Mon LayApril 11, 20181min35643
သင်္ကြန်ရောက်တော့မယ်နော်….ဂဇက်ကလူတွေအပေါင်းမြန်မာ့နှစ်သစ်မှာ ပျော်ရွှင်မှုတွေအတိဖြစ်ပြီး ကံကောင်းခြင်းတွေနဲ့ကြုံကြပါစေလု့ိ မွန်လေး ဆုတောင်းပေးလိုက်ပါတယ်။


“ဟိတ်ကောင် ငကြောင်ကြီး။” ရွာလူရှုပ်လူပွေကြီး ဥငယ်လိမ္မာ၏ အသံဖြစ်သည်။ “ဂျာဂျ” ကြောင်ကြီးမှ ပြန်ထူးသံ ဖြစ်သည်။ “ဟိတ်ကောင် မင်းလိုကောင်ကို လူမထင်ဘူးကွ။ လူလို့လည်း မသတ်မှတ်ဘူး။” ဥငယ်လိမ္မာကား လွန်စွာ စိတ်ဆိုး ဒေါသထွက်နေပုံ ရသည်။ ခြစ်ဆရာ ကြောင်ကြီး အပြုံးမပျက် “ဟုတ်ကဲ့ အဖေ။” “ဘာကွ မင်းငါ့ကို အဲလို မခေါ်နက်။” ဥငယ်လိမ္မာ ပို၍ဒေါဖေါင်းလာသည်။ “ဟုတ်ကဲ့ မကြိုက် နောင်မခေါ်ပါဘူး။ အနော် ပြောချင်တာ အနော်ကလည်း ဥငယ်လိမ္မာကို လူလို့ မသတ်မှတ်တာကြာပြီ။ အခုမှ မုန့်ဗူး။” ရုပ်ရည် သနားကမားနှင့် ကြောင်ကြီးမှ အေးဆေးတည်ငြိမ်စွာ ရှင်းပြသည်။ “ဘာ…………………….စ်။ မင်းငါ့ကို ဘယ်လိုပြောတယ်။ ပြန်ပြောစမ်း။” သူများသားသမီးကို မှိုချိုးမျှစ်ချိုး ပြောပြီး သူ့အလှည့်ကျ မခံနိုင်သော […]


kaiMarch 30, 20182min2142
ယခင်လက စတင်လေ့လာခဲ့ကြတဲ့ Prepositions လေးတွေအကြောင်းကို ဆက်လက်မှတ်သားကြရအောင်။ တလုံးတည်းမဟုတ်ဘဲ နှစ်ခု၊ သုံးခုတွဲပြီး သုံးရတဲ့ Prepositions လေးတွေကို ကြည့်ကြရအောင်။ ဥပမာ – in front of , in the front of, in back of, in the back of ဒီနေရာမှာ the လေးထည့်ပေးထားတာနဲ့ the မပါတာ ဘယ်လိုကွာခြားသလည်းဆိုတာကို သဘောပေါက်ဖို့လိုပါတယ်။ အောက်ပါဝါကျလေးခု ကို ကြည့်ပါ။ -the dog in front of the car -the dog is in the front of the car […]


