Mon LayDecember 19, 20161min1990
ဒီတစ်ခါရေးတဲ့ ပို့စ်က တော့ ခရီးသွား ပို့စ် မဟုတ်ပါဘူး။ မွန်လေးရဲ ့ ခရီးသွားပို့စ်အောက်မှာ သူများတွေက ဒီလိုခရီးတွေသွားပြီး ပျော်ဖို့ ကောင်းလိုက်တာ..ငါတို့မှာကျ အဲလိုပျော်ရွှင်မှု တောင်မရှိပါလားလို့ လာမန့်သွားတဲ့သူကိုမြင်ပြီး ရေးချင်စိတ်ပေါက်သွားလို့ ပျော်ရွှင်မှုဆိုတာ ဘာလဲလို့ ပြန်ရှယ်ချင်တာပါ။ ပျော်ရွင်မှု ့ဆိုတာ ကိုယ်တိုင်ဖန်တီးယူမှရတာမျိုးပါ။ တစ်နည်းအားဖြင့် ကိုယ့်ကို ဘယ်အရာ ကပျော်ရွှင်စေနိုင်လဲ၊ ကိုယ်ဘာလုပ်လိုက်ရင် ပျော်သွားသလဲပေါ့နော်။ အဲလိုဆန်းစစ် တတ် ရင်..ပျော်ရွှင်မှုဆိုတာရှိလာမှာပါ။ အဲဒါကလည်း ကိုယ့်ရဲ ့ဝါသနာကိုအခြေခံလိမ့်မယ်လု့ိ မွန်လေးကတော့ထင်တယ်။ ဥပမာ..အဆိုတော်တွေဆို..သီချင်းဆိုနေရတာကိုက သူ့ရဲ ့ဝါသနာတစ်ခုလိုဖြစ်ပြီး ကိုယ်လုပ်ချင် တာလုပ်နေရတော့ ပျော်နေတာ…ပျော်ရလို့ကို သီချင်းဆိုတာမျိုးပေ့ါ။ အခကြေးငွေရလို့ ဆိုတဲ့သူ ကတော့ တမျိုးပေါ့။ မွန်လေးဆို စာဖတ်၊စာရေးရတာ ဝါသနာပါတယ်။ ဘယ်လိုဝါသနာပါသွားလဲဆိုရင် ရတန်းနှစ် လောက်တုန်းက တီဗွီမှာ ကိုရီးယားကား […]


kaiDecember 2, 20164min2106
အရင်လတွေက Simple present, present progressive, present perfect, present perfect progressive တွေအကြောင်း အတော်အသင့်ဖော်ပြခဲ့ပြီးပါပြီ။ ယခုလမှာတော့ လူသုံးအများဆုံးဖြစ်တဲ့ Simple past tense ကို လေ့လာကြရအောင်။ simple past မှာ “be” ကြိယာတခုတည်း၌သာ “အနည်း singular-was နှင့် အများ plural-were ဆိုပြီး form နှစ်ခု ရှိပါတယ်။ကျန်တဲ့ ကြိယာအားလုံးမှာ simple past ၌ form တမျိုးသာ ရှိပါတယ်။ ကျန်တဲ့ကြိယာအားလုံးမှာ simple past ဟာ simple present ထက်အများကြီးပိုလွယ်တာပေါ့။ ဒါပေမယ့် simple past tense ကို လေ့လာလိုသူတိုင်းသတိထားဖို့က irregular verbs […]


