တကယ်တော့ အစက ဒီပဟေဠိအစီအစဉ်ကို ဒီလိုလုပ်မယ်လို့ စိတ်မကူးခဲ့ပါဘူး။ ထူးထူးခြားခြားလေးဖြစ်အောင်လို့ နာမည်တွေကို တိုက်ရိုက်မပြောဘဲ ထည့်ထားခဲ့ရုံလောက်ပါပဲ။ ဒါပေမယ့် ပြခန်းကို ပရိုမိုးရှင်းလုပ်သလိုလည်း ဖြစ်အောင်၊ ပြခန်းကိုလာတဲ့သူတွေအတွက် ပျော်စရာလေးလည်းဖြစ်အောင်ဆိုပြီး ဆုပေးမယ့် အစီအစဉ်လေးကို လုပ်ဖြစ်လိုက်ပါတယ်။ တကယ်လည်း ပျော်စရာကောင်းပါတယ်။ ကိုရာမည နဲ့ ကိုဘီယာ ရဲ့ ပို့စ်တွေ အပြိုင်အဆိုင်တက်လာတာကိုကြည့်ပြီး တော်တော်လည်း ဝမ်းသာမိပါတယ်။ အခုလို ပါဝင်ပေးတဲ့အတွက်လည်း တကယ်ကို ကျေးဇူးတင်ပါတယ်။ ဒါကြောင့် (သဂျီးကို မွဲဆေးဖော်တဲ့အနေနဲ့) အဖြေတွေကို ပို့စ်တစ်ပုဒ်တင်ပြီး ပြောပြလိုက်ပါတယ်။ ၁။ တကယ်တော့ ကွက်လပ်ထားခဲ့တာ မဟုတ်ပါဘူး။ ပို့စ်ကို အချိန်စာရင်းနဲ့ တင်ပြီးတဲ့အချိန်မှာမှ တော်သလင်းလဖွဲ့ဆိုတဲ့ ကဗျာကို ရလာခဲ့တာပါ။ ပို့စ်မတက်ခင်ကြားရက်ထဲမှာကလည်း ဖျားနေတာနဲ့ ပို့စ်ကို သွားမပြင်နိုင်ခဲ့ပါဘူး။ ကဗျာဆရာအမည်မပါဘဲနဲ့ ပို့စ်တက်သွားတဲ့အချိန်မှာ ဘယ်သူကများ […]


ခရီးသည္ႀကီးSeptember 23, 20131min904114
တသက်​လုံး ဖုံးသမျှ ကုန်​းကာမှ​ပေါ် တဲ့ .. ထိထိမိမိ​ပြောချင်​လို့ ဒီစကားပုံကို​ပြောရတာ အား​တော့နာပါတယ်​ ။ ကျုပ်​ကို ပွင်​့ပွင်​့လင်​းလင်​း ​ဆွေး​နွေးနိုင်​သလို ဆဲလိုကလည်​း ဆဲ ​ပေါ့ဗျာ ။ ကျုပ်​အမြင်​ကျုပ်​ အထင်​​ပြောမှာဖြစ်​လို့ မတူတာ​တွေ ရှိမှာပါ ။   ကျုပ်​ခရီးသွားဟန်​လွဲ ​ရောက်​ဖူးတဲ့ရွာတစ်​ရွာမှာ အသုဘ တစ်​ခုနဲ့ကြုံ​တော့ အထက်​ကစကားပုံ​လေးသွားသတိယပါတယ်​ ။ ​သေသူက အသက်​ ၅ဝ ​ကျော်​ရွယ်​ မိန်​းမကြီး ၊ ​သေတာက ​ချောင်​းထဲခုန်​ချပြီးသတ်​​သေတာ ။ ​သေပြီး ရက်​​တော်​​တော်​ကြာ​တော့ ​ချောင်​းစပ်​ကခြုံကြားထဲမှာ အ​လောင်​း​ပေါ်လာပါတယ်​ ။ ​အ​လောင်​းလည်​းဆယ်​​ရော မိန်​းမကြီးရဲ့ ​သေ​ကြောင်​းကြံတဲ့အ​ကြောင်​း ​ပေါ်လာတာဘဲ ။   မိန်​းမကြီးက မ​သေခင်​ နူနာစွဲ​နေပုံရပါတယ်​ ။ ဒါ့​ကြောင်​့ ရှက်​ပြီးသတ်​​သေတာပါ … […]


