သတင်းထောက်နှင့် သတင်းဌာနများကို ခြိမ်းခြောက်မှုများရှိနေ By ထွန်းခိုင်Mon, 2014-07-07 06:05 မန္တလေးပဋိပက္ခတွင် သတင်းထောက်များကို ပစ်မှတ် ထားခြိမ်းခြောက်မှုများ ရှိနေပြီး ယင်း ခြိမ်းခြောက်မှုများအား အရေးယူဆောင်ရွက်ပေးရန် စာ နယ်ဇင်းအဖွဲ့အစည်းများမှ တစ် ဆင့် အစိုးရထံတောင်းဆိုသွား မည်ဖြစ်ကြောင်း ရန်ကုန် အခြေစိုက် သတင်းဌာနများက ပြောသည်။ ပြီးခဲ့သည့်ရက်ပိုင်းက စတင် ဖြစ်ပွားခဲ့သည့် မန္တလေးပဋိပက္ခ များအတွင်း အခင်းဖြစ်ပွားရာ နေရာများသို့ သွားရောက် သတင်းရယူနေသော သတင်းထောက် များအား ဓာတ်ပုံရိုက်ကူးကာ ယင်းသတင်းထောက်များအား တိုက်ခိုက်မှုများ ပြုလုပ်ရန် လှုံ့ဆော်ခြင်းနှင့် သတင်းဌာနများအားနည်းမျိုးစုံဖြင့် ခြိမ်းခြောက်ခြင်းများစွာ ဖြစ်ပွားလျက်ရှိသည်။ ………….. ‘‘အဓိကခြိမ်းခြောက်တာက တော့ သူတို့မကြိုက်တဲ့ သတင်း တွေ ဖော်ပြနေလို့ပဲ။ ကျင့်ဝတ် ညီတယ်၊ မညီဘူးသူတို့ပြောနေ တာမဟုတ်ဘူး။ […]