ဇီဇီJanuary 30, 20195min314522
ဝိတ်ချမို့ (အဟွတ်) 😜😜😜 ဒါမယ့် “ဘာစားပြီး ဝိတ်လျော့ရင်ကောင်းမလဲ” ဆိုတဲ့ အမျိုးအစားမှာ ပါဝင်သူ ခင်ဇော့်အတွက်တော့… ကျန်းမာရေးလည်း ညီညွတ်/ထမင်းလွတ်/ဝိတ်ကျ အဲ့ဒီလို ၁ ချက်ခုတ် တောက်တောက်စင်းပြီးသားဖြစ် အကြံနဲ့ To a better health page က အရိုးပြုတ်ရည် ချက်နည်းနဲ့ စွတ်ပြုတ် စတင် ပြုလုပ်နေပါဘီ! 😬😬😬😬😬 . . အရိုုးပြုတ်ရည် (Credit to “To a better health”) အရိုုးပြုတ်ရည်ဟာ ဦးနှောက်နဲ့ အာရုုံကြော ရောဂါ ဖြစ် နေ တဲ့ သူ များ အတွက် အလွန် သင့် တော် ပါ တယ်။ အဖေ၊ အမေ၊ […]


kaiJanuary 11, 20194min4206
မြန်မာ့ကျေးလက်ရွာတွေမှာ ကာလသားတွေ ညမှာ ချက်စားကြတဲ့ ဟင်းမို့ ကာလသားဟင်းခေါ်ပါတယ်..။ ကာလသားဆိုတာက.. ကျေးရွာတွေမှာရှိတဲ့ လူပျိုပေါက် လူငယ်တွေပေါ့..။ ကာလသားခေါင်းဆိုပြီး.. ခေါင်းဆောင်ရှိတတ် ရပ်ရေးရွာရေးတွေမှာ လုပ်အားအလှူလုပ်တတ်ကြသူများပါ.။ ဆိုတော့..ညဦးပိုင်းမှာ ကာလသားတွေစု ဗိုက်ဆာဝမ်းဟာလာရင်.. ချက်စားကြတဲ့နည်းမို့.. ပါဝင်ပစ္စည်းတွေက.. ဟိုကဆွဲဒီကယူ အလွယ်တွေဖြစ်ရပါမယ်..။ကြက်ကိုလည်း ဒေါ်ဘုမအိမ်က ဆွဲလာမယ်..။ ဘကြီးဖြိုးအိမ်နောက်ဝင်းထဲက.. စပါးလင်၊ ဘူးသီး၊ ငရုပ်သီး ခူးလာမယ်..။အောင်ဘုက သူ့အမေမသိအောင်..မီးဖိုခောျင်ထဲဝင်.. ဆား၊ ဆီ၊ ကြက်သွန်ဖြူ/နီ၊ ဆနွင်း၊ ငရုပ်သီးမှုန့် နည်းနည်း ယူလာမယ်..။ကာလသားခေါင်း ကိုဖိုးထောင်ကတော့.. ဆေးခြောက်အဖူးနဲ့တခိုင် ဖြတ်လာမယ်ဆိုပါစို့..။ညသန်းခေါင်မတိုင်ခင် ဝိုင်းစားကြမှာမို့.. လွယ်လွယ်ပဲ.. ထင်းမီးနဲ့ ဒါန်အိုးတလုံးတည်ကြပါမယ်..။ဟင်းက..ခူးထား ခိုးထားတာတွေနဲ့ ပြာယိပြာယာ အမြန်ချက်တာမို့.. ကြက်သားက မနူးမနပ်နဲ့ပါ.။ အရေးမကြီးပါ..။ အဲဒါကိုက.. ကာလသားဟင်းရဲ့ သဘာဝဖြစ်ပါကြောင်းနဲ့.. ဟင်းတပွဲစာကို.. ဒါန်အိုးငှားလိုက်တဲ့.. ကွမ်းတောင်ကိုင်အိမ် […]


