koyin sithuDecember 14, 20111min15211
တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန် မရမ်းတလင်းတောရှိ အယူတော်မင်္ဂလာခြံအတွင်းသို့ ကျွန်ုပ်၏မိတ်ဆွေဟောင်း ကိုပီတာဆိုသည့် လူကြီးတစ်ဦး ရောက်ရှိလာလေ၏။ ၎င်းကိုပီတာကြီးသည် စိတ်မနှံ့သူတစ်ဦးဖြစ်၏။ ကျွန်ုပ်နေထိုင်ခဲ့သောရပ်ကွက် မှ လူများသည် ၎င်းအား အရူးပီတာဟု ခေါ်ကြကုန်၏။ ကျွန်ုပ်ကမူထိုသို့မခေါ်ရက်ပါ။ သူသည် ကျွန်ုပ်ကို လွန်စွာခင်မင်၏။ ကျွန်ုပ်ရှိ ရာအရပ်သို့ ရောက်လာတတ်မြဲလည်းဖြစ်၏။ ကိုပီတာကြီးသည် ကျွန်ုပ်ကို မြင်လျှင်မြင်ချင်း.. “ဟေ့..ဖိုးအောင်ထွန်း၊ ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်” ဟု သူ၏ ထုံးစံအတိုင်း ကိုးရိုးကားရား နှုတ်ဆက်လေ၏။ ကျွန်ုပ်သည် ၎င်းအား ကျွန်ုပ်၏ခြံမှ ဖျော်သော မနောမယ လက်ဖက်ရည်တစ်ခွက်တိုက်လိုက်၏။ ၎င်းက မသောက်မိကျွန်ုပ်အား.. “ဘာလဲ..” ဟု မေးလေ၏။ ထိုအခါ ကျွန်ုပ်က.. “သောကရ တက် မပွေရအော ခင်ဗျားကို မနောမယ လက်ဖက်ရည်တိုက်တာ” ဟု […]


moethidasoeDecember 13, 20111min1629
HIV ဆိုတာ ရောဂါပိုး နာမည် ပါ ကူးစက်လွယ်တဲ့ ဗိုင်းရပ်စ် ပိုး တစ်မျိုးဖြစ်ပါတယ် AIDS ဆိုတာက HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး ဖြစ်ပေါ်လာတဲ့ ရောဂါ ဖြစ်ပါတယ် (စာသံပေသံနဲ့ ဆိုရင် ရောဂါလက္ခဏာစု လို့ ခေါ်ပါတယ်) သမိုင်း အစကို ပြန်မရှာပါနဲ့တော့ (ပုဂံသမိုင်းလို ဖြစ်နေမှာပါ) နာမည် အလိုအရ လူမှာပဲ ကူးစက်ပါတယ် Human Immunodeficiency Virus လို့ ခေါ်တာကိုး လူရဲ့ ဘယ်နေရာတွေက တဆင့် ကူးသလဲ ဆိုတော့ လိင်အင်္ဂါ အရည်၊ သွေး၊ မိခင်နို့ရည်က တဆင့် ကူးပါတယ် နည်းလမ်း ပြောရရင် အကာအကွယ်မဲ့ လိင်ဆက်ဆံတာ၊ မသန့်ရှင်းတဲ့ ပိုးပါတဲ့ သွေးသွင်းတာ၊ မသန့်ရှင်းပြီး […]


moethidasoeDecember 13, 20111min1134
HIV/AIDS ဗဟုသုတပွဲတော် ကို ရန်ကုန်မြို့၊ သိမ်ဖြူလမ်း၊ အမှတ် ၂၄၉ ရှိ ဆရာဝန်အသင်း ဝင်းအတွင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၆ မှ ၁ရ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။ မည်သူမဆိုအခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ အခမ်းအနားဖွင့်ပွဲကို ၁၆ ရက်နေ့ နံနက် ၉ နာရီမှာ ပြုလုပ်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဆရာဝန်အသင်း လူငယ်ဖွံ့ဖြိုးမှုအစီအစဉ်၊ မြန်မာနိုင်ငံကြက်ခြေနီ၊ MSI, AFXB, MBCA, UNFPA တို့မှ HIV/AIDS ဆိုင်ရာ ဗဟုသုတ ပြခန်းများ ပြသထားမှာဖြစ်ပါတယ်။ ပြခန်းများ အပြင် HIV/AIDS ဆိုင်ရာ ဗဟုသုတ ညာဏ်စမ်းပြိုင်ပွဲ၊ ပြခန်းတိုင်းကို ကြည့်ရှုမှတ်သားပြီး ဖြေဆိုနိုင်မယ့် ရှာပုံတော်ဖွင့်မယ်၊ ဗဟုသုတဖြစ်ဖွယ်ရာ ဗီဒီယို ပြကွက်၊ တိုးတိုးတိတ်တိတ် […]


