ဈေးပေါသော အလုပ်သမားခနှင့် သယံဇာတရင်းမြစ် ကြွယ်ဝမှုတို့အား မက်မောရွေ့ တရုတ်ပြည်ကို ၁၉၃ရ တွင် ဂျပန်ဝင်ရောက် က ျူးကျော်သည်။ အင်အားပြင်းထန်သော ထိုးစစ်နှင့် ကျူးကောျ်သိမ်းပိုက်ရန် ၁၉၃ရတွင် ပေကျင်းအနီး မာကိုပိုလို တံတားအနီးတွင် ဖြစ်ပွားသည့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုအား ဂျပန်တို့ ရည်ရွယ်ချက်ရှိရှိဖြင့် ဖန်တီးရွေ့ ပဋိပခ စတင်သည်။ ထိုနှစ်နှောင်းပိုင်း ဒီဇင်ဘာ ၁၃တွင် အမျိုးသားရေးဝါဒီတို့၏ မြို့တော် နန်ကျင်းအား ဂျပန်တို့သိမ်းပိုက်ပြီး စစ်သုံ့ပန်း နှင့် အရပ်သားများအား ကွက်မျက်သတ်ဖြတ်၊ အမျိုးသမီး ထောင်ချီ မုဒိမ်းကျင့်ခံရကာ မြို့အား မီးရှို့ဖျက်ဆီး လုယက်မှုများဖြင့် ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့ကြသည်။ ။။။။ တရုတ်မှာ ဂျပန်တို့ ပုံစံချထားသော အရှေ့အာရှ စီးပွားရေး မ ျှဝေခံစားရေးဇုန်အတွင်း ကျရောက်နေခဲ့သည်။ […]


 မီဂျီဂျပန်နိုင်ငံထံ ကိုရီးယားပိုက်နက်နယ်မြေ အပ်ရသော တရုတ်ကွင်ဘုရင့်နိုင်ငံ… ၁၈၉၄ ဩဂုတ် ၁ မှ ၁၈၉၅ ဧပြီ ၁ရ အထိ တရုတ်ကွင်ဘုရင်နိုင်ငံသည် မီဂျီဂျပန်အင်ပါယာ နှင့် ကိုရီးယားနယ်မြေ ထိန်းချုပ်ရန် တိုက်ခိုက်ခဲ့ပြီး ဂျပန်မှ ပြတ်ပြတ်သားသား အနိုင်ရခဲ့သည်။ စစ်ပွဲအပြီး ကိုရီးယားကျွန်းဆွယ်အား ဂျပန် လက်ဝေခံအဖြစ် သွပ်သွင်းလိုက်ကာ ထိုင်ဝမ် ဖေါ်မိုဆာကျွန်း၊ ပန်ဂူကျွန်းနှင့် လ ျှိုဒေါင် ကျွန်းဆွယ်တို့အား ရရှိခဲ့သည်။ အချောင်သက်သက် ရခဲ့တာတော့မဟုတ်၊ တရုတ်စစ်သား သုံးသောင်းငါးထောင် နီးပါး စစ်ပွဲတွင် ကျဆုံးဒဏ်ရာ ရပြီး ဂျပန်ဖက်တွင် စစ်သားနှင့် အမှုထမ်း ငါးထောင်နီးပါး ဆုံးရှုံးမှု ရှိသည်။ ဆိုးတာက နှစ်ဖက် တင်းမာမှု ပြီးဆုံးမသွားဘဲ ဒုတိယကဗာစစ်၏ တစိတ်တပိုင်း ဖြစ်သော ဒုတိယ […]


kaiOctober 3, 20174min58716
► San Francisco Bay Area က စာရေးဆရာချစ်ဦးညို၊ ဂ ျူး၊ ထင်လင်းဦးတို့ဟောပြောခဲ့တဲ့ ၁၈ကြိမ်မြောက် စာပေဟောပြောပွဲ မျက်နှာဖုံးသတင်း။ ► Los Angeles က Network of Myanmar American Association ရဲ့ ၁ဝနှစ်မြောက် Myanmar Film Festival ► Burmese American Dental Association ရဲ့ ၁၆ကြိမ်မြောက် သံဃိကဒါနက စုပေါင်းအလှူ။ ► မောင်စွမ်းရည်ရဲ့ “ကဗျာဆရာကတော်ကြီးဆေးရုံတက်ခြင်း” ► ချစ်ဦးညိုရဲ့ “အို…မိခင်” ကဗျာ။ ► Big Cat ဘာသာပြန်တဲ့ ချိုင်းနားပါဝင်လာသော ကိုရီးယန်းစစ်။ ► တိမ်မည်းရဲ့ လှိုက်မှောင်လောက။ ► ကဗျာဆရာ၊ ဒါရိုက်တာမင်းထင်ကိုကိုကြီးနဲ့တွေ့ဆုံခြင်း။ […]


