ကုိ ထြဋ္August 11, 20141min28420
မေ့နေလောက်ပြီ ထင်တယ်ဗျ.. အားဘူးဗျာ.. မိုးရွာတုန်းရေခံနေရတယ်… မြေလေးကောင်းတုန်း အဲဘက်ကို လှည့်နေတာနဲ့.. ဘာမှ မလုပ်ဖြစ်ဘူး… အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရပါပဲ… ဖုန်းပါ ပိတ်ရတဲ့ အထိပဲ… အခုလဲ စိတ်ကပါတယ်.. အချိန်က မရ.. ကိုယ့်ကို မေ့မှာလဲ စိုးတော့ ပို့စ်တခု တင်ရတယ်ဗျို့… ပြီးရင် ISO ဆိုတာကြီးက တမှောင့်… အခု Proverbs လေးတွေက တချို့က ကိုယ်တွေ့တွေ… ဟဲ… 🙂 🙂   ၁  သင့်မယားကို ညနေခင်းမှာ မကျိန်ဆဲပါနှင့်။ သို့မဟုတ်ပါက သင်တကိုယ်တည်း အိပ်ရလိမ့်မည်။ (တရုတ်) Curse Not Your Wife In The Evening Or You […]


ကုိ ထြဋ္July 25, 20141min24911
သိထားသင့်သော ဗဟုသုတ   ၁) သင့်လည်ချောင်းထဲက ယားနေတယ်ဆိုရင် နားရွက်ကိုကုတ်လိုက်ပါ… နားရွက်မှာရှိတဲ့         အာရုံကြောတွေကိုလှုံ့ဆော်မိတဲ့အခါ အဲ့ဒီအာရုံကြော တွေဟာ လည်ချောင်းထဲက ကြွက်သားတွေကို အလိုအလျောက် ရုတ်တရက် တုံ့ပြန်စေပြီး ယားယံမှုကို ပျောက်ကင်းပါလိမ့်မယ်….   ဟုတ်ပါတယ်.. စမ်းဖူးတယ်.. စိတ်ကြောင့်လား..တကယ်လားတော့ မသိ.. သက်သာတယ်…   ၂) လူတွေဆူညံနေတဲ့ နေရာမှာ ဒါမှမဟုတ် ဖုန်းပြောတဲ့နေရာ တစ်ယောက်ယောက်ရဲ့ အသံကို မကြားနိုင် ဖြစ်နေပါသလား…. ရုတ်ချည်း ပြောလိုက်တဲ့အသံကိုကြားဖို့ဆိုရင်တော့ ညာဘက်နားကို အသုံးပြုပါ… ဂီတသံစဉ်တွေကိုနားထောင်ဖို့ဆိုရင်တော့ ဘယ်ဘက်နားကို အသုံးပြုပါ….   ဒါလဲ ဟုတ်တယ်.. စမ်းဖူးတယ်.. ဖုန်းပြောတာတော့ ဟုတ်ဘူး.. သီချင်းနားထောင်တာ ပိုကျယ်တယ်… စမ်းကြည့်…   ၃) သန့်စင်ခန်း ဒါမှမဟုတ် တခြားသင့်တော်တဲ့ […]


ကုိ ထြဋ္July 18, 20141min316610
ဒီလို ခေါင်းစဉ်နဲ့ဆို စိတ်ဝင်စားပြီ… ပြသနာတခုတော့ တက်ပြီဆိုပြီး… ဟီး… တက်ပါဘူးဗျာ…တဂျိီးပြောတာလေးနဲ့.. ကျွန်တော်က အစီအစဉ်လေးတွေနဲ့ တင်ဆက်မယ် စိတ်ကူးနေတုန်း.. လာတူတာ ပြောပြချင်တာပါ… kai says: နောက်လ..နောက်လတွေမှာ.. ရွာထဲက.. စာတွေကို..ပုံနှိပ်စာအဖြစ်..တိုးယူဆွဲသွားမည်ဖြစ်ပါကြောင်း.. လေးပါ..ထပ်ဖြည့်ပါရစေ..။ မြန်မာပြည်ထဲကသူတွေကို.. ပရိုတန်းခြေလှမ်းအဖြစ်ပြနိုင်အောင်.. စာမူခအဖြစ်(စတိ) ပေးသွားမယ်ဖြစ်ပြီး. မြန်မာပြည်ပြင်ပကသူများအတွက်လည်း.. စာမူခပေး/ပြန်ယူပြီး.. ဂဇက်ရံပုံငွေတရပ်အဖြစ် မတည်ထားသွားချင်ပါတယ်…လို့.. အပြင်ကနေ.. အဓိကရေးပေးနေတဲ့.. ဇီဇီ အပါအဝင်.. ရွာ့လူကြီး..ကာလသားသမီးများ… အဲဒီကိစ္စ.. ဆွေးနွေးပေးကြစေလို..။   အဲဒါလေးကို မပြောခင် အရင်ဆုံး ရွာလို့ မသုံးတာလေးကို ခွင့်လွှတ်ပါ… အားလုံးက ရွာလို့ သုံးနေချိန်မှာ မြို့လို့ သုံးတာက တဂျီးကိုယ်တိုင် ပို့စ်တခုမှာ မန့်ထားတာပါ… မြို့ဖြစ်နေပြီဆိုတာပါ…   အရင်ကဆို ကျွန်တော် ကော်ပီ ပေ့စ်တွေ […]


