weiweiMarch 24, 20122min38540
ဒီကနေ့ မိတ်ဆွေတစ်ယောက်ရဲ့အလှူကို သွားဖြစ်ခဲ့တယ်။ သာကေတမြို့နယ်ထဲက ရပ်ကွက်တစ်ခုထဲမှာ … စတုဒီသာအလှူပါ … အလှူရှင်မိသားစုက နှစ်စဉ်နှစ်တိုင်း ရပ်ကွက်ထဲက ကလေးတွေကို စတုဒီသာကျွေးမွေးလေ့ရှိပါတယ် … အများအားဖြင့် မုန့်ဟင်းခါးကျွေးလေ့ရှိပြီး တစ်ခါတစ်ရံ ထမင်းနဲ့ဟင်း ကျွေးပါတယ် … ဒီနှစ်မှာတော့ ထူးထူးခြားခြားဖြစ်အောင် ကြက်ဆီထမင်း ကျွေးတယ် … KCK ကနေ ပွဲ ၅၀ဝ မှာပြီး အိမ်ရှေ့မှာ ခုံတွေခင်းကာ ကြိုက်တဲ့သူဝင်စား .. အဝစားပါပဲ … ကျွန်မလဲဝင်စားခဲ့တဲ့ အလှူလေးကို မှတ်တမ်းတင်ထားရင်း အားလုံးကို မျှဝေလိုက်ပါတယ် …


weiweiMarch 23, 20121min39440
ကြက်ခြေထောက်သုတ်လုပ်ဖြစ်ပုံက ရာဇဝင်နဲ့ … ကျွန်မက ကြက်ခြေထောက်ကို စားစရာလို့မထင်ခဲ့လို့ တစ်ခါမှ ချက်မစားဖြစ်ခဲ့ပါဘူး။ ကောင်းမယ်လို့လဲ မထင်ခဲ့ဘူး။ လွန်ခဲ့တဲ့ တစ်လလောက်က ရွာထဲကသူငယ်ချင်းတစ်ယောက်ဆီ သွားလည်ဖြစ်ရင်း ကြက်ခြေထောက်သုတ်လိုက်ကျွေးမယ်ဆိုတာနဲ့ လမ်းဘေးမှာထိုင်စားရတဲ့ ဆိုင်ကလေးတစ်ဆိုင်ဆီရောက်သွားဖြစ်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် မကြိုက်ဘူးလို့ပြောရမှာအားနာတာနဲ့ စားကြည့်လိုက်မယ်ဆိုပြီး စားကြည့်မိရာက အခုလိုပို့စ်တင်ဖြစ်သည်အထိ ကိုယ်တိုင်လုပ်စားဖြစ်သွားပါတယ်။ လုပ်နည်းကလွယ်ကူပြီး စားလို့ကောင်းတဲ့အတွက် ခိုးချလိုက်ပြီး ပြန်လည်ဖောက်သည်ချလိုက်ခြင်းဖြစ်ပါတယ် …. ပါဝင်သောပစ္စည်းများ ကြက်ခြေထောက် ……. (၅) ချောင်း ကြက်သွန်နီဥကြီး …….. တစ်လုံး ခရမ်းချဉ်သီး ……… တစ်လုံး ရှမ်းနံနံ ………. ၂ ပင် မန်းကျီးသီးမှည့် ….. အနဲငယ် ပဲအကျက်မှုန့် ….. အနဲငယ် ယိုးဒယားငံပြာရည် …. အနဲငယ် ငရုတ်သီးအကျက်မှုန့် …. အနဲငယ် […]