kaiNovember 29, 20161min922
နှစ်ကုန်နိဌာန်း နိုဝင်ဘာ၈ရက်နေ့က ရွေးကောက်တင်မြှောက်လိုက်သော အမေရိကသမ္မတသည် ကမ္ဘာကြီးအား လာမည့်နှစ် ၂၀၁ရ တွင်ဥပဒေသများချကာ “အသစ်ထုဆစ်” ပုံဖေါ်တော့မည်ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံရေးတွင်လည်း လက်ယာသမား ကွန်ဆာဗေးတစ်များ နေရာရစိတ်လာပေရာ အမျိုးသားရေးလည်းတွဲပါလာကြသဖြင့် ဆိုင်ရာနိုင်ငံတို့သည် မိမိတို့အကျိုးစီးပွားကိုသာ ဦးထိပ်တင်ထားကြမည့်သဘောဖြစ်ပေ၏။ မျက်မှောက်အခြေအနေတို့ကို အချက်အလက်တချို့နှင့် နိမိတ်ဖတ်ဆဝါးကြည့်ရင်း ပုံမှန် “နေထွက်တရက်”နှင့်အတူ ရောက်လာတော့မည့်၂၀၁ရကို ကြိုဆိုပါရစေ။ The People vs. System ဟီလာရီကလင်တန်သည် ဒေါ်နယ်ထရမ့်ထက် လူထုမဲဆန္ဒပေါင်း ၂သန်းကျော်အနိုင်ရလျှက် “လူထု”က ဟီလာရီကလင်တန်အားရွေးလျှက်ရှိနေသော်ငြား အမေရိကား၏ ဒီမိုကရေစီ”စနစ်”သည် ဒေါ်နယ်ထရမ့်ကိုသာ သမ္မတအဖြစ်ရွေးချယ်ထားပေသည်။ ဒီဇင်ဘာ၁၉ရက် နေ့တွင် အပြီးသတ်ထွက်လာမည်ဖြစ်သော Electoral votes များအရ ဒေါ်နယ်ထရမ့်သည် လိုအပ်သော ၂၇ဝကို သိသာစွာကျော်ကာ ၃၀၆ဖြင့်ဇန်နဝါရီလ ၂ဝရက်နေ့တွင် ၄၅ယောက်မြောက်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပါလိမ့်မည်။ Donald Trump […]


kaiNovember 3, 201610min25110
Japan Pledges Billions for Myanmar’s Development Money includes expected investment by private companies, government grants and loans by government-affiliated institutions ENLARGE Shinzo Abe and Aung San Suu Kyi in Tokyo on Wednesday. Photo: Eugene Hoshiko/Press Pool By Mitsuru Obe Updated Nov. 2, 2016 9:08 a.m. ET 2 COMMENTS TOKYO—Japanese Prime Minister Shinzo Abe on Wednesday […]


kaiOctober 25, 20162min1533
ယခုလတွင်ဖော်ပြမည့် Present Perfect Tense ကို အားလုံးထဲတွင် အရေးကြီးဆုံးဟု သတ်မှတ်နိုင်ပါသည်။ Present Perfect Tense ကို ပစ္စုပန်နှင့် အတိတ်တို့ဘက် ဆက်သွယ်ထားသည့်တံတားတခုလို့ ယူဆနိုင်ပါသည်။ ကမ္ဘာကျော် Golden Gate Bridge ကြီးသည် Present နှင့် Past မြို့တို့ကို ဆက်သွယ်ပေးထားသလို အတိတ်နှင့် ပစ္စုပန်တို့ကို Present Perfect Tense ကဆက်သွယ်ပေးပါသည်။ ဆိုလိုသည်မှာ – အတိတ်တွင် စတင်ထားခဲ့ကိစ္စတခုကို ယနေ့အထိ ဆက်လက်ဆောင်ရွက်နေသည်ဆိုလျှင် Present Perfect Tenseကို သုံး၍ ပြသနိုင်ပါသည်။ ဥပမာ – “I have lived in San Jose since 1999.” “I have […]


padonmarOctober 24, 20162min4128
တနင်္လာနေ့ “သမီးရေ၊အေးမ၊ထတော့လေ၊ညည်းတူတွေ တူမတွေ ရွှေဇင်မင်း မနက်ကားနဲ့ ပါလာမယ်တဲ့။ ကလေးတွေစားဖို့ ဈေးစောစောသွားလေ။ သူတို့ကို ဝါးခယ်မရောက်တုံး ဝါးခယ်မစာတွေ ကျွေးရမယ်။” “အမေကတော့လေ၊သူ့မြေးတွေဖို့ဆိုတော့ ဝီရိယကောင်းပြီ။အခုမှ ၆နာရီပဲ ရှိသေးတာ။” “ညည်းတို့ ကျောင်းနေတုံးကလည်း ရန်ကုန်ကျောင်းပိတ်လို့ ပြန်လာတယ်ဆိုရင် မင်းဆန်းသင်္ဘော မဝင်ခင် ကျုပ်ဈေးပြေးပြီး ဝယ်ခဲ့တာပါပဲတော်။” “ဟုတ်ပါတယ် ချစ်မာမီရယ်။ အဲဒီတုံးက ဝိုင်ယာလက်တိုင်မြင်ရင်ကို အိမ်ရောက်ချင်စိတ်က ပိုကဲလာရော။အမေချက်တဲ့ ပုဇွန်ဟင်းမျိုးစုံ စားရတော့မယ်ဆိုပြီးလေ။” “အေးအခုလည်း ငါ့မြေးတွေ ပုဇွန်ပေါတဲ့ ဝါးခယ်မလက်ရာတွေ စားရအောင် စောစောသွားဝယ်ပါသမီးရယ်။” “ကောင်းပါပြီ မာမီမာမားချစ်မေမေရေ။” “အမေရေ၊ ကလေးတွေ ကံကောင်းတယ်။ ပုဇွန်ထုပ်တွေ ရလာတယ်။ အကောင်ကြီး ၂ကောင် မီးဖုတ်ပေးမယ်။ အမေ့မြေးအငယ်မက ပုဇွန်လက်မ ကိုက်စားရတာ သိပ်ကြိုက်တာ။” “သမီးရေ၊လက်မလောက်ကောင်တွေတော့ ခေါင်းဖြတ်ပြီး ပြုတ်လိုက်နော်။ […]