ကုိ ထြဋ္July 15, 20141min2328
အဟဲ.. ဝေဖန်တော့မယ်နော်… အဲ.. အဲ… ညွှန်းတော့မယ် ပြောတာပါ… စကားချီးပေါ့.. နည်းနည်းပြောချင်တယ်… ကျွန်တော့်ကို အုန်းကျွန်းရေးခိုင်းတော့ ရေးရင်းကနေ ဒီလို ပို့စ်တွေ ဖြစ်လာတယ်.. အဆင်ရော ပြေရဲ့လား မသိဘူး.. 🙂 သီချင်းတွေကတော့ ၁ Dance ၂ ကျေးကျွန် (ft. နီနီခင်ဇော်) ၃ ရစ်လုံး ၄ ငါ့ဆီပြန်လာခဲ့ ၅ ပစ်တိုင်းထောင်( ft. မိခတ္တာ ) ၆ ဆုတောင်း ( ft. ရဲရင့်အောင် ) ရ အလွမ်းရဲ့ ထုထည် ၈ နောင်ဂျိန် နောင်ဂျိန် ( ft. Bobby Soxer ) ၉ ရေမြေခြားက သက်ဆိုင်သူသို့ ( […]


ကုိ ထြဋ္July 14, 20141min2063
ဝတ္ထု  လွန်းထားထား၊ ဇာတ်ညွှန်း  နေစိုးသော်၊ ဒါရိုက်တာ မလိခစိုးထိုက်အောင် သရုပ်ဆောင် မြင့်မြတ်၊ အောင်လ၊ နန်းဆုဦး   အဟမ်း အဟမ်း ပြောတော့မယ်နော်… ပထမဆုံး လွန်းထားထား ဝတ္ထုဆိုတော့ ဒုတိယ ကိုရီးယား လို့ ပြောမလား.. သူကအရင်ရေးပြီး ရုပ်ရှင်တွေ အရင်ကြည့်ဖူးလို့  ပထမ ကိုရီးယားလို့ ပြောမလားပဲ… မင်းသားတွေရော မင်းသမီးရော ချမ်းသာကြ သင်တန်းတက်ကြ ရုပ်တွေကလဲချောကြ.. အကုန်ပြည့်စုံနေတော့တာပဲ… ပြီးတော့ ဒီဇာတ်လမ်းက အရင် တခါကြည့်ဖူးတယ်ဗျ… ကျွန်တော်ကြည့်ဖူးတာပဲ ရှိတယ်နော်.. မင်းသားအသစ် မင်းသမီးအသစ်တင်တိုင်း ဒီလို လူငယ်ဖန်စီ မိဘနဲ့သားသမီး ဇာတ်လမ်းတွေလဲ ဖန်တရာတေပဲ… ဒီကားတောင် ဘယ်နှယောက်ရိုက်ပြီးမှန်းကို မသိတာ… သိတဲ့သူတွေက မန့်ကြနော်.. ဟီး.. ကော်မန့်တောင်းတာ.. တောင်းတာ… 🙂 […]


