ဇီဇီFebruary 9, 20131min36934
ဟိုနေ့က တရားနာနေရင်း အတွေးပေါက်လာလို့။ တရားနဲ့ ပတ်သက်တဲ့အတွေးတော့ဟုတ်ပါဘူး။ ကောင်းကောင်းကန်းကန်းလည်း ဟုတ်ဘူး။ လူတွေရဲ့ အသောက်အစား တဏှာနဲ့ ပတ်သက်တဲ့ အကြောင်းလေးပါ။ အစားအသောက်ဝါသနာကြောင့်မို့ ဒီ ဥပမာပဲ ပေးနိုင်ပါတယ်။   လူတွေ အစားအသောက် ဘာနဲ့စားတုန်း မေးရင် ပါးစပ်နဲ့စားတယ် ပဲ ဖြေကြမှာပေါ့နော့။ ဟုတ်ဘူးဗျ။ တစ်ချို့က နားနဲ့စားတယ်။ တစ်ချို့က မျက်စိနဲ့စားတယ်။ တစ်ချို့က လျှာနဲ့စားတယ်၊ တစ်ချို့က လူစွဲနဲ့စားတယ်။ အကျယ်ရှင်းရရင် ဒီလိုပါ။   တကယ် နားရွက်နဲ့စားတာမဟုတ်ပါဘူး။ နား အာရုံလေးကို အားပြုပြီးစားတာမျိုး။ အနီးစပ်ဆုံး မြင်ဘူးတဲ့ သာဓက က ကိုယ့်ဖေဖေ။ သူမကြိုက်ဘူးလို့ သူပြောထားတဲ့ ဟင်းဖြစ်ပါစေ။ ဘေးကနေ အပြောကောင်းလေးနဲ့ ညွှန်းပြောရင် စားသဗျ။ “အစ်ကိုရေ၊ ဒီနေ့တော့လေ […]


ခင္ခFebruary 4, 20131min21739
မောင်တို့ မယ်တို့ ဘာများပြောကြမလဲဟင်!   ခင်ခ ဖေ့ဘုတ်ထဲမှာ ကျန်းမာရေးသတင်းလေးတစ်ခုဖတ်လိုက်ရတယ်။ အဲဒီဖတ်လိုက်ရတဲ့ သတင်းလေးကို ကျန်းမာရေးအမြင်ဖြင့် ဗဟုသုတ မျှဝေတင်လိုက်မယ်။ မောင်တို့ မယ်တို့ ဘာများပြောကြမလဲဟင်!     Facebook မှာတောင် ပျံ့သွားတဲ့ အမျိုးသမီးတွေရဲ့ ရင်သားကို တနေ့၁၅မိနစ် ကြည့်ရင် ကျန်းမာရေး ပိုကောင်းစေနိုင် တယ်ဆိုတာကို အမှတ်မဲ့ မြင်ဖူးလိုက်မယ် ထင်ပါတယ်။ အခု ကြည့်တာတင် မဟုတ်ပဲ ညှစ်ရတော့ မှာပါ။ သိပ္ပံပညာရှင် တွေက အမျိုးသမီး တွေရဲ့ ရင်သားကို ညှစ်ပေးချင်း အားဖြင့် Cancer ဖြစ်စေနိုင်တဲ့ အန္တရာယ်ရှိတဲ့ Cell တွေဖြစ်ပေါ် ခြင်းက ကာကွယ် နိုင်တယ်လို့ ပြောလိုက်ပါတယ်။ ကဲကောင်လေးနဲ့ ကောင်မလေးတွေ ရင်သားကင်ဆာ တားဆီးရေး […]