 ပထမ နဲ့ ဒုတိယ ကဗာစစ်အတွင်း အင်္ဂလန်၊ ယူအက်စ်နဲ့ ဥရောပမှာ စစ်စားရိတ်ထောက်ပံ့ဖို့ အခွန်ငွေ တိုးမြှင့်ကောက်ခံတယ်။ အလွန်အမင်း မြင့်တက်လာတဲ့ စစ်အသုံးစားရိတ်ကို ကာမိစေသလို တတိုင်းတပြည်လုံးနဲ့ ဆိုင်တဲ့ မျိုးချစ်စိတ်ဓါတ်၊ ပူးပေါင်းပါဝင်ရေးကိုလဲ လှုံ့ဆော်ပြီးသားဖြစ်တယ်။ တောင်ကိုရီးယားမှာလဲ ၁၉၉ဝ ပြည့်လွန်နှစ်တွေမှာ စီးပွားပျက်ကပ်ကြုံတော့ ပြည်သူတွေ ရွှေတွေလှူပြီး မျိုးချစ်စိတ်၊ စုစည်းညီညွှတ်မှု ပြတယ်။ မြန်မာပြည် ယနေ့ကြုံတဲ့ ဘင်္ဂါလီပြသနာ ဖြေရှင်းမယ်ဆိုရင် နယ်စပ်လုံခြုံရေး၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်နိုင်မှရမယ်။ အစိုးရ အစဉ်အဆက် ပြောဆိုလာပေမဲ့ လက်တွေ့မှာ ဘတ်ဂျက်မရှိဘူး။ နယ်စပ်လုံခြုံရေးတပ်ဖွဲ့၊ လဝကတွေလွှတ် လုပ်တာပဲ၊ ဒေသ ဆင်းရဲလွန်း လမ်းပန်းဆက်သွယ်ရေး ခက်လွန်းတော့ ဘယ်သူမှ မသွားချင်ဘူး။ မြေမျိုလို့ လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်မည် အမျိုးသားရေး အဆင့်သတ်မှတ်လဲ […]


kaiSeptember 27, 20173min1702
အရင်လက Time clauses လေးတွေအကြောင်း အတော်လေးပြည့်ပြည်စုံစုံဖော်ပြခဲ့ပြီးပါပြီ။ ဒီလမှာတော့ အခြား adverb clauses လေးတွေအကြောင်း လေ့လာကြပါဦးစို့။ ဦးစွာပထမ contrast clause လို့ခေါ်တဲ့ even though တို့ although တို့နဲ့စတဲ့ clause လေးတွေအကြောင်း ကို လေ့လာကြရအောင်။ contrast clause ဆိုတာ မထင်မှတ်တဲ့ရလဒ်မျိုး၊ ဆန့်ကျင်ဘက်သဘောမျိုးကို ဖော်ပြတတ်တဲ့ clause လေးတွေကို ဆိုလိုပါတယ်။ ဥပမာ – “Although he had no money at the beginning today he is a multi-millionaire in th US.” “အမေရိကနိုင်ငံကို ရောက်ခါစက ပိုက်ဆံလုံးဝမရှိခဲ့ပေမဲ့၊ ယနေ့သူဟာ […]


kaiSeptember 26, 20171min2986
“As president of the United States, I will always put America first, just like you, as the leaders of your countries, will always, and should always, put your countries first,” – Trump စက်တင်ဘာ ၁၉ရက်နေ့က ကုလသမဂ္ဂညီလာခံမှာ အမေရိကသမ္မတထရမ့်ပြောလိုက်တဲ့ တိုက်တွန်းချက်ဖြစ်ပါတယ်။ လူမျိုး/နိုင်ငံသားနဲ့ တိုင်းပြည်ကို နာမည်ခေါ်မကွဲတဲ့ မြန်မာစာ/စကားနဲ့ရေးတဲ့/ပြောတဲ့ မီဒီယာတွေနဲ့ မြန်မာလူမျိုးတချို့ကတော့ “America” အမေရိက ကို “American” အမေရိကန်လို့သုံးနှုန်းကြဦးမှာပါ။ မြန်မာသတင်းတွေ၊ Facebook မှာရေးတဲ့စာတွေမှာလိုက်ကြည့်ရင် United States of America […]


