weiweiNovember 14, 20121min30719
ဆနွင်းမကင်းလို့ဆိုလိုက်တာနဲ့ သိပ်ခက်မှာပဲ .. ပင်ပန်းမှာပဲလို့ပဲ ထင်ကြပါတယ်။ မြန်မာအလှူပွဲတွေမှာ ရိုးရာမုန့်တစ်မျိုးအနေနဲ့ မပါမဖြစ်တဲ့ မုန့်တစ်မျိုးဖြစ်ပါတယ်။ အိမ်မှာ ဒီအတိုင်း မုန့်လုပ်စားတဲ့ သွားရေစာအနေနဲ့ လုပ်စားလေ့မရှိကြဘူး။ သိပ်ခက်တယ်လို့ ထင်ကြတာကြောင့်လဲ ဖြစ်ပါလိမ့်မယ်။ ကျွန်မကတော့ အလွယ်ဆုံးနည်းလမ်းသုံးပြီး အိမ်မှာ လုပ်စားလေ့ရှိပါတယ်။ ဒီတစ်ခါ လုပ်နည်းရေးရင်း အမြည်းကျွေးလိုက်ပါတယ်။ ပါဝင်သောပစ္စည်းများ ရွှေကြည်မှုန့် …… ၂ဝ ကျပ်သား သကြား …… ၂ဝ ကျပ်သား အုန်းသီးရည်နှင့်ရေအရော စုစုပေါင်း ၇၅ဝ မီလီလီတာ (၃ ခွက်စာ) ဆီ ……. ၅ ကျပ်သားခန့် ထောပတ် ……. ထမင်းစားဇွန်း ၃ ဇွန်း ဆား ……. လက်ဖက်ရည်ဇွန်း ၃ ဇွန်း ဒူးရင်းသီး …… […]


ခင္ခNovember 12, 20121min30133
ခရမ်းချဉ်သီးအသုံးဝင်ပုံ   ခရမ်းချဉ်သီးမှာ ဗီတာမင်စီ၊ အမျှင်ဓာတ်၊ ဖောလိတ်ဓာတ်၊ ဗီတာမင်ဘီနဲ့ ပိုတက်စီယမ် သတ္တုဓာတ်တွေ ပါရှိပါတယ်။ ဒီလို အာဟာရဓာတ်တွေ ပါရှိတဲ့အပြင် လူကိုလည်း မဝစေပါဘူး။ ခရမ်းချဉ်သီး တစ်လုံး မှာ ကယ်လိုရီ ၇၂ ကီလိုဂျူးလောက်သာ ပါရှိတာကြောင့်ပါ။ Antioxidant ပါရှိမှု   ခရမ်းချဉ်သီးမှာ Lycopene လို့ခေါ်တဲ့ ရောဂါ တိုက်ဖျက်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) ပါရှိပြီး ကင်ဆာရောဂါကို ကာကွယ် ပေးနိုင်တယ်လို့ ဆိုပါတယ်။ Lycopene ဓာတ်က ခရမ်းချဉ်သီးကို အနီရောင် ဖြစ်စေတဲ့ ဓာတ်ပါ။ ခရမ်းချဉ်သီး အရောင်ရင့်လေ Lycopene ဓာတ်များလေပါပဲ။ ရောဂါတိုက်ဖျက်မှု ဆီးအိတ်ကင်ဆာ လေ့လာချက်တွေအရ ခရမ်းချဉ်သီးကနေ Lycopene ဓာတ် အများဆုံး ရရှိတဲ့ […]


