kalinkDecember 6, 20121min1312
၁၂ နှစ်အောက် သားသားမီးမီးလေးတွေရှိတဲ့ ရွာသူရွာသားတွေအတွက် သတင်းကောင်းလေးပါးပါရစေ…ခုမှ စဖွင့်တဲ့ အင်တာနေရှင်နယ်စကူးရဲ့ အဗာတိုက်ဇင်းအနေနဲ့ စပွဲထုတ်တဲ့ …ကလေးတွေအတွက် အခမဲ့ပြိုင်ပွဲလေးကို..ရွာသားတွေ သိရအောင် ကြော်ငြာမောင်းခတ်လိုက်ပါတယ်………..ဝင်ကြေးအနေနဲ့ ဘာမှမပေးရတဲ့အပြင် ဘာစာရွက်စာတန်းဖိုးမှလဲမပေးရပါဘူး.. ရွာသားတွေရဲ့နီးစပ်ရာ ကလေးတွေကို လက်တို့ပီး သွားပြိုင်ခိုင်းလိုက်ပါအုံး… အနုပညာပိုးရှိတဲ့ကလေးလေးတွေ စင်ပေါ်တက်ပီး စွမ်းရည်တွေပြဖို့.. အမြန်ဆုံး… စာရင်းသွားပေးလိုက်ကြပါနော်…………….အသေးစိတ်ကို ကြော်ငြာမှာ ဖော်ပြထားပါတယ်………. ကယ်..ရွာသားတို့ရဲ့..သားသားမီးမီးတွေ…… ဆုတွေများကြီးရပါစေလို့…….ဆုတောင်းလိုက်ပါတယ်…….  ELITE-Super Star Talent Contest   အနာဂတ်မှာအောင်မြင်တောက်ပတဲ့ ကြယ်ပွင့်လေးတွေဖြစ်ဖို့အတွက်.. (၁၁-၁၂-၂၀၁၂) စိမ်းလန်းစိုပြေ မြက်ခင်းပြင်မှာ ကျင်းပမဲ့ ELITE-Super Star Talent Contest   * အသက် ၁၂နှစ် နှင့်အောက် မည်သူမဆို အခမဲ့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။ * မိမိနှစ်သက်ကျွမ်းကျင်ရာ “ စွမ်းရည်တစ်မျိုးမျိုး ” ဖြင့် တစ်ဦးချင်းဖြစ်စေ၊ […]


black chawNovember 15, 20121min53151
(နိဒါဏ်း) ကျွန်တော် စဉ်းစားနေတယ်…၊ အပြန်ပြန်အလှန်လှန်ကိုစဉ်းစားနေမိတယ်…၊ မိန်းမတစ်ယောက်ရဲ့ဘဝမှာ အနမ်းတစ်ပွင့်က ဘယ်လောက်အရေးပါသလဲဆိုတဲ့ ကိစ္စကိုပါ…။ အထူးသဖြင့် ရုပ်ရှင်မင်းသမီးတစ်ယောက်ရဲ့ ဘဝမှာပေါ့…။ ငယ်ငယ်တုန်းကလို အာဘွားဆိုပြီး ပါးထိုးပေးလာသူတိုင်းကို အလွယ်တကူ နမ်းလိုက်လို့မရနိုင်တော့တာကိုတော့ ကျွန်တော်လည်းနားလည်ပေးနိုင်ပါတယ်…။ ဒါပေမယ့်ပေါ့ဗျာ… သရုပ်ဆောင်မင်းသမီးတစ်ယောက်ရဲ့ဘဝမှာ… ချစ်ခြင်းလုံးဝမပါတဲ့…၊ ဒါမှမဟုတ် ရမက်ကင်းစင်တဲ့…၊ ဒါမှမဟုတ်ပြန်သေးရင်လည်း အလုပ်သဘောအနေနဲ့…၊ မင်းသားတစ်ယောက်ကို ဟန်ဆောင် နမ်းရှိုက်လိုက်ဖို့ ဘယ်လိုအရာကများ ခက်ခဲစေခဲ့တာပါလိမ့်…။ အဲဒါကို…ကျွန်တော်စဉ်းစားနေတာပါ…။ (စာကိုယ်) အကယ်ဒမီ သက်မွန်မြင့် ကတဲ့…။ ပုညခင် ရဲ့ ဝတ္ထုကို ဒါရိုက်တာဝိုင်းရိုက်မယ့် “ကျွန်မက နှင်းဆီပါမောင်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ မင်းသမီးအဖြစ်သရုပ်ဆောင်ခွင့်ရထားရာက အဲဒီ အနမ်းတစ်ပွင့်ကြောင့်ပဲ မင်းသမီးနေရာကို စွန့်လွှတ်သွားခဲ့တယ်တဲ့…။ နည်းနည်း စိတ်ဝင်စားအောင် ကြော်ငြာဝင်ရရင် မင်းသားနေရာက သရုပ်ဆောင်မှာက အကယ်ဒမီ အိန္ဒြာကျော်ဇင် ကြီးရဲ့ခင်ပွန်း…အကယ်ဒမီပြေတီဦး […]


