weiweiNovember 27, 20111min28922
ဒီကနေ့ချက်ပြထားတဲ့ အစားအစာက မနက်စာအဖြစ်စားသုံးဖို့ အဆင်ပြေပါတယ် … ညဘက်ကထဲက ဂျုံနဲ့နွားနို့ရောပြီး ဂျုံအပြားကို လုပ်ထားရပါတယ် … ကြက်သားခါးပတ်လဲ တစ်ခါထဲချက်ထားပြီး မနက်အိပ်ယာထတော့မှ လိပ်စားလိုက်ရုံပါပဲ … UZebak သူငယ်ချင်းကောင်မလေး လုပ်ကျွေးလေ့ရှိတဲ့ အစားအစာတစ်ခုကို အမှတ်တရပြန်လုပ်ပြီး လုပ်နည်းလေး မျှဝေပေးလိုက်ပါတယ် … လုပ်နေကျမဟုတ်လို့ မလှမပဖြစ်နေတာလေးတော့ နားလည်ခွင့်လွှတ်ပေးပါလို့ …. ပါဝင်သောပစ္စည်းများ ဂျုံမှုန့် …… အနည်းငယ် နွားနို့ …… ၂၅ဝ မီလီလီတာတစ်ဗူး သကြား၊ ဆား … သင့်တော်သလောက် ကြက်သားခါးပါတ်အတွက် ကြက်သွန်ဖြူနီ ကြက်သားအသားသီးသန့် ဆီ မဆလာ ပြုလုပ်ပုံအဆင့်ဆင့် ဂျုံအပြားပြုလုပ်ရန်အတွက် ဇလုံတစ်ခုထဲတွင် ဂျုံမှုန့်၊ နွားနို့၊ သကြား၊ ဆားနဲ့ ရေအနည်းငယ်ထပ်ထည့်ပြီး မပြစ်မကျဲအနေအထားရအောင် ဖျော်ထားရပါတယ်။ ထို့နောက် […]


water-melonOctober 27, 20111min21326
အခုဆောင်းတွင်းဝင်လာပြီဆိုတော့ ပုရစ်တွေလည်း ပေါ်လာပြီနော်။ ပုရစ်ဆိုတာ အပင်က ပုရစ်ဖူးကိုပြောတာဟုတ်ဘူးနော်။ အင်းဆက်မျိုးနွယ်ဝင် ပုရစ်ကိုပြောတာဗျ။ အခုဆို ရေကြည်ညောင်ပင်မှာဆို ပုရစ်တွေရောင်းကြတယ်။အများကြီးဘဲ သနားလည်းသနားပါတယ်။ မန်းလေးက ၇၃လမ်းပေါ်မှာဆိုရင် ပုရစ်တွေကြော်ရောင်းကြတယ်ဗျ။ သူတို့က ချီးရောထုတ်လားမသိဘူး ပြီးတော့ ခြေထောက်က ဆူးတွေရော ကတ်ကြေးနဲ့ညှပ်လားမသိဘူး။တော်ကြာ ဈေးသည်တွေ မန်းလေးဂဇတ်ဝင်ဖတ်ပြီး သူတို့စီးပွားရေးကို ဒုတ်နဲ့ထိုးပါတယ်ဆိုပြီး သူကြီးတိုင်နေရင် ဒုက္ခဗျ။ ပုရစ်ဖမ်းတာ ဒီလိုဖမ်းတာဗျ။ ပုရစ်တွင်းကို တွေ့ပြီဆိုရင် အပေါက်ကို နည်းနည်းကျယ်အောင်လုပ်ပြီး တွင်းထဲကိုရေလောင်းချတယ်ဗျ။ ပုရစ်တွေက ရေမွန်းပြီးထွက်လာမှ ဖမ်းတာတဲ့။ ဒီလိုဖမ်းလို့လည်း ရေတွေကြီးပြီး လူတွေ ဝဋ်လည်နေတာဗျ။ ဝမ်းရေးအတွက်လုပ်တာဆိုတော့လည်း ငရဲတို့ဝဋ်တို့က နောက်မှပေါ့ဗျ။  ကြုံတုန်းပြောလိုက်အုန်းမယ် အကောင် ၁၀ဝ ပါတဲ့ ပုရစ်မကို ၃၀၀ဝကျပ်တဲ့။ အထီးဘဲဆိုရင် ၂၀၀ဝကျပ်တဲ့။ ဈေးနှုန်းအတက်အကျရှိသည်။


