etoneSeptember 10, 20101min1145
ကင်ဆာရောဂါအမှန်တကယ် ပျောက်ကင်းချင်တယ်ဆိုရင် အာလုံးစိမ်းဖျော်ရည် နေ့စဉ်မှန်မှန်သောက်ပေးဖို့လိုတယ်လို့အခုတလော ခေတ်စားနေပါတယ်။ အာလူးစိမ်းဖျော်ရည်လုပ်နည်းဟာ အလွန်ရိုးစင်းလွယ်ကူတဲ့အတွက် အခုချက်ခြင်း ထလုပ်လို့ရတဲ့ ကိစ္စလည်းဖြစ်ပါတယ်။ လုပ်နည်းက အရွယ်တူအာလူး (၃)လုံးကို ဖြူစင်အောင်ဘေးအစို့ပေါက်များကို အသေအချာဖယ်ရှားရပါမယ်။ အခွံနွှာဖို့တော့မလိုဘူးလို့ သိရပါတယ်။ (တစ်ခုရှိတာက ကိုယ်ရွေးတဲ့အာလူးဟာ သန့်ရှင်း လတ်ဆတ်ဖို့တော့ လိုပါတယ်။ အာလူးပုတ်၊ အာလူးဆွေးမဖြစ်စေရပါ) ရေဆေးပြီး ချစ်ရပါမယ်။ ပြီးရင် အဲဒီ အာလူးမျှင်ကလေးတွေကို ပိတ်စိမ်းပါးသန့်သန့်နဲ့ ထုပ်ပြီး အုန်းနို့ညစ်သလို ညစ်ရပါမယ်။ ရလာတဲ့ အာလူးစိမ်းရည်ကို အရသာကောင်းအောင် ပျားရယ်စစ်စစ်နည်းနည်းရောစပ်သောက်နိုင်ပါတယ်။ အာလူးစိမ်းဖျော်ရ်ကို နံနက်တိုင်း တစ် ခွက်နှုန်းသောက်သုံးပေးရင် ကင်ဆာရောဂါ သက်သာပျောက်ကင်းစေနိုင်တဲ့အကြောင်း ဂျပန်နိုင်ငံမှာ သက်သေထူပေး မယ့်အထင်ကရပုဂ္ဂိုလ် ဒုနဲ့ ဒေး ရှိနေပြီလို့သိရပါတယ်။အာလူးစိမ်း ဖျော်ရည်ကို သောက်သုံးပေးရင် ကင်ဆာရောဂါပျောက်ရုံတင်မဟုတ်ဘူးတဲ့ တစ်ပတ်နှစ်ပတ်အ တွင်း ပေါ့ပါးရွှင်လန်းလာတာတော့သေချာပါတယ်။ […]


etoneSeptember 1, 20101min1739
ရေသောက်ခြင်း အကျိုးကျေးဇူးများ ရေသည် လူတို့၏ အသက်ရှင် ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်လှပါသည်။ ထို့ကြောင့်လည်း ရေအသက် တစ်မနက်လို့ ပြောကြတယ်ထင်ပါတယ်။ သို့ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ဖို့ ဆိုရင်တော့ ရေကို စနစ်တကျ သောက်တတ်ဖို့လိုပါတယ်။ သောက်သင့်သည့် အချိန်တွင် သောက်သင့်သည့် ပမာဏကို သောက်သုံးပါက ခန္ဓာကိုယ်ကို အထိရောက်ဆုံး အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။ ရေသောက်သုံးသင့်သော အချိန်များ * နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။ ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။ * အစာမစားမီ မိနစ် ၃ဝ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။ * ရေမချိုးမီ မိနစ် ၃ဝ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။ […]


