kaiAugust 30, 20192min1280
ရန်သူမျိုးငါးပါး-ရေ။မီး၊မင်း၊ခိုးသူ၊မချစ်မနှစ်သက်သောသူ မြန်မာ့ရေးရိုးစွဲလာ လူသား၏ ရန်သူအမျိုးငါးပါးဖြစ်ပါသည်။ ဆိုထုံးမှာရှေးနှစ်မည်မျှကြာသည်ကားမသိ မြန်မာ့ ရေးရိုးအများစုတို့သည် အိန္ဒိယ၏ ဗုဒ္ဓသာသနာကို မှီရကား နှစ်ထောင်ချီနေပြီခန့်မှန်းရ၏။ မိမိက/လူသားက ဘာမှပြန်တုံ့ပြန်မလုပ်နိုင်။ မတားနိုင်။ ပြုသမျှနုရမည် ဘဝရောက်စေသည့် လူသားအားအန္တရာယ်ဖြစ်စေသည့် အသက်အိုးအိမ်စည်းစိမ်ကို ပျက်ဆီးဆုံးရှုံးစေသော သက်ရှိ/သက်မဲ့သဘာဝကို ခေါ်ခဲ့ကြခြင်းဖြစ်ပါသည်။ ရှေးထုံးကိုပယ် ၂၁ရာစုနှင့်ညှိရာဝယ် ငါးပါးကျန်သင့်မကျန်သင့် ကြည့်ပါအံ့။ “ရေ” မြန်မာနိုင်ငံ၌ ယခုနှစ်မိုးတွင်းရေကြီးနေပြန်သည်။ နွေတွင်ရေရှားခဲ့သည်လည်းဖြစ်၍ အချို့ဒေသများမှာ ရေကြီး/ရေရှား နှစ်စဉ်တလှည့်စီဖြစ်နေခြင်းတည်း။ ပြည်ထောင်စုအစိုးရအဆင့်မှ ဦး‌ဆောင်ကော်မတီဖွဲ့ကာ ဖြေရှင်းနေပါသော်လည်း လက်ပူတိုက်ခြင်းသဘောသာဖြစ်နေ၍ အောင်မြင်ခြင်းလည်းမရှိ။ “ကမာ္ဘ့ဥတုရာသီအစွန်းရောက်သွားပြီ”ဖြစ်ရကား နှစ်စဉ်စုနမိလှိုင်းများကဲ့သို့ဆင့်ဆက်လာတော့မည်ဖြစ်သော သဘာဝကပ်ဘေးများကို ရင်ဆိုင်ရန်ကြိုတင်ပြင်ဆင်ထားသည့်အဆင့်မဆိုထားလင့် လက်တလောထ,ဖြစ်နေသည်များကိုပင် နိုင်အောင်မထိမ်းနိုင်။ ပညာရှင်ချို့ယွင်း/နည်းပါးနေသလော?။ ကမာ္ဘတွင်ကား ရေကြီး/ရေလျှံ။မိုးခေါင်ရေရှားအတွက် ထိန်းကြောင်းစနစ်ကောင်းများရှိခဲ့ပြီ။ ရေစီမံခန့်ခွဲမှုကို ဘွဲ့လွန် ပါရဂူအဆင့်ထိထားသင်ကြားပေးနေနိုင်ကြပြီ။ ရေနှင့်လူသားဆက်ဆံအသုံးပြုနေကြသည်မှာ နှစ်ထောင်-သောင်းချီခဲ့ပြီမဟုတ်ပါလား။ ငလျင်ကြောင့် ကမ်းရိုက်လှိုင်းစုနမိလာမည်ဆိုဦး လူအသေအပျောက်နည်းအောင် […]