kaiMarch 29, 20181min2582
မစ္ဆရိယခေါ်သံ J Calling ဥပါယ်တံမျဉ်နှင့် မုဒြာရဲ့ခေါ်သံရုပ်ရှင်ကား၂ကားတင်ပြီးနောက်ဝယ် မြန်မာလူထုအတွက် စိတ်ဓာတ်ရေးရာနှင့်အတွေးအခေါ်ကိုယ်ကျင့်တရားပိုင်း၏ညွှန်ဆရာတဆူဖြစ်သော ရုပ်ရှင်နယ်ပယ်၏အခြေအနေတို့ ပွင့်ပေါက်ထွက်လာသည်။ မတ်လ ၂၃ရက်နေ့က ကျင်းပပြီးစီးခဲ့သော မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးအပြီး ရွာသား/မြို့သားသမုတ်သံများ၊ အပြန်အလှန်စာများ၊ ရုပ်သံများ၊ လျှို့ဝှက်အုပ်စုဖွဲ့ပြောစာများ အားလုံးခြုံငုံသုံးသပ်ကာ လူအများစုကောက်ချက်ချမိကြသည်ကား ဆိုင်ရာပညာရပ်နယ်ပယ်တွင်ရှိသောသူတချို့ ဣဿာမစ္ဆရိယစိတ်များနေကြသည်ဟူ၍ဖြစ်၏။ တကယ့်အခြေအနေကိုကြည့်ပါ။ ရုပ်ရှင်နယ်ပယ်တွင်အသုံးပြုသည့် ကင်မရာ၊ ဖလင်၊ အသံဖမ်း မီးထိုးစက်ပစ္စည်းများမှသည် ယုတ်စွ အလင်းအမှောင်မီးလုံး။ မိတ်ကပ်သုံးပစ္စည်းများအထိ ပြည်တွင်းဖြစ်မရှိ။ နိုင်ငံခြားမှ မှာယူရပါသည်။ အဆိုပါနိုင်ငံခြားဟူသည် ဆိုင်ရာပစ္စည်များကို ရမ်းသမ်းထုတ်လုပ်ထားခြင်းမဟုတ်။ ဆိုင်ရာနယ်ပယ်တွင်ကျွမ်းကျင်သူများက အကြိမ်ကြိမ်အခါခါစမ်းသပ် ဈေးကွက်တင် အောင်မြင်ပြီးမှ စီးပွားဖြစ်ထုတ်ရောင်းကြခြင်းဖြစ်သည်။ ဟောလိဝုဒ်၊ ဘောလိဝုဒ်တို့တွင် ရုပ်ရှင်တခုဖြစ်လာရန်အတွက် ဝတ္တု၊ဇတ်ညွှန်း၊တည်းဖြတ်၊ထုတ်လုပ်၊ရုံတင်၊ဖြန့်ဝေ သာမကငွေကြေးရင်းနှီးမြုတ်နှံမှုအပိုင်းတွင်ပင် လုပ်ထုံး၊ဥပဒေများနှင့် စနစ်တကျရှိသည်။ ရုပ်ရှင်လောကတွင်ထိုထိုထုံးများကို နတ်သိကြားပေးထားခြင်းဖြင့် မိုးပေါ်မှရခဲ့သည်လည်းမဟုတ်ပါလေ။ ရုပ်ရှင်ပေါ်စ ၁၈၉၅ မှစ၍အဆင့်ဆင့်တိုးတက်ပြောင်းလဲပြင်ယူလာခဲ့သည်ဖြစ်ပါ၏။ ထိုအတွေ့အကြုံတို့မှ […]


အလှူတခု ဖြစ်မြောက်ခဲ့ပါပြီ။ ရွာဓါးများရဲ့ ဆိတ်စေတဏှာ ထက်သန်စွာ ပါဝင်လှူဒါန်းမှုကြောင့် ပဲခူး အင်းတကော်ရှိ ဆောက်လုပ်ဆဲ ဆရာမ ချစ်မြတ်နိုး၏ သုညတဓမ္မ တရားရိပ်သာအတွက် အုပ်တချပ် ပန်းတပွင့် ဖြစ်နိုင်ခဲ့ပါသည်။ ဤကောင်းမှု အကြောင်းပြု၍ လူအား၊ ဆိတ်အား၊ ကိုယ်အား၊ နှုတ်အား၊ ငွေအား ပါဝင်ဖြည့်ဆည်းကြသောများသည် ဆင်းရဲကင်းရာ သုညတနိဗာန် မရောက်မှီစပ်ကြား သံသရာဝဲဂယက်၌ မွန်မြတ်သည့် အထက်ဘုံများတွင်သာ စံစားခံစားနိုင်ကြပါစေသောဝ်။ “ကြောင်ကြီးဘုန်းရိပ် ဇဗ္ဗူ ထိပ် သုညတိတ်ဆိတ် နေရပါလို၏” ဤစာဖတ်၍ သဒ္ဓါပေါက် ထပ်မံလှူဒါန်းလိုသူများ ရှိပါလျင် ဖေါ်ပြပါ ဘဏ်အကောင့်များသို့ ပေးပို့လှူဒါန်း နိုင်ကြပါသည်။   May Pwint Phyu Than 24850105701201001 KBZ bank May Pwint Phyu […]


