တင်ထားတဲ့ ခေါင်းစဉ်ကိုဖတ်ပြီး ရှားရှားပါးပါးဆိုလို ့အံ့ဩမသွားနဲ ့နော်။ ဒီနေ ့ဈေးသွားရင်း ရှားရှားပါးပါး ငှက်ပြောအူ နုနုလေးရောင်းတာတွေ ့လို ့ ချမ်းချမ်းတို ့သူဌေးမကလဲ မြန်မာအစားအစာ စားဘူးချင်တယ်ဆိုလို အရမ်းစားချင်တဲ့ မုန် ့ဟင်းခါးလေး ကို မချက်စဖူး ချက်စားဖြစ်ပါတယ်။ ချမ်းချမ်းမကြိုက်ဆုံးအလုပ်ကိုပြပါဆိုရင်ချက်ပြုတ်စားသောက်ရတာပါပဲ။တော်တော်လေးစာချင်စိတ်ရှိမှ စားမည့်လူဦးရေ အနည်းဆုံး သုံးယောက်ရှိမှ ချက်ပါတယ်။ဒါတောင်မချက် လို ့မဖြစ်မှ ချက်တာနော်။ချမ်းချမ်းတစ်ယောက်ထဲစားရမယ်ဆိုရင်တော့ မချက်ဘူး။တစ်ဝမ်းဝ ဖို ့ပင်ပန်းရတာနဲ ့မတန်လို ့လေ။ ကိုယ်တိုင်ကလည်း အစားအသောက် သိပ်ပြီး မမက်မောဘူး။ချက်ရတာလဲဝါသနာမပါဘူး။အားရင်အခန်းအလှပြင်တယ်၊အခန်းသန် ့ရှင်းရေးလုပ်တယ်။ အခန်းကောင်းကောင်းလေးနဲ ့ သန် ့သန် ့လေး နေရရင်ပြီးရော ထမင်းကို ဆားနဲ ့ပဲစားရစားရစားနိုင်တယ်။သူငယ်ချင်းတွေလာလည်ရင် ချမ်းချမ်းက ဘာမှမချက်ကျွေးဘူး။စားချင်ရင် ဝယ်စား။မဝယ်စားရင် ကိုယ့်အိမ်ကိုယ်ပြန်စား။ (ဧည့်ဝတ်ကျေကြောင်းနှင့်အိမ်ရှင်မပီသကြောင်းကြွားပါသည်)ချွေးမတော်ချင်သူများ ကြိုတင်အကြောင်းကြားနိုင်ပါသည်။ […]


ရွှေအိမ်စည်August 21, 20114min32724
စားကောင်းပြီးခံတွင်းတွေ ့မယ့် အမေ ့အလွမ်းပြေ ခပ်ဆန်းဆန်းလေးဖြစ်သွားအောင်ငရုတ်သီးချက်စားကြရအောင်နော်။ ခုလိုရာသီလေးနဲ ့အကိုက်ဖြစ်တဲ ့အပြင်အမေ ့လက်ရာဟင်းတွေ ကတော့..တန်ဖိုးမများလှပါဘူး.။ ..ကျနော်တို ့တွေ ဘယ်နိုင်ငံ ကို ပဲရောက်နေရောက်နေ.. ဘာအစားအစာတွေ ပဲ စားနေရ ပါစေ..၊ .ဘယ်လိုဘဲ အကောင်းစားြတွေ စားရပါစေ အမေ ့ဟင်းလေးတွေ ကိုတော ့မှီမယ် မထင်မိပါဘူး..။ အစပ်အဟပ်တည့်လှတဲ ့အမေ ့လက်ရာအညာဟင်းလေး တွေကို သတိရလွမ်းဆွတ်မိကြမှာပါ..။ ကဲ စပြီးလွမ်းပြီနော် လိုတဲ့ပစ္စည်းတွေကတော့… အသားတု (သို့) မြေပဲ ပုဇွန်ခြောက်မှုန့် ကြက်သွန်ဖြူ/နီ နံနံပင် ငရုတ်သီးအတောင့်ပွ အစိမ်း….. ပဲနီလေး ကြာဇံ ခရမ်းချည်သီး ပထမဆုံးအနေနဲ့ မြေပဲကိုမညက်တစ်ညက်ထောင်းပါ။ ဆီချက်သတ်ပြီးမြေပဲထောင်းထားတာကိုထည့် ရပါတယ်။ ရေနဲနဲထည့်ပါ။ မြေပဲနူးပြီးပျော့သွားအောင်အတွက်ပါ။ သတ်သတ်လွတ်အတွက်ဆိုရင်တော့ပုဇွန်ခြောက်မှုန့်မထည့်ပါနဲ့။ သတ်သတ်မလွတ်ရင်တော့ပုဇွန်ခြောက်မှုန့်တွေကိုပါထပ်ထည့်ပြီးဆီသတ်ပါ၊ အရောင်တင်၊နနွင်းမှုန့်ထည့်ပါ။ […]


