kaiNovember 18, 20131min27310
၂၀၁ဝခုနှစ်တွင် အီရတ်၊အာဖဂန်စစ်မှတ်တမ်းများနှင့်အမေရိကား၏သံရုံးအချက်အလက် ပေးပို့ကြေးနန်းတို့ ဝိကီလိခ်မှတဆင့်ပေါက်ခဲ့သည်။ ယခုနှစ်တွင်လည်း စီအိုင်အေအရာရှိဟောင်းတဦးကြောင့် အမေရိကား၏လျှို့ဝှက်သူလျှိုလုပ်မှုတို့ပေါ်ကုန်ပြန်လေပြီ။ အမေရိကားအစိုးရသည် အမေရိကန်တို့အတွက်ပရိုက်ဗေစီ(ပုဂ္ဂလိကလွတ်လပ်မှု)တို့တွင်တွင်ပြောလျှက်မှ ပြည်သူတို့၏အသံစကားကြားဖြတ်နားထောင်သည်။ အင်တာနက်၊ရေဒီယိုလှိုင်းများမှခိုးယူဖမ်းချစိစစ်သည်။တိုင်းပြည်၏လုံခြုံရေးနှင့်အကြမ်းဖက်မှုတို့ကိုကာကွယ်ရန်အတွက်ဟုတွင်တွင်ဆိုလျှက်မှ သူ၏အခြေခံဥပဒေကိုထိပါး၍သာနေလေသည်။ “လုံခြုံရေးအတွက်..” အဆိုပါစကားသည် မြန်မာတို့အတွက်မူ စိမ်းသောစကားမဟုုတ်၊ စင်စစ် ဒေဝေါကြီးသာတည်း။ လုံခြုံရေးအတွက်ဟူသည် မြန်မာပြည်တွင် ပြီးခဲ့သော ဆယ်စုနှစ်ပေါင်းမျာစွာက “လုံခြုံရေးအတွက်” အကြောင်းပြချက်ဖြင့် စစ်အာဏာရှင်၊ စစ်ထောက်လှမ်းရေးတို့တန်ခိုးထွားခဲ့သည်။ ပြည်သူသားရဟန်းရှင်လူ ကျောင်းသားသူငယ်တို့ကို အချိန်မရွေးဖမ်းချုပ်နိုင်သည်၊ ဖျောက်ဖျက်နိုင်သည်။ တည်ဆဲဥပဒေ၊ အခြေခံဥပဒေ လူ့အခွင့်အရေးတို့သည် လုံခြုံရေးအကြောင်းပြချက်အောက်တွင် ခြွေချ မှိန်ချခံကြရရှာပါသည်။ မည်သူမှ မည်သူ့အတွက် လုံခြုံရေးပေးယူရကြသည်ဟူ၍ ပွင့်လင်းမြင်သာ ကြေညာခြင်းကား အလျှင်းမရှိခဲ့။ တိုင်းပြည်လုံခြုံရေးအကြောင်းပြချက်သည် ပုဂ္ဂလိကတဦးချင်း၏ ဘဝလုံခြုံရေး လူ့အခွင့်အရေးကိုမူ များစွာထိပါးစေသည်ဟုသာ အတွေ့အကြုံနှင့်ရင်း၍ပြောပြလိုပါသည်။ မြန်မာ့ဘဝတို့နှင့်ရင်းရခဲ့သည့် ခါးသီးလှသည့် အတွေ့အကြုံများပါပေတည်း။ ဝီကီလိခ် Julian Assange ၏ […]