kaiAugust 29, 20193min2341
 အင်္ဂလိပ်စာ ရေးတတ်လိုသော်( ၉ ) အရင်လက Narrative paragraph လေးတွေအကြောင်း စတင်ဖော်ပြခဲ့ပါတယ်။ နမူနာအနေနဲ့ စာရေးသူရေးသားခဲ့တဲ့ Narrative paragraph လေးကိုတင်ပြပေးခဲ့ပါတယ်။ တကယ်တော့ဒီ narrative paragraph လေးတွေဟာ ဒို့မြန်မာလူမျိုးတွေနဲ့အမတန်ကို နီးစပ်ပါတယ်။ မြန်မာလူမျိုးတိုင်း ကရင်ဖြစ်ဖြစ် ၊ကယားဖြစ်ဖြစ်၊ ကချင်ဖြစ်ဖြစ်ဖြစ်၊ရှမ်းဖြစ်ဖြစ်၊ဗမာဖြစ်ဖြစ် အားလုံးမှာစိတ်ဝင်စား စရာကောင်းတဲ့ ဇတ်လမ်းလေးတွေ ထူးခြားဆန်းပြားတဲ့ အတွေ့အကြုံလေးတွေ ရှိကြပါတယ်။ ကိုယ်ပိုင်ဇတ်လမ်းမဟုတ်တောင် ၊ရင်းနှီးတဲ့မိတ်ဆွေများရဲ့ အတွေ့အကြုံလေးတွေရှိကြမှာသေချာပါတယ်။ ဒီတော့ narrative paragraph လေးတွေ ရေးတတ်လာအောင် လိုအပ်တဲ့ အချက်အလက်ကလေးတွေ ပြန်လည်ဆန်းစစ်ကြည့်ရအောင်။ character လို့ခေါ်တဲ့ ဇာတ်ကောင် နှစ်ဦး သုံးဦးထက် မပိုသင့်ပါ။ အဓိကဇာတ်ကောင်ကိုဆိုလိုပါသည်။ setting လို့ခေါ်တဲ့ နေရာနဲ့ အချိန်ကို story စကတည်းက […]


kaiAugust 14, 20191min128516
၇၂)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား။မြောက်ဦးဆရာတော်၏သက်တော်၆ဝပြည့် မွေးနေ့အခမ်းအနား။မြန်မာ-အမေရိကန်တို့ရဲ့ Care Packages United စေတနာ့ဝန်ထမ်းကုသိုလ်။New York က MCA NY ရဲ့ Summer Water Festival မျက်နှာဖုံးသတင်းများ။မောင်စွမ်းရည်ရဲ့ ကဗျာဆရာကြီးများရဲ့အိမ်သို့ ဆောင်းပါး။Henry Kao ရဲ့ ချိုင်းနားကွေ့ဇိုးသို့ ခရီးသွားဆောင်းပါး။သန္တာအောင်(ဆေးပညာဘွဲ့)ရဲ့ Scleroderma အရေပြားမာရောဂါစု။U.S. ပြည်နယ်များမှ ဝါဆိုသင်္ကန်းကပ်သတင်းများ။မောင်မိုးညိုရဲ့ Rebecca Zahau အကြွေစောလေသူ ဆောင်းပါး။လူငယ်တေးသံရှင်ဇွဲပြည့်နဲ့ အမေးအဖြေကဏ္ဍ။ုဩဂုတ်အလှပန်း Mia Violet Khin လစဉ်ဖော်ပြနေကျ ဆရာမျိုးကျော်မြင့်ရဲ့အင်္ဂလိပ်စာသင်္ခန်းစာဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ဗေဒင်ကဏ္ဍ သုတ၊ ရသစုံလင်စွာ ဓာတ်ပုံဝေဝေဆာဆာဖြင့်၂၀၁၉၊ ဩဂုတ်လထုတ် မြန်မာ့ဂဇက် ထွက်နေပါပြီ။ အမြို့မြို့ရှိ မြန်မာဆိုင်များမှာ အခမဲ့ရယူပါ။ Elon Musk just endorsed democrat Andrew […]