TonySeptember 29, 20117min25717
တရုတ်နိုင်ငံတွင် စားသောက်ဆိုင်များ၊ အိမ်များမှ ရောင်းမကုန်စားမကုန်၍ မြောင်းအတွင်းစွန် ့ပစ်ထား သည် ့စားကြွင်းစားကျန်များမှ ဆီများအားစစ်ယူခပ်ထုတ်ကာဟင်းချက်ဆီအဖြစ်ပြန်လည်ရောင်းချသည် ့သ တင်းတစ်ပုဒ်ကို လွန်ခဲ ့သည် ့သီတင်းပတ်က ဒူဘိုင်းထုတ်နေ ့စဉ်သတင်းစာတွင် ဖတ်ရှုမိခဲ ့ရာမှ ကာလအ တန်ကြာက ဖတ်ရှုခဲ ့ရပြီးဘာသာမပြန်ရသေးသည် ့သတင်းတစ်ပုဒ်အား ပြန်ဆိုတင်ပြလိုက်ပါသည်… နောက်ဆက်တွဲအနေဖြင် ့ထိုသို ့ကျန်းမာရေးနှင် ့မညီညွတ်သည် ့ဆီများအားထုတ်လုပ်သည် ့သတင်းအား စုံစမ်းဖော်ထုတ်သည် ့သတင်းထောက်အား အဆိုပါ လုပ်ငန်းရှင်ဟုယူဆရသူက ဓါးဖြင် ့ထိုးသတ်လိုက် သည် ့အကြောင်းကိုပါ လွန်ခဲ ့သည် ့သုံးရက်ခန် ့က သတင်းစာတွင်ထပ်မံဖော်ပြခဲ ့ပါတယ်… ဒါကြောင် ့တရုတ်နိုင်ငံမှစားသုံးဆီများမြန်မာပြည်ဈေးကွက်သို ့ဝင်ရောက်နေသည်ဟုမကြားသိရသော် လည်း ထိုကဲ ့သို ့မသန် ့ရှင်းသောဆီများဖြင် ့ကြော်လှော်ထုတ်လုပ်နိုင်ဖွယ်ရှိသည် ့ကလေးသူငယ်များအ ကြိုက် […]


weiweiSeptember 17, 20112min14715
ဒီတစ်ခါချက်ပြထားတာက Uzbek ဥဇဘတ်လူမျိုး ကောင်မလေးတစ်ယောက်နဲ့ တစ်အိမ်ထဲ အတူနေခဲ့စဉ်က သူချက်လေ့ရှိတဲ့ ထမင်းဟင်းအရောချက်နည်းဖြစ်ပါတယ်။ မြန်မာပြည်မှာ ချက်လေ့ချက်ထမရှိလို့ ဗဟုသုတရအောင် တကူးတကချက်ပြီး မှတ်တမ်းတင်ထားပြီး ဝေမျှလိုက်ခြင်းဖြစ်ပါတယ်။ ဥဇဘတ်တွေက ထမင်းစားလေ့မရှိပဲ ဂျုံ အာလူးနဲ့ အသားတွေ စားကြပါတယ်။ ထမင်းနဲ့ဆိတ်သားကို အထူးဧည့်သည်လာမှ ချက်ကျွေးလေ့ရှိပါတယ်။ သူကတော့ ဆိတ်သားနဲ့ချက်လေ့ရှိပေမယ့် ကျွန်မက မြန်မာတွေအကြိုက် ကြက်သားကို အစားထိုးပြီး ချက်လိုက်ပါတယ်။ လွယ်လွယ်ကူကူချက်နိုင်လို့ စိတ်ဝင်စားရင် ချက်စားကြည့်ကြပါအုန်း … ပါဝင်သောပစ္စည်းများ ဆန် ၂ ဗူး (လူ ၄ ယောက်စာအတွက် ကြက်သား အတုံးကြီးကြီး ၄ တုံး (သို့မဟုတ်) အတုံးသေး ၈ တုံး ကြက်သွန်နီ …. အနေတော် ၈ လုံး မုန်လာဥနီ […]


