Foolish GirlAugust 7, 20151min41416
ပိုးစာသီး လို့ခေါ်တဲ့ (Mulberry)   ပိုးစာသီးဆိုတာ ပိုးစာပင်ကရတဲ့အသီးပါ။ ပိုးစာပင်က ခုလူတွေဝတ်နေတဲ့ပိုးထည်တွေထုတ်ပေးတဲ့ ပိုးကောင်လေးတွေရဲ့အစာပင်မို့ပိုးစာပင်လို့ခေါ်ပါတယ်။ ပိုးကောင်လေးတွေကအရွက်ကိုပဲစားတာပါ။ အသီးတွေကိုတော့လူတွေစားလို့ရပါတယ်။ ပိုးစာသီးကအနီရောင်ရှိတဲ့အသီးဖြစ်တဲ့အတွက် အခြားအနီရောင်အသီးတွေလိုပဲ အဟာရဓါတ်ပေးပါတယ်။ သွေးအားကိုဖြည့်ပေးနိုင်ပါတယ်။ သံဓါတ်ချို့တဲ့ပြီးသွေးအားနည်းခြင်းကိုကာကွယ်ပေးပါတယ်။ အိုမင်းရင့်ရော်ခြင်းကိုလည်းကာကွယ်ပေးပြီး အအေးမိခြင်းကိုလည်းကြိုတင်ကာကွယ်စေပါတယ်။ ပိုးစာသီးလေးများကို မြန်မာပြည်မှာတော့ တွင်တွင်ကျယ်ကျယ်ရောင်းချစားသုံးတာကိုမတွေ့ရပါဘူး။ ပြည်ပမှာတော့ ပိုးစာသီးများကို ယိုအဖြစ်တမျိုး အချိုရည်အဖြစ်တစ်ဖုံပြုလုပ်ကြပါတယ်။ ပိုးစာသီးအရောင်ပြောင်းလဲပုံမှာ အစိမ်းရောင် မှ အနီရောင် ၊ အနီရောင်မှ ခရမ်းရောင် ဖြစ်ပါတယ်။ ခရမ်းရောင်ဖြစ်သွားပါက စားလို့ရပါပြီ။ ပိုးစာပင်တွေကိုတော့ အပူပိုင်းဒေသတွေမှာတွေ့ရခဲပါတယ်။    


ထမင်းစားပြီးပြီ ဆိုတော့ မြန်မာပီပီ လက်ဖက်ကလေးမြုံ့ကြတာပေါ့ဗျာ.. နှစ်ပြန်ကြော်နဲ့ပဲ ပြင်လိုက်တယ်ဗျာ.. ဒါကတော့ ဒဂျီးအတွက် လူကြီးဆိုတော့ ဂလိုလေးမှ ကြိုက်မပေါ့   ကဲကဲ လက်ဖက်စားပြီး လက်ဖက်ရည်လေးသောက်ဖို့ သွားဝယ်လိုက်ဦးမယ်ဗျို့   ကဲကဲရပြီ ကျောက်မြောင်းက နာမည်ကြီး လက်ဖက်ရည်.. ဟုတ်လားတော့မသိဘူး လက်ဖက်ရည်မသောက်ချင်ဘူးဆိုရင်တော့   ကဲ ထမင်းစားရတာ မဝသေးဘူးရင်တော့ ကြိုက်တာသာ နှိုက်စားတော့ ဗျို့ ကျနော်ကတော့ ပဲလှော်လေးဝါး၊  ဆေးပေါ့လိပ်လေး ဖွာ၊ ရေးနွေးကြမ်းလေးသောက်ရင်း ဇိမ်ယူလိုက်ဦးမယ်ဗျို့ နောက်ကျသွားလို့မစားလိုက်ရရင်တော့ နောက် တစ်ခေါက်မှစားဗျာ


