ယိုင်နဲ့နဲ့အိမ်အိုလေး အဖေ့ချွေးနဲ့တည်ဆောက်ခဲ့တယ် ကျွန်တော်တို့ဘဝတွေ အဖေ့သွေးနဲ့ဖန်တီးပေးခဲ့တယ် အဖေတည်ဆောက်သမျှ ကျွန်တော်တို့ဘဝ လှပခဲ့ပါတယ်  … ။ အခု .. ကျွန်တော်တို့တည်ဆောက်တဲ့အလှည့်မှာ အဖေ့ဘဝ မလှပတာကို သား …. စိတ်မကောင်းဘူးအဖေ .. ။ အဖေခင်းခဲ့တဲ့လမ်းကို ဖြောင့်တန်းအောင် သားမလျှောက်နိုင်ခဲ့ဘူးအဖေ အခုတော့ အဖေနဲ့ဝေနေတဲ့ဘဝမှာ သား .. နေသားကျအောင်ကြိုးစားနေပြီအဖေ အိမ်ရှေ့က စာဗူးတောင်းငှက်ကလေးတွေ အိမ်ပြန်ချိန်မှာ သားကိုကြိုနေဆဲပဲလားဟင် .. မနက်နဲ့ည မကွဲပြားပဲအသက်ဆက်နေရတဲ့ဘဝမှာ တစ်ခါတစ်လေ အဖေ့စကားသံတွေကြားယောင်မိတယ် `………………………………´ လျှပ်လက်တာကို တိမ်ခွပ်တယ်လို့သုံးနှုန်းတတ်တဲ့ ကျွန်တော်တို့ဒေသလေး အေးချမ်းဆဲပဲလားအဖေ … ။ ဒီချိန်ဆိုရင် မိုးအေးအေးနဲ့ သားလေ … ကလေးလေးဖြစ်ချင်လိုက်တာ အဖေရယ် …. ။     ။


အမေ … ကျွန်တော့ဘဝရဲ့တမ်းမှုတွေဆိုတာ အမေကိုလွမ်းတဲ့စိတ်က ဖြစ်တည်ခဲ့တာပါ အမေ … ။ ကြင်နာမှုဆိုတာကို နာကြင်မှုနဲ့ရောထွေးယူငင်ခဲ့ရတဲ့ မေတ္တာငတ်သားတစ်ယောက် လူ့ဘဝက မပျောက်သေးပါဘူး အမေ .. ။ ခံစားခဲ့ရသမျှ ကြေကွဲမှုဆိုတာ ခွဲခွါခြင်းတံခါးဝမှာ အစပြုခဲ့တာပါ အမေ … ။ ကိုငှက်ကြီးသီချင်းထဲကလို အိမ်ပြန်ချင်တယ်  ကြုံးကြုံးအော်ရင်း အလင်းမဲ့နေ့တွေ အမှောင်တွေကိုကြောက်လှပြီ အမေ .. ။     ။


ဘယ်သူတွေစခဲ့မှန်းမသိတဲ့ တစ်ထောင့်တစ်ညပုံပြင်တွေ ကြယ်စင်တွေကိုသက်သေပြု တစ်မင်းတစ်ခု ပုံတူထုနေကြမလားပဲ … ။ ဓူဝံကြယ်ကိုမြင်ပါရက်နဲ့ တောင်ဘက်အရပ်ကို လမ်းညွှန်နေတဲ့ကွန်ပါတ်စ်နောက် ကောက်ကောက်ပါအောင်လိုက်မိတဲ့ငါ တစ်ခါတစ်ခါ ငါလျှောက်တာလမ်းမှန်ထင်မိရဲ့ … ။ ငါသိမ်းထုတ်သမျှ ငါ့ဘဝအတွေ့အကြုံတွေက လူတောမတိုးရဲတဲ့ အနုတ်စုတ်ဂုတ်စုတ် ရင်ခုန်သံခပ်ညံ့ညံ့တွေဖြစ်လို့နေခဲ့ … ။ ထွက်မသွားပါနဲ့ တားဆီးခဲ့တဲ့စကားသံတွေက အလွမ်းခြေရာဖြစ်နေခဲ့ပြီ ခါးသီးမှုဆုလဒ်ဆိုတာ ငါ့ရဲ့ကိုးကွယ်ရာဖြစ်လို့နေခဲ့ …. ။      ။