mg wineDecember 10, 20111min2787
တနေ့ သ၌ ကျွှန်ပ်ပညာရှိ ကဝိ အတင်းများသော သတင်းစကားရေးသည့် မောင်ဝိုင်းထံ ပုသိမ်မြို့ ရေတပ်အနီး နိဂြောဓါလမ်းနေအသက် ၅ဝခန့် ပညာ တတ်တစ်ဦးက ရောက်ရှိလာပြီးသကာလ အနှီလို စကားစလေ၏။ဘယ်နှယ့် ဆရာကြီးငဝိုင်း တိုင်းရင်းဆေးဆိုပြီး ဂေဇက်မှာ အသေနှက်နေပါရောလား ဘယ့်နှာ ဗမာဆေးက မီးခြစ်ဆံခေါင်းတခေါင်း၊ လက်ဖက် စားဇွန်းတစ်ဇွန်း လီမစ်မရှိ ဘာမရှိပါလား အသို့ နည်း အသင် ရပ်လော့ဟု ရိသလို ကလိသလို ပြောလာလေသည် ကတမုံ့၊အနို့လို ကွမ်းခြံ ရပ်က ဦးလေးတော် စပ်သူက ငဝိုင်းရေ ဆရာထက် အားကိုးနဲ့ ဟို ရေးဒီရေး ဟိုပေးဒီပေး လုပ် ဆရာကြီးလုပ် ဆေးနည်းထုတ်နေတာ တရားရဲ့ လားကွဲ့ ဟူလို။ကွန်ပျူတာဆရာမ အပျိုကြီးက မြေအိုးနဲ့ ဆေးရွက် အရှာခက် […]


ムラカミDecember 8, 20114min40030
သည်လူကြီး လိုင်းသစ်ထွင်ပြန်ပြီ မထင်လိုက်နဲ့နော .. လိုင်းဟောင်းကြီးအတိုင်းပဲ လျောက်မှာပါ ...သည်လိုင်းက ကျနော် လျောက်နေကြလိုင်းကြီးပါ ...ဟုတ်ကဲ့ ကျနော်မျိုး ဖားသက်ပြင်းရဲ့ မားကတ်တင်း ပါခင်ဗျား ၁။ မုန့်ဟင်းခါး မားကတ်တင်းနဲ့ မုန့်ဟင်းခါး ဘာဆိုင်တုန်း လို့ မပြောပါနဲ့နော ဆိုင်ပါသော်ကောလားဗျာ ဆိုင်သမှ အချက်ကြီး ၃ချက်နဲ့ ကို ဆိုင်တာ.. အချက်နံပါတ်(၁) မုန့်ဟင်းခါးဆိုင်သွားတယ်နော၊ ခင်ဗျား ဘာပြောလဲ ? မုန့်ဟင်းခါးတပွဲ၊ ဆိုင်ရှင်ဘာလုပ်လဲ? ရော့ အင့် စားတော့၊ အဲ့လိုထင်လို့လား ??? မုန့်ဟင်းခါးတပွဲ။ ဘူးသီးကြော်နဲ့။ ကြက်သွန်ဥ မထည့်ဘူး၊ငှက်ပျောအူ ပါပစေနော်။(ဒါက ကျနော် စားရင် မှာနေကျ စတိုင်လ်)။ ပြီးရင် သံပုရာသီးညှစ်မယ် ....ငြုပ်သီး နည်းနည်း ထည့်မယ်။ ပြီးရင် ဆွဲပြီပဲ […]


chatsuDecember 7, 20111min851
Group A Al Qadsia (KUW) Al Ittihad (SYR) Al Faisaly (JOR) Al Suwaiq (OMN) Group B East Bengal (IND) Kazma (KUW) Arbil (IRQ) Al Orouba (YEM) Group C Al Ahed (LIB) ACL Playoff 1/2: loser (TBC) Kuwait SC (KUW) V.B. (MDV) Group D ACL Playoff West 1/2: loser (TBC) Salgaocar (IND) Knockout Cup winner (OMN) […]


