Ma EiMarch 28, 20121min19922
အပြေးမြန်တဲ့သူ… ပုံပြင်လေးတစ်ခု ပြောပြသူက ဟန်ဂျီအင်းပါ… ကိုရီးယားကား ချစ်စံအိမ် ထဲက မင်းသမီးလေ …မင်းသားက လီရောင်ဂျေး… သိတယ်မို့လား… သူပြောတာလေး အရမ်းကြိုက်သွားလို့ ပြန်ပြောပြမလို့ပါ…   မင်းသား လီရောင်ဂျေး ကိုသူ့ အဖေက ဆူ ရိုက်လိုက်လို့ နာကျင်နေတဲ့ အချိန်မှာ… ဟန်…ယုန်နဲ့ လိပ် ပုံပြင်လေး ပြောပြရမလား… လီ…..ယုန် နိုင်သွားတယ် ပြောမှာမို့လား၊ မပြောနဲ့ ဟန်…မဟုတ်ပါဘူး၊ခုပုံပြင်က အသစ် နားထောင်နော်… တနေ့မှာ ယုန် နဲ့ လိပ် အပြေးပြိုင် ကြသတဲ့… ယုန်ကတော့ မြန်တဲ့သူမို့ ရှေ့က ပြေးနေတာပေါ့… လိပ်ကလေးက ကြိုးစားပြီးပြေးနေတုံး ခရုလေးတကောင် တရွေ့ရွေ့နဲ့ သွားနေတာတွေတော့ အတော်နှေးတဲ့ကောင် ဒီလိုသွားနေ ဘယ်လောက်မှရောက်မှာ မဟုတ်ဘူး  လာတက် ဆိုပြီး […]


Ko out of...March 27, 20121min441
မိန်းကလေးတစ်ဦးထံမှ တုံ့ပြန်အချစ်ရရေး အဖြေတောင်းနေသော လူငယ်တစ်ဦးက ယခုကဲ့သို့ ယုံကြည်အောင် ပြောလေ၏။ လူငယ် ။ ကိုယ်မင်းကို တကယ်ချစ်တာပါ။ မိန်းကလေး ။ ဟုတ်ပါ့မလား။ လူငယ် ။ ကိုယ့်အချစ်က နှိုင်းဆလို့မရဘူး။ မိန်းကလေး ။ ပြောကြတာပါဘဲ။ လူငယ် ။ မင်းအတွက်ဆို ဘာမဆိုစွန့်လွတ်ရဲတယ်။ မိန်းကလေး ။ ဟုတ်ပါ့မလား။ လူငယ် ။ ပင်လယ်ရေကို ကုန်အောင်သောက်မယ်ဆိုရင်လဲ သောက်ပြလိုက်မယ်။ မိန်းကလေး ။ အဲဒီလောက်မလိုပါဘူး။ ဒါဘဲကုန်အောင်သောက်ပါဦး။ လူငယ် ။ ဘာကိုသောက်ရမလဲ …. ပေးပါ။ မိန်းကလေး ။ အဆိပ်ခွက်။ လူငယ် ။ ဟိုက် . . . – ယနေ့လူအများစုဟာလည်း ဒီလူငယ်လိုဘဲ လွယ်လွယ်နဲ့ […]


မြသဲ ( 17082011 )March 23, 20121min15919
<a href="” target=”_blank”> အရမ်းလှလို့ရယ် အရမ်းချစ်စရာကောင်းလို့ရယ်တင်ပေးလိုက်တာပါ။ ဖွင့်ကြည့်လိုက်ပါ။ ဗွီဒီယိုလင့်တွေ တခါမှမတင်ဖူးလို့ အဆင်ပြေပါ့မလားတော့မသိဘူး။ သဘောကျလွန်းလို့တင်ပေးလိုက်တာပါ။


