lu ta loneJune 15, 20101min1203
သောက်သုံးရန်မသင့်သော ရေ(၅)မျိုး (၁) မီးဖိုပေါ်တွင် အချိန်ကြာမြင့်စွာ ဆူပွက်အောင်ထားသည့် ရေနွေး (၂) ဓာတ်ဗူးထဲတွင် ရက်ကြာမြင့်စွာထားသည့် မလတ်ဆတ်သောရေနွေး (၃) အကြိမ်ကြိမ်ဆူဗွက်အောင် ကြိုခဲ့သောရေနွေး (၄) တစ်ညလွန်သောရေနွေးကို ထပ်ကြိုထားသောရေနွေး (သို့) ထပ်မကြိုထားသောရေနွေး (၅) ထမင်း၊ ဟင်းပေါင်းခံရည် ၎င်းရေများ သောက်သုံးရန်မသင့်ခြင်းမှာ အကြိမ်ကြိမ် ဆူဗွက်ပြီးသောရေတွင် ကယ်လစီယံ၊ မက်ဂနီစီယံ၊ ဂရိုရင်းနှင့် အခြားသတ္တုများ ပိုမိုတိုးလာပြီး ကျောက်ကပ်ကို ထိခိုက်စေနိုင်သောကြောင့်ဖြစ်သည်။


lu ta loneMay 26, 20101min1536
ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို ့ သတိပေးတာ တခုတည်း မဟုတ်ပဲ နှလုံးခုန် ရုတ်တရက် ရပ်တန့် စေတဲ ့ ရောဂါကိုလဲ သတိပေးရာ ရောက်ပါတယ်။ တရုတ်လူမျိုး နဲ ့ ဂျပန်လူမျိုး တွေ ဟာ ထမင်းစားနေစဉ် မှာ ရေနွေး သောက်သုံးတဲ ့ အလေ့ ရှိကြပါတယ်။ ရေအေး ( ရေခဲ ရေ သောက်သုံးလေ့ ) မရှိကြပါဘူး။ ခုချိန်မှာ တော့ သူတို ့ဆီက ထမင်းစား စဉ် ရေနွေးသောက်သုံး တဲ ့ အလေ့ အထ ကို ပြောင်းလဲ ကျင့်သုံးသင့်ပါတယ်။ ခုဆောင်းပါးလေး က တော့ ထမင်းစား ပြီး တော့ ရေခဲရေ […]


PareByokeMay 24, 201016min1061
In the Garden – Upside-Down Crops Are Growing in Popularity – NYTimes.com http://www.nytimes.com/2010/05/20/garden/20tomato.html?src=me&ref=homepage IF pests and blight are wrecking your plants, it might be time to turn your garden on its head. Growing crops that dangle upside down from homemade or commercially available planters is growing more popular, and its adherents swear they’ll never come […]


lu ta loneApril 28, 20101min2025
ပျားရည်ရဲ့ ဂုဏ်သတ်တိ… နေ့စဉ် ထမင်းစား ဇွန်းနဲ့ တဇွန်းလောက် သောက်ရုံနဲ့နော်… ၁  အသားအရည်တွေ ဆံပင်တွေ မိုက်လာမယ်… ၂  အိုမင်းခြင်းကို ကာကွယ်နိုင်မယ်… ၃  အစာအိမ်နဲ့ အူလမ်းကြောင်းကင်ဆာရောဂါတွေကို ကာကွယ်နိုင်မယ်… ၄  ဆီးချိုဖြစ်တာကို ကာကွယ်တယ်… ၅  ဆီးချိုသမားတွေ အချို မရှောင်နိုင်ရင် ပျားရည် လျက်ပေးလို့ရပါတယ်…( တန်ဆေးလွန်ဘေးပေါ့) တခြားဆေးဘက်ဝင် အသီးအရွက်တွေနဲ့ တွဲပြီးသုံးလို့ ရသေးတယ်… မှတ်ချက်။   ။ ပျားရည်စစ်စစ်ဖြစ်မှနော်…


