alinsettJanuary 31, 20131min23519
ဝ = ဝါသနာ မပါဘူး လို ့. … မပြောပါနဲ ့….။ သ = သူ ့မှာတမ်း နှင့် ကိုယ့် စာ အလွမ်း … ဟ = ဟန်ဆောင်တတ်သော အလင်းဆက်တို ့ သားအမိ ဒီ စာ ဖတ်မယ့်သူကို..ကြိုတင်ပြီး…ပြောချင်တာကေတာ့….. ဒီစာသားတွေကို… ဆရာကြီး လုပ်ချင်လို့..ရေးတာ မဟုတ်ပါဘူး..။ အလင်းဆက် ဆိုတာ ဘာ မှလည်း.မဟုတ်သေးပါဘူး ။ လူတတ်ကြီး.လုပ်ချင်လို့..ရေးတာလည်း.. မဟုတ်ပါဘူး ။ အလင်းဆက် ဘာမှလည်း.မတတ်ပါဘူး ဒီစာကို ရေးရခြင်း .အကြောင်းရင်း ရည်ရွယ်ချက် နှစ်ခု တော ့ရှိပါတယ် ။ အဲဒီ အကြောင်းရင်း…နှစ်ခုကတော့……. ……………………………… ……………………………….. +++++++++++++++++++++++++++++++++ က […]


kaiJanuary 31, 20131min29217
Recycleနှင့် ကျမ၏ကိုယ်တွင်းပဋိပက္ခ အမေရိကားကိုစရောက်သည့်အချိန်ကစပြီး ခုချိန်ထိကျမစိတ်အဝင်စားဆုံးအရာတွေထဲမှာ စွန့်ပစ်ပစည်းပြန်လည်လည်ပတ်သည့်ဆိုင်ကလေးများသည်  ပထမဆုံးနေရာမှပါဝင်ခဲ့သည်။ သာမန်အားဖြင့်ဆိုလျှင် Recycleဆိုင်ကလေးများသည် အခြားစီးပွားရေးလုပ်ငန်းဆိုင်ခန်းများလို သီးသီးသန့်သန့်သူ့နေရာနှင့်သူမဟုတ်ဘဲ ကုန်စုံဆိုင်ကြီးများအနောက်ဘက်မှာ ဆိုင်ခန်းဖွင့်ပြီးဖြစ်စေ၊ 7/11လိုစတိုးဆိုင်များရှိသော squareခေါ်ဆိုင်ခန်းစုပေါင်းဝန်းထဲတွင် ခပ်ကျဉ်းကျဉ်းတစ်နေရာဖြစ်စေ လူဝင်လူထွက်များသောေ နရာများတင် ယှဉ်ပြီးဖွင့်ထားလေ့ရှိသည်။ ထိုဆိုင်ခန်းလေးများသည် သာမန်အမြင်ဖြင့်ကြည့်လျှင် သပ်သပ်ရပ်ရပ်လည်းမရှိ၊ ဖန်ပုလင်းများတစ်ခုနှင့်တစ်ခုထိခတ်မိသံ၊ အလူမီနီယမ်သံဗူးများကို ဆင့်ကာဆင့်ကာပစ်ချသဖြင့်“ကလုံ၊ကလုံ”မြည်သောအသံ၊ဆိုင်ပိုင်ရှင်နှင့်အလုပ်သမားအများစုမှာ မက်ဆီကန်လူမျိုးများဖြစ်ကြရာ Recycleပစ္စည်းလာရောင်းသူများနှင့်ဖြစ်စေ၊ သူတို့အချင်းချင်းဖြစ်စေအော်ဟစ်ပြောဆိုကြသော မက်ဆီကန်စကားသံများ၊အလုပ်ခွင်တွင်ဖွင့်ထားသော ကက်ဆက်ဆီမှမက်ဆီကန်သီချင်းသံများဖြင့် စည်းမကျဝါးမကျဆူညံနေတတ်သည်။ Recycleပစ္စည်းများကိုဖန်၊အလူမီနီယမ်၊ပလတ်စတစ် သပ်သပ်စီခွဲထားပြီး လူတစ်ဖက်စာသံခြင်းတောင်းများထဲထည့်ကာ ပေါင်ချိန်စက်ပေါ်တင်ပြီးချိန်ကာ ကျသင့်ငွေကို ရောင်းသူလက်ထဲပေးလျှင် Recycleပစ္စည်းလာရောင်းသူက သူတို့ပေးသောစာရွက်ကလေးမှာ ငွေလက်ခံရရှိကြောင်း လက်မှတ်ထိုးရသည်။ ပျမ်းမျှအားဖြင့် ဗူးတဗူးလျှင် ၅ဆင့်နှုးံဖြင့် အလူမီနီယမ်ဗူးခွံများဆိုလျှင် တပေါင်ကို၁.၉၉ဒေါ်လာ၊ပလတ်စတစ်ဗူးခွံများဆိုလျှင် တပေါင်ကို၁ဒေါ်လာ၊ ဖန်ဗူးခွံများဆိုလျှင်တပေါင်ကို၁ဒေါ်လာခွဲ စသဖြင့်ဈေးအစားစားပေးပါသည်။ ဆိုင်ခန်းဟုသာဆိုရသော်လည်း နေလုံမိုးလုံ ပလတ်စတစ်ရွက်ဖျင်တဲကိုသာ ယာယီသဘောမျိုးထိုးထားပြီး အလုပ်သမားများနှင့်အတူ ဖန်ပုလင်းခွံ၊အလူမီနီယမ်ဗူးခွံ၊ ပလတ်စတစ်ဗူးခွံများ […]