ကုိ ထြဋ္July 8, 20141min1687
စူပါကော်ဖီမစ်ရဲ့ ကြော်ငြာလေးတခုကတော့” စောစောအိပ်လို့ စောစောထလို့ စောစောကော်ဖီသောက်ပါစို့တဲ့”… ကျန်းမာရေးအတွက် ဆောင်ပုဒ်ကလေးပေါ့… ” စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့ “… ကျွန်တော့် အသိ အန်တီ နဲ့ ဦးလေး တယောက် အတွက်ကတော့ ” စောစောအိပ်လို့ စောစောထလို့ စောစောကားတိုက်ခံကြပါစို့ ” တဲ့ဗျာ…   ဖြစ်စဉ် ( ၁ ) နာမည်အရင်းပါ ပြောင်းမထားပါဘူး ဒေါ်ခင်စန်းဝေတဲ့… မျက်နှာချို… ဘာသာရေး သာရေး၊ နာရေး တွေဆို တွေ့နေကြ… ကျွန်တော့်ကိုဆို အောင်ငယ် ဘယ်နှတန်းရောက်ပြီလဲ၊ ဘယ်မှာ အလုပ်လုပ်နေလဲ၊ လစာ ဘယ်လောက်ရပြီလဲ… မေးနေကြ… အမျိုးမတော်ပေမဲ့ အဖေတို့နဲ့ ရပ်ဆွေ ရပ်မျိုးတွေ ဆိုတော့ ရန်ကုန်ရောက်တော့လဲ အမျိုးတွေနဲ့  ဘာပွဲလုပ်လုပ်လာနေတော့ […]


ကုိ ထြဋ္June 28, 20141min327916
        ကျွန်တော် မရောက်တာ ကြာတော့ မျက်စိလည်မိတယ်.. Kai… တချိန်က ရေးသူဆိုလို့ လက်ချိုးရေလို့ရတဲ့ ခေတ်မှာ ကျွန်တော်တို့တတွေ ကြိုးစားခဲ့ပါတယ်… တပို့စ် ဘယ်လောက်ဆိုတာထက် ကိုရေးတဲ့ ဆိုက်ကလေး.. အခု အခေါ် ကိုယ်တို့ရဲ့ ရွာကလေးပေါ့ အောင်မြင်ပါစေဆိုတဲ့ စိတ်ဓာတ်နဲ့…  ကွန်ပျူတာတိုင်းမှာ လိုက်ပီး Book Mark လုပ်ပေးရ… ဖတ်အောင် တို်က်တွန်းရနဲ့.. မမောတမ်းကို စေတနာ ထားခဲ့ပါတယ်… ကျွန်တော် အခုလက်ရှိ Company ကြီးတခုရဲ့ IT ပါ… စက်ဘယ်လောက်များများ ကိုင်ရသလဲဆို 300 ကနေ 400 လောက် ကိုင်နေရတဲ့ သူဆိုတော့… ဘယ်လောက် ကြိုးစားခဲ့လဲဆိုတာ စဉ်းစားကြည့်ပေါ့.. အဲတုန်းက တပို့စ် ၃၀ဝ […]


