nyinyiyannaingNovember 7, 20102min500
Brother, leave your revolution behind, and junk your jailed comrades. Icons are best dead. So, forget about (Aung San) Suu Kyi the Lady. Ideals are for idiots. Resistance is futile. And another world is not possible. Get it? Our Generals’ Elections are good for you. How dare our ASEAN neighbors call them a “travesty” (the […]


မွန်းတည့် ၁၂း၃၀ ယနေ ့မနက် ထိုင်းမြန်မာနယ်စပ် တံတားအောက်မှ  ဘောကွင်းဖြစ် မြဝတီကို ကူးပြီး ဝင်ရောက်သတင်းရယူသူဂျပန်နိုင်ငံသား တိုနီမက်ဆာမိုတို အသက် ၄၉ နှစ် ဘောပင်ဗွီဒီယိုကင်မရာတချောင်း၊ မြန်မာဖုန်းတလုံး၊ ထိုင်းဖုန်းတလုံး ၊ နှင့် AFP သတင်းဌာန ကဒ်ပြား နှင့် passportတို့ နှင့်အတူ ဖမ်းစီးခံရပြီး နောက်  မြဝတီ ရဲစခန်းမှ စစ်ဆေးမေးမြန်းရန်အတွက် ဖမ်းဆီးထား နံနက် ၁၂း၂၄ ကြံ့ဖွံ ့က အချို  ့နေရာများ တွင် မဲပေးရန် လာသူများ ကို အတင်းအကျပ်မဲ ထည့်ခိုင်းသဖြင့် မဲရုံမှုး များ နှင့် ပြဿနာ ဖြစ် နံနနက် ၁၁းဝဝ ကမာ္ဘ ့ရွေးကောက် ပွဲ သမိုင်း ဉ် […]


Good IdeaNovember 7, 20101min530
ကြိုတင်မဲကို မတရားလုပ်လို့ တစညက ကြံ့ဖွံ့ကို တိုင် ကြံ့ဖွံ့ပါတီက ပင်လယ်ထဲကို ငါးဖမ်းသွားမယ့် ရေလုပ်သားတွေဆီက ကြိုတင်မဲတွေကောက်ပြီး သူတို့ပါတီကို အတင်းမဲပေးခိုင်းတဲ့အတွက် ဒီကြိုတင်မဲတွေကို အသိအမှတ်မပြုဖို့ တနင်္သာရီတိုင်း ကော့သောင်းနှင့် ဘုတ်ပြင်းမြို့နယ်က တစည ကိုယ်စားလှယ်လောင်းတွေဟာ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်တွေကို တိုင်ကြားထားပါတယ်။ အောက်တိုဘာလ ၂ရ ရက်နေ့က စတင်ကာ ကော့သောင်းနဲ့ ဘုတ်ပြင်းမြို့က ပင်လယ်ထွက်မယ့် ရေလုပ်သားတွေကို မဲမပေးမနေရဆိုပြီး ကြိုတင်မဲ အတင်းကောက်ခံခဲ့တာပါ။ ရေလုပ်သားတွေဟာ ယခင်က ပင်လယ်ထွက်ဖို့အတွက် ငါးလုပ်ငန်းဦးစီးဌာနမှာ လက်မှတ်ထိုးရုံနဲ့ ထွက်ခွင့်ရခဲ့ပေမယ့် အောက်တိုဘာ ၂ရ ရက်နေ့က စပြီးတော့ ရပ်ကွက်ကော်မရှင်ရုံးတွေမှာ မဲပေးပြီးမှ ထုတ်ပေးတဲ့ မဲပေးပြီးကြောင်း ထောက်ခံချက်ပါမှသာ ပင်လယ်ကို ထွက်ခွင့်ရပါတယ်။ မဲမပေးမိဘဲ ပင်လယ်ထွက်လာခဲ့ရင် ပင်လယ်ဝမှာ ဖွင့်လှစ်ထားတဲ့ ငါးလုပ်ငန်း […]


