ကုိ ထြဋ္December 23, 20142min39960
“ကိုယ်ပြုသမျှကံ ပဲ့တင်သံ ကိုယ့်ထံပြန်ရောက်လာလိမ့်မည်။” – ကားနာမည်လေးက Tokarev(Rage) (The Past Never Stays Dead) တဲ့… ကျွန်တော်ကတော့ အရိပ်ဆိုးဆိုတာ ထပ်ချပ်မကွာ လို့ ဘာသာပြန်လိုက်ချင်ပါတယ်… – (မှတ်ချက်။  ။ မောင်ဘလှိုင် မမြင်စေရ) 🙂 – မင်းသားက နီကိုးလတ်စ်ကေ့ချ် ( ကျွန်တော် နှစ်သက်သော မင်းသားများထဲမှ တယောက်) … နာမည်က ပေါလ်တဲ့… လုပ်ငန်းရှင်တယောက်ပေါ့… – မိန်းမ ငယ်ငယ်ချောချောလေး တယောက် လဲယူထားသေးတယ်…. – မိန်းမနဲ့ အသက်မတိမ်းမယိမ်း သမီးတယောက်ရှိသေးတယ်…. မြန်မာကားထဲမတော့ မိထွေးနဲ့ ကွိုင်တာနဲ့ တကားဖြစ်တယ်… ခုကတော့ မဖြစ်ဘူး… – အဲဒီသမီးလေးမှာ ချစ်သူကာင်လေးလဲရှိတယ်… ဒါလဲ ပြသာနာမဟုတ်သေးဘူး…. […]


black chawDecember 15, 20144min28625
ခေါင်းစဉ်နဲ့ ပတ်သက်၍ မန္တလေး ဂဇက်က ကျွန်တော့် ရဲ့ အိမ်ကွင်းပါ။ အဲဒါကြောင့် ဒီနာမည်ပေးလိုက်တာပါ။ ခင်ဗျားတို့ရဲ့ ဘီစီ (ဘလက်ချော) ကို အယ်ဒီတာလူကြီးမင်းက ညွှန်ကြားချက်ပေးလာပါတယ်။ ဒီလစာမူကို ရှယ်လိုချင်ပါတယ် တဲ့။ အထူးပေါ့လေ။ အဲဒါ နဲ့ ဘီစီလည်း စာမူကို အထူးကြိုးစားပြီးသကာလ လက်ကုန်ဖွင့် ရေးချလိုက်ပါတယ်ဗျာ။ ထူးရင်ထူး မထူးရင်ရူးပေါ့ ကျောင်းဒကာတို့ရယ်။ မြန်မာ့ဘောလုံးသတင်းကတော့ ခင်ဗျားတို့ သိပြီး ဖြစ်ကြမှာပါ။ အရှေ့တောင်အာရှ ရဲ့ အဆင့်အမြင့်ဆုံးပြိုင်ပွဲ ဖြစ်တဲ့ Suzuki ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်က ညှိုးငယ်သော မျက်နှာနဲ့ ထွက်လာခဲ့ပြီးသကာလ ရုတ်တရက် အသံတွေ တိတ်သွားပါရောလားဗျာ။ လက်ရွေးစင်အဆင့် အသင်းကြီးတွေသာ ပြိုင်ရတဲ့ ပြိုင်ပွဲမို့ ဒါဟာ မြန်မာ့ဘောလုံးရဲ့ အဆင့်အတန်းအမှန်ပဲလို့ ဆိုလာခဲ့ရင် ဘီစီ […]


