ဟီးတိုက်တဲ့ကြီးမိုက်ကို ဆီးမရိုက်ဖို့တော့အရင်တောင်းပန်ထားပါရစေ..  အခုရက်ပိုင်းတက်လာတဲ့တွေ့ဆုံပွဲပို့စ်လေးတွေတွေ့တော့… ကိုယ်တိုင်လည်း တစ်ခုခုပြောချင်လာတယ်ဗျာ… ဒီတစ်ခေါက်တွေ့ဆုံပွဲက တက်ရောက်သူနဲပေမဲ့ စည်းစည်းလုံးလုံးနဲ့ ပျော်စရာကောင်းခဲ့သလိုအစားအသောက်ကလည်း အရင်တစ်ခေါက်ထက်ပိုကောင်း(ပိုက်ပိုက်လဲပိုကုန်)ခဲ့ပါတယ်…မတက်သူတွေသွားရေကျအောင် မိတ်ဆက်လိုက်အုံးမယ်…(အစားသိပ်မမက်တဲ့ ဒေါ်ခိုင်ဇာက ကွန်မန့်တစ်ခုမှာ ဘူဖေးပုံဘယ်သူ့မှရိုက်မလာဘူးလားဆိုလို့ ဒီပို့တင်ဖြစ်သွားပါဂျောင်းးး) ၁။ အသီးအရွက်နဲ့သက်သတ်လွတ်ထမင်းကြော် ၂။ ကြက်ကုန်းဘောင်ကြီးကြော် ၃။ ပုဇွန်ချိုချဉ်ကြော် ၄။ ကျောက်ပွင့်သုတ် ၅။ သီးရွက်စုံအစိမ်းကြော်… ကိုင်း..ရှုကြလော့.. ကဲကဲအစားအသောက်နဲ့အရင်ဖွင့်လိုက်ပါပြီဗျာ… ကျုပ်ကလည်း အဲဒီနေ့က ကိုယ့်ဖာသာဘာတွေလုပ်နေခဲ့မိမှန်းတောင်မသိပါဘူး ကင်မရာပါသွားရက်နဲ့ ဓါတ်ပုံတောင်ထုတ်မရိုက်မိဘူး.. အခုပုံလေးတွေက ဖုန်းကင်မရာနဲ့ရိုက်ထားတဲ့ ပုံအချို့ပါ… ဒါပါပဲဗျာ…စာတော့များများမရေးတော့ပါဘူးလေ..ဓါတ်ပုံလေးတွေကစကားအများကြီးပြောပါလိမ့်မယ်.. တစ်ခုပဲပြောစရာရှိပါတယ်…အဲဒီနေ့ကပေါ့ “ကြီးမိုက်တစ်ယောက် တဟဲဟဲနဲ့ ဟီးတိုက်လွန်းလို့ သွားတောင်အအေးပတ်သွားကြောင်းပါဗျာ” တော်သေဘီ။ ရွာသူားအားလုံးကိုခင်မင်လေးစားလျှက်… လမ်းဆက်လျှောက်နေတဲ့ ကြီးမိုက်။                  


