ကုိ ထြဋ္July 29, 20142min24616
အခုလို မိုးရာသီလေးမှာဆို.. ပုဇွန်တို့.. ကဏန်းတို့က… ပေါမှပေါရယ်… ချက်ရလွယ် စားလို့ကောင်း… ဈေးလည်းနည်းပါတယ်… နည်းနည်းဆိုပေမဲ့.. ထမင်းလေးနဲ့ မြုပ်စားတာလေ… မိန်းမလဲ ကြိုက်တယ်.. ကျွန်တော်လဲ ကြိုက်တယ် ပုဇွန်ဆီဟင်း… ဆိမ့်တယ်ဗျ… နောက်များမှ မြိတ်ကော်ပြန့်လုပ်စားရင် ပုဇွန်ဆီသုံးနည်း ထပ်ပြပေးမယ်… ဒီအစီအစဉ်လေးက ဘယ်လို ရှိမယ်တော့ မသိတော့ဘူး.. ဇီဇီတို့နဲ့ ထမင်းဆိုင်ဖွင့်ဖို့ ပြောထားတော့… အဲအတွက် လုံးပန်းရဦးမယ်… ဟဲ.. ကြားဖြတ်အနေနဲ့တော့ လာချင်လာဦးမှာပါ… ဒါလေးက စကားချီးပေါ့… စချက်မယ် ဆိုတော့ လိုတာလေးတွေ ပြောရမယ်… ပုဇွန်ဆီက     ၂ဝ သားလောက်ဆို ရပြီ… ၁၅၀ဝ လောက်ပဲ ကျတယ်… ကြက်သွန်ဖြူက     အမွှာကြီး ၃ မွှာလောက်…. ကြက်သွန်နီ         အလုံးကြီး ၃ လုံး… အောက်က […]


ယနေ့ကျရောက်သော ဂေဇက်ရွာသဂျီး ပါပါဦးခိုင် (ခ)အယာတိုလာမာမွတ်ခိုမ်၏ xxမွးနေ့မှသည် နောင်နှစ်၁၂ဝတိုင် သဂျီးဂတော် ဒေါ်ဘရောင်းရှာပ့်ဖရိုင်း (ခ) ဟာဂျီခါလာကြီးနှင့် လာ်တွဲမဖြုတ်စတမ်း သက်ဆုံးတိုင် ပျော်စေ မော်စေ သောဝ်… သမီးသန်ဆင်ခိုင်မ် နှင့် သားမောင်ကြောင်ကြီး  


ကုိ ထြဋ္July 18, 20144min1568
ရရင်စားချင်တယ်ပဲ ပြောတာနော်… စားချင်တယ် ဝယ်ပေးလို့ ပြောတာ မဟုတ်… ဘယ်လောက် သိမ်မွေ့လိုက်လဲ… ” ဟဲ့ အောင်ဆန်း နင် ဘုရင်ဖြစ်ပြီဆို ” ” ဟုတ်တယ်အမ၊ ကျနော့သမီး အမမြေးလေး ကြည့်စမ်းပါ့ ” ” အခုလာရင်းမှာ အမဆီက ကျနော့သမီးလေး ခမဲပေးသလိုလို နားဆွဲလိုလို့ အမွေအဖြစ် လာတောင်းတာပါ။ ” ” ဟယ် အောင်ဆန်း တိုင်းပြည်မှာ နင်ဘုရင်ဆို သမီးလေး နားဆွဲလိုတာများ ငါ့ဆီမှာ လာတောင်းနေရသလား ” ” ကဲ ကြည်ရေ အထုပ်တွေသယ် ဘူတာဆင်းကြမယ် ပြန်ကြစို့ ” ဘာမှ ထပ်မမန့်တော့ဘူးဗျ… ကယ်ဆမ်ကွေကာပဲ သောက်ကြပါစို့… 🙂 နောင်လာနောင်သားတွေ အတွက်ပါ… အဲဒါ ဘယ်သူကြီးလဲလို့ […]