Ma MaAugust 5, 20151min45625
သက်ရှိသတ္တဝါရယ်လို့ဖြစ်လာရင် အသက်ရှင်သန်ရေးအတွက် အစားအစာမျိုးစုံ စားကြရတယ်။   အဲဒီလို စားကြရတဲ့အခါမှာမှ………. ၁။ ဘာကို စားမလဲ၊ ၂။ ဘာ့ကြောင့် စားမလဲ၊ ၃။ ဘယ်လို စားမလဲ၊ ၄။ ဘယ်လောက် စားမလဲ ၅။ ဘယ်အချိန် စားမလဲ………. စသဖြင့် မေးခွန်းပေါင်းများစွာ ပေါ်လာပါတယ်။   ခုရက်ထဲ အစာ စားခြင်းနဲ့ ပတ်သက်တာတွေ စဉ်းစားမိနေလို့။   သဂျီးပြောတဲ့ အာဟာရပြည့်ဝအောင် အမဲသားစားပါဆိုတာကလည်း အတွေးပေါ်စေတဲ့ အကြောင်းရင်းထဲမှာပါတယ်။   စိတ်ရောက်သလောက် ……………… လက်မရောက်နိုင်သေးလို့ အစပျိုးပေးထားတယ်။   စာရှု့သူများရဲ့ အတွေးအမြင်တွေ ပြောပေးခဲ့ရင် နောက်လာမယ့်ပိုစ့်တွေမှာ အကြိတ်အနယ် ဆွေးနွေးစရာ ဝေဖန်စရာတွေ ပေါ်လာနိုင်တာမို့…………………..     ဒီတပတ်တော့ ဒီမျှသာ […]


အခုတလော ရန်ကုန် ဟော့ပေါ့ဆိုင်တွေနဲ့  အဝစား အသားကင်နဲ့ ဟော့ပေါ့ဆိုင်တွေ ခေတ်စားလာပါတယ်။ ရေဘေးကြောင့်လည်း စာတွေက ရေးမထွက်ပါဘူး။ သို့ပေမယ့် မရေးရရင်မနေနိုင်တာကလွဲလို့ အသားကင်နဲ့ ဟော့ပေါ့ဆိုင်တွေအကြောင်း ရေးဖို့စိတ်ကူး လေးပေါ်လာတာနဲ့ ရေဘေးအတွက်လည်း ကိုယ်တတ်နိုင်သလောက်လေး လှူ  ရေးချင်တာ လေးလည် ရွာထဲမှာရေးဖို့ ရွာထဲကို ခြေလှမ်းခဲ့ရပြန်ပါတော့တယ်။ အိမ်မှာလည်း စားဖို့ဝယ်ထားတဲ့ ဆန်လေးလည်း ကုန်ခါနီးပါပြီ။ ရုံးကနေ အမေ့ကို ဆန်တစ်အိတ်လောက် စုစပ်ပြီး ဝယ်ထားပါဦးအမေရယ်။ သား ပိုက်ဆံရရင် ထပ်ပေးပါ့ မယ်ဆိုပြီး ကိုယ့်မိသားစုအတွက်လည်း အမေ့ကို ဆန်ဝယ်ထားခိုင်း။ ရန်ကုန်က စားခဲ့သမှ ျ ဟော့ပေါ့ဆိုင်အကြောင်းလေးတွေ စာစီကာ ရေးမိပြန်ပါတော့တယ်။   Thai Pot ရန်ကုန်မှာတော့ နာမည်ကြီးတဲ့ အဝစား ဘူဖေး အသားကင် နဲ့ […]