မြန်မာနိုင်ငံ မြဝတီမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဆက်သွယ်ထားတဲ့ ထိုင်းမြန်မာနယ် စပ် တံတားအောက်ကနေ သောင်းရင်းမြစ်ကို ဘောနဲ့ဖြတ်ကာ နိုဝင်ဘာလ ရ ရက်နေ့ နံနက် ၈ း ၃ဝ ခန့်မှာ မြဝတီကိုကူးပြီး မြန်မာပြည်ရွေးကောက်ပွဲ သတင်းရယူ သူ ဂျပန် နိုင်ငံသား တိုနီမက်ဆာမိုတို အသက် ၄၉ နှစ် AFP သတင်းဌာနကဒ်ပြား နှင့် passport တို့နှင့်အတူ ဖမ်းစီးခံရပြီး အခု မြဝတီ ရဲစခန်းကနေ စစ်ဆေးမေးမြန်းရန်အတွက် စစ် ကြောရေးစခန်းသို့ပို့ဆောင်လိုက်ကြောင်း သတင်းရရှိတယ်။ နအဖ စစ်အုပ်စုကလုပ်တဲ့ ၂၀၁ဝ ရွေးကောက်ပွဲကို စောင့်ကြည့်မယ့် ကုလသမဂ္ဂ ကိုယ် စားလှယ်တွေကို လက်မခံတဲ့အပြင် နိုင်ငံတကာသတင်းထောက်တွေကိုလည်း ရွေ ကောက်ပွဲ သတင်းမယူနိုင်အောင် တိုင်းပြည်ထဲဝင်ခွင့် […]


maungmoenyoNovember 7, 20101min20519
မောင်မိုးညိုကတော့ဒီလိုတွက်မိပါတယ်… (၁) အမျိုးသားလွှတ်တော်နဲ့ပြည်ထောင်စုလွှတ်တော်၊ ပြည်နယ်နဲ့တိုင်းဒေသကြီးလွှတ်တော်အဆင့်တွေမှာဝင်အရွေးခံတဲ့ ကြံ့/ဖွံ့ပါတီဝင်တွေကမဲအပြတ်အသတ်နိုင်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့မဲလိမ်လို့သိပ်အဆင်ပြေလို့ပါ။ (၂) ခရိုင်၊နဲ့အထူးသဖြင့်မြို့နယ်နဲ့ရပ်ကွက်ကျေးရွာတွေမှာရှိတဲ့ကြံ့/ဖွံ့တွေကတော့အခက်အခဲနဲနဲပါးပါးရှိမယ်။ ဘာဖြစ်လို့လဲဆိုတော့မဲလိမ်ရင်လဲပေါ်တင်ကြီးဖြစ်နေမှာမို့ပါ။ (၃) ရန်ကုန်မှာရှိတဲ့သံတမန်နဲ့ကုလသမဂ္ဂနဲ့စာနယ်ဇင်းတွေကိုဖိတ်ကြားပြီးဖြစ်လို့သူတို့ကိုလုပ်ဇာတ်တိုက်ထားပြီးဖြစ်တဲ့မဲရုံတွေမှာ၊ စစ်တပ်နဲ့ကြံ့/ဖွံ့ကကြည်ခြေနီ/မီးသတ်ဝတ်စုံတွေခါတော်မှီလဲထားကြတဲ့လံကြုတ်တွေနဲ့မဲထဲ့တာကိုပြပြီးအတင်းဓါတ်ပုံတွေရိုက်ခိုင်းပါလိမ့်မယ်။ မဲထဲ့တာတွေ၊ မဲဆန္ဒရှင်တွေကိုငွေမြက်မြက်ကလေးပေးပြီး “လွတ်လပ်ပြီးတရားအမျှတဆုံးမဲထဲ့ရလို့ဂုဏ်ယူပါတယ်”ဆိုတာပြောခိုင်းပါလိမ့်မယ်။ ပြုံးပြုံးရွှင်ရွှင်ရယ်မောတဲ့ပုံတွေဓိတ်ပုံရိုက်ခိုင်းပါလိမ့်မယ်။ မဲရေတွက်တာ၊ မဲပုံးကိုသွန်မှောက်ပြတာတွေဓါတ်ပုံရိုက်ခိုင်းပါလိမ့်မယ်။ ပြီးတော့သူတို့အသင့်ပြင်ထားပြီးတဲ့သတင်းကိုထဲ့ခိုင်းပါလိမ့်မယ်။ ဒါပေမဲ့အခြားမဲရုံတွေကိုတော့သံဝန်ထမ်းအပါအဝင်စာနယ်ဖင်းသမားတွေသွားခွင့်ရမယ်မဟုတ်ပါဘူး။ အကြောင်းပြချက်ကတော့ရှင်းပါတယ်။ မဲဆန္ဒရှင်တွေရဲ့လွတ်လပ်စွာမဲပေးခွင့်ကိုမထိခိုက်စေရဆိုတဲ့ဥပဒေနဲ့ကိုင်ပေါက်ပါလိမ့်မယ်။ (၄)နောက်တနေ့သတင်းတွေမှာကြံ့/ဖွံ့ကအပြတ်အသတ်နိုင်ကြောင်းတွေ့ရပေမဲ့၊ ဗိုလ်သိန်စိန်အပါအဝင်ထိပ်တန်းရွေးကောက်ပွဲဝင်ဗိုလ်ချုပ်များရဲ့မျက်နှာမှာသိပ်ထူးခြားတဲ့စိတ်လှုပ်ရှားမှုတွေတွေ့ရမယ်မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့သူတို့ကအလိုအလျောက်နိုင်ပြီးသားဆိုတာအပိုင်စီစဉ်ထားပြီးဖြစ်သလို၊ အလိုအလျောက်ရခွင့်ရှိတဲ့အခွင့်အရေးလို့သူတို့ကိုယ်သူတို့သတ်မှတ်ထားကြလို့ပါ။ အောက်ပိုင်းအဆင့်မှာနဲ့ဒေသတွေမှာအရွေးခံကြသူတွေသာအောင်ပွဲခံကြမှာပါ။ (၅) ရွေးကောက်ပွဲဝင်တဲ့အခြားအတိုက်အခံပါတီများကတော့ရွေးကောက်ပွဲရလာဒ်များကိုကန့်ကွက်ကြောင်း၊တရားရုံးမှာတင်မှာဖြစ်ကြောင်း၊ ကော်မရှင်ကိုကန့်ကွက်မှာဖြစ်ကြောင်း၊ ကုလသမဂ္ဂနဲ့နိုင်ငံတကာကိုတိုင်မှာအသိပေးမှာဖြစ်ကြောင်းအသံသေးအသံကြောင်တွေနဲ့ထအော်ကြရင်းကြာတော့မောသွားပါလိမ့်မယ်။ ရွေးကောက်ပွဲပြီးတာနဲ့ရုံပုံငွေကိုင်တွယ်တဲ့ကိစ္စတွေနဲ့စကားစများကြပါလိမ့်မယ်။ အနစ်နာခံကြသူတွေအချင်းချင်းကွဲကြပြဲကြဖြစ်ကြပါလိမ့်မယ်။ သူတို့ရဲ့နိုင်ငံရေးလုပ်ကွက်တွေကသူတို့ရဲ့နောက်ကြောင်းနိုင်ငံရေးကြိုးပမ်းအားထုတ်ချက်အားလုံးကိုဖျက်ဆီရာရောက်သွားစေမှာပါ။ ပြီးတော့တပ်မတော်လုံခြုံရေးကညဘက်လာတံခါးခေါက်တဲ့ဒုက္ခကိုစတင်ကြုံကြိုက်ကြရပါလိမ့်မယ်။ (၆) နယ်စပ်တိုင်းရင်းသားဒေသတွေမှာတော့စစ်ဗိုလ်ချုပ်များနဲ့စီးပွားရေးအလွမ်းသင့်ပြီးသားတွေလဲမဲနိုင်ကြပါလိမ့်မယ်။ ယှဉ်ပြိုင်ဘက်တွေမရှိတာလဲပါပါတယ်။ (၇) လုံခြုံရေးကြောင်းရွေူကောက်ပွဲမလုပ်တဲ့ပြည်နယ်ေးသတွေမှာစစ်တပ်ကကိုယ်စားပြုတဲ့စစ်ဗိုလ်တွေကအလိုအလျောက်ကိုယ်စားလွယ်တွေဖြစ်ကြပါအုံးမယ်။ (၈) ဒေါ်စုလွတ်မြောက်လာပြီး၊လူထုနဲ့နီးစပ်ခွင့် ရက်(၉၀)လောက်တော့ရပါလိမ့်မယ်လို့ထင်ပါတယ်။ထင်ပါတယ်။  မသေခြာ(၅၀/၅ဝ % ပါ) ဘာဖြစ်လို့လဲဆိုတော့ရက်(၉၀)အတွင်းမှာအစိုးရဖွဲ့ရမှာမို့၊ စစ်အစိုးရကနိုင်ငံတကာကိုနောက်တကြိမ်သဘောထားကြီးကြောင်းပြဘို့လိုပါတယ်။ (၉) နောင်တက်လာတဲ့ အစိုးရကို(ရက် ၉ဝ အကြာမှာ) ကုလသမဂ္ဂနဲ့နိုင်ငံတကာ(မြောက်ကိုရီးယား၊အီရန်။တရုတ်စတဲ့နိုင်ငံတွေကစပြီး)ကဝမ်းမြောက်ကြောင်းသဝဏ်လွှာတွေသတင်းစာတွေမှာနေ့စဉ်ရက်ဆက်ထဲ့တာတွေ့ရမါလိမ့်မယ်။ (၁၀) […]