ကြောင်တွေဟာ တနေ့ပျမ်းမ ျှ ၁၅ နာရီ အိပ်ပြီး အချို့ဆို ၂၄နာရီ အချိန်အတွင်း နာရီ၂ဝတောင် အိပ်နိုင်ကြသည်။ မေးစရာ ပေါ်လာတာ ကြောင်တွေ ဘာကြောင့် နင်းကန် အိပ်သနည်း…။။ ။။။။ ကြောင်အိပ် တရေးတမော ပထမဆုံး သိရမှာ ကြောင်များသည် အာရုဏ်ဦး နဲ့ ညနေစောင်း အချိန်မှာ အတက်ကြွဆုံးပဲ၊ တနေ့လုံး များသောအားဖြင့် အိပ်ပြီး နေရောင် ဖျော့တော့လာချိန်တွင် ပြန်လန်းဆန်းလာသည်။ ပထမဆုံးအကြိမ် လသားကြောင်လေး အိမ်တွင်မွေးသူအဖို့ ဒီအချက်ဟာ အံ့အားသင့်စရာ ဖြစ်တတ်သည်။ တလောကလုံး တနေ့တာ လှုပ်ရှားဖို့ ပြင်ဆင်ချိန်မှာ ကြောင်ကိုတော့ မနက်စာ စားပြီးတာနဲ့ တနေကုန် ဇိမ်ဆွဲ အိပ်နေတာ သင်တွေ့လိမ့်မည်။ ။။။။။ စွမ်းအင် ထိန်းထားဖို့ ကြောင်တွေမှာ မုဆိုး ကိုယ်ခံနာ […]


၁၉၅ဝ နိုဝင်ဘာ ၂၅-၂၆ တွင် အမေရိကန် နှင့် ကုလသမဂ တပ်များကို အင်နှင့်အားနှင့် အပြုတ်နှံရန် တရုတ်စစ်တပ် ကိုရီးယားစစ်ပွဲသို့ ဝင်ရောက်ခဲ့သည်။ လူသုံးသိန်းပါဝင်သော တရုတ်ထိုးစစ်ကြောင့် ယူအန်တပ်များ အငိုက်မိ ဖရိုဖရဲ ဖြစ်ရခြင်းမှာ အဓိကအားဖြင့် တရုတ်တို့ စစ်ပွဲထဲ အတိအလင်း ဝင်လာမည် နှင့် ပြသနာ မီးလောင်ရာလေပင့် လွန်စွာ ကြီးကျယ်အောင် ပြုမည်ဟု ယူအက်စ် ဗိုလ်ချုပ်ကြီး ဒေါက်ကလပ် မက်အာသာ မထင်သောကြောင့် ဖြစ်သည်။ ။။။။ ၁၉၅ဝ ဇွန် ၂၅တွင် ကူမြူနစ် မြောက်ကိုရီးယားတပ်များ ဒီမိုကရက်တစ် တောင်ကိုရီးယားထဲ ကျူးကျော်ဝင်ရောက်ခြင်းဖြင့် ကိုရီးယားစစ်ပွဲ စတင်သည်။ မျှော်လင့်မထားသော တိုက်ခိုက်မှုက တောင်ကိုရီးယားတပ်များ နှင့် နိုင်ငံတွင်း အနည်းငယ်သာရှိသော အမေရိကန်တပ်များအား ကိုရီးယားကျွန်းဆွယ် […]