— — — — — — — — —   နောက်ဆုံး post တင်ပြီး ၁ နှစ်နဲ့ ရ လ အကြာမှာ သရဲဝင်ခြောက်လိုက်ပါဦးမယ်.. ပထမတော့ fb မှာပဲတင်နေတာပါ.. မမခင်ဂျော်ရဲ့ တောင်းဆိုချက်ကို မလွန်ဆန် နိုင်တဲ့ အလျောက် ရွာသားတွေ သားရေ ယိုစေဖို့ မြန်မာတို့ရဲ့ မြန်မာ ဘီယာတော့ မဟုတ်ပါဘူး မြန်မာစားစရာလေးတွေကို အသိတစ်ယောက် ရိုက်ခိုင်းလို့ ရိုက်ပေးထားတာပါ..     ကဲဗျာ ခင်ဗျားတို့ကို စကြွေးချင်တာကတော့ ပန်းစွယ်တော်က မြန်မာဟင်း set ပါပဲ.. ကြက်သားဆီပြန်၊ ခရမ်းချဉ်သီးသုတ်၊ ငပိချက် တို့ စရာနဲ့ ဘာရွက်ကြော်လဲတော့မသိဘူး စားဗျာအားတော့မနာကြနဲ့ ကျတော်က အားရပါးရစားမှ ကြိုက်တာဗျ   အအီပြေသရက်သီးသုတ်လေးလဲ မမေ့နဲ့ဦးနော ဝါတွင်းကာလ […]


aye.kkAugust 4, 20152min33615
    အခုလိုမိုးရာသီမှာ၊မိုးအေးတဲ့အချိန်မှာ၊ပိန္နဲသီးဟင်းခါးပူပူလေးကို၊ ကျွန်မအနေနဲ ့မကြခဏဆိုသလိုချက်စားဖြစ်ပါတယ်။ ပါဝင်တဲ့ပစ္စည်းများက- ၁။ပိန္နဲသီး(အစိမ်း) ၂။စွယ်တော်ရွက်ညွှန့် ၃။ဆူးပုတ်ရွက် ၄။ပုဇွန် ၅။ကြက်သွန်ဖြူ ၆။ငြုပ်ကေါင်းမှုန့် ၇။ဆန်နှစ်ရည် ၈။ဆား,ငါးငံပြာရည်,ငါးငပိရည်ကြို(အနည်းငယ်)၊ဟင်းခပ်မှုန့်။ ဒီဘက်ဒေသမှာ၊ပိန္နဲသီးပေါ်ချိန်မှာ၊ပိန္နဲသီးအစိမ်း(အခွံနွှာပြီးသား)ဈေးမှာရောင်းချကြပါတယ်။ ရာသီစာလည်းဖြစ်ပါတယ်။ဟင်းခပ်အဖြစ်၊ပုဇွန်တွေလည်းပေါချိန်မို့၊ဝယ်ယူရတာဈေးသက်သာတဲ့အပြင်၊ အကုန်အကျနည်းတာမို့၊ကျွန်မအနေနဲ ့ကဟင်းရည်သောက်ဆမ်းအဖြစ်၊ ချက်စားဖြစ်ပါတယ်။ ပါဝင်တဲ့၊အသီးအရွက်တွေ အားလုံးကို၊ရေဆေးသန့်စင်ပါတယ်။ ကြက်သွန်ဖြူမညက်တညက်ထောင်းထားပါတယ်၊ဆန်အနည်းငယ်ခန့်ကို ရေနွေးနဲ ့စိမ်ထားပါတယ်။ ဆန်ပွလာပြီဆိုရင်တော့၊ငရုတ်ဆုံမှာညက်မှုန့်အောင်ထောင်းပြီး၊ရေနဲ့ဖျော်ပြီး၊ဆန်နှစ်ရည်လုပ်ပါတယ်။ ပုဇွန်ကိုရေဆေးသန့်စင်ပြီး၊ခေါင်းအမြီးချွေ၊ပုဇွန်ကိုအခွံနွှာပြီး၊မညက်တညက်ထောင်းပါတယ်။ ကျွန်မအနေနဲ့ကတော့၊ပုဇွန်ကိုအချိန်တိုအတွင်းမှာအလွယ်ကျက်မြန်အောင်နဲ ့အချိုရည်(အမြန်) ထွက်လာစေဘို့အတွက်ပြုလုပ်တာပါ။ ချက်မဲ့အိုးထဲမှာ၊ပိန္နဲသီး(အစိမ်း)ကို၊ရေမြုပ်ယုံထည့်ပြီး၊ရေမခမ်းအောင်တည်ထားပါတယ်။ ပိန္နဲသီးပြုတ်သားရလာတဲ့အချိန်၊ငါးပိရည်ကြို(အနည်းငယ်)ထည့်ပြီး၊ရေထပ်ထည့်ပြီး၊ဆူအောင်ပြန်ပြီး တည်ထားပါတယ်။ ဟင်းရည်အိုးဆူလာရင်၊ဆန်နှစ်ရည်လောင်းထည့် ယောက်ချိုဇွန်းနဲ့သမအောင်မွှေပြီး၊ဟင်းရည်ဆူလာတဲ့အထိပြန်တည်ထားပါတယ်။ ဟင်းရည်ဆူလာတဲ့အချိန်၊မညက်တညက်ထောင်းထားတဲ့ပုဇွန်နဲ့ကြက်သွန်ဖြူတို့ကို အတူတူရောပြီးထည့်ပါတယ်၊တဆက်တည်းမှာဘဲ၊ဆား,ငါးငံပြာရည်၊ဟင်းခပ်မှုန့်တို့ထပ်ထည့်ပါတယ်။ အပေါ့အငံအရသာကိုတော့၊မိမိနှစ်သက်သလို၊မြည်းကြည့်ပြီး၊ခဏပြန်တည်ထားပါတယ်။ ဟင်းရည်အိုးချခါနီးလောက်မှာ၊စွယ်တော်ရွက်ညွှန့်၊ဆူးပုတ်ရွက်ထည့်ပြီး၊ငြပ်ကေါင်းမှုန့်မွှေးနေအောင်ထည့်ပြီး တာနဲ ့မီးဖိုကနေ(ချက်ခြင်း)ချပါတယ်။ပိန္နဲသီးဟင်းခါးရည်ကိုတော့ပူပူလေးတုန်းမှာဘဲ၊ ဟင်းရည်သောက်ဆမ်းအဖြစ်သုံးဆောင်ပါတယ်။ ကျွန်မအနေနဲ့ကကြိုက်နှစ်သက်လို့၊ခုလိုမိုးရာသီ၊မိုးအေးတဲ့အချိန်မှာ၊မကြာခဏချက်စားဖြစ်ပါတယ်။ မကြာခဏချက်စားဖြစ်တဲ့အကြောင်းအရင်းကလည်း၊ပိန္နဲသီးမှာအာဟာရဓတ်တွေပေါကြွယ်လှပြီး ကျန်းမာရေးအရလည်း စားသုံးသင့်လို ့ပါ။ အခုလိုမိုးရာသီမှာမိုးအေးအေးနဲ ့ပိန္နဲဟင်းခါးပူပူလေးက ဒီဒေသနဲ့လိုက်ဖက်လွန်းတဲ့ ရာသီစာအဖြစ် ကျွန်မအနေနဲ ့နှစ်သက်မိတာမို့၊ပြန်လည်မျှဝေလိုက်ပါတယ်။။။။။။။။။။။ “အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ရွှင်လန်းကြပါစေ”