                                                          မေတ္တာဇာတ်လမ်း တစ်ပုဒ် အစာ…ဟုတ်တယ်…လူသူတွေနဲ့ ရှုပ်ထွေးဆူညံနေတဲ့ ဟောဒီ ဘူတာရုံထဲမှာ လွန်ခဲ့တဲ့ နှစ်နာရီကတည်းက မတ်တတ်ရပ်ရင်း မြင်မိ၊တွေးမိ၊ ကြားမိ၊ အနံ့ခံနေမိတာ အစားအသောက်အကြောင်းပါပဲ။ တကယ်လို့ ခင်ဗျားတို့ အစာ မစားတာ နည်းနည်းကြာသွားပြီ ဆိုရင် ဆာလွန်းလို့ အူလိမ်ပြီး တော်တော် ခံရခက်မယ်။ နောက် ခဏ ကြာ […]


– – – – – – – – – – – ဂဇက်ပွဲ ကတော့ ပြီးမြောက်တာ တစ်ပါတ်တိတိ ရှိသွားပါပြီ.. ဒါပေမယ့် ကျုပ်တို့ရဲ့ ရင်ထဲမှာ ခံစားခဲ့ရတဲ့ အပျော်လေးတွေ၊ ကြည်နူးမှုလေးတွေကတော့ အခုထိ ရှိနေကြဆဲပါ.. ပျော်ပျော်ရွှင်ရွှင်နဲ့ ပြီးဆုံးခဲ့တဲ့ အတွက် စီစဉ်သူများကို လာရောက်ကြသူများ အားလုံးက ကျေးဇူး အထူးတင်ရှိနေမှာ ပါ.. ဒီဂဇက်ပွဲ ဟာ ကျုပ်ကို တော်တော် လေး အကျိုးပြုသွားပါတယ်.. ဘာလို့လဲဆိုတော့.. ဂဇက်ပွဲ မတိုင်ခင် တစ်ပါတ်အလိုက စတင်ခဲ့တဲ့ ကျုပ်ရဲ့ ပို့်စ်လေးတွေဟာ ဂဇက်မန်ဘာတွေအတွက် အသုံးဝင်တဲ့ ပို့စ်လေးတွေ ဖြစ်ခဲ့ ပြီးတော့ ကျုပ်ကိုလဲ ဂန္ဓာရီ ဆြာအုပ် အဖြစ် […]


alinsettJanuary 26, 20131min19717
( ငို သံများ….. ) သွားနှင့်ပါ…မခိုင် ။ မကြာခင်မှာ..ကျွန်တော်လည်း..မခိုင်နောက် လိုက်ခဲ့ပါ့မယ် ။ မခိုင် သွား နှင့် တဲ ့ နောက်မှတော့.. ကျွန်တော်လည်း…သိပ်မကြာတော့ဘူး.ထင်ပါတယ် မခိုင်ရယ် ။ မခိုင်ကတော့… အေးချမ်းသွားပြီလား….။ ဘာဆိုဘာမှ မသိတော့တဲ ့နေရာမှာလား ။ ဒါဆိုကျွန်တော့်ကို လည်း..မေ့ပြီပေါ့နော် ။ ကျွန်တော်ဆိုတဲ ေ့ကာင်ရဲ ့ တမ်းတ လွမ်းဆွတ်မှုတွေကို ဘယ်သိတော့မလဲနော် ။ ဒါပေမယ့် မခိုင်ရယ်….. သေသော သူ ကြာရင်မေ့ဆိုတာက… သေသွားတဲ ့သူက..ကျန်ခဲ့တဲ ့သူကိုမေ့မှာ..လို့ပြောတာ ထင်ပါရဲ ့…. ကျန်ခဲ့တဲ ့ကျွန်တော်က… မခိုင်ကို ဘယ်တော့ မှ မမေ့နိုင်ပါဘူး…မခိုင်ရယ် ။ အဲဒီ သေသောသူ ကြာရင်မေ့ ဆိုတဲ […]