ရွာထဲမှာရှိတဲ့အချိုဆိမ့်ကြိုက်တတ်သူတွေအတွက်ပါ။ အစားမတော်တလုပ်၊အသွားမတော်တလှမ်းဆိုတော့ သွားသတိ၊စားသတိပေါ့နော့။ကျွန်မထက်အသိဉာဏ်ပိုတဲ့သူတွေဆိုတော့ သိနှင့်ပြီးသားဖြစ်နေခဲ့ရင်လဲ မေ့မသွားအောင်တစ်ခေါက်ထပ်ဖတ်ပေးပါနော် ။ကွေကာအုပ်တွေဇွတ်သောက်ခိုင်းနေတော့ ကုမ္ပဏီကြော်ညာတော့မဟုတ်ရပါ။ ဆီးချိုကနှစ်မျိုးနှစ်စားရှိလေတော့ ကာကွယ်ကုသပေးနိုင်တဲ့ အစားအသောက်တွေကိုဖော်ပြပေးပါမယ်။ (၁)I အမျိုးအစားဆီးချိုရောဂါကာကွယ်ဖို ့အတွက် အနည်းဆုံးအားဖြင့် မွေးကင်းစကလေးငယ်များကို (၁)နှစ်အတွင်း နွားနို ့နှင့်နို ့ထွက်ပစ္စည်းများ မကျွေးသင့်ပါဘူး။ (၂)II အမျိုးအစားဆီးချိုရောဂါကာကွယ်ဖို ့အတွက် ငါးများ၊ပဲပုပ်ပင်၊အခွံမာအသီးများနှင့်ခရိုမီယမ်မြင့်မားတဲ့အစားအစာများ ဥပမာ-အနှံများနှင့် ပန်းဂေါ်ဖီတို ့ကိုများများစားပါ။တစ်ချိန်ထဲမှာ ကိုယ်အလေးချိန်ကိုလျှော့ပါ။အဆီတွေကို လျှော့စားပါ။ (၃)အကယ်၍ ဆီးချိုဝေဒနာရှင် ဖြစ်နေရင်တော့ ပါရဂူများအကြံပြုထားတဲ့ အပင်ရဲ့အမျှင်(cellulose)များပါဝင်တဲ့ အစားအစာတွေနဲ ့ ကစီဓါတ်ပါဝင်တဲ့ အစာတွေပိုစားပါ။ ဥပမာ-ဂျုံကြမ်းနဲ ့လုပ်ထားတဲ့ပေါင်မုန် ့(ချာပါတီ)၊ကွေကာအုပ်နဲ ့ပဲပုပ်ပဲ(ပဲပြား)တို ့ကိုစားပါ။ အပင်ရဲ ့အမျှင်တွေနဲ ့ ကစီဓာတ်တွေကိုချေဖျက်ဖို ့ အချိန်များများလိုပါတယ် ။ဒီတော့ သွေးထဲကိုစုပ်ယူပျော်ဝင်တဲ့အချိန်နှောင့်နှေးသွားစေပါတယ် ။သွေးချိုချက်ချင်းတက်သွားတာမျိုးမဖြစ်နိုင်တော့ပါဘူး။ (၄)ပျော်ဝင်အမျှင်များ (soluble fibers) များများပါဝင်တဲ့ အစားအသောက်တွေက ဥပမာ-ပဲပုပ်ပဲနဲ ့ကွေကာအုပ်တို ့ကိုများများစားပါ။ သူတို ့ဟာအစာချေလမ်းကြောင်းမှာ ကော်စေးအဖြစ်ပြောင်းလဲသွားတော့ အစာထဲကသကြားဓာတ်တွေ သွေးထဲရောက်တာနှောင့်နှေးသွားစေတဲ့အတွက် သွေးချိုရုတ်တရက်ဆောင့်မတက်နိုင်တော့ပါဘူး။ (၅)ခုလိုစားခိုင်းတဲ့အစာတွေ (ပဲများ၊ကွေကာအုပ်၊အနှံများ၊အခွံမာ အသီးအစေ့များ၊ဟင်းသီးဟင်းရွက်များ)မှာ အမျှင်ဓာတ်တွေ ပါဝင်နေတဲ့ […]


စဆရ ႀကီးSeptember 11, 20111min33314
