kyawkyaw11February 4, 20121min730
သံတွဲ ဂျိတ္တော မှ ဆရာတော်ကြီး ဘဒ္ဒန္တကုသလမဟာထေရ်မြတ် ၏ ဈာပနပွဲတော်ကို လာမည့် လပြည့်နေ့နှင့် လပြည့်ကျော်(1)ရက်နေ့များမှာ စီကားသိုက်မြိုက်စွာကျင်းပတော့မှာပါ တိုင်းကျော်ဇာတ်သဘင်အဖွဲ့က မိုးအလင်း(2)ည ကပြမှာဖြစ်ပြီး နွားပြိုင်ပွဲ၊ ချောတိုင်တက်၊ ခြင်းခတ်နှင့် အခြားအားကစားပွဲတော်များကျင်းပနေပါပြီ ရွာသားများ ကြွရောက်လှည့်ပါ   ဂျိတ္တောသားငထွား


DEPARKO DEPARKOJanuary 31, 20121min1498
ပေါင်မုန့်စားစရာမရှိရင် ကိတ်မုန့်စားပေါ့ကွာ ဆိုတဲ့ ဆင်းရဲသားတွေစားစရာမရှိတာကို မရှိတာထက်မသိတာခက် နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ရဲ့ သမိုင်းဝင်စကားတစ်ခွန်းပါ။ ဒီလိုပါဘဲ ကျွန်တော်တို့မြန်မာနိုင်ငံမှာ သာမန်လူတန်းစားနဲ့ လူလတ်တန်းစားတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ ကားဆိုတဲ့ယာဉ်ကို ကိုယ်ပိုင်စီးဘို့ စိတ်ကူးမယဉ်နိုင်ခဲ့ပါဘူး။ တချိန်က ဆိုရှယ်လစ်စနစ်ကြောင့် ကားဟာ ဇိမ်ခံပစ္စည်းထဲပါနေတာကြောင့် အကောက်ခွန်ကြီးမြင့်မှုကြောင့် သာမန်လူတန်းစားဟာ ကားပိုင်ဆိုင်ဘို့ကို ညအိပ်ရာဝင် စိတ်ကူးယဉ် အိမ်မက်အဖြစ် တမ်းတခဲ့ရပါတယ်။ တပ်မတော်အစိုးရလက်ထက် မှာလဲ မော်တော်ကားဈေးနှုန်းတွေဟာ ကြောက်ခမန်းလိလိ ကြီးမားလွန်တာကြောင့် သာမန်လူတန်းစားအဖို့ ကားမပြောနဲ့ ဘီးတစ်လုံးတောင် ဝယ်နိုင်ဘို့မလွယ်ပါဘူး။ ကားတစ်စီးရဲ့တန်ဘိုး နိုင်ငံတစ်ကာမှာ  ဒေါ်လာ ၃၀၀၀(မြန်မာငွေကာလပေါက်ဈေး ၂၄သိန်း) လောက်ရှိတဲ့ကားဟာ မြန်မာပြည်က ကားဈေးကွက်မှာ သိန်း၃၀ဝ လောက်ပေါက်နေလေတော့ ဝိသမလောဘသားတွေရယ် အကောက်ခွန်ဝန်ထမ်းတွေရယ် ပွဲစားတွေရယ်ကြောင့် ကားဈေးတွေဟာ အဓိပ္ပါယ်မရှိ ကြီးမြင့်လွန်းနေတာကြောင့်(သိန်းထောင်သောင်းချီသောကားများ) ဘယ်သူ့ကို အပြစ်ပြောရမှန်း မသိအောင်ကိုပါဘဲ၊ ဒါပေမဲ့ […]


kyawkyaw11January 31, 20121min1194
ကျွန်တော်တို့ သံတွဲမှာ ဒီနှစ်ဆရာတော်တိုက်တိုက်ဆိုင်ဆိုင်ပြန်လွန်တော်မူသွားကြပါပြီ ကျီးကန်းရဲဆရာ်တော်၊ ဂျိတ္တောဆရာတော်၊ နန်းချောင်းဆရာတော်၊ ဇီးဖြူကုန်းဆရာတော် အံတော်ဆရာတော်၊ ကုလားပုန်းဆရာတော်၊ ပွဲတော်တွေကိုတော့ ရက်တွေမတိုက်အောင်စီစဉ်ပြီးကျင်းပတော့မည်လို့သိရပါတယ် ဒီဆရာတော်တွေအတွက် အလှူတော်တွေပါဝင်ပေးကြပါလို့ ဂျိတ္တောသားငထွား