နွယ်ပင်March 22, 20122min83136
ငါးကိုဆားဆနွင်းနယ်ထားတာပါ သရက်သီးလေးကို ဒီလိုလေး ပါးပါးလှီးတယ် တစ်နေ့တစ်နေ့ အိမ်ရှင်မတစ်ယောက်ရဲ့ တာဝန်ကလည်း မသေးဘူး ချက်ရပြုတ်ရ လျှော်ရဖွတ်ရနဲ့ ဟင်းတွေကလည်း နေ့တိုင်းချက်နေရတော့ ဘာချက်ရမှန်းကို မသိတော့ဘူး အပြောင်းအလဲ လေးလဲဖြစ်အောင်နေ့တိုင်းစားနေရတာနဲ့ မတူအောင် တစ်မျိုးလေးစမ်းချက်ကြည့်မယ်ဆိုတော့ ဒီတစ်ပတ်ထုတ် 7 day journal ထဲက ငါးဟင်းလေးချက်ကြည့်မလား စိတ်ကူးမိတယ် ။အခုဟာ ရာသီဥတုကလည်း ပူလာတော့ သိပ်အီတာမျိုးမဟုတ်ဘဲ ငါးကို ချဉ်စပ်လေး ချက်စားဖြစ်တယ် ။ အရင်ဆုံး ငါးကိုဆားဆနွင်းနယ်ပြီး နပ်ထားတုန်း သရက်သီးစိမ်း ခပ်ရွယ်ရွယ်တစ်လုံးကို ခပ်ပါးပါးလေးလှီးထားပါတယ် .ပြီးရင် ကြက်သွန်ဖြူနီကိုဆီသတ် ငပိစိမ်းစားလေး နည်းနည်းပါထည့်ပြီး သတ်ပါတယ် ဆီသတ်တာ ရလောက်ပြီဆို ခုနကလှီးထားတဲ့ သရက်သီးစိမ်းလေးကို ထည့်ပြီး သရက်သီးနွမ်းသွားပြီဆို ဆားဆနွင်းနယ်ထားတဲ့ ငါးကိုထည့် ရေအနည်းငယ်ထည့်ပြီးဆူအောင်တည်ပါတယ် ။ ဟင်းအိုးကဆူပြီဆိုရင်တော့ […]


Ma EiMarch 19, 20122min34029
ငါးဖယ်လား၊ပြောင်းဖူးလား… Sat,Sun ရုံးပိတ်ရက်မှာ ကော်ပြန့်ကြော် လုပ်စားကြပါတယ်… ငါးဖယ်နဲ့ တစ်ရက်၊ ပြောင်းဖူးနဲ့ တစ်ရက်ပါ… ပုံလေး တင်လိုက်မယ်နော်… ပြုလုပ်ပုံလေးလဲပြောမယ်နော်… 1.ငါးဖယ်ခြစ် ကိုဂျင်း၊ကြက်သွန်ဖြူ နနွင်း၊ဆား တို့ဖြင့် ထောင်းထားပါ… 2.မုန်လာဥနီ ကိုအတုံးသေးသေးများ တုံးပါ… 3.ထောင်းထားသော ငါးဖယ်ခြစ် ဥနီတုံး ငရုတ်ကောင်းမှုန့် နဲနဲ ထည့်နယ်ပြီး အနေတော်အတုံးလေးများတုံးထားရင် အဆာဖြစ်ပါပြီ… ဒါလေးက ပြောင်းဖူးနဲ့ပါ… သူကပိုလွယ်တယ်… 1.ပြောင်ဖူး(ပန်မျိုး က ပိုချိုတယ်) ပါးပါးလှီးပါ… 2.ကော်ပြန့်ရွက်လေးထဲထည့်ပြီး လိပ်လိုက်ရင်ရပါပြီ… ကော်ပြန့်လိပ်ကလေးတွေကို မီးအေးအေးနဲ့ ကြော်ရပါမယ်… ဆီကြော်စာ ရှောင်သူတွေလဲ စားလို့ရအာင် ဇကာလေးပေါ်မှာထားပြီးဆီကိုစစ်ထားပါတယ်… ကော်ဖီ နဲ့ အအေးလဲပါတယ်… သမီးလေးကတော့ ပြောင်းဖူးကော်ပြန့် ဘဲကြိုက်တယ်… မအိတော့ နှစ်မျိုး စလုံး အကြိုက်ဘဲ… ရွာသူ၊ရွာသားတွေရော […]


