ကျနော်က ကလေးတွေကိုကွန်ပြူတာထဲမှာသီချင်းတွေကို MP3နဲ့ဘဲထည့်ခိုင်းတဲ့အခါပြသနာတစ်ခုက သီချင်းကို ကြိုက်လု့ိသိချင်တယ်ဆိုရင် ဘာသီချင်းမှန်း ဘယ်သူမှန်းမသိတော့တာပါဘဲ။ (ပါးပြင်မှာ သနပ်ခါးလေးနဲ့ဘဲချစ်စရာကောင်းလိုက်တာကွာ……………………….)တို့ဆိုရင် အစိုင်းဆိုတာ (နဖူးကစခြေဖျားထိအောင်ကြည့်မယ် တစ်နေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့် …………………..)ဖိုးကာဆိုတာ (ခံစားတတ်တယ် နာကြည်းတတ်တယ်……………………………….)ဆိုရင်ကျားပေါက်ဆိုတာလောက်ကတော့သိတာပေါ့။ (ငါ့ဘဝ ငါ့ဂီတမင်းလေးပါဘဲ…………………………………………)တို့ (တကယ်လု့ိအိပ်မက်ဖြစ်ရင်လဲ မနိုးထလိုက်ပါနဲ့………………….တွေးနေစဉ်ခဏဘဲ………………………)တို့ (အကြိမ်ကြိမ်အခါအခါနင်မေးတယ် ဘယ်လောက်ထိလဲ ဘယ်လောက်ချစ်လဲ အနားလာကပ်ကာသူမေးတယ်……………….)တို့ (သူကျနော့်ကိုမချစ်လဲ ကျနော်ကတော့ချစ်နေမှာ….သူ့ဖေဖေလာတယ်ဆိုရင် သူဆိုင်းအောက်လုပ်တော့မှာ……………………..)တို့ (ည.အဖြူရောင်ငွေနှင်းကြားမှာ…………………………………………)တု့ိ (ရိုမီယို ဂျူးလီးယက် မမှီနိုင်ဘူးဆို……………………..သိပ်ချစ်တယ်ဆို………………..)တို့ (ငါဝအောင်ငိုလိုက်မယ် ……..မနက်ဖြန်မင်းအတွက်ငိုစရာမရှိဘူးကွယ်…………………………)တို့ (ဟေ့မိချိုသဲ ငါ့နောက်ကလိုက်ခဲ့…………မင်းပြောတဲ့တရားတွေ မင်းဟောတဲ့တရားတွေ ယုံစားမိတော့မှားမယ်နော့………)တို့ (ဘယ်သူပြောတာလဲ အမေပြောတာတဲ့ ……………….ငါ့သမီးလေးတော်လိုက်တာနော်………………..)တို့ ဆိုတဲ့သီချင်းလေးကြားမိရင် ကောင်းတယ်ကြိုက်တယ်ဆိုတော့ ကလေးတွေကိုဆရာတင်ပြီး ဘယ်သူဆိုတာလဲ ဘာသီချင်းလဲမေးရတော့တာပါဘဲ။ သည်ဘက်ခေတ်ထဲမှာ အဆိုတော်တွေအတော်များများထွက်လာပါတယ်။ မိန်းကလေးထဲမှာဆိုရင် Rebecaဝင်း။ဖြူဖြူကျော်သိန်း။ဂျယ်နီ။နန်းဆုရတီစိုး။ဝိုင်းစုခိုင်သိန်း။Nကိုင်ရာ။Sandy မြင့်လွင်။အစ္စဏီ ချစ်သုဝေ။ချစ်စုဝေ။ဇမ်နူး။တွင်ကယ်လ် ။ရှင်း။အိမ့်ချစ်။ ရတနာမိုင်။မိုးဟေကို။မယ်လိုဒီ။ အများကြီးမှအများကြီးပေါ်လာပါတယ်။ ဒါပေမဲ့ […]


အရင်ခေတ်တွေတုံးက သီချင်းတပုဒ်ကို အပြန်အလှန်ဆိုကြတာကလေးခေတ်စားဘူးပါတယ်။ ပထမ မိန်းကလေးက ( ရွှေဘုံပေါ်မှစံချင်သူဆိုရင် )နောက်ယောက်ျာလေးက( ရွှေဘုံပေါ်မှာစံချင်သူသို့)ဆိုတာမျိုးပေါ့။ စတီရီယိုပထမခေတ်မှာ တင်မိုးခို်င်ဆိုတဲ့ကောင်မလေးက (ရွှေရင်တံခါးကို ပိတ်လို့ထားမယ် ရှင်…ရှင်….ရှင့် အပျိုစဉ်နှမက ချစ်တယ်ဆိုတာသိပ်သိပ်ကြောက်)လို့ ဆိုပြလိုက်တော့ ကောင်လေးကလဲ (ရွှေတံခါးကြီးဖွင့်ပါအုံး ငွေတံခါးကြီးဖွင့်ပါအုံး………………….)