အခုနောက်ဆုံးကြားရတဲ့သတင်းတွေအရတော့ စစ်တွေမှာ ဘင်္ဂါလီတွေသေနတ်နဲ့ပစ်လို့ စစ်သားတစ်ယောက်ဒဏ်ရာရသွားတယ် ဆိုတာကို ခိုင်ခိုင်လုံလုံသိရှိရပါတယ် ။ လုံခြုံရေးအဖွဲ့တွေက အကြမ်းဖက်သူတွေကိုပြန်လည်ပစ်ခတ်တာမျိုးမရှိပဲ မိုးပေါ်ထောင်ပစ်ပြီး ခြောက်လှန့်တာမျိုးပဲလုပ်နေတယ်လို့သိရပါတယ် ။ နောက်ပြီး အတည်မပြုနိုင်သေးတဲ့သတင်းတစ်ခုကတော့ အောင်မင်္ဂလာရပ်ကွက်မှာ အကြမ်းဖက်သူတွေလက်ချက်နဲ့ လုံခြုံရေး ရဲ တစ်ဦးကျသွားတယ်ဆိုတဲ့သတင်းပါပဲ။ ကြားရတာကတော့အရမ်းကိုစိတ်မကောင်းစရာပါပဲ ။ အဲဒီမှာစဉ်းစားစရာတစ်ခုဖြစ်လာပါတယ် ။ ဒီလောက်ဆိုးရွားနေတာကို လုံခြုံရေးတွေက ဘာလို့ပြန်လည်ပစ်ခတ်တာမျိုးမလုပ်တာပါလဲ ။ အမိန့်တစ်စုံတစ်ရာကြောင့်များလား ။ ကျွန်တော့သဘောထားကတော့ အကြမ်းဖက်လက်နက်ကိုင်သူဆိုရင် ဘင်္ဂါလီပဲဖြစ်ဖြစ် ရခိုင်ပဲဖြစ်ဖြစ် ခြောက်လှန့်လို့မရရင် ပစ်ရမှာပဲ ။ ပစ်သင့်တယ်လို့လဲထင်ပါတယ် ။ ခုလက်ရှိမှာ စစ်တွေမှာရှိနေတဲ့ရခိုင်လူမျိုးတွေကလဲ အရမ်းကိုကြောက်ရွံနေကြပါတယ် ။ ကြားရတဲ့သတင်းတစ်ခုကတော့ ထိုင်းနဲ့မလေးရှားမှာရောက်နေတဲ့ ရခိုင်လူမျိုး ၁၀၀ဝ ခန့်က ဘာပဲဖြစ်ဖြစ် အသေခံတိုက်မယ်ဆိုပြီး ပြန်လာဖို့စီစဉ်နေကြပါတယ်တဲ့ … ။ လုံခြုံရေးတွေအနေနဲ့ ထိရောက်တဲ့တားဆီးမှုမျိုးလုပ်သင့်ပြီလို့ထင်ပါတယ် ။ […]


KyaemonJune 11, 201241min23815
 အူး ကြောင် ကြီး အတွက် ဟာသ လက်ဆောင် လေး ပါ —————————- Sharapova ရှာရာဗိုဘာ သတို့သား Sasha စရှာ ရဲ့ ဒေါသသံ ——– ကျနော်က Lakers basketball လေကာ ဝါသနာ အိုး ဖြစ်လို့ တချိန်တုန်းက Lakers လေကာမှာကစားဘူးတဲ့  Sasha Vujacic စရှာ နဲ့ သိကျွမ်းခဲ့တာ၊ မကြာမီက Sasha စရှာ က ကျနော့ ဆီကို ဖုန်း ဆက်လာတာ၊ Turkey တူရကီ ကနေ ဆက်တာပါ၊ ကျနော် နဲ့အဆက်ပြတ်တာ ကြာ ပါပြီ၊ တယောက်ယောက် က သူ့ကိုပြောလို့ဖြစ်မှာပါ၊ သူက တခါမှ စိတ်မဆိုး တတ် ပေမဲ့ […]


black chawJune 7, 20121min38727
အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည် စုတ်ထိုး ဤသုံးမျိုး ချက်မပိုင်လျှင် နောင်ပြင်ရန်ခက်သည့်အမျိုး… တဲ့။ တော်တော် ကျယ်ကျယ်ပျံ့ပျံ့ လေးလေးနက်နက် ကြီးကို စဉ်းစားလေ့လာတွက်ချက်ချိန်ဆ ပြီးမှ ဆုံးဖြတ်ရမယ့် ကိစ္စမျိုးကြီးတွေ ဖြစ်တယ် ဆိုတာ သတိပေးဆုံးမထားတဲ့ ဆုံးမစာကြီး ပါ ကျောင်းဒကာ…။ ဒါပေမယ့် ဒီဘက်ခေတ်မတော့ ဒီဆုံးမစာကြီးက နည်းနည်းခေတ်မမီတော့ဘူးလားလို့…။ ဘုရားတည်တာကတော့ သူကြီးတို့လို သူတော်ကောင်းကြီးတွေ အလုပ်ဆိုတော့ ကျွန်တော် နည်းနည်းမှ မကျွမ်းကျင်တဲ့ ဘာသာရပ် ဆိုတာ ရှက်ရှက်နဲ့ပဲ ဝန်ခံပါရစေ…။ ကဲ… သူကြီးရေ… ဘုရားတည်တဲ့ကိစ္စဟာ ချက်မပိုင်လျှင် ဘယ်လိုဘယ်ပုံ အခက်တွေ့တတ်တယ်ဆိုတာလေး ဝေမျှပေးပါဦး ဗျို့…။ ပြောသာပြောရတာ ဒီဘက်ခေတ်ကျတော့ ဘုရားလည်း ချက်မပိုင်ရင် ပြန်ပြင်တတ်ကြတယ်ဆိုလား … ။ ဆေးမင်ရည် စုတ်ထိုးတာကလည်း ပေါက်ဖေါ် […]


ABC သတင်းမှာ ကမာ္ဘကျော် တရုတ်မင်းသမီး ကြေးကြီးကြီးနဲ့ အော်ဒါလိုက်တဲ့အကြောင်း ဖတ်ရတော့ ဆရာမအတန်းထဲမှာ ရုပ်ရှင်ပြကွက်တခုအကြောင်း လမ်းကြုံပြောခဲ့ဖူးတာ အမှတ်ရတယ်။ အရက်ဘားမှာ မင်းသားဂ သူနဲ့လိုက်အိပ်မလားမေးဒေါ့ မင်းသမီးဂ ဘယ်လိုအစားမှတ်သလဲ၊ ဖာမဟုတ်ဘူး စိတ်ဆိုးဆိုးနဲ့ ပြန်ပက်တယ်။ မင်းသားဂ မောင်ဂီလို မားကက်တာလားမသိဘူး၊ မျက်နှာပြောင်ပြောင်နဲ့ တညဒေါ်လာတသန်း ပေးရင်ဂေါလို့ ထပ်မေးဒယ်။ ဒေါ်လာတသန်းနေရာ ကျပ်ငွေသန်းရှစ်ရာလို့ ပြောင်းတွေးကြိကြပေါ့ဗျာ။ ဆရာမ ပြောနေတုန်း သူ့စိတ်ထဲမှာ ငါရော အဲသလို လူမသိသူမသိ တကယ် အကမ်းအလှမ်းခံရရင် ဘယ်လိုနေမလဲ စဉ်းစားပုံရဒယ်လို့ သူ့မျက်နှာကြည့်ပီး ကိုယ့်စိတ်ထဲမှာလည်း ငါရော ဘယ်လိုဖြစ်မှာလဲ အတွေးပေါ်ခဲ့ဒယ်။ အပြောဂဒေါ့ရွှေမန်းပေါ့ဗျာ…သို့သော် သန်းတထောင်တန်ဂွင် တခုလောက်များ မျက်စိရှေ့မှောက် အချောင်ကျ လာခဲ့ရင် (ဘယ်သူမှလည်း မသိနိုင်ဘူး အဲဒီအချိန်မှာ ယူဆဂဲ့ဒယ်ဆိုရင်ပေါ့)။ သဂျီးဂ […]


ムラカミMay 23, 20126min21814