ရန်ကုန်သို့ရောက်ပြီး ၂ နှစ်ခန့်အကြာတွင်ဖြစ်ပါ၏။ ထိုစဉ်က ကျွန်တော်သည် နေ့စဉ် ဘီယာရီဝေဝေဖြင့် ဘဝကို ပေလယက်ကန်ဖြတ်သန်းနေချိန်လဲဖြစ်၏။ ၁။ စက်ရုံသို့ ပုလင်းများသွင်းသော စော်ဘွားကြီးကုန်း ကုလားများ၏ လူယုံမှာ ကိုဝင်းဦးဆိုသော မြန်မာအမျိုးသားဖြစ်သည်။ ထိုသူမှာလည်း ဘီယာအတော်ကြိုက်တတ်သောသူ ဖြစ်သောကြောင့် ကျွန်တော်နှင့် အတော်ပင် ပလဲပနံသင့်လေသည်။ ပုလင်းကားတစ်စီးဆိုက်သည်နှင့် ပုလင်းများချနေချိန်တွင်လည်းကောင်း၊ ပုလင်းများ ရွေးချယ်စီစစ်နေစဉ်တွင်လည်းကောင်း ရောက်တတ်ရာရာ စကားများကို ပြောဆိုတတ်ကြလေသည်။ ထိုစဉ်က ကျွန်တော်သည်ကား အရွယ်အားဖြင့် ၁၉ နှစ်သာသာ ရှိသေးသော်လည်း ကိုဝင်းဦးမှာ အသက် ၂ရ အရွယ်တိုင်အောင် ရှိနေပြီဖြစ်သည့်အတွက် ၎င်းထံမှ အတွေ့အကြုံများကို နားထောင်ရုံသက်သက်သာဖြစ်သည်။ တစ်ရက်တွင်မတော့မူ ကျွန်တော်သည်လည်း ထိုစက်ရုံတွင် မဖြစ်စလောက်လစာလေးဖြင့် လုပ်ကိုင်နေရသည်ကို စိတ်ပျက်မိကြောင်းပြောရာမှ တစ်ဆင့် ကိုဝင်းဦးနှင့် အလုပ်အကြောင်းများ ဆက်စပ်မိလေသည်။ ဘော်တယ်ကုလားလောကသို့ […]


တညင္သားSeptember 10, 20111min21410
ဒီအကြောင်းလေး ပြောခြင်နေတာကြာပြီ  အခုမှ တိုက်ဆိုင်လာလို့ … အတိုချုံ့ပြီး ပြောရရင်တော့ ငယ်ငယ်တုန်းက ကျွန်တော်တို့ အိမ်ကို တကိုယ်လုံးအသားမဲနေတဲ့ မြန်မာနိင်ငံသားတစ်ဦး ဆိတ်ကြီး တစ်ကောင်ဆွဲပြီးရောက်လာတယ် .. သူပြောတဲ့စကားတွေကလဲ မနဲ နားထောင်ရတာပေါ့ဗျာ.. ကျွန်တော်အဖေနဲ့ စကားတွေပြောပြီး ပြန်သွားတော့မှာ အဖေက အကြောင်းစုံပြောပြတယ် .. နံမည်က သံဂွန်း လယ်လုပ်ပါတယ် မပြေလည်ဘူးဆိုပါတော့ တစ်နေ့ ကျွန်တော်အဖေ အဲဒီ သံဂွန်းဆိုတဲ့ သူရဲ့ တဲကိုရောက်ခဲ့တယ်. .စားပင်လေးတွေစိုက်ဖို့  ဘဲလေး၊ ကြက်လေး မွေ ဖို့  စသဖြင့် အကြံဉာဏ်လေးနဲနဲပေးခဲ့တယ် ..အခု (၅)နှစ်လောက်ကြာတော့ သူပြေလည်နေပြီ ဆိုတဲ့အကြောင်း သီးပင် စားပင် အစုံရှိတယ် ၊ ဘ ဲ၊ကြက် အပြင် ဆိတ်မလေး တစ်ကောင်ကနေ အခုအများကြီးဖြစ်နေပြီ ဆိုတဲ့အကြောင်းတွေ ပြောရင်းနဲ့ […]


weiweiSeptember 10, 20111min26721