ေမာင္ရိုးNovember 11, 20121min24532
မကြာသေးမှီကပဲ ခရီးတစ်ခုထွက်ဖြစ်ပါတယ် ။ အလုပ်ကိစ္စနဲ့ နယ်ဘက်ကို ဆိုပါတော့ ။ သွားရင်း လာရင်း တွေ ့ကြုံခဲ့တာတွေရယ် တွေးမိတဲ့ အတွေးတွေရယ် ပြန်ပြောင်းအောက်မေ ့သတိယတာတွေရယ် ကို နဲနဲ လောက်တော ့ မောင်းထု ပါရစေ …….။ ကျနော် အခုပြောမဲ့အကြောင်းအရာတွေ ၊ ဖြစ်ရပ်တွေဟာ မြို ့ပေါ်နေ ပညာတတ် လူတတ်တန်းစားနဲ့ အထက် လူတွေနဲ့တော့ သိပ်ပြီးမသက်ဆိုင်လှပါဘူး ။ သို့သော် လည်း …….မြန်မာပြည်ရဲ ့ ဆင်းရဲသားအောက်ခြေ လူတန်းစား များစွာနဲ့တော့ အထူးသက်ဆိုင်လှပါတယ် ……။ ရန်ကုန်မြို ့ဧရိယာ မှာ (၇)သန်း ခန် ့နေထိုင် ကြတယ်လို့ ကြားဖူးပါတယ် ။ အတိအကျတော့ မဟုတ်ဘူးးပေါ ့ […]


Ma EiNovember 8, 20122min21230
သီတင်းကျွတ်မှာစားစရာ… သီတင်းကျွတ်မှာ ကန်တော့ဘို့ရာရှိလို့ Trader Hotel က ဒေါ်လှ 25 တန် Cherry,  Chocolate Cake တစ်လုံးဝယ်လိုက်ပါတယ်… လှလဲလှ ရနံ့လေးကလဲ စားပစ်ချင်လောက်အောင်ကို် မွှေးနေတာ…အဲ့ဒါ MG က ရွာသူား တွေကို သတိရတာနဲ့ ဘဲ… Cherry  Cake  အပြင် ကိုယ်တိုင်လုပ်ထားတဲ့ အုန်းသီး နို့မလိုင် ပေါင်မုန့်လေး လဲ တင်လိုက်မယ်နော်… ဌာပနာရန် အတွက် အုန်းယို၊ပဲ၊ နာနတ်ယို၊ ဒူးရင်းယို စသည်ဖြင့် အမျိုးမျိုး  ထည့်နိုင်ပါတယ်… ထည့်သွင်းတဲ့ ဌာပနာ အလိုက် အမည်အမျိုးမျိုးခေါ်လို့ရတဲ့ ပေါင်မုန့်ကလေးတွေ ဖြစ်သွားမှာပါ… အုန်းသီးပေါင်မုန့်၊ ပဲပေါင်မုန့် စသည်ဖြင့်ပေါ့… အခု ပေါင်မုန့်ကတော့ အုန်းသီးနဲ့ နို့မလိုင် ယိုလေး မွန်ကစ်တို့ […]


NovyNovember 6, 20121min24340
ပန်းသီးပုံးလိုက်ဝယ်မယ်ဆိုရင် သတိထားဖို့နဲ့ သိထားစရာလေးတွေကို ကိုယ်တွေခံခဲ့ရလို့ ရွာသူားတွေကိုလည်း နိုဗွီလို မအေး၂ခါမနားရလေအောင် ပြန်လည်ဝေမျှလိုက်ပါတယ် ကန်တော့ရမဲ့လူကြီးတွေများလွန်းလို့ ပန်းသီးနဲ့ ပန်းသစ်တော် ပုံးလိုက်ဝယ်မှအစဉ်ပြေမယ် ဒါကြောင့်မို့   ပြီခဲ့တဲ့ စနေနေ့ညနေက သီရိမင်္ဂလာဈေးကို ရောက်ခဲ့တယ်ပေါ့ အရင်တုံးကလည်း ၁နှစ်ကို ၂ခေါက်လောက်တော့ ပုံးလိုက်ဝယ်ဖြစ်ပါတယ် အခုလို အဖြစ်မျိုး မကြုံဘူးပါဘူး ပန်းသစ်တော်ဝယ်တာဘာပြဿနာမှ မရှိပေးမဲ့ ပန်းသီးဝယ်တာမှာတော့ ခံလိုက်ရပါတယ် ပန်းသီး ၁ပုံးကို ၂သောင်း ပေးရပါတယ် အကန့်၄ကန့်ပါတယ် တစ်ကန့်မှာ ၁၅လုံးပါ အပေါ်ကန့်ကို ဖွင့်ပြတယ် အပြည့်ပါတယ် အောက်မှာလဲဒီအတိုင်းပဲလို့ပြောတယ် ကိုယ်လည်းအောက်ကို မဖွင့်ခိုင်းမိလိုက်ဘူး အိမ်ရောက်တော့ ပုံးကိုဖွင့်ပြီးကတော့ဖို့အတွက် အလုံးတွေကို ထုတ်တော့မှ ဒုတိယ အကန့်မှာ ၆လုံးရော့နေတယ် စိတ်တော့တိုသွားတယ် ပြီးတော့မှ ဒီလောက်နဲ့တော့ ကိုယ်လည်းမွဲမသွားပါဘူးလေးဆိုပြီး စိတ်ကိုဖြေလိုက်တယ် ပြီးတော့တတိယအကန့်ကိုဖွင့်ချိန်မှာတော့ ဒေါသကငယ်ထိပ်ရောက်သွားတယ် […]