      Arrivederci Goodbye ဆိုတဲ့ Italian စာလုံးလေးပါ။ Arrivederci တဲ့.. ဟုတ်ကဲ့။ နှုတ်ဆက်ခဲ့ပါသည် Old Lady ….   ဒီလိုပြောသွားခဲ့တာတော့ သက်တော်ရှည် အသင်းခေါင်းဆောင် Alessandro Del Piero ပဲဖြစ်ပါတယ်။ ၁၉၇၄ခုနှစ် အီတလီ နိုင်ငံ ကွန်နယ်ဂလီရာနို ဆိုတဲ့ ဒေသမှာဖြစ်ပါတယ်။ နောင်တချိန်မှာ ဘောလုံးလောကအတွက် ကမာ္ဘ့အဆင့် ကစားသမားတစ်ဦး မွေးဖွားလာခဲ့ပါတယ်။ သူ့နာမည် ကတော့ Alessandro Del Piero ပဲဖြစ်ပါတယ်     အဲလက်ဇန်ဒရို ဒယ်လ်ပီယာရို ဆိုတာ ၁၉၇၄ခုနှစ် မှာမွေးတဲ့ ၂၀၀၆ ကမာ္ဘ့ဖလား အောင်ပွဲခံ အီတလီ ဘောလုံးသမား တစ်ယောက်ဖြစ်ပါတယ် သူဟာ ဂျူဗင်းတပ်စ် […]


yawaiMay 22, 20121min40335
ပါပါရာဇီဆိုတာနဲ့ လေဒီဂါဂါသီချင်းများ ပြေးမြင်နေကြမလားပဲ။ ဒါမှမဟုတ်ရင်လဲ ဇာတ်လမ်းတွေထဲမှာ မြင်နေကြရတဲ့ စိတ်ရှုပ်စရာ သတင်းထောက်တွေလို့ပဲ မြင်နေကြမှာပါ။ ဒါပေမယ့် သူတို့ရဲ့ ကောင်းကွက်လေးတွေကို ကျွန်တော့်မိတ်ဆွေများကို ဖောက်သည်ချပေးချင်ပါတယ်။ သူတို့ဟာ နိုင်ငံကျော်စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ၊ အနုပညာရှင်ကြီးတွေနဲ့ ရာထူးကြီး ဝန်ထမ်းတွေကို ပစ်မှတ်ထားပါတယ်။ အထူးသဖြင့် ထိုသူများရဲ့ အညှီအဟောက် သတင်းတွေကိုပစ်မှတ်ထား ရှာဖွေကြတတ်တယ်။ ဒီတော့ သူတို့နိုင်ငံက လူတွေ ဘာလုပ်လုပ် ချက်ချင်းပျံနှုံ့ကုန်တာပေါ့။ မဟုတ်တာလုပ်ရင်လဲ မဟုတ်တာက ချက်ချင်းပေါ်တာပဲ။ ဟိုတနေ့က ဂျာနယ်ထဲမှာ ရွန်းနေ နိုက်ကလပ်မှာ စော်လေးတွေနဲ့ နမ်းနေတဲ့ပုံတွေကို သူတို့တွေဖော်ထုတ်ခဲ့တာကို တွေ့လိုက်ရတယ်။ ကောလင်း ဘယ်လို အသုံးအဖြုန်းကြီးတယ်ဆိုတာလဲ သူတို့ဝေဖန်ကြတာပဲ။ အိုဘားမားဆေးလိပ်ဖြတ်တာလဲ သူတို့ ရှာဖွေတင်ပြကြတယ်။ ဒီတော့ သူတို့နိုင်ငံမှာက ပါပါရာဇီတွေကို နာမည်ကြီးကြသူတိုင်း သတိထားနေရတယ်။ ရိုင်ယန်ဂစ်ဖောက်ပြန်တဲ့ သတင်းတွေ […]


winterkoeApril 24, 20121min32524