timothyNovember 7, 20101min1395
အားလုံးသပိတ်မှောက်ဘို့အဆင်သင့်ဘဲမဟုတ်လား။ နက်ဖြန်ခါကျုပ်တို့သပိတ်မှောက်မဲ့ရွေးကောက်ပွဲဟာအတုဆိုပေမဲ့၊ မြန်မာ့သတိုင်းမှာ ဒုတိယအရေးကြီးဆုံးနေ့ဘဲ။ ပထမအရေးပါဆုံးနေ့က ၁၉၄၈ ဇန်နဝါရီလ ၄ ရက်နေ့ အင်းဂလိပ်ကျွန်ဘဝက လွတ်လပ်တဲ့ ပထမလွတ်လပ်ရေးနေ့ဘဲ။ ၂၀၁ဝ နိုဝင်ဘာလ ရရက်နေ့ နက်ဖြန်ဟာ ကျုပ်တို့ ဖက်ဆစ်စစ်အစိုးရရဲ့ကျွန်ဘဝကလွတ်မြောက်သောနေ့ဖြစ်မယ်။ ဒုတိယ လွတ်လပ်ရေးနေ့ဘဲ။ ဒီစစ်အစိုးရကိုခေါတ်အဆက်ဆက်လူထုနည်းနဲ့ဖြုတ်ချဘို့လုပ်ခဲ့တယ်။ စီးလုံးညီညွတ်မှုမရှိ၊အခြေအနေကလဲမပေး၊ ဖက်ဆစ်အာဏာရှင်ရဲ့ရက်စက်စွာအစုလိုက်အပြုံလိုက်ပြစ်သတ်တာတွေကြောင့်မအောင်မြင်ခဲ့ဘူး။ အလုပ်သမား၊လယ်သမား ကနေစသတ်လာတာ ကျောင်းသား၊ကျောင်းသားငယ်လေးတွေလဲချမ်းသာမပေးဘဲသတ်ဖြတ်လာတယ်။ နောက်ဆုံးဘုရားသားတော်များဖြစ်တဲ့သံဃာတော်အရှင်မြတ်များကိုပါအစုလိုက်သတ်ဖြတ်တဲ့အထိလက်ရဲဇက်ရဲ ဘီလူးသဗက်ထလာတယ်။ အရပ်ထဲဝင်ပြီးပြစ်ခတ်လက်စွမ်းပြလာတဲ့အထိသောင်းကျန်းနေတယ်။ ကိုယ့်တိုင်းပြည်မှာဖိနှိပ်တဲ့စစ်အစိုးရကိုလူထုအားမှတပါးဘာသူမှ မဖြုတ်ချနိုင်ဘူး။အန်တီစုတယောက်ထဲနဲ့လဲမတပ်နိုင်ဘူး။သူလိုပြည်သူချစ်တဲ့လူထုခေါင်းဆောင်လဲပြည်စူလူထုအင်အားမပါဘဲဘာမှမတပ်နိုင်ဘူး။ တိုင်းတပါးဒီမိုကရေစီနိုင်ငံများ၊ဒီမိုကရေစီခေါင်းဆောင်များ၊လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ United Nations လဲ သူများနိုင်ငံအရေးမှာဝင်ရောက်စွက်ဖက်လို့မဖြစ်နိူင်ဘူး။ ပါးစပ်ပြောလောက်ဘဲကူနိူင်တယ်။အမေရိကန်၊အင်းဂလိပ် နဲ့ဥရောပနိုင်ငံများမှာလဲစီးပွါးရေးကပ်ဆိုက်နေတာကတကြောင်း၊စစ်အစိုးရရဲ့မဟာမိတ်ဆွေများဖြစ်တဲ့တရုပ်၊ကုလားခေါင်းဆောင်များနဲ့တွေ့တော့လဲကုန်သွယ်ရေးစီးပွါးရေးကိစ္စများသာပြောဖြစ်ပြီး မြန်မာအရေးကဘေးဖယ်ခံရတာများတယ်။ ခုဒီရွေးကောက်ပွဲဟာ United Nations နဲ့ တရုပ်၊ကုလားအပါအဝင်ကမ္ဘာ့နိုင်ငံများလိုအပ်တဲ့ ြမန်မာပြည်၏ကံကြမ္မာကိုမြန်မာပြည်သူလူထုသာလျှင်ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ရှိရမည် ဆိုတဲ့ လူရိုသေရှင်ရိုသေ၊တရုပ်ကုလားရိုသေ၊ သန်းရွှေဖင်တုန်အောင်ကြောက်တဲ့ ပြည်သူလူထုရဲ့ဆန္ဒကိုလူထုအင်အားနဲ့ဘဲကမ္ဘာကိုကြေငြာလို့ရပါမယ်။ ဒီလိုရွေးကောက်ပွဲနေ့မှာလူတိုင်းကိူယ့်အသိစိတ်ဓါတ်နဲ့ကိုယ်တာဝန်သိသိနဲ့ မဲမပေး၊မဲရုံမသွား၊ပါယ်မဲပေး အစရှိတဲ့ရွေးကောက်ရေးပျက်စီးဆုပ်သိမ်းရေးသပိတ်တိုက်ပွဲဟာပြည်သူလူထုအတွက်အန္ဒရာယ်ကင်းဘေးကင်းပြီး စစ်တပ်ရဲ့ကျွန်အဖြစ်မှလွတ်မြောက်မဲ့ ဗမာ့ထွက်ရပ်လမ်းပါဘဲ။ ဒီလိုရတောင့်ရခဲအခွင့်အရေးကိုပေးတုန်းမှာမလုပ်ခဲ့ရင်တော့ဒီတသက်မဟုတ်ဘူး၊နောက်၁ဝသက်တောင်ဒီလိုရက်မျိုးရဘို့မလွယ်ဘူး။ […]


kaiNovember 6, 20101min18117
ရရှိထားသော စစ်တမ်းအရ မြန်မာလူထုသဘောထားနှင့် သတင်းများကိုအခြေခံ၍ ခန့်မှန်းတွက်ချက်ပါသည်။ အချက်အလက်သာ အခြေခံပြီး ဘက်လိုက်ခြင်းမရှိ။ ပြည်ထောင်စုတစ်ဝန်းလုံးရှိ လူဦးရေစုစုပေါင်း – ၅၇,၅၀၄,၃၆၈ (၂၀၀၈) ဆန္ဒမဲပေးခွင့်ရှိသူဦးရေ – ၂၇,၃၆၉,၉၅ရ (၂၀၀၈) ရွေးကောက်တင်မြှောက်သည့်ကိုယ်စားလှယ်စုစုပေါင်း – ၄၉၈ 1. ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် – ၃၃၀ 2. အမျိုးသားလွှတ်တော်ကိုယ်စားလှယ် – ၁၆၈ 3. တပ်မတော်သားကိုယ်စားလှယ်(လွှတ်တော်နှစ်ရပ်ပေါင်း) – ၁၁၀+၅၆ = ၁၆၆ ခန့်မှန်းချက်( 6th Nov 2010) ၁။ ဆန္ဒမဲပေးခွင့်ရှိသူအားလုံး၏ 85+%အထက်မဲပေးလိမ့်မည်။ (ပယ်မဲကို မဲပေးသည်ဟု ကောက်ယူသည်) ၂၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် လွှတ်တော်နှစ်ရပ်ပေါင်း၏ရာခိုင်နှုန်း 60+% အထက်အနိုင်ရလိမ့်မည်။ အမတ်စုစုပေါင်း 298+ ၃။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ […]


timothyNovember 6, 20101min730
နက် ဖန်ခါ ဒီသီတင်းကကမ္ဘာကိုတုန်လှုပ်သွားစေရမယ်။ သန်းရွှေအခက်၊ဗမာ့အချက်တဲ့။ နှစ်ပေါင်းများစွာစစ်ဘိနက်အောက်ပြားပြားဝပ်အောင်ခါးဆီးပြီးခံခဲ့ရတာတွေ၊ ဒီနေ့မှာကျုပ်တို့အလှည့်ပေါ့လေ။ အလှဲ့ကြတော့မနွဲ့စတမ်းပေါ့သန်းရွှေ။ နက်ဖန်ခါရွေးကောက်ပွဲနေ့မှာကျုပ်တို့တခြားဟာကြိုက်တာလုပ်မယ်။ ၂ခု၊ အဲဒီ၂ခုကိုကျုပ်တို့လုံးဝ မလုပ်ဘူး။ ၁) မဲမပေးဘူး၊ ၂)မဲရုံမသွားဘူး။ ၁) ရဲ့ ရည်ရွယ်ချက်က ရွေးကောက်ပွဲအတုကိုပေးတဲ့မဲ တစ်ခုမှမရှိဘူး။ ၂)ရဲ့ ရည်ရွယ်ချက်က မဲရုံတွေမှာ လူမရှိ၊ ဗလာမဲရုံ။ ကျုပ်တို့ကိုယ့်အသိစိတ်ဓါတ်၊ ရင်ထဲကအလျိုအလျှောက်ပေါက်ဖွါးလာတဲ့စိတ်ဓါတ်နဲ့သပိတ်မှောက်ကြတာဘဲ။ ဒါကျုပ်တို့တဥိးချင်းရဲ့ကိုယ်ပိုင်ဆန္ဒ၊ ဘယ်သူတဦးတယောက်မှလှည့်ပါတ်ချိမ်းချောက်ပြီးလုပ်ခိုင်းလို့မရတို့ယ်ပိုင်စိတ်ဆန္ဒ။ သန်းရွှေဆိုတဲ့ငမိုက်သားနဲ့ဘာမှမဆိုင်၊ဘာမှမလုပ်နိုင်တဲ့ကိစ္စဘဲ။ ဟေ့ကောင်သန်းရွှေ၊ မင်းကငါတို့ကိုအတင်းအဓမ္မမဲထဲ့ခိုင်းဘို့လာစမ်းကြည့်စမ်းပါ။ အဲဒီနေ့မှာငါတို့အားလုံးဟာနင့်ကျွန်မဟုန်တော့ဘူး။ ဖမ်းရဲ၊ရိုက်ရဲရင်လုပ်လိုက်လေ၊ ဒါငါတို့ရဲ့နေ့ဘဲ။ နင်ဘဲဖမ်းနိုင်မလား၊ငါတို့ကဘဲအဖမ်းခံနိုင်မလား၊ ကြည့်သေးတာပေါ့။ နင့်မှာငါတို့ဖါသာမဲမပေးချင်လို့ကိုယ့်ဖါသာကိုယ့်အခွင့်အရေးနဲ့ဘာမှနင့်ကိုမလုပ်ဘဲနေတဲ့ သန်း၂၀၊ အဲဒီသန်း၂ဝကျော်ကိုဖမ်းချုပ်ဘို့၊ သို့လော သို့လောနဲ့နင်ဘာတတ်နိုင်တာရှိလဲ။ မဲမပေးတဲ့လူတွေကိုသေနပ်တွေနဲ့ဒုတ်ဒါးမျက်ရည်ယိုဗုံးတွေနဲ့လုပ်ဘို့အကောက်ကြနေပြန်ပြီလား။ တကမ္ဘာလုံးကနက်ဖြန်နင်တို့စစ်ဖက်ဆစ်တွေကိုမီးမှောင်းထိုးပြီးကြည့်နေကြပြီ။ သံတမာန်တွေလဲအပြည့်ဘဲ၊နင့်ကိုစောင့်ကြည့်နေကြတယ်။ ကမ္ဘာ့အင်အားအကြီးဆုံးသမ္မတ္မ Mr အိုဘားမားလဲ အာရှတခွင်လှည့်လယ်ရင်းနင့်ကိုစောင့်ကြည့်ဘို့ရောက်နေပြီ။ တုန်နေပြီပေါ့။ ဒီ့ထက်နင်ကြောက်စရာအကောင်းဆုံးကတော့ ကမ္ဘာမှာအင်အားတကာ့အင်အားအရာမှာဘယ်သူမှမယှဉ်နိုင်တဲ့ လူထုအင်အား၊ နင်တသက်လုံးစိတ်ကြိုက်ဖိနှိပ်စက်သတ်ဖြတ်ခဲ့တဲ့လူထုအင်အား၊ နင့်မတောက်တခေါက်မီးကျိုးမောင်းပျက်၄သိန်းလောက်မရှိတရှိစစ်ခွေးတွေဘယ်လိုမှမယှဉ်နိူင်တဲ့ သန်း၅ဝ […]


True FaithNovember 6, 20101min871
ရွေးကောက်ပွဲ မတိုင်မီ ၂၀၀၈ အခြေခံ ဥပဒေနဲ့ ပတ်သက်တဲ့ မတရားတဲ့အချက်တွေကို ဆောင်းပါးတပုဒ်အဖြစ် ရေးသားတင်ပြချင်တာ ကြာနေပါပြီ။ သို့သော် အလုပ်တဖက်နှင့်မို့ မရေးဖြစ်ခဲ့ပါ။ ဒီအချိန်မှာပဲ ဒေါက်တာလွဏ်းဆွေ ဘလော့ဘ်မှာ တင်ထားသည့် ၂၀၀၈ အခြေခံ ဥပဒေကို ရှင်းလင်းထားသည့် ပေးစာတစောင်ကို တွေ့လိုက်ရသဖြင့် သူငယ်ချင်း မိတ်ဆွေများအတွက် အသိပညာ ဗဟုသုတ တိုးစေဖို့၊ မဲပေးမယ်ဆိုရင်လည်း စဉ်းစားနိုင်ဖို့အတွက် တင်ပြပေးလိုက်ပါသည်။ Ture Faith …………………………………………………………………………………. ရေးသူ – အိပ်ပျော်နေသော ဒီဂျစ် ၂၀၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြရန် တိုက်တွန်းနှိုးဆော်ရသည့် အဓိကအချက်မှာ စစ်အစိုး ရ၏ ၂၀၀၈ အခြေခံဥပဒေသည် စစ်အာဏာရှင်စနစ်ဆိုးကို အမိမြန်မာပြည်တွင် ထာဝရတည်မြဲစေရန် ဖန်တီး ရေးဆွဲထားသောကြောင့်ဖြစ်ပါသည်။ မြန်မာလူမျိုးအများစုကို မေးလိုက်လျှင်၂၀၀၈ အခြေခံဥပဒေသည် […]