kaiJuly 31, 20191min1560
လူကြုံရသဖြင့် မြန်မာနိုင်ငံ၏အအောင်မြင်ဆုံး ပုံနှိပ်စာစောင်တအုပ်ဖတ်ရလေသည်။ ကွယ်လွန်ပြီး ရှေးခေတ်စာ‌ရေးသူများ၏စာများပြန်ပါသလို ဆောင်းပါးသစ်များ၏တဝက်ကျော်မှာ လွန်ခဲ့သောနှစ် ၅ဝကျော်သို့ ညွှန်းခြင်းများလှသည်။ ဆောင်းပါးတို့တွင် ၁၉၃၀, ၁၉၅၀, ၁၉၆ဝ စသဖြင့် ဘေဘီဘုမ်မာတို့၏ ဆယ်ကျော်သက်နှစ်တို့ကိုညွှန်းနေကြသည်။ ဗုဒ္ဓခေတ်နှင့် ရှေးမြေရှင်ပဒေသရာဇ်ခေတ်ထိသို့ ပတ်သက်ကိုးကားနေသည်လည်းရှိသည်။ အထည်ကြီးပျက်ခဲ့သည်မူ၍ တိုင်းပြည်ရွှေထီးဆောင်းသည်ထင်ကြသောခေတ်ကိုလွမ်းမောတမ်းတနေပုံတည်း။ စာတို့တွင် “ကျေးရှစ်မျိုး”ရှိသည်ဟူ၍လည်းပါသည်။ “ဆရာကောင်းအင်္ဂါခုနှစ်ပါး”လည်းဖတ်ရသည်။ “အပင်းစမ်းနည်း”ပင် အပိုတွေ့သေး၏။ ဘဝတသက်တာလောက်အချိန်သုံးမှ ယေဘုယျလောက်သိနားလည်နိုင်သောခေတ်တို့၏ အသိအတတ်ပညာတို့ကို ယနေ့ခေတ်တွင် အထူးထားကိုးကားဖို့လိုပါသေးသလော? ထိုစာစောင်တွင် ဘာသာပြန်စာအချို့လည်းပါ,ပါသည်။ အတွေးအခေါ်နှင့်မဆိုင် နည်းပညာနှင့် အချက်အလက်သုတေသနတို့နှင့်ဆိုင်သော ဆောင်းပါးတို့သာဖြစ်သည်။ စာပေမှ ခေတ်၏ပုံရိပ် စာဖတ်သူ/လွှမ်းမိုးနိုင်သူ တို့အခြေအနေ ဖမ်းမှန်းနိုင်သည်။ သို့ဆိုလျှင် မြန်မာတို့ ကွန်ဆာဗေးတစ်သမားများ၍ ရှေးရိုးစွဲနေသည်ဟုဆိုမည်။ ရှေးရိုးစွဲဟူသည် ရှေးအတွေးအခေါ် ဓလေ့၊ယဉ်ကျေးမှု၊ဘာသာရေးတို့ကို ဖက်တွယ်ထားသူများဖြစ်သည်။ တိုင်းပြည်တပြည်တည်ထောင်ထားရာတွင် လူ့တန်ဖိုးများအဖြစ်လိုပါအပ်ပါသည်။ သို့ပါငြား ကွန်ဆာချည်းဗေးတစ်လွန်းနေလျှင်ကား နိင်ငံရေးအလုပ်မဖြစ်ပေ။ […]


kaiJuly 30, 20193min1641
ယခင်လက Compare and contrast paragraph လေးတွေ ရေးတတ်လာအောင် လေ့ကျင့်ခဲ့ကြတယ်နော်။ နမူနာအဖြစ် Winners and Loser နဲ့ Givers and Takers ဆိုတဲ့ Paragraph လေးနှစ်ပုဒ်တိတိ ရေးသားဖော်ပြခဲ့ပါတယ်။ Givers and Takers မှာ conclusion လေးကိုချန်ထားခဲ့ပြီး စာဖတ်သူများကိုယ်တိုင် ရေးကြည့်ကြဖို့ မှာကြားခဲ့ပါတယ်။ ယခုလမှာ ဖော်ပြပေးမဲ့ conclusion လေးနဲ့ ယှဉ်ကြည့်ကြပေါ့နော်။ ယခုလမှာတော့ narrative paragraph လေးတွေအကြောင်း ပြည့်ပြည့်စုံစုံ ဖော်ပြပေးဖို့ ရည်ရွယ်ထားပါတယ်။ Narrative ဆိုတာကတော့ ဇာတ်လမ်းသဘောမျိုးပေါ့။ မိမိကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ သို့မဟုတ် ကြားဘူးတဲ့ အဖြစ်အပျက်လေးတွေအကြောင်း ရေးသားရတာပါ။ ဒီ narrative paragraph ရဲ့ထူးခြားချက်ကတော့ အခြား paragraph […]