kaiNovember 10, 20131min43022
တန်ဆောင်မုန်းလပြည့်ည သန်းခေါင်ယံကျော် တာနဲ့ ဆောင်းဥတု(ဟေမန္တ)သို့ ကူးပြောင်းလို့သွားပါပြီ။ ဆောင်းဥတုဟာ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက် နေ့မှ တပေါင်းလပြည့်ညလယ်အထိ ဆောင်းလေးလဖြစ် ပါတယ်။ မိုးဥတုနဲ့ဆောင်းဥတုအထူးဥတုပြိုင်ကာလမှာ အပူနဲ့ အအေး လေဒေါသနဲ့သလိပ်ဒေါသတို့ အားပြိုင်ကြပြီး ရောဂါဘယတွေဖြစ်ပွားနိုင်ပါတယ်။ မိုးဥတုမှာလေဒေါသ ကြီးစိုးမင်းမူခဲ့တဲ့အတွက် လေစာအခါးအရသာကို သွေး သားက တောင့်တသလို ဆောင်းဥတုအခါမှာတော့ သလိပ်ဒေါသကြီးစိုးမင်းမူတဲ့အတွက် သလိပ်ငြိမ်စာအချဉ် အရသာကို သွေးသားကတောင့်တပါတယ်။ အခုလို ဥတုနှစ်ပါးအားပြိုင်ကာလမှာ ဥတုနှစ်ပါး လုံးနဲ့သင့်မြတ်အောင် အခါးအရသာဖြစ်တဲ့ မဲဇလီဖူးကို ရှောက်ရည်၊ သံပရာရည်တို့နဲ့ချဉ်ချဉ်လေးသုပ်စားပါက ကျန်းမာရေးကိုကျေးဇူးပြုပါတယ်။ မိုးရာသီမှဆောင်းရာ သီအကူးဥတုနှစ်ပါးလုံးနဲ့ သင့်မြတ်တဲ့အတွက် ရောဂါ ဘယမဖြစ်ပွားအောင်ကာကွယ်ပေးပါတယ်။ သွေး၊ လေ၊ သလိပ်တို့ကို ညီညွတ်မျှတစေပါတယ်။ မဲဇလီဖူးကို အမြတ်တနိုးတန်ဖိုးထား စားသုံးခြင်းဟာ တိုင်းရင်းဆေး ပညာအမြင်နဲ့အလွန်သင့်မြတ်လှတဲ့ ရိုးရာဓလေ့ဖြစ် ကြောင်း […]


kaiOctober 16, 20134min1508
Security Message to United States Citizens – October 15, 2013 Recent Bombings in Burma and General Security Awareness This Security Message is to alert U.S. citizens residing in or traveling to Burma of recent bombings in several locations around the country.  A series of seven Improvised Explosive Devices (IEDs) have detonated, or have been discovered […]


kaiSeptember 13, 20137min40830
******************************************************************* BURMA RELATED NEWS – SEPTEMBER 03-06, 2013 ******************************************************************* AP – Lawmakers uneasy over US-Myanmar military ties Reuters – In the new Myanmar, an old junta’s laws survive and adapt IANS – Chinese premier discuss ties with Myanmar president IANS – Myanmar taekwando team training in South Korea ANI – Myanmar to call back citizens […]


kaiSeptember 7, 20131min49415
လေနုအေးသည်၊ တနွဲ့နွဲ့ နော့နေဆဲကို . . .။ = သူသည် ပြတင်းပေါက်မှ အခန်းဆီးကို အသာ လက်ဖြင့် ဖယ်လိုက်လေသည်။ မေသည် လက်နှစ်ဖက်ကို ဆန့်တန်းကာ ပပဝင်းနေသော လမင်း ကိုနှုတ်ဆက်၏။ ကောင်းကင် တိမ်တိုက်တွေကြား၌ကား လနတ်သမီးသည် ငွေရောင်ခြည်၊ မြရောင်ခြည်တန်ဆာကို ဝတ်ဆင်ကာ က၍ နေလေသည်။ လနတ်သမီးသည် လက်ချောင်းများကို ကြာဖူး သဏ္ဌာန်ယှက်ကာ သက်လှယ်လမင်းကို ကန်တော့၏။ လနတ်သမီးမှာ မေပင်ဖြစ်နေလေသည်။ ပြိုးပြိုးပြက်ပြက်နှင့် လနတ်သမီးမှ ဖြာထွက်သော အရောင်များမှာသူ၏ စိတ်တန်ခိုးများဖြစ်လေသည်။ ဤကဲ့သို့သော အလှအပသည် ပဉ္စလက်နည်းဖြင့် သူ့ကိုယ်တွင်းသို့ ဝင်လာမည်ဆိုလျှင်သူကိုယ်တိုင် သည်အလှအပကို ကမ္ဘာကြီးအား ဖြန့်ဝေရာ လက်နက် ဖြစ်နေမည်လောဟု မေသည် မှုန်မှိုင်းစွာ တွေးထင်လျက် ရှိလေသည်။ သူ့အသံကို […]