စင်္ကာပူတွင် နေထိုင်သော မြန်မာအလွန်ဆန်လှသူ မြန်မာအမျိုးသမီးချောလေးတဦးမှ အဝတ်အစားဝတ်ဆင်မှုနှင့်ပတ်သက်ပြီး မြန်မာပြည်တွင်းနေ မြန်မာအမျိုးသမီးများအား မြန်မာပီပီမြန်မာ့ယဉ်ကျေးမှုကိုထိန်းသိမ်းကြရန် ဆုံးမထားပါတယ်။ သူမလေးအနေနဲ့ မယဉ်ကျေးဘူးလို့ယူဆထားတဲ့ မြန်မာအမျိုးသမီးတွေကို အခုချိန်ကစပြီး ယဉ်ယဉ်ကျေးကျေးဝတ်ဖို့ဆုံးမထားတဲ့ Youtube က  ဆုံးမဩဝါဒဗီဒီယိုမိန့်ခွန်းကို တုံ့ပြန်ထားတဲ့ Video Clip တခုထွက်လာအပြီးမှာ အခြေအနေမကောင်းလို့ သူမလေးအနေနဲ့ သူမရဲ့မူရင်းဗီဒီယိုကိုပြန်ဖျက်လိုက်အပြီးမှာ အဲဒါကိုပြန်လည်တုံ့ပြန်ထားတဲ့ ဗီဒီယိုလေးပါ။ အပျင်းပြေကြည့်ရှုနိုင်ပါတယ်။ (သူမလေးရဲ့မူရင်းဗီဒီယိုကတော ပိုင်ရှင်ဖြစ်တဲ့သူမလေးက ဖျက်လိုက်တယ်လို့ဆိုပါတယ်) http://www.youtube.com/watch?feature=player_embedded&v=4ymeJwFIfGY   ဖြစ်ချင်တော့ မိန်းကလေးကိုတုံ့ပြန်ထားတဲ့ဗီဒီယိုလေးမှာ စင်္ကာပူက Sentosa Beach ကိုရောက်နေတဲ့ မိန်းကလေးရဲ့ ဝတ်စားဆင်ယင်မှုလေးလဲပါပါတယ်။ မိန်းကလေးက အင်္ဂလိပ်လိုတွေပြောထားပါသေးတယ်။ အဲဒီအပိုင်းကတော့ Climax ပါပဲ။ ကြည့်လိုက်ရင်ရှင်းသွားမှာပါ။ အဲဒီ Response Video Clip ထွက်လာအပြီးမှာ မိန်းကလေးရဲ့ မူရင်းဆုံးမစာရော၊ Youtube Account,  […]


                        ဒီနေ့ ကျွန်တော်လဲ မန်းဂေဇက်ရဲ့ ထင်ရှားသောပုဂ္ဂိုလ်ကြီးများနှင့်အင်တာဗျူးကဏ္ဍအတွက် အဘကို ရက်ချိန်းယူထားသဖြင့် ဖုန်းလှမ်းဆက်ရာ အကြိမ်၅၀ဝခန့် ခေါ်ဆိုသောလည်း အဆက်သွယ်ကမရ ကိုယ်ကဗျူးပါမယ်ဆိုမှ ပြန်မေးတဲ့ မေးခွန်းပေါင်းက ၈သောင်းလောက်ရှိမည် ထင်သည်၊ နောက်မှ မထူးသည့်အဆုံး တယ်လီပသီနည်းသုံး၍ လှမ်းဆက်မှဘဲ ရတော့သည်၊ ဒါတောင် အဘက ရှရန့်ဇာတ်ကားမှ ကြောင်ကလေးအကြောင်း ပွတ်စ်အင်ဘုစ် ဆိုတာကြည့်တာ မပြီးသေး၍ ခဏစောင့်နေရသေးသည်၊ အတော်လေးကြာမှ အေးရပြီကွ ဆိုလို့ စပြီးမေးဖြစ်သည်……………….။ ရဲစည်။    ။အဘ အခုတစ်လော အကောင်အထည်ဖေါ်ဖြစ်သွားတဲ့ အပြောင်းအလဲလေး အကြောင်းရှင်းပြပါအုံး ခင်ဗျ။ အဘ ။    ။အိမ်း….ဒီလိုကွ လွန်ခဲ့တဲ့ ၅နှစ်လောက်ကပေါ့ အဘအိပ်မက်တာ သိပ်မကောင်းဘူး၊ မနက်ကျ အဘရဲ့ဂမီ္ဘရအကြံပေးကို ပြောပြတော့ တိုင်းပြည်ထူးခြားမယ်တဲ့ ဒါနဲ့ဘဲ မင်းတို့ကြီးတော်ကြီးက ယတြာချေမယ် လုပ်ရော အဘကတော့ […]