Yin Nyine NwayAugust 15, 20111min1284
ခေါက်ဆွဲအွန်လုပ်စားဖို့ အရင်ဆုံး… ဆန်ပြားခေါက်ဆွဲဖတ် သူက မလှီးရသေးတဲ့ ဆန်ပြားပါ သံဈေးမှာ ရနိုင်ပါတယ် ပြီးရင် ကြက်သားကို တောက်တောက်စင်းထား အရင်ဆုံး… ဆီအရင်တည်…ဆီပူလာရင် အရောင်တင်မှုန့်ထည့်… ပြီးရင် ကြက်သွန်နီ ပါးပါးလှီးထားတာကိုဆီသတ် နီလာရင် ခရမ်းချဉ်သီ တောက်တောက်စင်းထားတာကိုထည့် … ခရမ်းချဉ်အနှစ် ကျက်လောက်ရင် ပါးကောလို့ ခေါ်တဲ့ တရုတ် မာဆာထည့် .ပြီးရင် ခစနေက ကြက်သားထည့်ပြီး ရောပြီးဆီသတ်ပါ …. ဆား အချိုမှုန့် လိုအပ်သလို ထည့်ပြီးရင် ခဏနေက ဆန်ပြားခေါက်ဆွဲ အပြားထဲ ထည့်ပြီးလိပ်ပါ …. ပြီးရင် အောက်ကနေ ဆလပ်ရွက်ခံပြီး ိပ်ထားတဲ့ အလိပ်လေးကို ထမင်းလိပ် ကိုလှီးသလို အပိုင်းပိုင်းတွေလုပ်ပြီး စားသုံးနိုင်ပါတယ် ဆီအများကြီးမထည့်ပဲ အနေတော် အခြောက်လုပ်မှ စားကောင်းမှာပါ ဖြစ်နိုင်ရင် […]


weiweiAugust 14, 20111min16514
အာလူးကို နိုင်ငံပေါင်းစုံက ပုံစံမျိုးစုံနဲ့ လုပ်စားကြပါတယ် … ကျွန်မ အခု ချက်ပြမှာက တရုတ်ပြည်က စားလေ့စားထရှိတဲ့စတိုင်တစ်မျိုးပါ … ဆီနဲနဲနဲ့ ခပ်မြန်မြန်ကြော်လို့ရပြီး အရသာလဲကောင်းပါတယ် … တရုတ်လိုတော့ (酸辣土豆慈) suanla tudousi လို့ ခေါ်ပါတယ် .. ပါဝင်သောပစ္စည်းများ အာလူး … ခပ်ကြီးကြီး ၃ လုံး ရှလကာရည် .. အနဲငယ် ပဲငံပြာရည်အကြည် .. အနဲငယ် ဆား .. အနဲငယ် ဆနွင်းမှုန့် .. အနဲငယ် ကြက်သွန်ဖြူ .. ၂ မွှာ ငရုတ်သီးအခြောက်တောင့် …. ၅ တောင့် ကြက်သွန်မိတ် .. အနဲငယ် ပြုလုပ်ပုံအဆင့်ဆင့် အာလူးကိုအခွံနွှာပြီး အာလူးခြစ်သည့်ဂျစ်ဖြင့် အချောင်းသေးသေးလေးများရအောင် […]