si toneNovember 10, 20121min1498
အင်း…… အခု Si Tone ရေးတဲ့ ခေါင်းစဉ်နဲ့ ပက်သက်တဲ့ အကြောင်းအရာလေးတွေ ပြောချင်ပါတယ်….. အရင်ဦးဆုံး Si Tone ပြောချင်တာက Si Tone ရွာထဲကို မလာဖြစ်တာ တော်တော်ကြာပြီး အခုSi Tone ရောက်လာပါပီ……..Si Tone ဒီရွာလေးကို အရမ်းသံယောဇဉ်ရှိပါတယ်……. ရွာထဲကသူငယ်ချင်းတွေကို အရမ်းလဲ လွမ်းပါတယ်…………………. အင်း……………… Si Tone ပြောချင်းတာက ကမာ္ဘပေါ်မှာရှိတဲ့ လူဦးရေပေါင်းများစွာထဲ ၁၀၀% မှ ၉၀% က သီးချင်းတွေနားထောင်းကြသလို သီချင်းနားထောင်ရတာလဲ သဘောကြ ကြတယ်…. အဲလိုပဲ Si Tone လဲ သီချင်းနားထောင်ရတာ အရမ်းသဘောကြပါတယ်…. ရွာထဲက သူငယ်ချင်းတွေကော ? ….. Si Tone တို့ မြန်မာနိုင်ငံမှာ […]


အာဂOctober 24, 20121min33748
ဒီကနေ့ နားနဲ့ဆတ်ဆတ်ကြားရတဲ့ သတင်းက ကျွန်တော်အတွက် အတော်လေး ဦးနှောက်စား၊တုန်လှုပ်သွားပါတယ်။ ကျွန်တော်လုပ်ခဲ့တဲ့ သက်တမ်းတစ်လျောက် မကြားဖူးတဲ့ စကားဖြစ်လို့ပါ။ ကျွန်တော့် မဂ္ဂဇင်းအတွက် ကာဗာတင်ပေးပြီး အင်တာဗျူးမလို့ လောလောလတ်လတ်(ကျွန်တော်အပါအဝင် ပြည်သူတွေက လက်အညောင်းခံ၊အလုပ်ပျက်ခံ၊အင်တာနတ်ဖိုး အကုန်ခံပြီး စွမ်းဆောင်ပေးခဲ့တဲ့) Miss Internet ဆိုရှင်လေးဆီကို ဖုန်းဆက်လိုက်ပါတယ်။ သူမကတော့ မကိုင် ပါဘူး ။ သူမရဲ့ တာဝန်ခံဆိုတဲ့လူတစ်ယောက်လာကိုင်ပါတယ်။ ကျွန်တော်ကလည်း ကျွန်တော့် မဂ္ဂဇင်းအတွက် အင်တာဗျူးချင်ကြောင်း၊ ဓာတ်ပုံရိုက်ချင်ကြောင်း ။ မျက်နှာဖုံးရှင်အဖြစ်တင်လိုကြောင်း ထုံးစံအတိုင် အဆိုပါ တာဝန်ခံကို ပြောပြလိုက်ပါတယ်။ အဲဒီမှာ တာဝန်ခံဆိုသူက ဘာပြန်ပြောလဲဆိုတော့…လောလော ဆယ်တော့ နန်းခင်ဇေယျာ တစ်ယောက် မအားကြောင်း အင်တာဗျူးမယ်ဆိုရင်တော့ အဆင်ပြေကြောင်း နဲ့ ဓာတ်ပုံရိုက်မယ်ဆိုရင်တော့ အကိုတို့ဘက်က အနုပညာ ကြေးဘယ်လောက်ပေးမလဲလို့ ကျွန်တော့်ကို […]


ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ကား၊ ဆိုင်ကယ်၊ ယာဉ်မောင်းလိုင်စင် တွေကို ဒီလ ၁၆ ရက်နေ့က စတင်ပြီး လုပ်ပေးနေတယ်။ က.ည.န အဖွဲ့က လိုင်စဉ်သက်တမ်း တိုးမြှင့်တဲ့အခါ ဆိုင်ကယ်တစ်စီးကို လိုင်စင်သက်တမ်း မကုန်မီ လဲသူကို (၁၄၅၀ဝိ/-) ၊ သက်တမ်းကျော်နှစ်လကို (၁၅၅၀ဝိ/-) ၊ သုံးလကို (၁၇၅၀ဝိ/-) / (၂၁၀၀ဝိ/-) စသဖြင့် အမျိုးမျိုး ကောက်ခံနေပါတယ်။ လိုင်စဉ်လုပ်ပြီး စာအုပ်ကိုထုတ်ပေးပေမယ့် ငွေရပြေစာ မပါပါ။ စာအုပ် မှာပါတဲ့ ငွေနဲ့ အမှန်တစ်ကယ် ပေးရတဲ့ငွေက တစ်သောင်းလေးထောင်ကျပ်(၁၄၀၀ဝိ/-) လောက် ကွာနေပါတယ်။ အသက်အာမခံဌာနက ငွေရပြေစာမှာ (၁၆၀ဝိ/-) ကိုသာရေးပြီး ကောက်တဲ့အခါ (၄၀၀ဝိ/-)၊ (၃၅၀ဝိ/-) ၊ (၃၀၀ဝိ/-)၊ (၂၀၀ဝိ/-) စသည်ဖြင့် ကောက်ခံနေပါတယ်။ […]


Sugarpova သကြားလုံးအသစ် ဈေးကွက်ထဲ ရောက်လာပါပြီ။ သကြားလုံးနှစ်သက်သူ ရှာရာပိုဗာကြောင်ကြီး နာမည်ပေးထားတာမို့ နာမည်နဲ့ကုန်ပစ္စည်း သိပ်လိုက်ဖက်ပါတယ်။ ရွာထဲမှာ ကြေးမုံဂျီးလို့ ကြားလိုက်ရရင် ရွာသားများ ကြက်ဟင်းခါးသီးနဲ့ တမာရွက် သွားမြင်ကြသလို နေမှာပါပဲ။  နိုက်ကီနဲ့ ကိုးဟန်း အမှတ်တံဆိပ် ဖက်ရှင်ဒီဇိုင်း ပစ္စည်းများအတွက် ရှာရာပိုဗာဂလေး ကြော်ငြာပေးနေခဲ့ပေမဲ့ အခုသကြားလုံးလိုတော့ အစကနေအဆုံး ပါဝင်ထားတာ မဟုတ်ပါဘူး။ ရှာရာဂလေးခမျာ သကြားလုံး ဈေးကွက်ထဲရောက်ဖို့ အစကနေအဆုံး ၁၈လတိတိ အချိန်ပေးခဲ့ရပါတယ်။ သူ့အတွက် ကိုယ်ဝန်နှစ်ခါ (ဦးကြောင်နဲ့တခါ၊ အောင်ကြူးနဲ့တခါ) ဆောင်ခဲ့ရသလိုပါလို့ ဟာသလုပ် ပြောပါတယ်။ သူမနဲ့တွဲဖက် စီးပွားလုပ်ရောင်းချမည့် ကမာ္ဘတလွှား နေရာ၄ဝ ဆိုင်ခွဲများဖွင့်လှစ် ရောင်းချနေတဲ့ It’Sugar  လက်လီအရောင်းဆိုင်ထဲက sugerpova သကြားလုံး ၁၂မျိုးရှေ့မှာ တနင်္လာနေ့က ရှာရာပိုဗာလေး မတ်တပ်ရပ် […]