၂၁.၇.၂၀၁၃ (တနင်္ဂနွေနေ့) မိုးလေးက မဆိုစလောက်လေး ဖွဲဖွဲကျနေသည်။ ရာသီဥတုက အေးမြ၏။ မိုးဖွဲကြားက ကန်တော်ကြီး၏ ပတ်ဝန်းကျင်ကလည်း စိတ်ကို လန်းဆန်းစေသည်။ ဒုတိယအကြိမ်မြောက် မန္တလေးဂဇက်အဖွဲ့ဝင်များ ဆုံစည်းပွဲ နှင့် မန်းဂဇက်ချစ်သူများ စာပေဆု၊ ကဗျာဆုပေးပွဲ ကျင်းပမည့်နေ့ပင် ဖြစ်ပေသည်။ Shanti စားသောက်ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် လက်ဝဲဘက်တွင် ဧည့်ကြိုကောင်တာကို တွေ့ရသည်။ တက်ရောက်မှတ်တမ်းလက်မှတ်ရေးထိုးပြီးသည်နှင့် ရွာလူကြီး ကိုပေါက် (မန္တလေး) က လက်ဆောင်ပေးသော ဓာတ်ပုံများကို လက်ခံရရှိနိုင်သည်။ ဓာတ်ပုံထည့်ထားသောမန္တလေးဂဇက်လိုဂိုပါ စာအိတ်မှာ ရွာသား ကို P Chogyi ၏ စေတနာဖြစ်၏။ (မအားလပ်သည့်ကြားက ပွဲသို့ အစောကြီးရောက်လာပြီး လက်ဆောင်များကို လာပေးသွားခြင်းဖြစ်သည်။) ထို့နောက် Green Rose စီစဉ်ထားသော “မန်းဂဇက်ချစ်သူများ၏ အမှတ်တရစုစည်းမှု (၁)” […]


padonmarJuly 23, 20132min101781
ဟုတ်တယ်၊ အာတီဒုံ စိတ်အကြီးကြီးကောက်နေတာ။ အစောကြီးထဲက ပွဲလာတက်ကြပါလို့ ဖိတ်စာဝေထားတယ်။ ကြွားလည်းထားလိုက်သေးတယ်။ လာမယ့်လူ ၆ဝ လောက်ရှိနေပြီ။ ဘူဖေးတောင် လောက်ပါ့မလား….အိုမလောက်လည်း ဒို့တွေမျှတစားကြတာပေါ့။ အဲလိုတွေ တွေးလို့။ တကယ်လာတော့ လူ ၃၆ ယောက်ထဲ။ ဒီကြားထဲ ကိုခင်ခနဲ့ ကိုချိုကြီးက ပြန်သွားရတယ်။ (ကိုချိုကြီးရေ ..ပြန်လာမယ်ဆိုပြီး ပြန်မလာနိုင်တော့တဲ့ အကြောင်းသိရတာ စိတ်မကောင်းပါဘူး) အဲဒီတော့ အလှူရှိလို့ပါဆိုပြီး ပန်းတနော်ပြန်သွားတဲ့ အမွှာညီအမကိုလည်း စိတ်ကောက်တယ်။ (အမယ်…သူက သိလို့ ဉာဏ်ပွင့်တွေမြင်ရင် သတိရပါတယ်လို့ ချော့လာသေး။ တကယ့် ဉာဏ်ပွင့်ချဉ်လည်း မပါဘဲနဲ့ ဓာတ်ပုံနဲ့ချော့တာတော့ မပျော့ပေါင်) ခြေထောက်နာတယ်ဆိုပြီး ရန်ကုန်မှာ ရှိရက်နဲ့ မလာတဲ့ ကိုနေးချားကိုလည်း စိတ်ကောက်တယ်။ ဒီတစ်ခါတော့ လာဖြစ်မှာပါပြောပြီး အနားကျမှ ဓာတ်ပုံတွေပဲ ပို့လိုက်တဲ့ ကိုပေါက်ကြီးကိုလည်း […]


Mr. MarGaJuly 15, 20134min73399
. . . . . . . . . . . . . ကဗျာပြခန်း ( ၁) ကဗျာပြခန်း ( ၂)  ကဗျာပြခန်း ( ၃) ကဗျာပြခန်း (၄) ကဗျာပြခန်းအကြောင်း သောင်းပြောင်းထွေလာ . အာဇာနည်………………တဲ့ ဒီစကားလုံးက လူတိုင်းကို ပြောတဲ့ စကားလုံး မဟုတ်။ လူတိုင်းနှင့်လဲ လိုက်ဖက်ခြင်း မရှိပေ အာဇာနည် ဆိုသည်မှာ မိမိ လူမျိုး၊ မိမိနိုင်ငံအတွက် တိုးတက်ရာ တိုးတက်ကြောင်းများကို စိတ်ရောကိုယ်ပါ နှစ်ကာ ပြုလုပ် ဆောင်ရွက်ခဲ့သူများဟု သတ်မှတ်ချင်ပါသည်။ မိမိ လူမျိုး၊ မိမိနိုင်ငံအတွက် တိုးတက်ရာ တိုးတက်ကြောင်းများကို စိတ်ရောကိုယ်ပါ နှစ်ကာ ပြုလုပ် […]