Mon LayAugust 6, 20187min4812
ဒီတစ်ပတ် ညဘက်Chill ချင်နေတာ ဘယ်ဒိုးရင်ကောင်းမလဲစဉ်းစားလိုက်တော့ တိုက်တိုက်ဆိုင်ဆိုင် The Bar Burdubai ကညီမလေးတစ်ယောက်က လာစားပါဖိတ်ပါတယ်လှမ်းဖိတ်တာနဲ့ အရင်ထဲက ကိုယ်လည်းသွားချင်နေတာနဲ့အတော်ပဲဆိုတော့.ဒီတစ်ပတ်တော့ သွားမယ်ကွာဆိုပြီး ရောက်သွားခဲ့ပါတယ်။ #တည်နေရာ 🏘 နေရာလေးက UFL ဘက်ကလာရင် အင်းလျားလမ်းရောက်ရင် ညာဘက်ကွေ့ပြီး ခေမရ်ဆိုင်မရောက်ခင်ဘေးက လမ်းထဲဝင်ပါ။ ညာဘက်ခြမ်းမှ MoMoKo ဆိုတဲ့ ဆိုင်လေးတွေ့ရင် Heineken ဆိုဒ်ဘုတ်ဘေးကလမ်းလေးထဲဝင်ပါ။ လျှောက်လမ်းလေးအတိုင်းလျှောက်လာရင် အနောက်ဘက်နားလောက်မှာ The Bar BurDubai ကိုတွေ့ပါလိမ့်မယ်။ #အပြင်အဆင် 👍🏻👍🏻🌟🌟 ဝင်ဝင်ခြင်း ညာဘက်မှာ gardenလေးရှိတယ်။အေးအေးဆေးဆေး ခြံထဲထိုင်ချင်ရင်တော့ အဲ့မှာထိုင်လို့ရပါတယ်။ နေပူ၊မိုးရွာမှာ မစိုးရိမ်နဲ့နော်၊ အမိုးလေးနဲ့အေးဆေး Ro လို့ရတယ်။ 🌿☘️🌱 ဒါမှမဟုတ် စားရင်းသောက်ရင်း Djနဲ့ မြူးချင်လား၊ ဒူဘိုင်းရောက်သွားသလိုခံစားချင်ရင်တော့ စားသောက်ခန်းထဲမှာထိုင်ပါ။ 🎼🎼မွန်လေးက […]


Mon LayJuly 25, 20182min1640
ဒီတစ်ခါရေးပေးချင်တာကတော့ အကင်ကြိုက်တဲ့သူများအတွက်ပါ။ မွန်လေးအပါဝင်ပါပဲ။ 😁😁ဘယ်နေရာပဲသွားသွား အကင်လေးတစ်ခုခုစားဖြစ်အောင်စားပါတယ်။ ဒါပေမဲ့ စားလိုက်တဲ့အကင်တိုင်းကိုမကြိုက်ပါ။☹️☹️ ခုပြောပြပေးချင်တဲ့အကင်ဆိုင်ကိုတော့ ကြိုက်တာ ဟိုး ခပ်ငယ်ငယ် ကျောင်းသူဘဝထဲကပါ။ အဲ့အချိန်ကတည်းက လက်ရာမပြောင်းဘဲရှိခဲ့တာ ခုချိန်ထိပါပဲ။ ဈေး လည်းအများကြီးမပြောင်းသွားဘူး။ အရင်ကအနိမ့်ဆုံး ဈေးက တစ်ချောင်း ၅ဝ ကျပ်၊ ခုက ၁၀ဝ ကျပ်။ အရမ်း မတက်ဘူးပဲဆိုရမှာပဲနော်။ 👍🏻အဲ့ဆိုင်လေးနာမည်ကတော့ “ကိုရှိုင်း”တဲ့။ ဆိုင်ရှင်နာမည်ကိုက ကိုရှိုင်း၊ ခုဆိုသမီးတွေက ပြန်ပြီးလက်ဆင့်ကမ်းဆက်ရောင်းပါတယ်။ဆိုင်ကတော့ လမ်းဘေးမှာ ခုံချပြီးရောင်းတာပါ။ #ဘယ်မှာရှိတာလဲ🚗 အဲ့ဆိုင်လေးက ရန်ကင်းမြို့နယ်မှာရှိတာပါ။ လာချငိရင်တော့ ဈေးကွေ့မှတ်တိုင်မှာဆင်းပါ။ ပြီးရင် ရန်ကင်းစင်တာရှေ ့ ကနေတည့်တည့်လာရင် ရွှေပုပ္ပါးဆေးခန်းရဲ ့ရှေ ့တည့်တည့်မှာရှိတာပါ။ #အချိန် ⏱ ဆိုင်ကညနေ ၄ နာရီဆိုဖွင့်ပြီ။ ညဘက် ၁၂ထိပါ။ #ဘာတွေရ🥓🍖🍗🍡 ဆိတ်သားကင်၊ ကြက်အရေပြားကင်၊ ကြက်အသဲအမြစ်၊ ကြက်ဆီဘူး၊ ကြက်တောင်ပံ၊ ကြက်ရင်ဘုံ၊ ကြက်ပေါင်၊ […]