Ma EiMarch 15, 20121min82347
အပျင်းပြေ… ရွာထဲမှာ ပျင်းနေကြတဲ့သူတွေအတွက် ဖက်ထုပ်ပေါင်းလေး တင်ပေးလိုက်ပါတယ်… အပျင်းပြေစားကြပါနော်… ပြုလုပ်ပုံလေးလဲပြောမယ်နော်.. 1.ငါးဖယ်ခြစ် ကို ဂျင်း၊ကြက်သွန်ဖြူ၊ဆား၊နနွင်း နှင့် ထောင်းထားပါ… 2.ပုဇွန် ကို အခွံခွာ ချေးကြောင်းဖယ်၊နုတ်နုတ်စင်းပါ… 3.ဥနီ၊ကြက်သွန်မိတ် သေးသေးလှီးပါ… 4.မွှေးကော်မှုန့် အနည်းငယ်နှင့် အားလုံးရောနယ် လိုက်ရင် အဆာရပါပြီ… ဖက်ထုပ်ရွက်လေးထဲ ထည့်ပြီး အတွန့်လေးဖြစ်အောင်ထုပ်ပါမယ်… ဖက်ထုပ်အတွန့်လေးတွေကို ပေါင်းအိုးနဲ့ မိနစ်20လောက်ပေါင်းလိုက်ရင်စားလို့ရပါပြီ… အချဉ်အတွက် ငရုတ်စိမ်းတွေကို ရေနွေးနဲ့ ခဏပြုတ်ပြီး ကြက်သွန်ဖြူနဲ့ ရောကြိတ်လိုက်ပါ… သုံပုရာရည်ညှစ် ဆားလေးထည့်လိုက်ရင် ရပါပြီ.. ကော်ဖီမမမို့ ကော်ဖီဖျော်လိုက်အုံးမယ်… အိမ်သားတွေ လက်သွက်လို့ ခဏနေပါဦး ဆိုပြီး ဓါတ်ပုံအမြန်ရိုက်ရတယ်… အပျင်းပြေစားကြပါနော်…    


koaungFebruary 19, 20121min15110
မြင်မိတဲ့ဟင်းလျှာများ (၃) ဖြစ်ပါတယ် မြင်သာမြင်ရမကြင်ရဖြစ်ခဲ့ရင်တော့ ခွင့်လွှတ်နားလည်ပေးစေလိုပါကြောင်း ဗဟုသုတရစေရန်ရည်ရွယ်ပါ၏                       သည်းခံအားပေးကြပါခင်ဗျား ရွာသူရွာသားများအားအစဉ်လေးစားလျှက်   မောင်အောင်