နအဖရွေးကောက်ပွဲကို သပိတ်မှောက် ဆန် ့ကျင်သည့်အနေဖြင့် နအဖ၏ ဝါဒဖြန် ့ချီရေး အင်တာနက်စာမျက်နှာများအား ၎င်းတို ့ ရွေးကောက်ပွဲ ကျင်းပမည့်နေ ့တွင် ကြည့်ရှူမရစေရန်အတွက် တားမြစ်ပိတ်ပင်ပြောင်းလဲပြစ်လိုက်ပါသည်။ နအဖရဲ ့ ရွေးချယ်ထားပြီးသားသူများနဲ ့ ကောက်ကျစ်စွာ ကျင်းပတဲ့ စီစဉ်ကျင်းပသည့် နအဖ ၂၀၁ဝ ရွေးကောက်ပွဲအား ပြည်သူလူထုမှ သပိတ်မှောက်ရန် တိုက်တွန်းလိုက်ပါသည်။ ဤ အွန်လိုင်းမှနေ၍ နအဖရွေးကောက်ပွဲဆန် ့ကျင်ရေးသပိတ်မှောက် လုပ်ဆောင်မှုအား ( လူထုတိုက်ပွဲကော်မတီ ၂၀၁ဝ – People Action Committee ) နှင့် မျိုးချစ် ပြည်သူ များမှ ပြုလုပ်ခြင်း ဖြစ်သည်။ နအဖ ၂၀၁ဝ ရွေးကောက်ပွဲ အလိုမရှိ။ နအဖ ၂၀၁ဝ ရွေးကောက်ပွဲ အလိုမရှိ။ […]


timothyNovember 4, 20101min740
ဝက်ဘ်ဆိုက်အတော်များများမှာ ရွေးကောက်ပွဲမှာမဲမပေးရင် အဲဒီနေ့လဲပြီးရော အဖမ်းခံရမှာလား။ ဘာအပြစ်ပေးခံရမှာလဲအစရှိသဖြင့်ကြောက်ရွံ့သံတွေဟာတကယ်ဘဲလား၊ ဒလန်ဒလက်တွေရဲ့လက်ချက်လားတော့မသိဘူး။ အဲဒါကိုရှင်းပြရရင်တိုတိုနဲ့လိုရင်းကတော့ဘာမှမဖြစ်ဘူး။ သေနပ်နဲ့အပြစ်မခံရဘူး။အရိုက်မခံရဘူး။ထောင်မကျဘူး။ စစ်အစိုးရပြုတ်ကျနိုင်တယ်။ စိတ်အချရဆုံးနဲ့လူအသေအပျောက်အဖမ်းအဆီးမဲ့ပြီးအန္ဒရာယ်ကင်းတဲ့၊ တနည်းအားဖြင့်ဒီနည်းဟာိုဒီမိုကရေစီဗမာများကိုပေးမဲ့ တစ်ခုတည်းသောဗမာ့ထွက်ရပ်လမ်းဘဲ။ လူသန်း၂ဝကျော်သပိတ်မှောက်ပြီးမဲမပေးရင်မိန်းမရွှင်သန်းရွှေရဲ့၁သန်းလောက်တောင်မရှိတဲ့လောလောဆည်လိမ်မဲကသဲထဲရေသွန်အသုံးမကျဖြစ်ရောပေါ့။ ရွေးကောက်ပွဲနေ့မှာသန်းရွှေတို့လူကြီးလူကောင်းအယောင်ဆောင်အမြီးကုပ်နေရမယ်။နိုင်ငံတကာကလဲဗမာပြည်ကိုမီးမှောင်းထိုးထားမယ်။ လူကြီးလူကောင်းအရောင်ဆောင်သန်းရွှေတယောက်လဲသံတမာန်များရှေ့မှာဟန်ကို့ပြီးချွေးစည်းကျံနေလို့ သေနပ်တို့အမြှာက်တို့မစဉ်းစားဘူး။ လူဆိုးဗိုလ်ဥပုသ်ဆောက်တည်တဲ့နေ့လို့ဘဲဆိုပါစို့ဗျာ။ အဲဒီရွေးကောက်ပွဲနေ့ဟာသန်းရွှေအခက်၊ဗမာ့တော်လှန်ရေးအချက်ဘဲ။ ဒီလိုနေ့မျိုးအခြေအနေမျိုးစောင့်နေတာဘယ်လောက်ကြာပြီလဲ။ ဒါကိုသိထားလို့နိုင်ငံခေါင်းဆောင်များကရွေးကောက်ပွဲကိူသပိတ်မှောက်ကြဘို့မီးမှောင်းထိုးညွှန်ပြနေကြတာဘဲ။ စစ်အစိုးရကဒီလူထုကြီးရွေးကောက်ပွဲသပိတ်မှောက်မှာကိုအသေကြောက်ဘဲ။ သူတို့ဘာမှမတင်္တနိုင်ဘူးလေ။ ဒါ့ကြောင့်လဲရွေးကောက်ပွဲကိုလူထုကသပိတ်မှောက်ရင် ရွေးကောက်ပွဲအလိမ်ကိုဖျက်သိမ်းမယ်လို့ကြေငြာနေပြန်ပြီ။ သူတို့ဒီလိုနောက်ဆုတ်လို့လဲမရတော့ဘူး။ ရွေးကောက်ပွဲနေ့ဟာကျနော်တို့ရဲ့ကံကြမ္မာ၊ စစ်အစိုးရရဲ့ကံကြမ္မာတွေကိုအဆုံးအဖြတ်ပေးမဲ့နေ့ the day of Judgement ဘဲ။ အပြစ်ရှိတဲ့ရာဇဝဋ်ကောင်သန်းရွှေတို့တတွေရွေးကောက်ပွဲသပိတ်ကိုကြောက်လို့သူတို့ငယ်နိုင်ရိုးသားဖြူစင်တဲ့ပြည်သူလူထုကိုဖြဲပြီးချောက်နေတာဘာမှကြောက်စရာမလိုပါဘူး။ ဒီကမ္ဘာမှာနိုင်ငံတိုင်းလေးစားရတဲ့စွမ်းအားအထက်ဆုံးနဲ့ သန်းရွှေအကြောက်ဆုံးလူထုအင်အားကိုယုံကြည်စိတ်နှလု့းသွင်းပြီးပြည်လုံးကြွတ်သပိတ်မှောက်ကြပါ။ ဘယ်သူ့သွေးဆောင်ဖြားယောင်းမှုကိုမှနားမယောင်ဘဲ ပြည်သူတရပ်လုံးချစ်တဲ့အန်တီစု ပြောစကားအတိုင်းတတိုင်းပြည်လုံးရွေးကောက်ပွဲနေ့မှာမပျက်မကွက်သပိတ်မှောက်ကြပါစို့။


kaiNovember 4, 20101min25817
မန္တလေးဂေဇက်သည် လူထုကို ဘယ်တော့မှ တပါတ်မရိုက်..။ 🙂 ဒါကြောင့် စစ်တမ်းကောက်ယူမှာဖြစ်ပါတယ်..။ မဲပေးသူများကို မှတ်တမ်းမတင်ထားပါ။ မန်င်ဘာမဟုတ်သူများလည်း လုပ်ပေးကြစေလိုပါတယ်။ အမှန်တကယ်သေချာစဉ်းစားပြီမှ ဖြေစေလိုပါတယ်..။ တခါဖြေ တခုနှုန်းနဲ့ မိဘဆွေမျိုးမောင်နှမ ကိုယ်စားပါ ဝင်ဖြေပေးနိုင်ပါတယ်။ Poll က ၅မိနစ်တခါ ပြန်ပွင့်မှာမို ့ပါ။ ဘယ်လိုဖြစ်ဖြစ် နိုဝင်ဘာ ၁ဝ ရက်လောက်ဆို အဖြေထွက်နေမှာ ဖြစ်တာမို ့မန္တလေးဂေဇက်ပရိသတ်က မြန်မာလူထုကို ဘယ်လောက်ကိုယ်စားပြုနိုင်သလဲ ပေါ်လွင်မှာဖြစ်ပါတယ်။ ကွင်းထဲက ဟာတွေက ခုံနေရာတွေပါ..။ ပထမတခုက (ပြည်သူ့လွှတ်တော်)၊ ဒုတိယက (အမျိုးသားလွှတ်တော်) ထိုင်ခုံနေရာတွေပါ..။ ဆိုင်ရာပါတီတွေ ဝင်ပြိုင်ထားတဲ့ ခုံနေရာဆိုပါတော့..။ သိပ်တော့ မပြည့်စုံသေးပါဘူး..။ အင်တာနက်တွေ၊ ဂျာနယ်တွေထဲ နည်းနည်းပါးပါး မွှေနှောက်လိုက်ပါဦးမယ်..။ ပြီးမှ ရတဲ့အချက်အလက်တွေ လာရေးပါမယ်..။ သိချင်တာတွေ ရေးချင်တာတွေ။ […]