ဇီဇီJanuary 31, 20131min23218
ခု တလော မိုးလည်း နည်းနည်းအေးသလိုမို့ ဟင်းရည် အလေးထားပြီး ချက်စားဖြစ်နေတယ်။ အဲဒါနဲ့ ဒီမှာတင်ဖို့သတိရလို့။ ဆယ်လမွန်ငါး သိတယ်မဟုတ်လား။ ဒီမှာတော့ အသားကို လွှာပြီး အစိမ်းစားကြတယ်။ အစကတော့ ကိုယ်လည်း အဲလိုပဲစားတတ်တယ်။ နောက်တော့ အစ်မ တစ်ယောက်က ဆယ်မွန်ငါးရိုးကို ဟင်းရည်ချက်နည်းပြောလို့ လိုက်စမ်းသပ်ရင်း ခုတော့ ငါးအသား ရလည်း အဲဒီလိုပဲ ချက်ဖြစ်နေတယ်။ ဆယ်လမွန်ဆို အစိမ်းစားရမှ ဆိုသော သူတစ်ယောက်နဲ့ ငြင်းခုန်ပြီးမှ ချက်ရသောဟင်းပဲ ဆိုပါစို့။   တခြား ငါးလည်း သုံးလို့ရပါတယ်။ ကိုယ်တိုင်လည်း ငါးဖယ်ရိုးနဲ့ စမ်းချက်ပြီးပါပြီ။ ကောင်းတာပါပဲ။ ဆယ်လမွန်ကျတော့ ငါးအသားတွေလွှာပြီးရင် ကျန်တဲ့ အရိုးအကောင်လိုက်ကြီးမှာ ကျန်တဲ့ အသားတွေရယ်၊ ဘေးဘက်က ကျန်တဲ့ အရေခွံတို့ အဆီတို့ကို ကြိုက်လို့ ရွေးဖြစ်တဲ့သဘောပါ။ […]


စဆရ ႀကီးJanuary 31, 20131min20627
ခေါင်းစဉ်ဖတ်လိုက်တော့ ကြက်ခေါင်းကြီးလားထင်နေတော့မယ်။ မထူးတော့ပါဘူး၊ အားလုံးလဲသိနေကြပြီမို့ ကြော်ငြာလေးတော့ ဝင်လိုက်ပါရစေဦး။ ဟုတ်ကဲ့… ကျွန်တော်ကြက်ကြော်ရောင်းပါသည်။ ဘယ်မှာလုပ်သလဲဆိုတော့ KFC မှာ လုပ်ပါသည်ပဲပေါ့။ KFC ဆိုတာ ဘာလဲ မသိကြသူတွေထဲမှာမှ လက်ရှိအလုပ်လုပ်ရန် လာရောက်ကြသော ဝန်ထမ်းများကို Introduction လုပ်ပေးရသည့်ထဲမှာ ကျွန်တော်လဲ အပါအဝင်ဖြစ်သဖြင့် ၎င်းတို့ အသီးသီး ဖြေကြားကြသည်များမှာလည်း မှတ်သားစရာကောင်းလှပေသည်။ တစ်ခါတစ်ရံ KFC ဆိုတာ ဘာလဲဟု မေးလိုက်လျင် ဖြေကြသည်မှာ ကူဝိတ် ဖုဒ် ကုမ္ပဏီ လို့ပြောကြပါသည်။ လုပ်သက်အနည်းငယ်ရလာသောအခါ Kairo Food Company (အီဂျစ်လူမျိုးများ ရာထူးကြီးကြီးယူထားသောကြောင့် အီဂျစ်မှ မြို့တစ်မြို့နာမည်) ဟုပြောကြပါသည်။ တစ်နှစ်ခွဲခန့်ကြာပြီးသည့် ဝန်ထမ်းများကို ပြန်မေးလျင်တော့ Kitchen Fucking Company ဟု ဆိုကြသည်ကို မှတ်သားဖွယ်ရာ […]


johnnydeerJanuary 26, 20131min1192
‘D နေ့တော့ သိပ် အရှည်ကြီး မပြောတော့ဘူး…လာဇီယို ရယ်…ဗလင်စီယာ ရယ်…အာစင်နယ် ရယ်… လာ…ယာ…အာ…ပေါ့…အလွတ်ကျက်…အသေမှတ်နော်… လာ…ယာ….အာ…လာ…ယာ…အာ…လာ…ယာ…အာ…လာ…ယာ…အာ…