kaiAugust 16, 20131min45714
ဒိဗ္ဗစက္ခု/သောတရပြီ ရှေးအသိ၊အတွေး၊အရေးတို့တိုက်စားခံ၍ ယိုင်နဲ့ကြပါလေပြီ၊ လူတို့သည်စမတ်ဖုံး(Smart Phone)များဖြင့်ဒိဗ္ဗစက္ခုရသည့်အလား ကမ္ဘာ့တလွှားသိလိုသိချင်သည်တို့မြင်နိုင်ပြီ။ ဒိဗ္ဗသောတဖြင့် မိုင်ထောင်သောင်ချီကမ္ဘာတလွှား နာကြား စကားပြောနိုင်ပြီ။ နည်းပညာအစွမ်းဖြင့်ဣဒိ္ဓသိဒ္ဓိရသည့်အလား လကမ္ဘာကျော်၍ အင်္ဂါဂြိုလ်လည်း ဆွတ်ကြည့်ကြပြီ။ စင်္ကြဝဌာထဲတွင် စိန်သားအတိဖြင့် ဖြစ်တည်သည့် ဂြိုလ်ရှိကြောင်း ကမ္ဘာတူဂြိုလ်ပြာများလည်းရှိကြောင်း  ကြယ်စင်၂လုံးထိခိုက်တိုက်တွေ့မှုမှ ရွှေစင်အတိဖြစ်လာကြောင်းတို့ သက်သေပြပြောနိုင်လာကြ၏။ လူသတ္တဝါမည်ပုံဖြစ်လာသနည်း မြေကမ္ဘာအဘယ်သို့ဖြစ်နေသနည်း၊ ဦးနှောက်မည်သို့ တွေးခေါ်စဉ်းစားသနည်း.. စသည်စသည်တို့ အားပို၍တိုး၍သာ အမှန်အတိုင်းသိလာကြသည့်ခေတ်သို့ရောက်နေပါလေသည်။ သိပ္ပံနှင့်နည်းပညာသည် တိုးတက်ယုံမက နေ့စဉ်လူနေမှုဘဝတို့ကိုလည်း တွန်းတိုက်၍ ပြုပြင်ပေးသည်။ လက်ကိုင်ဖုံး အိုင်ပက် တက်ဘလက်နှင့် အင်တာနက်စာမျက်နှာများသည် လူတို့၏ပုံမှန်အသိအတွေ့အတွေးအခေါ်တို့ကို အရှိန်ဖြင့်အချိန်တိုင်းပြောင်းနေစေပါသည်။ လောကကြီးကို ဝတ်လစ်စလစ်မြင်သွားစေပါသည်။ မှိုင်းမိမှုမှ လွတ်မြောက်ခြင်း မကြာမှီဆယ်စုနှစ်တို့တွင် လူသားတို့ အင်္ဂါဂြိုလ်တက်ကြဦးမည်၊ အာတိတ်ရေခဲထုကိုထွင်းဖေါက်၍ ပင်လယ် သွားလမ်းဆောက်ကြမည်၊ လူ့ဦးခေါင်းကိုဖြတ်တေ့ဆက်ချုပ်ခြင်းပြုကြမည်။ လူတူမျိုးပွားထုတ်ကြမည်။ ချုံ၍ပြောရပါသော်… ကိုးကွယ်ယုံကြည်ထားကြရာ ဘာသာတရားကြီးတို့၏ […]


kaiAugust 2, 20136min72667
ငါးကြီးဆီစားရင်.. ဆီးကျိတ်ကင်တာဖြစ်နိုင်ခြေများတယ်တဲ့.. ၇ဝရာခိုင်နှုန်းတောင်…။ ကိုလက်စရောတက်လို့စားသူများ.. သတိ..သတိ…။ 7/24/2013 @ 8:00AM |15,824 views Does Fish Oil Increase One’s Risk Of Getting Prostate Cancer? Comment Now Follow Comments Fish oil caps (Photo credit: Stephen Cummings) For the past week, the phone has been ringing ceaselessly at the office of Dr. David Samadi, chief of urology at Lenox Hill Hospital, […]


kaiJuly 9, 20131min38047
ဇူလိုင်၄ရက်နေ့မနက်ထွက်.. ရရက်နေ့ညပြန်ရောက်တဲ့ မိုင်၁၈၀ဝကျော်ကားမောင်းခရီးစဉ်ပါ…။ဓါတ်ပုံ၇၀ဝကျော်ရိုက်ခဲ့တာမှာ ပုံတချို့ရွေးတင်ရင်း စလိုက်မယ်လို့…


