ရာဇသံရွှေပေ (၁၇၅၆၊ မေလ ရရက်) (ဘုရင်အလောင်းမင်းတရားမှ ဘုရင်ဂျော့-၂ ထံပေးပို့သော ရွှေသဝဏ်လွှာ) သက္ကရာဇ် ၂ဝဝ၆ ခု၊ ဇူလိုင်လကုန်ပိုင်းတွင် ဂျာမနီနိုင်ငံ၊ ဟန်နိုဗာမြို့၊ လိုက်ဘ်နစ္စ အထိမ်းအမှတ် စာကြည့်တိုက်၏ပြတိုက်မှူး Dr. Friedrich Hulsmann သည် ဟန်နိုဗာတော်ဝင်စာကြည့်တိုက်ထဲ နှစ်ပေါင်း ၂၅ဝကျော်ကြာအောင် တိမ်မြုပ်နေသော ရွှေသားအစစ် ရွှေသဝဏ်လွှာကို အက္ခရာပြန်အဓိပ္ပါယ်ဖော်ထုတ်ရန် အရှေ့တိုင်းဘာသာဗေဒနှင့် သမိုင်းပညာရှင် ဒေါက်တာဂျက်၊ပီ၊လိုင်ဒါ  ထံအကူအညီတောင်းခံလာခဲ့သည်။ Dr. Friedrich Hulsmann ၏အီမေးလ်နှင့် တွဲလျက်ပါသော ရွှေသဝဏ်လွှာဓာတ်ပုံကြောင့် လက်ရေးစာသားများကား အိန္ဒိယစာပေ မဟုတ်ဘဲ မြန်မာစာပေဖြစ်နေကြောင်းကို ဒေါက်တာလိုင်ဒါ ရှင်းလင်းစွာတွေ့လိုက်ရ၏။ ၂ဝဝရ ခု၊ ဧပြီလတွင် ဟန်နိုဗာမြို့သို့ ဒေါက်တာလိုင်ဒါ မဖြစ်မနေရောက်လာခဲ့သည်။ Ms IV 571a ဟုသာ မှတ်တမ်းတင်ထားခဲ့သော […]


TTNUSeptember 12, 20122min33347
The Paradoxical Commandments (ဆန့်ကျင်ဘက် အမှန်တရားများ) by Dr. Kent M. Keith People are illogical, unreasonable, and self-centered. Love them anyway. လူတွေဟာ သဘောတရားမှန်မှန်၊ ကျိုးကြောင်းဆီလျော်စွာမတွေးကြ၊မလုပ်ကြဘူး။ တစ်ကိုယ်ကောင်းဆန်ကြတယ်။ ဘာပဲဖြစ်ဖြစ်  သူတို့ကို ချစ်ခင်လိုက်ပါ။ If you do good, people will accuse you of selfish ulterior motives. Do good anyway. မင်းကောင်းတာလုပ်ရင် လူတွေက မင်းရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ အတွင်းစိတ် ကိုဖုံးထားပြီးလုပ်တယ်လို့ စွပ်စွဲကြမယ်။ ဘာပဲဖြစ်ဖြစ် ကောင်းတာလုပ်လိုက်ပါ။ If you are successful, you […]


padonmarSeptember 11, 20122min25522
“Are you sleeping!” ဆိုတဲ့ကလေးသီချင်းလေးကို Alarm sound လုပ်ထားတဲ့ Cellphone က Alarm မြည်သံနဲ့အတူ ကျော်ကျော် နိုးထလာပါတယ်။ ဒီနေ့ တနင်္ဂနွေနေ့ဖြစ်ပေမယ့် ခါတိုင်းလို 8 နာရီ 9 နာရီထိ အိပ်နေလို့မဖြစ်ပါဘူး။ ဒီနေ့ အန်တီ မေအေးဦး တို့ရဲ့ 2000 Group က ယဉ်ကျေးလိမ္မာသင်တန်းနဲ့ အခမဲ့ ဆေးစစ်၊ ဆေးကုပေးခြင်းကို ရွှေပြည်သာ “ မြိုင် ” သီလရှင် စာသင်တိုက်မှာ လုပ်ဖို့ရှိပါတယ်။ ကျော်ကျော်က အဒေါ်တွေ၊ အမတွေဆီကနေ ဒီအဖွဲ့လေး သတင်းကြားပြီး ကြုံကြိုက်ရင် လုပ်အားပေးဖို့ ရည်ရွယ်ခဲ့ပါတယ်။ အခုတိုက်တိုက်ဆိုင်ဆိုင် သူကျောင်းပိတ်ရက်နဲ့ သင်တန်းကြုံကြိုက်ပြီဖြစ်လို့ ဘယ်လို လုပ်အား ပေးရပါ့မလဲ စဉ်းစားရင်း ကြိုပို့တာဝန်ယူပေးဖို့ […]