ခင္ခNovember 5, 20121min24022
စားစရာထဲက အဆိပ်သင့်ဓါတုပစ္စည်းများ မြန်မာနိုင်ငံသားတွေအတွက် အစားအသောက်တွေကနေ တဆင့်ကြုံတွေ့ရနိုင်တဲ့ ဓာတုအဆိပ်သင့် နိုင်ချေ တွေအကြောင်း ကိုမျှဝေရေးပါရစေ။ အလွန်အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေကို လူတွေအတွက် အဆိပ်သင့်စေမှန်းမသိကြဘဲ မြန်မာနိုင်ငံထဲက စားသောက်ကုန်လုပ်ငန်း တွေမှာ တွင်တွင်ကျယ်ကျယ် သုံးနေတာတွေ့ရပါတယ်။ ဒီအထဲမှာ အဓိက သုံးနေ တာက အစားအသောက်ကို တာရှည်ခံအောင် လုပ်တဲ့ နေရာမှာ သုံးနေတာလို့ ဓာတုဗေဒ ပညာရှင် ဒေါက်တာ ခင်မောင်ညိုက ပြောပါတယ်။ အဓိက ဒီမှာ သုံးနေကြတာက အစားအသောက်ကို တာရှည်ခံအောင်လုပ်တဲ့ ပစ္စည်းတွေပေါ့။ ဥပမာ ဝက်အူ ချောင်းမှာ ဆိုရင် ယမ်းစိမ်း ထည့်မယ်၊ မုန့်ဟင်းခါးမှာ ဆိုရင် ဘိုရက်စ် လို့ခေါ်တဲ့ လက်ချားတွေထည့်မယ်ပေါ့။ မုန့်ဟင်းခါးမှာ ၂ မျိုး ရှိတယ်။ ရှယ်နဲ့ရိုးရိုးနဲ့ပေါ့။ ရှယ်ဆိုရင်တော့ […]


ခင္ခNovember 5, 20121min1939
သိထားသင့်ပါတဲ့ အစာနှင့်ဓာတ်မတည့်ခြင်း ( Allergy ) အကြောင်း အစားအစာနှင့် ဓာတ်မတည့်ခြင်းဟူသော ပြသနာသည် အလွန် အရေးကြီးသော ကျန်းမာ ရေး ပြသနာ တစ်ခု လို ့ ဆိုနိုင်ပါတယ်။ အစားအစာတစ်ခုကို စားလိုက်တဲ့အခါ အဲဒီလူရဲ့ ခုခံအားစနစ်က တုံ ့ပြန် တိုက်ခိုက်မှု ဖြစ် လာစေခဲ့လျှင် အဲဒါကို အစားအစာနှင့် ဓာတ်မတည့်ခြင်း Food Allergy လို ့ ခေါ်ပါ တယ်။ ဓာတ်မတည့်မှု ဖြစ်စေသော အစားအစာထဲမှာ ပါဝင်နေတဲ့ အသားဓာတ် ပရိုတိန်းကြောင့် ဓာတ်မတည့်သည့် ပြသနာများ ဖြစ်ပေါ် လာရခြင်း ဖြစ်တယ်။ အဲဒီ အသားဓာတ်ကို Food Allergy လို ့ခေါ်တယ်။ Antibody ဆိုတာကတော့ ခန္ဓာကိုယ်မှ […]


