darkooskyOctober 22, 20101min741
ဘယ်သူတွေ ဘယ်လိုပြိုင်ကြမှာလဲ လာမယ့်ရွေးကောက်ပွဲမှာ၃ရပါတီ ပြိုင်ကြမှာဖြစ်ပါတယ်။အဲဒီထဲကတစ်ချို့ကနိုင်ငံအဆင့် ပြိုင်မယ့် ပါတီများ ဖြစ်ပြီး တစ်ချို့ ကတော့ ပြည်နယ် အဆင့်မှာပဲ ပြိုင်ကြမှာ ဖြစ်ပါတယ်။ အခြေခံ ဥပဒေအရ ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်နဲ့ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်ဆိုပြီး ဥပဒေပြု အဖွဲ့အစည်း သုံးရပ်အတွက် ပြိုင်ရမှာ ဖြစ်ပါတယ်။ ပြည်တွင်းထုတ် ဂျာနယ်များကနေပြီး ဘယ်ပါတီတွေက ဘယ်လွှတ်တော်မှာ ဘယ်လို ဝင်ပြိုင်ကြမယ် ဆိုတာကို စုစည်း လေ့လာခဲ့ပါတယ်။ ပါတီအားလုံး မရပေမယ့် အရေးကြီးတဲ့ ပါတီတွေအတွက် လေ့လာလို့ ရသလောက် အခြေအနေကို အောက်မှာ ဖော်ပြ ပေးထားပါတယ်- ပါတီပြည်သူ့လွှတ်တော်အမျိုးသားတိုင်း/ပြည်နယ်တိုင်းရင်းသားပေါင်း ပြည်ခိုင်ဖြိုး၃၁၄၁၅၉၆၁၂၂၇၁၁၁၂ တစည၂၉၄၁၄၉၅၃၅၁၇၉၉၅ NDF၁၀၂၃၄၂၃-၁၅၉ ရှမ်းတိုင်းရင်းသား၄၅၁၅၉၃၃၁၅၆ ဒီမိုကရက်တစ်ပါတီ၂၂၉၁၆-၄၇ ရခိုင်တိုင်းရင်းသား၁၂၈၂၃၁၄၄ ၈၈မျိုးဆက်၂၈၆၅-၃၉ မတူကွဲပြားခြင်း၃၂၂-၇ […]


ဂ်စ္စူOctober 22, 20101min983
မြန်မာနိုင်ငံ၏ အနှစ် ၂ဝ ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ကျင်းပမည် ဖြစ်သော ၂၀၁ဝ ရွေးကောက်ပွဲတွင် ပြည်တွင်းရှိ သံရုံးများမှ သံတမန်များ၊ ကုလသမဂ္ဂမှ တာဝန်ရှိသူများမှ အပ ပြည်ပမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းများကို ဖိတ်ကြားရန် ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်တွင် အစီအစဉ် မရှိကြောင်း၊ နိုင်ငံတကာမှ သတင်းထောက်များ လာရောက်ခွင့် ပြု မပြု ဆိုသည့်ကိစ္စမှာ ပြန်ကြားရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန စသည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ အပိုင်းသာ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးသိန်းစိုးမှ ယခုလ ၁၈ ရက်နေ့က နေပြည်တော်တွင် သတင်းထောက်များသို့ ပြောကြားခဲ့ကြောင်း ကြားသိရသည်။ သံတမန်များသည် သက်ဆိုင်ရာ နိုင်ငံများ၏ ကိုယ်စားလှယ်များ ဖြစ်သောကြောင့် […]


MandalayTharOctober 22, 20101min1646