alinsettDecember 10, 20142min32926
တကယ် အသုံးကျသော စာကြည့်တိုက်များကို လိုအပ်ခြင်း   ~~~~~~~~~~~     ရန်ကုန်မြို့မှာနေသည့် လူငယ်တော်တော်များများသည် အလွန်တရာ အားလပ်နေကြခြင်းတော့  မဟုတ်ချေ။   အများစုသော လူငယ်တို့သည် ကုမ္ပဏီများ၊ ရုံးများ ၊ စက်ရုံ လုပ်ငန်းခွင်များထဲမှာ မနက်ကနေ ညနေအထိ အချိန်ပေးထားရသည်။   စားဝတ်နေရေး စရိတ်မြင့်မားသော မြို့ပြမှာနေလျှင် မိဘစဉ်ဆက်က ချမ်းသာလျှင်သာ သွားချင်ရာသွား စားချင်ရာစားဖြင့် အေးအေးလူလူနေနိုင်ပေလိမ့်မည်။   နယ်မှ ပြောင်းရွှေ ့ လာသူများနှင့် အောက်ခြေလူတန်းစားအလွှာမှ လူငယ်များသည် ဘဝ ဝမ်းရေးအတွက် ရုန်းကန်နေကြရသည်။   တချို့က  လစာရလျှင် ဘီယာသောက်ခြင်း၊ မိန်းမကိစ္စ လှိုက်စားခြင်း၊ လောင်းကစားခြင်းတို့နှင့် ဘဝအမောကို ပြေလိမ့်နိုးနိုး ဖြေရှင်းသည်။ အဲသည် စက်ဝိုင်းထဲ […]


ムラカミDecember 3, 20141min33539
သူက ခွေးပေါက်စလေးတွေ အားယီး ချစ်တယ်…   ခက်တာက ခွေးပေါက်စတွေက ဈေးကြီးတာရယ်… ကျနော်က ငါးပေါက်စလေးတွေချစ်တယ်… သိပ်တော့မထူးဘူး ကြီးလာရင် ဘယ်သူမှ ယူချင်သူမရှိတာ တူတူပဲရယ်… စကားမစပ်ပေါ့ဗျာ … ဟို ကရင်မတွေ စွပ်စွဲသလို လျှော်ရမယ့် ကေတီဗီက ချာတိတ်လည်းမရှိသလို… စပွန်ဆာမမတေလည်းမရှိပါဝူး..   ဒတ်ပုံတောင် မရိုက်ချင်တော့ဝူး ဂလောက်အပြောဆိုခံနေရရင်ဖြင့် ဆိုတော့… နော် ** ပြောတတ်တဲ့အတိုင်းပဲ ပြောပါယဇီ   စိတ်ညစ်တဲ့ယ့် ….  


အရသာ စာပေလေးနဲ့ စလိုက်ရအောင်..!! စားဖိုမှူးလုပ်ရအောင် အောင်မိုးသူရဲ့ ရသစာ သမားကနေ ရသာ စာပေပိုင်းကို ကူးတော့မလား ထင်မှတ်မှားရတဲ့ ပို့(စ) တွေပါ။ ကိုယ်တိုင်ကျွမ်းကျင်စွာချက်ပြုတ်နိုင်တာမို့ ချက်ရေးပြုတ်ရေး သွေးအေးနေတဲ့ အိမ်ရှင်မတွေ အတွက် အကျိုးရှိနိုင်တာမို့ ညွှန်းလိုက်ပါရစေ။ . . . စိတ်အဆာသွတ်ပေါင်း – ကြွေလွင့်ပန်း https://myanmargazette.net/206993 ကြွေလွင့်ပန်း ရဲ့ ဖြစ်ရပ်မှန် အခြေခံ ရသ စာတစ်ပုဒ်ပါ။ ဖတ်ပြီး နည်းနည်း မွန်းကြပ်လာသလို ခံစားရတာကလွဲရင် ခံစားချက် အပြည့်ပါတဲ့ စာစုမို့ ညွှန်းချင်ပါတယ်။ . . . စိတ်ကိုပြင်ချင် ရိပ်သာဝင် အပိုင်း(၁) မှ (၅)  – aye.kk https://myanmargazette.net/207452 အေးကေကေ ရဲ့ အတွေ့အကြုံနဲ့ […]