htet wayApril 6, 20121min1078
သို့ ဦးဦး ဂေဇက်စာရေးဆရာအသင်း ဦးဦးရေ စာပေဟောပြောပွဲတစ်ခုတော့ ခမ်းနားစွာပြီးသွားပါပြီ။ပျော်စရာကောင်းဖို့ထက် အများစု စိတ်တွေ ပြုပြင်နိုင်အောင် ၊နှလုံးသားအဟာရဖြစ်အောင် ဦးနှောက်ကို လန်းဆန်းအောင် ဖြစ်စေချင်တာပါ။ ဒါရိုက်တာအောင်စိုးဦးဆိုတာက အိမ်မဲသားပါ။စိုးမြတ်သူဇာကို အကယ်ဒမီရအောင် နော်ရင်မွှေးဇာတ်ကားကိုရိုက်ခဲ့တဲ့ ၊ သင်္ကြန်မိုးဇာတ်ကားရဲ့ ဇာတ်ညွှန်းဆရာတစ်ယောက်ဆိုတာ ဦးဦးသိပြီးသားထင်ပါတယ်။ ဆရာက အနှစ်နာခံပြီး ကိုယ့်မြို့ဆိုပြီးလိုက်ခဲ့တာပါ။ ၃.၄.၂၀၁၂ ရက်က ခန်းမမှာ စာပေဟောပြောပွဲဖြစ်ခဲ့တယ်။ဆရာဒါရိုက်တာအောင်စိုးဦး၊ ဆရာအကြည်တော်၊ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)တို့ဟောပြောခဲ့တာပါ။ဟောပြောပွဲအတွက် မြို့က ဝိုင်းကြိုးစားကြပါတယ် လူညီကြတယ်။ကျွန်တော်လည်း မအားတဲ့ကြားက တာဝန်တော်တော်များယူလိုက်ပါတယ်။အဓိကတော့နေရာမဟုတ်ပါဘူး။လုပ်ငန်းအဆင်ပြေဖို့ ရည်ရွယ်ချက်ရောက်ဖို့ပါပဲ။ ညနေဘက် ဆူးလေနားက ဆိုင်မှာထိုင်ရင်း ဦးဦးကို ကျွန်တော်ပြောခဲ့ တာတွေ မှတ်မိနေမှာပါ။ကျွှန်တော်မြိဲု့ကစာပေအားနည်းကြပါတယ်။ စာနယ်ဇင်းဆိုတာရှိတယ် အဖြစ်သဘောဖွဲ့ထားတာပါ။ စာပေဟောပြောပွဲမှာဆရာတွေဟောကြတာသိပ်ကောင်းပါတယ်။ဟောပြောပွဲပြီးတော့ လူတွေက ကျွှန်တော်ကို လက်ဆွဲနုတ်ဆက်ကြတယ်။ဒီလိုဆရာတွေကို မြို့ခေါ်လာလို့ ဝမ်းသာနေကြတယ်လေ။ ပင်ပန်းရကြိုးနပ်ပါတယ်။ ဆရာဒါရိုက်တာအောင်စိုးဦးကလည်း စိတ်တွေအကြောင်းကိုပြောခဲ့တယ်။ လူဘဝအလင်းတရားတွေအကြောင်း၊ […]


အာဂApril 5, 20121min49935