moonpoemAugust 28, 20121min69029
ကျွန်မမိတ်ဆွေ သတင်းထောက်တစ်ယောက် သတင်းယူပြီး အိမ်အပြန်ပြောပြတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ သတင်းရဲ ့အဓိကဇာတ်ကောင်ကတော့ဒါရိုက်တာတစ်ယောက်အကြောင်းပါ။ ရုပ်ရှင် မင်းသမီး၊ မော်ဒယ်လ် လုပ်ရင် ပုံမှန်လခစားဝန်ထမ်းတွေထက်ဝင်ငွေကောင်းတဲ့ ဒီခေတ်ကြီးထဲမှာ ဒီလိုအလုပ်လုပ်ချင်တဲ့ သူတွေများလာတာ မရှားပါဘူး။ ဒါတွေကို အခွင့်အရေးယူတဲ့ လူတွေ ပေါ်လာတာလည်း အဆန်းတော့ မဟုတ်ပါဘူး။ ဘယ်လောကမှာမဆိုကူညီချင်တဲ့ စိတ်နဲ ့ တကယ်ကူညီကြတာ ရှိသလို ကူညီသလိုလိုနဲ ့ ဖျက်ဆီးနေကြတာတွေက အပုံအပင်ပါ။ အခုလည်း မင်းသမီးလုပ်မယ်ဆိုရင် အရှက်မရှိရအောင် သင်တန်းပေးနေတဲ့ ဒါရိုက်တာတစ်ယောက် အကြောင်းကို ပြောပြချင်ပါတယ်။မင်းသမီးလုပ်မယ်ဆိုရင် အရှက်မရှိရဘူးဆိုတာ လူကြားသူကြားထဲ အရူးယောင်ဆောင်ဆိုလည်း ဆောင်ရမှာပါပဲ၊ မင်းသားနဲ ့ဖက်ဆိုလည်း ဖက်ရမှာပါပဲ။လိုချင်တဲ့သူအတွက် ပေးဆပ်ရမယ်ဆိုတာ မှန်ပေမယ့်လို ့ဒီဒါရိုက်တာရဲ ့အရှက်မရှိအောင် သင်တန်းပေးတာကတော့ တော်တော်ဆိုးဝါးတယ်လို ့မြင်ပါတယ်။ သူ ့သင်တန်းက မင်းသမီးတွေလူကြားထဲမှာ […]


si toneAugust 22, 20122min45643
Si tone က စာရေးဆရာလဲမဟုတ်ပါဘူး……………………………… ဒီရွာထဲက သူငယ်ချင်းတွေအတွက် ရေမွှေးနဲ့ ပက်သတ်တဲ့အကြောင်းအရာလေးတွေ Si Tone ပြောပြပါ့မယ် အရင်ဦးဆုံး ရေမွှေး ရွေးချယ်နည်းကိုပြောပြမယ်……… ရေမွှေး ကိုဘယ်လိုရွေးချယ်ရမလဲဆိုတော့ ယောင်္ကျားလေးတွေဆိုရင် အနံ့ပြင်းပြင်းတွေ အနံ့သင်းသင်းတွေ မရွေးပဲ အနံ့မပြင်းတပြင်း အနံ့မသင်းတသင်းကို ရွေးချယ်သင့်တယ်………… Si Tone အထင် ကမာ္ဘပေါ်မှာ ရှိတဲ့ ယောကျင်္ားလေးတွေ အားလုံးက ရေမွှေးကို ၁၀၀% မှာ ၅၀% လောက်ပဲ အသုံးပြုတယ်ထင်တယ်……. တချို့ယောကျင်္ားလေးတွေ ရေမွှေးကိုတော့ သိပ်မသုံးကြဘူး…. ဂျိုင်းလိမ်တဲ့ ( Roll on) ကိုပဲအသုံးပြုကြတာများတယ်…… တကယ်လို့ ယောကျင်္ားလေးတွေ အသုံးပြုမယ်ဆိုရင် ကိုယ့်ကို ကိုယုံကြည် လောက်တဲ့အထိရေမွှေးကိုတော့ အသုံးပြုသင့်တယ်……… Si Tone အထင် ယောကျင်္ားလေးတွေလဲ […]