ခင္ခNovember 3, 20121min47127
ကြို့ထိုးတာကို ရပ်စေလိုလျှင် ကြို့ထိုးတာကို လူတိုင်းနီးပါး ကြုံဖူးကြမှာပါ။ ရောဂါကြီးကြီးမားမား မဟုတ်ပေမယ့် သင့်ကိုစိတ်အနှောင့် အယှက် ဖြစ်စေပါတယ်။ ဒါကြောင့် ကြို့ထိုးတဲ့အခါ အောက်ပါနည်းတွေထဲက သင်နဲ့ သင့်တော်ရာ တစ်နည်းနည်းကို လုပ်ဆောင်ကြည့်ပါ။ ၁) အချိုစားပါ ပါးစပ်ထဲမှာရှိတဲ့ အာရုံကြောတွေက အချိုဓာတ်ကို ရရှိတာကြောင့် ကြို့ထိုးတာ သက်သာသွားစေပါတယ်။ သကြားတစ်ဇွန်းကို ယူပြီး လျှာအရင်းမှာ တင်ထားပြီး အချိုအရသာကို စိတ်နဲ့ ခံစားပေးပါ။ ၂) နားထဲ လက်ချောင်းထည့်ပါ နားထဲကို သင့်လက်ချောင်းလေး ထည့်ပေးတာက ကြို့ထိုးတာကို သက်သာစေပါတယ်။ ဦးနှောက်ကလာတဲ့ အာရုံကြောနံပါတ် ၁ဝ က အကြားအာရုံ အဖွဲ့အစည်းထဲကို ရောက်ပါတယ်။ နားထဲကို လက်ချောင်းထည့်ပြီး အာရုံကြော အဆုံးပိုင်းကို နှိုးဆွပေးတာကြောင့် ကြို့ထိုးတာကို သက်သာစေတာပါ။ ညင်ညင်သာသာ […]


ခင္ခNovember 2, 20121min31027
ရုံးပတီသီးက ပေးတဲ့ ကျန်းမာရေး ရုံးပတီသီးမှာ စားလို့ လည်းကောင်းပြီး ပေးစွမ်းနိူင်တဲ့ အကျိုးကျေးဇူးတွေကတော့ – အရိုးကိုသန်မာစေသည်။ – နှလုံးကိုကာကွယ်ပေးသည်။ – အဆစ်အမျက်ရောင်ရမ်းခြင်းကို သက်သာလျော့ပါးစေသည်။ – သွေးပေါင်ချိန်ကိုထိန်းပေးသည်။ – သွေးစီးဆင်းမှုကို ပိုကောင်းစေသည်။ ရုံးပတီသီးက ကျန်းမာရေးအတွက် အထောက်အကူပြု အကျိုးကျေးဇူးအနေနဲ့အောက်ပါအတိုင်း ရရှိနိုင်တာလေ့လာတွေ့ရပါတယ်။ (၁) နှလုံးရောဂါကာကွယ်သည် ရုံးပတီသီးမှာ Antioxidants ပါဝင်သဖြင့် သွေးကြောနံရံများ မာတောင့်ခြင်းကို ကာကွယ်သည်။ သွေးကြော နံရံများ မာလာရင် သွေးစီးနှုန်းနှေးပြီး စေးပျစ်ကာ သွေးခဲစေသဖြင့် အန္တရာယ် ရှိသည်။ ရုံးပတီသီးရှိ Vitamin C သည် ထိပ်တန်း အင်တီအောက်စီးဒင့်ဖြစ်ကာ နှလုံးရောဂါဖြစ်နိုင်ခြေ အန္တရာယ်ကို လျော့ပါးစေသည်။ ရုံးပတီသီး လက်ဖက်ရည်တစ်ပန်းကန်စာသည် ခရမ်းချဉ်သီး လက်ဖက်ရည်တစ်ပန်းကန်စာထက် ဗီတာမင်စီ […]


