ယခုနှစ် ဥရောပချန်ပီယံ လန်ဒန်အခြေစိုက်ကလပ် ချဲလ်ဆီးအသင်းရဲ ့ တိုက်စစ်မှုး ဒရော့ဂ်ဘာ ဟာ တရုတ်ကလပ် ရှန်ဟိုင်း ဆင်ဟွာအသင်းနှင့် တရားဝင် စာချုပ်တစ်ရပ် ချုပ်ဆိုလိုက်ပြီ ဖြစ်ပါသည်။ ဥရောပ ကလပ်အသင်း အချို့တို့က အသက်(၃၄)နှစ်အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင် တိုက်စစ်မှူး ဒရော့ဂ်ဘာအား ခေါ်ယူရန် အားထုတ်ခဲ့ကြ သေးသော်လည်း ဒရော့ဂ်ဘာသည် အာရှတိုက်ကိုသာ ရွေးချယ်ခဲ့သည်။ ၎င်းသည် ရှန်ဟိုင်းအတွက် ပထမဆုံး ပွဲစဉ်ကို ပြိုင်ဘက်ဟောင်းကြီး မန်ချက်စတာ ယူနိုက်တက်နှင့် ပွဲတွင် စတင်ကစားဖွယ် ရှိနေသည်။ အင်္ဂလန် ထိပ်တန်းကလပ် မန်ယူသည် တရုတ်နိုင်ငံသို့ သွားရောက်ကာ ဇူလိုင်လ (၂၅)ရက်နေ့တွင် ရှန်ဟိုင်းနှင့် ခြေစမ်းမည် ဖြစ်သည်။ ဒရော့ဂ်ဘာသည် ရှန်ဟိုင်းနှင့် (၂)နှစ်ခွဲ သက်တမ်းရှိ စာချုပ်တစ်ရပ်ကို လက်မှတ် […]