ဒီနေ့ မနက် ၉နာရီ (၂၂ အောက်တိုဘာ ၂၀၁၀) စင်္ကာပူရှိ မြန်မာသံရုံးကို ဆက်ကြေးသွားပေးတာ (အဲယောင်လို့ အခွန်သွားဆောင်တာ)။ သံရုံးမရောက်ခင် အရင်ဆုံးသတိထား ကြည့်မိတာ အလံဘဲ။ မြန်မာသံရုံး အလံက လွင့်ထားတာ အလံအဟောင်းဘဲဗျ ဘာ အလံသစ်ကိုမှ မပြောင်းသေးဘူးဗျာ။ အလံသစ်ဘဲ မရှိလို့လား၊ ပိုက်ဆံယူဖို့ဘဲ လုံးပမ်းနေလို့လား၊ ဘာညွှန်ကြားချက်မှ မရလို့လား။ အလံသစ်ကို သူတို့လည်း စိတ်မဝင်စားလို့လား။ သံရုံးမှာ ဗုဒ္ခဟူးသားနဲ့ အင်္ဂါသားဘဲ မရှိလို့လား။ သံအမတ်ကြီးက တပ်ချုပ်ကြီးရဲ့ အမိန့်ကို အာခံတာလား။ ဘာပြောပြော သူတို့လဲ အလံဟောင်းဘဲ တင်မယ်ကွာ ဆိုပြီးတင်တာလား။ မြန်မာသံရုံးက ဒီကောင်တွေ ပြည်တွင်းမှာ လုပ်ချင်တာ ငါတို့ ပြည်ပမှာ လုပ်ချင်တာလုပ်မယ် ကွာဆိုပြီးလား မသိပါဘူး။ အလံသစ်ကို မပြောင်းဘူးဗျာ။ […]


timothyOctober 21, 20101min630
မဲမပေးဘို့၂၀၁ဝ ရွေးကောက်ပွဲကိုပြည်လုံးကြွတ်သပိတ်မှောက်ကြဘို့အားလုံးကိုနှိးဆော်ထားပါတယ် NLD နဲ့တော်လှန်ရေးအဖွဲ့များကလဲ်းသပိတ်မှောက်ကြဘို့အားလုံးကိုနယ်လှဲ့နှိးဆော်နေပါတယ် ကျနော်ပြောတာကအားလုံးမဲပေးဘို့ကိတ်စများမှာဘာမှဝင်မပါလျစ်လျူရှုဥပက္ခာပြုကြပါ NDF ဆိုတဲ့ကောင်တွေဟာအရောင်ဆောင်သစ်စာဖောက်တွေဘဲ  ကြံ့ဖွတ်ကလွဲလို့ကျန်တဲ့ပါတီမဲထဲ့မယ်ဆိုလို့ကတော့ သန်းရွှေဆင်တဲ့ထောင်ချောက်ထဲတတိုင်းပြည်လုံးအကျဘဲ နားမယောင်ကြပါနဲ့ ရှင်းအောင်ပြောမယ် ပေးသမျှမဲအကုန် ဗိုလ်သန်းရွှေမဲဖြစ်အောင် နဝတ က ကလိန်စိဥဏ်းဆင် အသင့်ပြင်ထားပြီ မဲရုံရှေ့မှာ၁ဝယောက်ထက်ပိုရှိလို့ကတော့ဓါတ်ပုံနဲ့သတင်းစာထဲအပါဘဲ  ရောင်လို့မှမဲရုံနားမသွားမိစေနဲ့  ဗိုလ်သန်းရွှေကိုထောက်ခံတဲ.အထဲပါသွားမယ် ဒေါ်အောင်ဆန်းစုကြည်မပါတဲ့ပွဲငါတို့မဲမပေးဘူး ၂၀၁ဝ ရွေးကောက်ပွဲကိုပြည်လုံးကြွတ်သပိတ်မှောက်ကြစို့ ၂၀၁ဝ ရွေးကောက်ပွဲမရှုမလှကျဆုံးရမည် ဗိုလ်သန်းရွှေကို ၂၀၁ဝ ရွေးကောက်ပွဲနဲ့အတူအပြုတ်ဆော်ကြမည် ဒီမိုကရေစီ အောင်ရမည် အရေးကြီးပြီ သွေးစည်းညီညွတ်ကြပါစို့ ဒီစာတမ်းကိုလဲမြန်မာပြည်တဝှမ်းဖြန့်ဝေပေးကြပါ


timothyOctober 19, 20101min711
ရွေး ကောက် ပွဲ ၂၀၁ဝ ဟာ ဘို သန်း ရွှေ စိတ် တိုင်း ကြ တတိုင်း ပြည်လုံး စစ် ကျွံ ဘဝ ရောက် အောင် စီ မံ ထား တာ ဘဲ     သူက တော့ လိမ် ညာ ကျုု ပ် တို. ကို သူ. ကျွန် အ ဖြစ် လုပ် ချင် တာ လုပ် မှာ ဘဲ  ပြည် သူ သန်း ပေါင်း များ စွာ ဆ        န် ဒ ပြ တာ ကို ရက် စက် […]


cobraOctober 16, 20101min1027