`အိမ်ဝေးညများ´ အိပ်မက်တွေ အရေခွံဆုတ်ပစ်ခဲ့သမျှ ငါ့ခန္ဓာကိုယ်မှာ ဖွာလန်ကျဲလို့ … ။ တေးသွားတွေ ဝိုင်းရံသွားခဲ့သမျှ ငါ့ခန္ဓာကိုယ်မှာ ဂစ်တာကြိုးတွေ ပြတ်ရှလို့ … ။ လေညှင်းတွေ တိုက်ခတ်သွားသမျှ ငါ့ရင်နှစ်ခြမ်း အလွမ်းနှင်းတွေ တစစ်စစ်နဲ့ဝင်ရောက် ဂီတမူးညတွေ လမ်းပျောက်ပေါင်းလဲမနည်းတော့ဘူး …. ။     ။


မောင်ဦးဆိုတဲ့နာမည်ကြားရင်တော့ ရခိုင်ပြည်နယ်သူ ပြည်နယ်သားများ၊ ပြည်ထဲရေး ဝန်ကြီးဌာနမှ ဝန်ထမ်းများအနေနဲ့ ကောင်းကောင်းကြီး သိကြ မှတ်မိကြမယ်လို့ထင်ပါတယ် ။ ဘယ်တော့မှမပြုံးတဲ့ မျက်နှာထားနဲ့ လောဘကြီး ၊ ဒေါသကြီးတဲ့ စစ်ဗိုလ်ချုပ်ဟောင်းကြီးတစ်ဦးပါ ။ အခုတော့သူက အရေခွံပြောင်း လို့ လွှတ်တော်အမတ်ကြီး၊ ကြံ့ဖွံ့ပါတီ ရခိုင်ပြည်နယ်တာဝန်ခံ စတဲ့ ရာထူးတွေကိုခံယူပြီး ရခိုင်ပြည်နယ်သူ ပြည်နယ်သားတွေကို နှိပ်စက် ဒုက္ခပေးနေပြန်ပါပြီ ။ အတည်မပြုနိုင်တဲ့သတင်းတစ်ခုအရ ဦးမောင်ဦးရဲ့ဖခင်ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ရေတပ်မှာ တာဝန်ထမ်းဆောင်စဉ်က အရမ်းဆိုးလွန်းတဲ့အတွက် ရခိုင်သားများ ဝိုင်းသတ်လို့သေခဲ့ရတယ်လို့သိရပါတယ်။ အဲဒီအငြိုးတွေကြောင့်ပဲလားမသိပါဘူး ။ ဗိုလ်ချုပ်မောင်ဦးအဖြစ် ရခိုင်ပြည်နယ်တိုင်းမှူး တာဝန်ထမ်းဆောင် စဉ်အချိန်ကတည်းက ရခိုင်ပြည်သူတွေကို ဖိနှိပ်ခဲ့ပါတယ်။ နှိပ်စက်ခဲ့ပါတယ်။ တိုင်မှူးဘဝတုန်းက ရခိုင်ပြည်နယ် မှာရှိသမျှ သယံဇာတတွေကို အားလုံးယူဆောင်သွားခဲ့ပါတယ် ။ တိုင်းမှူးတစ်ဦးထက် စီးပွါးရေးသမားတစ်ယောက်ရဲ့ […]


အဟီး…ဘာရယ်ဟုတ်ဘူး..မိုးဗြားဂိုဏ်းသားတွေလို အပျင်းပြေ ရွာထဲမှာ ဖွကြည့်လိုက်တာ။ အကယ်၍များ မတော်တဆ ကြောင်ကြီးကို ကိုးကွယ်ဖို့ စဉ်းစားနေရင်တော့ လုပ်လက်စနဲ့ ဆက်လုပ်ကြပါလို့..။ ကြောင်ကြီးအတွက် အပန်းမကြီးပါဘူး..။ ဟောသည်ဂါထာလေးနဲ့သာ ပသဂျပါ။ ကြောင်သူတော် ဗျောင်လူခေါ် မှောင်ထူပျော် စောင်ဖြူလျှော်၊ ညောင်ဆူအော် ဟောင်ယူဖော် အောင်ထူမော် ယောင်ပူဇော်…။