ကုိ ထြဋ္November 25, 20142min37122
–  ဒီတပတ် သွားမယ်၊ ဝါးမယ် ကဏ္ဍလေးကို အချိန်မှီတင်လိုက်ပါတယ်ဗျာ… နောက်ကျနေလို့ ဗိုက်ဆာနေပြီလား… ကဲ…ကဲ … သွားနေပါပြီဗျာ…. – ပထမက နေရာစုံစားတာကို တင်ပေးမို့ပါ… အခုက လောလောလတ်လတ် မနေ့က သွားဝါးခဲ့တာလေးကို ပြောပြချင်လာတာနဲ့ Wonderful လေးပဲ တင်လိုက်ပါတယ်…   ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။   – Wonderful Fast Food & Bakery  တဲ့… – နေရာက သိမ်ကြီးဈေး ဘယ်ရုံလဲတော့ မသိဘူးဗျ… မင်္ဂလာရုပ်ရှင်ရုံ ဝင်ပေါက်နဲ့ မျက်စောင်းထိုးလောက်မှာ… – အကျယ်အဝန်း သဘောကျစရာ… ကျယ်တော့ သူ့ဝိုင်းသူစား၊ ကိုယ့်ဝိုင်းကိုယ်စား … ပြောချင်တာပြော မကြားရဘူး… – မွေးနေ့ပွဲတွေ… ကန်တော်ကြီးမှာလုပ်သွားတဲ့ ဆွေးနွေးပွဲလေးတွေလဲ လုပ်လို့ရပါတယ်… […]


အောင် မိုးသူNovember 19, 20143min1807
တစ်ခါတစ်ရံမှာ ရိုးရိုးတန်းတန်း ဇာတ်လမ်းကျောရိုးတွေမဟုတ်ဘဲ အနည်းငယ်ဆန်းပြားတဲ့ ဇာတ်လမ်းတွေဟာ ပိုပြီးကြည့်ကောင်းနေတတ်ပါတယ်။ အဲသည်လိုဇာတ်ကားတွေက ပေးချင်တဲ့ မက်ဆေ့ချ်တွေဟာ သိပ်ကိုကောင်းတာတွေ့ရပါတယ်။ ဇာတ်လမ်းဆန်းဆန်းလေးတွေ နှစ်သက်တဲ့သူအတွက် ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။   သည်မင်းသားကို ရုပ်ရှင်တော်တော်ကြည့်တဲ့သူတိုင်း သိကြမှာပါ။ မက်ဒေမွန်ရဲ့ ဇာတ်လမ်းတွေဟာ ခပ်ရိုးရိုးထဲက ခွဲထွက်တာများပါတယ်။ သည်ဇာတ်ကားကို ကြည့်ဖူးတဲ့သူလည်း ကြည့်ဖူးမယ်ထင်ပါတယ်။ မကြည့်ရသေးတဲ့သူတွေလည်း ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ အချစ်နဲ့အက်ရှင်ပေါင်းထားတယ်လို့ မြင်မိပါတယ်။ ဇာတ်ရဲ့အဟုန်ဟာ တစ်ဖြည်းဖြည်းနဲ့အမြင့်ဆုံးကို ဆွဲခေါ်သွားတယ်ဆိုတာ အသေအချာပါပဲ။ သမ္မတဖြစ်ဖို့အထိ အရှိန်အဝါရှိတဲ့ နယူးယောက်ရဲ့လွှတ်တော်အမတ်တစ်ယောက်ဟာ အမှတ်တမဲ့နဲ့ သာမန်မိန်းကလေးတစ်ယောက်ကို တွေ့ဆုံပြီး ချစ်ကြိုက်ခဲ့တဲ့ အချိန်မှာတော့ ထူးဆန်းအံ့ဩဖွယ်ရာတွေ ပေါ်ပေါက်ခဲ့ပါတယ်။ လူတစ်ယောက်ချင်းစီရဲ့ ကံကြမ္မာဟာ ကံဇာတ်ဆရာအလိုကျ ရေးခြယ်ထားတဲ့အတိုင်းကရမယ်ဆိုတဲ့  ဆန်းကြယ်တဲ့ နောက်ကွယ်က ထူးဆန်းမှုနဲ့အတူ ဇာတ်လမ်းဟာ မပျင်းရအောင် အရှိန်ကိုမြင့်စေပါတယ်။ မလွန်နိုင်တဲ့ ကံတရားရဲ့ရေးခြယ်မှုကနေ […]