                                                   White TomYam (or) Clear TomYam whit Seafood   ပါဝင်သည့်ပစ္စည်းများ။       ။ပုဇွန်၊ပြည်ကြီးငါး၊ငါးအသားလွှာ၊ငါးဖယ်ပြား၊စပါးလင်၊ရှောက်ရွက်၊ငရုတ်သီးစိမ်း၊နံနံပင်၊ကောက်ရိုးမှို၊ပန်းဂေါ်ဖီ၊မုံလာဥနီ၊နာနတ်သီး၊ပဒဲဂေါ(ဂျင်းအရင့်တမျိုး)၊ရေ၊ငါးငံပြာရည်၊ဆား၊သကြား၊သံပုရာရည်။ ချက်ပြုတ်ပုံအဆင်ုဆင့်။   ။ ပုဇွန်အစိမ်းကို အခွံခွါထားပါ၊ပြည်ကြီးငါးကို အနေတော်လေးတွေလှီးထားပါ၊ငါးကိုအသားကြီးပဲလွှာပီးပါးပါးလှီးပါ။ငါးဖယ်ကကြော်ပီးသား ရယ်ဒီမိတ်လည်းရပါတယ်၊ပါးပါးလှီးထားပါ၊စပါးလင်ကို လက်နှစ်သစ်အရွယ်လောက်ဖြတ်ပါ၊ရှောက်နှစ်ရွက်သုံးရွက်ကိုရေဆေးထာပါ၊ငရုတ်သီးစိမ်းခြောက်တောင့်လောက်ကို ပါးပါးလှီးလိုက်ပါ၊နံနံပင်အနည်းငယ်ကို နုတ်နုတ်စင်းထားပါ၊သံပုရာရည်ကို ထမင်းစားဇွန်းတစ်ဇွန်းခန့်ရအောင် အရည်ညစ်ထားပါ။ အဆင်သင့်ဖြစ်လျှင် ဟင်းချိုပုဂံလုံးတစ်လုံးစာခန့်ရေကို အိုးထဲ့ထည့်၍မီးဖွင့်ထားပါ၊ဆူလာလျှင် မီးလျှော့ထားပီး အသင့်ပြင်ထားသောပုဇွန်အစိမ်း၊ ပြည်ကြီးငါးအစိမ်း စသည်တို့ကိုထည့်ပါ။စပါးလင်လက်နှစ်အရွယ်ခန့်နှစ်ချောင်းကို ဓါးပြားရိုက်ပီးထည့်ပါ၊ပဒဲဂေါ တစ်ပြားလောက်လှီးပီးထည့်ပါ၊ရှောက်ရွက်ထည့်ပါ၊ငရုတ်သီးစိမ်း၊နံနံပင်ငားလုံးထည့်ပါ၊ဆားအနည်းငယ်၊သကြားလက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ငါးငံပြာရည်၊ လက်ရည်ဇွန်းနှင့်တစ်ဇွန်း၊သံပုရာရည့်ပါ။အပေါ့အငံ ကမိမိနှစ်သက်သလိုထည့်၍သုံးဆောင်နှိင်ပါသည်။ချဉ်စပ်ကလေးဖြစ်၍ မြန်မာလူမျိုးလည်းနှစ်သက်ပါသည်။ရခိုင် မုန့်တီနှင့်လည်းအရသာစင်ပါသည်။ ခေါက်ဆွဲ၊ကြာဇံများနှင့်လည်း သုံးဆောင်နိုင်ပါသည်။


Yin Nyine NwayAugust 14, 20111min29422
လိုအပ်သောပစ္စည်း ဆန်ပြားခေါက်ဆွဲ ပဲငပိ မုန်လာထုပ် ခရမ်းချဉ်သီး သကြားရည် နံနံပင် နှမ်းထောင်း ငရုတ်သီးမှုန့်အကြမ်းကြော် ပဲငပိကို အရေဖျော်ထားမယ် …ပျစ်ပျစ်လေး၊ ခရမ်းချဉ်သီး တလုံးကို ဘာမှမပါပဲ ရေနဲ့ ရောကြို အဖတ်ကြေအောင်လုပ်ပြီး…အခွံတွေကို ဖယ်ထုတ်လိုက်ပါ၊ မုန်လာထုပ်ကို ပါးပါးလေး လှီးထားမယ်….သကြားကို အရည်ဖျော်ထား…နှမ်းကိုထောင်းထား…. အရင်ဆုံး …. ဆန်ပြားခေါက်ဆွဲထဲကို ….ပဲငပိ အရေဖျော်ပြီးထည့်… မုန်လာထုပ် ပါးပါးလှီးပြီးထည့် …..ခရမ်းချဉ်သီးကို ရေနဲ့ အရေကြိုပြီး အခွံမပါအောင် စစ်ပြီးထည့် သကြားရည်ထည့်ပြီး အပေါ်က ၊နှမ်းထောင်း နံနံပင်ဖြူးပြီး စားရင် …. အရသာရှိလှတဲ့ ချဉ်ငန်းစပ်ခေါက်ဆွဲလေးကို ရမှာပါ…