etoneAugust 31, 20101min1125
ရေနွေးကြမ်း သောက်ရအောင် ဒီနေ့တော့ လက်ဖက်ရွက်ရဲ့ မူလအစအကြောင်း အနည်းငယ်နဲ့ လက်ဖက်ရည်ကြမ်း (ရေနွေးကြမ်း) သောက်သုံးခြင်းရဲ့ အကျိုးကျေးဇူးများ အကြောင်းကို ရေးပြချင်ပါတယ်.. လက်ဖက်ရဲ့ မူလ လက်ဖက်စိမ်းရွက်ရဲ့ မူလအစဟာ တရုတ်ပြည်ကလို့ ဆိုပါတယ်.. တရုတ်ပြည်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ဝကျော် ၅၀၀ဝ လောက်ကတည်းက ဘုရင်ဧကရာဇ်မင်းတို့ လက်ထက်မှာ လက်ဖက်ရွက်ကို စတင်သုံးစွဲတဲ့ အလေ့အထ ထွန်းကားခဲ့ကြောင်း သိရပါတယ်.. လက်ဖက်ရွက်ကို စတင်တွေ့ရှိပုံနဲ့ ပတ်သက်ပြီး ဒဏ္ဍာရီဆန်ဆန် ပုံပြင်များစွာ ရှိသော်လည်း လူသိများတဲ့ လက်ဖက်နဲ့ပါတ်သက်တဲ့ ပုံပြင်လေးက BC 2737 မှာ တရုတ်ဧကရာဇ်ကြီးဟာ တိုင်းခန်းလှည့်လှည်တဲ့အခါ လမ်းခရီးမှာ ခရီးတစ်ထောက်နားကြတော့ ခြုံပုတ်တစ်ခုရဲ့ဘေးနားမှာ အစေအပါးတွေက မီးမွှေးပြီး ရေနွေးအိုး တည်ကြပါတယ်.. အဲလိုရေနွေးတည်ချိန်မှာ ခြုံပုတ်က သစ်ရွက်တစ်ချို့ဟာ […]


မှိုနဲ့လုပ်တဲ့ Po Lo Ku တံဆိပ် mushroom seasoning ဟင်းချိုမှုန့်ကို ဟင်းချက်တဲ့နေရာမှာ သုံးနေတာ အဆင်ပြေလို့ မိတ်သင်္ဂများ ကို လက်တို့လိုက်ပါတယ်။ တချို့က အမ်အက်စ်ဂျီ အချိုမှုန့်ကို ကျန်းမာရေး အရ လုံးဝ မသင့်လို့ ဆိုပြီး ရှောင်လိုကြပေမဲ့ အခြားရွေးစရာ မရှိလို့ ကြိတ်မှိတ်ပြီး သုံးနေရတာ တွေ့လို့ပါ။ ထိုင်ဝမ်ကနေ သွင်းပါတယ်။ အယ်လ်အေက တရုတ် ဆူပါမားကက် တွေမှာ ဝယ်လို့ရတယ်လို့ သိရပါတယ်။ ebay ပေါ်ကနေလည်း ရောင်းတတ် ပါတယ်။ အရှေ့ဘက်ခြမ်းမှာ နေသူတွေကတော စာတိုက်ကနေ လှမ်းမှာရင်မှာ ဒါမှ မဟုတ်ရင် လူကြုံနဲ့ ရှာဖို့ ပဲရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်လခွဲ လောက်တုန်းက အီးဘေးကနေ ရောင်းဈေးက ၅၀ဝ […]


Yin Nyine NwayAugust 29, 20101min1535
Instant noodle ခေါ် အလွယ်တကူပြုတ်၍ စားသုံးနိုင်သော ခေါက်ဆွဲခြောက်များကို ယခုအခါ တကမာ္ဘလုံးတွင် ကျယ်ကျယ်ပြန့်ပြန့် စားသုံးလျက်ရှိပါသည်။ ဈေးနှုန်းသင့်လျော်ခြင်း၊ ပင်ပင်ပင်ပန်းပန်း ချက်ပြုတ်ရန်မလိုခြင်း၊ အချိန်ကုန်သက်သာခြင်းနှင့် လူမျိုးတိုင်းလိုလို လက်ခံစားသုံးနိုင်ခြင်းတို့ကြောင့် ၎င်းခေါက်ဆွဲခြောက်ထုပ်များမှာ ဈေးကွက်အတွင်း အတော်အသင့် နေရာယူလျက်ရှိနေသည်။ နာမည်အခေါ်အဝေါ်၊ အရည်အသွေး၊ အရသာ ကွဲလွဲမှု ရှိသော်လည်း နိုင်ငံတော်တော်များများတွင် ခေါက်ဆွဲခြောက်ထုပ်များကို လိုလိုလားလား လက်ခံစားသုံးလျက်ရှိပြီး အာရှ နိုင်ငံများတွင်သာမက အနောက်ဥရောပ နိုင်ငံများတွင်လည်း ခေါက်ဆွဲခြောက်ထုပ်များ စားသုံးသည့်လူဦးရေမှာ မြင့်မားလျက်ရှိပါသည်။ တရုတ်နိုင်ငံသည် တကမ္ဘာလုံးခေါက်ဆွဲခြောက်စားသုံးမှု၏ ၄၈ ရာခိုင်နှုန်းရှိပြီး တစ်နှစ်စားသုံးမှုမှာ ခေါက်ဆွဲခြောက် ပါကင်ထုပ် ၄၅ ဘီလျီယံခန့်ရှိပါသည်။ တောင်ကိုရီးယားလူမျိုးများသည် ခေါက်ဆွဲခြောက်အများဆုံး စားသုံးသူများဖြစ်ပြီး တစ်နှစ်လျှင် လူတစ်ဦးချင်စီ စားသုံးမှုမှာ ပျမ်းမျှ ခေါက်ဆွဲထုပ် ပါကင်ထုတ်ကြီး ၆၉ […]