kaiOctober 20, 20161min1348
Julian Assange – Edward Snowden သတ်မှတ်ချက်အနေဖြင့် ဦးထုတ်ဖြူ၊ ဦးထုပ်ညို၊ ဦးထုတ်မဲ အစုံရှိသည့်အထဲ ဟက်ကာဆိုသူတို့၏မူလအလုပ်မှာ ဆိုင်ရာ လုံခြုံရေးများအားချိုးဖေါက်ဝင်ရောက်၍ အတွင်းသားနှိုက်ယူ(နိုင်)ခြင်းပင်ဖြစ်ပေသည်။ လူတဦးချင်းဆိုင်ရာ ပုဂ္ဂလိက အချက်အလက်များမှသည်၊ ငွေကြေးစနစ်၊ နည်းပညာများ ထိုမှနောက်ဆုံး တိုင်းပြည်ကြီးတခုလုံး ၏ အသက်သွေးကြော အုပ်ချုပ်မှု နိုင်ငံရေးဆိုင်ရာ လျျှို့ဝှက်ချက်များအထိ ဖေါက်ထွင်းယူငင်ကြသည်တည်း။ ဝီကီလိခ်၏ဖခင် ဟက်ကာကြီးဂျူလီယမ်အဆမ်းမှသည် စီအိုင်အေသမားဟောင်းအက်ဒ်ဝပ်စနိုးဒမ်အထိတို့ကား အင်တာနက်ကိုမွေးဖွားပေးလိုက်သည့်အမေရိကနိုင်ငံ၏ နိုင်ငံရေးစနစ်ကိုပင် လှုပ်ခါသွားနိုင်လောက်အောင် စွမ်းသည် ဆိုင်ဘာသမားများဖြစ်ကြပါ၏။ သူတို့အစွမ်းဖြင့် ကမ္ဘာ့စူပါပါဝါနိုင်ငံကြီးများအပါအဝင် ကမ္ဘာ့၏ နိုင်ငံရေးသွက်သွက်ခါအောင်လှုပ်ရမ်းသည် ။ စီးပွားရေး၊လူမှုရေးတို့လိုက်၍ ပြောင်းညှိရသည်။ ယခု ၂၀၁၆ အမေရိကနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲသည်ပင် တုန်လှုပ်နေရသည်။ ပြီးခဲ့သော ဆယ်စုနှစ်တခုအတွင်းကမူ ဆိုရှယ်မီဒီယာသည် အိုဘားမားအား သမ္မတဖြစ်စေလောက်အောင် စွမ်းဆောင်ယူပေးခဲ့သည်။ ယခုနှစ်တွင်မူ Cyber […]