  Speical Fried Rice(ဘန်ကောက်ထမင်းကြော်)။       ။ကြက်သား၊ကြက်ဥ၊မုံလာဥနီ၊သခွါးသီး၊ပဲသီးစိမ်း….                                                                                                                     ၂။Pineapple Fried Rice (နာနတ်သီးထမင်းကြော်)


zoeAugust 13, 20116min20511
သူငယ်ချင်း  မွေးနေ့ကို 5-star hotel Taipei Shangri-la  ရဲ့  Cafe at Far Eastern  ဆိုတဲ့ ကဖေး  မှာ afternoon tea buffet  နဲ့  ဖိတ်  လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့  က သွားခဲ့ပါတယ် ။   ကဖေး တည်နေရာ ကတော့ ဟိုတယ် ၆ထပ် မှာ  ဖြစ်  ပါတယ် ။ စားသောက်ချိန် က နေ့လည် ၃နာရီ ကနေ ၅နာရီ အတွင်းဖြစ်ပါတယ် ။    အင်္ဂါနေ့ ဖြစ်ပေမဲ့ လည်း လူ ၂၅ဝ ဆန့် ကဖေး မှာ လေးပုံသုံးပုံ လူပြည့်ပါတယ် ။ တယောက် ကို […]


ရွှေအိမ်စည်August 12, 20111min32727
နားရွက်ပြာကတည်းကမစားရတာကြာပါပြီ..။ နားရွက်ပြာတဲ ့ဝက်မျိုးလည်းကုန်လောက်ပြီထင်ပါတယ်..။ ဒီတစ်ပါတ်တော့ဖြစ်ချင်ရာဖြစ်…စွဲတော့မယ်.. ဝက်သားတုတ်ထိုးစားချင်တဲ့ အချိန်တိုင်းအာသီသ ရှိနေတာကြာပါပြီ ။ အစားအသောက်အကြောင်းပဲ စဉ်းစားနေမိတယ်။ အချိန်တိုင်း ဒီအကြောင်းပဲ စဉ်းစားနေမိတာ ရှေ ့ရေးစီးပွားရေးအတွက်ပါ။ ကျမငယ်ငယ်ကလည်းစိတ်ကူးမိတယ်..တုတ်ထိုးရောင်းဖို ့လေ။ ………… ဝက်သားတုတ်ထိုးက မန္တလေးမှာ စားရတာနဲ ့ရန်ကုန်မှာ စားရတာ မတူလှဘူး။ မန္တလေးက အဓိက အသားကို ပြုတ်ထားတာဆိုတော့ အသားက ပျော့တယ်။ တုတ်နဲ ့ထိုးထားတာတင် မဟုတ်ပဲ ပွဲနဲ ့လဲစားလို ့ရတယ်။ ပွဲနဲ ့ကြတော့ အသားပြုတ်တဲ့အရည်ရောပြီး ကြက်သွန်ဖြူ၊ငရုတ်သီး ကို ပါးပါးလှီးထည့်၊ ငရုတ်သီးဆော့ရယ် သံပုရာသီးညှစ်ပြီး စားကြတယ်။ တုတ်နဲ ့ထိုးထားတာကြတော့ မန္တလေးမှာ အကင်လို ့ခေါ်တယ်။ အကင်နဲ ့ပွဲနှင့်ပေါ့။ ပြီးတော့ အသား၊အူနဲ ့အဆုတ်ကို […]