mg wineDecember 7, 20111min1387
ဒီတပတ် ဇက်ရိုးကျီးပေါင်းရောဂါ လက္ခဏာလေးတွရေးချင်ပါတယ်။ခြုံငုံပြီးလေ့လာမိသလောက် ရေးပါ့မယ်။လည်ဆစ်ရိုးမှာ ဖြစ်ပုံခြင်း မတူတာတွေ ရှိတာ လက်တွေ့ လေ့လာ သိရှိရပါတယ်။ ဇက်ကြောတက်ခြင်း၊ ခေါင်းကျဉ်ခြင်း၊ပခုံးသားများရောင်တင်းနေခြင်းအုံးလွဲသလိုဖြစ်ခြင်း ဦးခေါင်းငုံမရခြင်း လက်များရောင်ခြင်း၊ကျဉ်ခြင်း၊လက်ပြင်ငုတ်သလိုဖြစ်ခြင်းဖြစ်တတ်ပါတယ်။ နောက် တခုကလည်ဆစ်ရိုး၁၊၂၊၃၊လောက်မှာကျီးပေါင်းတက်သူတွေကချာချာလည်အောင်မူးခြင်း၊အာရုံစိုက်၍အမူကိစ္စများမပြုလုပ်နိုင်ခြင်း၊စိတ်မကြည် လေးလံခြင်း၊ဦးခေါင်းလေး၍အုံခဲနေခြင်း၊သွေးပေါင်တက်သည့်လက္ခဏာများ ဖြစ်သလိုဖြစ်နေခြင်း၊သမ်းဝေခြင်းဖြစ်တတ်ပါသည်။ ဇက်ရိုးကျီးပေါင်းတက်သူများသည် အောက်ပိုင်းလေးလံခြင်း ထုံခြင်း လည်းဖြစ်တတ်ပါသည်။နောက်ဆုံးဇက်တောင့်ခြင်းဇက်ခိုင်ခြင်းလည်းကြုံတွေ့နိုင်ပါ သည်။ကျီးပေါင်းတက်သူများမှာလက်များကျည်ခြင်း၊ကိုက်ခြင်း၊ လက်သီးဆုပ် အားမကောင်းခြင်း (ကိုင်တွယ် မမြဲခြင်း)လက်တဖက် ကျည်ခြင်းအပြင် လက်မောင်းဆစ်ကိုက်ခြင်း၊ ပင့်မြှောက်၍ မကောင်းတာကိုလည်းခံစားရနိုင်ပါသည်။ ခါးဆစ်ရိုးကျီးပေါင်းလက္ခဏာများမှာ….မကြာခဏ ခါးနာရာမှ စပါသည်။ခါးကြောတောင့်တင်းခြင်း၊တင်းပါးခွက်အောင့်ခြင်း ၊ပေါင်တွင်းကြောများ၊ခြေသလုံးမောင်းတင်ကြောကိုက်ခြင်း၊အောက်ပိုင်းလေးခြင်း၊ခြေချောင်းလေးများကျည်ခြင်း၊ကြာကြာထိုင်ပြီးထလျှင် ကြာကြာထိုင် ကြာကြာ၊ ရပ်လျှင် ခါးနာလာပါသည်။ပက်လက်ကြာကြာမအိပ်နိုင်ခြင်း၊ ရောဂါရင့်လာလျှင် အောက်ပိုင်းသေတတ်ပါသည်။ ဒူးဆစ်ရိုးကျီးပေါင်းရောဂါ လက္ခဏာများမှာ အကွေးအဆန့်ပြုလျှင် ခက်ခဲခြင်း၊ထိုင်ထပြုလျှင် ဒူးမှနာကျင်ခြင်း၊အတက်အဆင်းလုပ်လျှင် နာကျင်ခြင်း၊ ဆောင့်ဆောင့်မထိုင်နိုင်ခြင်း၊ ကွေးဆန့်ရာတွင်ဒူးမှအသံမြည်ခြင်း၊ဒူးဆစ်ရောင်ခြင်း၊ဂုံညင်းဒိုးပတ်လည်ရှိအရွတ်များပျက်ဆီးနေခြင်း၊ စသောလက္ခဏာများမှာ အရိုးကျီးပေါင်းရောဂါ လက္ခဏာများဖြစ်ပါသည်။ ပြည့်စုံမူ ရှိချင်မှရှိနိုင်ပါမည်။လေ့လာမိသလောက်ရေးပြခြင်းဖြစ်ပါသည်။ တိုင်းရင်းဆေးပညာဖြင့် […]