ယူအက်စ်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလ်လာစံကို သမတဒေါ်နွယ်ထွန်းမှ မနှစ်က တရုတ်ပြည် ခရီးစဉ်အတွင်း တည်ခင်းဧည့်ခံ ကျွေးမွေးသော အရွက်စုံသုပ်စားရန် ပြောခဲ့ကြောင်း အင်္ဂါနေ့ထုတ် ဝေါလ်စထရိဂျာနယ်တွင် ရေးသားသည်။ နိုဝင်ဘာလတုံးက ဒေါ်နွယ်ထွန်း၊ တီလ်လာစံ၊ အခြားယူအက်စ် ထိပ်တန်းအရာရှိကြီးများနှင့် အတူစားမည့် တရုတ်ခေါင်းဆောင်များ၏ ဟင်းလျာစာရင်းတွင် ကေဆာအရွက်စုံ ပါဝင်ကြောင်း သတင်းဖေါ်ပြသည်။ ထိုအခမ်းအနားကို ဒေါ်နွယ်ထွန်း၏ အာရှခရီးစဉ်အတွင်း တရုတ်ပြည် မဟာတံတိုင်းကြီးတွင် ကျင်းပခဲ့သည်။  ယူအက်စ်ခေါင်းဆောင်များ အရွက်စုံသုပ် မစားခဲ့လျင် တရုတ် အာဏာပိုင်များအား စော်ကားသလို ဖြစ်သွားမည်ကို ဒေါ်နွယ်ထွန်း အစိုးရိမ်ကြီးခဲ့သည်။ ရက်စ် အရွက်စုံသုပ် စားနော်၊ ဒေါ်နွယ်ထွန်းမှ သူ့ နံပါတ်တစ် သံတမန်အား ပြောကြောင်း ဂျာနယ်သတင်းအရ သိရသည်။ တီလ်လာစံမှ သမတ၏ စကားကို ရယ်စရာသဖွယ် တုံ့ပြန်သည်။ ဂျာနယ်မှ […]


kaiMarch 9, 20182min79019
➜ U.S. တွင်ကျင်းပခဲ့သော တိုင်းရင်းသားယဉ်ကျေးမှုပွဲတော်များ။ ➜SCBCA နှစ်သစ်ကူးညစာစားပွဲသတင်း။ ➜U.S တွင်ကျင်းပခဲ့သော ထမနဲပွဲများသတင်း။ ✔မောင်စွမ်းရည်ရဲ့ လူထုဦးလှ၊ ဟံသာဝတီဦးဝင်းတင်နှင့်ခြင်္သေ့တကောင်ဆောင်းပါး။ ✔မောင်မိုးညိုရဲ့အရေးပေါ်ဆေးကုသရခဲ့သော် ဆောင်းပါး။ ✔Henry Kao ရဲ့ ပုံဆောင်တဲ့ဇလုံတောင် ခရီးသွားဆောင်းပါး။ ✔တိမ်မည်းရဲ့ Drone ဘာလဲ ဆောင်းပါး။ ✔တေးသံရှင် မဒီနှင့် အမေးအဖြေ။ ✔မတ်လအလှပန်းMillennie Chen ✔မသန္တာအောင်(ဆေးပညာဘွဲ့)ရဲ့ အန္တရာယ်ကြီးလေးဘက်နာရောဂါ။ ✔✔လစဉ်ဖော်ပြနေက ျ ဆရာမျိုးကျေ်မြင့်ရဲ့ အင်္ဂလိပ်စာသင်င်္ခန်းစာဆောင်းပါး။ ကဗျာ။ ကာတွန်း။ ဗေဒင်။ အစားအသောက်ကဏ္ဍများကို သုတရသစုံလင်စွာ ဓာတ်ပုံဝေဝေဆာဆာဖြင့် ၂၀၁၈၊ မတ်လထုတ် မြန်မာ့ဂဇက် ထွက်နေပါပြီ။     Download L.php?u=http%3A%2F%2Fmyanmargazette.net%2Ffiles%2FMyanmar%2520Gazette 111%2520Mar%25202018