alinsettJuly 18, 20141min30823
အဲဒီကောင်မလေးကို သတိထားမိနေတယ်။ သူ ့ရဲ့ ရုပ်ရည်က ဘာမှ မပြောပလောက်တဲ့ သာမန်။ သာမန်ထဲမှာ ပြောစရာရှိတာလေးက အဲဒီကောင်မလေးဟာ တခြားမိန်းကလေးတွေထက် အရပ်ကလေးနိမ့်တယ်။ ငါးပေလောက်ပဲ ရှိမယ်ထင်ရဲ့။ အဲဒီကောင်မလေး. . .စင်ပေါ်မှာ သီချင်းဆိုနေချိန်တိုင်းမှာ အင်မတန်ကြီးမားတဲ့ ဝတ်စုံကြီးတွေကို ဝတ်လေ့ရှိတယ်။ ဂါဝန်ကားကားကြီးတွေ. . . ပိတ်စရှည်ရှည်ကြီးတွေ. . . တို့လို့တွဲလောင်းကြီးတွေနဲ့ . . . သူ သီချင်းဆိုရင်. . . သူ ့အသံနဲ့ မာန်ပါပါသီချင်းဆိုသံနဲ့အတူ သတိပြုမိ ငေးကြည့်ယူနေကြတဲ့အထဲမှာ အဲဒီ သူ ့ဝတ်စုံကြီးတွေလည်း ပါတယ် ။ ထူးခြားတဲ့ ဒီဇိုင်းကို မထူးခြားတဲ့ အရောင်ဖြစ်တဲ့ အဖြူ အနက် အနီ တွေနဲ့ ဝတ်ပြတာများတယ်။ […]


alinsettJuly 16, 20142min34430
က) ကျွန်တော်ဆိုတဲ့ချာတိတ်လည်း ခေါင်းကိုထိခိုက်မိပြီးကတည်းက ရူးချင်ချင်ဖြစ်သွားတာများလား ? ခ) မေးခွန်းတွေတစ်မျိုးပြီးတစ်မျိုး မေးချင်နေတာ ဘာကြောင့်များပါလိမ့် ? ဂ) ကျွန်တော် မေးချင်တာလေးတွေ ရှိလို့ စိတ်ထဲကလိကလိဖြစ်နေတာတွေကို မေးတဲ့အခါ ဖြေကြမလား ? ဃ) မေးချင်တာတွေ တန်းစီနေတဲ့အထဲကမှ ဘယ်ဟာကိုအရင်စ မေးရင်ကောင်းမလဲ ? ———————————–   ၁) အိပ်မက်နည်း ကျွန်တော်ဗျာ. . . ည ညအိပ်ရင် . . . အိပ်မက်လုံးဝ မမက်တတ်ဘူး ။ သူများတွေများ မက်လိုက်ကြတဲ့အိပ်မက်တွေ ။ အိပ်မက် မက်ရင်းနဲ့ လမ်းထလျှောက်တာတို့. . .ထယောင်ပြီးအော်တာတို့ ဘာတို့ မြင်ရကြားရရင် ကျွန်တော် တော်တော်အားကျတယ်ဗျာ ။ ကျွန်တော်လေ အိပ်မက်တွေမက်ချင်တာဗျ ။ […]


ကုိ ထြဋ္July 15, 20141min2158
အဟဲ.. ဝေဖန်တော့မယ်နော်… အဲ.. အဲ… ညွှန်းတော့မယ် ပြောတာပါ… စကားချီးပေါ့.. နည်းနည်းပြောချင်တယ်… ကျွန်တော့်ကို အုန်းကျွန်းရေးခိုင်းတော့ ရေးရင်းကနေ ဒီလို ပို့စ်တွေ ဖြစ်လာတယ်.. အဆင်ရော ပြေရဲ့လား မသိဘူး.. 🙂 သီချင်းတွေကတော့ ၁ Dance ၂ ကျေးကျွန် (ft. နီနီခင်ဇော်) ၃ ရစ်လုံး ၄ ငါ့ဆီပြန်လာခဲ့ ၅ ပစ်တိုင်းထောင်( ft. မိခတ္တာ ) ၆ ဆုတောင်း ( ft. ရဲရင့်အောင် ) ရ အလွမ်းရဲ့ ထုထည် ၈ နောင်ဂျိန် နောင်ဂျိန် ( ft. Bobby Soxer ) ၉ ရေမြေခြားက သက်ဆိုင်သူသို့ ( […]