ကြောင်ဝတုတ်September 4, 20121min325
အရင်ဆုံးပြောချင်တာတစ်ခုက ဒီစာရေးတဲ့နေတဲ့အချိန် ဆိုဒ်ပေါ်တင်သင့်မတင်သင့် တော်တော်ကြီးစဉ်းစားတယ်… ရေးပြီးတော့လဲ ပြောသင့်မပြောသင့်သေသေချာချာဆုံးဖြတ်ပြီးမှ ပြောသင့်တယ်ထင်လို့ပြောပါတယ်… အမှားတစ်စုံတစ်ရာပါခဲ့မယ်ဆိုရင်… တွေးခေါ်ရေးသားသော ကျွန်ုပ်၏ တာဝန်သာဖြစ်ကြောင်း ပြတ်ပြတ်သားသားတာဝန်ယူပါသည်… အရင်ဆုံးပြောချင်တာက… ဂဇက်ဆိုတဲ့ရွာကြီးအကြောင်းပါ… ဂဇက်ဆိုတဲ့အွန်လိုင်းရွာကြီးကို ကျွန်တော်တို့အားလုံး မြတ်နိုးစွာ ဒီမိုရွာကြီးဟု နှစ်နှစ်သက်သက်လက်ခံထားသည်…  ဟုတ်ပါပြီ… ဒါဆိုရင် ရွာသူရွာသားတွေရော ဘယ်လောက်တောင်ဒီမိုဆန်နေကြပြီတုန်း… ဒီမိုဆိုတာကို ဘယ်လောက်အထိ လက်ခံထားနိုင်ကြပြီတုန်း… သေသေချာချာပြန်စဉ်းစားကြည့်ရအောင်… အရင်ဆုံး ကျွန်တော်စိတ်မကောင်းစွာတွေ့ရတာက ရခိုင်အရေးဆွေးနွေးတိုင်း ဂဇက်မန်ဘာဝင်တွေ တော်တော်များများ အားရဝမ်းသာဝိုင်းဆဲကြတဲ့အဖြစ်… ဒီမိုရွာမှာ သူ့အမြင်ကိုရေးရင် ကိုယ့်ဘက်ကလဲ ခိုင်မာတဲ့အထောက်အထားနဲ့ တိတိပပချေပနိုင်ရင်ချေပ… မချေပနိုင်တဲ့အနေအထားဆိုရင် ပါးစပ်ပိတ်ပြီး ဒေါင့်မှာသွားထိုင်နေရုံပဲ… ပုဂ္ဂိုဟ်ရေးမနှစ်သက်မှုတစ်ခုနဲ့ ဗုဒ္ဓသာသာဝင်မဟုတ်သော အခြားသူတစ်ဦးဦးကို ဆဲရေးတိုင်းထွာတာ… ခါးအောက်ပိုင်းမိုးမွှန်အောင်ဆဲတာမျိုးက လူကြီးလူကောင်းဆန်သော အပြုအမူ မဟုတ်ဘူးဆိုတာတော့ ကောင်းကောင်းသတိပြုစေချင်တယ်… အခုအချိန်မှာ ကြီးကြီးကျယ်ကျယ်ပြောရရင် ကျွန်တော်တို့နိုင်ငံ ဒီမိုနိုင်ငံအဖြစ်ဦးတည်နေတယ်… အဲဒီတော့ […]