kaiJuly 8, 20191min3074
Los Angeles မှာ ကျင်းပခဲ့တဲ့ အောင်ရင်၊ အိမ့်ချစ်၊ ဂူျဝယ်၊ ဇွဲပြည့်တို့ စင်တင်တေးဂီတ ဖျော်ဖြေပွဲ။ အဖေများနေ့၊ မြန်မာမွတ်စလင်များရဲ့ အစ်ထွက်Prtluck ပွဲ သတင်းများ။ Texas ပြည်နယ်၊ Amarillo မြို့က ဇေယျသုခဓမ္မရိပ်သာ သာသနာ့ဝိပုလကာရီသိမ်တော်ကြီး ၊ ဝေနေယျသုခဓမ္မဗိမာန်ကျောင်းလွှတ်ပူဇာသဘင်။ အာဇာနည်ခေါင်းဆောင်ကြီးဦးရာဇတ်၏သားငယ် ဦးလှကြည်၏ အာဇာနည်နေ့အထိမ်းအမှတ်စကားများ။ တေးသံရှင် Jewelနဲ့ အမေးအဖြေ။ မောင်စွမ်းရည်၏ ပန်းချီဆရာ၊ ကာယဆရာ၊ လက်သမားဆရာ။ မသန္တာအောင်(ဆေးပညာဘွဲ့) ရဲ့ ကိုယ်ဝန်ဆောင်ခြင်းနှင့်အဆစ်အမြစ်ရောဂါများ။ မောင်မိုးညိုရဲ့ DIY နိုင်ကြသော မြန်မာများအဖြစ် ဆောင်းပါး။ ဇူလိုင်လအလှပန်းအဖြစ် Kathy Chen လစဉ်ဖော်ပြ နေကျ ဆရာမိုျးကျော်မြင့်၏ အင်္ဂလိပ်စာသင်ကြားရေးဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ဗေဒင်သုတ၊ အစားအသောက်နှင့် သုတ/ရသ စုံလင်စ ွာ၊ […]


kaiJune 27, 20194min3622
  အရင်လက Compare and contrast paragraph လေးတွေ ရေးတတ်လာအောင် Winners and Loser ဆိုတဲ့ နမူနာ paragraph လေးကိုဖော်ပြပေးခဲ့ပါတယ်။ စာဖတ်သူတွေကမြန်မာပီပီ ဉာဏ်ရည်ထက်မြတ်ကြတော့ နမူနာလေးတစ်ခုလောက်နဲ့ဘဲ Compare and contrast paragraph တို့ကို ကောင်းကောင်းရေးတတ်သွားလောက်ပါပြီ။ ဒါပေမဲ့ ထပ်မံပြီးလေ့ကျင့်ကြပါဆိုလျှင် မည်သူမျှ ငြင်းကြလိမ့်မည် မထင်ပါ။ practice makes perfect ဆိုတာ အားလုံးကြားဖူးကြပါလိမ့်မယ်။ ဒီတော့ ဒီလမှာ Givers and Takers ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ Paragraph လေးတစ်ပုဒ် ထပ်ပြီးရေးကြရအောင်။ ဦးစွာပထမ topic sentence လေးကိုရေးရမှာပါ။ အားလုံးမှတ်မိကြပါတယ်နော် ။ ဆိုပါစို့ There are three […]