မိုးမင်းသား ပြော ချင်တာလေးက…ဒီလို… ကျွန်တော် ့ရဲ ့.. တွေ ့မြင် ခဲ့ရတဲ ့အဖြစ်ကလေးတစ်ခုကို ရွာသူ ရွာသားများ.သိစေဖို ့… ဖောက်သည်ချ ပါရစေ ။ အဖြစ်က.. ဒီလိုပါ…ဒီလိုပါ ။ ကျွန်တော်က မရမ်းကုန်မြို့နယ်ထဲမှာ..နေပါတယ် ကျွန်တော် အလုပ်က ပြန်ရင်.. ရှစ်မိုင် လမ်းဆုံ ကနေ 81 ဖြစ်ဖြစ်.. ၊ 103 နီ / ပြာ ဖြစ်ဖြစ်.. ခေမာသီကားကို စီးရပါတယ် ။ မေဓါဝီ လမ်းဆုံးမှာ ဆင်းပြီး.. လမ်းလျှောက်ရပါတယ် ။ အဲဒီလို မှ မသွားချင်ရင်.. 51 စီးပြီး.. ဆယ်မို်င်ကုန်းမှာ ဆင်းကာ.. လေဆိပ် ကားလေး.ကို..တဆင့် ထပ်စီးပြီး.. လမ်းလျှေုာက်ရင်.ရောက်ပါတယ် ။ […]


ကထူးဆန္းJanuary 23, 20131min34031
ခရီးသွား … ခရီးသွား နဲ့ တသွား ထဲ သွား တစ်ခရီးထဲ ခရီး နေကြတဲ့ အချိန် .. ဘက်စုံ ဒေါင့်စုံ က လုပ်ဖို့ မလွယ်ဘူး ဆိုတာ လည်း သဘောပေါက်မိပါရဲ့ .. အဲ့ဒီ့ အထဲ က တစ်ခု ..ဘယ်သူမှ ဟ တာ မတွေ့မိသေးလို့ .. နဲနဲ လေး တော့ လျှာရှည် ကြည့် ပါရစေ။ ခရီးသွား ကျန်းမာရေး အာမခံ ပါ ။ နိုင်ငံခြားသားတွေ ခရီးသွားရင် အများစု က အာမခံ မထား မရှိဘဲ မလာကြ ။ မသွားကြပါဘူး ။ အဲ မြန်မာပြည် သွားကြမယ်ဆိုတော့ […]


– – – – – – – – movie ထဲကပုံတွေပါ.. နောက်ဆုံး ဓာတ်ပုံပိုစ်ပါ. တစ်ချို့ပုံတွေမှာ resolution မကောင်းတာ တွေပါနေပါတယ်..  ဖြစ်ပုံက ဒီလိုပါ.. အိမ်က ထွက်လာကတည်းက ဪ ဓာတ်ပုံပဲရိုက်မှာ ပါလေ .. ပြီးတော့ ဂဇက် လူဂျီးတွေကလဲ ပရိုက်ဗက်စီ ကို မထိခိုက်အောင် သတိပေးထားတော့ သိပ်ရိုက်ဖြစ်မယ်မထင်လို့ တမင်တကာကို ကင်မလာထဲပ 32Gb ကတ်ကိုထုတ်ပြီး 4GB နဲ့လဲလိုပ်ပါလေရော. .အလုပ်ရှုပ်ခံပီးတော့ကို တမင်တကာလဲလိုက်တာ.. ဒါပေမယ့် တွက်ကိန်းကတော့မမှာဘူးဗျ.. သိပ်လဲမရိုက်ဖြစ်ဖူး.. အဲဒီလိုရိုက်နေတုန်း movie ရိုက်ဖို့ သွားသတိရလိုက် လို့ ရိုက်လိုက်တဲ့ အခါ.. ပြဿနာ က movies setting မှာ movies quality ကို ချိန်မထားတော့ […]