Ma EiNovember 1, 20121min35739
သချင်္ာနည်းနဲ့  ငါးပေါင်းကြော် .…   …ဒီငါးကလေးတွေကို မေမေတို့ ငါးပေါင်းကြော်လုပ်စားကြမယ်လေ… …ငါးပိစိ ကလေးတွေ အရိုးကသေးသေးလေးများ ပေါင်းဘို့မလိုပါဘူးမေမေရယ်၊ ဒီတိုင်းကြော်လိုက်ပါ… …အမ်..မပေါင်းပါဘူး သမီးရဲ့ မုန့်နှစ်နဲ့ ကြော်မှာကိုပြောတာ… …ဟိုနေ့က ငါးကြတော့ ပေါင်းတာလေ…ခုရော ပေါင်းပြီးမှ ကြော်မှာလား… …အော်..အဲ့နေ့က ငါးက ငါးသလောက်ပေါင်းစားတာ..ဟင်းချက်နည်းနဲ့ ပေါင်းတာ၊ ခုငါးလေးတွေက သချင်္ာနည်းနဲ့ တစ်ကောင်၊နှစ်ကောင် အများကြီးပေါင်းကြော်မှာ သိပြီလား ခလေးလေး… …ဒီလိုလား..မြန်မြန်ကြော်နော်.. သမီးလေးနဲ့ ကျမ အခေါ်အဝေါ် ကိစ္စရှင်းပြီးမှဘဲ ငါးပေါင်းကြော် စကြော်ရပါတော့တယ်… ငါးကလေးတွေကို ရွှေလိပ်ပြာ အကြော်မှုန့် နဲ့ နယ်ပြီး ပန်းကန်ပြားလေးနဲ့ အနေတော်ထည့်ထားလိုက်ပါတယ်… ဆီဆူလာရင် ပန်းကန်ပြား အချပ်လေးအတိုင်း အလိုက်သင့် လောင်းထည့်လိုက်ရုံပါဘဲ… ရွှေညိုရောင်လေးသမ်းလာရင် အိုးထဲကဆယ်လို့ အလှဆင်ပြီးစားလို့ရပြီပေါ့နော်… ကဲ..အန်တီမအိရဲ့ သင်္ချာနည်းနဲ့ […]


ခင္ခNovember 1, 20121min30147
ငါးများများစားပါ နှင့် ကျန်းမာရေးအတွက် ထိရောက်သော ငါးစားနည်း။ ငါးလေးလို့ဆိုတဲ့ ငါးက ငါးသလဲထိုး လို့လည်းခေါ်ကြတယ်၊ ခေါင်းတစ်ရာသားလေးတွေလို့လည်း ခေါ်ကြ တယ်၊ တစ်ချို့ရယ်စရာပြောတာရှိတယ် တစ်ခါက ခေါင်းတစ်ရာငါးစားရင် ချမ်းသာသက်ရှည်တယ်ဆိုလို့ ကြက်၊ ဝက်၊ ဘဲငန်းများကို အကောင်တစ်ရာသတ်ပြီး ဟင်းပွဲတည်သည့် သူဌေးသားကတော့ မွဲသွားပါတယ်တဲ့၊ ခေါင်းတစ်ရာသားဆိုတာ ရှေးလူကြီးတွေပြောခဲ့တာ ဈေးသက်သာသည့် ငါးသလဲထိုး ငါးကို များများစားပါလို့ တင်စားပြောခဲ့တာဖြစ်ကြောင်း ဖတ်ဖူးပါတယ်။ ငါးသလဲထိုးမှာ ရေထဲတွင် အလွန်လျှင်မြန်စွာ ကူးနိုင်သောငါးအမျိုးအစားဖြစ်ပြီး မြန်မာတိုင်းရင်းဆေး ဆရာများ အဆိုအရ လေဖြတ် ဝေဒနာသည်များကို အာရုံကြောများ ပြန်လည်ရှင်သန်စေရန် အတွက် ငါးကလေးအိုးကပ် စားပေးသင့်ကြောင်း ညွှန်းဆိုကြပါတယ်၊ ငါးအမျိုးမျိုးတို့အပေါ် တိုင်းရင်းဆေးရှု့ထောင့်မှနေပြီး ဒီလိုခွဲခြားပြောပါတယ်၊ ငါးခူ၊ ငါးကျည်း၊ ငါးပြေမ၊ ငါးသလဲထိုး စသည်တို့မှာ တက်စာဖြစ်သည်။ […]