padonmarFebruary 14, 20121min104245
ချိုချင်ရင် အနီရွေးပါလို့၊ အဆိမ့်လေး အဖြူပါ ပဲပြုတ်လည်းလာ၊ နံနံသာ ထည့်ပါတော့မနှေး၊ နှမ်းထောင်းပါ မကျန်ရတယ်ကွယ်၊ ပျားသလက်တဲ့လေး။ မြန်မာ့စားစရာတွေပုံ ပြက္ခဒိန်ထုတ်ချင်တယ်လို့ သူကြီးစာဖတ်ရတော့ မြန်မာ့ရိုးရာစစ်စစ် မုန့်ပျားသလက်(မုန့်ပျစ်စလက်လို့လည်း ခေါ်တတ်ကြတယ်လေ)ကို သတိရမိပါတယ်။ ဒါနဲ့ စမ်းချောင်းမဟာဘောဂလမ်းက ရွှေရည် လက်ဖက်ရည်ဆိုင်မှာ ရောင်းတဲ့ မုန့်ပျားသလက်သည်လေးကို သွားရိုက်လာပါတယ်။ ပုံကတော့ မကောင်းပါဘူး။ ကလေးမလေးကိုလည်း လုလင်လို သရုပ်မဆောင်ခိုင်းတတ်တော့ ပုံက လှလှပပ မထွက်လာဘူး၊ idea လေးပေးချင်တာပါ။ဒါ့ပုံဆရာတွေ ရိုက်ပေးကြပေါ့။ မရေးတတ်ပဲရေးထားတဲ့ ကဗျာကိုကဗျာဆရာတွေကတော့ ရီမှာပဲ။ ကဲ ဘာပဲဖြစ်ဖြစ် မုန့်လုပ်နည်းလေး ရေးဖူးတယ်ရှိအောင် အိမ်တွင်းမှုစာအုပ်ကကူးပေးမယ်။ (ဂီဂီကပြောတယ်လေ ဦးမာတို့ဦးကြာတို့က မုန့်လုပ်နည်း၊ဇာထိုးနည်းတွေ မရေးလို့ သများတို့ ခြောက်ရပါတယ်တဲ့) တရားခံမဖြစ်အောင် လိုင်းပြောင်းမယ်ရွာစားရေ။ လူ၂ဝဦးစာမုန့်ပျားသလက်လုပ်နည်း ဆန်ကြမ်း နို့ဆီဘူး ၄လုံး […]


weiweiFebruary 12, 20121min22618
ဒီကနေ့ ပိတ်ရက်လဲဖြစ်တာနဲ့ အလွန်လွယ်ကူရိုးရှင်းပြီး အာဟာရဓါတ်ပြည့်ဝတဲ့ အာလူးဆနွင်းမကင်းလုပ်စားဖြစ်ပါတယ် … ပါဝင်သည့်ပစ္စည်းများ အာလူး ….. ၃ဝ ကျပ်သား (ကီလိုဝက်) ခန့် သကြား ….. စတီးဇွန်းခပ်မောက်မောက် ၄ ဇွန်း ဂျုံမှုန့် ….. စတီးဇွန်းခပ်မောက်မောက် ၅ ဇွန်း အုန်းနို့အပျစ် ….. ၁၆ဝ မီလီလီတာ (ရယ်ဒီမိတ် ဗူးသေးတစ်ဗူး) ထောပတ် ….. စတီးဇွန်းတစ်ဇွန်း ဆား …. အနည်းငယ် ဘိန်းစေ့ …. အနည်းငယ် ပြုလုပ်ပုံအဆင့်ဆင့် အာလူးကို နူးအောင်အရင်ပြုတ်ရပါမယ်။ ပြီးရင် အခွံနွှာပြီး အာလူးသားများကို ကျေအောင်ခြေပေးရပါမယ်။ ထို့နောက် သကြား၊ ဂျုံမှုန့်၊ ဆား၊ အုန်းနို့၊ ထောပတ်ထည့်ပြီး နှံအောင်မွှေရပါမယ်။ အဲဒီနောက် စတီးလင်ဗန်း (သို့မဟုတ်) […]