kaiJuly 3, 20132min32030
********************************************************* BURMA RELATED NEWS – JULY 01-02, 2013 ********************************************************* AFP – US blacklists Myanmar general over N. Korea arms deals AP – Myanmar telecom deal with Qatar firm sparks ire AP – Tense calm returns to western Myanmar after religious violence; 4 houses torched Fox News – Myanmar bans Time magazine over cover story about […]


kaiJune 7, 20135min72762
***************************************************** BURMA RELATED NEWS – JUNE 05, 2013 ***************************************************** Reuters – Four dead as Myanmar violence spills into Malaysia – police AP – News Summary: Forum draws powerful to Myanmar AP – Prestigious forum draws decision-makers to Myanmar AFP – Reforming Myanmar courts investors at ‘Asia’s Davos’ AFP – Three Rohingya die in clash with […]


kaiMay 22, 20131min21015
မြကန်သာ တောင်ကျ ချောင်းတေး ရေဝင်ပြေးလှည့် ရေအေးကြည်စွာ ကန်ပိုင်မာလျက် ကြာပေါင်းထုံထုံ ငှက်မျိုးစုံသည် ဘုံဝတိ ံသာ နန္ဒာပေလော တူစွဟုတ္တာ။ ။ လွန်ခဲ့သောနှစ်ပေါင်း၁၀၀ဝခန့်က ပုဂံဒေသသည် စိမ်းလန်းရာသီ တောကိုမှီကာ ရှိခဲ့ပေလိမ်မည်။ပြည်ပုဂံသည် ဧရာဝတီကိုမှီကာ ရာသီညီမျှ မိုးလည်းဖျဖျ ရှိခဲ့ပေလိမ့်မည်။ တောင်ပေါ်ကျမိုးရေတို့သည် မြောင်း၊ ချောင်းအသွင်ပြောင်းကာ တသွင်သွင်စီးခဲ့ပေလိမ့်မည်။ တောင်ကျချောင်းရေကို တူရွင်းတောင်ခံကာ တဖက်ပိတ်ကန်ဘောင်ဆည်၍ ရေဖမ်းခဲ့ကြပေလိမ့်မည်။ကြာပန်းစုံစုံ ငှက်အုံအုံနှင့် သာဝတိ ံသာက နန္ဒာကန်သဖွယ်ဖြစ်အောင် ရှေးမြန်မာတို့ ဖန်ဆင်းခဲ့ကြပါသည်။ ဤမြန်မာ့ပထမကဗျာကို ပုဂံခေတ်က ရေးခဲ့သည်။ ၁ဝရာစုမတို်င်ခင်ကတည်းက မြန်မာတို့ ကျောက်ဆည် ၁၁ ခရိုင်တွင် မြစ်ကိုသွယ်တူးမြောက်ဖောက်လယ်ဧကတို့ဆောက်ခဲ့ဖူးသည်။ရှေးမြန်မာတို့၏ ရေလွှဲ ဆည်ဆောက် သဘာဝတရားကို လူကူထောက်တတ်သော ဇာတိပညာ မြင်နိုင်ပါလေသည်။ ရေချို မြေဆီ ဂေဟ မြစ်တို့သည် […]