Ma MaAugust 2, 20152min36820
တစ်နေ့ပြီးတစ်နေ့တွေဖတ်ပြီး မောနေကြမှာစိုးလို့….. ဒီတခါတော့ မုန့်နဲ့ဧည့်ခံမှာဖြစ်ပါတယ်။ :aa:   ဝေဖာ Wafle လို့ခေါ်တဲ့ ဂျုံ ကြက်ဥနဲ့ အလွယ်တကူ လုပ်စားနိုင်တဲ့မုန့်ပါ။   ကလေးဘဝတုန်းက တောဘုရားပွဲတွေမှာ လုပ်ရောင်းလေ့ရှိတဲ့ မုန့်နဲ့တူပါတယ်။ ကြက်ဥမုန့် လို့လည်း ခေါ်တာပေ့ါ။   အစိမ်းရောင်ခွက်ကလေးတွေက ချင်တွယ်တဲ့ ခွက်လေးတွေပါ။ အဲဒီလိုခွက်တွေမရှိလည်း ခွက်တစ်ခုခုနဲ့ အဲဒီအချိုးအဆအတိုင်း ထည့်နိုင်ပါတယ်။ ပါဝင်ပစ္စည်းတွေကတော့…. ၁။ ဂျုံမှုန့်                                   ၂ခွက် ၂။ ကြက်ဥ                                ၂လုံး ၃။ သကြား                               ၂ လက်ဖက်ရည်ဇွန်း ၄။ ဆီ                                        ၁/၃ခွက် ၅။ ထောပတ်                            အနည်းငယ် ၆။ နွားနို့                                    ၂ခွက် ၇။ Baking powder                 ၁လက်ဖက်ရည်ဇွန်း ၈။ အနံ့ဆီအနည်းငယ် […]