koaungFebruary 9, 20122min17814
မြင်မိတဲ့ဟင်းလျှာများ (၂) ဖြစ်ပါတယ် မြင်သာမြင်ရမကြင်ရဖြစ်ခဲ့ရင်တော့ ခွင့်လွှတ်နားလည်ပေးစေလိုပါကြောင်း ဗဟုသုတရစေရန်ရည်ရွယ်ပါ၏   သူကြီးနဲ့ဆရာကြောင်ကြီးအကြိုက်ပေါ့ဗျား ကျနော်လဲကြိုက်ပါတယ်   မြန်မာပြည်ကငါးဆီပြန်အရသာနဲ့ခပ်ဆင်ဆင်တူပါတယ်   တချို့သောလူများ ကျန်းမာရေးအတွက်ကြက်ဟင်းခါးသီးကိုအထူးတလည်စားကြပါတယ်(ဝမ်တွင်းအေးစေပြီး အပူအပုက်စင်စေပြီ: အသားအရေလှစေကြောင်း သိရှိရပါတယ်) အရေပြားရောဂါရှိသူများအတွက် အထူးသင့်လျှော်ပါကြောင်း     သူကတော့ဆီးချိုထိန်းနိုင်တယ်လို့သိရှိရပါတယ် အမှုန့်လိုက်ရောင်းတတ်ပြီးတချို့ဆိုနွားနို့ ပဲနို့များနဲ့ရောပြီးသုံးဆောင်ကြပါကြောင်း     သပ်သပ်လွတ်စားသူများအထူးတလည် နှစ်သက်ကြပါကြောင်း   အရသာကတော့စားတတ်သွားရင်နှစ်သက်ကြပါတယ်     စပ်သလားမမေးနဲ့ မစားရသေးဘူးမြင်တာနဲ့ချွေးထွက်ပါကြောင်း       မန်းတလေးဂဇက်တွင် ပိုစတင်ကာစ ဖေးမကူညီခဲ့သော သူကြီး၊ကိုပေါက်ဖော်၊ကိုပေ၊ကိုနိုဇိုမိ၊မဆူး တို့အားကျေးဇူးအထူးတင်ရှိပါကြောင်း သည်းခံအားပေးကြပါခင်ဗျား ရွာသူရွာသားများအားအစဉ်လေးစားလျှက်   မောင်အောင်    


SandyFebruary 9, 20121min2009
အခုတော့ထမင်းစားမကောင်းတာနဲ့ဘာချက်စားရင်ကောင်းမလဲလို့စဉ်းစားရင်းအကြံရသွားတယ်။ မြန်မာတွေအကြိုက်ပေါ့” ခရမ်းချဉ်သီးငပိချက်” လေ။ လိုအပ်တာလေးတွေကတော့………………… ၁။ခရမ်းချဉ်သီး(အကြီး၂လုံး) ၂။ငရုတ်သီးဖွဲကြမ်း(အနည်းငယ်) ၃။ငရုတ်သီးစိမ်း(၄တောင့်) ၄။ကြက်သွန်နီ(၂လုံး) ၅။ကြက်သွန်ဖြူ(၁ဥ) ၆။ပုဇွန်ခြောက်မှုန့်(သင့်တော်သလို) ၇။ငံပြာရည်(အချို) ၈။အချိုမှုန့်(အနည်းငယ်) ၉။ပဲဆီ(အနည်းငယ်) အစီအစဉ်လေးတွေကတော့………………… ၁။ခရမ်းချဉ်သီး၂လုံးကိုအရင်ရေနွေးဆူဆူဖြင့်မိနစ်အနည်းငယ်ပြုတ်ပါ။ ၂။ကြက်သွန်အဖြူ၊အနီကိုလေးစိတ်စိတ်ပြီးငရုတ်သီးစိမ်း၊ဖွဲကြမ်းတို့ဖြင့်ရောထောင်းပါ။ (အချိုမှုန့်ပါထည့်ပါ) ၃။ပြုတ်ထားသောခရမ်းချဉ်သီး(အပျော့)ကိုပါရောပြီးထောင်းပါ။ ၄။ရောထောင်းထားပြီးသားများကိုဆီပူပူတွင်စတင်ချက်ပါ။ ၅။ပုဇွန်ခြောက်မှုန့်၊ငံပြာရည်တို့ပါထည့်ပါ။ ၆။သမအောင်မွေပါ။(၅မိန်ခန့်) ၇။လိုက်ဖက်သောတို့စရာများဖြင့်တွဲဖက်စားသုံးနိုင်ပါပြီ။ ဥပမာ………”ဂေါဖီပန်းပွင့်ပြုတ်”၊”နံနံပင်”၊”မုံလာဖူးရွက်ပြုတ်”…………………      


koaungFebruary 5, 20122min23717
ကျနော်မြင်မိတဲ့ စားစရာဟင်းလျှာများဖြစ်ပါတယ် အသိတယောက်က အကူအညီတောင်းလို့ဓတ်ပုံရိုက်ရင်း ရွာသူရွာသားများအားမျှဝေပါ၏           လေးစားရပါသော မန်းတလေးဂဇက် သူဂျီးနဲ့ရွာသူရွာသားများ ခင်ဗျား  မြင်မိတဲ့ဟင်းလျှာများပုံဖြစ်ပါတယ် သီခံအားပေးတော်မူကြပါ    မောင်အောင်