kaiJanuary 9, 20121min20515
နိဒါန်း စကြဝဠာကြီးဟာ ကျွန်မတို့ တွေးထင်ထားတာထက် ပိုပြီးဆန်းကျယ်ရုံတင်မကပါဘူး။ ကျွန်မတို့ တွေးထင်နိုင်တာ ထက်ပါ ပိုပြီး ဆန်းကျယ်လှပါတယ်။ စကြဝဠာကြီးဆီမှာ အဖြေရှာဖို့ ခက်ခဲလှတဲ့ ပဟေဠိပုစာ္ဆတွေနဲ့ လျှို့ဝှက်ချက်တွေ အများအပြား ပြည့်နှက်နေပါတယ်။ ဒါပေမယ့် ပဟေဠိပုစာ္ဆတွေနဲ့ လျှို့ဝှက်ချက်တွေအားလုံးကတော့ တထပ်တည်းကျအောင် မတူညီနေပါဘူး။ စကြဝဠာကြီးနဲ့ ပတ်သက်ပြီး အဖြေရှာဖို့ ခက်ခဲလှတဲ့ ပဟေဠိပုစာ္ဆတွေတိုင်းဟာ လျှို့ဝှက်ချက်တွေ မဟုတ်ပါဘူး။ စကြဝဠာကြီး ဘယ်လိုစတင်ပေါ်ထွက်လာခဲ့သလဲ။ ဘယ်လို မွေးဖွားလာခဲ့သလဲ။ အဲဒီလို မမွေးဖွားမီက ဘာတွေရှိခဲ့သလဲ။ ဒီပုစာ္ဆတွေရဲ့ အဖြေကို ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူး။ ဒါတွေဟာ ပဟေဠိတွေပဲ ဖြစ်ပါတယ်။ ဒီပဟေဠိတွေနဲ့ ပတ်သက်ပြီး လူသားတွေဆီမှာ အတွေးအခေါ်တွေ များစွာ ပေါ်ပေါက် လာကြပါတယ်။ သိပ္ပံပညာရှင်တွေက ဒီလိုအတွေးအခေါ်တွေကို သက်သေပြနိုင်ဖို့ ကြိုးစားကြပါတယ်။ […]


    “မန္တလေး ရှေးရှေးက စားသောက်ဆိုင်”   “မလွမ်းစကောင်းလွမ်းစကောင်း”(ရှေးရှေးက မန်းလေး)ဆိုတဲ့နာမယ်နဲ့ မန်းလေးအကြောင်း ကို ရေးတဲ့အခါ  မန်းလေးက စားသောက်ဆိုင်များအကြောင်းလဲ ပါလာပါတယ်။ အဲဒီစားသောက်ဆိုင်လေးတွေအကြောင်းကို သီးသန့်ပြန်ရေးပေးပါလို့ သူကြီးက ပြောလာတဲ့အတွက် “တ တမ်းတမ်း တ တတ လွမ်းတသသ မန်းလေး”ဆိုတဲ့ နာမယ်နဲ့သူကြီးအတွက်ရေးပေးခဲ့ပါတယ်။ အဲဒီတုံးကတော့ လက်လှမ်းမီသလောက်ဓါတ်ပုံလေးတွေရိုက်တင်ပေးခဲ့ပါတယ်။ အခုတော့ အဲဒီဓါတ်ပုံတွေကို သူကြီးခွင့်ပြုချက်နဲ့ အဝေးရောက်မန်းလေးသားများ သွားခဲ့စားခဲ့ ကဲခဲ့တဲ့နေရာလေးကို ပြန်တင်ပေးလိုက်ပါတယ်။ အမှတ်ရနိုင်ပါစေ………….   ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့ (2-1-12)      


kaiDecember 27, 20111min23718