black chawJuly 10, 20121min37544
ပညာရှိများ တွေးကြည့်ရင် ပြေးကြည့်တာထက် မှန်သတဲ့ဗျာ။ အခု မန်းဂဇက် ရဲ့ ပညာရှိကြီး အဘFR ရဲ့ တွေးချက်ကလေးတစ်ခုက သွေးထွက်အောင် မှန်နေခဲ့တဲ့ အကြောင်းလေး ဟိုက်လိုက်လုပ်ပြချင်တာပါ။ ဇူလိုင်လထဲမှာ အစ်ကိုကာလသားတွေကြား ရေပန်းစားခဲ့တာကတော့ No အဖွဲ့ဝင်ဟောင်း ရုပ်ရှင်မင်းသမီး သဇင် ပဲ ဖြစ်ပါတယ်။ ဘာတွေ ရေပန်းစားတယ်ဆိုတာကတော့ ကျား..ကျားခြင်းမို့ ဟိန်းဟောက်မပြတော့ပါဘူးဗျာ။ လတ်တလော ကျွန်တော်တို့ ရွာထဲမှာလည်း အဲဒီကိစ္စကို ဆွေးနွေးထားတဲ့ ပို့စ်လေးတစ်ခု လာတင်ထားခဲ့ပါသေးတယ်။ ထူးထူးခြားခြားဗျာ..။ ပို့စ်တင်သူ ရဲ့ ပထမဆုံးပို့စ်ဗျ။ နာမည်က တင်ကို တဲ့။ ပို့နာမည်က လူမ တဦးတယောက်ရဲ့အခွင့်တွေဟာဘာလဲ တဲ့။ လင့်က ဟောဒီမှာပါဗျာ။ https://myanmargazette.net/136278/economic-news-international-news-news-industry-people-in-the-news-us-news-news/myanmar-burma-burmese-bama-myanmarian-myanma-news အဓိကကတော့ သဇင့် ကိစ္စကိုဆွေးနွေးထားတာပါပဲ။ သူက (ပို့စ်တင်သူက) သဇင်မှန်ရင် […]


ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ကျန်းမာရေးကြောင့် အနားယူတော့မယ်ဆိုတဲ့ သတင်းတွေထွက်လာပြီးတဲ့နောက် အခုတစ်ခါ ဒုတိယသမ္မတ ရွေးချယ်တော့မယ်ဆိုတဲ့ သတင်းကြားရပြန်ပါပြီ။ ဒုတိယသမ္မတ အသစ်က ဘယ်သူဖြစ်လာမှာလဲ ? ပြည်သူတွေကတော့ မျှော်လင့်နေကြပါပြီ ။ အခု ဒုတိယသမ္မတဦးတင်အောင်မြင့်ဦးကို 2012 ခုနှစ် ဂျွန်လ တစ်ရက်နေ့ နေ့စွဲနဲ့ သမ္မတက နုတ်ထွက်ခွင့်ပြုလိုက်ပါပြီ ။ သူ့နေရာမှာ ဖြစ်လာမယ့်သူကလဲ တပ်မတော်ကိုယ်စားလှယ်ပဲဖြစ်ရမယ်တဲ့ ။ ဒီနေရာမှာ နည်းနည်းတော့ပြောစရာရှိလာပါတယ် ။ ကျွန်တော်တု့ိပြည်သူတွေအနေနဲ့ကတော့ အစိုးရသစ်ရဲ့ အရေးကြီးတာဝန်ထမ်းဆောင်သူတွေကို ကြယ်ပွင့်တွေအောက်က ရုန်းထွက်နိုင်သူတွေပိုဖြစ်စေချင်ကြမှာပါပဲ။ ဆိုးဝါးလှတဲ့စနစ်ကြိးတစ်ခုကို ကျော်ဖြတ်ပြီးတဲ့အချိန်မှာ ဘာတွေကြုံရဦးမှာပါလဲ ။ အစိုးရသစ်ရဲ့ 1 နှစ်တာသက်တမ်းအတွင်း တည်ငြိမ်မှုမရှိသေးပါဘူး။ အပြောင်းအလဲတွေများစွာနဲ့ အကောင်းဘက်ကိုဦးတည်နေတယ်လို့ပဲ ထင်မြင်မိပါတယ်။ ဒုတိယသမ္မတအသစ်ဖြစ်လာမယ့်သူက ပြည်သူတွေဘက်ကရပ်တည်ပြီး တစ်သွေး၊ တစ်သံ၊ တစ်မိန့်အောက်က […]