ရွေးကောက်ပွဲအတွက် ကြိုတင်မဲကို အတင်းပေးခိုင်း၍မရကြောင်း၊ ပြည်သူတယောက်သည် မဲမပေးလိုပါက မဲမပေးဘဲ နေနိုင်ကြောင်း ရေးသားထားသည့် စာများနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံပါသည့် လက်ကမ်းကြော်ငြာစာများ ရန်ကုန်တွင် ဖြန့်ဝေနေသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။ ရန်ကုန်မြို့တွင်း ကျောက်တံတားမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ လသာမြို့နယ်တို့တွင် ယင်းသို့စာရွက်များ ဖြန့်ဝေနေခြင်းဖြစ်ကြောင်း ကျောက်တံတားမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။ “မနေ့က ကျနော်တို့ ဆိပ်ကမ်းသာလမ်းမှာ ဝေသွားတာပဲ။ ဘယ်သူဝေတယ် ဆိုတာ မသိပေမယ့် ဝေသွားတဲ့စာရွက်မှာ ဒေါ်စုပုံပါတယ်။ ကျနော်တို့လည်း ဒေါ်စုပုံပါတာတွေ့တော့ လိုက်တောင်းတာပေါ့။ ကျနော်တို့ ဒေါ်စုပုံ မတွေ့ရတာ ကြာပြီလေ” ဟု ကျောက်တံတားမြို့နယ် (၉) ရပ်ကွက်တွင် နေထိုင်သူတဦးက ပြောသည်။ အဆိုပါစာရွက်တွင် “ရွေးကောက်ပွဲဥပဒေနှင့် ဆန့်ကျင်ပြီး မသမာမှုတွေ့ရှိရင် ပြည်သူတွေအနေနဲ့ ရဲစခန်းကို တိုင်ရမယ်” ဟု […]


cobraOctober 16, 20101min865
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို မဲမပေးရန် ဌာနဆိုင်ရာ အရာရှိကိုယ်တိုင် ပြောသည့်အတွက် အောက်ခြေဝန်ထမ်းများ ဝမ်းသာရကြောင်း အစည်းအဝေးတက်ရောက်ခဲ့သည့် ဝန်ထမ်းတဦးက ပြောသည်။ ဧရာဝတီတိုင်း၊ ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးမြင့်စိုးက ယခု (၁၃) ရက်နေ့က ပြုလုပ်သည့် ငါးလုပ်ငန်း အစည်းအဝေးတွင် ပြောဆိုခြင်းဖြစ်သည်။ “တော်တော်အံ့ဩသွားတယ်၊ ငါးလုပ်ငန်းနဲ့ ပတ်သက်တဲ့ အစည်းအဝေးမှာ ပြောတာ၊ အဲဒီမှာ ကြံ့ဖွံ့နဲ့ပတ်သက်ရင် မဲမပေးဖို့ ပြောတယ်၊ ပေးခဲ့မယ်ဆိုရင် တခုခုအစီအစဉ်နဲ့ ပြုတ်အောင်လုပ်မယ် ပြောတယ်၊ ထည့်ခဲ့ရင်လည်း အရေးယူမယ်ဆိုပြီး ပြောတာ၊ ဝန်ထမ်းတွေလည်း ဒီလိုပြောတော့” ဟု ဝန်ထမ်းတဦးက ပြောသည်။ ဝန်ထမ်းများအနေဖြင့်လည်း ယခင်ကတည်းက ကြံ့ဖွံ့ပါတီကို မနှစ်သက်ကြသည့်အပြင် ၂၀၁ဝ ရွေးကောက်ပွဲတွင်လည်း မည်သည့်ပါတီကိုမှ မဲပေးခြင်းမပြုဘဲနေရန် ဆုံးဖြတ်ထားကြောင်း ၎င်းက ဆက်ပြောသည်။ “ကျနော်တို့ ဝန်ထမ်းတွေကတော့ […]


ဂ်စ္စူOctober 15, 20101min1177