ယခုလထင်ရှားကျော်ကြားမြန်မာများကဏ္ဍအတွက် အမေရိကပြည်ထောင်စု၊Los Angeles County, Road Departmentတွင် ၂၈နှစ်ကြာ အင်ဂျင်နီယာအလုပ်လုပ်ကိုင်ခဲ့သော ဟာဂျီဦးလှမောင်(ခေါ်)ဟာဂျီ Esoof Dwood Madhaနှင့်တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ၁) အန်ကယ့်ကိုယ်ရေးအကျဉ်းကနေစပြောပြပါ။ ကျနော့်ကို ၁၉၃၄ဧပြီ၂၂မှာ ရန်ကုန်၊၄၄လမ်းမှာမွေးပါတယ်။ဂျပန်ခေတ်တလျှောက် သံလျင်၊ခရမ်း၊ကျောက်တန်းတွေမှာ၄နှစ်နေထိုင်ခဲ့ပါတယ်။သံလျင်ပြောင်းတော့သံလျင်မှာဂျပန်ကျောင်းတက်လိုက်ပါသေးတယ်။ ၁၉၄၅မှာအဖေက ကာလကတ္တားပို့ပြီးကျောင်းထားတယ်။အဲဒီ့မှာ ဟိန္ဒူမွတ်ဆလင်အရေးအခင်းဖြစ်တော့ မြန်မာပြည်ကိုပြန်ပို့ပါတယ်။၁၉၄၆မှာစိန်ဂျွန်းဒိုင်အိုစီအထက်တန်းကျောင်းမှာ သူငယ်တန်းစတက်ပြီး၁၉၅၃မှာ အထက်တန်းအောင်ပြီးတက္ကသိုလ်ရောက်တယ်။၁၉၅၅မှာ အင်ဂျင်နီယာကောလိပ်(BOC)ကိုပြောင်းသွားတယ်။same batchတွေက အခုယူအက်စ်မှာနေတဲ့ကိုတင်ထွဋ်၊ကိုတင်ထွေးတို့။၁၉၅၉မှာ Cilvil Engineeringဘွဲ့ကို University of Rangoonကနေအောင်တယ်။လိပ်ခုံးကပေါ့။အဲဒီ့တုန်းက RITမရှိသေးဘူး။ဘွဲ့ရပြီးကျနော် အာခီတက်ဦးတင်လက်အောက်မှာ အလုပ်လုပ်ခဲ့ပါတယ်။မိုဟာမက်ယူဆွက်ကန်ထရိုက်တာနဲ့လဲပေါင်းအလုပ်လုပ်ခဲ့တယ်။မဂိုလမ်းနဲ့ဒါလဟိုဇီထောင့်က ၅ထပ်တိုက်ကြီးတွေက ကျနော်တို့ဆောက်ခဲ့တာပေါ့။ ၂) အမေရိကားကိုထွက်ဖြစ်ခဲ့တဲ့အကြောင်း။ ကျနော်တို့မိသားစုက ရန်ကုန်၂၆လမ်းမှာ DH Madha Building Materialရောင်းဝယ်ရေးလုပ်ပါတယ်။၁၉၆၂ ဗိုလ်ချုပ်နေဝင်းအစိုးရတက်လာချိန်မှာ ကျနော်တို့မိသားစုပိုင်၂၆လမ်းကဆိုင်ကို ပြည်သူပိုင်အသိမ်းခံလိုက်ရတယ်။ကျနော်တို့မှာလုပ်စားစရာမရှိတော့ဘူး။အဲဒီ့အချိန်မှာ တိုင်းပြည်အပြင်ထွက်ချင်သူတွေလျှောက်ပါပြောတော့ ၁၉၆၄မှာ US Embassyကိုဗီဇာလျှောက်တယ်။၁၉၆၄မှာUS Embassyက ကိုတာsystemရှိတာ တနှစ်ကိုလူတရာထက်ပိုမသွားရဘူးဆိုတာ။ဗိုလ်ချုပ်နေဝင်းအစိုးရအာဏာသိမ်းတော့ […]


kaiDecember 1, 20113min22013
ရောင်စုံဘောလုံးကလေးများ တလောက ကျွန်မဆီကို ဩစတြီးယားနိုင်ငံက သူငယ်ချင်းတယောက် အလည်ရောက်လာပါတယ်။ သူ့ကရောင်စုံဘောလုံးကလေးတွေ ထည့်ထားတဲ့ အိတ်ကလေးကို သားလေးအတွက် လက်ဆောင်ပေးပါတယ်။ သားလေးကလဲ ထုံးစံအတိုင်း ချက်ချင်းယူဆော့တော့တာပါပဲ။ ဒီလိုနဲ့ ကော်ဖီခါးခါးလေးကို စတော်ဘယ်ရီ cheesecake လေးနဲ့ တွဲဖက်စားပြီး စကားကောင်းနေကြရင်း၊ သူက အနားမှာ ကစားနေတဲ့ သားလေးဆီ ရုတ်ခြည်း ထသွားပါတယ်။ သားလေးဘေးမှာ ဒူးထောက်ထိုင်ချလိုက်ရင်း “ဘောလုံးလေးတွေကို ဘာလို့ခွဲခြားပြီး ကစားနေတာလဲ” လို့ သူက မေးပါတယ်။ သူပြောတော့မှ ကျွန်မလဲ သတိထားမိပြီး၊ သားလေးကစားနေတဲ့ ဘောလုံးလေး တွေကို ကြည့်လိုက်တော့ အဝါရောင် ဘောလုံးလေးတွေက တစု၊ တခြား ဘောလုံးလေးတွေက တစုနဲ့ သီးခြားဆီ ပုံထားတာ တွေ့ရပါတယ်။ သားလေးကတော့ မပီကလာ၊ ပီကလာ အသံကလေးနဲ့ […]


maungmoenyoNovember 21, 20111min22515
မြန်မာနိုင်ငံရဲ့ ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးကြီးမှာ ဗိုလ်ခင်အောင်မြင့်ဦးဆောင်တဲ့ အမျိုးသားလွှတ်တော်နဲ့ ဗိုလ်ရွှေမန်းရဲ့ ပြည်သူ့လွှတ်တော်ကြားမှာ ဥပဒေကြမ်းတွေကိစ္စနဲ့ပါတ်သက်ပြီး အပြန်အလှန်ငြင်းကြခုန်ကြတဲ့ အစာမကြေမှုကိစ္စပေါ်ပေါက်လာတာကို သွားတွေ့ရပါတယ်။ စိတ်ဝင်စားစရာကိစ္စမို့ တင်ပြရတာပါ။ ဖြစ်ပုံကဒီလိုပါ။ ပြီးခဲ့တဲ့အောက်တိုဘာ(၂၈)ရက်က လွှတ်တော်(၂)ရပ်ပေါင်းပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော်ကနေ၊ လွှတ်တော် တရပ်ရပ်ကတင်သွင်းလာသောဥပဒေကြမ်းတခုခုနဲ့ပါတ်သက်ပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီမညီ ဖွဲ့စည်းပုံအခြေခံဆိုင်ရာခုံရုံးကိုပေးပို့ပြီးအဆုံအဖြတ်ခံယူဘို့ (အသံနဲ့မဲခွဲတယ်လို့ဆိုပါတယ်) သဘောတူခဲ့ပါတယ်။ အဲ့ဒီကိစ္စဆုံးဖြတ်ပြီးမှ၊ ပြည်သူ့လွှတ်တော်ကနေအဲ့ဒီဆုံးဖြတ်ချက်ကိုကန်ုကွက်ကြောင်းအဆိုတင်ပါတယ်။ အဲ့ဒီပြည်သူ့လွှတ်တော်တရပ်လုံကတင်တာပါ။ ဖွဲ့စည်းပုံအရ ပြည်ထောင်စုလွှတ်တော်ဟာ (အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တို့) လွှတ်တော်(၂)ရပ်အပေါ်မှာရှိတာပါ။ အထက်ကအတည်ပြုပြီးကာမှ အောက်ခြေလွှတ်တော်တရပ်ကကန့်ကွက်တယ်ဆိုတော့၊ ဗိုလ်ခင်အောင်မြင့်သိက္ခာကျတာပေါ့။ စွေ့စွေ့ခုံသွားပုံရပါတယ်။ အမျိုးသားလွှတ်တော်အမတ်မင်းများကလည်း ပြည်သူ့လွှတ်တော်အမတ်မင်းများကိုအစာမကြေဖြစ်သွားတယ်လို့ကြားရပါတယ်။ မခေါ်နိုင်မပြောနိုင်တွေတောင်ဖြစ်သွားပုံရပါတယ်။ ဟဲဟဲ- ဒိမိုကရေစီရဲ့အရသာကို အမတ်မင်းတို့ ရေရေလည်လည်ခံစားနေရပါတယ်။ ဒါဟာဒီမိုကရေစီရဲ့ အနံ့အသက်ဘဲရှိပါတယ်။ ခံနိုင်ရေဘယ်လောက်ရှီကြလဲအမတ်မင်းတို့…။ လေ့လာကြည့်ရသလောက် နှစ်ဘက်လုံကမှားလဲမှားတယ်၊ မှန်လဲမှန်ပါတယ်။ မှားရတာက လွှတ်တော်ဆိုတာဥပဒေပြုဘို့ ပြည်သူကတိုက်ရိုက်ရွေးထားတဲ့အမတ်တွေနဲ့ဖွဲ့ထားပြီးသားပါ။ သူနားမလည်ရင်အထောက်အကူပြုဘို့၊ ဥပဒေပညာရှင်တွေ လွှတ်တော်ရုံးတွေမှာခန့်ထားပြီးသားပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့တာဝန်က […]


thit minNovember 18, 20111min27625
(အချိန်ရမှအေးအေးဆေးဖတ်ရန်ဖြစ်ပါသည်) ကျနော် မောင် သစ်မင်းရဲ့ “စူပါပါဝါဖြစ်ဖို့ဆိုတာ… (၂)” မှာ ကိုကြောင်မေးခဲ့တဲ့မေးခွန်း နံပါတ်သုံးရဲ့အဆက်ပေါ့ဗျာ။ Question 3: ဂျပန်ဘာကြောင့် တန့်နေပြီး တရုတ်ဘာကြောင့် တက်လာသလဲ၊ ဂျပန်ကြုံသလို တရုတ်ကြီးကိုမကြုံနိုင်ဘူးလား။ ကြုံမယ်ဆို ဘယ်နည်းဘယ်ပုံ ဘယ်တော့လောက်ဖြစ်မလဲ။ သူတို့မှာ ဘာကန့်သတ်ချက်၊အားသာချက်တွေ ရှိကြလဲ။ ~~~~~~~~~~~~~~~~~ ဂျပန်ဘာကြောင့် တန့်(Stagnation) နေတာလဲကို ကိုကြောင်သို့ …..(၂) မှာဖြေပြီးပီနော်။ အဲဒီမေးခွန်းထဲကကျန်တဲ့အပိုင်း (တရုတ်ဘာကြောင့် တက်လာသလဲ၊ဂျပန်ကြုံသလိုတရုတ်ကြီးကိုမကြုံနိုင်ဘူးလား။ ကြုံမယ်ဆို ဘယ်နည်းဘယ်ပုံ ဘယ်တော့လောက်ဖြစ်မလဲ။သူတို့မှာ ဘာကန့်သတ်ချက်၊အားသာချက်တွေ ရှိကြလဲ။) ဆိုတာတွေကိုအခုဆက်ပြောပြပေးပါမယ်။ ~~~~~~~~~~~~~~~~~~ အထူးမှတ်ချက်။             ။ကျနော် နိုင်ငံတွေရဲ့ စီးပွါးရေးဖွံ့ဖြိုးမှုပုံစံတွေကို လေ့လာရတာ ဝါသနာပါတယ်ဗျ။ဘာလို့လဲဆိုတော့ ကျနော်တို့ နိုင်ငံအတွက် လုပ်ခွင့်သာလာတဲ့တနေ့ လုပ်နိုင်မဲ့ပုံစံလေးတွေ (သို့)အခု ဘောင်ထဲကဘဲ လုပ်လို့ရတာလေးတွေကိုရှာဖွေကြည့်ချင်လို့ ပါဘဲ။ တကယ်တော့ […]


theinlwinNovember 16, 20111min20524
ဒေါ်အောင်ဆန်းစုကြည်…ဘယ်လဲ…ဘာလဲ…        မောင်သာရ သိတယ်နော်…၊ အခုလာတော့မယ့် နိုဝင်ဘာလ၁၈ရက်နေ ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုဦးစီးအဖွဲ့ ခေါ်ယူပြီး၊ ပါတီမှတ်ပုံတင်ရေး မတင်ရေးနဲ ့… ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရေး မယှဉ်ပြိုင်ရေးကို… ဆုံးဖြတ်မယ်လို့ ကျေညာထားပါတယ်။ သည်အဆုံးအဖြတ်ဟာ နိုင်ငံနဲ ့ပြည်သူရဲ့ ကံကြမ္မာနဲ့ အဓိက ပတ်သက်နေတဲ့အတွက်… ပြည်သူတရပ်လုံးက အထူးစိတ်ဝင်တစား ပြောဆိုငြင်းခုန် ဆွေးနွေးဝေဖန်နေကြတာကို တွေ့မြင်ကြားသိနေရပါတယ်။ သည်ကနေ ့၃ရက်အလို နိုဝင်ဘာလ ၁၅ရက်နေ ့အထိ သိရတဲ့သတင်းတွေထဲမှာကတော့… ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ဒေါ်အုံးလှနဲ့ အဖွဲ့ချုပ်ရဲ့အရွေးချယ်ခံလွှတ်တာ်ကိုယ်စားလှယ်၂ဦးအပါအဝင် အဖွဲ့ချုပ်ဝင်ပေါင်း ၃၂ယောက်က ပါတီ မှတ်ပုံမတင်ဖို့နဲ့ ရွေးကောက်ပွဲမဝင်ဖို့…လက်မှတ်ရေးထိုးကန့်ကွက် ထားပါတယ်။ အလားတူ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကလဲ… မှတ်ပုံမတင်၊ ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ်ကြောင်း ထုတ်ပြန်ကျေညာလိုက်ပါပြီ။ နောက်ထပ် ဘယ်ပါတီအဖွဲ့အစည်းတွေနဲ့ ဘယ်တသီးပုဂ္ဂလ အဖွဲ့ဝင်တွေက ဘယ်လိုကျေညာကြအုံးမယ်တော့ […]


theinlwinNovember 12, 20111min22614
ဘယ်သူ ့ဘက်ကခြေသာသလဲ… မောင်သာရ အမှန်တော့ တော်ဝင်နှင်းဆီခြံမှာကျင်းပခဲ့တဲ့…လွတ်မြောက်နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကန်တော့ပွဲက ကျင်းပသင့်ကျင်းပထိုက်တဲ့ ပွဲဖြစ်ပါတယ်။ မိခင်ပါတီရင်းဖြစ်တဲ့ ဒီမိုကရစီအဖွဲ့ချုပ်က နရသိမ်ပြန် သားသမီးတွေ ထွေးပိုက်ကြိုဆိုရမယ့်ပွဲလဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီအဖွဲ့ချုပ်မှာ ကိုယ်ပိုင်ရုံးချုပ် ကိုယ်ပိုင်နေရာဌာန ရှိနေပါရက်ကယ်နဲ့ တခြားနေရာမှာ သွားရောက်အကန်တော့ခံတယ် ဆိုတာကတော့ မသင့်လျော်ရုံမက အမြင်လဲ စောင်းစေခဲ့ပါ တယ်။ ပြီး အကန်တော့ခံလူကြီးအရေအတွက်ကလဲ ဒီမိုကရေစီအဖွဲ့ချုပ်အလုပ်အမှုဆောင် အားလုံးမဟုတ်ပဲ…ထောင်ပြန်အုပ်စုဂိုဏ်းဂဏ သဘောနဲ ့… ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နဲ ့ ဦးဝင်းတင် ၃ဦးတည်းကိုသာ အထူးကွက် ကန်တော့ခြင်းကလဲ… လှေကြီးပေါ် လှေငယ်တင်သလို ဖြစ်စေခဲ့ပါတယ်။ သည်ဖြစ်ရပ်က… ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်ထဲမှာ နှစ်ပေါင်းအတန်ကြာ လျှို့ဝှက်စွာ အမြစ်တွယ်နေခဲ့တဲ့ ဂိုဏ်းဂဏရောဂါဆိုးကြီး…ပထမဆုံးအကြိမ် လူသိရှင်ကြား ပွင့်ထွက်ပေါက်ကွဲလာခြင်းဖြစ်ပါတတယ်။ စောစောပိုင်းကတော့ သည်ခေါင်းဆောင်၃ဦး နှစ်ရှည်လများ […]