lu ta loneApril 28, 20101min3289
ကိုယ်တွေ့ပါဗျာ… လူတလုံး ဘုန်းကြီးဝတ်ပြီး ထွက်လာတော့ တော်တော်ကို ဝ လာတာဗျ… ပေါင်ကို ၁၃၆ ဖြစ်နေတာ… ဗိုက်ကလဲ ထွက်လာတယ်… တချို့ဆို မထီလေးစားဆက်ဆံလာတယ်… ဘယ်တော့ မွေးမှာလဲ… ကလေးအဖေကျနေတာပဲတို့… လူများက နှာတဇျားသာအောင် တော်တယ်… နင်ကျတော့ ဗိုက်တလုံးသာအောင် တော်တယ်ဆိုပြီး… အဲဒါနဲ့ လူတလုံးလဲ တင်းပြီး… ပိန်အောင်လုပ်လိုက်တာ… ၃ ၄ ၅ ရက်မှာပဲ  ၅ ပေါင်လောက်ကျသွားတယ်… ဗိုက်ကတော့ သိသာတယ်ဗျ… လုပ်နည်းက လွယ်တယ်… မနက်ပိုင်းကို Soft ဘဲ စားတယ်… မုန့်ဟင်းခါး၊ ခေါက်ဆွဲသုပ် တပွဲလောက်ပဲ… အရင်ကဆို လူတလုံးက ထမင်းကြမ်းနဲ့ ကြိတ်နေကျလေ… လက်ဖက်ရည်တော့ ထပ်မသောက်နဲ့ … ဒီလောက်စားရင်တော်ပေါ့… နေ့လည်စာတော့ ဝ အောင် […]


lu ta loneApril 28, 20101min862
ဆယ်ကျော်သက် အရွယ်တွင် အရက်သောက်သည့် အလေ့အထ ရှိခဲ့သော အမျိုးသမီးများအနေနှင့် အသက်အရွယ် ကြီးရင့်လာချိန်တွင် ရင်သား၌ ရောဂါများဖြစ်ပေါ်နိုင်ခြေ မြင့်တက်လာလေ့ရှိကြောင်း သုတေသီများက ပြောကြားခဲ့သည်။ အထူးသဖြင့် အသက်(၂၀)ဝန်းကျင်တွင် အရက်သေစာ သောက်စားမှုကို စွဲမြဲပြုလုပ်ခဲ့ပါက ရင်သားကင်ဆာ မဟုတ်သော အခြားရောဂါများ ဖြစ်နိုင်ခြေ တိုးမြင့်လာနိုင်ကြောင်း Pediatrics ဆေးပညာ ဂျာနယ်တွင် ဖော်ပြထားသည်။ ကင်ဆာမဟုတ်သော ရင်သားရောဂါများ (BBD)တွင် ကင်ဆာကြိတ် မဟုတ်သော အကြိတ်အဖုများ ထွက်ပေါ်လာတတ်သည့် Fibroadenoma ကဲ့သို့ အခြေအနေမျိုးလည်း ပါဝင်ကြောင်း ဟားဗက်တက္ကသိုလ် ဆေးကျောင်းမှ ဒေါက်တာကက်သရင်း ဘာကီက ပြောကြားခဲ့သည်။ “ကျွန်မတို့ လေ့လာတွေ့ရှိမှုတွေအရ ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်သောက်တဲ့ မိန်းကလေးတွေ အသက်ကြီးလာတဲ့အခါ BBDရောဂါတွေ ဖြစ်နိုင်ခြေ တိုးလာတာ လက်တွေ့သိလာရပါတယ်။ ဒါ့အပြင် ရင်သားကင်ဆာနဲ့ရော […]


susunosukiApril 22, 20101min1143
ဈေးကွက်အတွင်းမှ အချိုရည်တစ်ပုလင်း ( ဓါတ်ပုံ-အင်တာနက်) ပြည်တွင်း အချိုရည် ဈေးကွက်ရဲ့ အဓိကထုတ်လုပ်သူ ကုမ္ပဏီကြီး နှစ်ခုဖြစ်တဲ့ Pinya Manufacturing Company Limited နဲ့ Loi Hein Company တို့က ပြီးခဲ့တဲ့ နှစ်ဦးပိုင်းလောက်ကစပြီး ဂါတ်စ်ပါအချိုရည် ဈေးကွက် ကို တမျိုးတဖုံ ဆန်းသစ် လိုက်ကြပါတယ်။ အရင်ထုတ်လုပ်ခဲ့တဲ့ 285 ml အရွယ်အစားရှိတဲ့ ဖန်ပုလင်းများနည်းတူ တစ်ခါသုံး ကော်ပုလင်းများ ကို ထုတ်လုပ်ရောင်းချခြင်းဖြစ်ပါတယ်။အရင်ထုတ်လုပ်ခဲ့တဲ့ ဖန်ပုလင်းများနဲ့ တော့ အရွယ်အစားရော ဈေးနှုန်းများပါ ကွာခြားမှု့ ရှိပါတယ်။ ဈေးကွက်အတွင်းမှ အချိုရည်တစ်ပုလင်း ( ဓါတ်ပုံ-အင်တာနက်) Pinya Manufacturing Company Limited ကထုတ်လုပ်တဲ့ Max Plus အချိုရည်ကော်ဗူးများဟာ အရင်အတိုင်း […]