သာယာဝတီမြို့နယ်တွင်းမှာ ရှိတဲ့ ပြည်တောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တွေမှာ သင်္ဘောဆေးနီတွေနဲ့ ကြံ့ဖွံ့မကျေနပ်ဖူး ဆိုတဲ့ စာသားတွေနဲ့ ဆေးနီပက်ဖျန်းတဲ့ လှုပ်ရှားမှုတွေ ဒီကနေ့ မနက် ၄ နာရီလောက်မှာ ဖြစ်ပွားခဲ့တယ်လို့ သာယာဝတီမြို့ခံတဦးက RFA ကို ပြောပါတယ်။“ခရိုင်ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ဆိုင်းဘုတ်တွေပေါ်မှာကော နောက် အုတ်နံရံ တံတိုင်းတွေပေါ်ကော နောက် ကားဘေးတွေ ကားရပ်ထားတဲ့ ကားဘေးတွေမှာကော လိုက်ပြီးတော့ စာရေးကြတာ၊ ကြံ့ဖွံ့မကျေနပ်ဘူးပေါ့၊ တချို့နေရာတွေကျတော့ မမှီတဲ့နေရာတွေကျတော့ ကြံ့ဖွံ့ဆိုင်းဘုတ် အကြီးကြီးတွေ ရှိတဲ့နေရာတွေကျတော့ အကုန်လုံး ဒီ ဆေးနီတွေနဲ့ ပက်ပစ်လိုက်တာပေါ့၊ နေရာတော်တော်များတယ် အကို၊ ခုနစ်နေရာ ရှစ်နေရာလောက် လုပ်ပစ်လိုက်တာ သူတို့။” ဒီ ဆေးနီပက်ဖျန်းမှုတွေကို လှုပ်ရှားဆောင်ရွက်ခဲ့ကြသူတွေဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကိုတော့ အတိအကျ မသိရှိရပေမဲ့ သာယာဝတီမြို့နယ်အတွင်း […]


CharTooLanOctober 15, 20101min1437
စည်းလွတ်ဝါးလွတ်နဲ့ အာဏာမြဲဖို့အရေးလောက်သာ ဇောကပ်နေတဲ့ ကြံ့ဖွံ့ပါတီဝင်တွေကိုတော့ သိကြားမင်းက ဝမ်နင် (warning) ပေးလိုက်ပါပြီ။ ဖြစ်ပုံက ဒီလိုပါ။ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ ကြံ့ဖွံ့က စည်းရုံးရေးမှူး ၂ ယောက်နဲ့ လွှတ်တော် အမတ်လောင်း ၁ ယောက်တို့ မဲဝယ် (အဲလေ … ယောင်လို့) မဲဆွယ်ဖို့ ခရီးအသွားမှာ မိုးကြိုးပစ်ခံရလို့ပါပဲ။ သိကြားမင်းက အမြည်းသဘောနဲ့ တီးလိုက်တာဆိုတော့ သေတော့ မသေပါဘူးတဲ့။ ဒဏ်ရာတော့ အကြီးအကျယ် ရသွားပါသတဲ့။ (စက်ကွင်းမိသွားတဲ့ သဘောပေါ့) ပြီးခဲ့တဲ့ ၄ ရက်လောက်တုန်းက လဟာကြီးရွာကနေ စက်လှေနဲ့ ထွက်မလို့ ပြင်နေတုန်း မိုးကြိုးပစ်ခံရတာပါ။ စည်းရုံးရေးမှူး ဦးကျော်ဆွေလွင်ဆိုသူ ခေါင်းမှာ ဒဏ်ရာပြင်းထန်စွာ ရသွားပြီး အမတ်လောင်း ဦးဝေခိုင်နဲ့ စည်းရုံးရေးမှူး ဦးထွန်းသွေးတို့ကတော့ သတိလစ်သွားပါသတဲ့။ […]


smytu1996October 3, 20101min1216
၂၀၁ဝ ခုနှစ်၊နိုဝင်ဘာလ (၇) ရက်နေ့မှာပြုလုပ်မဲ့ နအဖစစ်အစိုးရ၏ မစစ်မှန်သော၊လုပ်ကြံဖန်တီးထားသော၊ ပြည်သူလူထုအားလုံးစစ်ကျွန်အဖြစ်သက်တမ်းရှည်အောင်တစ်ဖက်သတ်အဓမ္မအနိုင်ယူမည့်ရွေးကောက်ပွဲကို မဲဆန္ဒမပေးကြရန်ပြည်သူလူထုအများကအခိုင်အမာဆန္ဒပြုထားကြပါသည်။သို့သော်စစ်အစိုးရဖန်တီးသော ၂၀၁ဝ နိုဝင်ဘာ ရွေးကောက်ပွဲကို ဖြစ်မြောက်အကောင်အထည်ပေါ်ပေါက်အောင်၊နအဖတစ်ဖြစ်လဲကြံ့ဖွတ်ပါ တီအနိုင်ရရှိအောင်၊နအဖစစ်အစိုးရထံမှအရှက်သိက္ခာကင်းမဲ့စွာဖြင့်အခကြေးငွေယူပြီး