ကျုပ်နာမည်လား။ ကျုပ်နာမည်က ဒေါ်ကြီးလုံတဲ့။ ဒီရွာမှာနေတာတော့ နှစ် (၂၀) လောက်ရှိပြီ။ ရွာလယ်ပိုင်းမှာ တူမလေးနဲ့ နေတယ်လေ။ အောင်မယ်လေး…ရွာက ပျော်ဖို့ကောင်းတာတော့ မပြောနဲ့။ မှတ်မိသေးတယ်။ ဒီရွာကို ရောက်ခါစက ကျုပ်က ခပ်ငယ်ငယ်ရယ်။ ဘာမှလည်း ဟုတ်တိပတ်တိမသိ။ ဒီလိုပဲ ရွာလူကြီးတွေ စကားဝိုင်းထဲ ဝင်နားထောင်ရင်း နားထောင်ရင်းနဲ့ စာလေးဘာလေးတွေဖတ်၊ အဲဒီကနေ ကိုယ်ထင်တာလေးတွေ ဝင်ပြောကြည့်၊ လူကြီးတွေကလည်း မှားရင်ပြင်ပေးကြတယ်။ ဒီလိုနဲ့ ပြောရဲဆိုရဲက ရှိလာ၊ နေတာလည်းကြာတော့ ရွာထဲက အတော်များများနဲ့ သိပေါ့။ ဒါတောင် တစ်ချို့ အဝေးရောက်နေတဲ့ ရွာသားတွေ ပြန်လာရင် ကျုပ်က ကြောင်တောင်တောင်ကို ဖြစ်တတ်သေးတာ။ ဟိုလူ့မေး၊ ဒီလူ့မေးနဲ့ပေါ့။ ဒါနဲ့ … ပြောတာ ဘယ်ရောက်သွားပါလိမ့်။ အော်…ရွာက ပျော်စရာကောင်းတာ… ကျုပ်ဆို […]


– – – – – ================================== တစ်နေ့သ၌ ကျွန်ုပ်သည် ရာသီဥတု လွန်စွာ အိုက်စပ်ရကား အိမ်ရှေ့ မန်ကျည်းပင်အောက်တွင် ရှိသော ထိုင်ခိုင်တန်းလျားပေါ်၌ ထိုင်နေရင်းဖြင့် အိုက်စပ်ခြင်း ပြေပျောက်စေရန် အလို့ငှာ ယပ်တောင် တဖျက်ဖျက် ခတ်လျက် ရှိနေစဉ် ကျွန်ုပ်၏ အိမ်ရှေ့တံခါးဝ ဆီသို့ ဆံပင်အား သျှောင်တစ်စောင် ထုံးဖွဲ့ထားပြီး နီညိုရောင် ခပ်နွမ်းနွမ်း အဝတ်အစားများအား ဝတ်ဆင်ထားသည့် အသက် ၆ဝ အရွယ် လူကြီးတစ်ဦးသည် လာရောက် ရပ်တန့်သည်ကို တွေ့ရလေ၏။ ကျွန်ုပ်မှလည်း အလှူခံပေလော ဟူသော အကြည့်ဖြင့် ထိုလူကြီးအား ကြည့်ရှုအကဲခတ်နေစဉ်တွင် ထိုလူကြီးသည် ၎င်း၏ လွယ်အိတ်ကြီးအတွင်းမှ ကြေးစည်လေးအား ထုတ်လျက် နောင် .. ဝေ .. […]