“`ဖွတ်ထွက်တဲ့တောင်ပို့´´´ ယုံကြည်အားကိုးခဲ့သမျှ ခုတော့ … အားလုံးက သဲထဲရေသွန် `ကိုယ်ကျိုးစွန့် အနစ်နာခံသူ´ တဲ့ ရပြီးသား ဆုတစ်ခုအတွက် နိုင်ငံနဲ့လူမျိုးကို စွန့်ပစ် အမျိုးချစ်နေလိုက်ပုံများ ထီးကျိုးကြီးဆောင်းပြီး မြန်မာဝတ်စုံမှာ လေဒီရှူးတွဲစီးတဲ့အလှက မြန်မာအမျိုးပျက်မှန်း သိသာလှပေါ့ .. ။ ကြင်နာတတ်တယ်ဆိုတဲ့ အမေ့လက်တွေက ဘာလု့ိများ ရခိုင်ကလေးတစ်ယောက်ကို ပွတ်သပ်ချော့မြှူမှု မပြုနိုင်တာလဲ … ။ အမေ့ရှေ့မှာ မျက်ရည်ဝဲပြသူတွေကို နှစ်သိမ့်ခဲ့တဲ့အမေ့လက် မျက်ရည်မိုးဖြိုင်ဖြိုင်ရွာနေတဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ရင်ဘတ်ပေါ် ဘာလို့များ မအုပ်မိုး ၊ မနှိမ့်သိမ့်နိုင်ခဲ့တာလဲ … ။ သီတာထွေးဆိုတာ အမေ့သမီးပါအမေ … အမေ့လိုပဲ မြန်မာအမျိုးသမီးလေးပါ ဒါပေမယ့် `ဖြစ်ချင်ရာဖြစ်တော်´ ဆိုပြီး ကုလားကိုလင်မတော်တတ်တဲ့ ရခိုင်မလေး သီတာထွေးပါအမေ .. ။ ရခိုင်လူမျိုးတွေ သေကုန်ပြီအမေ […]


black chawJune 28, 20124min71982
OUTSIDER BLACK ! မြန်မာစကားက မရှင်းမရှင်းဗျ၊ ကျောင်းဒကာကြီးတို့ရ…။ သူဌေးတဲ့။ သူကြွယ်တဲ့။ သူဌေးသူကြွယ်ကြီးတွေတဲ့…။ မသိရင် အတူတူပဲလို့ထင်စရာပဲလေ နော့။ သူဌေးဆိုတာ လူချမ်းသာတွေကို ခေါ်တယ်ဆိုတာလောက်တော့ ကလေးတွေတောင် သိနေတာပဲလေ။ မြန်မာပြည်မှာလည်း ကျိကျိတက် ချမ်းသာကြတဲ့ တိုင်းသိပြည်သိ သူဌေးကြီးတွေ ရှိကြလေသည် လို့ မှတ်သားရပေတာကိုး။ နောက်တစ်ဆင့်တက်တော့ သူကြွယ် တဲ့။ ဒါကျတော့ ဂုဏ်ရည်တစ်ဆင့်တိုးသွားပြီဗျာ။ ဟုတ်မဟုတ်တော့ မသိဘူးနော်…။ ကြားဖူးနားဝရှိတာလေး ပြန်ရေးပြတာ…။ လွဲနေရင်လည်း ပြင်ပေးခဲ့ဦးဗျ..။ မျိုးနဲ့ ရိုးနဲ့ ချမ်းသာလာတဲ့ သူဌေးကို သူကြွယ်လို့လည်း ဂုဏ်ပြုခေါ်ဝေါ်ပေပြန်တာကိုး…။ ခုနက ကျိကျိတက် ချမ်းသာကြတဲ့ မြန်မာပြည်ရဲ့ သူဌေးကြီးတွေထဲမှာ မျိုးရိုးစဉ်ဆက် ချမ်းသာလာခဲ့တဲ့ သူဌေး ဘယ်နှစ်ယောက်လောက်ပါသလဲ…။ သူကြွယ်ကြီးရယ်လို့ စာရင်းတို့လို့ရတာ ဘယ်နှစ်ယောက်လောက်ပါသလဲ…။ စိတ်ဝင်စားစရာတော့ […]


နွယ်ပင်June 23, 20122min56733
အခုတစ်လော အနုပညာရှင်ရပ်ဝန်းမှာ နာမည်ကြီးနေတဲ့ အနုပညာရှင်တို့ရဲ့ စုံတွဲပုံရိပ်လေးတွေပါ …အခုလက်ရှိ အပြင်မှာလည်းတကယ်တွဲခုတ်နေကြတဲ့ အနုပညာရှင်တို့ရဲ့ စုံတွဲပုံရိပ်လေးတွေကို မကြည့်ရသေးတဲ့ ရွာသူားတွေအတွက် တင်ပြပေးလိုက်ပါတယ်နော် …… RH Boy + စံရတီမိုးမြင့် မြင့်မြတ်နှင့်သူ၏ Girlfriend အောင်လနှင့်သူ၏ Girlfriend ထွန်းထွန်းနှင့်သူ၏ Girlfriend