padonmarAugust 20, 20121min61927
နေဝင်းမောင်ရဲ့ ဆက်ဆံရေး အနုပညာ စာအုပ် ကို ဖတ်ညွှန်းလေး ကျမရေးမိပါတယ်။ နေဝင်းမောင်ရဲ့ ဆက်ဆံရေး အနုပညာ မှန်တာပြောရရင် ကျမ နေဝင်းမောင်ရဲ့ စာတွေ လေးစားပေမယ့် သူ့အကြောင်း သိပ်မသိပါဘူး။ သူ လူရည်ချွန်ဖြစ်ခဲ့တယ်ဆိုတာတောင် သူကွယ်လွန်ပြီးမှ သူ့အမေရဲ့ဆောင်းပါးတွေ ဖတ်ပြီးသိရတာပါ။ ကျမတို့ ခေတ်က လူရည်ချွန်ဆိုတာ တကယ့်ကို ကျောင်းပညာ၊ဗဟုသုတ၊အားကစား၊အနုပညာ ဘက်စုံအတော်ဆုံးမဟုတ်တောင် တီးမိခေါက်မိရှိတဲ့ လူတော်တွေကို မျက်နှာကြီးငယ် မလိုက် ရွေးချယ်ခဲ့တာဖြစ်လို့ လူတော်တိုင်း လူရည်ချွန်မဖြစ်ပေမယ့် လူရည်ချွန်တိုင်းဟာတော့ လူတော်တွေဖြစ်ပါတယ်။ (ကျမတော့ လူရည်ချွန်ထဲမပါခဲ့ပါဘူးနော်၊အလွန် အားကျမိတဲ့ဘဝပါ) ဒီလို လူတော်တွေ တော်တော်များများ ပြည်တွင်းမှာ မရှိကြတော့တာလည်း ကျမ မကြာခဏရေးဖြစ်ခဲ့ပါတယ်။ အဲဒီထဲက မြန်မာပြည်မှာ ကျန်တဲ့၊ နိုင်ငံ့အပြင်ထွက်ပြီးမှ မြန်မာပြည်ကိုပြန်လာတဲ့ လူရည်ချွန်တွေထဲက တစ်ယောက်ဖြစ်တဲ့ နေဝင်းမောင်အကြောင်းကို […]


maungmoenyoAugust 17, 20121min49555
အရပ်ထဲပြောကြတဲ့ “ရှေးရိုးစွဲ” ဆိုတဲ့ အယူသီးကြတဲ့ကိစ္စက နိုင်ငံတော်အဆင့်လူသိရှင်ကြားဖြစ်တဲ့အခြေအနေ အထိ ရောက်နေပါပြီ။ သမ္မတကြီးဦးသိန်းစိန်ရဲ့ပြည်ပခရီးစဉ်တခုမှာဝန်ခံပြောသွားတဲ့ နောက်ပိုင်း ပြန်သုံးသပ်သင့်တဲ့ အစိုးရပိုင်းကဏ္ဍကိုမြန်မာပြည်သူတွေနဲ့အတိုက်အခံက စတင်သတိပြုမိလာကြပါတယ်။ အမျိုးသားခေါင်းဆောင်ကြီးနေရာမှာရှိနေပြီဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း မိမိပါတီတွင်းမှာရှိကြတဲ့ ရှေးရိုးစွဲဝါဒီများကို ဖြောင့်ဖြဆွေးနွေးရတဲ့ အဖြစ်တွေလည်းမဖုံးနိုင်မဖိနိုင်ကြားရ မြင်ရနေပါတယ်။ အမှန်ပြောရရင် ရှေးရိုးစွဲမိရိုးဖလာအယူဝါဒဟာ နိုင်ငံအုပ်ချုပ်ရေးသာမက၊ စီးပွားရေး နဲ့အထူးသဖြင့် လူမှုရေး၊ ဘာသာရေးနဲ့ မိသားစုရေးကိစ္စတွေမှာ အမြစ်တွယ်နေတာနှစ်ပရိစ္ဆေဒကြာပါပကော။ ကိုယ်တိုင်ဘယ်လောက်အယူသီးမှုရှိလဲဆိုတဲ့ မိမိကိုယ်ကိုပြန်သုံးသပ်မိတဲ့ဘဝက ကွန်ပျူတာရှေ့ထိုင်ပြီး ကမ္ဘာလောကကြီးရဲ့ ဖြစ်ပျက်နေတဲ့လောက internet ကို ဝင်ကြည့်ဘို့အစပြုရာက “ငါအတော်ခေတ်နောက်ကျနေပါလား” ဆိုတဲ့ မသိမသာ ဝန်ခံစိတ်ဝင်လာရတာပါဘဲ။  ထိုနည်းတူဘဲ သတင်းစာမျက်နှာဖုံးတွေမှာ နိုင်ငံထိပ်ပိုင်းအစိုးရလူကြီးမင်းတွေ အစည်းဝေးခန်းစားပွဲပေါ်ကိုယ်ရှေ့မှာရှိနေတဲ့ ကွန်ပြူတာတွေထိုင်ပြီး ဘာတွေလုပ်ကြမှာပါလိမ့်ဆိုတဲ့ “သို့လော”မေးခွန်းတွေ ပြည်သူတွေက သိချင်ကြမှာအမှန်ပါဘဲ။ ထိုနည်းတူစွာဘဲ အစိုးရရုံးတွင်းလုပ်ငန်းတွေမှာစတင်ချင်းနင်းဝင်ရောက်လာပြီဖြစ်တဲ့ networking စနစ်ကို ခတောင်းကြိုက်လိုက်နေကြရတဲ့ (တနည်း) […]