ကုိ ထြဋ္June 27, 20141min1804
ကိုယ်ရဲ့လက်သည်းလေးတွေက ဘယ်လိုပုံဖြစ်မှာလဲ။ ၀၁. ကဗျာဆန်တဲ့သူ ရှည်တဲ့လက်သည်းလေးကို ပိုင်ဆိုင်တဲ့သူကတော့ ညာဘက်ဦးနှောက်က ပိုပြီးဖွံ့ဖြိုးတာကြောင့် အတွေးအခေါ်ကောင်းတဲ့သူတယောက်ဖြစ်မှာပါ။ဘာမဆို စနစ်တကျလုပ်တတ်တဲ့သူဖြစ်ပင်မဲ့ သဘောကောင်းသူဖြစ်တဲ့အတွက် သူတပါးရဲ့ လိမ်ညာတာကို ခံရတတ်တဲ့အတွက် အထူးသတိထားစေချင်ပါတယ်။ဘယ်ဘက်ဦးနှောက်က ဖွံ့ဖြိုးတဲ့သူနဲ့ အဆင်မပြေနိုင်ပါ။ ၀၂. စိတ်မရှည်တဲ့သူ အလျားရှည်တဲ့လက်သည်းကို ပိုင်ဆိုင်တဲ့သူကတော့ ဘယ်ဘက်ဦးနှောက်က ပိုပြီးဖွံ့ဖြိုးတာကြောင့် စကားအပြောကောင်းတဲ့သူတယောက်ဖြစ်မှာပါ။စိတ်ထဲထင်တာကို ပါးစပ်ကနေ လွတ်ခနဲ ပြောတတ်တဲ့အတွက် အမြဲတမ်း လန်းဆမ်းနေတဲ့ပုံပါ။စိတ်မရှည်တဲ့ အတွက် ချက်ချင်းစိတ်တိုတတ်တဲ့အတွက် နည်းနည်းသည်းခံဖို့တော့လိုမှာပါ။စိတ်ခံစားမှုကိုအလေးထားပြီး အလုပ်လုပ်တဲ့ညာဘက်ဦးနှောက်ကို ပိုင်ဆိုင်တဲ့သူတွေနဲ့တော့ အဆင်မပြေနိုင်ပါ။ ၀၃. အေးအေးဆေဆေးနေချင်တဲ့ ငြိမ်းချမ်းရေးသမား စက်ဝိုင်းပုံ(သို့)ဘဲဥလက်သည်းပုံ ပိုင်ဆိုင်တဲ့သူကတော့ ကိုယ်အချိန်ကို တန်ဖိုးထားပြီး အေးအေးဆေးဆေးနေချင်တဲ့သူပါ။လူမူဆက်ဆံရေးအပိုင်းမှာတော့အားလုံးနဲ့အဆင်ပြေအောင်နေတတ်ပါတယ်။ကိုယ်ပတ်ဝန်းကျင်မှာရန်ဖြစ်ရင်ပထမဆုံးဝင်ပြီးဖြေရှင်းပေးမဲ့သူပါ။အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့အတွက်သူတပါးရဲ့လေးစားမူယုံကြည်မူကိုခံရပင်မဲ့တခါတလေတကိုယ်ကောင်းဆန်တတ်တဲ့အတွက်သတိထားပါ။ဘာပဲပြောပြောသူကတော့ဘယ်သူနဲ့မဆိုအဆင်ပြေအောင်နေတတ်တဲ့သူဖြစ်မှာပါ။ ၀၄. ရိုးသားသောသူ လေးထောင့်ပုံလက်သည်းကို ပိုုင်ဆိုင်တဲ့သူကတော့ စိတ်ဓာတ်ကြံ့ခိုင်ပြီး အထူးသဖြင့် ယောကျင်္ားလေးတွေက များပါတယ်။ရိုးသားပင်မဲ့ ခေါင်းမာတဲ့အတွက် ပြောရခက်တဲ့သူဖြစ်မှာပါ။ခေါင်းမာတာလေးကို နည်းနည်းလျော့ရင်တော့ ပတ်ဝန်းကျင်နဲ့ […]


လုပ်သားပြည်သူဂျီးခင်ဗျား   အနော့်မှာ မန်းဂဇက် အယ်ဒီတာချုပ် သဂျီးဇုတ် မာမုခိုမ်၊ သဂျော်ဂဒီးနဲ့ သမော်ဒီးလေး ဓာတ်ပုံများ ဘော်ဒါတဗွေ ကျေးဇူးပြုထားလို့ လက်ဝယ် ရထားပါတယ်။ အဲဒါ ဂဇက်မှာ ပို့အနေနဲ့ တင်ရမလား၊ ဖေ့ဘွတ်မှာပဲ ဖွရမလား ဝေခွဲရခက်နေလို့ ဆန္ဒပြု  ထုတ်ဖော်ပေးကြပါလို့ မေတ္တာရပ်ခံရင်း လူသားအားလုံးကို လေးစားလျက်… ကကြောင်ကြီး။


သူများတွေ ယူဂျ၊ ယူဂျမှာမြင်ဒေါ့ အနော်ကြောင်ကြီးလည်း မိန်းမယူဖို့ ဆုံးဖြတ်လိုက်ပီ…။ ဟောင်ကောင်မြေကြွက်စ် ဦးကျောက်နဲ့ ယာကူဇာ နှူးဘာဂီ တို့ထက်ဦးအောင် မင်ဂါဆောင်မည်။ ကြောင်သဒို့သာမီး ဘူဖြစ်မဲ စာဖတ်သူများ ဆုံးဖြတ်ပေးပါ။ ရွာသူားများ စီမံရာ နာခံပါ့မယ်…။ ကြောင်ကြီးဂဒေါ့ ရလျင် လှယာဂျီးနဲ့ လှယာဂျီးနဲ့…. ခြစ်……………………..မှာ……… ဒဂယ်…. အဟုတ်………….။ အရွေးချယ်ဂံ သဒို့သာမီး နှစ်ဦးဃဒေါ့… ကြေးမုံဂျီး (ခ) အီတွန့်ဗွမ် (တရုတ်သဗုံဟောင်းနှင့် လက်ရှိ ဝပြည်လွတ်မြောက်ရေးတပ်မဒေါ် နိုင်ငံရေးမှူး) ခရစ်စတယ်လှိုင်းဂလေး (စကပ်တိုဝတ် တင်းနစ်မယ်နှင့် တိုက်ဂွမ်ဒို သိုင်းပညာရှင်) မှတ်ချက်။ သဒို့သာမီးအရံအဖြစ် ကေအိုင်အိုသဗုံ ဦးမျိုး သာမီးဂလေး နှစ်ဦးမှ မေတ္တာဖြင့် ဆောင်ရွက်ပေးလိမ့်မည်။ သဒို့သားအရံ မထားပါ (သနလို့)  