kaiJune 10, 20193min109912
San Francisco Bay Area အဋ္ဌမအကြိမ်မြောက် မြန်မာမိသားစုများရဲ့သင်္ကြန်ပ ွဲတော်။Burmese American Medical Association ရဲ့ နှစ်ပတ်လည်ညစာစားပ ွဲ။Burmese American Dental Association ရဲ့ 18th Annual Banquet Dinner မျက်နှာဖုံးသတင်းများ။San Francisco မှ Asia Pacific American Heritage Month မှာ သ ွားရောက်ဖျော်ဖြေခဲ့တဲ့ မြန်မာ့ရွှေအိုးစည်အဖ ွဲ့။မောင်စ ွမ်းရည်ရဲ့ နော်တာဒိမ်း- ဝတ်ကျောင်းတော်ကြီးမီးလောင်ခြင်း ဆောင်းပါး။မောင်မိုးညိုရဲ့ Retirement ပ ွဲမဝင်ခင်အပြင်ကကျင်းပ။တိမ်မည်းရဲ လျှင်မြန်လျှပ်လက် 5G ဆိုတာ။ဂီတပညာရှင်ဆောင်းဦးလှိုင်နဲ့ အ မေးအ ဖြေ။June အလှပန်း မျိုးဟေမာန်ဝင့်။မသန္တာအောင်(ဆေးပညာ ဘ ွဲ့)ရဲ့ အရွတ်နှင့်အဆစ်အရည်အိပ်ရောင်ရောင်များTendonitis and bursitis ဆေးပညာဆောင်းပါး။လစဉ်ဖော်ပြ […]


kaiMay 15, 20191min319513
U.S. ပြည်နယ်က မြို့အသီးသီးများမှာကျင်းပတဲ့ မြန်မာသင်္ကြန်ပ ွဲသတင်းများ။ မောင်စွမ်းရည်ရဲ့ သင်္ကြန်သံချပ်စုကြစို့ ဆောင်းပါး။ ညီပုလေးရဲ့ စစ်ကိုင်းစံပယ် ဆောင်းပါး။ LA နဲ့ San Francisco မှာကျင်းပခဲ့တဲ့ စိုးသူ တေးဂီတ ဖျော်ဖြေပ ွဲသတင်းဓာတ်ပုံများ။ မေလ အလှပန်း May Jewel Linn ။ မသန္တာအောင်(ဆေးပညာဘ ွဲ့။) ရဲ့ ဆူဒိုဂေါက်အဆစ်ယောင်ရောဂါ ဆေးပညာဆောင်းပါး။ တိမ်မည်းရဲု့ ဆေးလျှော်နှင့် ဆေးခြောက်ခြားနားချက်။ မောင်မိုးညိုရဲ့ အ မေရိကပြည်တဝှမ်း ၂၀၂ဝ သန်းခေါင်စာရင်းအကြိုအခင်းအကျင်းနဲ့ One Burmese ဆောင်းပါး။ လစဉ်ဖော်ပြ နေကျ ဆရာမျိုးကျော်မြင့်ရဲ့ အင်္ဂလိပ်စာသင်္ခန်းစာဆောင်းပါး၊ ကာတ ွန်း၊ ကဗျာ၊ ဗေဒင်၊ သုတ၊ ရသ စုံလင်စ ွာဖြင့် မြန်မာ့ဂဇက် […]


kaiApril 27, 20191min3062
နှစ်သစ်ကူးမှာ အားလုံးပျော်ရွှင်ကြည်နူးကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ မြန်မာပြည်ကို တကယ်လွမ်းစရာအချိန်မျိုးပေါ့နော်။ သင်္ကြန်ရက်ဆိုတော့ လူကြီးတွေရော၊ ကလေးတွေပါ အထူးပျော်မြူးကြတဲ့ အချိန် အခါမျိုးပါ။ ဥပုသ်စောင့်သူတွေက စောင့်ကြ ဘုန်းကြီးကျောင်းသွားသူတွေက သွားကြ ၊ရေပက်သူတွေပက်ကြ၊ ရေပက်ခံသူတွေခံကြနဲ့ သိပ်ပျော်စရာကောင်းတဲ့ အချိန်မျိုးပါ။ ဒီလိုအချိန်မျိုးမှာ ဦးနှောက်စားစေမဲ့ paragraph လေးတွေကို ခေတ္တရပ်ထားပြီး ပျော်စရာကောင်းတဲ့ နှလုံးသားရှိသူတိုင်းခံစားနိုင်မယ့် ကဗျာလေးတွေ ရေးကြရအောင်။ နောက်လကြမှ paragraph လေးတွေအကြောင်း ပြန်ဆက်ကြတာပေါ့။ အလွယ်ကူဆုံးဖြစ်တဲ့ Haiku လို့ ခေါ်တဲ့ ဂျပန်ဘာသာကလာတဲ့ ကဗျာတိုလေးတွေကို နမူနာယူပြီး Haiku လ ိုရှုပ်ရှုပ်ထွေးထွေး syllable ဘာတွေထည့်မတွက်တော့ဘဲ Line 3 lines ကဗျာလေးတွေ ရေးကြရအောင်။ အဓိကရည်ရွယ်ချက်ကတော့ paragraph တို့ essay တို့ ရေးတတ်ဖို့ပေါ့။ […]