ムラカミAugust 8, 20122min37340
  တခါတခါ ဂွကျတယ် ….ခည … ကျနော်တို့ ရဲ့ မျိုးရိုး နာမည် မရှိမှု က …။ တရုတ်မှာလည်း ရှိတယ်… ကိုရီးယား ဂျပန်မှာလည်း ရှိတယ်..။ အနောက်တိုင်းမှာလည်း ရှိတယ် ဆိုတော့ကာ …။ ပြောရရင် ..ဥပမာ .. David Beckham ဗျာ..။ လူနာမည် David မျိုးရိုးနာမည် Beckham ဆိုပါတော့ …။ ယဉ်ကျေးမှုအရ .. ရင်းနှီးမှု မရှိရင် ..(ဝါ) ကာယကံရှင် ခွင့်ပြုချက် မရရင် .. Mr.Beckham ပေါ့ … အဲ .. ဘော်ဒါဘော်ကျွတ် ဖြစ်ပြီ ဆိုရင်တော့ ..ဟိတ်ကောင် David ခေါ်ခွင့်ရှိရဲ့ ဆိုပါတော့ … ။ ထားပါတော့ … […]


Ko out of...August 7, 20121min1276
ဦးသော်ကောင်းနှင့် မောင်ဇေယျာ စီစဉ်တဲ့..ဦးသန့်ရဲ့လက်ရွှေးစင် စာစုထဲက ဝတ္ထုတိုလေးပါ… – တပေါင်းလ ကောလိပ်ကျောင်း စာမေးပွဲများ ပြီးစီးပြီဖြစ်တဲ့ အတွက် သူငယ်ချင်း ၄-၅ ယောက်တို့သည် ကျွန်တော်၏ အခန်းသို့ လာပြီး ထွေရာလေးပါးပြောကြပါသည်… တယောက်ပြီးတယောက် မိမိတို့ တသက်တွင် မှတ်သားစရာ အကောင်းဆုံးအကြောင်းအရာ များကို ပြန်ပြောကြရာ..ကဲဗျာ..ကိုစိုးသိမ်း..ခင်ဗျာတစ်ယောက်ဘဲ ကျန်တော့တယ်..ကဲကဲ လုပ်ပါဦး.. ” ကဲ..နားထောင်ကြ..ကျွန်တော်ပြောပါ့မယ်…. ကျွန်တော်ဆယ်တန်းအောင်တုံး ဆယ်တန်း ပထမနှစ်တုံးက လမ်းမတော် ဝိုင်အမ်စီအေမှာ တစ်နှစ်နေခဲ့ရတယ်…ဆန်းတာ တခုက ကျွန်တော်အိပ်တဲ့ ခုတင်ခေါင်းရင်းမှာ…အုတ်ချပ်တွေ နည်းနည်း ကွာပြီးတော့ လူရဲ့ မျက်နှာတခုလို ထင်နေတယ်…အုတ်ချပ်ကွာတာတော့ အများကြီးပေါ့..ဒါပေမဲ့ ဒီကွာကျတဲ့ အုတ်ကွက် တကွက် တည်းက ဆန်းနေတာ..သိပ်အံ့ဩစရာ ကောင်းတာဘဲ… မနက်အိပ်ရာထထချင်း ပြုတင်းပေါက်က နေရောင်ထိုးပြီဆိုရင် ဒီမျက်နှာဟာ တကယ့် […]