ခင္ခJanuary 24, 20131min16716
ကျန်းမာရေးအတွက် စုစည်းမိတာလေးတွေပါ။ ၁. အသည်းနဲ့ ကလီစာများသည် လုပ်ဆောင်မှုတူသည့်အပြင်ဆက်စပ်နေကြသည် ။ ထို့ကြောင့် အသည်း တွင် တစ်ခုခုဖြစ်ပါက ကလီစာများတွင်လည်းတစ်ခုခုဖြစ်နိုင်သည် ။ ကလီစာတွင် တစ်ခုခုဖြစ်လျှင် အသည်း တွင်လည်းထိခိုက်နိုင်သည် ။ ၂. အသည်းမှာ ဒါဏ်ရာအနာတရဖြစ်ပါက သာမန်အားဖြင့် မခံစားရပါ ။ မည်သည့်နည်းနှင့်မှ မသိနိုင်ပါ ။ ကင်ဆာအတော်များများ မဖြစ်ခင်တွင် အသည်းသည် အရင်ဆုံး ပျက်စီးရသည် ။ ထို့ကြောင့် အသည်းကို သေသေချာချာ ဂရုစိုက်ပါက ကင်ဆာရောဂါကိုလည်း ကာကွယ်နိုင်ပေသည် ။ ၃. အသည်းသည် ကိုယ်ခန္ဓာ တစ်ခုလုံး၏ အဆိပ်အတောက်များကိုဖယ်ရှားပေးရသည် ။ ထို့ပြင်ကိုယ်ခန္ဓာ အတွင်းရှိဗိုင်းရပ်(စ် )ပိုးများကိုလည်း တိုက်ခိုက်ရသည် ။ ၄. အသည်းသည် ၂၄ နာရီပတ်လုံး […]


ဦးကြောင်ကြီးရည်းဇား အပျိုဆင် ရှာရာပိုဗာလေးနှင့် ခြစ်သောကြေးမုံဂျီးအမျိုး နလီတို့သည် နယူးယောက်စံတော်ချိန် ၂၃ရက်နေ့  ည ၉:၃၀  ဝန်းကျင်  သို့မဟုတ်  မြန်မာစံတော်ချိန် ၂၄ရက်နေ့ နံနက် ၉နာရီ တဝိုက်တွင် ဩစတေးလျအိုးပင်းတင်းနစ် ၂၀၁၃ ဆီမီးဖိုင်နယ် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ဦးကြောင်ကြီးမှ သူ၏ရည်းဇား ရှာရာပိုဗာကြောင်ကြီး ရှုံးလျင် ကြေးမုံဂျီးထံ သူ့ဘဝတခုလုံး ပုံအပ်မည်ဖြစ်ကြောင်း၊ မှောက်လိုမှောက်သွန်လိုသွန် လက်ဖဝါးထဲမှရေ ကြိုက်သလို ပြုမူနိုင်ကြောင်း၊ လည်ဖြတ်လျင်လည်း သေခံဝံ့ကြောင်း စိန်ခေါ်ထားသည်။ ယခင်အကြိမ်များကလည်း ယခုကဲ့သို့  စိန်ခေါ်လောင်းကြေးထပ်မှုများစွာ ရှိခဲ့သော်လည်း ရပ်ထဲရွာထဲ ခုနှစ်အိမ် ရှစ်အိမ်ကြား အော်ဟစ်သောင်းကျန်းလေ့ရှိသူ ကြေးမုံဂျီး လေသံမျှပင် ထွက်မလာခဲ့သဖြင့် ဦးကြောင်ကြီးတယောက် ပွဲမစခင်ကပင်လျင် နိုင်နေပြီဖြစ်ကြောင်းနှင့် ဥပဒေကြောင်းအရဆိုလျင် ကြေးမုံဂျီးအား မှောက်လိုမှောက်သွန်လိုသွန် လက်ဖဝါးထဲမှာရေစက်ပမာ ပိုင်ဆိုင်နေပြီဖြစ်ကြောင်း ကမာ္ဘ့တင်းနစ်အဖွဲ့ချုပ်မှ အသိမှတ်ပြု […]


ムラカミJanuary 22, 20132min39732
ဂျပန်နိုင်ငံရဲ့ ဘဏ္ဍာရေးဝန်ကြီး (ဒုဝန်ကြီးချုပ်လည်း ဖြစ်သူ) တာရိုအာဆိုကတော့ သက်ကြီးရွယ်အိုတွေဟာ သက်တမ်းရှည်ကြာကြာ အသက်ရှင်ဖို့ ကျန်းမာရေး အထောက်အပံ့ ကုန်ကျစရိတ်တွေ အစိုးရကို ကုန်ကျစေမယ့်အစား စောစောနဲ့ မြန်မြန် သေလိုက်သင့်တယ် လို့ တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။     ဒုတိယဝန်ကြီးချုပ်အဖြစ်၂ကြိမ်တိုင်တိုင် ရွေးကောကတင်မြှောက်ခြင်းခံရတဲ့ .. ကမာ္ဘ့ပျမ်းမျှ သက်တမ်းအရှည်ကြာဆုံးနဲ့ သက်ကြီးရွယ်အို အပေါများဆုံး တိုင်းပြည်ရဲ့ ဒုတိယခေါင်းဆောင်က နိုင်ငံတော်အဆင့် လူမှု လုံခြုံရေး ပြန်လည်ပြုပြင်ပြောင်းလဲရေး ကောင်စီမှာ သည်လို ဆိုခဲ့ပါတယ်။ သင်ဟာ သေချင်နေတဲ့အချိန်မှာ  ဆက်လက်  အသက်ရှင်အောင် အတင်းအကျပ် အားထုတ်ခံရမှုမျိုးကို ကောင်းကင်ဘုံက တားမြစ် ပါတယ်။ ဒီအတွက် ကုန်ကျစားရိတ်တွေကို အစိုးရက ကုန်ကျခံနေရတယ် ဆိုတာကို သိခဲ့ရင် သင် ညဘက် ကောင်းမွန်စွာ […]