susunosukiApril 22, 20101min1075
ကော်ဖီကင်းဓါတ်ပုံ(အင်တာနက်) ပြည်တွင်း အကြွေရှားပါးမှု့ကို အရင်ကလက်လီဆိုင်တွေ ရောင်းချရာမှာ ချိုချဉ်များပေးလို့ပဲဖြစ်ဖြစ် လိုအပ်တဲ့ ပစ္စည်းတစ်မျိုးမျိုးဖြည့်ယူ စေလို့ပဲဖြစ်ဖြစ် ဖြေရှင်းခဲ့ကြပါတယ်။ အခုအချိန်မှာ တော့ ချိုချဉ်တွေ တစ်ရူးထုတ်တွေအစား တစ်ခါသောက်ကော်ဖီမစ်ထုတ်တွေ ဈေးကွက်ထဲကို ဝင်ရောက်လာပါပြီ။ ဥပမာ – အကြွေ ငါးဆယ် အမ်းဖို့ အခက်အခဲရှိတယ် ဆိုပါစို့ ၊ ကော်ဖီမစ် ငါးဆယ်တန်တစ်ထုတ် ဖြည့်ယူသွား နိုင်ပါပြီ။ စူပါကော်ဖီမစ်( ဓါတ်ပုံ-အင်တာနက်) လက်လီဆိုင်ရှင်တွေကတော့ ဒီလိုငါးဆယ်နဲ့ရောင်းပေးရတာဟာ သူတို့အတွက် အမြတ်အစွန်းသိပ်မရှိပေမယ့် ဝယ်သူတွေရဲ့ အကြွေအခက်အခဲ ကိုဖြေရှင်းပေးနိုင်လို့ သူတို့အနေနဲ့ကျေနပ်ကြောင်း ပြောဆိုကြပါတယ်။ ငါးဆယ်ကျပ်နဲ့ရောင်းပေးတဲ့ တစ်ခါသောက်ကော်ဖီမစ်ထုတ်တွေကို တော့ စူပါကုမ္ပဏီနဲ့ မီကိုကော်ဖီမစ်ကိုထုတ်လုပ်တဲ့ မီကို ဖုမားကတ်တင်း တို့ကနေထုတ်လုပ်ပါတယ်။ စူပါကင်းတံဆိပ်နဲ့ ရှယ်အမှတ်တံဆိပ်များပဲဖြစ် ပါတယ်။ စူပါကုမ္ပဏီက သိပ်မကြာယခင်ကမှ ကဖီးတူးဂိုး တံဆိပ် […]


parparaziApril 1, 20101min16410
ဘီယာသည်ပထမဆုံးအရက်ပါသော အဖျော်ယမကာတစ်မျိုးဖြစ်ပြီး၊ ပထမဆုံးဘီယာမည်သူစ တင် သောက်ခဲ့သည်ကိုမူ မသိရှိပေ။ သမိုင်းပညာရှင်များက လူသားများသည် ဘီယာနှင့်တခြားယမကာ များကို နှစ်ခြိုက်ခဲ့ကြကြောင်းကောက်ချက်ချခဲ့ကြသည်။ ဂျုံ၊ စပါးစသည့်  နှံစားပင်နှင့်  ရေကိုအသုံးပြု၍ ပေါင်မုန့်မထုတ်လုပ်နိုင်ခင် ပထမဆုံးဘီယာကို ထုတ်လုပ်ခဲ့သည်။ ထုတ်လုပ်မှုနည်းစနစ်   အမျိုးမျိုးပေါ် ထွက် လာပြီးနောက် အသုံးပြုသည့် နှံစားပင်လည်းကွာခြားခဲ့သည်။ ဘီယာ ထုတ်လုပ်ရာတွင် အာဖရိက လူမျိုးများက လူး၊ ဆပ်၊ နှံစားပြောင်း၊ ပီလောပီနံ ကို အသုံးပြုကြသည်။ တရုတ် လူမျိုးများကမူ ဂျုံကိုအ သုံးပြုကာ ဂျပန်လူမျိုးများကဆန်ကိုအသုံးပြုကြသည်။ အီဂျစ်လူမျိုးများက ဘာလီစေ့ကိုအသုံးပြုကြပြီး၊ ယနေ့ခေတ်ဘီယာထုတ်လုပ်ရာတွင်အဓိက အသုံးပြုသောဗျစ်ပန်း(Hop)  များ ကိုမူ အေဒီ ၁,၀၀ဝ တိုင် အောင်အသုံးမပြုပေ။ ယနေ့ခေတ်ဘီယာချက်လုပ်ရာတွင် ခေတ်မီနည်းစနစ်များ ဖြင့်ချက်လုပ်ကာအလို အလျောက် ပုလင်းထဲထည့်ခြင်း၊  ပိုးသတ်ခြင်းများကို  ဆောင်ရွက်သည်။ […]