“ရင်တုန်ပန်းတုန် အဖြစ်တွေပါလားဟ ဆလင်းရ..စောက်ကျိုးနည်း..” ကျွန်တော်လည်း သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ပြီး မရှင်းတာလေးတွေ ထပ်မေးရတယ်။ “ဒါနဲ့ စာအိတ်ထဲကဟာတွေ ရစ်ဇ်ဝီဆီမင်းယူသွားတော့ အာမက်ကြီးက မင်းလုပ်မှန်းသိသွားတော့မပေါ့..အဲဒီညနေဖုန်းရတဲ့ အခါကျတော့ စာအိတ်ပျောက်နေပြီဆိုတာ သူသိသွားပြီလေ..မဟုတ်ဘူးလား” “ဟေ့အေး…ငါလုပ်တာ သူမသိပါဘူး..ဘာလို့ဆိုတော့ ညနေစောင်းလို့ အာမက်ပြန်လာတော့ စာအိတ်ကို သူတွေ့တယ်လေ..” “အယ်…ဒါ..ဒါဖြင့် အာမက်က ရစ်ဇ်ဝီကို သတ်တော့မှာပေါ့..” “မသတ်ပါဘူး…စာအိတ်ထဲမှာ တခြားဓာတ်ပုံတစ်ပုံနဲ့ လိပ်စာတစ်ခု ထည့်ထားလို့လေ…တို့နေတဲ့နားက စာစီစာရိုက် သင်တန်းတစ် ခုမှာ သွားရိုက်ခိုင်းလိုက်တာ..” “ဟေ…ပိုင်သကွာ..အဲ..တကယ်မရှိတဲ့ တွေ့ကရာ လိပ်စာရိုက်ထည့်လိုက်တာပေါ့..ဟုတ်လား..ဒါပေမဲ့..ဓာတ်ပုံကျတော့ရော ဘယ့်နှယ်လုပ်သလဲ..” “အဲဒီလိုမျိုးတော့ မလုပ်တတ်ပါဘူးကွာ..ငါမလုပ်ပါဘူး…အာမက်ကို ငါထည့်ပေးလိုက်တာ တကယ့် ဓာတ်ပုံအစစ်နဲ့ တကယ့် လိပ်စာ ပါ..ပြီးတော့ သူလည်း တကယ်သွား ဆော်ထည့်လိုက်တယ်လေ..အေး..သူလူမှားပြီးသတ်တာ မသိခင် ဘီဟာကို အ ရေးတကြီးသွားဖို့ရှိလို့ဆိုပြီး သူ့အလုပ်ကနေထွက်လာခဲ့တယ်…နောက်တော့ ဟိုမှာပုန်းနေလိုက်..ဒီမှာ ပုန်းနေလိုက်နဲ့ပေါ့ကွာ.. […]


“နောက်တစ်လလောက်နေတော့ နောက်ထပ် စာအိတ်အဝါတစ်လုံး ရောက်လာပြန်ရောဟေ့..အာမက် အပြင်ထွက်နေတုန်း ဆိုတော့ ငါလည်း စာအိတ်ထဲပါတဲ့ဟာ ကြည့်ချင်လွန်းတာနဲ့ ရေနွေးငွေ့နဲ့ပေးပြီး စာအိတ်ကို ဖွင့်ကြည့်ရောကွ..ထုံးစံအတိုင်း ကာလာဓာတ်ပုံတစ်ပုံပါတယ်..လက်နှိပ်စက်ရိုက်ထားတဲ့ စာရွက်တစ်ရွက်ပါတယ်…ဓာတ်ပုံက နှုတ်ခမ်းမွှေးထူထူနဲ့ လူရွယ် တစ်ယောက်ပုံပဲ..မျက်နှာမှာ အမာရွတ်ကြီးတစ်ခုလည်းပါတယ်ကွ..ဘယ်ဘက်မျက်လုံးကနေ နှာခေါင်းနားထိရှည်တဲ့ အ မာရွတ်ကြီး..စာရွက်မှာတော့ ဒီလိုရေးထားတာ.. အမည်     း   ဂျမဲ ကစ်ဒ်ဝါအီ အသက်   း   ၂၈ လိပ်စာ    း   အမှတ် ၃၅ ရှီလာဂျစ် အိမ်ယာ၊ ကိုလာဘာ။ ငါလည်း ဓာတ်ပုံ နဲ့ နာမည်တွေ ဘာတွေ သေချာခေါင်းထဲ မှတ်ထားပြီးတော့ စာအိတ်ထဲကို ခြေရာလက်ရာ မပျက် အသာ လေး ပြန်ထည့်ထားလိုက်တယ်..”   “ညနေကျတော့ အာမက်ပြန်လာတယ်..ပြီးတော့ စာအိတ်ကိုကြည့်တယ်..နောက် ဖုန်းလာတယ်..အရင် တစ်ခါက […]