အောင် မိုးသူNovember 19, 20143min1274
စာဖတ်ခြင်းကို နှစ်သက်တဲ့ ကျွန်တော်ဟာ စာရေးခြင်းကို ဝါသနာပါခဲ့ပါတယ်။ သည်လိုပဲ ရုပ်ရှင်တွေကို အရူးမူးစွဲလန်းတဲ့ ကျွန်တော်ဟာ ရုပ်ရှင်အခွေတွေကိုလည်း သေချာသိမ်းဆည်းထားတတ်ပါတယ်။ ကိုယ်နဲ့ ဝါသနာတူတဲ့ သူငယ်ချင်းများရှိခဲ့ရင် ပြန်လည်မျှဝေကြည့်ရှုတဲ့အလေ့ဟာ စွဲလို့နေပါတယ်။ အခုလည်း သဘောကျတဲ့ ရုပ်ရှင်ကားတွေနဲ့ ပတ်သက်ပြီး စာရေးခြင်ခဲ့တာကြောင့် ရုပ်ရှင်အညွှန်းလေးကို ရေးဖြစ်ခဲ့ပါတယ်။ အမြဲတမ်း ရေးသွားဖို့ အစီအစဉ်ရှိပါတယ်။ ပထမဆုံး ညွှန်းဆိုချင်တဲ့ ကားလေးတစ်ကားကတော့ အပြင်မှာလည်း အလွယ်တကူဝယ်လို့ရတဲ့ ဆန်းကြယ်တဲ့ ဇာတ်ကားတစ်ကားပါပဲ။ #Earth To ECHO E.T ဇာတ်ကားကြည့်ဖူးကြမှာပါ။   အဲသည်လို အခြားဂြိုလ်ပေါ်မှာ ဂြိုလ်သားလေးတွေရဲ့ ဇာတ်လမ်းနဲ့မတူတဲ့ တစ်မူကွဲပြားတဲ့ ဇာတ်ကားလေးပါ။ ဆယ်ကျော်သက်ကလေးလေး သုံးယောက်နဲ့ ဇာတ်အိမ်တည်ထားပြီး။ စူးစမ်းမှုကိုနှစ်သက်တဲ့ သူငယ်ချင်းသုံးယောက်ဟာ သူတို့ရဲ့ဖုန်းထဲမျာ မြေပုံတစ်ခုပေါ်လာရာကစပြီး ဇာတ်လမ်းဖြစ်တည်လာပါတယ်။ မြေပုံအတိုင်း ရှာကြည့်တဲ့အခါမှာတော့ […]


ဒီ အောက်တိုဘာ လ ပို့(စ) တွေ မညွှန်းခင်……….. စာကြမ်းပိုးတို့ လွဲချက်လေး ပြောပါရစေဦး။ စက်တင်ဘာမှာ အကြိုက်တွေ့မိတဲ့ ဆရာ နေဝန်းနီရဲ့ ” အချစ်မူးတဲ့ ည” ကို ပုံစံအမျိုးမျိုးနဲ့ ရေးတာမှာ ဝတ္ထုတို အဖွဲ့က အမှန်ဆို အောက်တိုဘာမှ လာရမှာ။ ကိုယ့်ဆရာက မလာတော့ စောင့်ရကျိုးမနပ်ဘူးး https://myanmargazette.net/204279 https://myanmargazette.net/204415 https://myanmargazette.net/204593 အမှန်တော့ စက်တင်ဘာမှာ ညွှန်းသင့်တဲ့ ပို့(စ) တွေပါ။ အစောင့်မှားသွားတာပေါ့။ . . ခု အောက်တိုဘာ လ ကိုတော့ မောင်ဘလှိုင်ရဲ့ ဘာသာပြန် အခန်းဆက် ၃ ခု နဲ့ဖွင့်ပါရစေ။ အစအဆုံးကိုလည်း တစ်လ အတွင်း ရေးပေးသွားတာမို့ ကျေးဇူးတင်ပါတယ်။ ထူးဆန်းသော ခရာကလေး […]