kaiMarch 2, 20181min3454
အမေရိကပြည်ထောင်စုသည် ကမ္ဘာတွင် စစ်အင်အားအကြီးဆုံး စူပါပါဝါနိုင်ငံဖြစ်သည်။ အစိုးရတွင်မဆိုထားနှင့် သန်း၃၂ဝလူထုအတွင်း၌ပင် သေနတ်အလက်ပေါင်းသန်း၃၀ဝကျော်ကိုင်ဆောင်ထားကြသည်ဟု စစ်တမ်းများကပြဆိုပေရာ အမေရိကန်တို့သည်သေနတ်လက်နက်နှင့်ရင်းနှီးကျွမ်းဝင်ဆုံးများဟုဆိုလျှင်လည်းမှားမည်မဟုတ်ပေ။ နိုင်ငံတည်ထောင်သူဖခင်ကြီးများသည် လူတိုင်းသေနတ်လက်နက်ကိုင်ဆောင်ခွင့်ကို အခြေခံဥပဒေထဲထည့်၍ အကာအကွယ်ပေးထားခဲ့သည်။ Amendment II – A well regulated Militia, being necessary to the security of a free State, the right of the people to keep and bear Arms, shall not be infringed. ရည်ရွယ်ရင်းမှာသေနတ်နှင့်အမဲလိုက်စားကြရန်မဟုတ်။ လက်နက်နှင်ဗိုလ်ကျစိုးမိုးလာမည့် အစိုးရနှင့်စစ်တပ်ကို ပြန်လည်ခုခံရန်ဖြစ်သည်ဟုဆိုပါသည်။ သို့ဆိုသော် အမေရိကားသည် လက်နက်ကြောင့် ကမ္ဘာ့အင်အားအကြီးဆုံးဖြစ်လာခဲ့သလို လက်နက်ကြောင့်ပင် အပြစ်မဲ့လူအသေရဆုံးနိုင်ငံလည်းဖြစ်ပါသည်။ တမိနစ် ၁တောင့်မှသည် […]


kaiMarch 2, 20182min2222
ယခုလမှာ ခက်ခဲနက်နဲတဲ့ Adj clause ကို adv clause တို့ကို ခဏမေ့ထားပြီး လွယ်သလိုလိုနဲ့ ဒုက္ခပေးတတ်တဲ့ ၊တိမ်မလိုနဲ့ နက်တဲ့ prepositions လေးတွေကို လေ့လာကြပါစို့။ ဒီနှစ်က year of the dog ဆိုတော့ ခွေးလိမ္မာလေးတွေလိုပဲ ချစ်စရာကောင်းသလောက်နားနားလည်ဖို့ခက်တဲ့ prepositions လေးတွေအကြောင်း တင်ပြပေးပါမယ်။ ဦးစွာပထမ Time လို့ခေါ်တဲ့ “အချိန်” နဲ့ ပတ်သတ်တဲ့ prepositions လေး တွေကို ကြည့်ကြရအောင်။ “on” ဆိုရင် နေ့နဲ့သုံးရတယ် “in” ကိုလနဲ့သုံးရတယ် “in”ကို နှစ် နဲ့သုံးရတယ်။ ဥပမာ “He was born on the first Monday in February […]