ခိုင်းသည့်အတိုင်းလုပ် မည့် ဒီမိုကရေစီမိတ်ဖက်အင်အားစုများအမည်ခံ ဒီမိုကရေစီခိုင်းနွားကြီးများအဖွဲ့ပေါ်ပေါက်လာခဲ့သည်။ ထိုခိုင်းနွားကြီးများအဖွဲ့ဖွဲ့စည်းရန်ဦးဆောင်သည့်ပါတီမှာ(ပြည်ထောင်စုဒီမိုကရေစီပါတီ UDP)ဖြစ်ပါသည်။ ခိုင်းနွားကြီးများအဖွဲ့တည်ထောင်ရန်ပဏာမအစည်းအဝေးကိုတက်ရောက်ရန်ဖိတ်ကြားထားသောပါတီအမည် များမှာ- (၁) အမျိုးသားဒီမိုကရေစီအင်အားစု(NDF) (၂) ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP) (၃) ဒီမိုကရက်တစ်ပါတီ(မြန်မာ) (DP-M) (၄) ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP) (၅) ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ(PDP) (၆) ချင်းအမျိုးသားပါတီ(CNP) တို့ဖြစ်သည်။ခိုင်းနွားကြီးများပမာဏအစည်းအဝေးသို့ဖိတ်ကြားထားသောပါတီများတက်ရောက်ခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအင်အားစု(NDF)မှဒေါက်တာသန်းညိမ်းနှင့်ဦးခင်မောင်ဆွေတို့တက်ရောက်လာခြင်းမရှိခဲ့ ဟုသိရပါသည်။သတင်းအစုံအလင်မှာ၂၀၁ဝ ရွေးကောက်ပွဲကိုမဖြစ်၊ဖြစ်အောင် နအဖစစ်အစိုးရမှအတင်းအဓမ္မ ကြံစည်လျှက်ရှိရာ၊၎င်းတို့စစ်အစိုးရတစ်ဖြစ်လဲကြံ့ဖွတ်ပါတီအနိုင်ရအောင်၊ပါတီအများဝင်ရောက်ယှဉ်ပြိုင်မှသာ ရွေးကောက်ပွဲအောင်မြင်အထမြောက်မည်ကိုသိသော နအဖစစ်အစိုးရက ယခင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားသစ္စာဖောက် ဒေါက်တာသန်းညိမ်းနှင့်ဦးခင်မောင်ဆွေ တို့အား ကျပ်ငွေ (သိန်း၁သောင်း)ကိုပေးကာ ၎င်းတို့နှစ်ဦးအားရွေးကောက်ပွဲတွင်ဝင်ရောက်အရွေးမခံရန်၊ရွေးကောက်ပွဲအထမြောက်အောင်မြင်ရန်အတွက် အခြားသောပါတီများဝင်ရောက်ယှဉ်ပြိုင်စေရန်အတွက် ငွေပေးခိုင်းစေသည်ဟုတိကျခိုင်လုံသောသတင်းရရှိခဲ့ပါ သည်။ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်း( NDF member)ဆရာဝန်က […]


maungmoenyoSeptember 30, 20101min680
စီးပွားရေးလုပ်ငန်ရှင်များ(အမည်ခံ) ဥပုဒ်စောင့်သောကျားများ နိုင်ငံရေးလောကတွင်းသို့ချင်းနင်းဝင်ရောက်လာခြင်း အမေရိကန်အပါအဝင်နိုင်ငံအသီးသီးတို့တွင်နေထိုင်ကြကုန်သောမြန်မာပြည်သူအပေါင်းးတို့ထံလာရောက်လည်ပတ်ကြသောမြန်မာနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များကိုကြည့်ပါ။ သုံးလိုက်စားလိုက်ဝယ်လိုက်ကြသည်မှာ ဩချရလောက်သည်။ သူတို့အတွက်ဒေါ်လာဆိုတာမိုးပေါ်ကအလိုအလျောက်ကျလာသည်နှယ်ပင်။ သူတို့ ဆီသွားတော့ရော။ ထိုနည်းပင်။ မြန်မာပြည်သူတွေထမင်းနပ်မှန်အောင်စားရသည်ဆိုသော စကားကောလာဟဠ ဟုထင်ရောင်ထင်မှားဘွယ်ပင်။ ညစာစားပြီးသီချင်းဆိုဧည့်ခံသောမိန်းကလေးများကို ဆုချသည်ကအ စဒေါ်လာပင်။ ကျန်တာဆိုလျင်ပြောဘွယ်မရှိပါ။ သန်း(၆၀)သောလူထုထမင်းငတ်ပြတ် နေရသော ဘဝအမှန်ကိုပင်၊ သွားလည်ကြသူပြည်ပရောက်ဗမာများကမမြင်နိုင်ကြတော့ဘဲ၊ ဗိုလ်ချုပ်များ၏လက်ဝေခံ အခွင့်ထူးခံယင်းစီးပွားရေးလုပ်ငန်းရှင်များ၏ဒေါ်လာကိုရေကဲ့သို့သုံးနိုင်သောဘဝတို့ကို သွားရေတမြားမြား ကျကာအားကျကြကုန်၏။ တချို့ကလည်းမနာလိုဖြစ်ကြကုန်၏။ ခေတ်ပညာကိုပင်သင်စရာမလိုယုံမက၊ အင်္ဂံလိပ်စကားကိုဒွတ်ဒက်ရွှတ်ရှက်ပင်မပြောနိုင်သောထိုထိုစီးပွားရေးလုပ်ငန်းရှင်များ၏ကုသိုလ်ကောင်းကြီးပွားမှုများကားနားလည်ရန်ခက်ပေစွ။ သို့သော်၎င်းတို့၏ပေါက်ရောက်မှုကားသံသယဖြစ်ဘွယ်မရှိ။ ယင်းတို့နှင့် နီးစပ်သောဗိုလ်ချုပ်များ၏နေအိမ်ကိုတံခါးမရှိဒါးမရှိဝင်ထွက်ခွင့်ရနေကြသည်မှာမမြင်ချင်အဆုံးပင်။ ယခုအခါနီးကပ်လာပြီဖြစ်သောရွေးကောက်ပွဲတွင်ယင်းစီးပွားရေးလုပ်ငန်းရှင်များ၏ခြေလှမ်းကျဲများကိုပိုမြင်လာရပေသည်။ “နိုင်ငံတော်ကတာဝန်ပေးလို့” ဟူသောစကားကိုရေလဲနဲ့သုံးကာရွေးကောက်ပွဲဝင်ရန်စိုင်း နေပြင်းကြသည်။ မိမိတို့အရွေးခံမည့်မြို့နယ်မဲဆန္ဒနယ်များတွင်ငွေကိုရေကဲ့သို့သန်းပေါင်းများစွာသုံကြသည်။ ယင်းငွေတွေဘယ်ကလာလဲ။ မေးရန်မလိုပါ။ မိမိတို့အတွက်စစ်အစိုးရဗိုလ်ချုပ်များဆီကရထေားသော (တနည်း) လူထုအတွက်ဘ ယ်နေရာဘယ်ထောင့်တွင်မျှအသုံးမပြုဘူးသောကန်ထရိုက်ပါမစ်အကြိုးအမြတ် မတရားရငွေများကားသူတို့၏ငွေဝင်ပေါက်များပင်။ အဆင့်ဆင့်လက်လွှဲ၇ရှိကြသောယင်းလုပ်ငန်း၊ပရိုဂျက်ကြီး များ၏ပါမစ်များကြောင့်လည်းနိုင်ငံအဝှမ်းကုန်ဈေးနှုန်းကြီးမားနေရသည်မှာယုံမှားဘွယ်မရှိ။ သက်ဆိုင်ရာဗိုလ်ချုပ်များကလည်းတနေ့တနေ့မိမိတို့ကက်ဘိနက်နှင့်အထက်ဗိုလ်ချုပ်ကြီးများ၏ထိုထိုသောပါမစ်များကိုမိမိမိသားစုပြီးလျင်မိမိအကျိုးကိုသယ်ပိုးကြသောထိုလုပ်ငန်ရှင်များကိုခွဲတမ်းချပေးရသည်မှာသူတို့အ တွက်နေ့တဓူဝ “နိုင်ငံရေးဦးတည်ချက်”များပင်ဖြစ်နေပေပြီ။ ယင်းငွေတို့ကိုလမ်းခင်းခြင်း၊ကျောင်းဆောက်ခြင်း၊ ဆေးရုံဆေးခန်နှင့်အခြားထင်သာမြင်သာ၍ “ထင်ပေါ်ကျော်ကြားမှုကိုအဓိကထားသော” (သတင်းစာတွင် ထည့်သွင်းဖေါ်ပြခံရသော)လူထုအခန်းအနားများတွင်သုံးစွဲကြလေသည်။ ယင်းအကျိုးအမြတ်များကိုလူထုကရ မရတော့မသေခြာသော်လည်း၊ […]