kaiApril 3, 20131min31724
အမျိုး၊ဘာသာ၊သာသနာ မြန်မာနိုင်ငံတွင် လူသန်း ၆ဝရှိသည်ထား ထိုအထဲရှိ ၈၅ရာခိုင်နှုန်းဟုဆိုကြသော ဗုဒ္ဓ ဘာသာဝင်တို့ အထူးစွဲကိုင်ပြောဆိုကြသော ဆောင်ပုဒ်ကြွေးကျော်သံဖြစ်သည်။ “အမျိုး”သည် မြန်မာအမျိုးသားမြန်မာ့ဇာတိနွယ်တို့ကိုရည်ညွှန်း၍ “ဘာသာ”သည် ဗမာ ဘာသာစကားဖြစ်ပါသည်။ “သာသနာ”ဟူသည်ကား မြန်မာအများစု ကိုးကွယ်ရာ ထေရဝါဒဗုဒ္ဓသာသနာဖြစ်၏။ အမျိုး မြန်မာတို့သည် ယခုတည်နေသောမြေဧရိယာ အကျယ် ၂၆၁၂၂ရ စတုရန်းမိုင်တွင် မှီတင်း နေထိုင်ခဲ့သော မူရင်းလူမျိုးမဟုတ်ပါ။ မူရင်းဌာနေသားများ၊ မွန်-ခမာ(မွန်)၊ တိဘက်တို-ဘားမင်း(ပျူ၊ကမ်းယံ၊သက်)၊ တိုင်(ရှမ်း) စသည့်ဇာတိနွယ်ပေါင်းစုံတို့ ရေကြည်ရာမြက်နုရာ ရွှေ့ပြောင်းလာကြရင်းသွေးနှောရောယှက် ပေါင်းဆက်သွားသူများသာဖြစ်ပါသည်။ သမိုင်းရှည်၍ ယဉ်ကျေးမှုကြာသော ချိုင်းနားနှင့်အိနိ္ဒယနိုင်ငံကြီး၂ခု၊လူမျိုးကြီး၂နွယ်ကြားရှိမြန်မာသည် သီးသန့်မျိုးနွယ်ဟုဆိုပါလျှင်ယုတ္တိမတန် အခြေခံလော့ဂျစ်တွက်နည်းတို့မှ လွတ်နေသည်သာဖြစ်ရမည်။ သို့ဆိုသော် တရားဝင်ကြေငြာထားသော လူမျိုးစုပေါင်း ၁၃၅ခုနှင့်တကွ ဤမြေ၊ ဤလေ၊ ဤဧရာဝတီတွင် မှီတည်မွေးဖွားကြီးပြင်းလာသူတိုင်း မြန်မာဖြစ်ရ / ဖြစ်သင့်ပါသည်။ အရင်ရောက်နှင့်သူ နောက်လာသူ […]


kaiFebruary 22, 20131min40930
မြန်မာတို့စကားကြွယ်ဝစာလုံးလှများသည်ဆိုကြသည်။ အင်္ဂလိပ်လို I နှင့်You ကိုပင်မြန်မာတို့က ကျွန်တော်၊ ကျုပ်၊ ငါ၊ ကျွန်ုပ်၊ အရှင်၊ ဘုရား၊ သခင်၊ ခင်ဗျား၊ နင်၊ မင်း၊ စသဖြင့်ခေါ်ကြပေသည်။ အသက်အရွယ် အတန်းအစား ဇတ်ဇာတိအခြေကြည့်ပြီး အမျိုးမတော် သွေးမစပ်ပါသော်ငြား ဒွေးလေး၊ ဦးလေး၊ အမေ၊ ကြီးတော်၊ အဒေါ်၊ အန်ကယ်၊ အန်တီ၊ အဖွား အဖိုး၊ အဘ၊ အကိုကြီး၊ ညီလေး စသဖြင့် ညွှန်းဆိုခေါ်သည်လည်းရှိ၏။ ကျောက်ထက်အက္ခရာတင်ထားသောမြန်မာအက္ခရာစာလုံးမှတ်ရာကျန်သည့် မွန်၊ မြန်မာ၊ ပါဠိ၊ ပျူ ဖြင့်ရေးထိုးထားသော မြစေတီကျောက်စာ(AD 1113)မှတွက်လျှင် မြန်မာစာပေသည်နှစ်၉၀ဝတိတိရှိပြီဟုဆိုနိုင်ပါလိမ့်မည်။ အိန္ဒိယပြည်မှ ဗြာဟ္မီအက္ခရာနှင့် ပါဠိစာပေကို မြန်မာမှုပြုယူသုံးသော မြန်မာ့စာပေသည် ရဟန်းပညာရှိလူပညာရှိတို့အစဉ်အဆက် ပေထက်ကျောက်ထက်အက္ခရာတင်ခြင်းတို့နှင့်အတူ ခရီးရှည်ကိုဖြတ်သန်းရင်းဖွံ့ဖြိုးတိုးတက်ခဲ့သည်။ ထိုထိုသောသမိုင်းလမ်းခရီးလျှောက်ခဲ့သော မြန်မာစာပေသည်  ကမ္ဘာ့အသုံးအများဆုံး […]