DaveJanuary 24, 20101min1012
ရစ်ချတ်သည် ဖလော်ရီဒါပြည်နယ်မှ အသက်၃၆နှစ်အရွယ် ရည်မှန်းချက်ကြီးမားသည့် လူဖြူကုန်သည်တစ်ဦးဖြစ်သည်။သူသည် ကျန်းမာရေးကောင်းမွန်ပြီး ရုပ်ရည်ချောမောသည့်တိုင် အိမ်ထောင်မပြုဘဲ ရေကူးကန်ပါသော အိမ်တစ်လုံးတွင် နေထိုင်ကာ မိန်းမလှများနှင့်သာ ချစ်ပွဲသဘင် ဆင်နွှဲခဲ့သည်။ရစ်ချတ်၏အလုပ်သည် စိတ်ဖိစီးမှုရှိစေသော်လည်း ခရစ်စမတ်ပွဲတော်ကို တဟီတီတွင် ကုန်လွန်စေခဲ့သည်။ကြွေးမြီကင်းသူဖြစ်ပြီး သူ၏အချိန်ကို စာဖတ်ခြင်းကဲ့သို့သော စိတ်အဆာပြေစေမှုများဖြင့် ဖြုန်းတီးတတ်သူလည်းဖြစ်သည်။ယခုလောလောဆယ်တွင် သူသည် ကောင်းကင်၏ထက်ဝက် ဟုအမည်ရသော စာအုပ်တစ်အုပ်ကို အပြီးသတ်ရေးသားနေပြန်သည်။ မာရသွန်ပြေးသည်။ကဗျာလည်းရေးသည်။လွန်ခဲ့သော ရက်အနည်းငယ်အတွင်းက ဟေတီငလျင် အမှိုင်ကဗျာတစ်ပုဒ်ကို ရေးစပ်ခဲ့ သေးသည်။ လော်နာသည်ဘော်စတွန်မှ အသက် ၆၄နှစ်အရွယ် လူမည်းအမျိုးသမီးတစ်ဦးဖြစ် သည်။သူမသည် ကိုယ်အလေးချိန်လွန်ကျူးသူ ဖြစ်ပြီး မကြာသေးမီက နှာခေါင်းခွဲစိတ်ပြုပြင်မှုပြုလုပ်ခဲ့သည့်တိုင် ဆွဲဆောင်မှုလည်း မရှိလှပေ။လော်နာ့တွင် ကျောက်ကပ်ရောဂါတစ်မျိုးစွဲ ကပ်နေသော်လည်း လူမှုရေးလုပ်ငန်းများတွင် တက်တက်ကြွကြွပါဝင်လှုပ်ရှားနေဆဲပင်ဖြစ်သည်။မြေးများ ကိုလည်း ပုံမှန်ထိန်းပေး လျက်ရှိသည်။သူမသည် အငြိမ်းစားလက်ထောက် ကျောင်းဆရာမတစ်ဦးဖြစ်သည်။အသက်၆ရနှစ်အရွယ် ခင်ပွန်းဖြစ်သူနှင့် တပူးတွဲတွဲပင် […]


kaiDecember 14, 20091min2153
မာဘိုတိုဖူး(ဂျပန်) ဝက်သားအကြေ    ပေါင်ဝက် တိုဖူး(medium firmness) ၁တုံး(တဗူး) ကြက်သွန်မိတ်ကြီး(Naga Negi)  ၁ချောင်း ဂျင်း၊ ကြက်သွန်ဖြူ၊ အနည်းငယ် တိုးဗန်းဂျန်(ငရုပ်သီးနှစ်- chili bean paste) နှမ်းဆီ၊ ဟင်းရွက်ဆီ၊ ပဲငံပြာရည်အကြည်၊ အရက်(Sake) သကြား၊ ဆား၊ ကော်မှုန့်( ပြောင်းဖူး)၊ မိစော၊miso bean paste ကြက်သားမှုန့်(chicken broth) ပြင်ဆင်ရန် ရေတခွက်(ထမင်းဗူးတဗူးစာ)ကို အရက်၊မိစော၊ သကြား၊ ကြက်သားမှုန် ့တို ့ဖြင့်ရောမွှေထားက ခွက်နှင့်ဖယ်ထားပါ။ ကြက်သွန်မိတ်ရှည်နှင့် ကြက်သွန်ဖြူ၊ ဂျင်းတို ့ကို နှုတ်နှုတ်စဉ်းထားပါ။ တိုဖူးကို လေးထောင့်အတုံးကြီးများ ဓါးနှင့်လှီးထားပါ။