မြစပဲရိုးAugust 1, 20153min1688
ခါတော်မှီ သတင်း တို့များရဲ့ လေဒီ နဲ့ သူ၏ ဂျိုလီ လို့ များ ထင်သွားလားဟင်။ ဒီတစ်ခါတော့ မလှည့်စားပါဘူး။ တကယ်ဘဲ ချစ်သောလေဒီ အကြောင်းပါ။ :-)) ချစ်သောလေဒီ သည် ပါးစပ်က သိပ်မပြောဘူး။ အသေအချာ တွက်ချက် ပလန် လုပ်ပြီး ကို လက်တွေ့ပြလိုက်တာဗျား။ ပညာကြီး ပုံများ။ သူ့အတွက် လိုရင် ခေါ်နိုင်တဲ့ အား တွေ ကို မြင်နိုင်ပါတယ်။ ဒါကိုမှ တိုင်းတပါးအားကိုး သစ္စာဖောက်လို့ ပြောရင် နိုင်ငံတကာလှည့် မျက်နှာချိုသွေးပြီး အကူအညီတောင်းနေရရှာတဲ့ သမဒဂျီး ကိုလဲ မချန်ခဲ့ရ။ ဒီတစ်ခါကတော့ ပြကွက် က သိပ်လှတာဘဲ။ ကုလ မဟာမင်းကြီးများ အဖွဲ့ ကို သူတို့ ရဲ့ […]


မြစပဲရိုးAugust 1, 20153min27114
မျက်စိပြူးသွားကြသလား။ .ကော်နီ ဆိုတာ ကော်ဖီထုတ်နီ (Red cabbage) ကို ခေါ်တာပါ။ . မြန်မာပြည်မှာလဲ တွေ့လိုက်တယ်။ ခရမ်းရောင် လို အရောင်တွေ ထွက်လို့ ဆေးဆိုးထားတဲ့ အတုကြီး လို့လဲ ထင်ကြတဲ့ သူတွေလဲ ရှိတယ်။ Red cabbage ဆိုပေမဲ့ အနီရောင် အစစ် မဟုတ်ဘဲ ခရမ်းရောင်ဘက်ကို နွယ်တယ်။ အဲဒါကို Salad လို စားကြပါတယ်။ အခု နည်း က ဘေကွန် နဲ့ ကြော်လိုက်တာပါ။ အညွန်းထဲ ရှာလကာရည် ပါ ထည့်ခိုင်းလို့ ထည့်ထားပါတယ်။ . ဘေကွန်က အငံ နဲ့ ရှာကကာရည် က အချဉ် ရသ နှစ်မျိုး ပေါင်း ပြီး စားလို့ ကောင်းတယ်။ […]