ခင္ခJanuary 21, 20131min36219
သက်ကြီးရွယ်အိုများ သူငယ်ပြန်ခြင်း အတွက် နွားနို့သောက်ခြင်း။   သက်ကြီးရွယ်အိုတွေမှာ ဦးနှောက်ရဲ့ လုပ်ငန်းတာဝန်တွေ တစ်စတစ်စ ပျက်စီးတာကို သူငယ်ပြန်တယ်လို့ ခေါ်ဝေါ်ကြတယ်၊ ဒါကိုအင်္ဂလိပ်လိုတော့ Dementia လို့ခေါ်ပါတယ်။ ဒီရောဂါက အသက်အရွယ် ကြီးမြင့်လာ လေ ဖြစ်ပွားနှုန်းများလေပါဘဲ။ အဲဒီလို သူငယ်ပြန်တဲ့ အကြောင်းအရင်းတွေ အမျိုးမျိူးရှိကြတဲ့ထဲက အဖြစ်များ ဆုံးကတော့ အယ်လ်ဇိုင်းမား(ALzheimer’s) ပါ။ အဲဒီရောဂါပြီးရင်တော့ Multi Infarct Dementia လို့ခေါ်တဲ့ ဦးနှောက်ထဲ မှာ သွေးကြောလေးတွေပိတ်တာတို့ ဦးနှောက်ဆဲလ်တွေ ဟိုနေရာပျက်ဖြစ်တဲ့ သူငယ်ပြန်ရောဂါက ဒုတိယလိုက်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါရဲ့ ရောဂါလက္ခဏာက အဆင့်ဆင့်ရှိပါတယ်။ အစောဆုံးအဆင့် early stage မှာတင် ရောဂါဖြစ်ပြီး ၂ နှစ်လောက်ကြာတဲံ အချိန်ဖြစ်ပါပြီ၊ အဲဒီစောတဲ့ အဆင့်တွေမှာ ဘာတွေစဖြစ်လာသလဲဆိုရင် လူနာဟာ […]


ဇီဇီJanuary 18, 20131min27646
မနက်စာ စားချိန်မရတဲ့ ရက်တွေဘယ်လောက်ကြာပြီလဲ။ နှစ်နဲ့ချီနေပေါ့။               – ပဲမှုန့်များများ နန်းကြီးသုတ်နဲ့ ကြက်ရိုးဟင်းခါးလေး – ပေါ့စိမ့် လက်ဖက်ရည်လေးနဲ့ အီကြာကွေး – အိုးဘဲဥ၊ ငါးဖယ်၊ ဘူးသီးကြော်ပါတဲ့ မုန့်ဟင်းခါးနဲ့ ကော်ဖီပြင်းပြင်းလေး – ပဲလိပ်၊ မှိုခြောက်၊ ပန်းခြောက် များများနဲ့ချက်ထားတဲ့ ကြာဇံဟင်းခါးနဲ့ ရေနွေးကြမ်းခါးခါးလေး – ကော်ရည်ခေါက်ဆွဲ ပြစ်ပြစ်လေးနဲ့ ငါးပိထောင်းလေး –  ပဲပလာတာ လိပ်ခုတ်နဲ့ နွားနို့ပူပူလေး – သံပုရာသီးလေးညှစ်ထားတဲ့ အုန်းနို့ခေါက်ဆွဲ အီအီလေး – ဆီနီဆီဝါ ငါးဖယ်ပြုတ်နဲ့သုပ်ထားတဲ့ ဂျုံခေါက်ဆွဲ နဲ့ ကြာရိုးဟင်းခါးလေး အဲဒါတွေ….၊ အဲဒါတွေ ကို လမ်းဘေးဆိုင်တွေမှာ အေးအေးဆေးဆေးထိုင်စားချင်နေတယ်။ […]