koyin sithuDecember 7, 20111min25415
တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန် မရမ်းတလင်းတောစပ်ရှိ အယူတော်မင်္ဂလာခြံ အတွင်းသို့ ကျွန်ုပ်၏ မိတ်ဆွေဟောင်း ကိုပီတာဆိုသည့် စိတ်မနှံသော လူကြီးတစ်ဥိး ရောက်ရှိလာလေ၏။ ကျွန်ုပ်ကိုမြင်လျှင် ၎င်းက.. “ဟေ့ ဖိုးအောင်ထွန်း ဂွတ်ဒ်မောနင်း၊ ဂွတ်နိုက်” ဟူ၍ သူ၏ထုံးစံအတိုင်း နှုတ်ဆက်လေတော့၏။ ကျွန်ုပ်သည် အလုပ်များသည့်ကြားမှ ကျွန်ုပ်၏ခြံကို ပြင်နေရ၏။ ဌက်ပျောပင်များ အတန်းလိုက် စိုက်နေရ၏။ ကျွန်ုပ်ထံတွင်နေသော တပည့်ကလေးများအတွက် အိမ်ကလေးများ ဆောက်လုပ်ပေးရေ၏။ ကိုပီတာကြီးသည် ကျွန်ုပ်အလုပ်ရှုပ်နေသည်ကို ကြည့်ပြီးလျှင်.. “ အလုပ်တွေများလှချေလား၊ ဘဲရီးဂွတ်၊ ဘဲရီးဘတ်ဒ်..” ဟု ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်က.. “ဘယ်လိုကြောင့် ဘဲရီးဂွတ်ဒ်ပြီး၊ ဘယ်လိုကြောင့် ဘဲရီးဘက်ဒ်ဖြစ်ရတာလဲ၊ ကိုပီတာကြီးရဲ့..” ဟု ပြန်၍မေးလိုက်ရာ ၎င်းးက.. “အလုပ်လုပ်တာကွာ ကောင်းတာပေါ့၊ အဲဒါကြောင့် ဘဲရီးဂွတ်ဒ်လို့ […]


hmeeDecember 5, 20113min38732
အာလူးချောင်းကြော်၊ ဗယာကြော်။ ဒါလည်း စားချင်သလောက် ယူစားခွင့်ရှိတယ်။ ဒါလည်း ဆလပ်ပါပဲ။ လွတ်နေတဲ့နေရာက ဆလပ်ကုန်သွားလို့ အသစ်ပြန်လုပ်နေလို့ လွတ်နေတာ။ ဘယ်ဘက်အစွန်က ခရမ်းချဉ်သီးအနှစ်၊ ခရမ်းသီးအနှစ်၊ ငရုပ်သီးအနှစ်၊ ကုလားပဲအနှစ် စတာတွေ ထည့်ထားတဲ့ ဇလုံတွေပါ။ ဆလပ်တွေပါ။ ကိုယ်ကြိုက်ရာကို ကြိုက်သလောက် စားခွင့်ရှိတယ်။ ကြက်သား အသားလွှာတွေကို အဲ့လိုကင်တာ။ Shawaram ကို အနီးကပ်ရိုက်ထားတာ။ အဖြူအနှစ်တွေက humous လို့ခေါ်တဲ့ ကုလားပဲနှစ် အရမ်းစိမ့်တယ်။ ဗယာကြော်၊ အာလူးချောင်းကြော်၊ အသီးလေးတွေက သံလွင်သီးကို အချဉ်တည်ထားတာပါ။ ဖန်လွန်းလို့ မစားနိုင်ပါဘူး။ ရွာသူားတွေကို ပြချင်လို့ ထည့်လာတာ။ ဆလပ်တွေပါ။ ခရမ်းချဉ်သီး အနှစ်ဆမ်းထားတာ။ ကျွန်မလည်း ပြီးခဲ့တဲ့ ရက်တွေတုန်းက နေမကောင်းတာရယ်၊ ပျင်းတာရယ် ရောပြီး စာကို မရေးဖြစ်ဘူး။ […]