etoneAugust 11, 20113min29416
                မနက်က မဝေရဲ့ ရေညှိ김 밥 အကြောင်းလေး ဖတ်ပြီး ရုံးက ကိုရီးယားမ သူ့အမျိုးတွေကို လက်ဆောင်ပေးဖို့ …  김치 လုပ်နေတာတွေ့လို့ …  ဓါတ်ပုံရိုက်ပြီး … မှတ်တမ်းတင်ထားလိုက်ပါတယ် … ။ ရွာထဲမှာ ဖောက်သည်ပြန်ချဖို့ .. ကော်နက်ရှင်က ဗလောင်းဗလဲ လုပ်နေတာနဲ့ …  နှစ်ရာရီလောက် အချိန်ယူပြီး ပုံတွေ စောင့်တင်လိုက်ရတယ် .. ။ ပါဝင်တဲ့ ပစ္စည်းတွေကတော့ … မုန်ညင်းထုတ် ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ၊ မုန်လာဥ အဖြူ ၊ မုန်လာဥ အနီ ၊ ဂျင်း […]


chit layAugust 11, 20111min1586
“ အာရောဂျံ ပရမံ လာဘံ “ ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးတဲ့… ကျန်းမာမှ အလုပ်လုပ်နိုင်မည်။ အလုပ်လုပ်နိုင်မှ စားဝတ်နေရေး ပြေလည်နိုင်မည်။ ကျန်းမာစဉ်က စိတ်သွားတိုင်း ကိုယ်ပါပြီး အလုပ်လုပ်နိုင်ခဲ့သမျှ မကျန်းမာသောအခါမှ ကျန်းမာခြင်း၏တန်ဖိုးကို သိမည်ဖြစ်သည်။ ကျွန်မတို့နေ့စဉ် အသား၊ငါး၊ဟင်းသီးဟင်းရွက်များကို စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ချက်ပြုတ်၍ စားသောက်ကြပါတယ်။ အစာလဲဆေး ဆေးလဲအစာဆိုသကဲ့သို့ ကျွန်မတို့စားသောက်နေသော ဟင်းသီးဟင်းရွက်များတွင် ကင်ဆာဆန့်ကျင်သော ဝတ္ထုပစ္စည်းများဖြစ်သည့် ဗီတာမင်ဓာတ်၊ ကလိုရိုဖီးလ်ဓာတ်၊ ဘီတာကယ်ရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ထုံးဓာတ်၊ မလေဘီနွိုက်ဓာတ်၊ သတ္တုဓာတ်တို့ ပါဝင်ပေသည်။ သက်စောင့်ဓာတ်ဖြစ်သော ဗီတာမင် (A) ဓာတ်သည် မျက်စိအမြင်အားကောင်းစေရုံမက အသားအရေကိုလဲ စိုပြည်လှပစေသည်။ (A) ဓာတ် ချို့တဲ့လျှင် ကြက်မျက်သင့်ခြင်း၊ ကြာဆူးအဖုထွက်ခြင်းတို့ ဖြစ်တတ်သည်။ ထို့ကြောင့် ဗီတာမင် (A) ဓာတ်များပါဝင်သော […]


ဆူးAugust 10, 20111min40528
သရက်ယို.. မွှေး ဂျုံမှုန့် ၂၀ဝ တန် ၂ထုတ် ရေနဲ့ ဆီနဲ့ အချိုးကျ နယ်ထားတဲ့ ပန်းကန်က တစ်ချပ် ဆီ ချည်းပဲ သီးသန့် နယ်ထားတဲ့ ပန်းကန် က တစ်ချပ် ဆီ နဲ့ ရေ ကို အလုံးလုပ် သပ်သပ် စီထား.. ဆီချည်း သက်သက် ကို အလုံး သပ်သပ် လုပ်ထားပြီး သပ်သပ်စီ ပုံထား ထို့နောက်တွင်.. ဆီနဲ့ ရေ နယ်ထားတဲ့ ဟာတွေကို အပြားခပ်.. အပေါ်မှာ ဆီချည်း နယ်ထားတဲ့ အလုံးကို ထည့်ပြီး လုံးလိုက်ပါ… ပြီးတော့ အထပ်ထပ်.. ပြန်လုံးပြီးနောက်တွင်.. အပြားပြန်ခပ်ပြီး သရက်ယို အတွင်းမှာ ထည့်လို့ မုန့်ဖုတ်ရန် ပြင်ဆင်ပါသည်။ […]