သူကေလးSeptember 2, 20131min60549
– – – – – =============================== ကဗျာ ကို ကျမ ချစ်တယ်။ ဘယ်အချိန်တည်းက ကဗျာ ကို ကျမ ချစ်မိနေလဲဆိုတာ ကျမ မမှတ်မိ။ ဒါပေမယ့် ဆယ်ကျော်သက် အရွယ်မှာ မတောက်တခေါက် ကာရံ ကဗျာတွေဟာ ကျမ လက်ကို ခပ်ဖွဖွလေး နမ်းရှိုက်နေခဲ့ပြီလေ။ အခုများ အချိန်မှာတော့ ကဗျာ ဆိုတာ ကျမ နှလုံးသားရဲ့ ဟိုးအနက်ရှိုင်းဆုံးဆီမှာ နေရာယူထားတတ်ခဲ့ပါပြီ။ ကဗျာ ချစ်တတ်တဲ့ ကျမ ….. ဒီဘဝတစ်ကွေ့မှာ ကဗျာ ချစ်တတ်တဲ့ မောင်နဲ့ တွေ့ခွင့်ရခဲ့တယ် ….။ ဒါကို ဟိုသီချင်း စာသားလို “ဘုရားပေးတဲ့ ဆု” လို့ ပြောလို့ ရနိုင်လေမလားပါပဲ။ မောင်က ကျမနဲ့ […]


Normal 0 false false false MicrosoftInternetExplorer4 /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin:0in; mso-para-margin-bottom:.0001pt; mso-pagination:widow-orphan; font-size:10.0pt; font-family:”Times New Roman”; mso-ansi-language:#0400; mso-fareast-language:#0400; mso-bidi-language:#0400;} ဖတ်ရွေး အဖွဲ့သားများအလိုရှိသည် Wanted….Best Web Awards ရွာသူားများအားလုံး မင်္ဂလာပါဗျာ…. ရေးမယ်…ရေးမယ်နဲ့ အချိန်ကြာသွားလို့ မနေ့ညကတော့စာလေးအပီးသတ်ပြီး ဒီမနက်တင်မယ်လုပ်တော့မှ…မဟာရာဇာကပို့စ်တက်နေပြီ… တကယ်က ကျုပ်တာဝန်လုံးလုံးပါ…အံဇာကိုလည်းကျေးဇူးတင်ပါတယ်… ကျုပ်ဒီနေ့ ပြောချင်တဲ့အကြောင်းကတော့ ရွာရဲ့ `ဖတ်ရွေး´ ကိစ္စပါ ဒီအကြောင်း ပီးခဲ့တဲ့ တွေ့ဆုံပွဲတုန်းကပြောမလို့ဘဲဗျ… မန်းဂဇက်ချစ်သူများစာပေဆုပေးပွဲနဲ့ ရွာသူားများတွေ့ဆုံပွဲအပျော်တွေကြားမှာ ကျုပ်ပြောချင်တာတွေပျောက်နေခဲ့လို့ရယ်..တစ်ရွာလုံးကိုသိစေချင်တာရယ်ကြောင့် […]


– – – – – ============================ အန်တီဘုမ်မာ ကတော့ ပြောပြောတတ်တယ်။ ဖတ်ရွေး ဆိုတာ “ဂျီးဒေါ် နွားကျောင်းတဲ့ အလုပ်” ပါတဲ့ …..။ ဂျီးဒေါ် နွားကို ကျောင်း ပေးရတယ် ဆိုတော့ နွားကျောင်းခ မရ။ အခန့်မသင့်ရင် အဆူအဆဲပါ ခံရနိုင်ကိန်း ရှိသေးတယ်။ ကိုယ့်ဂျီးဒေါ်ရဲ့ နွားဆိုတော့ အမျိုးတွေမို့ ဖရီး ကျောင်းပေးရတယ်။ ဂျီးဒေါ် ကောင်းစားရေးအတွက် ကိုယ်က အလကား လုပ်ပေးနေရတာ။ အခုလည်း မန်းဂဇက် က ဖတ်/ရွေး ဆိုတာလည်း ဒီလိုပါပဲ ….. တဲ့ …။ ဒါ …. တား ပေါဒါ မီဟုတ်ဝူးနော်။ သူ .. သူ .. […]