si toneAugust 19, 20122min23630
ကယ်ဘယ်လိုလဲ……. Si Tone လဲအစက photoshop ထင်လို့…. သေချာကြည့်မှတကယ်လူနဲ့တူတာ…… အဲဒီ ပုံတွေက Si Tone သူငယ်ချယ်းဆီက ယူပီး တင်ထားတာပါ…. ရွာထဲက သူငယ်ချင်းတွေကို သီစေချင်းလိုပါ…..


KyaemonAugust 18, 201212min1245
“GOLDEN EYE” ” ရွှေမျက်လုံး” ရုပ်ရှင်ကားကရုပ်ရှင်မင်းသားဂျိမ်းဘွန်ကိုအားကျလို့   အိန်ဒိယ အမျိုးသား RAHUL AGARWAL   က VERZASCA ရေကာတာ ၂၂ဝ မီတာအမြင့်ကြီးကနေပြီး  ဂျိန်းဘွန်လိုဘဲခုန်ဆင်းခဲ့တာ၊     အောက်ကိုငုတ်ကြည့်ရင်း ရင်တခုန်ခုန်နဲ့ ခပ်လှန့်လှန့်ပါ၊     Goldeneye Bungee Jump at Verzasca Dam, Switzerland – YouTube http://www.youtube.com/watch?v=69NtkkwSl4s&feature=related 292,061 Uploaded by rahulunlimited on Aug 18, 2006 Goldeneye Bungee Jump at Verzasca Dam, Switzerland Golden eye. James Bond first jump […]


ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ယနေ့နံနက်ပိုင်းမှစတင်ပြီး ချောင်းရေကြီးလျှက်ရှိပါသည်။ ယခုအခါ ရေမှာ သိသိသာသာတိုးလာခြင်းမရှိသော်လည်း ပြန်လည်ကျသွားခြင်းလည်းမရှိပါ။ သံတွဲမြို့ရှိ အမှတ် ၁ ရပ်ကွက်၊ အမှတ် ၂ ရပ်ကွက်(ရတနာလမ်း) ၊ ညောင်ပင်ဈေးကျေးရွာ၊ ဓါးသွေးကျောက်ကျေးရွာ၊ သမုတ်ချောင်းကျေးရွာတို့တွင်ရေနစ်မြုပ်လျှက်ရှိပါသည်၊ အမှတ် ၁ ရပ်ကွက် (ဇီးကျွန်းကွက်သစ်) ဘက်တွင် ရေကြီးမှုမှာ ပိုမိုမြင့်မားနေပြီး ၅ ပေကျော်ခန့်ထိ ရေနစ်မြုပ်နေပါသည်။ လက်ရှိအချိန်တွင် မိုးမှာလည်း သည်းထန်စွာရွာလျှက်ရှိပါသည်။ ညောင်ပင်ဈေး၊ ဓါးသွေးကျောက်၊ သမုဒ်ချောင်းကျေးရွာများအတွက် ညောင်ပင်ဈေး ဓမ္မာရုံကြီးတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်လျက် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၊ သန္ဓေမီးသတ်တပ်ဖွဲ့တို့မှ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။