နွယ်ပင်March 21, 20121min20812
အမေရိကန် ပါမောက္ခ ရောဘတ်လိုင်ဘာမင် ရိုက်ကူးခဲ့သော မှတ်တမ်းတင် ရုပ်ရှင်ဇာတ် ကားဖြစ်သည့် They call it Myanmar:Lifting the Curtain ကို အမေရိကန်ပြည် ထောင်စု၏ ရွေးချယ် သတ်မှတ်ထားသောရုံ များတွင် စတင် ပြသလျက် ရှိနေသည် ဟု အေပီ သတင်း တစ်ရပ်အရ သိရသည်။ အဆိုပါမှတ်တမ်းတင်ရုပ်ရှင်ဇာတ်ကား ကို ပါမောက္ခ ရောဘတ်လိုင်ဘာမင်သည် မြန်မာနိုင်ငံသို့ ပြည်တွင်းမှ ရုပ်ရှင် ထုတ်လုပ်သူများ အားလေ့ကျင့်ပေးရန် သွား ရောက်ရာ တွင် ၎င်း၏ ကိုယ်ပိုင် မှတ်တမ်းတင် ရုပ်ရှင်ဇာတ်ကား အဖြစ် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ထိုဇာတ်ကားက သတိမူမိစေရန် ပြုထား သည်မှာ မကြာသေးမီက မြန်မာနိုင်ငံသည် စွန့်စားမှုနှင့် မကင်းသောပြုပြင်ပြောင်းလဲမှုများ […]


ThuyazawMarch 20, 20121min28631
၁ း  နွယ်ပင် မင်းသမီးလေးကို…… လိုချင် တပ်မက်မောသူ ….. သူရ မင်းသားလေးနဲ့ ယှဉ်ပြိုင် မိတိုက်စိုးဟာ…… မေဇော်ဟန်ကို ခိုးပြေးသွားတဲ့ အသည်းတစ်ခြမ်းနဲ့လူသား…… စာနာပါတယ် မမဆူးရဲ့ နှလုံးသားဝိဉာာဉ်အား အချစ်ရှုံးသမား ဖက်ကပ်ဂီရိ အချစ်ရှုံးသမား ဖက်ကပ်ဂီရိ Rap: ကျွန်မ ဖင်စိပ်တာ အဒူတဲ့လဲ ကျွန်မဖင်စိပ်တာ အဒူတဲ့လဲ Rose ပဲ Rose ပဲ Rose ပဲ ဒဿဖက်တီး အချစ်ရှုံးသမား အသဲကွဲတယ်လို့ အခိုင်ကပြောတယ်…….. ဒဿဖက်တီး အချစ်ရှုံးသမား အသဲကွဲဘူးတာ ဘာဆန်းလို့လဲ……….. ဘယ်သူကပြောလဲ…..ပြောလဲ ပြောလဲ….. အခိုင်ကပြောတယ်….. ဘာဒဲ့……. အို…. ဘာဒဲ့……… ကမ်းဝေး….. ကမ်းဝေး……. CHO : (နာဇီပါတီ ခိုးစားသွားတဲ့ အရူးမ မုန့်ကိုများ………… […]