ဇီဇီOctober 31, 20121min36131
  တိုတို ထွာထွာ၊ ပေါက်တတ်ကရ   ဘာကြီးတုန်းလို့မထင်လိုက်ကြပါနဲ့ဗျို့။ ရေးချင်တာတွေက များပြီး ဘာရေးရမှန်းမသိလို့ စိတ်ထဲရှိတာတွေ ရေးလိုက်တာမို့ပါ။ အစားအသောက်၊ လှပရေးရာ၊ ချစ်မှုချစ်ရေး စသည်ဖြင့် ရေးပါ့မယ်။ လိုရာယူကြပါ။ ဖတ်ထား၊ မှတ်ထားတာတွေထဲက ကိုယ်တွေ့တွေပဲ ပြောမှာနော်။ ၁) ဘီယာ တစ်လုံး လိုရာသုံး မျက်စိပြူးမသွားကြပါနဲ့။ သူများတွေ သီလယူနေတဲ့ ကာလမှာ ဘီယာသောက်ဖို့ ဆွဲဆောင်နေခြင်းမဟုတ်ပါ။ အသုံးချပုံကိုသာ ရေးလိုခြင်းဖြစ်၏။ ဘဲနဲ့ပေါင်းပါ။ (အပျိုကြီးများ တခြား အဓိပ္ပာယ် မတွေးစေလိုပါ။) ဘဲပေါင်း ပေါင်းရာတွင် ရေ အစား ဘီယာသုံးရန် ဆိုလိုခြင်းပါ။ ဘဲတစ်ကောင်ကို ဘီယာတစ်ဘူးထည့်ပါ။ ကောင်းကျိုးတွေကတော့ အနူးမြန်၏။ ပိုမွှေး၏။ အရသာပိုကောင်း၏။ တော်ရုံ အစားအသောက် စိတ်မဝင်စားသော ကိုကို များပင်လျှင် […]


ခင္ခOctober 26, 20121min21013
ဗိုက်ဆီကျစေတဲ့ အစားအစာများ အခုပြောမယ့် အကြောင်းအရာကတော့ ဗိုက်ဆီရှိတဲ့ သူတွေအတွက်ဖြစ်ပါတယ်။ အဆီအစိမ့်တွေ စားပြီး ဗိုက်အဆီ တက်နေသူတွေအတွက် အဆင်ပြေစေမယ့် နည်းလမ်းကောင်းလေးပါ။ ဗိုက်မှာအဆီတက်နေတဲ့ သူတွေအတွက် စားသုံးသင့်တဲ့ အသီးကတော့ ထောပတ်သီးပဲ ဖြစ်ပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ ဓာတ်တွေကတော့ ဗီတာမင် အီးနဲ့ ဘီ၊ ဖောလစ်အက်စစ်၊ ပိုတက်ဆီယမ်၊ အမျှင် ( Fiber) အစရှိတဲ့ ဓာတ်များ ပါဝင်တဲ့ အတွက် ခန္ဓာကိုယ်မှာရှိတဲ့ ကယ်လိုရီနဲ့ အဆီတွေကို လည်း လျှော့ချ ပေးပါတယ်။ ရှေးယခင်က ဂရိလူမျိုးတွေကတော့ သံလွင်ဆီကို နတ်ဘုရားလို ကိုးကွယ်ခဲ့ကြပါပြီး ရှေးခေတ် အီဂျစ် လူမျိုးတွေကတော့ ထောပတ်သီးကို မျိုးပွားစေနိုင်တဲ့ အသီးတမျိုးအဖြစ် သတ်မှတ်ထားခဲ့ကြပါတယ်။ ဒါကြောင့် ထောပတ်သီး အာနိသင်ကိုလည်း အနည်းအကျဉ်းတော့ […]