ムラカミAugust 6, 20126min25420
  အပိုင်း -၁ ဝီကီကနေ တိုက်ရိုက် ဘာသာပြန်ပြီး ထင်ရာမြင်ရာ ရောလို့ ရေး တင်လိုက်ပါတယ်… Promotional model ဆိုတာ .. product, service, brand, or concept တခုခုနဲ့ပါတ်သတ်ပြီး စားသုံးသူနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံ ဖို့ ခန့်ထားသူ ဖြစ်ပါတယ် တဲ့ များသောအားဖြင့် Promotional model တွေဟာ ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု ရှိတဲ့..အမျိုးသမီးငယ်တွေ ဖြစ်ပါသတဲ့ ..။ ဝယ်ယူသူတွေကို ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုနဲ့ ပါတ်သတ်တဲ့ သတင်း အချက်အလက်တွေကို ရှင်းလင်းပြောပြပေးတဲ့ အလုပ်ကို လုပ်သူပါတဲ့ …။ အင်း … ခုတလော ကားမော်ဒယ်တွေ စွတ်တင်နေချိန်မို့ …ပြောလိုက်ပါဦးမယ်… trade show က မော်ဒယ်လေးတွေရဲ့ ဂျူတီဟာ […]


ムラカミAugust 2, 20126min27923
  သည်အကြောင်းပြောဖို့ ဆို နည်းနည်းလေး .. လန့်တယ်ဗျို့ … နည်းနည်း ပြောသင့်တယ်ထင်လို့ … ပြောလိုက်ပါဘီ … ကျနော်တို့ အရင်ဆုံး  အခြေခံဘက်နည်းနည်း သွားကြည့်ရအောင် …။   1.   Cross-Selling သည်လိုပါ … Cross-selling ဆိုတာ  ဖိနပ်ထုတ်တဲ့ ကန်ပနီက ခါးပတ်ပါ လိုက်ထုတ်ပြီး တွဲရောင်းဖို့ … (ဖိနပ် ကြိုက်ပြီးသား လူတွေ .. သည် brand ကထုတ်တာပဲလေ ကောင်းမှာပါ) ဆိုပြီး လိုက်ဝယ်အောင် လုပ်တယ်ပေါ့ဗျာ ..။ ဒါဟာ related cross-selling technique ပေါ့.. ဘာလို့ related လို့ပြောလဲဆို .. အဝတ်အစား ဆိုတဲ့ sector ထဲမှာ […]


Kaung Myat HtutJuly 24, 20125min42114
Data သူခိုးများ နေ့စဉ်နှင့်အမျှ online အပေါ်မှာ အလုပ်လုပ်နေရတဲ့အခါမှာ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာအချက်အလက် တွေကိုအခိုးခံရမှာကိုစိုးရိမ်ရပါတယ်။ မိမိရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေဟာ ယခုခေတ်မှာတော့ သင်တစ်ယောက်တည်းသာသိတဲ့ အချက်အလက်တွေမဟုတ်တော့ပါဘူး။ Facebook page မှာ Like လုပ် တဲ့အချိန်၊ Credit card လျှောက်ထားတဲ့အချိန်၊ ကြော်ငြာတစ်ခုကို click နှိပ်လိုက်တဲ့အချိန်၊ MP3 သီချင်း တစ်ပုဒ်ကို online မှာနားထောင်တဲ့အချိန်၊ YouTube video တစ်ခုကို comment လုပ်လိုက်တဲ့အချိန် စသည့်အချိန်တိုင်းမှာ သင်ဟာသင့်ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို တိရစာ္ဆန်ကြီးတစ်ကောင်ကို ကျွေးလိုက်သလိုမျိုးဖြစ်နေတာ သင်သတိထားမိမှာ မဟုတ်ပါဘူး။ သင့်အချက်အလက်များကို ပုံစံမျိုးစုံ ပြောင်းလဲပြီး ထပ်ဆင့်ရောင်းချနေတာကိုလည်း သင်သတိထားမိမှာမဟုတ်ပါဘူး။ ကိုယ်ရေးကိုယ်တာအချက်အလက် Personal data များကို ကြော်ငြာလုပ်ငန်းရှင်များ၊ ဈေးကွက်ရှာဖွေသူများ၊ social network တည်ထောင်သူများ၊ website […]