kaiApril 25, 20194min5833
(Zawgyi Ver:) Windows 10 သမားများ.. ယူနီကုဒ်နဲ့ဇော်ဂျီ ၂မျိုးလုံး စာလုံးအနေအထား အမှားအယွင်းမရှိ.. Chrome Browser မှာ ဖတ်နိုင်ပြီး.. ယူနီကုဒ်နဲ့ စာရေးနိုင်သောနည်း.. ( တစ်-နှစ်-သုံး) .. ဝင်းဒိုးလက်ပ်တော့…ဒက်စ်တော့ပ် ကွန်ပြူတာသမား .လုပ်ရမှာတွေအဆင့်ဆင့် ①②③ က.. တစ် – နှစ် – သုံး …. ၃ ချက်ထဲ….. ①။ ဒေါ်အောင်ဆန်းစုကြည် ညွှန်းပါတဲ့.. Pyidaungsu font ကို Download/Install လုပ်ပါ၊ https://myanmargazette.net/Zawgyi…/Pyidaungsu-2.5_Regular.ttf https://www.unicode.today/fonts-download/ Once you have your font downloaded ( Pyidaungsu.ttf) and available, just right-click it and […]


kaiMarch 28, 20194min2761
အရင်လကဖော်ပြခဲ့တဲ့ Topic sentence လေးတွေကို ယခုလမှာ concluding sentence လေးတွေအဖြစ်ပြောင်းပြီး ရေးတတ်အောင်လေ့ကျင့်ကြပါစို့ ။ အားလုံးမှတ်မိကြပါလိမ့်မယ်နော်။ ပထမဆုံး ဖော်ပြခဲ့တာက There are three ways to deal with rejection ဆိုတဲ့ ဝါကျလေးပေါ့။ ဒီတော့ဒီ Topic sentence လေးရဲ့ မူရင်းအဓိပ္ပါယ်ကို မပျက်စေဘဲ concluding sentence လေးအဖြစ် ဒီလိုပြောင်းပြီးရေးလို့ရပါတယ်။ To sum up,we can be upset or depressed, learn from the rejection,or take a look at ourselves deeply and change whatever we […]


kaiFebruary 27, 20196min17691
အရင်လက Topic sentence လေးတွေအကြောင်း ဖေါ်ပြခဲ့ပါတယ်။ ဆိုကြပါစို့။ topic sentence လေးတွေ ကောင်းကောင်း ရေးတတ်နေပြီ။ ဒီတော့ paragraph လှလှလေးတွေရေးနိုင် ပြီလားပေါ့။ အဲနီးစပ်လာပြီပေါ့နော်။ အစကောင်းမှ အနှောင်းသေချာ ဆိုသလို topic sentence ကောင်းကောင်းရေးတတ်ရင် အစကတော့ကောင်းနေပြီပေါ့။ အနှောင်းသေချာဖို့အတွက် အဲ့ဒီ topic sentence မှာပါတဲ့ controlling idea ကို သေချာရှင်းပြနိုင်ရမယ်။ နမူနာလေးတွေနဲ့ support လုပ်ပေးပြီး လှပတဲ့ မှတ်သားဖွယ်ရာ conclusion လေးနဲ့ အဆုံးသတ်ပေးလိုက်ရင် လှပခန့်ညားတဲ့ paragraph လေးတစ်ခု ဖြစ်လာမှာပါ။ controlling idea ကိုပီပီပြင်ပြင် ရှင်းပြနိုင်ဖို့ သိပ်အရေးကြီးပါတယ်။ ဥပမာ အနေနဲ့ အရင်လက လေ့ကျင့် ဖို့ပေးထားခဲ့တဲ့ ခေါင်းစဉ်လေးတွေထဲက […]