ဒီမဂ္ဂဇင်းက ဘယ်တော့ ထွက်မယ်တော့ မသိဘူး။ ဒါပေမဲ့ စိတ်ထင် မကြာမည်ထွက်တော့မယ်နဲ့တူပါတယ်။ မဂ္ဂဇင်း ရဲ့ ပုံစံကဓာတ်ပုံတွေကြည့်ခြင်းအားဖြင့် ဖက်ရှင်နဲ့ အလှအပဘက် မဂ္ဂဇင်းဖြစ်ဖို့များနေပါတယ်။ အဲဒီမှာ သရုပ်ဆောင်ထားကြသူတွေကတော့ အဆိုတော် ဒီရေတိုး နောက်မော်ဒယ် မာရီနာ တို့ဖြစ်ပါတယ်။ရိုက်ထားတဲ့နေရာကတော့ ချောင်းသာမှာပါ။ ဓာတ်ပုံဆရာကတော့ ကျော်မိုးဦးဖြစ်ပါတယ်။ မဂ္ဂဇင်းတွေ ဆင်ဆာမတင်ရတော့ဘူးဆိုတော့ လုပ်ချင်တာတွေလုပ်လာကြတယ်နဲ့တူပါတယ်။ တကယ်များထွက်ဖြစ်ရင် ဆင်ဆာကဘာမှမပြောရင် နောက်ပိုင်း ဖက်ရှင်မဂ္ဂဇင်းတွေ မှာ သူထက်ငါ အပြိုင်ကြဲလို့ အဖော်အချွတ်၊ စက်ဆီ၊ချောဆီများလုပ်လာကြမလားမသိဘူး။အော် ဒီမိုကရေစီ များ သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေး…။ဘာပဲပြောပြော ဆက်လက်ဆောင့်ကြည့်ရမှာပါပဲ။ အများအတွက် အဆိပ်အတောက်မဖြစ်ရင်ပဲ..ကျေနပ်လှပါပြီ။ အထက်ပါပုံများကို အဆိုတော် ဒီရေတိုး Facebook ဓာတ်ပုံ ကျော်မိုးဦး face book တို့ မှ ကူးယူတင်ပြပါသည်။ http://www.facebook.com/media/set/?set=a.376766232357035.92031.100000709845432&type=3 http://www.facebook.com/profile.php?id=100001397007662&sk=photos


နွေဦးMarch 30, 20121min131848
7Day ဂျာနယ်သတင်းထောက်ကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုဖြင့် သရုပ်ဆောင်ထက်ထက်မိုးဦး ပြစ်ဒဏ်ချမှတ်ခံရ ရန်ကင်းမြို့နယ်တရားရုံးတွင် ၂ နှစ်ကျော်ကြာ တရားစွဲဆို ရင်ဆိုင်နေရသော သရုပ်ဆောင်ထက်ထက်မိုးဦး နှင့် 7 Day ဂျာနယ်မှ သတင်းထောက်အေးသူစံတို့အမှုတွင် ရန်ကင်းမြို့နယ်တရားသူကြီးက မတ်လ ၃ဝ ရက်နေ့ နံနက် ၁ဝ နာရီ မိနစ် ၂ဝ ခန့်တွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၃ အရ သရုပ်ဆောင်ထက်ထက်မိုးဦးအား ဒဏ်ငွေ ၁၀၀ဝ ပေးဆောင်စေ၊ မဆောင်ပျက်ကွက်ပါက အလုပ်နှင့်ထောင်ဒဏ် တစ်လ ကျခံစေဟု အမိန့်ချမှတ်ခဲ့သည်။ အမိန့်ချမှတ်ခဲ့ပြီးနောက် သရုပ်ဆောင်ထက်ထက်မိုးဦးသည် ပြုံးရွှင်တက်ကြွစွာဖြင့် ရုံးတော်မှ လျင်မြန်စွာ ထွက်ခွာသွားသည်။ Voice Weekly facebook မှ ကူးယူတင်ပြသည်..။