– – ++++++++++++++++++++++++++++ ၂၀-၀၁-၂၀၁၃ အဲ့ဒီနေ့ အဲဒီရက်က ရန်ကုန်မြို့ ကန်တော်ကြီးထဲမှာ မန်းဂဇက် ရွာသူားတွေ တွေ့ဆုံပွဲ လုပ်ခဲ့ကြတယ်။ အဲ့ဒီတုန်းက ပုံရိပ်တွေကို တွေးမိတိုင်း မြင်ယောင်နေတုန်းပါပဲ။ တကယ် ပျော်စရာ ကောင်းလှပါတယ်။ ဟော … အခုလည်း ကြည့်။ “ဖိတ်စာဝေနေပါသည်” ဆိုပြီး အန်တီပဒုမ္မာက လာမယ့် ၂၁-၀၇-၂၀၁၃ ရက်မှာ ပြုလုပ်မယ့် မန်းဂဇက် ရွာသူားတွေ တွေ့ဆုံပွဲအတွက် ဖိတ်စာတွေ ကမ်းနေပြန်ပြီ။ ဒီတစ်ခါ မလာလိုက်ရ မရှိလေအောင် သွားရောက်လို့ စာရင်းလေး သွားပြီး တို့ကြပါလို့ တိုက်တွန်းပါတယ်။   မန်းဂဇက်ချစ်သူများစာပေဆု ဒီစာပေဆု က မန်းဂဇက် ဆိုတဲ့ အွန်လိုင်းရွာကြီးကို အခြေတည်ပြီး ဖြစ်လာခဲ့တယ်။ လစဉ် တက်လာသမျှ ပို့စ်တွေထဲကမှ […]


padonmarJuly 2, 20131min1291158
    ဒုတိယအကြိမ် မန်းဂဇက်ကွန်ဖရဲင့်စ်ကြီး ကို နေ့ရက်- ဂျူလိုင် ၂၁ ရက် တနင်္ဂနွေနေ့ အချိန် – နံနက် (၉) နာရီ နေရာ-ကန်တော်ကြီး P3 စားသောက်ဆိုင် (ယခင် တစ်ခေါက်ဆိုင်နှင့် မျက်နှာချင်းဆိုင် မိုးလုံလေလုံ နေရာ)တွင် အစားအသောက်–ကြိုက်တာကို ကြိုက်တဲ့ နေရာမှာ ကြိုက်သလို ကြိုက်သလောက် ကြိုက်တဲ့သူနဲ့ တူတူ စားလို့ရတဲ့ ဘူဖေး စီစဉ်ပါမည်။ (ကြိုက်တာကို ဆိုတာမှာ ဆိုင်က စီစဉ်ပေးထားသမျှ ထဲကလို့ ဖြည့်ပါရစေ) အစီအစဉ်-ကြီးမှမိုက်တဲ့ ဦးကြိုက်မီးနဲ့ ငယ်ငယ်လေးနဲ့မိုက်တဲ့ ဆယ်အိမ်ခေါင်းရွှေတိုက်တို့ စီစဉ်နေပါသည်။ Green Rose  စီစဉ်နေတဲ့ မန်းဂဇက်ချစ်သူများ အမှတ်တရ ဆုရပို့စ်များနဲ့ ဆုရ ကဗျာများ စာအုပ် ကိုလည်း အမှတ်တရသိမ်းထားနိုင်ဖို့ အရင်းသာသာ […]