ကုိ ထြဋ္July 14, 20141min1953
ဝတ္ထု  လွန်းထားထား၊ ဇာတ်ညွှန်း  နေစိုးသော်၊ ဒါရိုက်တာ မလိခစိုးထိုက်အောင် သရုပ်ဆောင် မြင့်မြတ်၊ အောင်လ၊ နန်းဆုဦး   အဟမ်း အဟမ်း ပြောတော့မယ်နော်… ပထမဆုံး လွန်းထားထား ဝတ္ထုဆိုတော့ ဒုတိယ ကိုရီးယား လို့ ပြောမလား.. သူကအရင်ရေးပြီး ရုပ်ရှင်တွေ အရင်ကြည့်ဖူးလို့  ပထမ ကိုရီးယားလို့ ပြောမလားပဲ… မင်းသားတွေရော မင်းသမီးရော ချမ်းသာကြ သင်တန်းတက်ကြ ရုပ်တွေကလဲချောကြ.. အကုန်ပြည့်စုံနေတော့တာပဲ… ပြီးတော့ ဒီဇာတ်လမ်းက အရင် တခါကြည့်ဖူးတယ်ဗျ… ကျွန်တော်ကြည့်ဖူးတာပဲ ရှိတယ်နော်.. မင်းသားအသစ် မင်းသမီးအသစ်တင်တိုင်း ဒီလို လူငယ်ဖန်စီ မိဘနဲ့သားသမီး ဇာတ်လမ်းတွေလဲ ဖန်တရာတေပဲ… ဒီကားတောင် ဘယ်နှယောက်ရိုက်ပြီးမှန်းကို မသိတာ… သိတဲ့သူတွေက မန့်ကြနော်.. ဟီး.. ကော်မန့်တောင်းတာ.. တောင်းတာ… 🙂 […]


၄နှစ်တခါ ကျဉ်းပလေ့ရှိသော ဖီဖာ ကမာ္ဘ့ဖလား ဘောလုံးပြိုင်ပွဲ ကား ယခု၂၀၁၄ ခုနှစ်တွင်မူချိမ့်ချိမ့်သဲသဲ ကျင်းပ ပြီးဆီး ခဲ့လေပြီ။ ပွဲစဉ်တလျောက် အမေရိက တိုက် ကိုယ်စားပြု နဲ့ ဥရောပအသင်း ကိုယ်စားပြု အသင်းများ ထိပ်တိုက်တွေ့ဆုံမှု များ ပြင်းထန်ခဲ့သည့် ပြိုင်ပွဲ၏ အကျဉ်းချုပ်သုံးသပ်ချက်အား  ရေးသားတင်ပြရသော်   ၁။ အုပ်စုအဆင့်           ၁-၁။ အုပ်စု(က) (အုပ်စုဗိုလ် း ဘရာဇီး ။ အုပ်စု ဒုတိယ း မက်ဟီကို) အုပ်စု-က တွင် အိမ်ရှင်ဘရာဇီး ၊ မက်ဟီကို ၊ ခရိုအေးရှား နှင့် ကင်မရွန်း အသင်းတို့ပါဝင်ခဲ့ပြီး ခန့်မှန်းသူအများစု တွေးဆသလိုပင် အမေရိကတိုက် အသင်း၂သင်းပင်ဖြစ်သော အိမ်ရှင်ဘရာဇီးနှင့် မက်ဟီကို […]