မိတ်ဆက်စကားပြောခန်း က ပုံလေးတွေတင်ပေးလိုပ်ပါတယ်.. movie ကယူထားတာမို့လို့ ကွာလတီ သိပ်မကောင်းတာ ကို ခွေးလွှတ်ပါ..  movie  လိုချင်ရင် တောင်းနိုင်ပါတယ်..


padonmarJanuary 23, 20132min68953
၂၀-၀၁-၂၀၁၃ မန္တလေးဂဇက် အဖွဲ့ဝင်များ ဆုံစည်းပွဲမှာ P.Chogyi က အမှတ်တရ ဂဇက်လိုဂို ပါတဲ့ သော့ချိတ်ကလေးတွေကို တက်ရောက်လာသူတိုင်းကို လက်ဆောင်အဖြစ်ပေးပါတယ်။ (သဂျီး အတုယူဖွယ်) ပွဲမတက်လိုက်ဖြစ်တဲ့သူတွေကို ကြွားထှာ။ စိတ်ကူးကောင်းတဲ့ ကို ပီချိုကြီး ကိုလည်း ကျေးဇူးတင်ပါတယ်ပြောရင်း မောင်အံတို့ စိန်ဗိုက်တို့ပေးနေကျဆုလေး တောင်းပေးလိုက်ပါတယ်။ ဆော်ကြည်ထီပေါက် နိဗ္ဗာန်ရောက်ပါစေ။ တက်ရောက်လာသူတိုင်းကို သစ်သီးဖျော်ရည်အအေး တစ်ခွက်စီ ကြိုက်ရာ မှာစေပြီး ဧည့်ခံရင်း မိတ်ဆက်ပွဲစလိုက်ပါတယ်။ ဂဇက်မန်ဘာတွေ တစ်ဦးချင်းမိတ်ဆက်တာကတော့ ဆြာအုပ်ရဲ့ ပို့စ်မှာ ဖတ်ကြပါ။ မိတ်ဆက်တဲ့ အချိန်မှာ ဦးကျောက်နဲ့ ဦးမိုက်တို့ တစ်ယောက်တစ်ပြန် မိုက်လုပြောနေကြတာကိုက ပျော်စရာ ဖြစ်ခဲ့ရပါတယ်။ Willie Smith (ဒီနာမည်မှန်ရဲ့လား) နဲ့ ကျော်ဟိန်းရောက်နေတယ်မှတ်ပြီး စားပွဲထိုးလေးတွေတောင် ဝိုင်းရယ်နေကြပါတယ်။ အားလုံးမိတ်ဆက်ပြီးတော့ ဆုပေးပွဲပါ။ […]


ဆုနဲ့ မနိုပေးတဲ့ လက်ဆောင်.. နောက်ပို့စ်မှာ မိတ်ဆက်စကားပြောတဲ့ ပုံလေးတွေ ထပ်တင်ပေးမှာ ဖြစ်ပါတယ်.. click here to see large size          


ဒီလိုနဲ့ပဲ ၂ ရက်တောင်ရှိသွားပေါ့.. ၂ဝ ရက်နေ့ ဦးအောင် တင်ပြီးကတည်းက ဓာတ်ပုံတွေ တင်ချင်ပေမယ့် ဦးပါတို့ က ခွင့်ပြုချက်လေးတွေ လိုပ်တယ် ဆိုလို့ စောင့်နေရလို့ ကြာသွားတာ စိတ်မဆိုးလိုက်ကြပါနဲ့နော်.. ခုတော့ တော်တော် များများစီက ခွင့်ပြုတယ် ဆိုလို့ တင်လိုက်ပါပြီ.. အမှန်က မနေ့ကတည်းက တင်ချင်နေတာ.. ရုံးမှာရော ဖုံးမှာပါ ကွန်နက်ရှင်က ဖင်ထောင်ပြီး ကျနေတာမို့လို့ .. ပုံတင်ဖို့ နေနေသာ သာ ပြန်တောင် မမန့်နိုင် ဖြစ်နေရလို့ပါဂျာ.. ခုတော့ တင်လိုက်ပါပြီ.. ဒါပေမယ့် အမည်တွေတော့ တပ်မထားတာကြောင့် သိစေချင်ရင် ကိုယ်ဘာသာ မန့်ပြီး ပြောကြပါတော့ ဪ ဦးပါက တူ့ပုံမပါဘူးလို့ ပြောထားတာ တွေ့လို့ တင်ပေးလိုက်ပါတယ်.. ဒီပို့စ်က ညနေကတင်ပြီးသွားပါပြီ ..ပုံတွေအရမ်းကြီးနေလို့ ပြန် အပ်ပ်ဒိ်တ်လုပ်ပြီး တင်လိုက်ပါဂျောင်း.             […]