kaiFebruary 16, 20181min275812
ဖေဖော်ဝါရီ ၂၁၀၈ ထုတ် မြန်မာ့ဂဇက် ထွက်နေပါပြီ..။ တိမ်မည်းရဲ့.. Bitcoin ဘာလဲ၊ဘယ်လဲ။ ဒုတိယမြန်မာ-အမေရိကန်မျိုးဆက်.. Myint ရဲ့ ခေတ်စမ်းလုလင် မောင်လူပေရေးတဲ့.. ချိုင်းနိစ်နှစ်သစ် ၂၀၁၈၊ ခွေးနှစ်အကြောင်း ဟောစာ..ပြောစာ ဖေဖော်ဝါရီအလှပန်းအဖြစ်.. မြန်မာပြည်က.. MieMie Ko မသန္တာအောင်(ဆေးပညာဘွဲ့) ရဲ့.. ပင်ပန်းခြင်းရောဂါများ ဂျေမောင်မောင်နဲ့..သူအမေရိကားရောက်တုံးအင်တာဗျူး ကေဇီရဲ့.. နှပ်ပြီးစားမည် ပီအိုင်ဂျီ မောင်စွမ်းရည်ရဲ့.. ရွှေမန်းသားစာရေးဆရာကြီး မြမျိုးလွင် ဖေဖော်ဝါရီလအတွက်.. ဗေဒင်..။ အမေရိကားက.. အာမခံအကြောင်းတွေ..၊ ဓာတ်ပုံအက်ဆေးတွေနဲ့.. မြန်မာ့ဂဇက်..ထွက်နေပါပြီ..။ မြန်မာစတိုးဆိုင်တွေမှာရယူပါ။


တဘောင်ရှိသည်မှာ “ကြောင်ကြီး၏စော် ပေါင်ကြီးပေါ်” ဟူရွေ့ဖြစ်သည်။ ထွက်သည်မှာ မကြာသေး သို့သော် လူတိုင်းပါးစပ်ဖျား ရောက်နေသည်။ မည်သူမှ ရေရေရာရာ မသိ.. သိုက်စာဟု ပြောသူကပြော လေတိုက်လို့ စကပ်လန်တာ ထင်သူထင်သည်။  ကြောင်ကြီး၏စော် မည်သူနည်း…. တွေ့လျင် ပေါင်သားတဝ ကြည့်မည်  အားခဲထားသူ ကာလသားများမှာ ထုနှင့်ဒေး။ ။။။။။။။ ကာလသမီးများကမူ တမျိုးဖြစ်သည်။ ကင်းကောင်ဘီလူးဆိုလျင် တဘောင်ထွက်သည့်နေ့မှစကာ မီနီစကပ်တို အကွဲဝတ် လမ်းသလား ပြသည်။ ။ ကေအိုင်အို လုမက စစ်တပ်နှင့်တိုက်နေရာမှ အမြန်ပြေးလာပြီး သရီးကွာတား ဘောင်းဘီတိုကို ချက်ဖော်ကာ ရွာရိုးကိုးပေါက်လျောက်သည်။ ဝါးတားဘွမ်းတွင် ဘီကီနီရေကူးဝတ်စုံနှင့် ခြစ်သျှားဓါတ်ပုံများ ဖဘတက်လာသည်။ ၇၈၆ ပန်းသေးမူဆင် ကြေးမုံဂျီးလည်း အားကျမခံ အထင်ခံရနဲလား ဆိုကာ ဂါဝန်ရှည်နှင့် ပုဝါခေါင်းမြီးခြုံရာမှ ပေါင်လည်အတို […]