လို့ပြန်တောင်းပန်တဲ့သီချင်းလေးခေတ်စားလာပါတယ်။ ခုခေတ်မှာတော့ကောင်မလေးရဲ့သား ဂွတ်မောနင်းပေါင်မုန့်ကိုကြော်ငြာပေးခဲ့တဲ့ ဂျစ်တူးတူးရုပ်ကလေးနဲ့ကောင်လေးကလဲ ခုခေတ်ကောင်မလေးတွေကို သူ့ရှေ့မှာလာပြီးအကျိမ်ခိုင်းတဲ့ကောင်လေးကတော့ (အင်္ဂလန်က ဘုရင်မကြီးတောင်ကြွေသွားမယ်)ဆိုတဲ့ ရေမကူးတတ်တဲ့ဘဲလေး ဂျေမီပါဘဲ။ ကျနော့်ရုံးမှာ ကျနော်စာရင်းတွေလုပ်ဘို့ကွန်ပြူတာတစ်လုံးပေးထားပါတယ်။ ဒီကွန်ပြူတာလေးက ကျနော်နဲ့ကျနော်ချာတိ်တ်လေးတွေ အတူသုံးတာပေါ့။ သည်ဘက်ခေတ်ထဲမှာ ကွန်ပြူတာထဲကိုသီချင်းတွေထဲ့လို့ရတဲ့ဆော့ဖ်ဝဲတွေပေါ်လာတော့ စက်ထဲကို သူုတို့ကလဲ သူတို့ကြိုက်တာထည့် ကျနော်ကလဲ ကျနော်ကြိုက်တာထည့်၊ဆိုတော့ စက်က မမ်မိုရီတွေများပြီးလေးကုန်ပါတယ်။ အဲတော့သီချင်းတွေကို ဖျက် ဖျက် ပစ်တော့ ကျနော်ကြိုက်တဲ့သီချင်းတွေကို သူတို့ကမသိဘဲဖျက်၊သူတို့ကြိုက်တာကိုလည်း ကျနော်ကဖျက်မိဖြစ်ကုန်ပါတယ်။ သည်တော့ သီချင်းကို မမ်မိုရီနည်းတဲ့ MP3လိုဟာမျိုးထည့်မယ်။ သီချင်းဖျက်မယ်ဆိုရင် […]


2000ခုနှစ်မှာ ကောင်းသွားတာတစ်ခုကတော့ အိမ်တိုင်းလောက်မှာ ဗွီစီဒီ ကာရာအိုကေစက်တွေရှိတယ်။ လူတော်တော်များများကလဲ ရေချိုးခန်းအဆိုတော်ဘဝကနေပြီး မိုက်ကိုင်လို့အော်နို်င်တဲ့ဘဝတွေကိုရောက်လာတယ်။ တနည်းပြောရင်ဝါသနာရှင်ရော အဆိုတော်ဖြစ်ဘို့အားသန်သူရောအတွက်လေ့ကျင့်စရာကွင်းလေးတွေက အဆင်သင့်ဖြစ်လာပါတယ်။ အဆိုတော်တွေထုတ်လုပ်သူတွေအတွက် တော့မကောင်းဘူးလို့ပြောနိုင်တာက တရုပ်ဘက်က စီဒီခွေအသစ်အချပ်တွေက ဈေးပေါပေါ ဘုံးဘောလအောဝင်လာတယ်။ ကွန်ပြူတာရှိရင် သီချင်းတွေကို အလွယ်တကူကူးဘို့ကလဲမခက်တော့ဘူး။ အဲတော့ ခိုးကူးခွေဘဲခေါ်ခေါ် ကော်ပီခွေဘဲခေါ်ခေါ် ဒါလေးတွေက ကျပ်250-300ကျပ်လောက်နဲ့ ပေါပေါများများရနိုင်တော့ ဘာဘဲပြောပြောလူတိုင်းဝယ်နိုင်တယ် ဝယ်ကြတယ် ဖွင့်ကြတယ်။ ဒီတော့ အဆိုတော်အသစ်ကလေးတွေက လူမြန်မြန်ပိုသိလာပါတယ်။ အခွေသစ်ထွက်တယ်ဆိုရင်ကောင်းကောင်း မကောင်းကောင်း300ဘိုးလောက်တော့ဖြုန်းလို်က်ပါတယ်။ မကြိုက်ဘူးဆိုမှ တစ်ခါထဲဖွင့်ပြီးချောင်ထိုးထားလိုက်တာပေါ့။ အစင်းပါလို့ထစ်ထစ် ဖွင့်မရလဲ ပြသနာမဟုတ်ဘူး လာထားနောက်တစ်ခွေ 300 အဆင်ကိုပြေလို့ပါ။ ဒါကတော့နားထောင်သူဖက်ကပါ။ ထုတ်လုပ်သူဘက်ကတော့ သူတို့ 1500-2000ကျပ်နဲ့ရောင်းတဲ့ခွေအစစ်က မရောင်းရဘူးဖြစ်တော့ခွက်ခွက်လန်ပေါ့။ ဒီဘက်နှစ်ထဲမှာ မြန်မာသံစဉ်နဲ့ပါတ်သက်ရင် သန်းထွန်းလေးသမီးပိုးအိစံ ကသူ့အဖေသီချင်းတွေကိုပြန်ဆိုတာကစလို်က်တာပေါက်သွားပါတယ်။ နောက်သူကလဲ သီချင်းပေါင်းစုံကိုပြန်ဆိုတာလဲလူလက်ခံပါတယ်။ စီးတီးဖ်အမ်ကပေးတဲ့မြန်မာသံစဉ်အဆိုလူအကြိုက်ဆုံးဆုကိုရတာလဲခဏခဏပါဘဲ။ စန်းလို့ပြောရမှပါဘဲ။ […]