ရွာသူားများတွေ့ဆုံပွဲနဲ့ မန်းဂဇက်ချစ်သူများစာပေဆုပေးပွဲကလည်း…၂၀.၁.၂၀၁၃(တနင်္ဂနွေ)နေ့မှာ အောင်မြင်စွာနဲ့ပျော်ရွှင်စွာကျင်းပခဲ့ပီးပြီ. .ကြီးမိုက်တစ်ယောက်ကတော့  ကိုယ့်ဒုက္ခနဲ့ ကိုယ်အလုပ်အများဆုံးကာလဖြစ်နေတော့..ပွဲဖြစ်မြောက်ရေးအတွက် အထိုက်အလျှောက်လေးကူညီနိုင်ခဲ့ပေမဲ့..ကျင်းပခဲ့တဲ့ပွဲနဲ့ပါတ်သက်ပြီးပို့စ်မတင်နိုင်ခဲ့သလို တင်ထားတဲ့ပို့စ်တွေလည်းအပြေးအလွှားပဲဖတ်လိုက်ရတယ်…ကွန်မန့်မပေးနိုင်ခဲ့သည်ရှိသော်.. ပို့စ်တင်သူများခွင့်လွှတ်ကြပါ(ခွင့်မလွှတ်လည်းဘယ်သူ့မှ သောက်ကရုမစိုက်ပါဘူး…ဟီး.နောက်တာနော် စိတ်ဆိုး..စိတ်ကောက်မလုပ်ကျေး..) ပျော်နေတဲ့ ကြီးမိုက်.. Happy Mite ၁၉.၁.၂၀၁၃….(စနေနေ့) ဒီနေ့ ကျနော့မှာ လုပ်စရာအလုပ်နဲနဲများတယ်.. အလုပ်ထဲမှာလည်း အရေးကြီးတဲ့မီတင်ရှိတယ်..အဓိကဇါတ်ကောင်ကကျနော်.. အဖေဆုံးတာ မကြာသေးတော့ ကျန်ရစ်တဲ့ အမေ့ဆီလည်းပိတ်ရက်တိုင်းသွားပြီးအမေ့မျက်နှာလေးကြည့် အားပေးချင်တယ်.. တိုက်ဆိုင်တာက..ကျနော်အလွန် ပျော်မွေ့နေတဲ့ မန်းလေးဂဇက်ဆိုတဲ့ရွာကြီးရဲ့ ရွာသူားများတွေ့ဆုံပွဲနဲ့ မန်းဂဇက်ချစ်သူများစာပေဆုပေးပွဲကလည်းမနက်ဖန်…၂၀.၁.၂၀၁၃(တနင်္ဂနွေ) အဲဒီအတွက်လည်း ရွာသားဆယ်အိမ်ခေါင်း ရွှေတိုက်စိုးရယ် အမတ်မင်းရယ်နဲ့ ပွဲဖြစ်အောင်စီစဉ်ပေးစရာကလည်းရှိနေတယ်…ကိုင်းမင်းဘယ်လိုလုပ်မလဲ ကြီးမိုက်.. မင်းက ဆရာကြီးလိုဘာလိုလိုလုပ်နေတာ..ကဲ… အခုဘယ်လိုလုပ်မလဲ..ပြောစမ်း… ဒါတွေက လတ်တလော ကျနော့ စိတ်အစဉ်မှာဖြစ်ပေါ်နေတာတွေပါ…. ဒါနဲ့ပဲ..စနေနေ့မနက်..ကျနော့ကားယူပြီးရုံးကိုသွားလိုက်တယ်(ပုံမှန်ကတော့ ကျနော့်အိမ်ရှေ့ ရုံးကားလာကြိုနေကျပါ)ကားယူသွားလေ့မရှိပါဘူး.. ၁၂ နာရီရုံးဆင်းတာနဲ့..မင်္ဂလာဒုံ၊ဝါယာလက်မှာရှိတဲ့ အမေ့ဆီရောက်အောင်သွား.. နှစ်နာရီလောက်အချိန်ပေးပြီး..အမေနဲ့ အမကြီးတို့ကို အားပေးစကားပြော၊ အမေ့ကိုနှုတ်ဆက် ပြီး […]