CourageAugust 23, 20131min24814
သာသနာတော် မညှိုးနွမ်းစေလိုပါ   ကျွန်တော့ရဲ့ ကိုယ်တွေ့အဖြစ်လေးမို့လို့ ခပ်ရှက်ရှက်နဲ့ပဲ ရေးလိုက်ပါရစေ။ စကားပုလ္လင်တွေတော့ ရှည်ရှည်ဝေးဝေး မခံတော့ပါဘူး။ လိုရင်းကိုပဲ ဆိုကျစို့။ ၂၀၁၃ခုနှစ် ဩဂုတ်လ ၂၁ရက်နေ့ ( ၁၃၇၅ခုနှစ် ဝါခေါင်လပြည့်နေ့ (သို့) မေတ္တာ အခါတော်နေ့) ညပိုင်း ရနာရီဝင်းကျင် အချိန် ကျွန်တော်တို့ မိသားစု ရွှေတိဂုံဘုရားမှ ဘုရားဖူးပြီးအပြန် ကြုံခဲ့ရတဲ့ အဖြစ်လေးပါ။ အဲ့နေ့က ဘုရားဖူးပြီး ပြန်တဲ့အချိန်မှာ မိုးတွေက မသဲပေမယ့် ဖွဲစိဖွဲစိတော့ ရွာလို့ပေါ့။ ဘုရားတောင်ဘက်မုဒ် ဓါတ်လှေကားဝင်ပေါက်ကနေ အငှားကားကို ငှားပြီး အပြန် ရွှေတိဂုံဘုရားတောင်ဘက်မုဒ် ကန်တော်မင်္ဂလာ ပန်းခြံ မီးပွိုင့်မှာ မီးနီကြီး စိမ်း သွားမယ့်အချိန်ကို စောင့်နေတုန်း ကားဘေးနားကို ကိုရင်လေးတစ်ပါး ရောက်လာ ပါတယ်။ ပြီးတော့ […]


mgwaloneAugust 17, 20132min1594
=============================== ကျွန်တာ် ပုဂံကို မကြာခဏ ရောက်ပါတယ်။ ရောက်တိုင်းလည်း ဘယ်တော့မှ မရိုးနိုင်ခဲ့ပါ။ ဒါကြောင့်လဲ နိုင်ငံတကာက ခရီးသွားဧည့်သည်တွေ လာကြတာ၊ မြန်မာပြည်အနှံ့က ခရီးသွားတွေလည်း လာကြတာ။ ကျယ်ပြောလှတဲ့ ပုဂံလွင်ပြင်ရဲ ့အလှကို အပြည့်အဝခံစားနိုင်ဖို့ ပုဂံဘုရားပုထိုးတွေပေါ်ကို တက်ပြီး ကြည့်ကြပါ တယ်။ ယခင်က နိုင်ငံတော် အဆင့် ဧည့်သည်တော်များကို ပုဂံမှာ ဉာဏ်တော် အမြင့်ဆုံးဖြစ်တဲ့ သဗ္ဗညုဂူဘုရားပေါ်က ပုဂံနေဝင်ချိန်အလှကို ကြည့်တဲ့ အစီအစဉ်တွေ လုပ်ခဲ့ ကြတာပါ။ နောက်ပိုင်းမှာတော့ ပုံစံအမျိုးမျိုး အယူအဆ အမျိုး မျိုးနဲ့ ပြင်တယ်၊ ထိန်းသိမ်းတယ် စသဖြင့် လုပ်ခဲ့လိုက်ကြတာ ဘုရားပုထိုးတွေပေါ်ကို လာရောက်တဲ့ ဧည့်သည်တွေ တက်ခွင့် မရှိတော့ပါဘူး။ အစပိုင်းက တက်ခွင့်ရှိတဲ့ ဘုရားပုထိုး အရေအတွက်က များပေမဲ့ […]