black chawJuly 12, 20145min35626
ဒီလ ဘလက်ချောကြီးရဲ့ နားစွန်နားဖျားရပ်ကွက် ကို ကောလဟာလ လေးတစ်ခုနဲ့ အစပြုလိုက်ပါတယ်ဗျာ။     ကောလဟာလ ဆိုတာ ဖြစ်ရပ်မှန် တစ်ခုအပေါ်မှာ အခြေခံပြီးမှ ပွားလာတတ်တာမျိုးပါ။ ဆိုကြပါစို့။ မင်းသား ဟိန်းဝေယံ နဲ့ မင်းသမီး အိချောပိုတို့ ချောင်းသာကို အပန်းဖြေ ခရီးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒါ သတင်းတချို့ထွက်ပေါ်လာလို့ဆိုပြီး အိချောပို က ဖြေရှင်း ခဲ့ရပါရောလားဗျာ။ သွားတာကတော့ အဖွဲ့လိုက် အများကြီးပဲ။ ဘယ်လိုကနေ သတင်းတွေထွက်လာလဲ မသိဘူး။ အိချောတို့က အနုပညာ မောင်နှမတွေပါ။ ဒီလို ဖြစ်လာတာကိုလည်း အံ့ဩတယ်။ အိချော သိတ်တော့ မဖြေရှင်းချင်ပါဘူး။ ဒါက အပန်းဖြေခရီး သွားတာပါ။ ပရိသတ်တွေ ထင်သလို မဟုတ်ပါဘူး။ ကဲ…ကြည့်…။ ပရိသတ်တွေက ဘယ်လိုမှ […]


၂၀၁၄ ကမာ္ဘ့ဖလားပွဲကား ပြီးဆုံးတော့မည် ဖြစ်သည်။ ယခု ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိလာရကား နောက်ဆုံးကျန်ရှိသော အသင်း ၄သင်းမှာ ဘရာဇီး Vs ဂျာမနီ။ အာဂျင်တီးနား Vs နယ်သာလန် တို့ ဖြစ်သည်။ ဥရောပနှင့် တောင်အမေရိက ထိပ်တန်း အသင်းများ၏ အားပြိုင်မှုတည်း။ ချန်ပီယံဟောင်း ၃သင်း နှင့် ချန်ပီယံမဖြစ်ဖူးသော်ငြား ဒုတိယ ၃ကြိမ်ရ အသင်းတို့၏ တိပ်တိုက် တွေ့ဆုံမှုလည်းဖြစ်သည်။ ဒီ ၃သင်း၏ ဖြတ်သန်းမှု အား လေ့လာကြည့်ချင်မိသည်။   A ဆီမီးဖိုင်နယ် ရောက်အသင်းများ             ၁။ ဘရာဇီး     အိမ်ရှင်ဘရာဇီးသည် အုပ်စု A တွင် […]


ကုိ ထြဋ္July 5, 20141min27321
ကဲ.. ကဲ… ဒီတလ သွားမယ်၊ ဝါးမယ်၊ မြိုမယ်၊ ဆို့မယ်… အစီအစဉ်လေးကနေ ပြန်လည်ကြိုဆိုပါတယ်… ဟီး.. တခါမှကို  မလုပ်ဖူးသေးဘဲနဲ့ ကြိုဆိုနေတာ.. နောက်တလဆိုရင်တော့ တကယ်ပြောလို့ရပါပြီ… 🙂 ဒီတလမှာတော့ ကျွန်တော်တို့ သွားစားဖြစ်တဲ့ ဆိုင်လေးကတော့… စမ်းချောင်း ဗဟိုလမ်းနဲ့ ညောင်တုန်းလမ်းထောင့်က ရွှေဟင်္သာတ ဆိုင်လေးပဲ ဖြစ်ပါတယ်… ဒီဆိုင်လေးကိုတော့ ကျွန်တော်ရယ်၊ မဟေသီရယ် သွားရောက်ခဲ့ပါတယ်… အခင်းအကျင်းလေးကတော့ မိုက်ပါတယ်.. အမိုးတွေကို အပြည့်မထုတ်ထားပါဘူး.. စည်ပင်ခွန်ရှောင်ချင်လို့ပါ… မိုးရွာရင်တော့ ထုတ်ပါတယ်.. ဒါပေမဲ့ ရေပေါ်စားသောက်ဆိုင်လေးပေါ့… စည်ပင်ကမရှင်းနိုင်တော့ မြောင်းတွေပိတ်ပြီး ရေမဆင်းနိုင်လို့… ခွိခွိ… Kitchen ကလဲ ၂ နေရာတောင် ရှိပါတယ်.. တနေရာကတော့ အထဲမှာ ဖြစ်ပြီး.. နောက်တနေရာကတော့ လမ်းပေါ်မှာပါ… ဒါမှ အနံ့ […]