ဝါတွင်းသတ်သတ်လွတ်စားတဲ့ သူငယ်ချင်း ၂ ယောက် အိမ်ကိုလာလည်ကြမယ်ဆိုတော့ ဘာချက်ကျွေးရကောင်းမလဲ ခေါင်းစားရပါတယ်။ လက်စွမ်းလဲပြချင်သေးတာနဲ့ နဲနဲအလုပ်ရှုပ်တဲ့ အိမ်တွေမှာ လုပ်စားလေ့မရှိတဲ့ ကုလားဘယာကြော်သုတ် လုပ်ကျွေးဖို့ စိတ်ကူးပြီး လိုအပ်တာတွေ ဝယ်ခြမ်းပြင်ဆင်လိုက်ပါတယ် … အသေးစိတ်တစ်ခုချင်း အဆင့်ဆင့်ဓါတ်ပုံရိုက်ဖို့ အချိန်မရတာကြောင့် အားလုံးပြီးမှပဲ ဓါတ်ပုံရိုက်ဖြစ်ပါတယ် … လုပ်နည်းကို စာနဲ့ပဲ ရေးပြတော့မယ် … လိုအပ်သောပစ္စည်းများ .. ဘယာကြော် အတွက် ရယ်ဒီမိတ် မွှေးတံဆိပ် ဘယာကြော်မှုန့်ကို ရေအနည်းငယ်ဖြင့် တစ်နာရီခန့်စိမ်ထားပြီး ဆား၊ ကန်စွန်းရွက်နဲ့ကြက်သွန်နီရိတ်ရိတ်လှီး ထည့်နယ်ပြီး ဆီများများနဲ့ကြော်ပါတယ်။ ဆမူဆာကြော် အတွက် ဆမူဆာအရွက်ကို ရယ်ဒီမိတ် citymart က ဝယ်ပါတယ်။ အတွင်းအစာအတွက် အာလူးပြုတ်ပြီး ခပ်သေးသေးလှီး၊ ကြက်သွန်နီခပ်သေးသေးလှီးပြီး ငရုတ်သီးစိမ်းလှီး ဆီနဲနဲဖြင့် ကြော်ပြီး မဆလာဖြူးထားပါတယ်။ […]


နွယ်ပင်September 10, 20111min19514
သုံးဆောင်ကြပါရှင် … ဟိုတစ်ပတ်က အိမ်ကို သူငယ်ချင်းတွေလာလည်မယ်ဆိုလို့ ဘာချက်စားရင်ကောင်းမလဲ စဉ်းစားတော့ မစားရတာကြာပြီ ဖြစ်တဲ့ ကော်ရည်ခေါက်ဆွဲလေးချက်စားဖြစ်တယ် ။ ချက်ရတာလဲ သိပ်ကရိကထ မများပဲ အိမ်မှာချက်စားတော့ စိတ်ကြိုက်လဲ စားလို့ရတာပေါ့ ။ နွယ်ပင်ချက်စားဖြစ်တဲ့ ကော်ရည်ခေါက်ဆွဲ နည်းလေးကို ပြန်လည်မျှဝေလိုက်ပါတယ် ။ အရင်ဆုံး ကြက်သားကို ရေဆေး၊ ဆား၊ အချိုမှုန့်နဲ့ နယ်ပြီး အိုးတစ်လုံးထဲမှာထည့်၊ ဂျင်းကိုမညက် တညက် ထုထည့်၊ ကြက်သွန်ဖြူ ဒါးပြားရိုက်ထည့်၊ ရေထည့်ပြီး ပွက်ပွက်ဆူနေအောင် တည်ပါတယ်။ ကြက်သား နူးရင် ကြက်သားတုံးကို ဆယ်၊ အအေးခံပြီး အသားလေးတွေ နွှင်ထားပါ။ ပြီးရင်တော့ ကြက်အရိုး တွေကို အိုးထဲ ပြန်ထည့်ပြီး ဆက်တည်ပါတယ်။ ကြက်ရိုးထဲက အချိုရည်တွေ ထွက်ပြီး ဟင်းရည် […]


kaiSeptember 9, 20117min37549
တည့်တည့်ပဲ ခေါင်းစဉ်တပ်လိုက်တယ်… ချဉ်ပေါင်ဟင်းက.. ဗမာ့အော်ရီဂျင်နယ်မဟုတ်ဖူးခင်ဗျ..။ ပြီးခဲ့တဲ့ ၂ပါတ်က ကုလားဆိုင်( အိနိ္ဒယသားတွေဆိုင်) ဈေးဝယ်သွားရင်း.. အရွက်တွေကြားထဲ.. ချဉ်ပေါင်ရွက် အစည်းလိုက်ရောင်းနေတာမို့.. ဝယ်လာခဲ့တယ်..။ တပေါင်ကို ..၄ဒေါ်လာတဲ့..