================================= ကဗျာပြခန်း ( ၁) – https://myanmargazette.net/176843 ကဗျာပြခန်း ( ၂) – https://myanmargazette.net/177632 ကဗျာပြခန်း ( ၃) – https://myanmargazette.net/178437 ကဗျာပြခန်းအကြောင်း သောင်းပြောင်းထွေလာ – https://myanmargazette.net/178698 =================================   “မန်းဂဇက်ကဗျာချစ်သူများရဲ့ ကဗျာပြခန်း (၄) ဖွင့်ပွဲ”   ဖွင့်ပွဲနေ့ဖြစ်သောကြောင့် တစ်ရွာလုံး လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။ အနည်းငယ်ထူးခြားချက်ကား ရပ်ဝေးရောက်နေ့ ရွာသူားများပါ ပြန်ရောက်နေကြခြင်းပင်ဖြစ်သည်။ ဇူလိုင်လထဲတွင် ကျင်းပမည့် ရွာတွေ့ဆုံပွဲအတွက် ပြန်လာကြခြင်းပင်ဖြစ်၏။ ထို့ကြောင့် လူစုံတက်စုံတက်ရောက်မည့် ကဗျာပြခန်း (၄) ၏ ဖွင့်ပွဲကား အနည်းငယ် ပို၍စည်ကားနေသယောင် ရှိလေသည်။ ကဗျာပြခန်း (၄) ၏ ဖွင့်ပွဲကို ယခင်ပြခန်းများနည်းတူ ရွာထိပ်မှ အစည်းအဝေးခန်းမတွင် ကျင်းပရန် ပြင်ဆင်ထားသည်။ […]


Mr. MarGaJune 21, 20131min28927
မင်္ဂလာပါ ရွာသူားတို့ရေ ကဗျာပြခန်းကြီး ပျော်ပျော်ရွှင်ရွှင် အင်တိုက်အားတိုက် ချီတက်လာတာ ပြခန်း သုံး တောင် ရောက်ပါပေါ့။ နောက်ထပ်နောက်ထပ် လာမယ့် ပြခန်းတွေအတွက်လဲ ကဗျာတွေက စုပြီးဆောင်းပြီး အခြေအနေမှာ ရှိနေတယ်။ ဒီလောက်အထိ အောင်မြင်တဲ့အတွက်လဲ စီစဉ်သူများက အထူး ဂုဏ်ယူ ဝမ်းမြောက်မိပါသဗျ။ အခုပို့စ်ကတော့ ကျွန်တော်တို့ ပြခန်း ဘယ်လို ဆက်သွားဖို့ စီစဉ်ထားတယ် ဘာတွေ ဆက် လုပ်သွားဖို့ ရှိတယ် ဆိုတာကို အသိပေးဖို့ တင်ရခြင်း ဖြစ်ပါတယ်။ တင်ရမှာစိုးလို့ ပတ် ပြေးပေမင့် ကဗျာမရေးတဲ့ ဒီ သိကြားကို အားလုံးက တစ်ညီတစ်ညွတ်တည်း ပို့စ်တင်ဖို့ အတင်းအကျပ် တောင်းဆိုတာကြောင့် လာမယ့်ဘေး ပြေးတွေ့ ဆိုသလို တင်ရတာပါဗျို့။ ပြခန်း တာဝန်ခံ ဖြစ်နေတော့လဲ […]