(ရေရဲ့အဆုံးကုန်းတစ်ဝက်ဆို ပိုင်ချင်တာပေါ့ ……………အလွမ်းမီးလေးငြိမ်းပေးပါတော့……………………..လို့ မင်းသား (နေအောင်)လဲသီချင်းတွေဝင်ဆိုဘူးပါတယ်။ (မေတ္တာစေကျွန်………………….တို့ မူပိုင်ရှင်မကြီးမမနိုင်…………….တို့ကိုလည်းကွယ်လွန်သူ (ဒွေး)ကလဲဝင်ဆိုဘူးပါတယ်။ ရဲအောင်လဲဝင်တာဂွမ်းသွားပါတယ်။ ကိုစောနုရဲ့သီချင်းဆိုပြိုင်ပွဲကနေပြီး ဘိုသီချင်း(power of love) ဘာသာပြန်သီချင်းလေးဆုရတာကစလို့ တပြည်လုံးကို (အချစ်ရေ ကိုယ့်ကြောင့်………………………လို့ ဝန်ခံလိုက်တဲ့အသံဘယ်လောက်များကျယ်သလဲဆိုရင်ခုချိန်ထိကို သူ့အရှိန်က ကာတွန်းငွေကြည်ရဲ့သား မုတ်ဆိတ်မွေးတိုနံ့နံ့ လူကလဲ တိုနံ့နံ့ပေမဲ့ ချစ်စရာကောင်းတဲ့အပြုံးလေးတွေနဲ့နေတတ်သူ စည်သူလွင်ပါ။ နောက်ဆိုတဲ့သူ့သီချင်းတွေဘယ်လောက်ကောင်းကောင်း ပထမဆုံးသီချင်းအရှိန်ကိုမကျော်နိုင်တာသေချာပါတယ်။ သူကမင်းသားလုပ်ကြည့်ပေမယ့်ကံမပါတော့ တစ်ခါနဲ့လန်သွားပါတယ်။ သူ့လိုအသံအေးအေးသီချင်းအေးအေးလေးတွေဆိုတတ်သူ အသံကောင်းသူကတော့ဂရေဟမ်ပါ။ သူကလဲ သီချင်းတွေအဆိုကောင်းအသံလဲကောင်းပေမဲ့ အဟောင်းနဲ့မှပိုနာမယ်ထွက်သူပါ။ သူ့သီချင်းထဲမှာနားထောင်ကောင်းတာကတော့ စုံတွဲဆိုတဲ့ ယနေ့မှစ၍နှစ်တစ်ရာတိုင်နဲ့ အိပ်မက်မက်တယ်ပါ(သည်သီချင်းမူရင်းက ပက်ထရစ်ပါ)။ ရတနာဦးလဲ ထို့အတူပါဘဲ။ ကျန်တာတွေဘယ်လိုကောင်းကောင်း ကော်ဖီသောက်တိုင်းလွမ်းတယ် ကိုမမှီဘူးထင်ပါတယ်။ စည်သူလွင်လိုဘဲ (ဆိုကြမယ် ပျော်ကြမယ်ပြိုင်ပွဲကနေတက်လာတဲ့သူတွေကတော့ ကောင်းကင်ပြာသီချင်းနဲ့နာမယ်ကြီးသွားတဲ့ စိုးအောင် တွံတေးစိုးအောင်နဲ့တူမှာစိုးလို့ ကောင်းကင်ပြာနာမယ်တတ်လိုက်ရတဲ့သူ။ နောက်တစ်ယောက်က တော့ ကံ့ကော်တောမျိုးအောင်ရဲ့စာရေးလိုက်ပါတယ်မိစံရယ်နဲ့နာမယ်ရလာပြီးလူကပိတ်ညောင်ညောင် တစ်ကြောင်ထဲကြောင်လို့အော်တတ်တဲ့ကောင်လေး […]


အဲဒီအလုပ်ကိုကျနော်ရောက်ကတည်းက မန်းလေးမှာသိပ်နေရတယ်မရှိပါဘူး။ မန်းလေးမှာနေရ ပြန်တော့လည်းမနက်မိုးလင်းကညပြန်တဲ့အထိ မုန့်ဖိုလုပ်ထားတဲ့ခြံထဲမှာဘဲနေရတယ်ဆိုတော့ အပြင်လောကနဲ့တော်တော်လေးအဆက်ပြတ်ပါတယ်။ ခရီးထွက်တဲ့နေ့မျုးိမှာမှ သွားရင်းလာရင်းကိုယ်မကြားဘူးတဲ့အသံလေးကြားတယ်ဆိုမှ ” ဒါဘယ်သူလေးလဲ “လို့မေးယူရပါတယ်။ ဝါသနာပါသူဆိုတော့လဲ သီချင်းသံကြားတာနဲ့နားစွင့်တာကတော့အကျင့်ပါနေပါတယ်။ သွားလေရာမှာအမျျားဆုံးကြားရတဲ့အသံလေး(နေရောင်ခြည်ကိုကန့်လန့်ကာဖွင့်……………………..) အသံချိုချိုလေးနဲ့မေးကြည့်တော့ (အေးချမ်းမေ)တဲ့။ သူ့နာမယ်အကြီးဆုံးသီချင်းတော့(တစ်စစီကျိုးပဲ့နေတယ်)ပါတဲ့။ ခုတော့သူလဲဘယ်ရောက်နေပြီမသိ။ သူနဲ့ပါတ်သက်လို့ကြားမိတာတော့ တစ်ကိုယ်တော်စတိတ်ရှိုးတစ်ခုမှာ တကယ်မဆိုဘဲကက်ဆက်ဖွင့်ဆိုတယ်လို့နာမယ်ထွက်ဘူးပါတယ်။ နောက်နာမယ်ကြီးတာကတော့(အဖြူနဲ့အမဲ့)ဆိုတဲ့သီချင်းလေးကြားရတဲ့ စားသောက်ဆိုင်အဆိုတော်ဘဝကနေ အောင်မြင်သောဘဝကို တက်လှမ်းလာတဲ့(လေးလေးဝါး)ပါ။ အသံအားကောင်းကောင်းနဲ့ဆိုတတ်သူလေးဖြစ်ပြီးအားလုံးရင်ထဲကိုဖောက်သွားအောင်ဆိုထားတဲ့သီချင်းလေးကတော့ လေဒီဒိုင်ယာနာသေဆုံးသွားတဲ့အခါဆိုထားတဲ့(လေထဲကဖယောင်းတိုင်)ပါ။ နောက်အောင်မြင်နေတုန်း အမေရိကကိုထွက်သွားတဲ့ မြန်မာပြည်သိန်းတန်ရဲ့သမီး ပိုးဒါလီသိန်းတန် သူကလဲ သူ့အဖေအောင်မြင်တဲ့သီချင်းတွေကို ပြန်ဆိုတာလဲ အတော်လေးကိုကောင်းပါတယ်။ သူ့အသံနဲု့လိုက်ဖက်ပါတယ်။လူတွေကလဲလက်ခံကြပါတယ်။ သူ့ညီမလေး ဖြိုးဒါလီသိန်းတန်က တော့ သူ့လောက်မအောင်မြင်ဘူးပြောနိုင်ပါတယ်။ ထူးဆန်းတာက (ကြာပါတယ်ကွာ မြန်မြန်လာ ဟူး ဟူး………….ပြီးပါပြီ အိုကြာတယ်ကွာ)လို့အတွဲညီညီဆိုခဲ့ဘူးတဲ့ ဖေဖေမြန်မာပြည်သိန်းတန်ရဲ့ချစ်ဇနီး မေမေဖြစ်သူ အေပရယ်ချစ်ခင်(ခ)ဇာခြည်လင်းရဲ့လှပတဲ့သီချင်းရော လူရောပျောက်သွားတာပါဘဲ။ တစ်ရက် ခရီးသွားနေတုန်း (တိမ်ပြာပြာနေ့တစ်နေ့ ဆန်းဒေးမှာကွယ် မင်္ဂလာဆောင်ပွဲလေးကျင်းပနေတယ်……………တို့) […]


ကျနော်တေးသံသွင်းကနေနားလိုက်တဲ့အခါမှာ သည်လောကနဲ့မသက်ဆိုင်တဲ့လုပ်ငန်းထဲရောက်သွားပါတယ်။ အဲဒါကတော့ စားသောက်ကုန်ပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်းမှာ အုပ်ချုပ်သူအဖြစ်လုပ်ရပါတယ်။ အဲဒီမှာရောက်တော့ အရင်ကလိုသီချင်းတောထဲမှာတော့အချိန်ပြည့်ရှိမနေနိုင်တော့တဲ့အတွက်အစကတော့မနေတတ်သလိုပါ ဒါပေမဲ့ ကျနော်နဲ့အတူနေတဲ့ကောင်လေးက သီချင်းထက်ဂစ်တာတီးတာကို ဝါသနာပါပါ တယ် ။ဂစ်တာတီးတာကတော့ ကျွမ်းကျင်အဆင့်မှာရှိပါတယ်။သူ့မှာရှိ JVC စတီရီယိုကက်ဆက်ကလေး ရှိပါတယ်။ ဒါပေမဲ့သူ့မှာရှိတဲ့ကက်ဆက်ခွေတွေက ဂစ်တာလေ့ကျင့်ခန်းခွေတွေများပါတယ်။ သူနဲ့တွေ့မှ နိုင်ငံခြားက ရော့ဂစ်တာဘုရင်တွေဖြစ်တဲ့ ဂျင်မီဟင်းဒရစ်တို့၊စတီဗိုင်းတို့၊ဂျိုးဆက်သနီတို့ဆိုတဲ့ နာမယ်တွေရော သူတို့လက်သံဒေါင်ဒေါင်လန် တွေကိုပါကြားဘူးပါတော့တယ်။ သူကတော့ တီးလုံးတွေဖွင့်ပြ ပြီးရင် ဒီနားလေးကတီးလို့အရမ်းခက်တာ ဘယ်လိုတီးရတာတို့ကိုပြောရင်းသူ့ဟော်လိုဂစ်တာလေးနဲ့လဲ တီးပြပါတယ်။တက်ပင်ပေါက်တာက ဒီလိုဆို ဂစ်တာကြိုးကိုလက်နဲ့ပုတ်ပုတ်ပြီး အသံတွေထွက်အောင် လုပ်လုပ်ပြတာ။ အစကတော့ကျနော့်နားထဲမှာဒေါင်ဒေါင် ဒန့်ဒန့်တို့ ဒွန်……………ဒူန့်ဒူန့်တို့ကို ဘဲကြားတာပေါ့။ နောက်မှသူက ရော့စကေးကဘယ်လို သူကဒရမ်ရိုက်ချက်ပေါ်မှာမှီပြီး အသံကို ရစ်တင်တို့ဆွဲတင်တာတို့တွေကိုပြောပြလို့လား ဒါမှမဟုတ်နေ့စဉ်ကြားနေရလို့ နားယဉ်ပြီးနားထောင်တတ်လာလို့လားတော့မသိ သူတို့တီးတဲ့တီးကွက်တွေကို ခံစားလို့ရလာသလိုပါဘဲ။ သူပြောမှသိလိုက်ရတာ မြန်မာပြည်မှ ဂစ်တာဆရာကြီးက စောဘွဲ့မှူးဆိုတာရယ် သူသင်ပေးနေတဲ့ထွက်မလာသေးတဲ့ချစ်စမ်းမောင်ဆိုတာရယ် အဆိုတော်လွှမ်းမိုးကလဲ […]