။ အဲဒါနာမည်မေးလာပြီး.. အင်တာနက်မွှေတာ.. သတင်းတွေ..ပုံတွေ..ရောင်းနေတဲ့ဆိုင်တွေ..တွေ့ရပါတယ်..။ ချဉ်ပေါင်ရွက်နာမယ်က.. Gongura တဲ့.. http://en.wikipedia.org/wiki/Gongura အိနိ္ဒယဇာတိဆိုပါတယ်..။ ဟိုးအရင်က.. ကုလအတွင်းရေးမှုးချုပ်လုပ်တဲ့ ဦးသန့်က.. နယူးယောက်က သူ့အိမ်မှာ ချဉ်ပေါင်ပင်စိုက်.. စားတာဖတ်ခဲဖူးတယ်..။ ဆိုတော့.. ဗမာအော်ရီဂျင်နယ် ဟင်းတခုလို့ ထင်ခဲ့တာပေါ့..။ သိတော်မူကြတဲ့အတိုင်း.. ဗမာဟင်းစစ်စစ်ဆိုတာ ..တော်တော်ရှားတာကိုး..။ နောက်ပိုင်းနှစ်(လွန်ခဲ့တဲ့၁ဝနှစ်) လောက်ကစလို့တော့.. အယ်လ်အေမှာ ချဉ်ပေါင်ရွက်လတ်လတ်ဆပ်ဆပ်ရပါတယ်..။ ရန်ကုန်ကမျိုးစေ့သွင်းပြိး စိုက်ကြသလားတော့မသိ.. ပူတဲ့ရာသီ.. ဧပြီလောက်ကနေ.. စက်တင်ဘာကုန်အထိလောက်က.. အယ်လ်အေမြေမှာ ချဉ်ပေါင်စိုက်လို့ရတယ်..။ ကချင်တယောက်ကတော့.. အယ်လ်အေနဲ့ မိုင် ၂၀ဝကျော်လောက်နေရာမှာ.. ခြံနဲ့..ချဉ်ပေါင်စိုက်ရောင်းတယ် ကြားဖူးတယ်..။ ဖမ်းမားမားကက်ခေါ်တဲ့.. […]


စဆရ ႀကီးSeptember 8, 20111min22118
ကန္တာရ၏ နံနက်ခင်းနေကား ပူလောင်လှပါဘိ။ ယနေ့မှ ကြို/ပို့ကားမရှိသဖြင့် နေပူကျဲကျဲတွင် ဆယ်မိနစ်ခန့်လမ်းလျှောက်ရုံမျှဖြင့် ရောက်ရှိနိုင်သော ကေအက်(ဖ်)စီ (ကန်တပ်ကီ ကြက်ကြော်ဆိုင်) သို့ ချွေးတစ်လုံးလုံးဖြင့် အဖော်မပါ တစ်ယောက်တည်းခြေလှမ်းများဖြင့် ခပ်သုတ်သုတ် လှမ်းခဲ့မိလေသည်။ ယနေ့နံနက်ပိုင်းတွင် VZO မှတစ်ဆင့် စကားဖောင်ဖွဲ့နေသည်မှာ အလုပ်ချိန်တိုင်မှကွန်ပျူတာရှေ့မှ ခွာမိသဖြင့် ၁ဝ မိနစ်ခန့် အလိုအလျောက်ပင် နောက်ကျနေပြီဖြစ်သည်။ ကိစ္စမရှိပါ.. အမြဲတမ်းနောက်ကျနေတတ်သဖြင့် ထူးပြီး ဆန်းမလာတော့ပါ။ ဆိုင်သို့အရောက်တွင် India ဖွားအမျိုးသား Jeejish မှ မျှော်လင့်တစ်ကြီးဖြင့် စောင့်မျှော်နေသည်ကို တွေ့ရသည်။ ဆိုင်ကို စတင်ဖွင့်လှစ်ရသည်မှာ သူနှင့်ကျွန်တော် နှစ်ဦးသာဖြစ်သည့်အတွက် သူတစ်ယောက်တည်း ဆိုင်ထဲသို့ဝင်ရန် မဖြစ်နိုင်ပေ။ လုပ်ငန်းသဘာဝအရ ဆိုင်ရှိတံခါးများ ပွင့်နေ/မနေကို လိုက်လံ စစ်ဆေးရသည်။ ဆိုင်မှာ မှန်များဖြင့်သာ အများအားဖြင့်ကာရံထားသော်လည်း မည်သည့်အခါမျှ […]