တစ်ရက်ကျနော့်မိတ်ဆွေအိမ်မှာ သံဃာတော်များဆွမ်းပင့်ကြွေးတာကို ကူညီလုပ်ကိုင်ဘို့အတွက်ရောက်သွားပါတယ်။ သံဃာတော်တွေကို ဆွန်းဘုန်းပေးနေတော်မူကြတဲ့အချိန် လိုအပ်ချက်ရှိရင် ဖြည့်ဆည်းပေးဘို့ ကျနော်အသင့်စောင့်နေပါတယ်။ သံဃာတော်တွေထဲမှာ အသက်တော်ရှစ်ဆယ်ကျော်တဲ့ ဆရာတော်ကြီးတစ်ပါးလည်းပါ ပါတယ်။ ဆရာတော်ကြီးဆွမ်းဘုန်းပေးနေချိန်မှာ ဆီပြန်အသားဟင်းတွေကိုလုံးဝမထိဘဲအသီးအရွက်ကြော်လေးနည်းနည်း အသုတ်လေးနည်းနည်း အသီးအရွက်အတို့အမြုတ်လေးနဲ့ဘဲ ဘုန်းပေးတော်မူတာတွေ့ရပါတယ်။ဒါနဲ့ဘဲ “အရှင်ဘုရား သတ်သတ်လွတ်ဘုန်းပေးတော်မူပါသလားဘုရား”လို့လျှောက်လိုက်တော့ အသာအယာခေါင်းယမ်းပြတော်မူပါတယ်။ နောက် သံဃာတော်များဆွမ်းဘုန်းပေးပြီး အချိုပွဲကပ် တဲ့အချိန်မှာ ဆရာတော်ကြီးက ကျနော်ကို့ သူ့အနားလာဘို့လက်ယပ်ခေါ်ပါတယ်။ ကျနော်အနားရောက်တော့ ဆရာတော်ကြီးက ဒီလို့မိန့်ပါတယ်။ “ဒကာလေး ရေ ဘုန်းဘုန်းက အသက်ကြီးပြီဆိုတော့ တတ်နိုင်သလောက် ဆီပါတဲ့အစားအစာကို ရှောင်ပါတယ်။ အထူးသဖြင့် ဆီပြန်ဟင်းတွေကိုပေါ့၊ခုခေတ်မှာပိုဆိုးတာက ဘာကိုမှ သန့်သန့်လေးမရနိုင်တာကိုတွေ့နေရတယ်။ ဘုန်းဘုန်းတို့ငယ်ငယ်ကဆို နှမ်းဆီဆိုလဲခပ်သက်သက်နဲ့ သန့်သန့်လေး ပဲဆီဆိုလဲ ဆုံဆီမွှေးမွှေးလေး အခုခေတ်မှာတော့ စားအုန်းဆီ ဆိုတာကပေါ်လာပြန်ရော။ ဘုန်းဘုန်းတို့ကအသေးစိတ်တော့မသိပါဘူးကွယ် စားအုန်းဆီလို ဆီမျိုးက လူကို သိပ်ကောင်းကျိုးမပေးဘူးလို့ကြားမိတော့လဲ တတ်နိုင်သမျှရှောင်တာပေါ့ကွယ်။ […]