၁၉၅ဝ ဇွန် ၂၅ မှာ မြောက်ပိုင်းရှိ ဆိုဗီယက် ကျောထောက်နောက်ခံပြု ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမတ နိုင်ငံ နှင့် တောင်ပိုင်းရှိ အနောက်လိုလားသော ကိုရီးယားသမတနိုင်ငံ တို့အကြားရှိ နယ်စပ်၃၈မျဉ်းပြိုင်ကို အင်အား ၇၅၀၀ဝ ရှိ မြောက်ကိုရီးယား ပြည်သူ့စစ်တပ် ဖြတ်ကျော်ကာ ကိုရီးယားစစ်ပွဲ စတင်သည်။ ကျူးကျော်မှုမှာ စစ်အေးတိုက်ပွဲ၏ ပထမဆုံး စစ်မက်ဖြစ်ပွားမှု ဖြစ်သည်။ ဇူလိုင်လတွင် အမေရိကန်တပ်များ စစ်ပွဲအတွင်း ဝင်ရောက်ကာ တောင်ကိုရီးယားဖက်မှ ကူညီသည်။ အမေရိကန်အစိုးရ အရာရှိများ စိုးရိမ်ပူပန်သလို နိုင်ငံတကာ ကူမြူနစ် ဝါဒအား တွန်းလှန်သည့် စစ်ပွဲဖြစ်သည်။ ၃၈ လက်တီကျု မျဉ်းပြိုင်ကို အစောပိုုင်းကာလ ရှေ့တိုးနောက်ငင် သူတပြန်ကိုယ်တပြန် တိုက်ခိုက်ကြရင်း တိုးတက်မှု မရှိဘဲ တိုက်ပွဲ ရပ်တန့်ကာ ထိခိုက်ဒဏ်ရာရမှု […]


တိမ်တောင်သဖွယ် မင်းရေးကြွယ်ဟု နိုင်ငံရေးကို တင်စားသည်။ နိုင်ငံရေးမှာ တိုက်ဆိုင်မှု မရှိ၊ မဖြစ်နိုင်တာ မရှိ။ ဖြန့်စဉ်းစားလျင် ကြိုက်သည့်နေရာမှ အစဆွဲ ထုတ်နိုင်သည်၊ အရာအားလုံး ဖြစ်နိုင်သည်။ ထို့ကြောင့် နိုင်ငံရေး ညစ်ပတ်သည်၊ ရှုပ်ထွေးသည် ဆိုကြပြန်သည်။ အချို့ကလဲ နှစ်လုံးထဲနှင့် ဘောင်းဘီကြပ်ကာ ပါတီနိုင်ငံရေးမလုပ်၊ အမျိုးသား နိုင်ငံရေးလုပ်သည် အသံကောင်းဟစ်သည်၊ ပရဟိတ နိုင်ငံရေးဆိုသူပင် ရှိလာသည်။ ။။။။ အမှန်မှာ ဒါတွေအားလုံး နိုင်ငံရေးပင်။ နိုင်ငံရေးသိပ်ပံ ဘာသာရပ် ထွန်းကားလာတော့ သုတေသီ ပညာရှင်များက လက်ဝဲ၊ လက်ယာ စသဖြင့် သတ်မှတ်ပေးပြီး နိုင်ငံရေးထီးမိုးအောက် သွပ်သွင်းခဲ့သည်။ သူတော်ကောင်းအသွင် နိုင်ငံရေးလုပ်စားလိုသူများကတော့ မနှစ်သက် ဆန့်ကျင်သည်။ ကဗာတွင် ခေတ်စားလာတာ အစွန်းရောက် ဘာသာရေး၊ အမျိုးသားရေး နှင့် […]


kaiSeptember 5, 20171min2244
ငါးပါးသီလ နဲ့ ပတ်သက် ၍ တွေးစရာမျာူး January 11, 2010 at 9:19am သစ်ခ်ညှပ်ဟန်း ဆိုတဲ့ ဗီယက်နမ် ဇင် ဘုန်းတော်ကြီး ၏ သီလ အနက်ကောက် ပါ (၁)အသက်သတ်ခြင်းကို ကျူးလွန်မိခြင်းကြောင့်ဖြစ်သောဒုက္ခ ကို သတိရှိခြင်းဖြင့် အကျွန်ုပ်သည် လူ၊ တိရိစာ္ဆန်၊ သစ်ပင်တို့၏ အသက်များကို ကာကွယ်ရန်နည်းလမ်းများကို လိုက်နာပါမည်။ ကရုဏာစိတ်ကိုမွေးမြူပါမည်။ မသတ်ရန်သော်လည်းကောင်း၊ အခြားသူများသတ်ဖြတ်နေခြင်းကို တာဆီးရန်သော်လည်းကောင်း၊ သတ်ဖြတ်နေသောအပြုမူများကို မကူညီရန် သော်လည်းကောင်း သန္နိဋ္ဌာန်ပြုပါသည်။ (၂)တရားမျှတမှု့မရှိခြင်း၊ ခေါင်းပုံဖြတ်ခြင်း နှိပ်ကွပ်ခြင်း တို့ကြောင့်ဖြစ်သောဒုက္ခ ကို သတိရှိခြင်းဖြင့် အကျွန်ုပ်သည် လူ၊ တိရိစာ္ဆန်၊ သစ်ပင်တို့၏ အကျိုးစီးပွားကိုဆောင်သော နည်လမ်းများကိုလိုက်နာပါမည်။ မေတ္တာစိတ်မွေးမြူမည်ဟုကတိပြုပါသည်။ မိမိ၏ အချိန်ကိုသော်၎င်း၊ စွမ်းအင်ကိုသော်၎င်း၊ ဝတ္ထုပစ္စည်းကိုသော်၎င်း […]