black chawJuly 24, 20125min69690
ဒီပို့စ်က ကျွန်တော့် ရဲ ့ ၂၀ဝ မြောက်ပို့စ်ပါ…။ အထိမ်းအမှတ် တစ်ခုအနေနဲ့ ဇူလိုင်လရဲ ့ မိုးအေးအေးမှာ ချိုပေါ့ကျ လေးနဲ့ အေးရာအေးကြောင်းနှပ်လို့ရအောင် စီစဉ်ပေးလိုက်ပါတယ်ဗျာ…။ ဘလက် စင်ရော် ငှက် တစ်ကောင်အကြောင်း လေးလေးစားစား ပြောခွင့်ပြုပါဗျာ…။ ယောနသံ ဆိုတဲ့ စင်ရော် ငှက်ကလေး …။ အဲဒီ ငှက်ကလေး တစ်ကောင်က ကျွန်တော့် စိတ်ကို အကြီးအကျယ် လွှမ်းမိုးထားနိုင်ခဲ့တယ် ဆိုတဲ့ အကြောင်းပါ…။ ယောနသံစင်ရော် ဆိုတဲ့ စကားလုံးကို ကျွန်တော် စကြားဘူးခဲ့တာ ကိုင်ဇာ ရဲ့ သီချင်းတစ်ပုဒ်ထဲမှာပါ…။ သီချင်းနာမည်က နေဆီပျံမယ့်ငှက် တဲ့။ သီချင်းရေးပေးတဲ့ပုဂ္ဂိုလ်က နိုင်မြန်မာ ပါ…။ ကိုင်ဇာ ဆိုပြီးအောင်မြင်ခဲ့တဲ့ နိုင်မြန်မာရေးတဲ့ သီချင်းတွေက အများကြီးပါ။ ဒီသီချင်းကတော့ […]


ငယ်ကအချစ် အနှစ်တစ်ရာ မမေ့သာတဲ့။ ငယ်ကကျွမ်းတဲ့ ငယ်ကျွမ်းဆွေတွေနဲ့ လမ်းခွဲခဲ့ရတိုင်း ကွဲချင်ချင် ဖြစ်နေခဲ့တဲ့ ကျွန်မအသည်းက ခုများတော့ ဟက်တက်ကွဲသွားခဲ့ပြီလား မသိ။ လူမှန်းသိတတ်စကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့ရတဲ့ ဒီအနံ့ဒီအရသာတွေကို အရိုးသားဆုံး တွယ်တာခဲ့ရပါတယ်ဆိုရင် လောကကြီးက ကျွန်မ အမှားလို့ပြောမယ်မထင်ဘူး။ နောက်ဆုံးပိတ် အသည်းဟက်တက်ကွဲသွားခဲ့တာ တစ်ပတ်လောက်ပဲရှိဦးမယ်လေ။ ဖြစ်ပုံက မန်းဂေဇက်ကို ဝင်ဖတ်နေရင်း နာမည်ခေါ်ရခက်တဲ့သူတစ်ယောက်က ငပိငံပြာရည်အကြောင်း တင်လာတယ်။ သူ့ရဲ့ပို့စ်အရ ငပိကို ပုလဲဓာတ်မြေဩဇာနဲ့ ငါးမြန်မြန်ပုပ်အောင်လုပ်ကြောင်း၊ ပြီးတော့ ငံပြာရည်ချက်ပုံအကြောင်း တင်လာတယ်။ ငံပြာရည်ချက်ပုံကတော့ ကျွန်မသိပြီးသားကိစ္စမို့ မထူးဆန်းပေမယ့် ငယ်ကျွမ်းဆွေ ငပိအကြောင်းကိုတော့ မယုံချင်ဘူး။ ဒါနဲ့ အဲဒါကို ပရင့်ထုတ်ပြီး နောက်တစ်နေ့မနက်မှာ ကျွန်မရဲ့အိမ်ဦးနတ်ကြီးကို စာရွက် ပေးပြီး ဈေးထဲကငပိဆိုင်တွေကို သွားမေးခိုင်းလိုက်တယ်လေ။ သူကပြောတယ် ”ဟုတ်ရင်တောင် ဘယ်သူက ဝန်ခံမှာလဲ” […]