– – – – – =============================== အခု ၂၀၁၃ ခုနှစ်ရဲ့ ဩဂုတ်/ဂတ်စ် ကို ရောက်လို့ လာခဲ့ပါပြီ။ အခု ဩဂုတ်/ဂတ်စ် ဆိုတော့ ပြီးခဲ့တဲ့ အင်းဂလိ လကို ပြောပါဆိုရင် ဇူလိုင်/ဂျူလိုင် လလို့ ပြောလို့ ရပါသည်။ အခုများ အချိန်ဟာဆိုရင်ဖြင့် အဲ့ဒီ ဇူလိုင်/ဂျူလိုင် လအတွင်းမှာ မန်းဂဇက် ပေါ် တက်လာသမျှ ပို့စ်တွေထဲကမှ အကောင်းဆုံး မဟုတ် အကြိုက်ဆုံး ဖြစ်တဲ့ ပို့စ် တစ်ပုဒ်ကို ရွေးချယ်ကြတဲ့ အချိန်လို့ ပြောလို့ ရလေမလားပဲ ခင်ဗျ။ ဒီလို ရွေးချယ်လို့ လာခဲ့တာဟာလည်း လများစွာ ကြာခဲ့ပါပြီ။ အစ ကနဦးမှာ ဖတ်/ရွေး လူကြီးများရဲ့ ရွေးချယ်မှု ရလဒ်များ […]


alinsettAugust 5, 201313min45860
မန်းဂဇက် ကဗျာချစ်သူများ ရဲ ့ ကဗျာပြခန်း  အမှတ် ( ၆ )   ကဗျာချစ်သူများရဲ့ ကဗျာ ပြခန်း   တွေကို တစ်ခန်းထက်တစ်ခန်း ပိုပြီး ခမ်းနား ထည်ဝါအောင် ဖွင့်ပြနိုင်ဖို ့ကျွန်တော်တို့ ့ကြိုးစားနေကြပါတယ် ။ အခု ပြခန်း အမှတ် (၆) ကိုလည်း…… ထူးထူးခြားခြား ဖျော်ဖြေရေး အစီအစဉ်တွေ နဲ့ ့ပျော်ပျော်ပါးပါး ဖြစ်အောင် စီစဉ်ထားပါတယ် ။ ဟုတ်ပါတယ် ။ ကဗျာပြခန်း အမှတ် (၆) ဖွင့်ပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ဖွင့်နေပါပြီ ခင်ဗျားးး။ ========================================= ပြခန်းး အမှတ်(၆)ဖွင့်ပွဲကို ……  ရွာသူရွာသားတွေ စုံစုံညီညီ နဲ့ ့ရောက်ရှိနေကြပါပြီ ။ ပြခန်းထဲ […]


– – – – – ================================ New Version ================================ ပို့စ်ရေးသူ၏ စကား ……….အဲ … ခေါင်းစဉ်ကြည့်ပြီး ကြီးကျယ်လိုက်တာလို့ ထင်တော်မမူကြပါနဲ့ …။ ပြောချင်တာက ဘာမှ မဟုတ်ပါဘူး။ ကြားထဲမှာ နှစ်လတာ ဒီလိုပို့စ်မျိုး မလုပ်လိုက်ဘူးလို့ ပြောမလို့ပါ ….. ဟီးးးးးး အခုဟာကလည်း ဟိုလူကြီးကို ကြောက်ရို့ … လုပ်လိုက်ရတာ …..။ အိုက်လူကြီးက ဒီတစ်လ မလုပ်လို့ကတော့ လည်ပင်းညှစ်ပစ်မယ် ဆိုပီး ကြိမ်းထားလို့ …..။ ဘာပဲဖြစ်ဖြစ်ပါ …….။ “ပြီးတော့လည်း ပြီးတာပါပဲ” …. မဟုတ်လားဗျာ။ ………. မဟာရာဇာ အံစာတုံး ================================ ================================ ယနေ့ပို့စ်များ ၁။ ယနေ့ပို့စ် (ဩဂုတ်)၊ […]


padonmarJuly 25, 20131min47432
ဒုတိယအကြိမ် ဂဇက်ကွန်ဖရဲင့်စ်ကြီးလည်း အောင်အောင်မြင်မြင်ပြီးသွားပါပြီ။ ပွဲအတွက် အလှူငွေ ဝိုင်းဝန်းထည့်ဝင်ကြတဲ့သူတွေနဲ့ ရွာသူားတွေ အားလုံးအတွက် ငွေစာရင်းရှင်းတမ်းလေး တင်ပြပါမယ်။ ဆရာအံက ဘယ်လိုပင် သင်သော်လည်း ကွန်ပူတာ ဝလုံးတန်း အဖွားကြီးက ပို့စ်ထဲမှာ ဇယားထည့်နည်း မတတ်ပါဘူး။ exel file နဲ့ တင်ရင် ပိုရှင်းမှာဖြစ်ပေမယ့် အခုတော့ သည်းခံခွေးလွှတ်ကြည့်ကြပါ။ ပါဝင်ထည့်ဝင်ငွေတွေက အဘဆွေ                                 60,000 အဘဖေါ                                150,000 […]