ဇီဇီJune 17, 20136min1423161
ပြခန်း (၁)    https://myanmargazette.net/176843 ကဗျာ ပြခန်းအမှတ် နှစ် ~~~~~~~~~~~~~~~~~~~~~~ ၃  ဇွန် ၁၃ ကေဇီ – ဟင်း::::::::: သဂျား – ဂျီးဒေါ် ဘာဖြစ်နေတာတုန်း။ ကေဇီ – စိတ်ပူနေတာလေ။  🙁 သဂျား – ဘာကိုတုန်း။ ကေဇီ – ပြခန်းကိစ္စပေါ့ဟ။ သဂျား – သိပ်စိတ်ပူမနေပါနဲ့ဗျာ။ အလက်ဆင်း နိုင်နိုင်နင်းနင်းနဲ့ ဖွင့်နိုင်မှာပါ။ ဤကား အလက်ဆင်းတစ်ယောက် ပြခန်း (၂) အတွက် သွားစီစဉ်နေချိန်တွေ ကေဇီနဲ့ သဂျားတို့ ပြောဆိုနေရခြင်းဖြစ်၏။ ကေဇီ – ဟမ်။ အလက်ဆင်းအတွက် စိတ်ပူတယ်လို့ ဘယ်သူပြောတုန်း။ မပူပါဘူး။ ကျုပ် အတွက် ကျုပ် စိတ်ပူနေတာ။ သဂျား – […]


– – +++++++++++++++++++++++++ ” ဟူးးးးးးးးးးးး (မောလိုက်ဒါ) “ ဟုတ်တယ်။ ကျုပ်လည်း အမှီလာတာပဲ။ ဒါမယ့် ခညားတို့လည်း သိဒေါ်မူဂျဒဲ့ အတိုင်းဘဲ။ မြို့ဒေါ် ရန်ကုန်မှာ ဂုံးကျော် တံတားတွေကဆောက်၊ လမ်းတွေက ကြပ်၊ ကားတွေက ကြပ်၊ အရင်ကတည်းက ထုံးစံ လူတွေကလည်း တိုးဝှေ့လို့ ကြပ်ပါဘိသနဲ့။ (နောက်ခါ အလျဉ်းသင့်ရင် “ကြပ်၊ ကြပ်၊ ကြပ်” ဆိုပြီး သီချင်းတီးအုံးမယ်။) ရှိပါစေတော့။ သဘာဝ တရားကြီးက ကြပ်ခြင်း အရသာ သိအောင် ဖန်တီးထားတာဆိုတော့ ရှိပါစေတော့။ အခု ပြောဂျင်တာက အိုက်လိုတွေ ကြပ် ကြပ် ကြပ် နေလို့ မဲရုံဖွင့်ဖို့ တာဝံကျဒဲ့ ကျီနုတ်တစ်ယောက် အချိန်မှီ ရောက်မလာဘဲ နောက်ကျနေရဒါဂို […]


padonmarJune 9, 20131min67261
မဲရုံ မဲရုံကိုလာ့၊ငွေဖလားကြီးနဲ့၊ပျော်ပျော်ရွှင်ရွှင်ခင်ခင်မင်မင် ချစ်လှစွာသော ဂဇက်ချစ်သူ မန်ဘာများနဲ့ မန်မဘာများ ရှင့် ဂဇက်ချစ်သူများ စာပေဆုလေး ရွေးချယ်ပြီးပေးလာတာ ၉ ဆုရွေးခဲ့ပြီးပါပြီ။ ဧပြီလကတော့ ခရီးယာယီတွေ များကြလို့ ပို့စ်တွေနည်းမှာကတစ်ကြောင်း ဖတ်ရတဲ့ ဖတ်ရွေးတွေ မအားလပ်တာကတစ်ကြောင်းကြောင့် မေလနဲ့ ပေါင်းပြီးမှ ရွေးမယ်လို့ ပြောထားပါတယ်။ ဧပြီလ ဆုရတဲ့ မောင်ဂီရဲ့ Change ခေါင်းစဉ်နဲ့ အပြိုင် ဖတ်ရွေးတွေရဲ့ ပခုံးပေါ်က ဝန်ထုပ်ကြီးလည်း သက်သာအောင် ဆုရွေးမယ့် ပုံစံပြောင်းမယ်လို့ လည်း ပြောထားပါတယ်။ အခု ဧပြီ+မေက စလို့ မန်ဘာများက ဗုတ်ပေးရမယ့် စနစ်ကို စမ်းသပ်ပါမယ်။ ဒီလမှာ ဖတ်ရွေးတွေက အမှတ်မပေးတော့ပဲ ဖတ်ပြီးသမျှထဲမှာ ကိုယ်ကြိုက်တဲ့ ပို့စ်လေးတွေ ရွေးပြီး အတွင်းရေးမှူးကြီးဆီပို့ထားပါတယ်။ ဒါကို မကြာခင် ပို့စ်အဖြစ်တင်ပါမယ်။ […]