Yin Nyine NwayAugust 22, 20101min1898
ဒီနေ ့လုပ်စားတဲ့မြေအိုး မြီးရှည်ကတော့မြေအိုးမရှိလို ့ဒန်အိုးနဲ့ ချက်စားဖြစ်တာပါ။မန္တလေးမှာတော့ေ မြအိုးမြီးရှည်ဆိုင်တွေက ညဈေးတန်းတလျှောက်မှာ ပေါမှပေါ ပါဘဲ။မြေအိုးမြီးရှည်ရဲ ့အရသာကိုတော့ ပူပူစပ်စပ်နဲ ့မာလာဟင်းကြိုက်တဲ့သူတိုင်း ကြိုက်ပါလိမ့်မယ်။ ကျွန်မကတော့ မြေအိုးမြီးရှည်ကို ကြေးအိုးထက် ကြိုက်ပါတယ်။ လက်ကိုင် ရိုးတံရှည်လေးနဲ ့မြေအိုးလေးထဲမှာ ထည့်ချက်ပြီး gas မီးဖို ပေါ်ကချချချင်း ပူပူနွေးနွေး စားရတာ တော်တော်ကောင်းပါတယ်။ ကျွန်မကတော ့ဒန်အိုးထဲမှာ ထည့်ချက်ပြီး ရိုးရိုးပန်းကန်ထဲမှာ ထည့်စားပါတယ်။ ပြုလုပ်ပုံ အဆင့်ဆင့်ကတော့ ကြက်ရိုးကို ဆား၊ငံပြာရည်၊ဂျင်းရည်တို ့နဲ ့နယ်ပြီး ပြုတ်ထားပါတယ်။ ပြီးရင် အရိုးတွေဖယ်ပြီး အရည်စစ် ယူထားပါတယ်။ ငါးဖယ်လုံး၊ငုံးဥပြုတ်ထားပါတယ်။ မြီးရှည်ဖတ်ကို ရေနွေးဖျောထားပါတယ်။ စားတော့မယ်ဆိုမှ gas မီးဖိုကိုဖွင့်၊ဒန်အိုးထဲကို ကြက်ပြုတ်ရည် တစ်ခါစား စာထည့်ပါ။ မပွက်ခင် မာလာဟင်းအနှစ်ကို ဟင်းစား […]


Yin Nyine NwayAugust 21, 20103min590
အင်းသားရိုးရာ ဟင်းထုပ်ကို တစ်ဆင့်ချင်း ဘယ်လိုလုပ်သလဲ ဆိုတာ ကြည့်ရင်း သွားရည်ယိုကြရအောင်လား ကြက်သွန်မြိတ်ကို သေးသေးလေးတွေဖြစ်အောင်လှီး။ ဆန်နဲ့ကောက်ညှင်းကြိတ်ထားတာထဲကို ကြက်သွန်မြိတ်နဲ့ ဆီ၊ဆား ရော။ (ကြိတ်စက်မရှိရင် အဆင်သင့်ဝယ်လို့ရတဲ့ ဆန်မှုန့်နဲ့ကောက်ညှင်းမှုန့်ကိုရေနဲ့ရောလုပ်လည်းရတယ်။) သမအောင်မွှေပြီး အပေါ့၊အငံမြည်း။ ပျော့ပြီးလုပ်ကိုင်ရလွယ်ကူအောင် ငှက်ပျောရွက်ကို မီးကင် (သို့) နေလှန်း။ ငှက်ပျောရွက်ထဲ ဒီလိုထည့်။ လှပအောင်ခေါက်ပြီး တုတ်တံလေးနဲ့ထိုး။ ပေါင်းအိုးနဲ့ နာရီဝက်ခန့်ပေါင်း။ ကြက်သွန်ဖြူဆီကျက်လေးကို အရောင်လှလှလေးလုပ်။ အနံမွှေးမွှေးလေးဖြစ်လာရင်ပေါင်းအိုး ကိုဖွင့်ကြည်လိုက်ဦး။ အိုးထဲက ထုတ်ထားတဲ့ ပူပူနွေးနွေး ဟင်းထုပ်။ ဆန်းလုံးစိကြော်လေးနဲ့ဆို လိုက်ဖက်တယ်။ ဂျူးမြစ်၊ ငရုတ်သီးကြော် နဲ့ နံနံပင်လေးထည့်။ မန်ကျည်းအချဉ်ရည်စပ်စပ်၊ ရေနွေးကြမ်းလေးနဲ့။ ကဲ…စားဖို့အဆင်သင့်ဖြစ်ပြီ အင်းလေးရိုးရာ ဟင်းထုပ် လုပ်နည်းကတော့ ရှင်းရှင်းလေးနဲ့ လွယ်လွယ်လေးပါပဲ။  အပေါ့၊ အငံ နဲ့ အပျော့အမာကတော […]