 – – – – – – – ၂၁.၇.၂၀၁၃ (တနင်္ဂနွေနေ့) မိုးလေးက မဆိုစလောက်လေး ဖွဲဖွဲကျနေသည်။ ရာသီဥတုက အေးမြ၏။ မိုးဖွဲကြားက ကန်တော်ကြီး၏ ပတ်ဝန်းကျင်ကလည်း စိတ်ကို လန်းဆန်းစေသည်။ ဒုတိယအကြိမ်မြောက် မန္တလေးဂဇက်အဖွဲ့ဝင်များ ဆုံစည်းပွဲ နှင့် မန်းဂဇက်ချစ်သူများ စာပေဆု၊ ကဗျာဆုပေးပွဲ ကျင်းပမည့်နေ့ပင် ဖြစ်ပေသည်။ Shanti စားသောက်ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် လက်ဝဲဘက်တွင် ဧည့်ကြိုကောင်တာကို တွေ့ရသည်။ တက်ရောက်မှတ်တမ်းလက်မှတ်ရေးထိုးပြီးသည်နှင့် ရွာလူကြီး ကိုပေါက် (မန္တလေး) က လက်ဆောင်ပေးသော ဓာတ်ပုံများကို လက်ခံရရှိနိုင်သည်။ ဓာတ်ပုံထည့်ထားသောမန္တလေးဂဇက်လိုဂိုပါ စာအိတ်မှာ ရွာသား ကို P Chogyi ၏ စေတနာဖြစ်၏။ (မအားလပ်သည့်ကြားက ပွဲသို့ အစောကြီးရောက်လာပြီး လက်ဆောင်များကို လာပေးသွားခြင်းဖြစ်သည်။) […]


padonmarJuly 24, 20132min167558
ဒုတိယအကြိမ် ဂဇက်ကွန်ဖရဲင့်စ်မှာ ထူးထူးခြားခြား အမှတ်တရလေးကတော့ ရွာသူလေး Green Rose ကြိုးစားထားတဲ့ ရွာ့စာအုပ်ပါပဲ။ ဒီစာအုပ်ထဲမှာ မန်းဂဇက် ချစ်သူများရဲ့ အကြိုက်ဆုံး စာမူ ၁၁ ပုဒ်နဲ့ အချစ်ဆုံး ကဗျာလေး ၃ ပုဒ် ပါပါတယ်။ ရွာသူားတွေရဲ့ စုပေါင်းလှူဒါန်းထားတဲ့ အလှူမှတ်တမ်းတွေ ပါပါတယ်။ ရွာ့လူငယ်လေးများရဲ့ ဒါဇင်ပလပ်စ်လှုပ်ရှားမှု မှတ်တမ်းနဲ့ ဓာတ်ပုံတွေလည်းပါပါတယ်။ ရွာသူားတွေရဲ့ စုစည်းမှု အမှတ်တရ ဓာတ်ပုံတွေလည်းပါပါတယ်။ ရွာသူားတွေ ဘယ်လိုပင် ကလော်ဆဲကြသော်လည်း အားလုံးရဲ့ရင်ထဲက အချစ်ဆုံးဖြစ်တဲ့ သူကြီးရဲ့ အမှာစာလည်းပါပါတယ်။ စာအုပ်ဖြစ်မြောက်ဖို့တွက် နီးစပ်ရာ ရွာသူားတွေ စုပေါင်းစိုက်ထုတ်ပြီး အမှတ်တရ စာအုပ်လေး ထုတ်ဝေလိုက်ပါတယ်။ ဒီစာအုပ်ရောင်းရတဲ့ငွေကနေ Green Rose စိုက်ထားတဲ့ အရင်းထက်ပိုသမျှကို ရွာသူားတွေ အကျိုးရှိမယ့် နေရာမှာ […]