ကျနော်သည်ပိုစ်ကို ရေးမယ်လို့စစိတ်ကူးတဲ့အခါ ကိုယ်နှစ်သက်သောသီချင်းလေးတွေအကြောင်းရယ် ကိုယ်သိခဲံတဲ့အဖြစ်အပျက်လေးတွေရယ်ကိုစုလို့ ထုံးစံအတိုင်းပါးပါးလေးတို့ထိပြီးရေးမယ်လို့စိတ်ကူးခဲ့ပါတယ်။ နောက်ပေးထားတဲ့ခေါင်းစဉ်လိုပေါ့ ဦးနှောက်ထဲမှာရပ်တန့်နေသော ဆိုတဲ့အတိုင်းကျနော်မှတ်ဉာဏ်ထဲမှာကျန်နေတဲ့အတိုင်းဘယ်စာအုပ်ဘယ်မှတ်တမ်းကိုမှ လုံးဝမဖတ်ဘဲ ရေးလိုက်မိပါတယ်။ နောက် ကျနော်စာရေးတဲ့ထုံးစံအတိုင်းအပြင်မှာစာကြမ်းမရေးဘဲ စဉ်းစားထားတာကို လက်တန်းချရေးပြီး တစ်ခါထဲတင်ပါတယ်။ ဒီတော့လဲ ရေးတုန်းက သတိမရဘဲ နောက်မှပြန်ပေါ်လာတာတွေ ဦးနှောက်ထဲမှာလုံးဝရောက်မလာဘဲ ကျနော်ရေးတာကိုဖတ်ပြီး ကော်မင်တွေပေးတာကိုပြန်ဖတ်မှ ကျန်နေတာကို သတိရပေမဲ့ လူနာမယ်ကိုသိတယ်သူဆိုတာကိုပြန်အမှတ်မရတာလဲ ရှိပါတယ်။ ဘီလီထွန်။ခရစ်တိုဖာ။ သာထက်အောင်။ထီးဆိုင်းရဲ ့တုူမ နန်းနောင့်နောင်။ရန်ကင်းမှာနေတယ်ဆိုတဲ့ နီနီလေး မီမီခို်င်မင်းညီအမနှစ်ယောက်။ ရဲဘော်ခင်မောင်လှရဲ ့သား တာရာ။ပီတာဘသိန်း ။ဘိုနီ။ ။ နေရည်။။မင်းထွန်း(မြင်းရိုင်းမလေး) ။ အရင်က မင်းသိန်းဦးနာမယ်နဲ့ကျေးလက်သီချင်းတွေဆိုခဲ့ပြီး အခုတော့ (ဟေ ဟေ ဝက်မ ဟေဟေ့ဝက်မလို့အော်ခဲ့တဲ့ အခုနာမယ်ကျော် ဘီဗာဟိန်းရဲ့အဖေ ဘိုမယောက်ျားဗိုဟိန်း)။ဟာသသီချင်းတွေဆိုတဲ့ အသံတုကြယ်တစ်လုံး။တို့ကတော့ ကျန်နေခဲ့တယ်လို့ပြောရမှာဖြစ်ပြီး စောခူဆဲ(ခင်မြတ်မွန်ရဲ့ခင်ပွန်းဟောင်း ။ရုပ်ရှင်ထဲမှာလဲပါဘူးပြီးမြန်မာပြည်မှာအဆင့်မြင့်လူကြမ်းမင်းသားဖြစ်ချင်တယ်လို့ပြောပြီး သီချင်းတွေရေးလို့ အခုအချိန်မှာ […]


အဲဒီအချိန်တုံးက (ကျားမျက်လုံး)လို့အမည်ရတဲ့နိုင်ငံခြား ရုပ်ရှင် ခေတ်စားနေတဲ့အချိန်မှာ ရုပ်ချောချော တူးတူးဆိုတဲ့ကောင်လေး က (အမုန်းမျက်လုံး)ဆိုတဲ့ သီချင်းလေးနဲ့ ခေတ်စားလာခဲ့ပါတယ်။ အခုခေတ်လူကြိုက်များတဲ့ (မင်းလက်ကလေးကိုင်ချင်လို့……………………)ဆိုတဲ့သီချင်းအလိုက် (မင်းမရှိရင် ငါ့စိတ်မှာ မြင်မြင်ရာဝိုးတဝါးထင်……..ဖြစ်ပါ့မလားမင်းမရှိရင်…………………ဆိုတဲ့သီချင်းလေးကလဲ နာမယ်ကြီးပါတယ်။ (ဆူးနဲ့နှင်းဆီ။အကြင်နာအကြည့်တွေရဲ့အကြောင်း။သူ)စတဲ့သီချင်းတွေက နာမယ်ကြီးသီချင်းတွေပါ။ စကားနည်းပြီး အရမ်းအေးဆေးတယ်လို့ သတ်မှတ်ခံရတဲ့တူးတူးက ဟေမာနေဝင်းနဲ့ တစ်ပြိုင်တည်းလောက်နာမယ်ကြီးလာပါတယ်။ သူတို့နှစ်ယောက်တွဲဆိုတဲ့ ရုပ်ရှင်ဇာတ်ဝင်တေးတွေ၊စုံတွဲတေးတွေကလဲနာမယ်ကြီးသလိုလိုက်ဖက်တယ်လို့ အများက သတ်မှတ်ကြပါတယ်။ အိမ်ထောင်ကျပြီးတဲ့နောက်မှာ ဂီတအလုပ်တွေရပ်သွားပါတယ်။ အမှတ်ရစရာဆို သူ့သီချင်းနာမယ် (ဆူးနဲ့နှင်းဆီ)နဲ့နာမယ်တူ ဗွီဒီယိုတကားအတွက် သီချင်းရေးသူနဲ့ ရုပ်ရှင်ထုတ်လုပ်သူ ကွိုင်တွေပူကြတာပါ။ သူနဲ့ခေတ်ပြိုင်နောက်တစ်ယောက်ကတော့ အကယ်ဒမီမင်းသား ဆရာဝန် ရုပ်ချောသဘောကောင်း တဲ့ (ကြိုပါကွယ်၊ကြည်ဖြူပါမေရယ်။လိုက်ရဲလား။မိုးရွာတဲ့နေ့အသက်ရှင်ခြင်း။ လင်းဆွဲလေးလိုကြည့်မလား) တွေနဲ့နာမယ်ကြီးပြီး ရုပ်ရှင်လောကထဲကိုရောက် နောက် သူနဲ့ခေတ်ပြိုင် အတွဲလဲများတဲ့မင်းသမီးတစ်လက်နဲ့ ကောလဟာလတွေထွက်ပြီးနောက် နိုင်ငံခြားကို အပြီးထွက်သွားတာ ပြန်မလာတော့ပါ။ ဒါပေမဲ့ဟိုမှာ ကြုံရင် ဝင်ဟဲတယ်လို့တော့ […]


ပလေးဘွိုင်သန်းနိုင်တို့ ရွှေသီချင်းများက အစပြုလို့ တစ်ခေတ်ပြန်လည်ခေတ်စားလာချိန်မှာ ခင်မောင်ထူးဆိုတဲ့ အဆိုတော်လေးတစ်ယောက်က (ကြံကြံဖန်ဖန်မေးမယ် နင်လေနင်လေချစ်တတ်သလား)ဆိုပြီး (မီးခြစ်)ဆိုတဲ့ ဟာသီချင်းလေး ပေါ်လာပါတယ်။ သည်သီချင်းလေးက လူနည်းနည်းသိလာပါတယ်။ အဲဒီနောက်မှာ ပလေးဘွိုင်သန်းနို်င်တို့ရဲ့တီးဝိုင်းနဲ့အတူ မင်းလမ်းမင်းလျှောက် ဆိုတဲ့ဆီးရီးစ်မှာ (ချိုချိုရေ ကိုယ်တစ်ယောက်ထဲဆွေးပြီ အချစ်ကြီးချစ်လို့ အမုန်းကြီးမုန်းပြီလား………….ဆိုတဲ့ ချစ်အယူခံ ဆိုတဲ့သီချင်းလေးနဲ့ လူအားလုံးလက်ခံလာပါတယ်။ သူ့က သီချင်းဆိုတဲ့နေရာမှာ စတိတ်ရှိုးမှာဆိုရင် ခေါင်းလေးတငြိမ့်ငြိမ့်ခပ်ပြုံးပြုံလေးဆိုတတ်သူပါ။ သူ့သီချင်းထဲက အငြိမ့်ပျက်လုံးမှာတောင် ပါသွားတဲ့သီချင်းလေးကတော့အမှတ်တမဲ့များနားထောင်ရင် (ကျွဲမနေ နဲ့)လို့ကြားနေရတဲ့ ချွဲမနေနဲ့သီချင်းကတော့ အတော်လေးကိုအောင်မြင်တယ်ပြောရပါမယ်။ (ဗန်ဒါပင်လေးအောက်က တို့ထိုင်စောင့်ပြီး………………………..ဆိုတဲ့ မောင့်ဆေးကျောင်းသူ) (မိုးဦးရဲ့ကုန်လွန်တဲ့နေ့ဟောင်းများပြောင်းသွားတော့ဘယ်ဆီကိုရောက်သွားလဲ ………..ဆိုတဲ့ ခွဲမသွားနဲ့) (အမေရေ သားတော့သူ့ကိုအစွဲကြီးစွဲမိပြီ…………….ဆိုတဲ့ အချစ်နတ်သမီး) (ရွှေမန်းသူလေး။စိတ်ရောင်စုံ။မောင့်မူံရွှေရည်)စတာတွေကနာမယ်ကြီးသီချင်းတွေပါ။ အဲဒီတုန်းက နာမယ်ကြီးတဲ့ဟေမာနေဝင်းနဲ့ အိုဆန်းဆန်းပြားပြားဆိုတဲ့ သီချင်းဟောင်းလေးကို အမ်တီဗွီရိုက်တာလေးက အမှတ်တရပါ။ ဟေမာနေဝင်းနဲ့ လဲတစ်ခွေတွဲထုတ်ခဲ့ပါသေးတယ်။ အခုအချိန်မှာဆီးရီးစ်မထုတ်ပေမဲ့ စင်ပေါ်မှာ […]