                          တကယ်တော့ မနေ့ကတင်လိုက်တဲ့ပိုစ့်လေးကို ဆက်ရေးဖို့ပါဗျာ- အဲဒီပိုစ့်လေး တင်လိုက်တဲ့အကြောင်းရင်းက – 2.6.2013  ညနေမှာ မန်းဂဇက်ချစ်သူများစာပေဆုရွေးချယ်ရေး ဖတ်ရွေးအဖွဲ့ဝင်တချို့ အစည်းအဝေးလုပ်ကြပါတယ်။ အဲဒီအစည်းအဝေးက ပြောဆိုဆွေးနွေးဖြစ်တာလေးတွေ ၊ ဆက်လုပ်မယ့်အစီအစဉ်ကလေးတွေကို ရွာသူားတွေကိုပါ ချပြပြီး စိတ်ဝင်စားသူတွေက အကြံဉာဏ်ပေး ကွန်မင့်ရေးတာလေးတွေကို ပြန်သုံးသပ်ရအောင် ပိုစ့်ကလေးတပုဒ်တင်ဖို့ ကျုပ်တာဝန်ယူခဲ့ပါတယ်..။ အဲဒီမှာ ပိုစ့်ရေးမယ်လုပ်တော့ – မိဘပြည်သူများခင်ဗျား… ဆိုပြီး သတင်းကြေငြာသလိုကြီးမရေးချင်တာကြောင့် တစ်ယောက်ယောက်ကို တရင်းတနှီးပြောပြတဲ့ရေးဟန်ကလေးနဲ့ tone ကိုလျှော့ဖို့ စဉ်းစားမိပါတယ်။ ကျုပ်မှာက ပိုစ့်ထဲထည့်ရေးချင်တဲ့အခြားအကြောင်းအရာကလေးတွေကလဲ ရှိနေသေးသကိုးဗျာ….   လွန်ခဲ့တဲ့ ရက်အနည်းငယ်က daily eleven […]


alinsettJune 3, 20134min67989
ကဗျာချစ်သူများ ၏ ကဗျာပြခန်းမှ နွေးထွေးစွာ.. ကြိုဆိုပါသည် ။ ==============================   ကဗျာချစ်သူများ၏ ကဗျာပြခန်း (ပြခန်းအမှတ် တစ်)ကိုတော့ အောင်မြင်ခမ်းနားစွာ ဖွင့်လှစ်ပြသနိုင်ခဲ့ပါပြီ ။ ဒုတိယပြခန်းကို ဘယ်လို ထူးခြားအောင် ဖန်တီးပြကြမလဲလို ့တိုင်ပင် ဆွေးနွေးနေတဲ့ အချိန်မှာပဲ……. ကျွန်တော့် Mail ထဲကို ခြိမ်းခြောက်စာကြီး တစ်စောင် ရောက်လာပါတယ်။ ဒီ ရွာထဲက.. နာမည်ကြီး ရွာသားကြီးတစ်ယောက် ပို ့လိုက်တဲ့ ခြိမ်းခြောက်စာ ပါ။ စာထဲမှာ ကဗျာတစ်ပုဒ်လည်း ပါ ပါတယ်။ အဲဒီကဗျာ ကို ပြခန်းထဲမှာ ထည့် ပါ..တဲ့ ။  မထည့်လို ့ကတော့ … သူ ့အဆိုးးမဆိုနဲ ့လို ့ကြိမ်းဝါး ထားလို ့ […]