nigimi77December 4, 20111min19212
膾 = 회 = ဟွဲ ငဇာဂီ တို ့ အရှေ ့ကျွန်းမှာတော့ ဆာရှီမီ (刺躍) လို ့ခေါ်ပါသဗျား ။ အဲ့သဟာက ငါး ၊ ခရု ၊ အမဲသား ၊ အသည်း စတာတွေကို အစိမ်း အတိုင်း ပါးလွှာအောင်လုပ်ပြီး စားကြတယ် ။ အရှေ ့ကျွန်းမှာတော့ ဆာရှီမီလို ့ ဆိုလိုက်တာနဲ ့ ငါးစိမ်း စားတာကို မျက်လုံးထဲမှာ တန်းမြင်လောက်အောင်ကို ပုံမှန် စားသောက်ကြပြီး များသောအားဖြင့် အရက်သောက်ရင်း အမြည်း အဖြစ်နဲ ့ ငရုတ်ဆီ ၊ ဆား ၊ ငရုတ်ကောင်းမှုန် ့ ဝါဆာဘီ ယမ်းစိမ်း စတာတွေနဲ […]


nigimi77December 4, 20111min1026
အဟမ်း…..။ ဘွားဆူးရဲ ့ (တောင်ကိုရီးယား ရေဘဝဲ စားသောက်ဖွယ်ရာ https://myanmargazette.net/27259/health-fitness/food-drink) ိကို ဖတ်ပြီး မှတ်မိသလောက် ဟိုရှာသည်ရှာနဲ ့ နည်းနည်း ဗဟုသုတ အာရွှီး လုပ်ထားပါတယ် ။ …………………………………………. ဂိုရ်ယော (ကိုရီးယား) တွေ အစိမ်းစားတယ် ဆိုတဲ့ အဲဒီ ရေဘဝဲ အနွယ်ဝင် အကောင်တွေနဲ ့ပါတ်သပ်ပြီး ပြောရရင် အဲဒီ အကောင်တွေကို သူတို ့ဘာသာစကားနဲ ့ ( 산낙지 ) ဆား(န်)နာ့(က်)ကျီ ( a common octopus ) လို ့ ခေါ်ပါတယ် ။ ကိုရီးယား ယမကာ လုလင်တွေ ၊ ကိုရီးယား နှူးဘာ ဂိုဏ်းသားတွေ အလွန်ကြိုက်နှစ်သက်တဲ့ […]


weiweiNovember 27, 20111min31522
ဒီကနေ့ချက်ပြထားတဲ့ အစားအစာက မနက်စာအဖြစ်စားသုံးဖို့ အဆင်ပြေပါတယ် … ညဘက်ကထဲက ဂျုံနဲ့နွားနို့ရောပြီး ဂျုံအပြားကို လုပ်ထားရပါတယ် … ကြက်သားခါးပတ်လဲ တစ်ခါထဲချက်ထားပြီး မနက်အိပ်ယာထတော့မှ လိပ်စားလိုက်ရုံပါပဲ … UZebak သူငယ်ချင်းကောင်မလေး လုပ်ကျွေးလေ့ရှိတဲ့ အစားအစာတစ်ခုကို အမှတ်တရပြန်လုပ်ပြီး လုပ်နည်းလေး မျှဝေပေးလိုက်ပါတယ် … လုပ်နေကျမဟုတ်လို့ မလှမပဖြစ်နေတာလေးတော့ နားလည်ခွင့်လွှတ်ပေးပါလို့ …. ပါဝင်သောပစ္စည်းများ ဂျုံမှုန့် …… အနည်းငယ် နွားနို့ …… ၂၅ဝ မီလီလီတာတစ်ဗူး သကြား၊ ဆား … သင့်တော်သလောက် ကြက်သားခါးပါတ်အတွက် ကြက်သွန်ဖြူနီ ကြက်သားအသားသီးသန့် ဆီ မဆလာ ပြုလုပ်ပုံအဆင့်ဆင့် ဂျုံအပြားပြုလုပ်ရန်အတွက် ဇလုံတစ်ခုထဲတွင် ဂျုံမှုန့်၊ နွားနို့၊ သကြား၊ ဆားနဲ့ ရေအနည်းငယ်ထပ်ထည့်ပြီး မပြစ်မကျဲအနေအထားရအောင် ဖျော်ထားရပါတယ်။ ထို့နောက် […]