ရုပ်ရှင်မင်းသမီးခင်ယုမေရဲ့နာမယ်ကြီးသီချင်းလေး တပုဒ်ရှိပါတယ်။ (ပျံကာဝဲကာ မြစ်ရေပြင်ပေါ်…………………..သံသာသာဟစ်ကာကြွေးကာ သူ့ဘဝသူဘဲပျော်……………. ထင်ရာလဲစိုင်းသနော် ……………………………….ရိုင်းတဲ့ဇင်ယော်)ဆိုတဲ့သီချင်းလေးပါ။ ဒီသီချင်းလေးကို အောင်ဘိုဘိုဆိုတဲ့ ကောင်လေးတစ်ယောက်က သူကိုယ်တိုင်ရေးသူကိုယ်တိုင်ဆိုတဲ့ ဆီးရီးစ်လေးထဲမှာ(ရိုင်းတဲ့ဇင်ယော်)ဆိုတဲ့ ဒီသီချင်းလေးကို ထည့်ဆိုလိုက်ပါတယ်။ သူသီချင်းတွေက လူသိနည်းပေးမဲ့ ဒီသီချင်းလေးကိုတော့ လူငယ်တော်တော်များများပါးစပ်ဖျားမှာရောက်သွားပါတယ်။ သူနဲ့ဆက်စပ်လို့ (မေရွက်ဝါ)ဆိုတဲ့ အဆိုတော်မလေးလဲ ဒီလောကထဲကိုရောက်လာပါတယ်။ ရွက်ဝါတေးသံသွင်းရဲ့မူပို်င်အဆိုတော်ဖြစ်တဲ့အတွက် (မေရွက်ဝါ)လို့နာမယ်ယူထားတာလဲဖြစ်ပါတယ်။ သူ့အဖေက တော့ သီချင်းလဲဆို တဲ့နာမယ်ကျော်ရုပ်ရှင်သရုပ်ဆောင် ဝါးခယ်မရဲမောင်ပါ။ (မေရွက်ဝါ)ကိုလူစသိစေတာကတော့ ရွက်ဝါတေးသံသွင်းကထုတ်လုပ်တဲ့ (စိုးပိုင် ပထမသီချင်းများ)ထဲ ကစုံတွဲသီချင်းတွေမှာ လူသိများသွားတာပါ။ သူဆိုတာကလဲကောင်းတာကိုးဗျ။ နောက်သူ့နာမယ်ကြီးစတီရိယိုသီချင်းတွေကတော့(အောက်စီဂျင်။မီးရထား။စန္ဒယားခလုတ်။76631)စတဲ့သီချင်းတွေဖြစ်ပါတယ်။ နောက်မြန်မာသံစဉ်ပြန်ဆိုသီချင်းများထဲက (ပင်မြက်ကလေးတို့။အရိုင်းသဘင်မလေးမိမော်လွင်တို့။)က သူ့ကိုမြန်မာသံစဉ်ပိုင်နိုင်သူအဖြစ်မှတ်ကျောက် တင်ပေးလိုက်ပါတယ်။ မြန်မာပြည်ရဲ့မှတ်တိုင်ရုပ်ရှင်တစ်ခုဖြစ်တဲ့ (သင်္ကြန်မိုး)ဇာတ်ကားထဲမှာ မင်းသမီးရဲ့သူငယ်ချင်းနေရာကပါဝင်သရုပ်ဆောင်သလို အဓိက ဇာတ်ဝင်တေးဖြစ်တဲ့ (သီချင်းလေးတွေကို တူတူဆိုရအောင်တို့ကိုဟန်တင်နဲ့တွဲလို့ကတမျိုး) (လောင်းကပက်ကာ မောင်ရင်းနှမပါခင်မင်စွာ………..ညိုမြတော့အခေါ်မခံနိုင်ဘူးဆရာတို့) ့(ယိမ်းနွဲ့ကာတီးကွက်နဲ့အတူကမယ်……………..လက်ခုပ်သံစီးချက်လိုက်မှာလား)တို့အပါအဝင် သီချင်းတွေကိုလဲသီဆိုထားပါတယ်။ နောက်တော့ ဂီတလောက ကပျောက်ကွယ်သွားတာကိုတွေ့ရပါတယ်။ […]


လက်ဖက်ရည်ဆိုင်ကိုသွားကြဘို့ခေါ်နေတဲ့ ကိုင်ဇာအကြောင်းမပြောခင်မှာ သူနဲ့အတွဲညီခဲ့တဲ့ (ညှို့နိုင်လွန်းတဲ့ကျမချစ်သူတို့ ချစ်ချစ်ချစ်တို့ ကိုကိုမကောင်းဘူးတို့)ကို ပိုင်နိုင်စွာသီဆိုသွားတဲ့ မေဆွိနဲ့ တိုက်တိုက်ဆိုင်ဆိုင်(လေယာဉ်ပျံ)ဆိုတဲ့ ဆီးရီးစ်ခေါင်းစဉ်ခြင်းသွားတူနေခဲံတဲ့ Lခွန်းရီ ဆိုတဲ့ ကချင်တိုင်းရင်းသူ အဆိုတော်ပါဘဲ။ Lခွန်းရီ ကတော့မေဆွိနာမယ်မကြီးခင်လေးမှာ အရင်က မိတ္ထီလာလေတပ်တီးဝိုင်းမှာ ပင်တိုင်အဆိုရှင် (စန်းစန်းဆိုတဲ့နာမယ်နဲ့ပေါ့)တစ်ယောက်ဖြစ်ပါတယ်။ သူကရုပ်ရှင်နောက်ခံတေးတွေကိုလဲဆိုပေးနေတဲ့အချိန်မှာ တက္ကသိုလ်အေးမောင်ရဲ့အဝေးပြေးဆီးရီးစ်မှာဝင်ဆိုခွင့်ရလိုက်ပါတယ်။ အဲဒီခွေလေးထဲမှာ(မလိခမှအလွမ်းတွေနဲ့နုတ်ဆက်မဲ့နွေ)သီချင်းက လူသိများသွားပါတယ်။ အဲဒီနောက်မှာ အမြန်ယာဉ်။အနှေးယာဉ်။လေယာဉ်ပျံ။ရွှေပိုက်ဆံ။ဗွီဒီယို)စတဲ့ဆီးရီးစ်တွေဆက်တိုက်ထွက်လာသလို (ခဲမလောက်တီးဝိုင်း။ကိန္နရာချောင်းခြားအမှာစကား။ရောမကျောက်ရုပ်။ကိုကိုကရွှေမင်းသားကျမကစင်ဒရဲလား။ရွှေပိုက်ဆံ။ ဓါတ်ပြားဟောင်းလေး။နှင်းဆီကိုကို။ချစ်ပြက္ခဒိန်။ယူပါကို။တိမ်ပေါ်ခုန်တက်ကလိုက်စမ်း။လွန်းကြင်ငှက်)စတဲ့သီချင်းတွေက ကောင်းပါတယ်ဆိုတဲ့ သူ့သီချင်းတွေထဲက ပိုလို့ကောင်းတဲ့သီချင်းလေးတွေဖြစ်ပါတယ်။ ထူးခြားတဲ့သီချင်းလေးက တော့ ပလေးဘွိုင်သန်းနိုင်နဲ့တွဲဘက်လို့ ဆိုထားတဲ့ မရောက်သေးတဲ့တမလွန်ဘဝကိုခံစားပြီးဆိုထားတဲ့ (ဖြည်းဖြည်းလေးနဲ့ငြိမ့်ငြိမ့်လေး)သီချင်းဖြစ်ပါတယ်။ အခုလောလောဆယ်ထိ အသံကောင်းနေသေးကြောင်းသက်သေပြလိုက်တာကတော့ တူမဖြစ်သူ Lဆိုင်းဇီနဲ့တွဲလို့ (ယူသွားအုံးပေါ့ တို့ရဲ့အချစ်မင်းအလိုပြည့်ဘို့ဆိုရင် ယူ ယူ မျက်ရည်များလည်းယူ)လို့ အယူခိုင်းနေပါသေးတယ်။ အသံအေးအေးချိုချိုလေးနဲ့ သီချင်းအေးအေးလေးတွေဆိုတတ်တဲ့ Lလွန်းဝါရဲ့အဒေါ်လည်းတော်စပ်ပါသေးတယ်။ ခန့်မှန်ချေ 1981-82 ပါတ်ဝန်းကျင်လောက်ဖြစ်မယ်ထင်ပါတယ် ရန်ကုန်တက္ကသိုလ်က ပုပုသေးသေးမျက်မှန်ထူထူနဲ့အသံသေးသေးလေးနဲ့ကိုယ်တို်င်ရေးကိုယ်တို်င်ဆိုတဲ့ […]


မြန်မာပြည်က စတီရီယိုသီချင်းအကြောင်းပြောမယ်ဆိုရင် ကောင်းဘွိုင်နှစ်ယောက်ကိုလည်းချန်ထားလို့မရပါဘူး။ မြန်မာပြည်က ကောင်းဘွိုင် ကိုကို ဘိုဘိုဟန်နဲ့ နှလုံးသားမက္ကဆီကိုက ကောင်းဘွိုင်မမ နော်လီဇာ တို့နှစ်ယောက်ပါ။ ဘိုဘိုဟန်ရော နော်လီဇာရော ဒစ္စကိုခေတ်မှာအောင်မြင်ခဲ့ကြတဲ့ အဆိုတော် နှစ်ယောက်ဖြစ်ကြလို့ ဒစ္စကိုကင်းနဲ့ ဒစ္စကိုကွင်းလို့ ပြောမယ် ဆိုရင်လဲမမှားပြန်ပါဘူး။ ဘိုဘိုဟန် က ပလေးဘွိုင်သန်းနိုင် (မီးမဆော့နဲ့။မကျေနပ်ရင် အသေသတ်။မဟာရန်သူအချစ်တော်ကြီး)စတဲ့သီချင်းတွေနာမယ်ကြီးတဲ့ ခေတ်ကတဲကပါလာတာပါ။ ဘိုဘိုဟန်သီချင်းခပ်အေးအေးထဲက စနာမယ်ကြီးတာကတော့ ဗိုလ်ချုပ်အောင်ဆန်းတောင် နှစ်သက်ပါတယ်ဆိုတဲ့ (ငွေသော်တာရောင်ခြည် ထိန်လင်းတော့သည်ဘုံကြိုးပြတ်တဲ့ မိုးနတ်မဒီ …….ဆရာမကိုဘဲအသဲစွဲအောင်ချစ်မိပြီ)ဆိုတဲ့သီချင်းလေးပါ။ သူတကယ်စနာမယ်ကြီးတာကတော့ (ပွမ်ပွမ်မြည်တဲ့အသဲလေး)ဆိုတဲ့သီမျင်းမှာ တပြည်လုံးအတိုင်းအတာနဲ့ပေါက်သွားပါတယ်။ သူ့သီချင်းတွေက ဒစ္စကိုသီချင်းလို မြူးမြူး သူကလဲ စင်ပေါ်မှာ အနက်ရောင်ဝမ်းဆက် ဆံပင်က အရှည်ကြီးလန်ထွက်ပြီးဝဲနေတာနဲ့မြူးကြွနေအောင် ပါဖော့မင့်အပြည့်နဲ့ ပွဲဆူအောင် ပွဲစည်အောင်ဆိုနှိုင်တဲ့လူပါ။ ပြောရမယ်ဆိုရင် အခုလဲ ကတုံးကြီးနဲ့ပေမဲ့ လူငယ်တွေနဲ့အပြိုင်ကဲနိုင်သေးသူပါ။ စင်ပေါ်မှာဆိုရင်ထူးခြားတဲ့သီချင်လေးတပုဒ်ကတော့ မူရင်းက ပန်းရောင်ဝတ်ထားတာဖြစ်ပေမဲ့ […]