး တည်ထားခဲ့ဖူးတဲ့မြို့ ။ အသျှင်ကဝိသာရထွက်ပေါ်ခဲ့တဲ့မြို့ ။ ပါမောက္ခဦးကျော်ရင်ထွက်ပေါ်ခဲ့တဲ့မြို့ ။ မောင်ဘဦးကိုမွေးဖွါးပေးခဲ့တဲ့မြို့ ။ ရှင်အာဒိစ္စရံသီ (ဆန်းလွှင်) ထွက်ပေါ်ခဲ့တဲ့မြို့ ။ ငပလီကမ်းခြေအလှနဲ့ ကမ္ဘာမှာကျော်ကြားခဲ့တဲ့မြို့ ။ ပညာရေးထွန်းကားတဲ့မြို့ ။အားကစားထူးချွန်တဲ့မြို့ ။ ဒီလိုဝိသေသတွေနဲ့ထင်ရှားတဲ့မြို့ကလေးပါ ။ကျွန်တော်တို့သံတွဲမြို့လေးက နယ်မြေဧရိယာကျဉ်းပါတယ် ။ အရေးကိစ္စတစ်ခုပေါ်တာနဲ့ တစ်မြို့လုံးချက်ချင်းသိကြရပါတယ် ။ […]


သံတွဲမြို့ကတင်တဲ့ပိုစ့်တွေကလဲ တော်တော်များနေပြီ ။ ဒါပေမယ့် အများကြီးပဲကျန်သေးတယ် ။ ခုတင်မှာကတော့ ဒွါရာဝတီမြို့ဦးတံတားပေါ်မှာဖြစ်နေတာလေးတွေကို ပြောပြချင်တာပါ ။ သံတွဲမြို့မှာ မီး (၂၄ ) နာရီရပါတယ် ။ လမ်းမီးတွေကတော့ ညနေ (၆)နာရီကနေ မိုးလင်းတဲ့ထိရတယ် ။ တစ်မြို့လုံးလမ်းတွေမှာမီးတွေနဲ့ ။ ဒါပေမယ့် မြို့ရဲ့အချက်အခြာကျတဲ့ တံတားကြီးအလယ်မှာတော့ မီးလုံးဝမလင်းပါဘူး ။ မှောင်မည်းနေတာပဲ ။ ကားတွေ ၊ ဆိုင်ကယ်တွေ တံတားအလယ်ရောက်ရင် မီးကြီး (full light) ထွန်းမောင်းရတယ် ။ ဒီတော့ ဆိုက်ကားတွေ ၊ စက်ဘီးတွေ ၊ လမ်းလျှောက်သွားတဲ့သူတွေအတွက် အလွန်အန္တရာယ်များပါတယ် ။ ကားတွေ ဆိုင်ကယ်တွေဆိုရင်လဲ တံတားကြီးပေါ်ရောက်တာနဲ့စိတ်တထင့်ထင့်နဲ့ ။ စက်ဘီးနဲ့ငြိမလား ။ ဆိုက်ကားနဲု့ငြိမလား ဆိုပြီးတော့ပေါ့ […]


“ကဗျာမဟုတ်တဲ့ကဗျာ´´ မိုးကုတ်စက်ဝိုင်းကွေးကွေး ဟိုး …. အဝေးတစ်နေရာ တိမ်တွေကိုဖမ်းဆုပ် ကဗျာတစ်ပုဒ်ဖွင့်ထုတ်ဆဲ နာရီတွေပြောင်းပြန်လည်ပတ် ကာလယန္တရားကြီးရပ်တန့်ခဲ့ ….. ။ တွဲလက်တစ်စုံ လမ်းကလေး အချိန်ဒီရေတိုက်စား မေတ္တာတံတားကျိုးပျက် သံယောဇဉ်ဒေါက်တိုင်တွေကို အမုန်းရေစီးချိုးဖျက် သံယောဇဉ်ဒေါက်တိုင်တွေကို အမုန်းရေစီးချိုးဖျက်ခံခဲ့ရ မှောင်မိုက်တဲ့လမ်းထဲ တုန်ရီစွာနဲ့ တိုးဝင် ပျောက်ကွယ် ဝေးလွင့် ….. ။ ။


“ဇင်ယော်ရင်ဖွင့်သံ´´ ကျောက်ဆောင်နဲ့တင့်တယ်တဲ့ကမ်းခြေလေး အုန်းတောနဲ့သာယာတဲ့ကမ်းခြေလေး လှိုုင်းပုတ်သံချိုချို ရှက်အားပိုတဲ့ကမ်းခြေလေး လောဘ ဒေါသ မောဟ ခဝါချပြီး ရင်ကိုဖွင့်လို့ ပျော်ရွှင်ခွင့်ပေးထားတယ် … ။ အတာကူးတဲ့နေ့တွေမှာ အယ်လ် ကိုဟောကျေးဇူးနဲ့ ပင်လယ်ပြာကိုအရောင်တွေမဆိုးပါနဲ့ ကမ်းခြေလေးကိုဒုက္ခတွေမပေးပါနဲ့ ပင်လယ်ဆိုတာဖြူစင်ပါတယ် ဒရက်ကူလာမဟုတ်ပါဘူး ကမ်းခြေလေးကိုလူအထင်သေးအောင်မလုပ်ပါနဲ့ ဇင်ယော်တွေငိုကြလိမ့်မယ် …. ။ ။