mg wineNovember 26, 20111min1333
အခုရှားဇောင်းလက်ပတ်ချက်ဆေးအကြောင်းတင်ပြလိုပါတယ်။သားဖွားပြီးမီးယပ်ကျိုးနေတဲ့အမျိုးသမီးလေးတယောက် ကအကူအညီတောင်းလို့ဆရာထက်ကိုပြောပြတဲ့အခါမှာဆရာကိုယ်တိုင်ချက်ပေးတဲ့ဆေးပါ။ချက်ချင်းမရေးသေးတာက ဆေးအကျိုးသွားကိုစောင့်ကြည့်တာပါ။ ဒီကလေးမလေးကတော့ဆင်းရဲပါတယ်မီးဖွားတဲ့အခါလည်းအရပ်ကလက်သည်နဲ့အရံသားဖွားလောက်နဲ့ပါ နောက်တော့လမ်းလျှောက်တဲ့အခါတုန့်ဆိုင်းနေပါတယ်။မီးဖွားပြီးအကြောလျှောက်အားနည်းပြီးသွေးအားလေအားကုန်ခမ်း ခြင်းကြောင့်မလုပ်မရှားနိုင်ဖြစ်တာပါ။ ရှားဇောင်းလက်ပတ်ချက်ဆေး ၁။ ရှားဇောင်းလက်ပတ်အနှစ် (၂၅)ကျပ်သား ၂။ထန်းလျှက် (၂၅)ကျပ်သား ၃။မန်ကျည်းသီးနှစ် ၅ကျပ်သား ၄။ပွေးကိုင်းမှုန့် ၅ကျပ်သား ၅။စမုန်မျိုး(၅)ပါး ၁ကျပ်သားစီ ၆။ကြိတ်မှန်ရွက်မှုန့် ၅ကျပ်သား ၇။ကြက်သွန်ဖြူမီးသင်း ၅ကျပ်သား ဦးစွာရှားဇောင်းလက်ပတ်ကို ခြစ်ယူပါ။အိုးထဲထည့်ပြီးကျိုပါ ရေနည်းနည်းထည့်ပြီးနူးအောင်ကျိုပါ။ နူးအိလာရင် ချပြီးတခြားအိုးထဲလှယ်ထားပါ။ထို့နောက်ထန်းလျှက်ကိုရေဆေးပြီးထည့်ပါ ရေထည့်ပါ ကျိုပါ။ထန်းလျှက်ရည်ကိုပျစ် လာလျှင်မန်ကျီးနှစ်ကိုထည့်ပါ၊စမှုန်မျိုးငါးပါး၊ကြက်သွန်ဖြူမီးသင်းထည့်ပါ။ပွေးကိုင်းမှုန့်၊ကြိတ်မှန်ရွက်ထည့်ပါ မွှေပေးပါ သမမျှတအောင်မွှေပြီးလျှင် တိုင်းရင်းဆေးအမှတ်၁၆ လက်ဖက်စားဇွန်း၃ဇွန်းထည့်ပါ၊ကံကော်ဝတ်ဆံ ၁ဇွန်း မောက်မောက်ထည့်ပါ။မွှေပေးပါထို့နောက်အိုးကိုချပြီးမွှေပါ ပြီးလျှင်ပျားရည်၁ဝကျပ်သားထည့်ပါ။မီးဖိုပေါ်တင်ပြီးတပွက် နှစ်ပွက်ဆူလျှင်ချပြီးမွှေပါ။နှမ်းဆီဟင်းခပ်တစ်ဇွန်းထည့်ပါ။ ၁။ အကြောတက် အညောင်းထိုင်သူများ နံနက် ၁ဇွန်း ည၁ဇွန်းစားပါ။ဆေးအမှတ်၂ရကို၂ပဲသားဆီတနေ့ နှစ်ကြိမ်သောက်ပါ ။ ၂။သွေးအားနည်းသူများ၊ ခေါင်းမူးတတ်သူများ၊တနေ့နှစ်ဇွန်းစားပါ ဆေးအမှတ်၁၅ကို၂ပဲသားဆီနံနက်တကြိမ် ညနေတကြိမ်သောက်ပါ။ ၃။ဝမ်းချုပ်လွန်းသူများတနေ့၃ကြိမ်သောက်ပါ ၄။အမျိုးသမီးများဓမ္မတာအားနည်းလျှင်၎င်း အသားအရည်မစိုပြေသူများ၃ကြိမ်သောက်ပါ ၅။အကြောတက် ဝမ်းချုပ် […]