ဇီဇီMay 8, 20184min63811
ဟိုတလောလေးက မြန်မာ့ အစားအစာ ဟင်း ထမင်းနဲ့ ပတ်သက်လို့ ဖေ့ဘုတ်ကြီးမယ် အညင်းပွါးကြတာ… အစား သမား ကိုယ်ကတော့ လိုက်ဖတ်တာပေါ့။ ဝါသနာကိုး။ https://www.facebook.com/mayzin.hlaing.7/posts/731729290343047 https://www.facebook.com/poephyuthant/posts/659110411094634 https://www.facebook.com/poephyuthant/posts/659553354383673 https://www.facebook.com/than.kywe.98/posts/1672594866161964?hc_location=ufi ဒါတွေက သူတို့ရဲ့ အမြင်ပေါ့လေ။ စတင်ပြောတဲ့သူရဲ့ ပို့(စ) မှာလည်း စေတနာနဲ့ အားမလိုအားမရဖြစ်တာကို နားလည်သလို သူတို့ အဆိုကို ပြန်ချေပဖို့ကို ပညာက မပြည့်တော့ လိုက်ဖတ်ကြည့်ရုံလောက် တတ်နိုင်တာပဲ။ ပြန်ချေပသူတစ်ချို့ရဲ့ မျက်စိမှိတ်ပြီး “မြန်မာ အစားအစာကို ကြိုက်တယ်၊ မြန်မာစာကိုမနှိမ်နဲ့ မြန်မာကွ” စတဲ့  ဘာညာသာရကာတွေကို ကျော်ဖတ်အပြီးမှာ ဒီ အကို ရေးတဲ့ တုံ့ပြန်စာလေးတော့ အတော်ကြွေသွားတယ်။ https://www.facebook.com/aung.kyawthu.14/posts/1676758185770699?hc_location=ufi ပညာရှင်ဆန်တယ်လေ။ လုံးဝ လက်ခံတယ်။   ကျနော့ တစ်ကိုယ်စာ […]


Mon LayApril 27, 20181min45332
ဒီတစ်ခါကတော့ မွန်လေးကို Hotel Grand United Ahlone ကဖိတ်ခေါ်မှုနဲ့ မနက်စာသွားစားဖြစ်ခဲ့ပါတယ်။ #နေရာ ဟိုတယ်လေးကတော့ အလုံမြို ့နယ်၊ဗဟိုအမျိုးသမီးဆေးရုံရှေ ့တည့်တည့်မှာရှိတာပါ။ သွားရလာရတာတော့ တော်တော်လေးလွယ်ကူပါတယ်။ #အခင်းအကျင်း 2nd floor မှာ မနက်စာကိုသပ်သပ်ရပ်ရပ်နဲ့ အသေအချာလေးခင်းကျင်းထားတာကိုတွေ့ရတော့ဗိုက်ကမရတော့ဘူးလေ…မြင်တာနဲ့စားချင်သွား တာပေ့ါ။ပြီးတော့ စားတဲ့နေရာကလည်း ကျယ်ကျယ်ဝန်းဝန်းရှိတော့ တစ်ယောက်နဲ့တစ်ယောက် တိုက်စရာလည်းမလိုတော့ဘူးလေ။အစာစားနေရင်း နဲ့ကိုမပျင်းရလေအောင် ဘက်စုံထောင့်စုံမှာ TVတွေထားပေးထားတော့ မိုက်တာပေါ့။ #အစားအစာ ကျွေးတဲ့အစားအစာကလည်း International Buffet ဖြစ်တဲ့အပြင် မြန်မာအစားအစာအနေနဲ့မုန့်ဟင်းခါး၊ပေါက်စီ၊ကောက်ညှုင်းပေါင်းနဲ့ ခေါက်ဆွဲ ပြုတ်၊ကြာဇံပြုတ် တို့ကိုအသားမျိုးစုံနဲ့လည်းစားလို့ရလို့အရမ်းကိုအဆင်ပြေတဲ့မနက်စာလေးပါ။ စားသောက်ဆိုင်နာမည်လေးကလည်း Carpe Diem Restaurantတဲ့။ In house guestတွေကတော့ complimentary ပါ။ အပြင်ကနေလာစားကြမယ့်သူများအတွက်ကတော့ တစ်ယောက်ကို  15$ပါ။ မြန်မာငွေပေးလည်းရပါတယ်။ သူတို့ဟိုတယ်ပေါက်ဈေးနဲ့ပေါ့နော်။ ကဲ တစ်ခါလောက်ဟိုတယ်မှာ […]