kaiOctober 15, 20161min2902
NCA စာချုပ်တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်း —— —— —— ဒီနေ့ဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ရဲ့ တစ်နှစ်ပြည့်မြောက်တဲ့ အခမ်းအနားဖြစ်ပါတယ်။ ဒီတစ်နှစ်အတွင်းမှာလည်း အတော်အတန်ပဲ တိုးတက်မှုရှိခဲ့တယ်လို့ ကျွန်မယုံကြည်ပါတယ်။ ဒီစာချုပ်ကို ပထမဆုံးဖြစ်အောင်လို့ လက်မှတ်ထိုးပေးနိုင်အောင်လို့ ဝိုင်းဝန်းပြီးတော့ ကူညီကြတဲ့ ယခင်အစိုးရ သမ္မတကြီး ဦးသိန်းစိန်နဲ့တကွ အားလုံးကိုလည်း ကျွန်မ ကျေးဇူးတင်ပါတယ်။ ဂုဏ်ပြုပါတယ်။ လမ်းတစ်လှမ်းကို စလျှောက်မယ်ဆို ပထမခြေလှမ်းက အရေးကြီးဆုံးပါပဲ။ အဲဒီတော့ ကျွန်မတို့က ပထမခြေလှမ်းကို လုပ်ပြီးပါပြီ။ ဆက်ပြီးတော့ လှမ်းစရာခြေလှမ်းတွေ ရှိပါသေးတယ်။ အခုတော့ ကျွန်မတို့ရဲ့ NCA ထဲမှာ ဘာတွေပါလဲဆိုတာတော့ နောင်မှာ အခုအခမ်းအနားတွေမှာပဲ ဆက်ပြီးတော့ ဖတ်ပြကြမှာဖြစ်ပါတယ်။ ကျွန်မတို့အခုဆိုလို့ရှိရင် အပစ်အခတ် ရပ်စဲရေး […]


kaiOctober 9, 20166min350212
President Obama lifts Myanmar trade sanctions 7 October 2016 President Barack Obama has formally eased long-standing sanctions on Myanmar. Mr Obama issued the executive order weeks after meeting Myanmar’s de facto leader, Aung San Suu Kyi. Myanmar’s access to trade benefits for poorer nations was suspended in 1989 over human rights abuses. But the White […]


kaiSeptember 28, 20161min1344
အချိန်ကာလတာနှစ်လ မရှိတရှိအတွင်း ကျင်းပတော့မည့် အမေရိကနိုင်ငံသမ္မတ ရွေးကောက်ပွဲကြီးကား အကြိတ်အနယ်အဆင့်သို့ရောက်နေပြီဖြစ်သည်။ ယခုရွေး ကောက်ပွဲကြီး၏ ထူးခြားချက်ကား လျာထားမျှော် လင့်ချက် အကောင်းဆုံးအမျိုး သမီးတစ်ဦးလည်းဖြစ်၊ သမ္မတကတော်တစ်ဦးဖြစ်ယုံမက၊ အုပ်ချုုပ်ရေး နယ်ပယ် တွင် အတွေ့အကြုံများစွာရှိသည့် Hillary Clinton နှင့် နိုင်ငံရေးနယ်ပယ်အဝန်း အဝိုက်အတွင်း၊ ဆက်စပ်အ တွေ့အကြုံမရှိသော်လည်း၊ ဝါရှင်တန်အုပ်ချုပ်ရေးစနစ်ကြီးနှင့်ဥပဒေပြုလွှတ် တော်ကြီးတို့၏ချို့ယွင်း အားနည်းမှု၊ လူထုအတွက်အရေးကြီးသောကိစ္စရပ်များအပါအဝင် နိုင်ငံရေးမှားယွင်းမှုများကိုပြစ်ပြစ်ခါခါဝေဖန်တတ်ပြီး၊ နေရင်းဒေသဖွားအမေရိကနိုင်ငံသားမဟုတ်သူများ၏လွှမ်းမိုးနေရာယူလာမှုတို့ကိုမရှူစိမ့်နိုင် သော လူအချို့တို့၏ ထောက်ခံမှု ရနေသော စီးပွားရေးလုပ်ငန်းရှင်ကြီး Donald Trump တို့၏၊ မကြုံစဖူးသော ယှဉ်ပြိုင်ကြမှုတို့ ကြောင့်အမေရိက ကသာမက၊ ကမ္ဘာကစိတ်ဝင်တစားလေ့လာနေကြသည်ကိုတွေ့ရသည်။ မကြာမှီရက်များအတွင်းမဲဆန္ဒရှင်လက်ထဲသို့ရောက်ရှိလာမည့် ဆန္ဒမဲကတ် (ballots) တို့ကိုဖြည့်သွင်းရာတွင်၊ “သူများပြောလို့သူ့ကိုမဲထည့်လိုက်ရတာ”ဟူသောအဖြစ်မျိုးသို့မရောက်ရှိရလေအောင် နိုင်ငံတွင်းစောင့်ကြည့်ပညာ ရှင်များ၏ သုတေသနပြန်တမ်းများကိုစုစည်းတင်ပြလိုက်ရပါသည်။ Trump သည် UPenn […]