Yin Nyine NwayAugust 21, 20101min2039
မာလဟင်းသီးရွက်စုံသုပ် ရှူးရှူးရှဲရှဲလုပ်ထားတယ်။ ညနေစာ ထမင်းလွတ် သူတစ်ပန်းကန်၊ ကိုယ်တစ်ပန်းကန် (ရေနွေးကြမ်းနဲ့ လွေးကြမယ်) ပြုတ်ထားသေား အသီးအရွက်များ လိုအပ်သော အသီးအရွက်များ ကျောက်ကျောချောင်း(ခေါ်)ခေါက်ဆွဲ ချောင်း ကြာစွယ် အာလူး မုန်လာဥနီ(ခေါ်)ဥနီ ပန်းပွင့်စိမ်း(ခေါ်)ဘလိုကိုလီ မှိုခြောက်(ခေါ်)ကြွက်နားရွက်မှို မုန်းညင်းဖြူထုပ် ဂေါ်ဖီထုပ် ဘေဘီမုန်းညင်း ပဲပြား ပဲကြာဇံ ပန်းမုန်လာ ဘေဘီပြောင်းဖူး ကိုက်လန် ပဲပင်ပေါက် ကန်စွန်းရွက် ကန်စွန်းဥ (အသီးအရွက်ကတော့ ကိုယ်ကြိုက်တဲ့ အသီးအရွက်ထည့်လိုရပါတယ်) ကျွန်မကတော့ ကိုယ်ရှိတဲ့ အသီးအရွက်ပဲထည့်လိုက်ပါတယ်။ ဘေဘီပြောင်းဖူး၊ ကိုက်လန်၊ ပဲပင်ပေါက်၊ ကန်စွန်း ရွက်၊ ကန်စွန်းဥ အဲဒါတွေ မရှိလို့မထည့်လိုက်ပါဘူး။ မာလဟင်းအတွက် လိုအပ်သောအရာ ကြက်သား(သို့)ဝက်သားတောက်တောက်စင်း မာလဟင်းအနှစ်ထုပ် မြေပဲဆံထောင်း စောကောဆီကျက်(ကျွန်မကြိုက်လို့ထည့်တာပါ။ မကြိုက်လဲ မထည့်ရင်ရပါတယ်။) ငရုတ်သီးကြော်ထောင်း(သို့)ငရုတ်သီးလှော်ထောင်း ကြက်သွန်နီ ၂ […]


kaiAugust 13, 201015min860
ရဟူးဝက်ဘ်ဆိုက်က တွေ့လို့တင်လိုက်တာပါ။ ကြက်ကြိုက်သူများအတွက် ဆိုပါတော့…။ ဗမာတွေက မြို ့ကြီးတိုင်းရှိနေပြီဆိုတော့ သွားစားနိုင်ကြမယ်ထင်ပါတယ်။ စားပြီးရင် ကောင်းမကောင်း ပြန်ရေးပေးနိုင်ရင်ကျးဇူးတင်ပါမယ်။ ခုတလော ယူအက်စ်မှာ ကြက်တောင်ပံကျော်လည်း ခေတ်စားနေပုံရပါတယ်။ တီဗီမှာ ကြော်ငြာတာခဏခဏတွေ့လို့ပါ။ လမ်းမသိရင် ဆိုင်နာမယ်ကို ဂိုဂယ်လိုက်ရင် ရပါတယ်။ ကျုပ်တော့ လော့စ်အိန်ဂျလိစ်က ကြက်ဆိုင်သွားမလို့ ကြိုးစားနေပါကြောင်း..နဲ့ ရုပ်ရှင်ထဲညွှန်းဖူးတယ်ဆိုတာမို ့တန်းစီစောင့်ရရင်တော့ … မစားတော့ဘူးစဉ်းစားထားကြောင်း….။ America’s Best Fried Chicken The all-American dish is much more than Colonel Sanders. Whether in L.A. or Atlanta, it’s the essential soul food. By Taylor Bruce […]


KyaemonJuly 18, 20107min840
Peacotum – a triple treat from the garden http://www.sfgate.com/cgi-bin/article.cgi?f=/c/a/2010/07/16/HOGE1E7DOK.DTL&type=homeandgarden A triple-header of a hybrid fruit – touted as the first three-in-one ever – has made cameo appearances at a few markets in the Bay Area. The ‘Bella Gold’ peacotum is a cross of peach, apricot and plum. While the fruit’s season is winding down, come […]


KyaemonJuly 12, 201012min910
What Burma (Myanmar) needs to fill its rice bowl – CSMonitor.com http://www.csmonitor.com/World/Asia-Pacific/2010/0706/What-Burma-Myanmar-needs-to-fill-its-rice-bowl http://www.csmonitor.com/World/Asia-Pacific/2010/0706/What-Burma-Myanmar-needs-to-fill-its-rice-bowl/(page)/2 In Burma (Myanmar), once the world’s leading rice exporter, indebted farmers are losing their land or cannot afford quality seeds. More aid and credit are available these days, but not nearly enough, say development experts. Bogalay, Burma Under a stormy sky, the […]