ဇီဇီApril 19, 20187min317513
ကြက်ကြော်ဆိုတော့က ဆီရှိရင်ကြက်ရှိရင် ကြော်လို့ရတယ်လို့ပဲ အကြမ်းဖျဉ်း ပြောကြမပေါ့နော့။   ခုပြောချင်တဲ့ ကြက်ကြော်ကတော့ Crispy Fried Chicken လို့ခေါ်တဲ့ ကြက်ကြွပ်ကြော် မျိုးပါ။ ခုတလော ကိုယ့်တို့နိုင်ငံမှာလည်း ခေတ်စားလာ ဆိုင်မှာ သွားစားကြ လုပ်နေတာတွေရပါတယ်။ အဲတာနဲ့ လေ့လာကြည့်လိုက်တော့ နိုင်ငံတစ်နိုင်ငံဆီမှာ မတူညီတဲ့ နည်းစံနစ်နဲ့ အချိုးအစားတွေ ပါဝင်ပစ္စည်း အမျိုးအစားတွေ ကွဲပြားတဲ့ အလျောက်၊ သူတို့နိုင်ငံအလိုက် ရိုးရာ ကြက်ကြွပ်ကြော် တွေ ကွဲပြားသွားတာပါပဲ။   Crispy Fried Chicken ဆိုတာ သာမာန်အားဖြင့် ကိုယ်ပိုင် အနှစ်နဲ့ နယ်ထား နှပ်ထားမယ်။ ကိုယ်ပိုင်နည်းနဲ့စပ်ထားတဲ့ အမှုန့်တွေ (ဂျုံ၊ ပြောင်း၊ အာလူး၊ ဆန်၊ ပါမုန့်မှုန့်) စသည်ဖြင့်နဲ့ လူးမယ် ဆီမြုပ် […]


ကထူးဆန္းDecember 31, 20172min3662
က ျန်းမာရေး မကောင်းဖြစ်နေတဲ့ ရွာထဲ က ျန်းမာရေးအတွက် အထောက်အကူဖြစ်မယ် ယုံကြည်တဲ့ Group လေး တစ်ခု ကို New Year Present အနေနဲ့ မိတ်ဆက်ပေးပါရစေ ။ သိပြီးသူ ဆိုရင်တော့ လဲ ဟုတ် …Happy New Year ပါ ခင်ဗျ ။ စာဖတ်အားကောင်းသူများဆိုတော့ အသေးစိတ်တော့မရေးတော့ဘူးနော် .. ဟီး … အမှန်တော့ ရေး ရမှာ ပ ျင်းတာလဲ ပါပါတယ် ။ မိတ်ဆက်လေးဘဲ ပြောရရင်တော့ ခုနောက်ပိုင်း antibiotic အစား Probiotic ခေတ်စား လာ တာ မှာ Probiotic ကြွယ်ဝ တဲ့ Water Kefir […]