PareByokeFebruary 5, 201210min1191
     စက်ကူပန်း လက်မှုအနုပညာ အလှ  ချမ်းသာပါစေ အောင်မြင်ပါစေလို့ ပုံ ပန်းချီ နဲ့ဆုတောင်းပေး နှုတ်ခွန်းဆက်သ တဲ့သဘော   ကျန်ပုံတွေအတွက် Link လင့်များကိုနှိပ်ပါ (အီမေးတခုမှ ရတာ) http://www.mhwmm.com/Ch/NewsView.asp?ID=832 http://www.mhwmm.com/Ch/NewsView.asp?ID=829     —————————————-   နှစ်သစ်ကူး ချိန်မှာ ရန်ကုန်မြို့ ရဲ့ ရှုခင်းအလှအပတွေကို ကြည့်ကြရအောင်  တရုပ်တန်း မှ လမ်းဘေးဈေးဆိုင်များ နဲ့ ဝယ်သူပရိသတ်များ စည်စည်ကားကား ကောင်းကင်ဘုရား ပူဇော်ရန် “တီကွေ့” (မှုန့်အချို) ဝယ်ကြတာ ချက်ပြုပ်ပြီးပူဇော်ရန် အသီးအနှံ နဲ့ ပူဇော်ရန် အခြားအချိုမှုန့်ပါဘူးထုပ်များကို လာရောင်းကြတာ ဘုရားပူဇော်ရန် အသီးအနှံ များ ဈေးဆိုင်များ အကြား ခြင်သေ့ ၂ ကောင် […]


etoneJanuary 31, 20121min1308
ကြက်သွန်ဖြူကို လူအများစုက ကြိုက်ကြပေမယ့် … သူ့ရဲ့ ပြင်းလှတဲ့ အနံ့ကြောင့် အများနဲ့ပြောဆိုဆက်ဆံရတဲ့ အလုပ်ခွင်တွင်းနဲ့ ပါ့ဘလစ်နေရာမျိုးကို ရှောင်ပြီး အိမ်မှာသာစားကြတာများပါတယ် ။တစ်ချို့ကလည်း ကြက်သွန်ဖြူကို ဟင်းခတ်အမွေးကြိုင်နေဖြင့် ဆီသတ်စားကြသလို ၊ တစ်ချို့ကလည်း အသုတ်လိုမျိုး ၊ ဘိတ်ချဉ်လိုမျိုး ထည့်သုံးကြတယ် ။ ဒါ့ပြင် ကြက်သွန်ဖြူကို ဆီချက်ချက်ပြီး အသီးရွက်တွေနဲ့ အသုတ်လုပ်ရာတွင်လည်းကောင်း ၊ လ္ဘက်နဲ့ တွဲဖက်ပြီးတော့လည်းကောင်းစားကြတယ် … ။ ကျွန်မလည်း ကြက်သွန်ဖြူကြိုက်ပေမယ့် ….. အများနဲ့ ဆက်ဆံနေရတဲ့ လုပ်ငန်းခွင်အလုပ်ချိန်တွင်းမှာတော့ မစားဖြစ်ပါဘူး … ။ ကြက်သွန်ဖြူက အနံ ့ပြင်းသလို သူ့ရဲ့ ဆေးဖက်ဝင်မှုကလည်း ပြင်းပြင်းပျပျ ရှိလှပါတယ် … ။ ကြက်သွန်ဖြူစားခြင်းအားဖြင့် ကိုလက်စထရော(အဆီဓါတ်) ကိုလျော့ကျစေခြင်း ၊ […]