မြစပဲရိုးJuly 30, 20152min23211
ဒီ တစ်ခါ ရှု “စား” ဖို့ ကတော့ သိပ်ပြီး ရောင်းပန်းလှ မှာတော့ မဟုတ်။ ကိုမျိုး မှတ်ချက်ပေးခဲ့တဲ့ “ဟင်းတွေ မှာ နံနံပင် အမြဲထည့် နေရခြင်း” ရာဇဝင်ကို လဲ ဒီမှာ တွေ့လိမ့်မယ်။ :-)) ရွာပြန်တုန်းက ပါလာတဲ့ ရယ်ဒီမိတ် မြောင်းမြဒေါ်ချို မုန့်ဟင်းခါးတစ်ထုတ် ကျန်နေတာ အခု မှ ချက်ဖြစ်တာ မို့ မှတ်တမ်းတင်ခဲ့တာ။ ဒီမှာ နံနံပင် ကို စူပါမာ့ကက်ကြီး တွေမှာ ရပါတယ်။ ဈေးကြီးတယ်တော့ ခေါ်မယ်။ တစ်စည်း ကို တစ်ပေါင် လောက်ပေးရတယ်။ ဒီတော့ သိပ်ပြီး ဝယ်မစားဖြစ်ပါဘူး။ မုန့်ဟင်းခါး ချက် မှာမို့ နံနံပင်လေး နဲ့ မှ တင့်တယ်မှာမို့ ဝယ်ခဲ့ပါတယ်။ […]


မြစပဲရိုးJuly 29, 20153min16912
ဒီ တစ်ခါ အလှည့်ကျ ဖျော်ဖြေ မဲ့ သူ က ဘီဘီ ပါ။ British Beef အတိုကောက်ပေါ့။ နာမည်ကျော် ကိုဘေး အမဲသားတော့ မဟုတ်ဘူး။ အတုံး လေးတွေ တုံးထားပြီး သား အထုတ် ကို ဝယ်တာပါ။ တစ်ထုတ် ကို ၄၀ဝဂရမ် နဲ့ ၃ထုတ် ဝယ်ပြီး ချက်ပါတယ်။ အဲဒါဆို နှစ်နပ် ခွဲ စာလောက် စားလို့ ရပါတယ်။ အမဲသားဟင်းချက်ရင် ပဲထမင်း နဲ့ တွဲစားတာများပါတယ်။ ပဲ က ပဲနီလေး ကို သုံးပါတယ်။ Rice cooker  ထဲ မှာ ထမင်း ၅ဗူး ပဲ ၃ဗူး အချိုး နဲ့  […]


ဇီဇီJuly 27, 20153min59821
  ဒီ တစ်ပတ်လည်း ထမင်းဆိုင် မဖွင့်တာ ကြာလို့သာ ကြံဖန်ဖွင့်ရတာ။ အမှန်တော့ အသုပ်ဆိုင်ပဲ ထားပါတော့။ မွသဲ ဆီက ဆေးဘဲဥသုပ်နဲ့ ကျန်တဲ့ အသုပ်တွေတော့ မွမွဘုတ် ဆီ က ယူပါတယ်။         မွဘုတ်                                 အောင်မိုးသူ ရဲ့ မြင်းခွါရွက်သုပ် အိမ်မှာ မေမေမြင်းခွာရက်သုပ်ရင်တော့ အမြစ်ကအစမသင်ဘူး အကုန် ပါးပါးလှီးတာ ပါးတာမှ ပါးလျှပ်နေအောင် လှီးတာ။ ငရုတ်သီးစိမ်းပါးပါးနဲ့ မြေပဲထောင်းထားတာရယ်။ သံပုရာသီးရယ် ဟင်းခတ်မှုန့် […]


မြစပဲရိုးJuly 26, 20152min31213
အခု ရှု ပြီး “စား” ရမဲ့ ဟင်းလျာ ကတော့ အုန်းနို့ကြက်သားဟင်း ဖြစ်ပါတယ်။ ထည့်ရမဲ့ အချိုးအစား တွေ က တော့ ကြိုက်သလို ထည့်ကြပါ။ *** နမူနာ ပြ Ingredient တွေကတော့ – ကြက် ရင်ပုံ ၄ ခု (အတုံး သေးများ တုံး) – အုန်းနို့ Tin တစ်ဗူး – နံနံစေ့ စားပွဲတင်ဇွန်း ၂ဇွန်း (ညက်အောင်ထောင်း) – သံပုယိုသီး တစ်လုံး – ပဲငံပြာရည် အကြည် ၃ဇွန်း၊ အနောက် ၁ဇွန်း (စားပွဲတင်ဇွန်း) – ဆီ စားပွဲတင်ဇွန်း ၅ ဇွန်း – ကြက်သွန် […]