ဇီဇီDecember 29, 20175min73912
ကျော့်မယ် အမလိုချစ်ရတဲ့ အမကြီးတစ်ယောက် တောင်ကြီးမြို့ မယ်ရှိတယ်ဗျ! အရင် ခင်ဇော်ရဲ့ ထမင်းဆိုင်တွေ အတွက် ကူပေးနေကျ အမပါ။ သူ့ အစွမ်းကတော့ အစားအသောက် တစ်ခုကို တစ်ခါစားဖူး ဖတ်ဖူး ကြားဖူးပြီးရင် ရအောင် ချက်နိုင်စွမ်းရှိတာပါပဲ! စိတ်ကလည်းမြန်ချက်! ကိုယ်တွေနဲ့ ဘာမှ သေချာမပြောရသေးခင် “ချက်ပြုတ်ပို့ဆောင်” အလုပ်တွေကို စလုပ်တော့တာပါပဲ! ကိုယ့်မယ် ခုမှ စားညွှန်းရေးပေးဖို့ စာလိုက်စီပေးနေရတုန်း!! ဆိုတော့ အောက်ပါ အချက်တွေကို အရင်မှတ်ပါ! ၁)တောင်ကြီး မြို့တွင်းသာ ပို့ပေးနိုင်မယ့် အစားအသောက်တွေက သူ့ ဝေါမှာ အရင်ကြည့်ပါ! အစာပလာ ပါဝင်ပစ္စည်း ကောင်းကောင်းသုံးပါတယ်၊ အချိုမှုန့် မသုံးပါ! ၂) ဆိုင်ရာ ပိုင်ရာ ကားဂိတ်ထိ သွားယူနိုင်ကြရင်တော့ စားချင်တဲ့ အစားအသောက်စာရင်း နဲ့ […]


ဇီဇီNovember 14, 20172min23456
Immunity Juices ၄ မျိုး အကြောင်း (https://tasty.co/compilation/immunity-juices-4-ways)  မပြောခင် ပွါးပါရစေအူးး ခင်ဇော် ဒီနှစ်ထဲ ချုချာချက်က တစ်နှစ်လုံး အအေးမိတာက အမြစ်မပြတ်ဘူးး! အာ့ ဓာတ်ကြမ်းတိုက်ပြန်တော့ အာရုံကြောယောင်သတဲ့။ ပိုလီကလင်းနစ်ထိရောက်နေတော့ အအေးမိတာလောက်လေးနဲ့ ကြေနပ်ပြီး နေရတော့တာပဲ။   အာ့ တဂျီး အကြံပေးတဲ့ အတိုင်း “ဂျပန်တွေရဲ့ ရှေးရိုး လူပမာစာ…။ တမငိုးဇာကေး..တဲ့..။ ဆာကေး.. ဆန်ဝိုင်ကို.. မိုက်ခရိုဝေ့ဗ်ထဲထည့် အပူပေး..။ ပြီးရင်..အရက်ထဲ.. သကြားတဇွန်းနဲ့ ကြက်ဥတလုံး..ဖေါက်ထည့်ပြီး.. ဂလုပါ…တဲ့..။ ရောဂါလည်းပျောက်.. အားလည်းရှိ..။” Tamagozake (卵酒 or 玉子酒?) is a drink consisting of heated sake, sugar and a raw […]


Mon LayNovember 1, 20171min1751
ချစ်ရတဲ့ မြန်မာဂဇက်သူ ဂဇက်သားတွေကို မွန်လေးရဲ ့ခရီးသွားပို့စ်တွေချည်းပဲ..ဖတ်ရင်းငြီးငွေ ့နေမှာစိုးလို့ ရှလွတ်ဖြစ်စေမယ် ့ဟင်းလျာလေးတွေ တင်ပေးလိုက်ပါတယ်..ရှလွတ်ဖြစ်နိုင်ကြပါစေ။