kaiSeptember 5, 20171min453115
➩ U.S. ပြည်နယ်များမှာက ျင်းပခဲ့တဲ့ စာရေးဆရာချစ်ဦးညို၊ ဂ ျုး၊ ထင်လင်းဦးတို့ရဲ့ စာပေဟောပြောပွဲ။ ➩ ရခိုင်ပြည်နယ်ရန်ပုံငွေအတွက် ရခိုင်တေးရေးနဲ့တေးသံရှင်ဦးသန်းမောင်၊ မိုင်၊ ရတနာမိုင်၊ စိန်လင်း(Aroma) တို့ရဲ့ U.S. ပြည်နယ်အသီးသီးလှည်လည်ဖျော်ဖြေပွဲများ။ ➩ မောင်စွမ်းရည်ရဲ့ ချစ်ဦးညီနဲ့တင်မိုး။ ➩ ဝင့်ပြုံးမြင့်ရဲ့ မူပိုင်ခွင့်နှင့် မူပွားခွင့်။ ➩ မော်ဒယ်လ်မိခင်တင်မိုးလွင်နဲ့ တွေ့ဆုံခြင်း။ ➩ ဒေါက်တာအောင်ဇော်ထိုက်ရဲ့ Allergy တခုခုနဲ့မတည့်ခြင်း။ ➩ စက်တင်ဘာအလှပန်း Thinn Eai Thu Tun ➩ လစဉ်ဖော်ပြနေက ျ အင်္ဂလိပ်စာသင်္ခန်းစာဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ဓာတ်ပုံဆောင်းပါး၊ ဗေဒင်ကဏ္ဍများ၊ ဓာတ်ပုံဝေဝေဆာဆာ၊ သုတ၊ ရသ စုံလင်စွာဖြင့် စက်တင်ဘာလထုတ် မြန်မာ့ဂဇက် ထွကေ်နပါပြီ။ အမြို့မြို့အနယ်နယ် မြန်မာဆိုင်များ၊ […]


၂ဝရာစုနှစ် ပထမဆုံး လူမျိုးတုံး သတ်ဖြတ်ပွဲမှာ တူရကီတွင် ရှေးပဝေဏသီထဲက နေထိုင်သော အာမေးနီးယန်း နှစ်သန်း ပြည်နှင်ဒဏ်ပို့ခံရကာ အစုလိုက် အပြုံလိုက် အသတ်ခံရချိန်ဝယ် ဖြစ်ပွားသည်။ ။။။။ ပင်လယ်နက်၊ မက်ဒစ်တေးနီးယန်း နှင့် ကက်စပီယံ ပင်လယ်များ ဝိုင်းပတ်ထားသော ကြီးမားကျယ်ပြန့်သည် အရှေ့အလယ်ပိုင်းဒေသတွင် အာမေးနီးယန်း လူ့အဖွဲ့အစည်း နှစ်ပေါင်းသုံးထောင်ခန့် ရှင်သန်ကြီးထွားခဲ့သည်။ အဆိုပါဒေသကို အာရှကြေးမုံပြင် ဟုခေါ်ကြပြီး ဥရောပ၊ အာရှ၊ အာဖရိက တိုက်ကြီးသုံးတိုက် ဆုံရာ လမ်းဆုံလမ်းခွတွင် တည်ရှိသည်။ သမိုင်း အတက်အကျ နှစ်ရာစု များစွာအတွင်း အာမေးနီးယန်းတို့ ပိုက်နက်မြေအား ပါရှန်း၊ ဂရိ၊ ရိုမန်၊ ဘိုင်ဇန်တိုင်း၊ အာရပ် နှင့် မွန်ဂိုတို့ အုပ်စိုးခဲ့သည်။ ။။။။ ကြိမ်ဖန်များစွာ ကျူးကျော်သိမ်းပိုက် ခံရသော်ငြား […]