ခင္ခJanuary 9, 20131min21635
ရှက်တတ်သူများ ဖတ်စေဖို့။   ရှက်တတ်သူတွေလို့ဆိုရင် အမျိုးသမီးတွေ အများဆုံးဖြစ်မယ်ထင်ပါတယ်၊ သူတို့ဘာကိုရှက်တတ်တာလဲ ဆိုတာလေ့လာကြည့်ရင် အမျိုးသမီးတိုင်းလိုလို လှချင်ကြပါတယ်၊ လှချင်ပေမယ့် မျက်နှာဝန်းကျင် ဆံပင် နဲ့ အသားအရည်တွေ ပျက်စီးလို့ အလှပျက်ရင်ဘဲ ရှက်တတ်ကြတာတွေတွေ့ဖူးတယ်၊ သွားလေးတွေဝါနေလို့ ရယ်ချင်ရင် ပါးစပ် လေးကို ပဝါလေးကာရယ်ရတာတို့၊ မျက်နှာမှာ အမဲစက်လေးတွေ ပေါက်လာလို့ စိတ်ညစ် နေတာတို့ မျက်နှာ လေးချောမွတ်နေချင်တာတို့ စတဲ့ မလှမှာစိုးကာ ရှက်တတ်သူ အမျိုးသမီးများ အရှက်မရ အလှရဖို့ တစ်ချို့ အချက်လေးတွေ ဗဟုသုတအဖြစ် စုစည်းမျှဝေပေးလိုက်တာပါ။ သွားဖြူစင်နည်း သွားများဖြူဝင်းစေဖို့ သီးမွှေး ဌက်ပျောသီးလေးက စွမ်းဆောင်ပေးမှာပါ။ – သီးမွှေးဌက်ပျောသီးလေး တစ်လုံးကို အခွံနွှာလိုက်ပါ – အသားကိုတော့ စားလိုက်ပေ့ါနော်။ – အခွံကို မပစ်လိုက်ပါနှင့် […]


Wai Yan LattJanuary 9, 20131min2056
““ဆရာမနက်တိုင်း မနက်တိုင်း လမ်း လျှောက်တယ်မို့လား”” ““ဟုတ်ကဲ့ ကျွန်တော်မနက်တိုင်း ကျန်းမာရေးအတွက် လမ်းလျှောက်ပါ တယ်။”” ““ဆရာ့ကို ကျွန်တော်မနက်တိုင်း တွေ့တွေ့နေရလို့ပါ။ လမ်းလျှောက်ရင် ကားတွေကို သတိတော့ထားပါ ဆရာ ရယ်။ လွန်ခဲ့တဲ့ (၃-၄)ရက်လောက်က လှည်းတန်းဈေးထဲက ကုန်စုံရောင်းတဲ့လူ ငယ်လေးတစ်ယောက်လမ်းလျှောက်နေ တုန်း ကားတစ်စီးကဝင်တိုက်သွားတာ ပွဲ ချင်းပြီးပဲတဲ့ တရားခံကားကိုလည်း မသိ လိုက်ဘူး။ တိုက်တဲ့ကားကမောင်းပြေး သွားတယ်လို့တော့ ပြောနေကြတာပဲ ဆရာ””တဲ့။ ““ဟုတ်ကဲ့ ကျွန်တော်သတိထားပါ့ မယ် ကျေးဇူးတင်ပါတယ်ခင်ဗျာ”” နေ့စဉ်လမ်းလျှောက်ရင်းတွေ့နေကျ မျက်မှန်းတန်းမိသူတစ်ဦးက စေတနာဖြင့်ပြောလာခြင်းဖြစ်သည်မှာ ခံစားမိသည်။ ရန်ကုန်မြို့တွင်ကားအမျိုးမျိုး စည်း မဲ့ကမ်းမဲ့မောင်းနှင်နေသည်ကို သတင်းရင်းမြစ်အသီးသီးကတဆင့်ပြည်သူများ သိပြီး ဖြစ်ပါလိမ့်မည်။ထို့အတူ နယ်မြို့များတွင်လည်း ကား၊သုံးဘီးဆိုင်ကယ်၊ရိုးရိုးဆိုင် ကယ်များ စည်းမဲ့ကမ်းမဲ့ မောင်းနှင်မှုများ ကြောင့် လူအသေအပျောက်ရှိသော သတင်းများကိုလည်း […]