ဇီဇီOctober 19, 20172min334013
အစ က တဂျီးရယ် သနပ် ခေတ်စားတုန်း သနပ် အကြောင်း ရေးပါ့လား လာမြှောက်ပေးတယ်လေ။ :a: ခင်ဇော်က သနပ်သာ ကြိုက်တာ မလုပ်တတ်ဘူးး ပလိုစီဂျာ နည်းနည်းများတယ်။ နောက်ပြီး သနပ်က အခြေခံအရ ဗမာ့နည်းမဟုတ်ဘူးလားလို့။ 😀 အာ့နဲ့ လွယ်လွယ်ကူကူ အိမ်မှာ လုပ်စား ဗမာ့ချဉ်ဖတ်များ စုပေးမယ်ပေါ့။ အာ့ကျ “ကောင်းတယ် ကောင်းတယ်” တဲ့။ ဟို ထောက်ပြုတ်ဝက်မည်းတို့ ထောင်ထွက်ဝက်ဖြူ တို့ နာမည်တွေပါ ချဉ်ဖတ်ထဲ လာထည့်ခိုင်းနေလို့ ပြေးပေါက်မှားနေသေးး!! :kwi: ခင်ဇော်လည်း ကိုယ်တိုင်က သာ ချဉ်ဖတ်ရယ်။ ချဉ်ဖတ်နည်းတွေလည်း လည်တည်တည်။ ငါးပိရည်သမားမို့ အတို့အဖြစ် ချဉ်ဖတ် မျိုးစုံတော့ စားဖူး ကြိုက်ဖူးတာပေါ့လေ။ 😐 ဘိလပ် လို […]


ဇီဇီAugust 4, 20171min2536
ပြီးခဲ့တဲ့ အပတ်က သတင်းစာဖတ်လိုက်တော့ ပင်စိမ်းအကြောင်းတွေ့တာနဲ့ ပင်စိမ်းချက်နည်းစုပေးမယ်ဆိုပြီး ရွာထဲလှည့်ရှာလိုက်တာ ခေတ်သစ်ပေါက်ကျိုင်း ရဲ့ ကြက်ပင်စိမ်းလေးသွားတွေ့တယ်။   ကြက်ပင်စိမ်း ( ခေတ်သစ်ပေါက်ကျိုင်း) ပင်စိမ်းရွက်နဲ့ကြက်သားကို ထိုင်းတွေအတော်နှစ်သက်ကြပါတယ်… ပါဝင်သည့်ပစ္စည်းများ ပဲသီးစိမ်း၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ပင်စိမ်းရွက်၊ ကြက်သား။ ပဲငံပြာရည်၊ ခရုဆီ၊ ဆား၊ သကြား၊ ဟင်းချိုမှုန့်၊။   ပြင်ဆင်ချက်ပြုတ်ပုံ ကြက်သားရင်အုံသား(၁၀)ကျပ်သားခန့်ကို အတုံးလေးတွေတုံးပါ ပြီးလျှင်ကြက်သားကိုဆားအနည်းငယ်၊အချိုမှုန့်အနည်းငယ်၊ခရုဆီအနည်းငယ်၊ငရုတ်ကောင်းမှုန့်အနည်းငယ်တို့ဖြင့်နယ်ထားပါ။ ပဲသီးစိမ်းကိုလက်နှစ်ဆစ်အရွယ်လောက်လှီးထားပါ၊ ခရမ်းချဉ်သီးကို ပါးပါးလှီးပါ၊ ငရုတ်သီးစိမ်း(၁၀)တောင့်လောက်ကို ဓါးပြားရိုက်၍နုတ်နုတ်ဆင်းထားပါ။ ကြက်သွန်ဖြူ ငါးတက်လောက်ကိုလည်းဓါးပြားရိုက်၍နုတ်နုတ်ဆင်းထားပါ။ ပင်စိမ်းရွက်အနည်းငယ်ကိုလည်းရေစင်စင်ဆေးထားပါ။ ဒယ်အိုးထဲသို့ ဆီအနည်းငယ်ထည့်၍ဆီပူလာလျှင် အချိုအငံနယ်ထားသော် ကြက်သားနှင့်ပဲသီးစိမ်းကိုထည့်၍ အသားအညှိရောင်သမ်းလာလျှင် အိုးထဲမှခဏဖယ်ထားလိုက်ပါ နောက်ထပ်ဆီ အနည်းငယ်ထည့်၍ ကြက်သွန်ဖြူကိုဆီသပ်လိုက်ပါ ပြီးလျှင် ငရုပ်သီးစိမ်းများကိုထည့်လိုက်ပါ၊ ထိုနောက် ဖယ်ထားသောကြက်သားကိုထည့်ပါ၊ အနံမွှေးလာလျှင် ပင်စိမ်းရွက်၊ခရမ်းချဉ်သီးတို့ကိုထည့်ပါ။ […]