kaiJanuary 30, 20181min2841
#MeToo မီတူး-အမေရိကား အမေရိကပြည်မှာ မယ်စကြဝဠာအဖွဲ့ကြီးရဲ့ ပိုင်ရှင်ဟောင်းမစ္စတာထရမ့်တက် သမ္မတဖြစ်လာကထဲက အမေရိကန်မိန်းမထုကြီးကိုပုတ်နှိုးလိုက်သလိုဖြစ်ခဲ့ပါတယ်။ မနှစ်ဇန်နဝါရီလကထရမ့်ရဲ့ သမ္မတအဖြစ်ကျမ်းကျိန်တဲ့နေ့တင်တနိုင်ငံလုံးမှာအမျိးသမီးထုကြီးချီတက်ဆန္ဒပြတဲ့လှုပ်ရှားမှုကြီးဖြစ်ပါတယ်။ ဝါရှင်တန်မြို့တော်မှာ လူ၅သိန်းလောက်ထွက်လာကြပြီးအဲဒီလူထုကို အသံပြတ်ပြတ် နဲ့ ဟောပြောခဲ့တဲ့ မင်းသမီး အက်ရှ်လီဂျပ်ဒ်ရဲ့ “Nasty Woman” မိန့်ခွန်း ကိုသတိရမိကြမှာပါ။ အဲဒီအရှိန်ဟာ တနိုင်ငံလုံးက အမျိုးသမီးထုဆီတမွေ့မွေ့ကူးစက်သွားပြီး ဟောလိဝုဒ်က မင်းသမီးတွေကို လုပ်ပိုင်ခွင့်ကိုင်လို့ ထိုင်စားနေတဲ့ ဟာဗီဝိုင်းစတိန်း ရဲ့အပြုအမူကို လူသိရှင်ကြားဝေဖန်ရှုံ့ချ တရားစွဲတာကတဆင့် တနိုင်ငံလုံးကိုပေါက်ထွက်ခဲ့ပါတယ်။ အောက်တိုဘာလ ၂၀၁ရမှာ Me Too Movement (#MeToo) နဲ့ လေဒီတွေလှုပ်ရှားလာတာတွေ့ရမှာပါ။ နိုင်ငံရဲ့အာဏာပါဝါအရှိဆုံးကြီးတွေဖြစ်တဲ့ ဆီနိတ်တာတွေ၊ တရားသူကြီးတွေအထိ ပေါက်ခဲ့ပြီး ပြုတ်သူပြုတ်၊ထွက်သူထွက်နဲ့ အခုသမ္မတထရမ့် အိမ်ဖြူရောက်တနှစ်လည်တဲ့အချိန်မတော့ အမေရိကန်အမျိုးသမီးတွေ နိုင်ငံအနှံ့ ထပ်မံဆန္ဒပြကြခြင်းနဲ့အတူ သမ္မတထရမ့်နဲ့ လိင်ကာမဖျော်ဖြေကားရိုက်ကူးသူအပြာမယ် စတုန်းမီဒန်နီယယ်စ်တို့အိပ်ယာဝင်ဇတ်လမ်းကိုလူမသိအောင်နှုတ်ပိတ်လျှော်ကြေးပေးထားတာမှာ တခန်းရပ်လို့နေပါတယ်။ လပ်စ်ဗေးဂတ်စ်မြို့မှာလုပ်နေတဲ့ […]


ခြစ်ရွာသူား အပေါင်းတို့ ခများ ….. ၁ ကြိမ်….. …. ခြစ်ရွာသူား အပေါင်းတို့ ခများ ….. ၂ ကြိမ် …. ….. ခြစ်ရွာသူား အပေါင်းတို့ ခများ ….. ၃ ကြိမ် …. …….   ဂုလို သုံးကြိမ် သုံးခါတိုင်တိုင် အော်ခေါ်နေရခြင်း အကြောင်းကတော့ မကြားလိုက် မရှိရလေအောင် စေတနှာ (ကုသိုလ်ရစေလိုသောစိတ်) တဏှာ (ရွာသူရွာသားများအပေါ် ခြစ်ခင်မြတ်နိုး စွဲလန်းစိတ်)၊ အနစ်နှာ (တယောက်ထဲ နတ်ပြည်စိုးစံခွင့် အဆုံးရှုံးခံပြီး အားလုံးတူတူ စံစားရလိုစိတ်) နှာသုံးနှာ အရင်းခံ ဆော်ဩချင်လို့ ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ဒီဇင်ဘာလတုံးက ပဲခူး အင်းတကော်မှာ ရှိတဲ့ ဆရာမ မချစ်မြတ်နိုး ကမဌာန်းရိပ်သာအတွက် […]