Ko out of...March 17, 20121min15915
ဗေဒင်ဆရာ တစ်ဦးထံသို့ အသက် ၃၅နှစ် အပျိုကြီးတစ်ဦးရောက်လာ၏. . . အပျိုကြီး ။ ဖူးစာဖက် ရှိနိုင်ပါ့မလား ဆရာ ဗေဒင်ဆရာ ။ ရှိတာပေါ့ အပျိုကြီး ။ ဘယ်တော့လောက်များ ဖူးစာဖက်နဲ့ ဆုံနိုင်မလဲ ဆရာ ဗေဒင်ဆရာ ။ သီတင်းသုံးပတ်လောက်ပဲ သီးခံရမှာပါ အပျိုကြီး ။ ဝမ်းသာလိုက်တာဆရာရယ် ဗေဒင်ဆရာ ။ ဒီစာရွှက်လိပ်လေးကိုတော့ သေချာဆောင်ထား တစ်ပတ်ပြည့်မှ ဖွင့်ကြည့်ပြီးဒီစာရွှက်အတိုင်း ဆောင်ရွှက်ပေးပါနော်။ တစ်ပတ်ပြည့်ပြီးနောက် စာလိပ်လေးကို ဖွင့်ကြည့် လိုက်ရာ . . ကျွန်တော်ကိုယ်တိုင်လည်း ဖူးစာဖက် ရှာနေသူမို့ စောင့်မျှော်နေပါတယ်။ အပျိုကြီး ။ ရှင် . . . ီ


alinsettMarch 16, 20122min34820
၁ ။ ပါးစပ်သေနက် မိန်းမတို့ရဲ့ မွေးရာပါလက်နက်ပါပဲ — သမီးရည်းစား ဘဝမှာ သိပ်မသုံးတက်ကြဘူး ။ အိမ်ထောင်ရှင်ဖြစ်မှ ထုပ်သုံးကြ တာ — တစ်အိမ်လုံးကိုစက်သေနက်နဲ့ မွှေသလို မွှေတက်ကြတာ ။ အိပ်ရင်တောင် ကျည်ထိုးမောင်းတင်ပြီးမှ အိပ်တက် ကြတာ ။ တစ်ရေးနိုး ထပစ်ရင်တောင် ပစ်တက်ကြတာ ။ ( သိပ်ကြောက်စရာကောင်းတာနော် ) ၂။ မျက်စောင်း အဲဒီ မျက်စောင်းက အမျိုးမျိုးရှိတယ် ။ မူကွဲတွေပေါ့ အချစ်မျက်စောင်း ၊ အမုန်းမျက်စောင်း ၊ ရောစွပ်မျက်စောင်း ၊ —- (ရောစွပ်မျက်စောင်း ဆိုတာအရေးကြီးတယ် — ဘာသာပြန်မှန်ဖို့လိုတယ် ။ ချစ်သလိုလို မုန်းသလိုလို ဘာကြီးမှန်းကို မသိတဲ့ မျက်စောင်းမျိုးလေ – […]


linpin zawMarch 10, 20121min1168
အလုပ်တွေလုပ်ရလို့ အာရုံညောင်းတဲ့အခါ အပန်းဖြေဖို့ဆိုဒ်ကလေးပါ။ဒီဆိုဒ်ကို ဖွင့်လိုက်ရင် ချစ်စရာ ကြောင်လေးတွေရဲ့ လှုပ်ရှားမှု ပေါ်လာပါမယ်။တပြိုင်တည်းမှာ သီချင်းသံလေးတွေ ပေါ်လာပါမယ်။သီချင်းသံကို ဇိမ်နဲ့နားဆင်၊စည်းချက်ကျကျ လှုပ်ရှားနေတဲ့ ကြောင်လေးတွေကို ကြည့်ပြီး အပန်းပြေစေမှာပါ။သူ့ကို ပျင်းလာတဲ့အခါ Change another cat ကိုရွေးလို့ရတယ်။ ပူစီလေးရဲ့တေးသံကို http://procatinator.com မှာနားဆင် နိုင်ပါတယ်။