ကုိ ထြဋ္July 4, 20141min1448
      တခွေလုံး နီးပါးကို ကြိုက်တယ်.. ပထမ အခွေတုန်းကတော့ မကြိုက်တာတောင် ပါသေးတယ်… ဒီတခွေက နားထောင်တာတောင် နောက်ကျတယ်… ထွက်ပြီး တလကျော်မှ နားထောင်ဖြစ်တာ.. စ နားထောင်ထောင်ချင်းပဲ သဘောကျသွားတယ်… အပြစ်မဲ့လူသားတဲ့.. Metal ဆန်တဲ့ Crush တွေ စာသားတွေနဲ့ ပေါင်းစပ်ထားတဲ့ သီချင်းတပုဒ်ပဲ… နောက်တပုဒ်ကတော့ Animation X ဟန်ထူးလွင် နဲ့ဆိုထားတာ.. English Version ပေါ့.. သိပ်တော့ မဆိုးလှဘူး.. ကွက်လပ်၊ ငါ့ကိုသတိရပါ၊ မှားခဲ့လား၊ အဆင်ပြေမှာပါ၊ အလွမ်းသည်၊ ခံစားချက် ဒါတွေကတော့ မိန်းကလေး အင်အားစု ကြိုက်တဲ့ အလွမ်းသီချင်းအေးအေးလေးတွေပေါ့… ကျွန်တော်လဲ ကြိုက်ပါတယ်… မှားခဲ့လားဆို အကြိုက်ဆုံးပဲ…  ငါ့ကို သတိရပါတို့ အလွမ်းသည်တို့ရောပေါ့… […]


ကဲ။ June’ 2014 အတွက် စာကြမ်းပိုးတို့ ရဲ့ စာပေစကားဝိုင်းလေး တင်ဆက်ဖို့အချိန်ကျရောက်လာခဲ့ပြန်ပါပြီ။ June လထဲမှာတော့ ညွှန်းစရာပို့စ်ကောင်းကောင်းလေးတွေ နည်းသွားတာကိုတွေ့ရပါတယ်။ နည်းပေမယ့် ညွှန်းရမယ့် ပို့စ်တွေက ဒိတ်ဒိတ်ကျဲပို့စ်တွေဆိုတော့ စာကြမ်းပိုးတို့ပီတိဖြစ်ရပါတယ်။ June လအတွင်းတက်ခဲ့တဲ့ ပို့စ်တွေထဲမှာ အားမနာတမ်းပြောရရင် ကိုယ်တိုင်ရေးစာကောင်းတွေအတက်နည်းခဲ့ပါတယ်။ June လနောက်ဆုံးပတ်ထဲမှာတော့ ရွာထဲ တစ်ကျော့ပြန်ဝင်လာတဲ့စီနီယာလူဟောင်းကြီးများနဲ့ ရွာထဲက လက်ရှိ ရွာသူားကြီးတွေရဲ့ အပြန်အလှန်တိုက်ခိုက်ရေးသားတဲ့ ပို့စ်တွေ က များခဲ့ပါတယ်။ အဓိကအချက်က တစ်ကျော့ပြန်ဝင်လာတဲ့စီနီယာလူဟောင်းကြီးတွေအနေနဲ့ မန္တလေးဂဇက် ရဲ့ လက်ရှိသွားနေတဲ့ပုံစံနဲ့ ဟိုတုန်းက သွားနေတဲ့ပုံစံ မတူတော့တာကို သတိမပြုမိကြတာပဲလို့ ကျွန်တော်တို့ သုံးသပ်ပါတယ်။ ဆိုတော့…လက်ရှိ ရွာသူားတွေ အနေနဲ့ စီနီယာလူဟောင်းကြီးတွေအပေါ် မည်သည့်အာဃာတ မှ မရှိကြပါ။ ခင်ဗျားတို့ ရဲ့ ဖြတ်သန်းခဲ့မှုအပေါ်လည်းအသိအမှတ်ပြုကြပါတယ်။ ခင်ဗျားတို့ […]