alinsettOctober 22, 20141min21114
မင်္ဂလာပါ။ အပတ်စဉ် တင်ဆက်ပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone အစီအစဉ်ကနေ ဒီတစ်ပါတ် တင်ပြပေးမယ့် သတင်းတွေကတော့…. • မြန်မာနိုင်ငံအတွင်းမှာ ဘာသာရေးအစွန်းရောက်မှုကြောင့် ဖြစ်လာတဲ့ အကြမ်းဖက် ပဋိပက္ခတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရေး သမ္မတဦးသိန်းစိန်အစိုးရကို ဖိအားပေးဖို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးက တိုက်တွန်းလိုက်တဲ့သတင်း ၊ • ရှမ်းပြည်မြောက်ပိုင်းမှာ အစိုးရ တပ်မ ၇ရ လက်အောက်ခံ၊ ခမရ ၁၀၆ နဲ့ တအောင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ သတင်း ၊ • Kobani မှာ စစ်သွေးကြွတွေကို ခုခံတိုက်ခိုက်နေတဲ့ Kurdish တိုက်ခိုက်ရေးသမားတွေအတွက် ရည်ရွယ်ပြီး US က လေကြောင်းကနေ ချပေးလိုက်တဲ့ […]


black chawOctober 22, 20144min57242
  လိုရင်းကိုပဲ ပြောကြရအောင်ပါဗျာ။ မန်းလေး ဂဇက်ရဲ့ နာမည်ကျော် မန္တလေးသူ ဒေါ်ကေဇီ နဲ့ သီချင်းအကြောင်းဆွေးနွေးထားတာလေးပါ။ ပြောထားဆိုထားကြတာ ၂ လ လောက်ရှိနေပါပြီ။ အချိန်မရတဲ့ ကြားကတင်ရတာမို့ လိုတာရှိရင် ဖြည့်ဖတ်ပေးကြဖို့ တောင်းပန်ထားချင်ပါတယ်။   Mr. Black          –           မကေဇီ မင်္ဂလာပါခင်ဗျာ…။ ကေဇီ                –           ဟော့ !!!  မင်္ဂလာပါ ဦးဘလက်…။ Mr. Black          –           ဒီနေ့တော့ ကျွန်တော်တို့ သီချင်းတွေအကြောင်း ပြောကြရအောင်ပါ။ ကေဇီ                –           ဟော့…။ Mr. Black          –           Music ဆိုတဲ့ စကားလုံးအပေါ် မကေဇီ  ရဲ့ ကိုယ်ပိုင် အဓိပ္ပါယ်ဖွင့်ဆိုချက်လေး သိပါရစေ။ ကေဇီ                –           […]


ကုိ ထြဋ္October 21, 20141min1608
  – ဗီဒီယို အညွှန်း မတင်တာ ကြာပြီမို့… မေ့နေကြပြီ ထင်ပါတယ်… တကယ်တော့ ကိုယ်ပိုင် ပေ့ချ်မှာတော့ တော်တော် တင်ဖြစ်ပါတယ်… – ဒီမှာက မောင် ဘ လှိုင် တင်နေတော့ မတင်တော့တာဗျ… ကျွန်တော်က ကြည့်ကောင်းရင် ကြည့်လိုက်တာပဲ… နာမည်ပေးထားတာ မိုက်ရင် ဝယ်ဖြစ်တာ များတယ်… – ဘယ်မင်းသားရယ်၊ ဘယ် ဒါရိုက်တာရယ်၊ ဘယ် လောက် ဝင်ငွေရတယ်၊ နံပါတ် ဘယ်လောက်လဲ ဒါတွေကို သိပ် စိတ်မဝင်စားဘူးဗျ… ပြောရရင် ဝါသနာအိုး မစစ်ဘူး ပြောရမှာပေါ့… – ဘာပဲ ပြောပြော တင်ရင်တော့ ပြည့်စုံမှ ကောင်းမယ် ဆိုပြီး… မတင်ဖြစ်တာဗျ… ကြည့်တာကတော့ နေ့တိုင်းနီးပါး တကားတော့ ကြည့်ဖြစ်တယ်… […]