blueroseMarch 9, 20121min12513
“ပေးဆပ်ခြင်းနဲ့ချစ်နေလည်းရလဒ်ကတော့ဒီအမုန်းများ သိပ်ချစ်တယ်အရမ်းမုန်းတယ်….ဝဋ်ရှိရင်ကြေပေးတော့ကွယ် နှလုံးသားထဲကချစ်နေလဲဦးနှောက်ထဲကဒီအမုန်းများ…. သိပ်ချစ်တယ်အရမ်းမုန်းတယ်ရောထွေးကုန်ပြီတကယ်ရူးတော့မယ်…. ဝဋ်ကြွေးများရယ်ငါ့ရဲ့အသိစိတ်မှာနင်ဟာနတ်ဆိုးပါကွယ်….. နှလုံးသားထဲကနင်ဟာအရှင်သခင်ပါပဲကွယ်…..”   အဓိပတိအဝါကိုစီးပြီးမြို့ထဲကိုလာရင်းပြတင်းပေါက်ကနေမြင်မြင်သမျှအရာအားလုံးကို ငေးမောနေရင်းနားထဲကိုစီးဝင်လာတဲ့ချမ်းချမ်းရဲ့သိပ်ချစ်တယ်အရမ်းမုန်းတယ်ဆိုတဲ့သီချင်းသံလေး ဒီသီချင်းလေးနားထောင်မိတော့ငိုချင်သလိုလိုဆွေးချင်သလိုလိုနဲ့ဘာရယ်မဟုတ်မောင့်ကိုပြေးသတိရမိတယ် မောင်ဂရုစိုက်ခဲ့တာတွေကိုတွေးမိရင်အရမ်းချစ်မိတယ် မောင်ရက်စက်တာတွေကိုတွေးမိရင်မောင့်ကိုအရမ်းမုန်းမိတယ် ဒီသီချင်းလေးထဲကလိုပဲကျွန်မမှာဝဋ်ကြွေးများပါလာလေသလား မောင့်အပေါ်မှာဦးနှောက်အသိနဲ့မချစ်သင့်တော့ပေမယ့် နှလုံးသားကချစ်နေဆဲပဲဆိုတာကျွန်မတယောက်သာအသိဆုံးပါ မောင့်ကိုမေ့ဖို့ကြိုးစားနေပေမယ့်မေ့မရတဲ့အကြင်နာတွေကြောင့် ကျွန်မနာကျင်နေရပါတယ်မောင် အသက်ရှုလိုက်တိုင်းတောင်မောင့်ကိုသတိရနေဆဲပဲမို့ မောင့်ကိုမေ့ဖို့ကြိုးစားလိုက်ရင်ကျွန်မအသက်ရှုရပ်သွားမလားလို့တောင် တွေးကြောက်မိပါတယ်မောင်ရယ် မောင့်အပေါ်မှာဝဋ်ကြွေးတွေများရှိခဲ့မယ်ဆိုရင်ဒီဘဝဒီမျှနဲ့ပဲအဆုံးသတ်ပါရစေလို့ ကျွန်မဆုတောင်းမိပါတယ်မောင် ခုကျွန်မရင်ထဲမှာတော့မောင့်ကိုသိပ်ချစ်သလိုအရမ်းလည်းမုန်းမိနေပါတယ်မောင် မောင့်အပေါ်မှာရှိတဲ့ကျွန်မအမုန်းတွေကိုမောင်ကိုယ်တိုင်ဖြေဖျောက်ပေးလှည့်ပါတော့နော် မောင့်ကိုသိပ်ချစ်သလိုအရမ်းမုန်းတဲ့ ချစ်သူ